အပိုင်း ၂၉•၄
” ကျောင်းအုပ်နှစ်ယောက် ”
°°°
ပုံမှန်အခြေအနေမျိုးတွေမှာ သ်ိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ရန်ရှောင်ကျဲ့က ကျောင်းအုပ်နှစ်ယောက်ထဲမှာ ပိုပြီး ကြီးမားတဲ့ ဩဇာအရှိန်အ၀ါကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ ဒါပေမယ့် ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကလဲ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းနဲ့ အမြဲပြိုင်ဆိုင်နေခဲ့ပြီ သီးခြားရပ်တည်မှုကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ ဒါကြောင့်သာ သူက ၀င်ရောက်စွက်ဖက်မှုမရှိခဲ့တာပါ။
ကျောင်းအုပ်နှစ်ယောက်လုံးမှာ အပြင်နယ်မြေကို အဓိက ကိုင်တွယ်တဲ့ လက်ထောက်ကျောင်းအုပ်တွေလဲရှိပါတယ်။ ရန်ရှောင်ကျဲ့နဲ့ သူ့ရဲ့ တွဲဖက်ကတော့ အတွင်းနယ်မြေရဲ့ အခြေအနေတွေကိုသာအဓိက အာရုံစိုက်ပါတယ်။ ဒါ့အပြင် အတွင်းနယ်မြေက အမျက်ဒေါသကျောင်းတော်ရဲ့ စစ်မှန်တဲ့ကျောင်းတော်သားတွေကို မွေးထုတ်ပေးတဲ့နယ်မြေကြီးပါပဲ။ ဒါကြောင့် ဒါ့အပြင် နယ်မြေရဲ့ကိစ္စတွေကို သူတို့က ပုံမှန်အနေအထားမှာ သိပ်ပြီအာရုံမစိုက်ကြတာပါ။
သိုင်းပညာ၀ိညာဥ်ရဲ့အပြင်နယ်မြေကျောင်းအုပ်က ကျောင်းတော်တစ်ခုလုံးရဲ့ လက်ထောက်ကျောင်းအုပ်လဲဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် ပဥ္စမနှစ်နဲ့ ဆတ္ထမနှစ်ကျောင်းသားတွေရဲ့ သင်ကြားမှုကို အဓိကအာရုံစိုက်ပြီ ဦးစားပေးသူလဲဖြစ်နေခဲ့တယ်။ ဒါ့အပြင် အထူးချွန်ဆုံးအပြင်နယ်မြေရဲ့ ကျောင်းသားတွေကို ရွေးထုတ်ရင် အတွင်းနယ်မြေကျောင်းတော်သားဖြစ်လာစေဖို့အတွက် ထောက်ခံပေးသူပါ။ ဒါ့အပြင် ကျောင်းသားတွေကိုလဲ တင်းကြပ်တဲ့စာမေးပွဲတွေ ဆက်တိုက်ဆိုသလို စစ်ဆေးပေးပါတယ်။ ဒါပေမယ့် တခြားကိစ္စတွေအများကို သူအာရုံမစိုက်နိုင်ပါဘူး။ အပြင်နယ်မြေရဲ့ ကျောင်းအုပ်အပြင် သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းမှာ အာဏာအရှိဆုံးသူကတော့ သုဝေ့လွမ်ပါပဲ။
