Switch Mode

Chapter – 29.3

ကျောင်းအုပ် နှစ်ယောက်

အပိုင်း ၂၉•၃

” ကျောင်းအုပ်နှစ်ယောက် ”
°°°
သူတို့နှစ်ယောက်လဲ ချက်ချင်းဆိုသလို ပျော်ရွှင်လို့သွားပါတော့တယ်။ ဟို့ယွိဟောင်က မေးလိုက်တယ်။

” ရှောင်းရှောင်း အဆင်ပြေပြီလား ”

ရှောင်းရှောင်းကတော့ ရယ်နေခဲ့တယ်။

” ဒါပေါ့ ငါမှာအမွှာသိုင်းပညာနှစ်ခုတောင်ရှိတယ်လေ..အဲ့ဒီတော့ အရမ်းပါရမီရှိတဲ့သူလို့ ပြောရမှာပေါ့ ဒီလိုကိစ္စလေးအတွက်နဲ့ ငါဘယ်လောက်များ အနားယူရမလဲလို့ မင်းတို့တွေ တွေးနေကြတာလဲ ငါနောက်ထပ် ဘာမှထပ်ပြီ မထိခိုက်တော့ဘူး…သွားကြစို့ ငါနေ့လည်စာ၀ယ်ကျွေးမယ်..ဒီနေ့နေ့လည်မှာ တွေ့ရမဲ့ကောင်တွေ နောက်ထပ် နေ့လည်အထိမထနိုင်အောင် အားရှိတာလေးတစ်ခုခုစားကြရအောင် ”

ဟို့ယွိဟောင်ကတော့ ပြုံးနေခဲ့ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ညာလက်ကို အရှေ့တိုးလိုက်တယ်။ ၀မ်သုန့်က ဟို့ယွိဟောင်လက်ပေါ်မှာ ထပ်လိုက်ပြီ ရှောင်းရှောင်းကလဲ အပေါ်ဆုံးမှာ လက်ပြန်ထပ်လိုက်ပါတယ်။ သူတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီ ယုံကြည်ချက်အပြည့်နဲ့ ပြုံးနေခဲ့ကြတယ်။

” ငါတို့တွေ ချန်ပီယံဖြစ်လာရမယ် ”

နေ့လည်စာစားချိန်က စတင်ခဲ့ပါပြီ ကျောင်းသားတွေအများကြီးလဲ ရောက်ရှိလာပါတော့တယ်။ ဒါ့အပြင် သူတို့ရဲ့ ပြောစကားက ကောင်မလေးတစ်ယောက်ရဲ့ တုန့်ပြန်သံကို ဖြစ်ပေါ်စေခဲ့ပါတယ်။

” အရှက်မရှိလိုက်တာ ဒီလိုမျိုးစကားပြော၀ံ့တယ်ပေါ့ သေချာပေါက် ချန်ပီယံက ငါတို့အတန်းနံပါတ်ငါးကပဲ ဖြစ်မှာ “‘

ဟို့ယွိဟောင်တို့သုံးယောက် လှည့်ကြည့်လိုက်ချိန်မှာတော့ သူတို့နဲ့ ရင်ဆိုင်ရမဲ့အဖွဲ့ကို တွေ့လိုက်ရပါပြီ။ ဒါပေမယ့် အလယ်မှာရှိနေတဲ့သူက ဟို့ယွိဟောင်ရဲ့ ကိုယ်ရေးကိုယ်တာကြီးရန်သူတော်ဖြစ်တဲ့ ထိုက်ဟွပင်းပါပဲ။ စကားပြောလိုက်တဲ့သူကတော့ သူ့ရဲ့ ဘယ်ဘက်မှာရှိနေတဲ့ ဆံပင်အနက်ရောင်နဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။

အဲ့ဒီကောင်မလေးရဲ့ မျက်လုံးတွေက အတော်ကိုထူးခြားပါတယ်။ ဘယ်ဘက်နဲ့ညာဘက်ရဲ့ မျက်လုံးအရောင်တွေက မတူညီပါဘူး။ ဘယ်ဘက်မှာတော့ အပြာဖျော့ရောင်မျက်လုံးရှိနေပြီ ညာဘက်မျက်လုံးကတော့ အ၀ါဖျော့ပါ။ သူက ဟို့ယွိဟောင်သုံးယောက်ကို ကြည့်နေချိန်မှာ သူမရဲ့မျက်လုံးတွေက အံ့ဩစရာကောင်းလောက်အောင်ပဲ ဒေါင်လိုက်ဖြစ်သွားပါတော့တယ်။ ဒါ့အပြင် ကြောင်မျက်လုံးနဲ့ တူနေခဲ့တယ်။

