Switch Mode

Chapter – 320

တစ္ဆေသည် သူ့နောက်လိုက်နေဆဲ ဖြစ်သည် (၁)

အပိုင်း ၃၂၀
တစ္ဆေသည် သူ့နောက်လိုက်နေဆဲ ဖြစ်သည် (၁)

သူကမ္ဘာပေါ်မှ ခေတ်သစ် ဆေးပညာများသည်ပင် ပြင်းထန်သည့် သတ္တုအဆိပ်သင့်ခြင်း အတွက် ထိရောက်သည့် ကုသရေး နည်းလမ်းများ မရှိသေးပေ။ အဘယ်ကြောင့်ဆိုသော် ထိုအဆိပ်သင့်မှုကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်သည် နဂိုအတိုင်း အပြည့်အဝ ပြန်မကောင်း နိုင်သောကြောင့် ဖြစ်သည်။

ဓာတုနည်းပညာဖြင့် ဖော်စပ်သည့် ဆေးဝါးများ မထွက်ပေါ်သေးသည့် ဤကမ္ဘာတွင် သတ္တု အဆိပ်သင့်ခြင်းက ဘယ်လိုမျိုးလဲ ဆိုတာ စမ်းသပ်နိုင်ရန် မဖြစ်နိုင်ပေ။ စုန့်ဟုန်ထယ်က ထိုအဆိပ်ကို ကုနိုင်မည်ဆိုလျှင် ထူးဆန်း နေပေလိမ့်မည်။

နွားနို့သောက်ခြင်း၊ ဗီတာမင်များ စားသုံးခြင်း သို့မဟုတ် ခန္ဓာကိုယ် တစ်ခုလုံးရှိ သွေးများ လဲလှယ်ခြင်း စသည့် အဆိပ်လက္ခဏာ သက်သာစေသည့် နည်းလမ်း တချို့တလေကိုတော့ ဝမ်ရှန်း သိပေသည်။ သို့သော် စုန့်ဟုန်ထယ်က သူ့အား သတ်ချင်သည့် ဤအခြေအနေမျိုးတွင် ဝမ်ရှန်းသည် ခေါင်းအဆံချောင်မှသာ ထိုနည်းလမ်းကို ပြောပြပေလိမ့်မည်။

လေထဲ၌ ရှိနေသည့် အတွက်ကြောင့် အစောင့်များစွာ ဝန်းရံနေသည့် စုန်ဟုန်သယ်ကို သူ မသတ်နိုင်ဘူးဆိုတာ ဝမ်ရှန်း ဝန်ခံပါသည်။ သို့သော် ရှေ့လျှောက်တွင် စုန့်ဟုန်ထယ်သည် ပိုကောင်း လာနိုင်စရာ အကြောင်း မရှိတော့ပေ။

လက်ရှိတွင် စုန့်ဟုန်ထယ်သည် သန်မာကြံ့ခိုင်ကာ အင်အား ကြီးမားသည့် ဝိဉာဉ်သခင်များကို ဦးဆောင်နိုင်၏။ အခြားအင်အားစုများ အတွက်လည်း မျက်စိဆံပင်မွေး စူးစရာ ဖြစ်အောင် လုပ်ခဲ့ပြီးဖြစ်သည်။ သို့သော် သူသာ အိပ်ရာထက်၌ လဲသွားမည်ဆိုလျှင် သူ၏အာဏာကို ဆက်ပြီး ထိန်းထားနိုင်မည် မဟုတ်ပေ၊ အခြား အင်အားစုများသည်လည်း အားတက်သွားမည် ဖြစ်၏။ ဂျင်ဒီနယ်မြေကိုလည်း သူတို့မိသားစုပဲ လက်ဝါးကြီး အုပ်၍ ရတော့မည် မဟုတ်ပေ။

စုန့်ဟုန်ထယ်အား နေမကောင်း မကျန်းမာသည့် လူအဖြစ် ရောက်စေကာ လျစ်လျူရှုမည်လား သို့မဟုတ် တစ်ကျော့ ပြန်လာကာ သူ့အား သတ်မည်လား… ထိုအရာသည် နောက်ပိုင်း ဇာတ်ကြောင်း ဖြစ်သည်။ ယခုအတွက်တော့ သူ စုန့်မိသားစုပိုင်နက်ထဲမှ အရင်ထွက်ရန် လိုသည်။ ထိုမှသာ သူ့နောက် လိုက်နေသည့် ဝိဉာဉ်သခင်များ လက်တွင်းမှ လွတ်မြောက် နိုင်မည်ဖြစ်သည်။

…….