သင်ကြားမှုတွေရဲ့ ညွှန်ကြားရေးမှုးဖြစ်တဲ့ သုဝေ့လွမ်က အရမ်းကို မြင့်မားတဲ့ ဩဇာအရှိန်အ၀ါကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ ဒါ့အပြင် သူ့နေရာအတွက်လဲ ပြိုင်ဆိုင်သူမရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ့်မှာ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်းရဲ့ အခြေအနေအတွက်သူက အများကြီး ဆက်တိုက်ဆိုသလို စွမ်းဆောင်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ရန်ရှောင်ကျဲ့က သူ့ရဲ့ကိစ္စတွေကိုင်တွယ်တဲ့အပေါ် အရမ်းကို ယုံကြည်ချက်ရှိစေတဲ့အပြင် ကျောင်းသားတွေနဲ့ ပတ်သက်လို့သူ့ရဲ့ အကဲခတ်ဖြတ်မှုက လုံး၀ကို ပြီးပြည့်စုံမယ်လို့ တွေးထားခဲ့တာပါ။
” ဝေ့လွမ် ဒီနေ့ပြိုင်ပွဲမှာ ဘယ်သူကို မင်းပိုပြီးအားသာလဲ ”
ရန်ရှောင်ကျဲ့က ပြုံးပြရင်းမေးလာခဲ့ပါတယ်။
သုဝေ့လွမ်က ရယ်မောလိုက်တယ်။
“‘ကျွန်တော် ထိုက်ဟွပင်းတို့အဖွဲ့ကို ပိုပြီး ယုံကြည်ချက်ရှိပါတယ်…ဟို့ယွိဟောင်တို့အဖွဲ့က အရှေ့မှာရှိတဲ့ ၀ိညာဥ်အကြီးအကဲတွေကို ဆက်တိုက်ဆိုသလို အနိုင်ယူနိုင်ခဲ့ပေမဲ့ ထိုက်ဟွပင်းတို့အဖွဲ့ရဲ့ အခြေအနေက ဟို့ယွိဟောင်တို့အဖွဲ့ထက်အများကြီး ပိုပြီး အားကောင်းလို့နေတယ်…ဒါ့အပြင် သူ့ရဲ့အဖွဲ့သားနှစ်ယောက်ကလဲ အတော်လေးကို သန်မာကြတယ်…ဒါ့အပြင် သုံးယောက်စလုံးက အနာဂတ်မှာ အတွင်းနယ်မြေကို ၀င်ရောက်ဖို့ အလားအလာလဲရှိနေပါတယ် ”
ရန်ရှောင်ကျဲ့က ပြုံးပြလိုက်ရင်း ခေါင်းညိတ်လိုက်တယ်။ တစ်ချိန်ထဲမှာပဲ အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာခဲ့ပါပြီ။
” ညွှန်ကြားရေးမှုးသုက ထိုက်ဟွပင်းတို့အဖွဲ့ နိုင်မယ်လို့ပြောနေပြီဆိုမှတော့ ငါလဲသူတို့ပြိုင်ဘက်အဖွဲ့ နိုင်မယ်လို့ပြောရမှာပေါ့ ”
ရန်ရှောင်ကျဲ့ လှည့်ကြည့်စရာတောင်မလိုပါဘူး။ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခုက ဖြစ်ပေါ်လာပါတော့တယ်။
” ချင်းသောသော မင်းလိုကောင်ဒီနေရာ ဘာလာလုပ်နေတာလဲ မင်းခန္ဓာကိုယ်ပေါ်က ကြေး၀ါတွေ ကြေးနီတွေနဲ့အနံ့တွေကို မလာခင်ကထဲက ရနေပြီ ”
