Switch Mode

Chapter – 323

စီးပွားရေး လုပ်ငန်းကြီး

အခန်း ၃၂၃
စီးပွားရေး လုပ်ငန်းကြီး

တိုက်ဆိုင်သည်မှာ ထိုအချိန်တွင် လု့ဝမ်ဟုန်သည်လည်း ဝူရုံမြို့ အတွင်း၌ သူ၏ စီးပွားရေး လုပ်ငန်းများကို စစ်ဆေးရန် ရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဝမ်ရှန်း ပြန်ရောက် လာသည်နှင့် ဝမ်ရှန်းထံသို့ သူ ချက်ချင်း အပြေးလာခဲ့သည်။

စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက်အနေဖြင့် လု့ဝမ်ဟုန်သည် ဤကဲ့သို့ ကြီးမားသည့် အခွင့်အရေးကြီးကို အဘယ်မှာ လက်လွှတ် ခံပါမည်နည်း။

“ငါနှင့် ပူးပေါင်းပါ…”

ဝမ်ရှန်း၏ ခြံဝန်း အတွင်းသို့ ရောက်သည်နှင့် သူသည် ဘယ်လို့ပဲ လောကဝတ် ပြုနေပါစေ စိတ်လှုပ်ရှားမှုများက သူ၏ မျက်နှာထက် အထင်းသား ပေါ်ထွက်နေလေ၏။

“ စီးပွားရေး လုပ်ငန်းကြီး တစ်ခု လုပ်ကြရအောင်”

လင်းအာသည် ဝမ်ရှန်း၏ အိမ်တွင် တော်ဝင်ရတနာ စံအိမ်ထက် ပို၍ လုပ်ပိုင်ခွင့် အာဏာ ရှိပေသည်။ သူမသည် ဝမ်ရှန်း၏ အစေခံ နှစ်ယောက်ကို ခေါ်ကာ သူမ သခင်လေး ကြိုက်နှစ်သက်သည့် လက်ဖက်ရည်နှင့် မု့န်များကို ပြင်ဆင် ထားလိုက်၏။ သူမ၏ အပြုအမှုများက နည်းနည်းလေးပင် ယဉ်ကျေးရာ မရောက်နေပေ။

စားဖိုမှုများ အတွက်မှု သူတို့သည် နဂိုကတည်းက တော်ဝင်ရတနာ စံအိမ်မှ စေလွှတ်ထားသည့် လူများ ဖြစ်သည်။ ထို့ကြောင့် လင်းအာသည် သူတို့ကို ပို၍ပင် မိန့်ပေး ခိုင်းစေနေခဲ့သည်။ သူမ သခင်လေး ကြိုက်နှစ်သက်သည့် ဟင်းရာများကို ပြင်ဆင်ခိုင်းကာ ရှိသမျှ အားအကုန် သုံးကာ အကောင်းဆုံး ချက်ပြုတ်ရန်လည်း ပြောခဲ့သေးသည်။

လင်းအာ၏ ပုံစံကို ဝမ်ရှန်း မအံ့ဩပေ။ သို့သော် လု့ဝမ်ဟုန်၏ ပုံစံကိုတော့ အနည်းငယ် စိတ်ဝင်စား သွားသည်။ သို့သော် ဝမ်ရှန်းအ မြင်တွင် လု့ဝမ်ဟုန်သည့် အမြဲတမ်း တည်ကြည် ငြိမ်နေသက်ကာ စိုးရိမ် ပူပန်နေသည်ကို မြင်ရလေ့ မရှိပေ။ သူ့အား မြင်သည့် အချိန်တိုင်း သူသည် ကြော့ရှင်း ရည်မွန်သည့် သခင်လေး တစ်ယောက်ပင် ဖြစ်၏။

“ဘယ်လို စီးပွားရေး လုပ်ငန်းမျိုးလဲ”

လု့ဝမ်ဟုန်အား ထိုင်ခိုင်းကာ သူ၏ စကားကို မေးခွန်း ပြန်ထုတ် လိုက်သည်။ ဝမ်ရှန်းအား မြင်လိုက်ရသည့် အချိန်တွင် သူရှေ့၌ ဘယ်သူမှ မရှိသေးကြောင်း လု့ဝမ်ဟုန် အတည်ပြု လိုက်သည်။ အချိန်မှာမှ ပြန်လည် တည်ငြိမ်သွားကာ ကြော့ရှင်း ရည်မွန်သည့် သခင်လေး ပုံစံ ပြန်ပြောင်း သွားတော့သည်။