ဂလိုက်ဒါ၏ အရှိန်သည် အလွန် လျင်မြန်လှ၏။ ဘယ်လောက်မှ မကြာလိုက်ပေ။ သူ စုန့်ဟုန်ထယ်နှင့် အခြားလူများ၏ မြင်ကွင်း အတွင်းမှ ပျောက်ကွယ် သွားခဲ့သည်။ ယခုအချိန်တွင် စုန့်ဟုန်ထယ်သည် သူ့ထံ၌ နဝမအဆင့် ဝိဉာဉ်သခင် အယောက် တစ်သောင်းလောက် ရှိနေပါစေ ဝမ်ရှန်းကို ဖမ်းနိုင်မည် မဟုတ်ပေ။

ပိုမို ဘေးကင်းလုံခြုံစေရန် ဝမ်ရှန်း မိုင်ပေါင်း ရာချီ အရှေ့သို့ ပိုတိုး ပျံသွားလိုက်သည်။ ထို့နောက် ဂလိုက်ဒါကို တဖြည်းဖြည်းချင်း ထိန်းကာ မြေပြင်ထက် ဆင်းသက် လိုက်၏။ ပျံသန်းလာသည့် လမ်းတစ်လျှောက် လူဘယ်နှယောက် လောက်တောင် သူ့အား မြင်ခဲ့လဲ မသိတော့၊ သို့သော် ဝမ်ရှန်း ဂရုမစိုက်နိုင်ပေ။

ထို့နောက် ဂလိုက်ဒါကို သိမ်းကာ ဝူရုံမြို့သို့ ဆက်လျှောက် လာခဲ့လိုက်သည်။ ယခုတစ်ကြိမ်တွင် ဝမ်ရှန်းသည် အထာနပ် သွားပြီဖြစ်ကာ တတ်နိုင်သလောက် ဂျင်ဒီနယ်မြေနှင့် အနီးဆုံး နေရာမှ လျှောက်လာခဲ့၏။ တစ်ခုခု အခြေအနေ မဟန်သည်နှင့် ဂျင်ဒီနယ်မြေတွင်းသို့ ချက်ချင်း ဝင်ပြေးမည်ဖြစ်သည်။

စုန့်ဟုန်ထယ်သည် စုန့်မိသားစုကို ဂျင်ဒီနယ်မြေအား အသာစီး ရစေချင်သည်၊ ထိုအချက်ကို ဝမ်ရှန်းလည်း နားလည်ပေသည်။ စုန့်ဟုန်ထယ်အား ကလဲ့စားချေဖို့ ဆိုလျှင် သူ့အား သတ်စရာမလိုပေ။ သူ့လို လူမျိုးအတွက် သေခြင်းရှင်ခြင်းက သိပ်အရေးမပါ၊ သူ၏လုပ်ငန်းကို ဖျက်ဆီးခြင်းကသာ သူ့အတွက် အကြီးမားဆုံး အပြစ်ပေးမှု ဖြစ်သည်။

ဂျင်ဒီနယ်မြေအား စုန့်မိသားစု အသာစီး ရထားသည်ကို ဘယ်လို အသာစီး ပြန်ယူရမလဲ ဆိုတာကို ဝမ်ရှန်း လမ်းတစ်လျှောက်လုံး စဉ်းစား လာခဲ့သည်။ သူ မသိလိုက်ခင်မှာပင် သူသည် ဝူရုံမြို့သို့ ရောက်ရန် ဘယ်လောက်မှ သိပ်မလိုတော့ပေ။