ထိုက်ဟွပင်းကတော့ အလေးအနက်ရှိနေခဲ့ပေမဲ့ သူအခုအချိန်ထိ တိတ်ဆိတ်နေဆဲပါပဲ။ လူသုံးယောက်ကို တစ်ချက်ကြည့်ပြီတဲ့နောက် ခေါင်းမော့ရင်ကော့ရင်း ထမင်းစားဆောင်ထဲကို ၀င်သွားပါတော့တယ်။ တခြားတစ်ဖက်မှာတော့ ဆံပင်အနက်ရောင်ကောင်မလေးက စိတ်ပျက်လက်ပျက်နဲ့ နှာခေါင်းရှုံ့နေခဲ့တယ်။ ဒါပေမယ့် ပန်းရောင်ဆံပင်ရှည်ကို ပိုင်ဆိုင်ထားတဲ့အဖွဲ့ထဲက ကောင်မလေးကတော့ သူတို့ကို ပြုံးသာပြုံးနေခဲ့ပါတယ်။ သူမရဲ့အပြုံးက အရမ်းကို ဆွဲဆောင်မှုရှိလွန်ပြီ အရိုးထဲအထိတောင် နက်နက်ရှိုင်းရှိုင်း၀င်ရောက်သွားစေမတတ် ချိုမြိန်နေခဲ့တယ်။ ဒီနှစ်ယောက်က ထိုက်ဟွပင်းရဲ့ အသင်းဖော်တွေပါပဲ။

၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ ဒေါသတကြီး ပြန်ဖြေတော့မဲ့အချိန်မှာ ဟို့ယွိဟောင်က သူတို့ကိုတားလိုက်ပါတယ်။ ထိုက်ဟွပင်းက သူ့ကို မမှတ်မိတာအသေအချာပါ။ ဟို့ယွိဟောင်လဲ အတွင်းပိုင်းမှာ စိတ်ဓာတ်ရေးရာရုန်းကန်မှုလုပ်ရပြီတဲ့နောက် နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံချိန်မှာတော့ အတော်လေးကို တည်ငြိမ်သွားခဲ့ပါပြီ။

” စကားနဲ့ရန်ဖြစ်နေတာက အဓိပ္ပါယ်မရှိဘူး နေ့လည်စာစားပြီတဲ့နောက် တိုက်ပွဲနယ်မြေမှာပဲ ဖြေရှင်းရအောင် ”

ပုံမှန်အတိုင်းပြောလိုက်ပြီ ဟို့ယွိဟောင်က သူ့အဖော်တွေနဲ့အတူ ထမင်းစားဆောင်ထဲကို ၀င်လာပါတော့တယ်။

အကယ်၍ ပုံမှန်နေ့မျိုးသာဖြစ်မယ်ဆိုရင် ဟို့ယွိဟောင်အနေနဲ့ ကျောင်းတော်ရဲ့ တန်ဖိုးအကြီးဆုံးထိပ်တန်းအဆင့်အတန်း ဟင်းလျာတွေကိုဘယ်တော့မှ စားသောက်မှာမဟုတ်ပါဘူး။ အကယ်၍ တစ်ယောက်ယောက် သူ့ကို၀ယ်ကျွေးမယ်ဆိုရင် ဒီဟင်းလျာတွေက အရမ်းကိုစျေးကြီးလွန်နေခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ကတော့ လုံး၀ကို မတူညီပဲဖြစ်နေခဲ့တယ်။ ရှောင်းရှောင်းက အားအင်တွေအများကြီးကုန်ဆုံးသွားခဲ့တာကြောင့် သူမအနေနဲ့ အင်အားဖြည့်ဖို့လိုပါတယ်။ အဆုံးသတ်မှာ ရှောင်းရှောင်းအနေနဲ့ သူတို့ကို အကုန်လုံးမကျွေးမွေးနိုင်ပါဘူး။ ဒါကြောင့် ၀မ်သုန့်က သူတို့စားဖို့အတွက် အရင်ဆုံးစပြီ ငွေရှင်းပါတော့တယ်။ ဟို့ယွိဟောင်လဲ ဒီပမာဏကိုမပေးချင်တာကြောင့်မဟုတ်ပါဘူး။ ဒါပေမယ့် ငွေကြေးကုန်ကျစရိတ်ကို မြင်ပြီချိန်မှာ သူလဲ လက်လျှော့လိုက်ပါတော့တယ်။ လနဲ့ချီပြီငါးကင်ရောင်းရတာတောင် တစ်နပ်စာစားဖို့ကို လုံလောက်တဲ့ငွေကြေးပမာဏမရှိခဲ့ပါဘူး။ ဒါ့အပြင် ကျောင်းလခကလဲ ဒုတိယကျောင်းသားတွေအတွက်ဆို ပိုလို့တောင် စျေးကြီးလာခဲ့မှာပါ။

