အခန်း ( ၂၀၅ )
ကိုယ်မင်း ဆန္ဒကိုမဖြည့်ဆည်းပေးနိုင်ဘူး
“ချန်ဖန် …ရှင်ပြန်လာပြီ…ကျွန်မ စိတ်ပူလို့သေတော့မယ်…”
ရဲချန်ဖန်ကို စိတ်ပူစွာ စောင့်မျှော်နေသော မိုယုရန်က ရဲချန်ဖန်ကို အကောင်းပကတိမြင်လိုက်မှ စိတ်အေးသွားပြီး အလွန်အေးချမ်း လှပသော အပြုံးတစ်ပွင့်က ဖြစ်ပေါ်လာသည်။ ရဲချန်ဖန် တစ်ခုခု ဖြစ်သွားပါက သူမက ဖြေဆည်နိုင်တော့မည် မဟုတ်ပေ။ ရဲချန်ဖန်လည်း မိုယုရန်ကို အဖြစ်အပျက်များကို အကြမ်းဖျင်းပြောပြလိုက်သည်။
“အင်း…သူက…ဘယ်သူလဲ…”
မိုယုရန်က ရဲချန်ဖန် ဘေးတွင် ရပ်နေသည့် အစွမ်းထက်သော အော်ရာများ ထွက်နေသော ဓါးစက်ရုပ်ကို တစ်ချက်ကြည့်ပြီး ခပ်တိုးတိုးမေးလိုက်သည်။
“အင်း…မိတ်ဆတ်ပေးရဦးမယ်…ဒါက ငါ့ဆရာပဲ…ဆရာက ဓါးမိစ္ဆာကို တိုက်ခိုက်ပြီး ငါ့ကိုကယ်ခဲ့တာလေ…”
ရဲချန်ဖန်က မိုယုရန်ကို ဓါးစက်ရုပ်နှင့် မိတ်ဆတ်ပေးလိုက်သည်။ ရဲချန်ဖန်က ဓါးစက်ရုပ်ကို သူဆရာအဖြစ်ပြပြီး မိုမိသားစုတွင် အင်အားကြီးမားသော တန်ခိုးရှင် ရှိနေပြီး စိတ်ဓါတ်အင်အား ခိုင်မာလာစေရန်နှင့် ရန်သူများကို ဟန့်သွားစေရန် ဖြစ်သည်။ မိုယုရန် ကလည်း ဓါးစက်ရုပ်ကို စူးစမ်းပုံလေးနှင့် တစ်ချက်ပြီး တစ်ချက်ကြည့်နေသည်။
“ငါနည်းနည်းပင်ပန်းနေပြီ…ငါနားဖို့နေရာ စီစဉ်ပေး…”
ဓါးစက်ရုပ်က အေးစက်စက်အမူအရာဖြင့်ပြောလိုက်သည်။
“ဟုတ်…ဆရာကြီး …ခဏစောင့်ပေးနော်…ကျွန်မ ခုချက်ချင်း စီစဉ်လိုက်ပါ့မယ်…”
မိုယုရန် က မပေါ့ဆရဲဘဲ အကြီးအကဲ မိုင်ကို နေစရာစီစဉ်ရန် အမိန့်ပေးလိုက်သည်။
“ယုရန်…ငါအခုပဲ ဆရာအကူအညီနဲ့ ကောင်းကင်ကြယ်အဖွဲ့နဲ့ အထီးကျန်တိမ် အဖွဲ့တွေဆီက ရေအောက်လိုဏ်ဂူသော့တွေ ရလာပြီ…ငါ့ကို မိုမိသားစုရဲ့ သော့ကိုပေးနိုင်မလား…”
ရဲချန်ဖန် က မိုယုရန် ကိုဂရုတစိုက်လေး ပြောလိုက်သည်။
“ချန်ဖန်…ရှင် ကောင်းကင်ကြယ်အဖွဲ့နဲ့ အထီးကျန်တိမ် အဖွဲ့တွေဆီက ရေအောက်လိုဏ်ဂူသော့တွေ ရလာပြီ ဟုတ်လား…”