ရောက်ရှိလာသူကတော့ အသက်ငါးဆယ်ကျော်လူကြီးတစ်ယောက်ပါပဲ။ ဒါပေမယ့် မျက်နှာပေါ်မှာ အရေးအကြောင်းတစ်စက်လေးမှ ရှိမနေခဲ့ပဲ အပ်ချောင်းတွေလိုမာကျောတဲ့ ဆံပင်ဖြူဖြူတွေသာ ရှိနေခဲ့တယ်။ ဒါ့အပြင် သူက ဘ၀မှာအများကြီးကို ကြုံတွေ့ခဲ့ရတဲ့အတိုင်း ရုပ်သွင်ပေါ်နေခဲ့ပါတယ်။ မြင့်မားပြီခိုင်ခံ့လွန်တဲ့ ခန္ဓာကိုယ်ကြီးက မဟူရာကျောက်စိုင်သားတွေနဲ့ ထွင်းထုလို့ထားသလိုပါပဲ။ ဒါ့အပြင် အနည်းဆုံးအရပ်က ၂•၂ မီတာကျော်ရှည်လျားနေခဲ့တယ်။ ကျယ်ပြန့်တဲ့ပုခုံးကြီးတွေနဲ့ တောင့်တင်းတဲ့ကြွက်သားကြီးတွေက သူ့အသက်နဲ့မလိုက်ဖက်နိုင်လောက်အောင်ကို နုပျိုသန်မာနေခဲ့ပါတယ်။ ဒါ့အပြင် ကြေးညိုရောင်တောက်ပနေတဲ့ အရေပြားက နေရောင်အောက်မှာသတ္ထုတွေလိုမျိုး တလက်လက်တောက်ပနေခဲ့ရင်း သတ္ထုတွေရဲ့အနံ့က ခန္ဓာကိုယ်အပြင်ဘက်ကို လျှံထွက်လို့နေခဲ့ပါတယ်။ သူ့ရဲ့အနောက်ဖက်မှာကတော့ ဖန်းယွီရှိနေခဲ့တယ်။
ရန်ရှောင်ကျဲ့က အနောက်ကိုလှည့်မကြည့်ပေမဲ့ သုဝေ့လွမ်ကတော့ လှည့်ကြည့်လိုက်ပြီ မျက်လုံးထဲမှာ ထိတ်လန့်မှုက အထင်သားပေါ်သွားခဲ့ပါတယ်။
ချက်ချင်းဆိုသလို သူတလေးတစားနဲ့ ဦးညွတ်လိုက်တော့တယ်။
” လက်ထောက်ကျောင်းအုပ်ချင်း နေကောင်းကျန်းမာရှိပါစ ဘယ်လိုကြောင့်များ ဒီကိုရောက်လာရတာလဲ ”
အမြဲတမ်းပြုံးနေတတ်တဲ့ ချင်းသောသောကတော့ ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းရဲ့ လက်ထောက်ကျောင်းအုပ်ပါ။ သူက ကျောင်းအတွင်းထဲမှာရှိရှိသမျှ နေ့စဥ်ဒူ၀တွေ ကိစ္စတွေကို လေ့လာပြီ အာရုံစိုက်ပါတယ်။ သူ့နယ်မြေမှာ အတော်ကို မြင့်မားတဲ့နေရာတစ်ခုကို ပိုင်ဆိုင်လို့ထားပြီ သူ့အထက်မှာတော့ တစ်ယောက်ထဲသာရှိနေခဲ့တယ်။ ဒါကြောင့် ကျောင်းတော်ထဲမှာ သုဝေ့လွမ်ထက် သူ့ရာထူးက ပိုမြင့်မားပါတယ်။