ယခု သူ့ရှေ့တွင် မြစ်တစ်စင်း ရှိနေကာ ထိုနေရာတွင် သေးငယ်သည့် ကူးတို့ဆိပ် တစ်ခုရှိ၏။ မြစ်ပေါ်တွင်လည်း ကူးတို့လှေတို့ ခေါက်တုံ့ခေါက်ပြန် ကူးလူးသွားလာ နေကြသည်။ တစ်ဖက်ကမ်းသို့ သွားရမည့် ကုန်သည်များကလည်း ထိုကူးတို့ဆိပ်၌ စောင့်နေကြသည်။ ထိုထဲတွင် ဝမ်ရှန်းလည်း ပါပေသည်။

လှေတစ်စီး သူတို့ရှေ့ ရောက်လာသည့် အချိန်တွင် ကုန်သည်များသည် သူတို့ ပစ္စည်းများကို တစ်ခုပြီးတစ်ခု လှေပေါ် တင်လိုက်ကြသည်။ ဝမ်ရှန်းအလှည့် ရောက်သည့် အချိန်တွင် ထိုင်စရာ နေရာပင် မရှိတော့။ ကုန်သည်များသည် လူအရေအတွက်က မများသော်လည်း ပစ္စည်းများက များနေခြင်းဖြစ်၏၊ ဒါ့ပြင် တိရစ္ဆာန်အချို့ပင် ပါနေသေးသည်။

ဝမ်ရှန်းသည်လည်း သူ မလိုက်တော့ကြောင်း လက်ဝှေ့ယမ်း ပြလိုက်ကာ နောက်တစ်ခေါက် အတွက် ကူးတို့ဆိပ်၌သာ ဆက်စောင့် လိုက်သည်။ သူသည် အလျင် လိုစရာလည်း မလိုပေ… ဤသို့ဖြင့် စာလုံးကိုးလုံး မန္တန်ကို ရှုမှတ် နေရင်း အချိန်က ကုန်မှန်းမသိ နှစ်နာရီခန့် ကုန်ဆုံး သွားခဲ့သည်။ ထိုအချိန်တွင် ကူးတို့လှေမှာ ပြန်လည် ရောက်ရှိ လာခဲ့သည်။

ယခုတစ်ကြိမ် လှေထက်တွင် ဝမ်ရှန်းအပြင် ကူးတို့လှေဆရာ တစ်ယောက်သာ ရှိသည်။ အစတွင် လှေဆရာသည် အင်တင်တင်ဖြင့် ခရီးသည် အချို့ကို ဆက်စောင့်ချင်နေသေး၏။ သို့သော် ဝမ်ရှန်း ရွေဒင်္ဂါးအချို့ ပစ်ပေးလိုက်သည့် အချိန်တွင် အလွန် ပျော်ရွှင်သွားကာ ချက်ချင်း လှေထွက် လိုက်သည်။

မြစ်အလယ်သို့ ရောက်သည့်အချိန်တွင် ထိုလှေ အရွယ်အစားရှိသည့် လှေတစ်စီး မြစ်အပေါ်ဘက်မှနေ၍ ရုတ်တရက် စုန်ဆင်း လာခဲ့သည်။ မည်သည့် အကြောင်းအရင်းမှ မရှိဘဲ ဝမ်ရှန်း စီးလာသည့် လှေထံသို့ တည့်တည့် ဦးတည်လာနေခြင်း ဖြစ်၏။

လှေဆရာသည် ထိုလှေအား မြင်သော်လည်း ထိုလှေ၏ အရှိန်က အလွန် မြန်နေလေရာ အချိန်မီ ရှောင်နိုင်တော့မည် မဟုတ်ပေ။

ထိုအချိန် ထိုလှေထက်၌ ရှိနေသည့် ခြေတံရှည် အမျိုးသမီးအား ဝမ်ရှန်း တွေ့လိုက်ရသည်။

ဝမ်ရှန်းသည် လွန်ခဲ့သည့် ရက်ကမှ စုန့်ဟုန်ထယ်၏ လိုက်သတ်ခြင်းကို ခံခဲ့ရသည့်လူ ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် သူ့စိတ်အခြေအနေသည် သိပ်ပြီး ကောင်းမွန် မနေပေ။ ထိုအချိန်မျိုးတွင် ခြေတံရှည် အမျိုးသမီးက သူမ၏ လူများကိုခေါ်ကာ သူ့အား လာလုပ်ကြံနေသည်။ ကံမကောင်းလျှင် သူတို့ ဒေါသပုံချစရာ တရားခံ ဖြစ်သွားနိုင်ပေသည်။

ဝုန်း….

