Switch Mode

Chapter – 204

အခန်း ( ၂၀၄ )
အန္တရာယ်ချဉ်းကပ်လာပြီ

“ဘာ…ရှေးဟောင်ဝင်္ကပါက ပျက်စီးတော့မယ် …”

ဓါးစက်ရုပ်၏ ခံနိုင်ရည်စွမ်းအားကို နဂိုကပင် နဗြူလာတို့က ကြောက်ရွံနေပြီး ယခုဓါးစက်ရုပ်က ရှေးဟောင်းဝင်္ကပါကို ဖျက်ဆီးလိုက်သောအခါ သူတို့ကြောက်ရွံမှုကို ထိန်းချုပ်မရနိုင်တော့ပဲ မျက်လုံးထဲတွင် အတိုင်းသားမြင်နေရသည်။ ဓါးစက်ရုပ်က ဓါးချက် နောက်တစ်ချက်ကို ဝင်္ကပါ၏ အားနည်းချက် တစ်နေရာကို ထပ်မံထိုးသွင်းလိုက်ရာ ဝင်္ကပါက ပြိုလဲပျက်ဆီးလုနီးပါး ဖြစ်လာပြီး မြေကြီးပင် အက်ရာများ ဖြစ်ပေါ်လာသည်။

“နာယကကြီး…ကျွန်တော်တို့ ဘာလုပ်ရမလဲ…”

ရှင်းဝူတောင်က အလွန်တုန်လှုပ်နေသည်။ ဓါးစက်ရုပ်ကသာ ကောင်းကင်ကြယ်အဖွဲ့မှ လူအားလုံးကို သတ်သွားလျင်ပင် သူတို့ခုခံနိုင်မည်မဟုတ်ပေ။

“ရပ်လိုက်…ငါတို့မင်းပြောတာကို သဘောတူတယ်…”

နဗြူလာ အံများကြိတ်လိုက်ပြီး ရင်နှင့်ခံစား နေဟန်ဖြင့် ပြောလိုက်သည်။ သူတို့သည် အကြီးအကျယ် စော်ကားခံ ရသည်ဟု ခံစားလိုက်ကြရသည်။ သူတို့သည် အစွမ်းကုန်ခုခံခဲ့သော်လည်း ဓါးစက်ရုပ်နှင့် အစွမ်းခြင်း အလွန်ကွာခြားနေသဖြင့် အားမတန်၍ မာန်လျော့လိုက်ရခြင်း ဖြစ်သည်။ သူတို့သည် ကြယ်တာရာကျွန်း၏ အင်အားအကြီးဆုံးအဖွဲ့ဖြစ်ရာ ထို့ကဲ့သို့ စော်ကား အရှက်ကွဲဖူးခြင်း မရှိခဲ့ပေ။

“ဘာလဲ…ခုမှကြောက်နေပြီလား…မင်းတို့ သိပ်နောက်သွားပြီလို့ မထင်ဘူးလား…”

ဓါးစက်ရုပ်၏ အေးစက်စက် အသံက ထွက်ပေါ်လာသည်။

“ငါတို့ မင်းအစွမ်းကို လျော့တွက်မိတာ ဝန်ခံပါတယ်…ငါတို့ မင်းကို အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသိန်းနဲ့ ရေအောက်လိုဏ်ဂူသော့ ပေးပါ့မယ်…”

နဗြူလာက သူအနိုင်မရတော့သည်ကို နားလည်လိုက်ပြီး ရဲချန်ဖန်တို့တောင်းဆိုချက်ကို အလျှော့ပေး လိုက်လျောလိုက်သည်။

“နာယကကြီး…”

နဗြူလာက ရေအောက်လိုဏ်ဂူသော့ကို ရဲချန်ဖန်တို့ ဆီပေးမည်ဟု ကြားလိုက်သောအခါ ရှင်းဝူတောင်တို့ မျက်နှာပျက်သွားပြီး အော်ဟစ်လိုက်ကြလေသည်။ သူတို့က ကောင်းကင်ကြယ်အဖွဲ့ သမိုင်းထဲတွင် အပြစ်သားမဖြစ်လိုကြပေ။ မျိုးရိုးစဉ်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် ရေအောက် လိုဏ်ဂူသော့က သူတို့လက်ထက်မှ တပါးသူလက်ထဲ ပေးအပ်ရတော့မည့်ကို လက်မခံနိုင် ဖြစ်နေကြသည်။

“ထပ်မပြောကြတော့နဲ့…ငါဆုံးဖြတ်ပြီးပြီ…”

နဗြူလာက သူ့အား အရှူံမပေးရန် တိုက်တွန်းနေသူများကို ယတိပြတ် ပြောလိုက်သည်။

“အင်း …အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသိန်းနဲ့ ရေအောက်လိုဏ်ဂူသော့ ရရင် ငါတို့ ဆရာတပည့် ချက်ချင်းဒီနေရာက ထွက်သွားမယ်…”