ကျောင်းတော်ထဲမှာ ရာထူးတိုးပေးတဲ့ကိစ္စကို ကြုံရာကျပန်မလုပ်ပါဘူး။ ရာထူးတိုးဖို့အတွက် အဓိကနည်းလမ်းနှစ်ခုရှိပါတယ်။ ပထမနည်းလမ်းကတော့ သင်ကြားနိုင်တဲ့ အရည်အချင်းကောင်းမွန်ပြီ ကျောင်းတော်အတွက် ဘယ်လောက်ဆွဲဆောင်နိုင်လဲဆိုတဲ့အပေါ်မူတည်နေခဲ့ပါတယ်။ နောက်နည်းလမ်းကတော့ ကိုယ်ပိုင်အင်အားအပေါ်မှာ မူတည်နေတာပါ။ ကျောင်းတော်ကြီးတစ်ခုလုံးက ကြီးမားပေမဲ့ စုစုပေါင်းလေးယောက်ရှိတဲ့ ကျောင်းအုပ်တွေကသာ ကျောင်းတော်ကြီးရဲ့ စစ်မှန်တဲ့ကျောထောက်နောက်ခံအင်အားတွေလို့ ပြောနိုင်တာပါ။ ဒါပေမယ့် အဲ့ဒီလိုမြင့်မားတဲ့နေရာကိုရရှိဖို့အတွက် ကျောင်းတော်အတွက် ရိုးရှင်းတဲ့ အောင်မြင်မှုတွေ ရယူအောင်လုပ်ပေးရုံနဲ့တင် ဖြစ်မှာမဟုတ်ပါဘူး။ သူတို့တစ်ယောက်ချင်းဆိီတိုင်းရဲ့ အင်အားကလဲ လူလောကမှာထိပ်ဆုံးကို ရောက်နေရပါလိမ့်မယ်။
လက်ထောက်ကျောင်းအုပ် ချင်းသောသောက ရယ်မောလိုက်တယ်။
” ငါက ဖြတ်သွားဖြတ်လာရင်း လမ်းကြုံလို့၀င်လာတာပဲ မင်းတို့တွေ ဘယ်သူနိုင်မလဲမေးနေတာကြားလို့ ၀င်ကြည့်လိုက်တာ ငါလဲ လောင်းကြေးထပ်ရတာကို ကြိုက်တယ်လေ ဒီတော့ အဘိုးကြီးရန် မင်းငါနဲ့ လောင်းကြေးထပ်ချင်လား ”
ရန်ရှောင်ကျဲ့က ဒီတစ်ကြိမ်မှာတော့ ရယ်မောရင်းနဲ့ လှည့်လာခဲ့ပါပြီ။
” မင်းလိုမျိုး တစ်ကိုယ်လုံးသတ္ထုနံ့ထွက်နေတဲ့ကောင်က အကြောင်းအရင်းမရှိပဲ ဒီနေရာကို လာမှာလုံး၀မဟုတ်ဘူး…မင်းဒီနေရာကို ရိုးရိုးရှင်းရှင်းလာတယ်လို့ ငါတစ်စိလေးမှတောင် မယုံနိုင်ဘူး…အကယ်၍ ငါတို့နယ်မြေရဲ့ လူတွေကိုလာပြီ အကဲဖြတ်ချင်တယ်ဆိုရင် မလုပ်ခင်တစ်ချက်လောက်ကြည့်လိုက်ဦး ”
ချင်းသောသောကတော့ ပုံမှန်အတိုင်း ရန်ရှောင်ကျဲ့ဘေးကို လျှောက်လာရင်းထိုင်ချလိုက်ပါတယ်။
” ဘာတွေလာပြောနေတာလဲ ငါတို့သိုင်းပညာ၀ိညာဥ်တည်ထောင်ရေးရဲ့ လူတွေဆိုတာ သူတို့အားလုံးက လူသစ်တွေပဲလေ အခုအချိန် ကျောင်းတော်ကိုတောင် မရွေးရသေးဘူး..နောက်ဆုံးရွေးချယ်မှုက တတိယနှစ်မှာလုပ်ရမှာ မင်းတို့သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းက လူသစ်တွေအားလုံးအတွက် အခြေခံကောင်းတစ်ခုကို တည်ဆောက်ပေးရုံပဲ ဒီတော့လာစမ်းပါ မင်းလောင်းကြေးထပ်ချင်လား မထပ်ချင်ဘူးလား ”