ထိုက်ဟွပင်းတို့သုံးယောက်ကလဲ ကျောင်းထမင်းစားဆောင်မှာ အကောင်းဆုံးအစားအသောက်တွေကိုယ်ကြီး ရွေးချယ်စားသောက်ကြပါတယ်။ နှစ်ဖက်စလုံးက တစ်ဖက်နဲ့တစ်ဖက် သိပ်မဝေးအောင် ထိုင်နေခဲ့ကြတဲ့အတွက် ပေါက်ကွဲနေတဲ့ဒေါသရဲ့အငွေ့အသက်တွေက လေထဲမှာတောင် ပြန့်လွှင့်လို့နေခဲ့တယ်။ ဒါပေမယ့် ဘယ်သူကမှစပြီ မတိုက်ခိုက်၀ံ့ပါဘူး။ နေ့လည်ပိုင်းပြိုင်ပွဲက ပိုလို့အရေးကြီးနေတာကြောင့်ပါ။

နေ့လည်စာစားပြီတဲ့နောက် ဟို့ယွိဟောင်တို့သုံးယောက်က တိတ်ဆိတ်အေးချမ်းတဲ့တစ်နေရာမှာထိုင်ရင်း နေ့လည်ပြိုင်ပွဲအတွက် တိုက်ပွဲနည်းလမ်းတွေကို စတင်ဆွေးနွေးကြပါတော့တယ်။ သူတို့တွေက အရမ်းကို သန်မာတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရမှာပါ။ ဒါကြောင့် စိတ်လှုပ်ရှားနေလို့မဖြစ်ပါဘူး။ ဒါ့အပြင် လူသစ်တွေသာ ဖြစ်သေးပေမဲ့ သူတို့ရဲ့စွမ်းအားက ကျောင်းတော်ထဲမှာ သိပ်မမြင့်မားတာကြောင့် လက်ရှိအချိန်မှာ ချန်ပီယံနေရာကိုရဖို့ အသေးစိတ်တွေကိုကအစ အာရုံစိုက်ရပါလိမ့်မယ်။

” အချိန်တောင်ရောက်တော့မယ် ငါတို့တွေ စာမေးပွဲနေရာကို သွားကြရအောင်လား ”

ရှောင်းရှောင်းက ပြောလိုက်ပါတယ်။ ဟို့ယွိဟောင်ကလဲ ခေါင်းညိတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ ၀မ်သုန့်က ရုတ်တရက်ပြောလာခဲ့ပါပြီ။

” ယွိဟောင် ငါ့ကို ခဏလောက်ဖက်ထားပေး ”

ရှောင်းရှောင်းရဲ့မျက်လုံးတွေက ချက်ချင်းဆိုသလို ပြူးကျယ်၀ိုင်းစက်လို့သွားပါတော့တယ်။ ဒါပေမယ့် ၀မ်သုန့်ရဲ့ မျက်လုံးထဲက လူသတ်ငွေ့တွေကို မြင်လိုက်ချိန်မှာတော့ သူမကချက်ချင်းဆိုသလို ပုံမှန်ပြန်ဖြစ်သွားခဲ့ပါပြီ။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က သူတို့ဘာသာသူတို့ နားလည်နိုင်စွမ်းရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကလဲ တုန်ခါသွားခဲ့ပြီ ၀မ်သုန့်ပြောချင်တာကို ချက်ချင်းနားလည်လို့သွားပါတော့တယ်။