“ဝူတောင်…မင်း…အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသိန်းကို သွားယူလာခဲ့…”

နဗြူလာက ရှင်းဝူတောင်ကို အမိန့်ပေးလိုက်သည်။ ရှင်းဝူတောင်သည် ရဲချန်ဖန်တို့ တောင်းဆိုမှုကို လိုက်လျောရန် ဆန္ဒလုံးဝမရှိသော်လည်း နဗြူလာ အမိန့်ကို နာခံပြီး လျှို့ဝှက်ရတနာ တိုက်ထံသွားပြီး ဝိညာဉ်ကျောက်တုံးများကို သွားယူလိုက်သည်။

“ဒါက ရေအောက်လိုဏ်ဂူ သော့…”

ရှင်းဝူတောင်က ဝိညာဉ်ကျောက်တုံးများ သွားယူနေစဉ် နဗြူလာက သိုလှောင်အိတ်ထဲမှ အလွန်ဆန်းကြယ်သော မှော်အစီအရင်များ ရေးဆွဲထားသည့် ရွှေအိုရောင် သော့တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ဓါးစက်ရုပ်ကိုပေးလိုက်သည်။ ရဲချန်ဖန်က မိုမိသားစု ပိုင်ဆိုင်သည့် ရေအောက်လိုဏ်ဂူသော့ကို တစ်ခါမြင်ဖူးထားရာ နဗြူလာပေးသောသော့က အစစ်အမှန်ဖြစ်ကြောင်း သိလိုက်ပြီး ဓါးစက်ရုပ်ကို သော့ကို သိမ်းဆည်းယူ လိုက်ရန် အမိန့်ပေးလိုက်သည်။

မကြာမီပင် မကြေမချမ်း မျက်နှာဖြင့် ရှင်းဝူတောင်က ပြန်ရောက်လာပြီး ဝိညာဉ် ကျောက်တုံးများကို ရဲချန်ဖန်ဆီ ပေးလိုက်လေသည်။

“နှုတ်ဆက်ပါတယ်…”

သော့နှင့် ဝိညာဉ်ကျောက်တုံးသုံးသိန်း ရပြီးနောက် ရဲချန်ဖန် တို့သည့် ကောင်းကင်ကြယ်အဖွဲ့မှ ထွက်ခွာလာကြသည်။ ရှင်းဝူတောင်တို့ မသိသည်မှာ ဓါးစက်ရုပ်ထဲတွင် ထည့်သွင်းထားသော ဝိညာဉ်ကျောက်တုံးများသည် ဝင်္ကပါနှင့် နောက်ဆုံးအကြိမ် တိုက်ခိုက်ချိန်၌ ကုန်ဆုံးလုနီးပါး အသုံးပြုလိုက် ရခြင်းပေ။ အချိန်အနည်းငယ်သာ နဗြူလာတို့ ဆက်တိုက်ခိုက်ခဲ့ပါက ဓါးစက်ရုပ်မှ စွမ်းအင်ကုန်ဆုံးပြီး ရဲချန်ဖန်လည်း ဓါးစက်ရုပ် မောင်းနှင်နိုင်ရန် ဝိညာဉ်ကျောက်တုံးများကို ဓါးစက်ရုပ်ထဲ ထည့်သွင်းရမည် ဖြစ်သည်။ ထို့အခါ ဓါးစက်ရုပ် အကြောင်းက ဗူးပေါ်သလို ပေါ်လာမည် ဖြစ်ပြီး နဗြူလာတို့ ဓါးစက်ရုပ်ကိုစွမ်းအင် ကုန်ဆုံးအောင် အချိန်စွဲ တိုက်ခိုက်ပါက ရဲချန်ဖန်သာ အထိနာမည်ဖြစ်သည်။ သို့သော် နဗြူလာတို့က ဓါးစက်ရုပ်ကိုကြောက်လန့်ပြီး အစောတလျင် လက်လျှော့ လိုက်သောကြောင့် ရဲချန်ဖန်က ရေအောက်လိုဏ်ဂူသော့ အပြင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးသိန်းပါ ရရှိလာခြင်းဖြစ်သည်။ ထိုအကြောင်းကို နဗြူလာတို့ သိရှိသွားပါက ဒေါသထွက်လွန်း၍ သွေးပက်ပက်စက်စက် အန်သွားနိုင်သည်။

“နာယကကြီး…တကယ်ပဲ သူတို့ကို သော့ပေးလိုက်တာလား…”