မိုယုရန် မျက်နှာလှလှလေးတွင် မယုံကြည်နိုင်ဟန်ပုံလေး ပေါ်လာပြီး အသံထွက်အောင် အော်မိသွားလေသည်။ ထိုသော့များသည် ကောင်းကင်ကြယ် အဖွဲ့နဲ့ အထီးကျန်တိမ် အဖွဲ့အတွက် ဘယ်လောက်တောင် အရေးကြီးလဲ သူမ အသိဆုံးဖြစ်သည်။ မိုမိသားစုလည်း ရေအောက်လိုဏ်ဂူသော့ကို မိသားစုအမွေအနှစ် ရတနာတစ်ပါးလို ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေသည် မဟုတ်ပါလား။
“အင်း …သူတို့ဆီက ရလာခဲ့ပြီ…”
ထို့နောက် ရဲချန်ဖန်က သော့နှစ်ချောင်းကို ထုတ်ယူပြလိုက်သည်။
“ချန်ဖန် …ရှင် ကျွန်မကို ကတိတစ်ခုပေးရင် ရှင့်ကိုသော့ပေးမယ်…”
မိုယုရန်က အသက်ဝအောင်ရှူလိုက်ပြီး အားမွေးနေဟန်ဖြင့် ရဲချန်ဖန်ကို တစ်ချက်ကြည့်ပြီးနောက် ရှက်ရွံဟန်ဖြင့် မျက်လွှာကို ချက်ချင်း ချလိုက်လေသည်။
“ဘာကို ကတိပေးရမှာလဲ…”
ရဲချန်ဖန်က မိုယုရန်၏ ထူးထူးဆန်းဆန်း အပြုအမှုကြောင့် တစ်မျိုးခံစားလိုက်ရပြီး မျက်မှောင် အနည်းငယ်ကြုံကာ မေးမြန်းလိုက်သည်။
“ကျွန်မ…ကျွန်မ ရှင့်ရဲ့ ကလေးလိုချင်တယ်…”
မိုယုရန်က နှင်းဆီရောင် နှုတ်ခမ်းလေးကို ဖိကိုက်ရင်း နှုတ်မှမဝံ့မရဲ အသံလေးဖြင့် ပြောလိုက်သည်။ သူမက အရဲစွန့်ပြီး သူမ ရင်ထဲမှ စကားကို ပြောလိုက်ခြင်းဖြစ်သည်။ သူမ ရင်ထဲက စကားကိုပြောလိုက် ရသဖြင့် ကျေနပ်ရခြင်း နှင့်အတူ ပြောပြီးလိုက်သည်နှင့် ရင်ကပိုပို၍ တဒိန်းဒိန်းခုန်နေသည်။ အို…အလွန်အရှက်သည်း သွားမိပြီး မျက်နှာတင်မက လည်ပင်းထိပင် နီးမြန်း ပူထူသွားသည်။ သူမသည် အပျိုလေးပင် ရှိသေးသည် မဟုတ်ပါလော။
“ဗျာ…”
ရဲချန်ဖန်လည်း မိုယုရန် စကားသံဆုံးသည်နှင့် သူ့နားပင်သူ မယုံနိုင်ဖြစ်သွားကာ အသဲများ အေးစက်သွားပြီး ရင်တုန်ပန်းတုန် ဖြစ်သွားလေသည်။ အမှန်မှာ ရဲချန်ဖန်သည် မိုယုရန်ကို သံယောဇဉ် မရှိတာတော့ မဟုတ်ပေ။ မိုယုရန် ဆီကသာ အကျိုးအမြတ်ရရုံ သက်သက် ဆိုပါက မိုဖန်ကုတို့နှင့် အမှောင်သခင် ဆက်နွယ်မှုရှိကြောင်း သိလိုက်ကတည်းက သူနောက်ဆုတ်ပြီး မိုယုရန်ကို ဆက်မကူညီတော့ဘဲ ထားပစ်ခဲ့ပြီဖြစ်သည်။