လေနှစ်စင်း ထိပ်တိုက် တွေ့သွားခဲ့သည်။ အခြားတစ်ဖက်သည် ကြိုတင် ပြင်ဆင် ထားခဲ့၏။ သူတို့၏ လှေဦးခေါင်းမှ ရှည်လျားသည့် သစ်တုံးတစ်တုံး ထွက်ပေါ်လာခဲ့ကာ ဝမ်ရှန်း စီးနင်း လိုက်ပါလာသည့် ကူးတို့လှေကို အလယ်မှ တည့်တည့် ဖြတ်တိုက် သွားခဲ့ခြင်း ဖြစ်သည်။ ထိုထိတိုက်မှုတွင် ဝမ်ရှန်း၏ လှေကို ချက်ချင်း နှစ်ပိုင်းကျိုး သွားစေတော့သည်။

ကူးတို့ လှေဆရာသည် ဘာမှ စဉ်းစား မနေတော့ဘဲ ရေထဲသို့ ခုန်ဆင်း လိုက်တော့သည်။ ဝမ်ရှန်းသည်လည်း ထိုနည်း လည်းကောင်းအတိုင်း ပြုမူခဲ့၏။ သို့သော် ရေထဲသို့ မခုန်ချခင်တွင် အခြားတစ်ဖက်၏ လှေပေါ်ကို အလုံးတစ်လုံး ပစ်တင် ပေးလိုက်သည်။

ခြေတံရှည် အမျိုးသမီးသည် ဝမ်ရှန်း မည်မျှ အင်အား ကြီးမားကြောင်း ပြီးထားပြီးသူ ဖြစ်သည်။

အလုံးတစ်လုံး သူမတို့ထံသို့ ဦးတည် လာနေသည်ကို မြင်လိုက် ရသောအခါ ခြေတံရှည် ကြေးစား အမျိုးသမီးသည် ဘာမှစဉ်းစား မနေတော့ဘဲ ရေထဲသို့ ခုန်ချ လိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူမနှင့်အတူ ပါလာသည့် နှစ်ယောက်ကို သတိပေးရန်လည်း မမေ့ခဲ့ပေ။

“ရေထဲခုန်ဆင်းလိုက်…”

နှစ်ယောက်ထဲမှ တစ်ယောက်သည် အားချီ၏ စကားကို နားထောင်ကာ အလွန် လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ သို့သော် အနည်းငယ် ထွားကြိုင်းသည့် တစ်ယောက်၏ တုံ့ပြန်မှုသည် အတန်ငယ် နှေးခဲ့၏။ သူ ခုန်ချရန် ပြင်လိုက်သည့် အချိန်မှာပင် ဝမ်ရှန်း ပစ်လွှတ်လိုက်သည့် အလုံး သူ့ဘေးသို့ ကျလာခဲ့သည်။

ထိုအလုံးသည် အနည်းငယ် လိမ့်သွားသော်လည်း ဘာတုံ့ပြန်မှုမှ မရှိခဲ့ပေ။ ထိုအဖြစ်အပျက်ကို မြင်လိုက်ရသောအခါ လှေထက်မှ ခုန်ချရန် ပြင်နေသည့် ထိုလူ၏ ခြေလှမ်းများ ရပ်တန့် သွားခဲ့သည်။ ဝမ်ရှန်းနှင့် ပတ်သက်၍ ဇာတ်လမ်း များစွာရှိ၏။

သို့သော် ဝမ်ရှန်းက သာမန် အလုံးလေး တစ်လုံး ပစ်လိုက်ရုံဖြင့် သူတို့က ကြောက်လန့်တကြား ဖြစ်ကာ သူတို့၏ ဂုဏ်သိက္ခာကို ထည့်မတွက်ဘဲ ရေထဲသို့ ခုန်ချလိုက်မည် ဆိုလျှင် လှောင်ရယ်စရာ ကောင်းပေလိမ့်မည်။