ရှင်းဝူတောင်သည် အလွန်တော်ပြီး ပါးနပ်လှသော လူဖြစ်သောကြောင့် ကောင်းကင်ကြယ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်လာခြင်းဖြစ်သည်။ ထို့ကြောင့် အလွန်တန်ဖိုးကြီးသော သော့ကို နဗြူလာက ရဲချန်ဖန်ကို အလွယ်တကူ ထုတ်ပေးလိုက်ခြင်းသည် အကြောင်းရှိမည်ဟု သိရှိလိုက်သည်။ သို့သော် ကောင်းကင်ကြယ်အဖွဲ့ သိက္ခာ ထိခိုက်မှုကို မခံမရပ်နိုင်ဖြစ်နေသေးသည်။

“မင်းစိတ်ချထားစမ်း…သူတို့ ကောင်းကင်ကြယ် အဖွဲ့ကို စော်ကားခဲ့တာ‌တွေအတွက် သေချာပေါက် ပြန်ပေးဆပ်ရလိမ့်မယ်…”

နဗြူလာ မျက်လုံးထဲတွင် ကောက်ကျစ်ရက်စက်မည့် အရိပ်များ ထွက်လာသည်။

“နာယကကြီး…သူတို့ကို ရှင်းပစ်ဖို့ နည်းလမ်းရှိတာလား…”

ရှင်းဝူတောင် မျက်မှောင်များ ကြုံသွားပြီး သိချင်စိတ်နှင့် မေးလိုက်သည်။

“ငါထင်တာကတော့…ဒီကောင် ဆက်ပြီး အထီးကျန်တိမ် အဖွဲ့ဆီသွားပြီး သော့ကိုတောင်းလိမ့်မယ်… ပြီးတော့ မိုယုရန်ဆီက သော့နဲ့ ရေအောက်လိုဏ်ဂူကို မကြာခင်သူ သွားရောက်လိမ့်မယ်…”

“ဒီကောင်က ရေအောက်လိုဏ်ဂူက ရတနာတွေကို တစ်ယောက်တည်း လိုချင်နေတာ…ငါက အဲဒါကို လက်ခံမယ်ထင်လား… ဒီသတင်းကို အမှောင်သခင်နဲ့ လိပ်နက်ကြီး ဆီရောင်းစားမယ်… ငါထင်တယ် သူတို့က သေချာပေါက် ငါတို့နဲ့ ပူးပေါင်းမှာပဲ…အဲဒီလိုဆို အမှောင်သခင်နဲ့ လိပ်နက်ကြီး ကမိုမိသားစုကို ငါတို့ ကိုယ်စား ရှင်းပေးလိမ့်မယ်…ပြီးရင် ငါ့တို့ထက် အင်အားနည်းတဲ့ အထီးကျန်တိမ့် အဖွဲ့ကို နိုင်ရင်ငါတို့က ဒီကြယ်တာရာကျွန်းရဲ့ တစ်ခုတည်းသော အင်အားကြီး အဖွဲ့ ဖြစ်လာမယ်…”

“နာယကကြီး အကြံက အရမ်းကောင်းတယ်… ဒါပေမဲ့ အမှောင်သခင်နဲ့ လိပ်နက်ကြီးက ရေအောက်လိုဏ်ဂူ အကြောင်းသိသွားရင် သူတို့ရဲ့လုပ်ကိုင်ပုံ၊ လောဘကြီးတဲ့ပုံနဲ့ဆို ကျွန်တော်တို့ အတွက် ရေအောက်လိုဏ်ဂူမှာရမယ့် အခွင့်အရေးမရှိဘူး…”

ရှင်းဝူတောင်က စိတ်ပူစွာနှင့် ပြောလိုက်သည်။

“ဟုတ်တယ်…အမှောင်သခင်နဲ့ လိပ်နက်ကြီးက ရသမျှကို ယူမှာပဲ…ငါလည်းသူတို့ကို မရစေချင်ပါဘူး၊ဒါပေမဲ့ ငါတို့ ရေအောက်လိုဏ်ဂူထဲ ဝင်ဖို့ကြိုးစားနေတာ နှစ်တစ်ထောင်ကျော်လောက်တောင် မအောင်မြင်ဘူးလေ၊ပြီးရင် ငါတို့ ဝင်လို့ရခဲ့ရင်တောင် မိစ္ဆာအရိုး သလင်း‌ကျောက် အနည်းငယ်ပဲ ရဖူးတာလေ၊ ငါတို့ ဝင်လို့ရရင်တောင် အကျိုးအမြတ်က ဘာမှမထူးခြားဘူး ငါ့တို့ဒီသတင်းကို ရောင်းစားပြီး မိုမိသားစုနဲ့ ရဲချန်ဖန်ကို ဖယ်ရှားပစ်လိုက်နိုင်တာနဲ့ကို ငါတို့အတွက် အမြတ်ထွက်နေပြီ… ရဲချန်ဖန်နဲ့ မိုမိသားစု မရှိတော့တာနဲ့ ကျန်တာတွေကို ငါတို့အေးဆေး ဆက်လှုပ်ရှားလို့ရပြီ…”