ရဲချန်ဖန်က မိုယုရန်အား သနားပိုပြီး အရာအားလုံး ကျော်ဖြတ်ပြီးသည်ထိ ကူညီရန် ဆုံးဖြတ်ထားမိသည်။ ရဲချန်ဖန်က ဝမ်းသာမှုနှင့်အတူ စိတ်လှုပ်ရှားလာပြီး ရင်ဖိုလှိုက်မောမှုပါ ခံစားလိုက်မိလေသည်။
“ချန်ဖန်…ရှင်က တောမြိုင်အလယ်က ခြင်္သေ့လိုပဲ…သာမန်လူ မဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ်… ရှင် ကျွန်မ အချစ်ကိုလက်မခံသလို တစ်နေ့ အဝေးကို ထွက်သွားမယ် ဆိုတာ သိပါတယ်… ဒါကြောင့် ကျွန်မ ရှင့်နဲ့ရတဲ့ကလေးကို လိုချင်တယ်…ဒါမှ ရှင့်ကို လွမ်းရင် ကျွန်မဖြေသိမ့် နိုင်မှာ…”
မိုယုရန် ရင်ထဲက ခံစားချက်များက ပွင့်ထွက်လာလေသည်။
“ဝမ်းနည်းပါတယ်၊ ငါအဲဒီဒါကို မလုပ်ပေးနိုင်ဘူး…”
မိုယုရန်၏ သနားစဖွယ် မျှော်လင့် တောင့်တနေသည့် မျက်လုံးများကို ရဲချန်ဖန် လွဲဖယ်ရင်း ပြောလိုက်လေသည်။
မိုယုရန်သည် သူမအလှကိုသူမ အလွန်ယုံကြည်မှုရှိသည်။
တကယ်လည်းသူမ အလှကားရှာမှရှား အလှပိုင်ရှင်ဖြစ်သည်။
တခြားလူများက ဤသတင်းကို ကြားမိမည်ဆိုလျှင် သူမက ထိုကဲ့သို့စကား စတင်ပြောဆိုသည်ဟု ပြောလျှင်မည်သူမှ ယုံကြည်ကြမည် မဟုတ်ပေ။ သူမလိုအင်ဆန္ဒ ဖြည့်ဆည်းပေးသူကို သူမ၏ လက်တွဲဖော်အဖြစ် ရွေးချယ်မည်ဆိုပါက အသက်ပင် ပဓါနမထားဘဲ သူမလိုအင်ဆန္ဒ ဖြည့်ဆည်းပေးချင်သူများ ထွက်လာမည်ဖြစ်ပြီး ထိုလူများကို ရိုက်သတ်ပါက ရိုက်သတ်လို့ ကုန်နိုင်မည်မဟုတ်ပေ။ သို့သော် သူမ၏ ဆန္ဒကို ရဲချန်ဖန်က ငြင်းပယ်လိုက်မည်ဟု မမျှော်လင့်ထားချေ။ ထို့ကြောင့် အလွန်ဝမ်းနည်းကြေကွဲသွားသည်။
“မင်းကို မချစ်လို့ မဟုတ်ပါဘူး…မင်းအပြင် တခြားဘယ်သူပဲ ဖြစ်ဖြစ် ငါလက်မထပ် နိုင်သေးဘူး…ငါက တာအိုလမ်းစဉ်ကို လျှောက်လမ်းနေတာ.. အမြင့်ဆုံးရောက်နိုင်တဲ့ အထိပေါ့… ငါကလေးတွေ… မိန်းမတွေ… ခံစားချက်တွေနဲ့ မရောပြွမ်းချင်သေးဘူး။ ငါမင်းအတွက် အဲဒီဆန္ဒ မဖြည့်ဆည်းပေးနိုင်တာ စိတ်မကောင်းပါဘူး…”