သုဝေ့လွမ်က နှုတ်ဆက်ပြီးပြီချင်မှာပဲ တစ်ဖက်ကို ရွေ့သွားခဲ့ပါပြီ။ ဖန်းယွီကလဲ သူ့ကိုပြန်ပြီ ပြုံးပြလိုက်ပါတယ်။ အဲ့ဒီနောက် ကျောင်းအုပ်နှစ်ယောက်ရဲ့အနောက်ဖက်မှာ သူတို့ထိုင်လိုက်ကြတယ်။
ဖန်းယွီက ၀ိညာဥ်တည်ဆောက်ရေးနယ်မြေမှာ အတော်ကို မြင့်မားတဲ့ နေရာကိုပိုင်ဆိုင်ထားခဲ့တာပါ။ လက်ရှိအခြေအနေမှာ သုဝေ့လွမ်ထက် အဆင့်တစ်ဆင့်နှိမ့်နေခဲ့ပေမဲ့ ဖန်းယွီက အနာဂတ်မှာ လက်ထောက်ကျောင်းအုပ်ဖြစ်လာမယ်မှန်း သူသိနေခဲ့ပါတယ်။ ဒီလိုလူက အနာဂတ်မှာ ကျောင်းအုပ်နေရာကို ဆက်ခံနိုင်ဖို့တောင် အလားအလာရှိနေခဲ့တယ်။ ဒါကြောင့် သူ့လိုညွှန်ကြားရေးမှုးတစ်ယောက်က လေးစားရမှာပါပဲ။ ဒါ့အပြင် သူကတော့ အသက်မွေး၀မ်းကြောင်းရဲ့ အဆုံးသတ်ကိုရောက်ရှိနေခဲ့ပါပြီ။
ချင်းသောသောရဲ့ စိန်ခေါ်မှုကြောင့် ရန်ရှောင်းကျဲ့က အရူးလုပ်ခံရမဲ့သူမဟုတ်ပါဘူး။ သူပြုံးပြရင်း ခေါင်းသာခါနေခဲ့ပါတယ်။
” ငါလုံး၀ လောင်းကြေးမထပ်နိုင်ဘူး အဘိုးကြီးချင်း မင်းက အမြဲတမ်းငါ့ဆီကနေပြီ အခွင့်အရေးယူဖို့ကြိုးစားနေတာ ငါပြန်ရောက်ရင်း လင်းအယ်ကို ဘယ်လိုပြောမလဲဆိုတာ ကြည့်နေလိုက်စမ်း ”
ချင်းသောသောရဲ့မျက်နှာကြောတွေတောင် တွန့်လာခဲ့ပါတယ်။
” မင်းက ငယ်ငယ်တုန်းက အတိုင်းပဲ အရှက်မရှိတဲ့နေရာမှာ လုံး၀ကို ပြိုင်ဘက်ကင်းတယ်..ငါလဲ နည်းနည်းပါးပါး မျက်နှာသာပေးပါဦး ငါက မင်းထက်ပိုပြီး ရင့်ကျက်တယ်လေ မင်းကအမြဲတမ်း လင်းအယ်ကို ဒိုင်းကာတစ်ခုလိုသုံးနေတာပဲ အရှက်ကောရှိသေးရဲ့လား ”
သုဝေ့လွမ်ကတော့ နားထောင်နေရင်း နှလုံးသားထဲမှာ ကလိကလိဖြစ်နေခဲ့ပါပြီ။ သော့်လော့တိုက်တစ်ခုလုံးကိုတောင် လှုပ်ခတ်သွားစေနိုင်လောက်တဲ့အထိ အင်အားကြီးမားတဲ့ လူနှစ်ယောက်က ဒီနေရာမှာလာပြီ ရန်ဖြစ်နေကြပါတယ်။ အကယ်၍ ကျောင်းသားတွေသာ ဒါကို ကြားသွားမယ်ဆိုလို့ကတော့ ဘယ်လိုဖြစ်မလဲ။
ရန်ရှောင်ကျဲ့ကတော့ မကျေမနပ်ဖြစ်နေတဲ့ ချင်းသောသောကိုကြည့်ရင်း ရယ်မောနေခဲ့ပါတယ်။
” ကောင်းပြီလေ မင်းဘာလောင်းကြေးထပ်ချင်လဲ ”