“မင်းပြောတဲ့ စခန်းဆောက်ဖို့ ဂျင်ဒီ နယ်‌မြေထဲကို လူတွေ ခေါ်တော့မယ် ဆိုတဲ့ ကိစ္စကို ငါကိုင်တွယ် လိုက်မယ်”

လု့ဝမ်ဟုန်သည် လု့ဝမ်ဟုန်ပင် ဖြစ်၏။ ပိုက်ဆံများစွာ ရှိသည့် လူပင် ဖြစ်သည်။

“ဆောက်ပြီးသွားရင် တခြားတစ်ဖက်က ဘာပဲ ပေးပေး ငါမင်းကို ၅၀ ရာခိုင်နှုန်း ပြန်ပေးမယ်။ အဲ့ဒါဆိုရင် မင်းအတွက် ပြဿနာ အကြီးတစ်ခု ဖြေရှင်းပြီးသား ဖြစ်သွားတာပဲ”

“ငါမှာ ဘာပြဿနာ ရှိနေလို့လဲ”

ဝမ်ရှန်းမှ ပြုံး၍ ပြောလိုက်သည်။

“ ဒီလိုမျိုး ကြီးကျယ်တဲ့ ကိစ္စမှာ ဘယ်သူကို အရင် ဦးစားပေးပြီး ဘယ်သူကို နောက်မှ လုပ်ရမယ် ဆိုတာတွေကို တွေးကြည့် နိုင်လို့လား”

လု့ဝမ်ဟုန် ဝမ်ရှန်းအား ကြည့်ကာ ပြောလိုက်သည်။

“အဲ့လို့ ဆိုရင် နောက်မှ ဦးစားပေး ခံရတဲ့ အဖွဲ့ကို မင်းစော်ကားသလို ဖြစ်သွားတာပေါ့”

“ငါက တခြားသူတွေကို စော်ကား မိသွားမှာမျိုးကို ကြောက်သွားမယ့် သူမျိုးလို့ မင်းထင်နေတာလား”

လု့ဝမ်ဟုန်၏ သူ့အား အထင်သေးသော စကားကို တန်ပြန်မေးလိုက်သည်။ ဒီစကားကြောင့် လု့ဝမ်ဟုန် ပြောစရာ စကားများ ပျောက်ဆုံးသွား၏။ အစားအသောက်များ ပြင်ဆင်စရာ ရှိသည်ကို ပြင်ဆင်ပြီးကာ ဝင်လာသည့် လင်းအာသည်လည်း ကြောင်အ သွားခဲ့သည်။ လွန်ခဲ့သည့် နှစ်များတွင် ဝမ်ရှန်း၏ လုပ်ဆောင်ချက်များ အားလုံးသည် ထိုအားစုများ၏ အပြစ်များပင် ဖြစ်သည်။

သို့သော် ယခုတွင် သူသည် အင်အားကြီးမားသည့် အဖွဲ့အဖြစ် ပြန်ရောက် လာသည့် စုန့်မိသားစုကို စော်ကားခဲ့သည်။ သို့သော် သူ့ကို ကြည့်ရသည်မှာ အဆင်ပြေ နေသည့်ပုံ ပေါ်သည်။

“ဒါပင်မဲ့ မင်းနားမလည်ပါဘူး ငါတို့ စခန်းသစ် အကြီးကြီး ဆောက်ပြီး ဘယ်အင်အားစုကို မဆို လွတ်လွတ် လပ်လပ် သွားလာခွင့် ပြုလိုက်မယ် ဆိုရင် မကောင်းဘူးလား”

လု့ဝမ်ဟုန် အပြော ချိုချို သုံးကာ ဝမ်ရှန်းအား စတင် သိမ်းသွင်း လိုက်သည်။

“အဲ့လို ဆိုရင် ဘယ်သူမဆို သွားလို့ ရပြီ။ ပြီးတော့ ဘယ်သူကမှ သူက ရှေ့ရောက်တယ် ငါက နောက်ရောက်တယ် ဆိုပြီး မင်းကို ဒေါသထွက် နေတော့မှာလည်း မဟုတ်ဘူးလေ။ ဘယ်လိုလဲ….”