ရဲချန်ဖန်က သက်ပြင်းတစ်ချက် ချလိုက်ပြီး ရှင်းပြလိုက်သည်။
“အင်း…ကျွန်မ သိပါပြီ… တကယ်တော့ ကျွန်မလည်း ရှင့် ကျွန်မရဲ့ အဲဒီဒီလိုဆန္ဒမျိုး ဖြည့်ဆည်းမပေးဘူးလို့ ထင်ပြီးသားပါ… ကျွန်မကို ညံလွန်းတာပဲ…ကျွန်မ စိတ်ထဲမှာ ဖြစ်ချင်တာပဲ ရှိနေမိတာပဲ…”
မိုယုရန်က အလွန်စိတ်ပျက်သွားပြီး မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။
“ဒီမှာ ရှင်လိုချင်နေတဲ့ သော့ပဲ…”
မိုယုရန်က မငိုမိအောင် ထိန်းနေရင်း ရဲချန်ဖန်ကို မိုသားစု၏ ရေအောက်လိုဏ်ဂူသော့ကို ပေးလိုက်လေသည်။
“ကျေးဇူးပဲ ယုရန်…ရေအောက်လိုဏ်ဂူက ရလာတဲ့ အကျိုးအမြတ်တွေ ရလာခဲ့ရင် မင်းတို့မိသားစုကို ငါသေချာပေါက် တစ်ခုခုပြန်ပေးမှာပါ…”
ရဲချန်ဖန်က မိုယုရန် လက်ထဲက သော့ကို ယူလိုက်ရင်း ကတိပေးလိုက်သည်။
“ချန်ဖန်…ကျွန်မ ပင်ပန်းနေပြီ…ပြန်နားတော့မယ်…”
စကားဆုံးသည်နှင့် ရဲချန်ဖန်၏ စကားကိုပင် နားမထောင်တော့ပဲ အသဲများ ကွဲနေသည့် မိုယုရန်က ရဲချန်ဖန် ဘေးမှ အပြေးတစ်ပိုင်းဖြင့် ထွက်သွားလေသည်။ ရဲချန်ဖန်လည်း မိုယုရန် နောက်ကျောကို ကြည့်နေမိရင်းသက်ပြင်းသာ ချမိလိုက်သည်။ မိုယုရန်သည် အလွန်လှပပြီး စိတ်ကောင်းစေတနာနှင့် ကြင်နာတက်သော မိန်းမချောလေး ဖြစ်သည်။ သူမကို ရဲချန်ဖန် မပိုင်ပေ။ သူတွင် တာဝန်များက ရှိနေသေးသည်။
သူသည် သူမိဘများကို ရှာဖွေရအုန်းမည်။ တာအိုလမ်းစဉ်ကိုလည်း အမြင့်ဆုံးအဆင့်ထိ တက်လှမ်းချင်သေးသည်။ ရဲချန်ဖန်က မိုယုရန်ကို လက်ခံပြီး သူထွက်သွားသည့် အချိန်တွင် မိုယုရန်ကို ခေါ်ဆောင်သွားရန် မဖြစ်နိုင်ပေ။ အပြင်ဘက်ကမ္ဘာသည် အန္တရာယ်များ လွန်းလေည်။ သူပင် သေမင်းနှင့်အကြိမ်ကြိမ် စစ်ခင်းပြီး သေမင်းလက်မှ လက်တစ်လုံးခြား သလွတ်မြောက်လာသည့် အကြိမ်ကလည်းမနည်းပေ။ ထို့ကြောင့် မိုယုရန်ကို သူနှင့်အတူအပြင် ကမ္ဘာသို့ မခေါ်သွားဝံပေ။ သူမ၏ ကမ္ဘာလေးတွင်သာ အန္တရာယ်ကင်းအောင် လုပ်ပေးပြီး ထွက်သွားမည် ဖြစ်သည်။