ဒီတစ်ကြိမ်မှသာ ချင်းသောသောလဲ ပြုံးနိုင်ပါတော့တယ်။
” အကယ်၍ ငါလောင်းကြေးထပ်တဲ့အဖွဲ့က နိုင်မယ်ဆိုရင် ၀ိညာဥ်တည်ဆောက်ရေးနယ်မြေကို၀င်ဖို့အတွက် မင်းတို့သိုင်းပညာ၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းက လူသစ်တစ်ယောက်ကို ငါကိုယ်တိုင်ရွေးချယ်မယ် ..ဒါ့အပြင် အဲ့ဒီလိုရွေးချယ်မှုက လာမဲ့သုံးနှစ်အတွင်းဖြစ်မှာ ငါ့ကိုဘယ်လိုလှည့်ကွက်မျိုးမှသုံးပြီလဲ လာမတားရဘူး ”
ရန်ရှောင်းကျဲ့က နှာခေါင်းရှုံ့လိုက်ရင်း နှုတ်ခမ်းတွေတွန့်သွားပါတော့တယ်။
” မင်းဒီလိုလာပြီဆိုမှတော့ ကောင်းတဲ့ကိစ္စဖြစ်လာမှာမဟုတ်မှန်း ငါသိသားပဲ ငါလုံး၀လောင်းကြေးမထပ်နိုင်ဘူး ”
ချင်းသောသောက အေးအေးဆေးဆေးအသံနဲ့ ပြန်ဖြေလိုက်ပါတယ်။
“သိပ်ပြီ စိတ်မရှည်လက်မရှည် မဖြစ်နဲ့ ငါပြီးအောင်ပြောပါရစေဦး ပထမဆုံးအနေနဲ့ မင်းတို့အဓိက တပည့်သားအဖြစ်ရွေးချယ်ထားတဲ့ ဘယ်ကျောင်းသားကိုမှ ငါဌာနကိုလာဖို့မရွေးဘူး…နောက်တစ်နည်းအနေနဲ့ ဒုတိယနှစ်မပြီးခင်အချိန်မှာ အဆင့်သုံးဆယ့်အထက်ကို ပြီးမြောက်အောင်လေ့ကျင့်နိုင်တဲ့ ဘယ်ကျောင်းသားကိုမှလဲ ငါမရွေးဘူး ဒါဆိုရင် အဆင်ပြေလား ”
ရန်ရှောင်ကျဲ့က မျက်လုံးပြူးသွားပါတော့တယ်။
” အဘိုးကြီးချင်း မင်းငါနဲ့တကယ်ပဲ လောင်းကြေးထပ်ချင်တာ ဟုတ်ရောဟုတ်ရဲ့လား မင်းအမြဲတမ်း အဲ့ဒီလိုကျောင်းသားကြီးတွေနဲ့ပဲ နှစ်တိုင်းလာပြီ ငါ့ဆီက လုနေတာမဟုတ်ဘူးလား ”
ချင်းသောသောကတော့ မှောင်မိုက်နေတဲ့မျက်နှာနဲ့ ပြောလာခဲ့ပါတယ်။
” အဲ့ဒီကိစ္စကို အခုလာပြီ ပြောမနေနဲ့ အမြဲတမ်းအမြင့်ဆုံးကို တက်ဖို့ကြိုးစားနေတဲ့ ကောင်စုတ်တွေက ငါ့တို့၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းရဲ့ အနှစ်သာရကို နားမလည်ဘူး..သူတို့က ပုံမှန်ဆို ငါတို့ကိုအမြဲတမ်း လျစ်လျူရှုထားတာလေ လွန်ခဲ့တဲ့နှစ်တွေမှာ အရည်အချင်းရှိတဲ့ ကျောင်းသားက ငါတို့မှာလဲ မရှားဘူး..