ကံဆိုးခြင်း ဆိုတာကို မယုံဘဲ ထိုလူ ထိုအလုံးကို ကောက်ယူကာ အသေအချာ စူးစမ်းကြည့် လိုက်သည်။ သေးငယ် လုံးဝန်းသည့် အလုံးလေးတစ်ခု… အားချီနှင့် ကျန်သည့်လူက ဤပစ္စည်းလေးကို ဘယ်လိုလုပ် ဒီလောက်တောင် ကြောက်နေကြသနည်း…

ထိုလူမှ နားမလည်နိုင်စွာ စူးစမ်းကြည့်နေသည့် အချိန်မှာပင် ထိုအလုံး အတွင်း၌ အနီရောင် အလင်းတန်းတစ်ခု လင်းလက် သွားခဲ့သည်။ ဝမ်ရှန်းသာ ထိုနေရာ၌ ရှိနေမည်ဆိုလျှင် ဖြန့်ကြက် အမျိုးအစား ခြေလျင်ဆန့်ကျင်မိုင်း၏ တုန်ခါခြင်း ခလုတ် ပွင့်သွားပြီ ဖြစ်ကြောင်း သိပေလိမ့်မည်။ ထိုအချိန်တွင် မိုင်း၏ ၁၀ မီတာ အတွင်း မည်သည့် တုန်ခါမှုမှမရှိရန် အရေးကြီး ပေသည်။

မည်သည့် ထူးဆန်းမှုကိုမှ မတွေ့ရသောကြောင့် ထိုလူသည် အလုံးကို အခြားလက်ဖက် အတွင်းသို့ ပြောင်းထည့်ကာ နောက်တစ်ကြိမ် စူးစမ်း ကြည့်လိုက်သည်။ ထိုကဲ့သို့ လက်ပြောင်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါမှုသည် မိုင်းကို ပေါက်ကွဲစေရန် လုံလောက်လေပြီ…

ဝုန်း…

အလုံးသည် ထိုလူ၏ မျက်နှာနှင့် တစ်ပေခွဲ အကွာ၌ ပေါက်ကွဲ ထွက်သွားခဲ့သည်။ စိန်သဏ္ဌာန် ဓားသွားအခု ၆၀ ကျော် ထွက်လာကာ ထိုလူ၏ မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်နှင့် လက်တို့အတွင်း စူးစိုက်နစ်ဝင် သွားတော့သည်။

ပေါက်ကွဲမှု၏ ပြင်းအား အရှိန်ကြောင့် ထိုလူ၏ လက်သည် အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားခဲ့ပြီး ဖြစ်သည်။ ချက်ချင်းပင် မြစ်အတွင်း၌ အနီရောင် သွေးစီးကြောင်းများ စီးဆင်း လာခဲ့သည်။

ထိုလူသည် စတုတ္ထအဆင့် အထွတ်အထိပ်အဆင့်ရှိ ဝိဉာဉ်သခင် တစ်ယောက်ဖြစ်သည်။ သူသည် သန်မာကာ ခုခံနိုင်စွမ်းက မြင့်မားသည် ဆိုသော်ငြားလည်း ဤကဲ့သို့ နီးကပ်သည့် ပေါက်ကွဲမှုတွင် ထိုအကာအကွယ်များသည် မည်သည့် သက်ရောက်မှုမှ မရှိပေ။

ဒုတ်…

လှေပေါ်သို့ ဒူးခွေပျော့ကျသွားပြီး နောက်မှာမှ ရင်ဘတ်နှင့် ခေါင်းက လှေကြမ်းပြင်ပေါ်သို့ ထိသွားခဲ့သည်။ နောက်ဆုံးတွင် ထိုလူသည် ထိုကဲ့သို့ ဖင်ဘူးတောင်း ထောင်သည့် ပုံစံဖြင့်ပင် အသက်ဇီဝိန် ချုပ်သွားခဲ့တော့သည်….
***

Comment

Leave a Reply

Options

not work with dark mode
Reset