“နီရှန်က ခုထိလေ့ကျင့် နေတုန်းပဲလား…”
သူနှင့် ရွှယ်နီရှန် နေထိုင်သည့် နေရာပြန်ရောက် လာသောအခါ ရဲချန်ဖန်၏အစွမ်းထက်သော စိတ်အာရုံက ရွှယ်နီရှန်က လေ့ကျင့်နေသည်ကို တွေ့လိုက်ရပြီး သူမကို အနှောက်အယှက် မပေးတော့ဘဲ သော့များကို ထုတ်ပြီး လေ့လာလိုက်သည်။
မနက်ခင်း အာရုံဦးတွင် ရွှယ်နီရှန်ဆီမှ ပြင်းထန်သော အော်ရာက ထွက်ပေါ်လာပြီး ဘေးတွင် ရှိနေသော ရဲချန်ဖန်ကလည်း သူမအတွက် ဝမ်းသာသွားသည်။ ရွှယ်နီရှန်သည် နောက်ဆုံးတွင် မိစ္ဆာအရိုး သလင်းကျောက်ထဲမှ စွမ်းအင်များကို အကုန်စုပ်ယူ နိုင်သွားပြီဖြစ်သည်။
“နီရှန်… မင်းမိစ္ဆာအရိုး သလင်းကျောက်ထဲက စွမ်းအင်တွေ အကုန်စုပ်ပြီး လေ့ကျင့်တာ ကောင်းကင်ခန္ဓာကိုယ်ကျင့်စဉ် ဘယ်လောက်အောင်မြင်သွားပြီလဲ…”
ရဲချန်ဖန်က ရွှယ်နီရှန် ဘေးနား လျှောက်လာရင်း ဝမ်းသာစွာမေးလိုက်သည်။
“မိစ္ဆာ အရိုးသလင်း ကျောက်မှာပါတဲ့ စွမ်းအင်က အရမ်းများတယ်…ငါ ကိုယ်တွင်းအင်္ဂါ သန်မာ စေခြင်းအဆင့်ကို အောင်မြင်အောင် လေ့ကျင့်နိုင်လိုက်ပြီ…”
ရွှယ်နီရှန်သည် ကောင်းကင်ခန္ဓာကိုယ် ကျင့်စဉ်အဆင့်တစ်ခုကို အောင်မြင်သွား၍ သူမကိုယ်မှ အစွမ်းထက်သော အော်ရာက ပို၍ အစွမ်းထက် လာလေသည်။
“နီရှန်… ငါရေအောက်လိုဏ်ဂူဝင်ဖို့ သော့သုံးချောင်းလုံးရပြီ …မင်းဒီနေ့တော့ အနားယူလိုက်…မနက်ဖြန် မနက်ကျရင် ငါတို့ ရေအောက်လိုဏ်ဂူကိုသွားကြမယ်…”
“ချန်ဖန်…ရှင် ကောင်းကင်ကြယ်အဖွဲနဲ့ အထီးကျန်တိမ် အဖွဲ့တွေဆီ သွားခဲ့ပြီးပြီလား…”
ရွှယ်နီရှန်က အံဩစွာမေးလိုက်သည်။
“အင်း…ဓါးစက်ရုပ် အကူအညီနဲ့ ငါသူတို့ သော့ထုတ် ပေးလာအောင် ဖိအားပေးလိုက်တာ…ပြီးတော့ သူတို့ဆီက ဝိညာဉ်ကျောက်တုံး သုံးသိန်းဆီလည်း ရခဲ့တယ်…”
ရဲချန်ဖန်က ရွှယ်နီရှန်ကို အမှန်အတိုင်း ပြောလိုက်သည်။
“ချန်ဖန်…ဓါးစက်ရုပ်က အဆင့်ဘယ်လောက်ရှိလဲ…”