ဒါပေမယ့် ငါတို့၀ိညာဥ်တည်ဆောက်ရေးအသက်မွေး၀မ်းကြောင်းကျောင်းတော်နဲ့ ကိုက်ညီတဲ့ကျောင်းသားက အရမ်းကိုရှားပါးတယ်…ငါတို့ရဲ့အစီအစဥ်ကြောင့် သိမှာပါ အကယ်၍ ငါတို့သာ အစီအစဥ်အတိုင်း အရည်အချင်းရှိတဲ့ ကျောင်းသားတစ်ယောက်ကို မွေးမြူးချင်တယ်ဆိုရင် သာမန်၀ိညာဥ်တည်ဆောက်ရေးပညာရှင်တွေ အင်ဂျင်နီယာတွေနဲ့လုပ်လို့ မရဘူး…ငါတို့ရဲ့ ၀ိညာဥ်တည်ဆောက်ရေးပညာရှင်တွေက အရမ်းကို အရေးကြီးတာတော့ မှန်ပါတယ်..ပစ္စည်းတွေကို ဖန်တီးထုတ်လုပ်နိုင်တဲ့သူတွေထက် သူတို့ကို ဘယ်လောက်အထိ သင့်တော်အောင်ကောင်းကောင်းမွန်မွန် အသုံးချနိုင်မလဲဆိုတာကို သိတဲ့လူတွေက ပိုပြီးတော့ အရေးကြီးတယ်…ဒါကြောင့် သိုင်းပညာ၀ိညာဥ်ကို ကောင်းမွန်တဲ့အခြေအနေကိုပိုင်ဆိုင်ထားတဲ့ ကျောင်းသားသစ်တွေကို ငါရွေးချယ်ချင်ခဲ့တာပဲ ဒါပေမယ့် မင်းတို့ဘက်မှာရှိနေတဲ့ကောင်တွေက ကြက်မကြီးနောက်လိုက်နေတဲ့ ကြက်ပေါက်လေးတွေဖြစ်နေတယ်…အရမ်းကို ကောင်းကောင်းမွန်မွန် ဖုံးကွယ်ထားနိုင်လွန်လို့ ငါအနေနဲ့ ဘယ်ကျောင်းသားကိုမှ ရွေးချယ်လို့မရခဲ့ဘူး…အကယ်၍ ငါသာ သင့်တော်တဲ့ကျောင်းသားကို မရခဲ့ဘူးဆိုရင် ငါတို့ရဲ့အစီအစဥ်ကြီးက လုံး၀ကို ပျက်စီးသွားမှာလေ မမေ့နဲ့ဦး ကျောင်းအုပ်တွေရဲ့ အစည်းအဝေးပွဲမှာ အဲ့ဒီအစီအစဥ်ကို မင်းကိုတိုင်သဘောတူထားခဲ့တာနော် အကယ်၍ မင်းသာ ငါတို့ရဲ့အလုပ်ကို ကူညီအားပေးမှုမရှိဘူးဆိုရင် လင်းအယ်ကို အတွင်းနယ်မြေရဲ့ သင်ကြားမှုဆီ ငါနောက်တစ်ခေါက် ခေါ်လာလိုက််မယ်..မင်းသူ့ကို တား၀ံ့မလားဆိုတာ ကြည့်ကြသေးတာပေါ့ ”
ချင်းသောသောရဲ့ တကယ်စစ်မှန်တဲ့ပုံစံကို မြင်လိုက်ချိန်မှာ ရန်ရှောင်ကျဲ့လဲ သူဘာသာသူတွေးနေခဲ့ပါတယ်။ အဲ့ဒီနောက် သူပြောလာခဲ့တယ်။
” ငါ့ရဲ့အတွင်းတပည့်သားတွေထဲကမရွေးဘူး ဟုတ်တယ်မလား ဒါ့အပြင် ဒုတိယနှစ်မှာအဆင့်သုံးဆယ်ကို ရောက်နိုင်တဲ့ဘယ်ကျောင်းသားကိုမှလဲ မရွေးဘူး ဟုတ်တယ်ဟုတ်”‘
ချင်းသောသောက အမှန်တရားဘက်တော်သားကြီးပုံစံကို ချက်ချင်းပြောင်းလဲသွားပါတော့တယ်။
” ငါချင်းသောသောက ဘယ်တုန်းကများ ကတိစကားမတည်ပဲရှိလို့လဲ ”
ရန်ရှောင်ကျဲ့က ခေါင်းညိတ်လိုက်ပါတယ်။