” ၀မ်သုန့် ”

၀မ်သုန့်ကတော့ ပုံမှန်အတိုင်းသာ ထီမထင်တဲ့ပုံစံနဲ့ပြုံးနေခဲ့ရင်း မျက်လုံးထဲမှာတော့ အေးစက်တဲ့အလင်းတန်းတွေ တောက်ပနေခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့အသံက အရမ်းကို နူးညံ့နေခဲ့တယ်။

” ငါတို့အခုမကြိုးစားကြည့်ဘူးဆိုရင် ဘယ်လိုလုပ်သိနိုင်မှာလဲ “‘

ဟို့ယွိဟောင်က အသက်ပြင်းပြင်းရှုသွင်းရင်း စကားမပြောတော့ပဲ ၀မ်သုန့်ကိုဖက်လိုက်ပါတော့တယ်။

စာမေးပွဲနယ်မြေက အတော်ကို တိတ်ဆိတ်လို့နေခဲ့ပါတယ်။ လူသစ်တန်းတွေရဲ့ စာမေးပွဲနောက်ဆုံးနေရာကို ရောက်ရှိလာခဲ့ပြီဖြစ်တာကြောင့် စောင့်ကြည့်နေမဲ့ ကျောင်းသားမရှိတော့ပါဘူး။ ကျောင်းတော်ကလဲ ကျောင်းသားတွေရဲ့စွမ်းရည်ကို လုံး၀ လျှို့၀ှက်ထားဖို့အတွက် ကြည့်ရှု့ခွင့်မပြုပဲ လုပ်ဆောင်ခဲ့ပါတယ်။

စာမေးပွဲမှာ ပါ၀င်ယှဥ်ပြိုင်ချင်းမရှိတဲ့ ဘယ်ကျောင်းသားမဆို အတန်းထဲမှာဆက်ပြီစာသင်ရပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ယှဥ်ပြိုင်ရေးနယ်မြေထဲမှာ ကျောင်းသားတွေ အနည်းဆုံးရှိနေခဲ့တယ်။

ဒါပေမယ့် ကျောင်းသားတွေနည်းသလောက် ဆရာတွေကတော့ အများကြီးပါပဲ။ အတန်းမရှိတဲ့ဆရာတွေအားလုံးကတော့ ဒီနေ့ပြိုင်ပွဲကို လာကြည့်ဖို့အဆင့်သင့်ပြင်ထားခဲ့ကြပါပြီ။ ဒါ့အပြင် ကျောင်းတော်ရဲ့ ကျောင်းအုပ်ဖြစ်တဲ့ ရန်ရှောင်ကျဲ့တောင်မှ ကိုယ်တိုင်လာရောက်ရင်း ပြိုင်ပွဲကိုကြည့်ပါတယ်။ သုဝေ့လွမ်နဲ့ တခြားဆရာတွေ ခြံရံရင်း စင်မြင့်ပေါ်ကို သူတက်လာခဲ့တယ်။

လူသစ်တွေရဲ့ စာမေးပွဲသာဖြစ်ပေမဲ့ ကျောင်းတော်ထဲမှာ ရှိရှိသမျှ အတွင်းနယ်မြေရဲ့ ကျောင်းသားတွေအားလုံးက ဒီလိုလူသစ်စာမေးပွဲ ရွေးချယ်မှုမှာ စွမ်းရည်ကိုအပြည့်အ၀ ထုတ်ဖော်ပြသခဲ့တာပါ။ ဒါကြောင့်သာ သူတို့တွေကို ကျောင်းတော်ကနေ မြင့်မြင့်မားမားတွေတောပြီ မွေးမြူးခဲ့ပါတယ်။