ရွှယ်နီရှန်က ရဲချန်ဖန်တွင် ဓါးစက်ရုပ် ရှိကြောင်းသိထားပြီး ဖြစ်သော်လည်း ဓါးစက်ရုပ် အဆင့်ကိုမသိသေးသဖြင့် မေးမြန်းလိုက်သည်။
“မဟာ သားရဲဘိုးဘေး ပဉ္စမအဆင့်…”
ရေအောက်လိုဏ်ဂူထဲ ဝင်ရောက်ရာတွင် ဓါးစက်ရုပ်က ရဲချန်ဖန်အားကိုးသည့် အရာဖြစ်သည်။ ထို့အပြင် ဓါးစက်ရုပ် အစွမ်းကိုလည်း ဖုံးကွယ်လို့ ရမည် မဟုတ်သဖြင့် ရဲချန်ဖန်က ရွယ်နီရှန်ကို ဖုံးကွယ်ခြင်း မပြုတော့ပေ။
“မဟာသားရဲဘိုးဘေး ပဉ္စမအဆင့် စက်ရုပ် ဟုတ်လား…ချန်ဖန် ကျွန်မတောင် ရှင့်ကို အားကျလာပြီ…”
“ချန်ဖန်…ဘာဖြစ်လို့လဲ…ဘာဖြစ်လို့ မျက်နှာပျက်သွားတာလဲ…”
စကားပြောနေရင်း ရဲချန်ဖန် မျက်နှာပျက်သွားပြီး အသက်ရှူသံပြင်း လာသဖြင့် ရွှယ်နီရှန်က ချက်ချင်းသတိပြုမိ လိုက်သည်။
“မိုမိသားစုဆီကို အရမ်းအစွမ်းထက်တဲ့ သားရဲတန်ခိုးရှင် နှစ်ယောက်နဲ့ လူအများကြီး လာနေတယ်…ကြည့်ရတာ သူတို့က ငါ့ဆီလာတာနဲ့ တူတယ်…”
ရဲချန်ဖန် မျက်နှာက အလွန်လေးနက်သွားသည်။ သူခံစားအာရုံ ရနေသည့် သားရဲတန်ခိုးရှင် နှစ်ဦးသည် အလွန်အစွမ်းထက်ပုံရသည်။ ရဲချန်ဖန်က ရေအောက် လိုဏ်ဂူသတင်းက ပျံနှံသွားပြီဟု မင်္သကာ ဖြစ်လာသည်။ ကောင်းကင်ကြယ်အဖွဲ့နဲ့ အထီးကျန်တိမ်အဖွဲ့က သူ့အားရှင်းပစ်နိုင်ရန် သူတွင် ရေအောက် လိုဏ်ဂူသော့တွေ ရှိနေသည်ဟု သတင်းလွင့်လိုက်သည်လော။
“သားရဲတန်ခိုးရှင်…ဟုတ်လား…ချန်ဖန် သူတို့ အစွမ်းက ဘယ်လိုလဲ…”
ရွှယ်နီရှန်က မျက်မှောင်များ ကြုတ်သွားသည်။
“သူတို့က အရမ်းအစွမ်းထက်တယ်၊ တစ်ယောက်က မဟာသားရဲဘိုးဘေး စတုတ္ထ အဆင့်… နောက်တစ်ယောက်က မဟာသားရဲဘိုးဘေး တတိယအဆင့်ပဲ…ဒါပေမဲ့ သူတို့အော်ရာက အရမ်းအစွမ်း ထက်လွန်းနေတယ်…ကြည့်ရတာ နတ်ဘုရားသားရဲသွေးစီးဆင်းနေတဲ့ သားရဲတန်ခိုးရှင် ပဲဖြစ်ရမယ်…”
ရဲချန်ဖန်က နတ်ဦးနှောက် မှတစ်ဆင့် အလွန်များပြားသော ဗဟုသုတများကို သိရှိထားသည်။