ဝမ်ရှန်း မေးစေ့ပွတ်ကာ လု့ဝမ်ဟုန်၏ အစီအစဉ်ကို စဉ်းစား ကြည့်လိုက်သည်။ အမှန်တိုင်း ပြောရမည် ဆိုလျှင် လု့ဝမ်ဟုန်၏ ကမ်းလှမ်းချက်သည် ကြိုးကြောင်းစီလျော်ကာ အလွန် မက်လောက်စရာ ကောင်းပေသည်။

လု့ဝမ်ဟုန် ပြောသည့် အတိုင်းပင် ထို အင်းအားစုများနှင့် ပူးပေါင်းမည် ဆိုလျှင် ပြဿနာ အကြီးအကျယ် တက်ကာ ရန်မီးစ တစ်စ ဖြစ်သွားနိုင်၏။ ထိုကဲ့သို့ ဖိအားမျိုးကို ဝူရုံမြို့ မြို့ရှင်ထံသို့ လွှဲချလို့ ရသည်ဆိုသော်လည်း ဖိအားက အတိုင်းအတာ တစ်ခုထိ ရောက်သွားသည့် အချိန်တွင် ဝူရုံမြို့ အရှင်သည် ထိုဖိအားကို ခံနိုင်မည် မဟုတ်ချေ။

မည်သို့ပင် ဖြစ်စေ ဂျင်ဒီနယ်မြေ အတွင်း၌ စခန်းဆောက်ခြင်းက အစပိုင်း အလွန် အန္တရာယ်များကာ အလွန် စွန့်စားရမည် ဖြစ်သည်။

မည်သည့် အင်အားစုကရော ပထမဆုံး စွန့်စားသည့် လူအနေဖြင့် ရှေ့ထွက်ချင်မည်နည်း။

လု့ဝမ်ဟုန်၏ အကြံပြုချက်အတိုင်း ဆိုရင် စွန့်စားမှုများ အားလုံးကို တော်ဝင်ရတနာ စံအိမ်က ပြုလုပ်ရမည် ဖြစ်ကာ အင်အားစုများ ကြားက အငြင်းပွားမှုများကလည်း ပြေလျော့သွားမည် ဖြစ်၏။ စခန်း တည်ဆောက် ပြီးနောက် စခန်းသို့ သွားရောက်ရမည့် တန်ကြေး ပေးရသည့် ဈေးမှာ သေချာပေါက် မြင့်မားသည် ဖြစ်‌သော်လည်း အင်အားစု တစ်ခု စာလုံးတော့ ရှိမည် မဟုတ်ပေ။

ထိုကဲ့သို့ ပေးရသည့် ငွေကြေးသည် စခန်းစစဉ်၌ ကြုံတွေ့ရမည့် နံရံများနှင့် ယှဉ်လိုက်လျှင် ဘာမှ မဟုတ်တော့ပေ။ ဒါ့ပြင် တော်ဝင်ရတနာ စံအိမ်သည် စီးပွားရေး လုပ်ငန်းစု တစ်ခုဖြစ်၏။ ထို့ကြောင့် အင်အားစု အားလုံး၏ ယုံကြည်မှုကို ရရှိရန် ပို၍ လွယ်ကူပေသည်။ ယခင် အချိန်များ၌ကလည်း ထိုအင်အားစုများနှင့် စီးပွားရေးများ တွဲလုပ်ဖူးသောကြောင့် သိပ်ပြီးတော့ ကိစ္စမရှိပေ။

“ အဲ့တာဆိုရင် စခန်းဆောက်တဲ့ အချိန်မှာ တောင်ဝင်ရတနာ စံအိမ်က ဘာတွေ ထည့်မှာလဲ”

ဝမ်ရှန်း စိတ်ထဲ၌ ဆုံဖြတ်ချက် ချကာ လု့ဝမ်ဟုန်အား မေးလိုက်သည်။

“ ငါတို့က ပစ္စည်တွေ၊ လုပ်ရမယ့် အလုပ်တွေနဲ့ ကုန်ကြစရိတ်ကို ငါတာဝန်ယူမယ်။ မင်းက အထဲ ခေါ်လာဖို့ရယ်၊ နေရာရွေးဖို့ရယ် ပြီးတော့ စခန်းဆောက်နေတဲ့ အချိန်အတွင်း လုံခြုံရေးကို ကာကွယ်ပေးဖို့ပဲ လိုတယ်။ စခန်းဆောက်ပြီးသွားရင် ရလာတဲ့ အကျိုးအမြတ်တွေ အားလုံးကို မင်းက တစ်ဝက်ပိုင်မှာ”

“အဲ့တာဆိုရင် ရတနာ စံအိမ်ကကော ဒီလုပ်ငန်းကို စိတ်မဝင်စား နိုင်ဘူးလား”

လု့ဝမ်ဟုန်သည် အလွန် သဘောထားကြီး ရက်ရောကာ ဒီထက်ပို၍ သဘောထား မကြီးနိုင်တော့ပေ။ သို့သော် ဝမ်ရှန်းသည် ပြုံးရုံသာ ပြုံးကာ တစ်ဖက်လူ အတွက် ကျေနပ်စရာ မကောင်းသည့် မေးခွန်းတစ်ခု မေးလိုက်သည်။ သူ မေးခွန်း မေးလိုက်သည်နှင့် လင်းအာ၏ အကြည့်များ သူ့ပေါ်သို့ ဒေါင်းခနဲ ကျရောက် လာသည်။