” ကောင်းပြီလေ ငါအဲ့ဒီလောင်းကြေးကို ထပ်လိုက်မယ်…. ဒါ့အပြင် ထပ်ပြီပြောဦးမယ် အကယ်၍ မင်းရှုံးသွားမယ်ဆိုရင်တောင် ကျောင်းသားတစ်ယောက်ကို ငါရွေးခွင့်ပြုမယ်..မင်းရဲ့အလုပ်ကို ငါအားပေးထောက်ခံတာမျိုး မရှိဘူးလို့ မင်းမပြောနဲ့တော့ ဒါပေမယ့် အကယ်၍ မင်းရှုံးသွားခဲ့ရင် ငါ့ကို ၀ိညာဥ်အမြောက်အခွံကိုတစ်ရာပေးရမယ်…ဒါတင်မကသေးဘူး ပေါက်ကွဲအားပြင်းတာတွေလဲ ဖြစ်ရဦးမယ်နော် ဒီပစ္စည်းတွေက ကစားရတာအရမ်းကောင်းတယ် ”
ချင်းသောသောရဲ့အမူအရာက လုံး၀ကို ပြောင်းလဲသွားခဲ့ပါပြီ။
” အဘိုးကြီးရန် မင်းတကယ်ကို နှလုံးသားက မည်းနက်ပြီကောက်ကျစ်လွန်တာပဲ အဲ့ဒီပစ္စည်းတွေကိုပြုလုပ်ဖို့ ပိုက်ဆံဘယ်လောက်ကုန်လဲ မင်းသိလား တစ်ခုပြုလုပ်ဖို့ကိုတောင် အနည်းဆုံး၀ိညာဥ်ရွှေပြားတစ်ရာကုန်တယ် ”
ရန်ရှောင်ကျဲ့က ပြုံးနေခဲ့ပါတယ်။
” မလုပ်၀ံ့ဘူးဆိုရင်လဲ ဆက်မလုပ်နဲ့လေ မင်းပဲအရင်ဆုံးလောင်းကြေးထပ်ဖို့ ပြောလာတာမဟုတ်လား ”
ချင်းသောသောက နာကျင်တဲ့မျက်နှာနဲ့ ပြန်ဖြေလိုက်ပါတယ်။
“‘ဒါဆိုရင် ငါးဆယ်လောက်ထားလေ ”
ရန်ရှောင်ကျဲ့ကတော့ ချင်းသောသော ဆုံးဖြတ်ချက်ကို နောင်တရသွားမှာစိုးရိမ်နေတဲ့အတိုင်း ပြောလာခဲ့ပါတယ်။
” ကောင်းပြီ ”
ဒီလိုမျိုး ပေါက်ကွဲအားမြင့်တဲ့အခွံတစ်ခုနဲ့ ကိုယ့်ကိုကိုယ် စိတ်ကျေနပ်အောင် ဘယ်လိုများ လုပ်နိုင်မှာလဲ ဒါ့အပြင် သူ့အနေနဲ့ အသုံးချပြီ ကစားဖို့ပစ္စည်းတွေကိုလုပ်ဖို့ လိုအပ်နေခဲ့တာပါ။ ကျောင်းတော်ရဲ့ကျောင်းအုပ်ဖြစ်နေခဲ့ပေမဲ့ ကိုယ့်ကိုယ်ပိုင်အိမ်ကိုတော့ ပျက်စီးအောင်လုပ်လို့မရပါဘူး။
ချင်းသောသောကတော့ ရန်ရှောင်ကျဲ့ကို စိတ်ညစ်လက်ညစ်နဲ့သာ ကြည့်နေခဲ့ပါတယ်။ အဲ့ဒီနောက် သူမျက်လုံးအပြူးသားဖြစ်သွားခဲ့တယ်။
“‘ယုတ်မာလိုက်တဲ့အဘိုးကြီး မင်းလှည့်စားတာကို ငါခံရပြန်ပြီ ”
ရန်ရှောင်ကျဲ့ကတော့ထပြီ ရယ်မောပါတော့တယ်။ ဒါပေမယ့် ချင်းသောသောရဲ့မျက်လုံးထဲမှာ ကောက်ကျစ်တဲ့အငွေ့အသက်တွေ ဘယ်လောက်အထိ တောက်ပသွားလဲဆိုတာကို သူသတိမထားမိလိုက်ပါဘူး။
အပိုင်း ၂၉•၄ ပြီး၏။