နဗြူလာက သူမဟာအကြံအစည်ကို ရှင်းပြလိုက်သည်။

“အင်း…နာယကကြီး အကြံက အရမ်းကောင်းတယ်…အမှောင်သခင်နဲ့ လိပ်နက်ကြီးနဲ့ ဆက်သွယ်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး နာယကကြီးကို ဒုက္ခမပေးတော့ပါဘူး…”

နဗြူလာ၏ အကြံကိုသိပြီးနောက် ရှင်းဝူတောင်က ဝမ်းသာသွားလေသည်။

“ရဲချန်ဖန်…အထီးကျန်တိမ် အဖွဲ့ဆီသွားပြီး သော့ရသွားပြီ ဆိုတာနဲ့ ကျွန်တော် ကိုယ်တိုင် အမှောင်သခင်နဲ့ လိပ်နက်ကြီးဆီ သွားပြီး ပူးပေါင်းဆောင်ရွက်ဖို့ သွားညှိုနှိုင်းလိုက်ပါမယ်…”

ရှင်းဝူတောင်က ပြောလိုက်သည်။

မကြာမီ နဗြူလာ ခန့်မှန်းထားသည့် အတိုင်း ရဲချန်ဖန်က ကောင်းကင်ကြယ်အဖွဲ့မှ ထွက်ခွာသွားပြီးနောက် မိုမိသားစုထံ မပြန်ဘဲ အထီးကျန်တိမ် အဖွဲ့ဆီကိုသွားနေသည်။ ရဲချန်ဖန်က ဝင်္ကပါနဲ့ တိုက်ခိုက်ခဲ့၍ စွမ်းအင်ကုန်ခန်းနေသည့် ဓါးစက်ရုပ်ထဲသို့ ကောင်းကင်ကြယ်အဖွဲ့မှ ရလာသော ဝိညာဉ်ကျောက်တုံးများ ထည့်သွင်းလိုက်သည်။ ဝိညာဉ်ကျောက်တုံး သုံးသိန်းဖြင့် သူအတန်ကြာ ဓါးစက်ရုပ်ကို မောင်းနှင်နိုင်ပြီ ဖြစ်သည်။

မကြာမီတွင်ပင် ရဲချန်ဖန် က အထီးကျန်တိမ် အဖွဲ့သို့ရောက်သွားပြီး ရေအောက်လိုဏ်ဂူသော့ကို တောင်းလိုက်လေသည်။ ချက်ချင်းပင် အထီးကျန် တိမ်အဖွဲ့မှ နာယက နှစ်ဦးက ဒေါသတကြီးဖြင့် ဓါးစက်ရုပ်ကို ပူးပေါင်းတိုက်ခိုက် ကြတော့သည်။ ကြယ်တာရာကျွန်း၏ အင်အားအကြီးဆုံး ကောင်းကင်ကြယ်အဖွဲ့ပင် ဓါးစက်ရုပ်ကို ထိခိုက်အောင်မလုပ်နိုင်ရာ အထီးကျန်တိမ် အဖွဲ့ဆိုလျှင် ဆိုဖွယ်မရှိတော့ပေ။ အထီးကျန်တိမ်အဖွဲ့က ဓါးစက်ရုပ်ကို အစွမ်းကုန်တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ဓါးစက်ရုပ်ကို မည်သို့မျှထိခိုက်အောင်မလုပ်နိုင်ပဲ လက်လျော့ အရှုံးပေးလိုက်ရလေသည်။

ဓါးစက်ရုပ်၏ ခြိမ်းခြောက်မှုကြောင့် နောက်ဆုံးတွင် အထီးကျန်တိမ်အဖွဲ့က ဝိညာဉ်ကျောက်တုံး သုံးသိန်းနှင့် ရေအောက် လိုဏ်ဂူသော့ကို ရဲချန်ဖန်ထံပေးအပ်လိုက်ရသည်။ သောနှစ်ချောင်းကို ရပြီးနောက် ရဲချန်ဖန် သည် မိုမိသားစုထံသို့ ပြန်သွားလိုက်သည်။ အပြန်လမ်းတွင် ရဲချန်ဖန်က မိုယုရန်နှင့် တွေ့ပြီး မိုယုရန် လက်ထဲမှ သော့ကိုတောင်းရန်နှင့် ရေအောက်လိုဏ်ဂူသို့ ဝင်ရောက်ရန် အစီအစဉ်များကို တွေးတောနေသည်။ သို့သော် ရဲချန်ဖန် မသိသည်မှာ အန္တရာယ်က တိတ်တဆိတ် သူ့ဆီချည်းကပ်လာနေသည်ကိုပင်။

***

Comment

Leave a Reply

Options

not work with dark mode
Reset