“စီးပွားရေး လုပ်တဲ့ အချိန်မှာ ဝယ်သူ နှစ်ယောက်က ဝယ်သူတစ်ယောက်တည်း ရှိတာထက်ပို ဆွေးနွေးလို့ ကောင်းတယ်လေ ဟုတ်တယ်မလား”

သူ့အား စိုက်ကြည့်နေသည့် လင်းအာအား ပြုံး၍ မေးလိုက်သည်။

“ ရတနာ စံအိမ်က ဒီလို လုပ်နိုင်မှာ မဟုတ်ဘူး”

လု့ဝမ်ဟုန်မှာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ ထိုစကားကြောင့် ဝမ်ရှန်း အံ့ဩသွားခဲ့သည်။ လွန်ခဲ့သည့် နှစ်များတွင် ဝမ်ရှန်းသည် တော်ဝင်ရတနာ စံအိမ်နှင့် ရတနာ စံအိမ်တို့ကို တကယ်ပဲ သိပ်ပြီး အာရုံ မစိုက်မိပေ။ သို့သော် နောက်ဆုံး အကြိမ်တွင် ရတနာ စံအိမ်မှ ထုတ်လုပ် ရောင်းချသည့် ချပ်ဝတ်များသည် အလွန် နာမည်ကြီး သွားခဲ့ကာ ငွေကြေးပမာဏ အမြောက်အမြား ရှာဖွေ နိုင်ခဲ့ပေသည်။

ထို့အပြင် ထိုစံအိမ်၏ သန့်စင်ပြီးသား ဆားနှင့် နှင်းသကြား စီးပွားရေး လုပ်ငန်းမှာလည်း အလွန်ကို ဖြစ်ထွန်း အောင်မြင်ခဲ့ပေသည်။

“မင်းနဲ့ ရင်းနှီးတဲ့ ရတနာ စံအိမ်ရဲ့ ဆိုင်ရှင်က အမျိုးသမီး တစ်ယောက်ပဲလေ”

ဝမ်ရှန်း၏ သံသယ အတွေးများကို မြင်နေရသကဲ့သို့ လု့ဝမ်ဟုန်မှာ တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“သူမက ပိုက်ဆံပိုလိုလေ သူမကို လူတွေက ပိုပြီး မျက်စိကျလေပဲ။ အခုလည်း သူမ အဲ့ကိစ္စနဲ့ ခေါင်းရှုပ် နေရတယ်”

“ ဟုတ်ပြီ၊ အဲ့တာပဲ”

ဝမ်ရှန်း ခေါင်းညိတ်လိုက်ကာ ဘာမျှ ထပ်မမေးပေ။ ထိုအရာမှာ နောက်ထပ် အင်အားကြီး တစ်ခု၏ အတွင်းပိုင်း ပဋိပက္ခပင် ဖြစ်၏။ ဘာမှ သိပ်ပြီး မထူးဆန်းပေ။

“ ဟူး …သူမ အဲ့လို ဖြစ်ဖို့ မတန်ပါဘူး….”

ဝမ်ရှန်း သက်ပြင်းချကာ ပြောလိုက်သည်။ ရတနာစံအိမ်သည် နောက်ပိုင်းတွင် သူနှင့် ဆွေးနွေးရန် ရောက်မည့်သူက ထို ဆိုင်ရှင် အမျိုးသမီး မဟုတ်ဘူး ဆိုလျှင် ဝမ်ရှန်းသည် ရတနာစံအိမ်နှင့် စီးပွားရေး လုပ်ငန်း ကမ်းလှမ်းတော့မည် မဟုတ်ပေ။

“ဒါနဲ့ ငါတို့ ဆွေးနွေးနေတာက…”

ဝမ်ရှန်း၏ အတွေးကို ထောက်ခံကြောင်း ခေါင်းညိတ်ကာ လု့ဝမ်ဟုန် သူ့ကိစ္စအကြောင်း မေးလိုက်၏။

“သဘောတူတယ်”

ဝမ်ရှန်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

“မင်း ဝူရုံမြို့ မြို့အရှင်နဲ့ အခြား အင်အားစုတွေကို သဘောတူအောင် စည်းရုံးနိုင်မယ် ဆိုရင် ငါဘက်က ပြဿနာ မရှိပါဘူး”
***

Comment

Leave a Reply

Options

not work with dark mode
Reset