တချို့ မိစ္ဆာသားရဲများသည် အဆင့်တူများကြား မပြောနှင့် အဆင့်ခုန်ကျော်၍ အနိုင်ယူနိုင်အောင် အလွန်အစွမ်း ထက်လှသည့် မိစ္ဆာသားရဲများ လည်းရှိသည်။ ထိုသားရဲများကိုယ်ထဲတွင် အလွန်အစွမ်းထက်သည့် နတ်ဘုရားသွေးများက စီးဆင်းနေပြီး သူတို့၏ဘိုးဘေး နတ်ဘုရား အစွမ်းများကို တစ်ပိုင်းတစ်စ ပိုင်ဆိုင်ထားကြရာ အလွန်အစွမ်းထက် ကြလေသည်။
“မဟာသားရဲဘိုးဘေး စတုတ္ထအဆင့် ဟုတ်လား… အဲဒီဒါဆို ကျွန်မတို့တွေ့ခဲ့တဲ့ လိပ်နက်ကြီး ဖြစ်နေမလား…”
ရွှယ်နီရှန်တို့ မြောက်ပင်လယ်ထဲတွင် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်နေသည့် အစွမ်းထက်လှသည့် လိပ်နက်ကြီး အကြောင်းကို ရွှယ်နီရှန်ကချက်ချင်း သတိရလိုက်ပြီး ရဲချန်ဖန်အား ပြောလိုက်သည်။ ထို့နောက် ရွှယ်နီရှန် မျက်နှာတွင် ကြောက်ရွံစိုးရိမ်မှု ဖြစ်ပေါ်လာသည်။
“ဟူး…အဲဒီလိပ်နက် ဖြစ်မယ်ထင်တယ်… ငါတို့ အဲဒီဒီသားရဲ နှစ်ကောင်ကို ထွက်တွေ့ကြည့်ကြတာပေါ့…”
ထို့နောက် ရဲချန်ဖန်က ဓါးစက်ရုပ်ကို သူ့ဆီလာရန် အမိန့်ပေးလိုက်ပြီး မိုမိသားစု အပြင်ဖက်သို့ ထွက်သွားလိုက်သည်။ ရဲချန်ဖန် မိုမိသားစု အပြင်ဖက်ရောက်သည်နှင့် အလွန်ပြင်းထန် အစွမ်းထက်သော အော်ရာများထွက်နေသည့် တောင်အသေးလုံးနှင့်ပင် တူသည့် လိပ်နက်ကြီးနှင့် လူတစ်ပိုင်း မြွေတစ်ပိုင်း သတ္တဝါတစ်မျိုးကိုပါ မြင်လိုက်ရလေသည်။
ထိုလူတစ်ပိုင်း မြွေတစ်ပိုင်းသတ္တဝါသည် အလွန်မဲနက်သော အကြေးခွံများက သူ၏မြွေခန္ဓာကိုယ်ပေါ်တွင် ရှိနေပြီး အပေါ်ပိုင်း လူတစ်ခြမ်းခန္ဓာကိုယ်မှာ လှပလုံးဝန်းသော ယုန်နှစ်ကောင်၊ အလွန်လှပ ညိုအားကောင်းသည့် မျက်နှာလှလှလေး ပါရှိနေသည်ကို တွေ့လိုက်ရသည်။ ထိုမြွေသားရဲမသည် ဒဏ္ဍရီလာ မီဒူဆာကဲ့သို့ပင် လှပကာ ကြောက်မက်ဖွယ် ကောင်းလှလေသည်။
သူတို့နှစ်ယောက် နောက်တွင်မူ နဗြူလာ၊ အထီးကျန်တိမ်အဖွဲ့မှ နာယကကြီးနှစ်ယောက်၊ ရှင်းဝူတောင် စသည့် လူများက ရပ်နေပြီး ရဲချန်ဖန်ကို ဝါးစားမတက်မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
***