ကျောင်းအုပ်ရန်ရှောင်ကျဲ့အနေနဲ့ ဒီနေ့လာရောက်ရတဲ့ အကြောင်းအရင်းကလဲ ကျောင်းသားသစ်တွေရဲ့ ထူးခြားတဲ့အစွမ်းတွေကို ကြားသိထားရလို့ပါ။ ပုံမှန်အနေအထားမှာ ကျောင်းတော်ရဲ့ ကျောင်းသားတွေအားလုံးက ၀ိညာဥ်စက်ကွင်းသုံးကွင်းရရှိတဲ့ အဆင့်ကိုရောက်ဖို့အနည်းဆုံး သုံးနှစ်တိတိ ကျောင်းတော်မှာ သင်ကြားဖို့လိုပါတယ်။ တစ်ချိန်ထဲမှာပဲ ၀ိညာဥ်စက်ကွင်းသုံးကွင်းက စတုတ္ထနှစ်ကျောင်းသားဖြစ်လာဖို့အတွက် အဓိကအထောက်အပံ့ပြုပြီ ကြည့်ရှု့တဲ့အရာဖြစ်နေခဲ့တယ်။

လက်ရှိအချိန်မှာတော့ ပထမနှစ်လူသစ်တွေရဲ့စာမေးပွဲမှာတင် ၀ိညာဥ်စက်ကွင်းသုံးကွင်းပါတဲ့ ကျောင်းသားသုံးယောက်ရှိနေခဲ့ပါပြီ။ ဒီလိုအဆင့်အတန်းထဲကတော့ အတန်းထဲမှာ သူတို့က အတွင်းနယ်မြေကို၀င်ဖို့ အလားအလာအရမ်းကို ကောင်းနေခဲ့မှာပါ။ ရန်ရှောင်ကျဲ့ကိုယ်တိုင်တောင်မှ ဒီနှစ်ရဲ့ချန်ပီယံဖြစ်လာမဲ့ အဖွဲ့နှစ်ဖွဲ့ကို သိချင်နေခဲ့ပါတယ်။

ဒါပေမယ့် သုဝေ့လွမ်ရဲ့ သတင်းပို့ချက်ကြောင့်သူအဓိက အာရုံစိုက်နေတဲ့အရာက ဟို့ယွိဟောင်တို့အဖွဲ့ပါပဲ။ သူတို့အင်အားကို အခြေခံရင်း ဟို့ယွိဟောင်တို့အဖွဲ့က နင့်ထျန်းနဲ့ ရှဲ့ဟွမ်ယွဲ့တို့လို ၀ိညာဥ်အကြီးအကဲတွေကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ရဲ့ တိုက်ပွဲလှုပ်ရှားမှုတွေက လုံး၀ကို အသက်ရှုမှားလောက်စရာပါပဲ။

၀မ်သုန့်ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က ကျောင်းတော်ထဲမှာ နှစ်ယောက်မရှိနိုင်တဲ့ရှားပါးပြိုင်ဘက်ကင်းသ်ိုင်းပညာ၀ိညာဥ်ဖြစ်နေခဲ့တယ်။ တခြားတစ်ဖက်မှာတော့ ရှောင်းရှောင်းက အမွှာ၀ိညာဥ်ပိုင်ဆိုင်ထားတဲ့သူဖြစ်တာကြောင့် သူ့ရဲ့အနာဂတ်အလားအလာက ပိုလို့တောင် ကြီးမားပါသေးတယ်။ အမွှာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့၀ိညာဥ်ပညာရှင်တွေက သော့်လော့တိုက်ရဲ့ယနေ့ခတ်မှာတောင် အရမ်းကို ရှားပါးနေခဲ့ပါပြီ။ ဒါ့အပြင် ဒီနေ့အချိန်ထိလဲ ကျောင်းတော်ထဲမှာ နှစ်ယောက်မရှိပါဘူး။ လောကနံပါတ်တစ်ဖြစ်နေခဲ့တဲ့ အမျက်ဒေါသကျောင်းတော်က ရှောင်းရှောင်းလိုအမွှာ၀ိညာဥ်ရှိနေတဲ့သူတွေကို မွေးမြူးခဲ့တာသုံးယောက်သာရှိပါသေးတယ်။ ဒါ့အပြင် အဲ့ဒီသုံးယောက်ထဲမှာ ရှောင်းရှောင်းလဲပါနေခဲ့တယ်။ ဒါပေမယ့် တခြားကျောင်းတော်သားနှစ်ယောက်က အတွင်းနယ်မြေရဲ့ ကျောင်းတော်သားတွေဖြစ်နေခဲ့ပြီ အားလုံးကလဲ ထိပ်တန်းဆယ့်ယောက်ထဲမှာ ရောက်နေခဲ့တယ်။

ဟို့ယွိဟောင်ရဲ့အခြေအနေအကြောင်းကို သုဝေ့လွမ်က ရှင်းပြထားခဲ့ပါတယ်။ ဟို့ယွိဟောင်က ရှားပါးတဲ့ခန္ဓာကိုယ်၀ိညာဥ်ကိုပိုင်ဆိုင်ထားပြီ စိတ်၀ိညာဥ်အမျိုးအစား သိုင်းပညာ၀ိညာဥ်လဲ ရှိနေခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ သူက အလားအလာသိပ်မကောင်းနိုင်ပါဘူး။ အဆင့်ဆယ့်ခုနှစ်သာရှိသေးတာပါ။ ဒါ့အပြင် ပထမဆုံး၀ိညာဥ်စက်ကွင်းကလဲ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းသာ ဖြစ်နေခဲ့ပါတယ်။

အတော်လေးကို ပါရမီကောင်းပြီ ဦးဆောင်နိုင်စွမ်း ကောင်းပေမဲ့လည်း ကျင့်ကြံဆင့်က အစပိုင်းမှာ အမှားအယွင်းတွေများနေခဲ့တဲ့အတွက် ပြုပြင်လို့မရနိုင်ပါဘူး။ တစ်ချိန်ထဲမှာပဲ သူက အနာဂတ်မှာ သန်မာတဲ့၀ိညာဥ်စက်ကွင်းရမရဆိုတာက အတော်ကို ကြီးမားတဲ့မေးခွန်းဖြစ်နေခဲ့ပါတယ်။ ဒီအချက်တွေအားလုံးကို ပေါင်းစည်းပြီတဲ့နောက် သုဝေ့လွမ်က ဟို့ယွိဟောင်ရဲ့ နာမည်အနောက်ဖက်မှာ မေးခွန်းထုတ်တဲ့သင်္ကေတကို ထည့်ထားရင်း အတွင်းနယ်မြေတပည့်သားအဖြစ် လက်ခံနိုင်ဖို့မလိုလားခဲ့ပါဘူး။

ရန်ရှောင်ကျဲ့အနေနဲ့လဲ သုဝေ့လွမ်ရဲ့ ပြဿနာတွေကို ဖြေရှင်းကိုင်တွယ်နိုင်စွမ်းကို ယုံကြည်တာကြောင့် ကိစ္စတွေအားလုံးကို စိတ်ချလက်ချသာ ထားခဲ့တယ်။ ကျောင်းသားတွေရဲ့ အဓိက ညွှန်ကြားရေးမှုးဖြစ်တာကြောင့် သုဝေ့လွမ်က အတော်ကို ရှေ့ရေးမျှော်တွေးနိုင်စွမ်းမြင့်မားပါတယ်။ ဒါ့အပြင် တစ်ချိန်ထဲမှာပဲ နှစ်ဖက်စလုံးကို သေချာကြည့်ပြီ ချိန်ဆနိုင်တဲ့သူဖြစ်နေခဲ့တယ်။ ကျောင်းတော်အတွက်လဲ ထူးချွန်တဲ့ကျောင်းသားတွေကို အများကြီးမွေးမြူးနိုင်ဖို့သူက အရမ်းကိုအရေးကြီးတဲ့သူဖြစ်ခဲ့တာပါ။

ဒါပေမယ့် အမျက်ဒေါသကျောင်းတော်ထဲမှာ ရန်ရှောင်ကျဲ့တစ်ယောက်ထဲ ကျောင်းအုပ်ဖြစ်နေတာမဟုတ်ပါဘူး။ သူက သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်းကြောင်း ကျောင်းတော်ရဲ့ကျောင်းအုပ်ဖြစ်ပါတယ်။ ၀ိညာဥ်တည်ဆောက်ရေးနယ်မြေမှာလဲ ကျောင်းအုပ်ရှိနေခဲ့တယ်။ ကျောင်းအုပ်နှစ်ယောက်ကသာ ကျောင်းတော်ရဲ့ကိစ္စတွေကို ကိုင်တွယ်တာပါ။

အပိုင်း ၂၉•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset