အပိုင်း ၂၉.၁
” ကျောင်းအုပ်နှစ်ယောက် ”
°°°
တခြားနယ်မြေမှာ ပြိုင်ပွဲတွေက ဆက်တိုက်ဆိုသလို ဆက်ပြီတိုက်ခိုက်နေခဲ့ပါတယ်။ နယ်မြေနံပါတ်တစ်ရဲ့ အကြိုဗိုလ်လုပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။ ဟို့ယွိဟောင်တို့အဖွဲ့ရဲ့ပြိုင်ပွဲတွေက သူများမျှော်လင့်ထားထက်ကို ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ အဆုံးသတ်လို့သွားခဲ့ပါတယ်။
ဟို့ယွိဟောင်နဲ့၀မ်သုန့်တို့က နောက်တစ်ကြိမ် အနိုင်ရရှိလို့သွားခဲ့ပြန်ပါပြီ။ သူတို့အဖွဲ့မှာ လူတစ်ယောက်လစ်လပ်နေခဲ့ပေမဲ့ ပြိုင်ပွဲနှစ်ပွဲကို ဆက်တိုက်အနိုင်ရခဲ့တာကြောင့် ထိပ်တန်းရှစ်နေရာကနေ ထိပ်တန်းနှစ်နေရာအထိကို ရောက်ရှိလို့သွားခဲ့ပါပြီ။
ဒီပြိုင်ပွဲက အရမ်းကို မြန်မြန်ဆန်ဆန် အဆုံးသတ်လို့သွားခဲ့ပေမဲ့လဲ သူတို့မှာလူတစ်ယောက်လိုအပ်နေတာကြောင့် အတော်ကို ခက်ခက်ခဲခဲ အနိုင်ရခဲ့တာပါ။ ဟောင်သုန့်စွမ်းအားကြောင့်သာ မဟုတ်ရင် နိုင်ဖို့အတွက် အရမ်းကို ခက်ခဲပါလိမ့်မယ်။ အကယ်၍ သေရေးရှင်ရေးတိုက်ပွဲသာ ဖြစ်ခဲ့မယ်ဆိုရင် ဘယ်သူနိုင်မလဲဆိုတာ ပြောဖို့က အရမ်းကို ခက်မှာပါ။
ဟို့ယွိဟောင်က စည်းမျဥ်းတွေကို သူ့ရဲ့အားသာချက်အဖြစ်အသုံးချခဲ့ပါတယ်။ ဒါကြောင့်သာ ကြီးကြပ်ရေးမှုရဲ့ အကာအကွယ်နဲ့ လက်နက်ရဲ့ရန်ကနေ လွှတ်မြောက်သွားခဲ့ပါတယ်။ အကယ်၍ ကြီးကြပ်ရေးမှုးမရှိရင် ဘယ်လိုဖြစ်သွားမလဲ ၀မ်သုန့်က လုံရှန်းယွဲ့ရဲ့တိုက်ခိုက်မှုကို သူ့အတွက် ကာကွယ်တားဆီးပေးနိုင်မှာပါ။ ဒါ့အပြင် ဟို့ယွိဟောင်အနေနဲ့လဲ စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုကို ကျိုးစီချန်ရဲ့အပေါ်မှာဒီလိုထုတ်သုံးနိုင်ဖို့ လွယ်မှာမဟုတ်ပါဘူး။ ဆင့်ခေါ်ထားတဲ့ သားရဲကောင်နှစ်ကောင်သာ တိုက်ပွဲထဲကို ၀င်ရောက်လာခဲ့မယ်ဆိုရင် ရလဒ်က ခန့်မှန်းပြီသားဖြစ်သွားပါလိမ့်မယ်။
သူတို့က နည်းလမ်းကို ပြောင်းလဲလိုက်တဲ့အတွက် ဟို့ယွိဟောင်ရဲ့၀ိညာဥ်စွမ်းရည်လေးခု တစ်ပြိုင်နက်ထဲအသုံးချမှုကြောင့်သာ ဒီလိုမျိုးအနိုင်ရမှု အောင်ပွဲဆင်နိုင်ခဲ့တာပါ။ ဒါပေမယ့် သူတို့ရဲ့စွမ်းရည်တွေအားလုံးနီးပါးက အပြင်ကို လူသိထင်ရှား ပေါက်ကြားသွားခဲ့ပါပြီ။ ဟို့ယွိဟောင်အနေနဲ့လဲ ရှုံးထွက်ပွဲစဥ်မှာ စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုကို အကြိမ်ကြိမ် အသုံးချခဲ့တဲ့အတွက် အနာဂတ်ပြိုင်ဘက်တွေက ဒါကိုသေချာပေါက် သတိထားကြတော့မှာလဲ ဖြစ်နေခဲ့တယ်။
လူသစ်တွေရဲ့ ပြိုင်ပွဲက ကျောင်းသားတွေရဲ့ သိုင်းပညာ၀ိညာဥ်ကို လေ့ကျင့်ပေးဖို့အတွက်သာ စီစဥ်ထားခဲ့တာပါ။ ဒါပေမယ့် ယနေ့ခတ်ရဲ့ ၀ိညာဥ်ပညာရှင်တွေက တိုက်ပွဲမှာ ၀ိညာဥ်လက်နက်တွေကို အဓိကအသုံးချကြပါတယ်။ ဒါ့အပြင် ခုခံရေး၀ိညာဥ်လက်နက်တွေကလဲ မရှားပါးပါဘူး။ အချိန်အများစုမှာ ပြိုင်ပညာ၀ိညာဥ်တွေရဲ့ အားသာချက်က ၀ိညာဥ်လက်နက်တွေကြောင့် အားနည်းသွားနိုင်ပါတယ်။
ဒါကြောင့် ဘယ်လိုပဲဖြစ်ပါစေ အနိုင်ကတော့ အနိုင်ပါပဲ။ ကျိုးစီချန်တို့အဖွဲ့ကို အနိုင်ယူပြီတဲ့နောက် ဟို့ယွိဟောင်တို့က ထိပ်တန်းနှစ်ဖွဲ့ဆီကို တက်သွားခဲ့ပါပြီ။ အနည်းဆုံးတော့ ဒုတိယရမှာ သေချာနေခဲ့တယ်။ ဒါကလဲ ဆုရနိုင်မဲ့ အခွင့်အရေးပါ။
ပြိုင်ပွဲပြီးဆုံးသွားတာနဲ့ စာမေးပွဲနယ်မြေကနေ အလျင်အမြန်ထွက်ခွာလာပြီ သူတို့အခန်းဆီကို ပြန်သွားခဲ့ပါပြီ။ ဒါ့အပြင် မကြာခင်အချိန်အတွင်းမှာ ထိုက်ဟွပင်းဦးဆောင်တဲ့ အဖွဲ့နဲ့တိုက်ခိုက်ရမှာကို သူတို့သိနေခဲ့တယ်။ ရှောင်းရှောင်း ပြန်ပြီသတိလည်လာမလား အားပြန်ပြည့်နိုင်မလားဆိုတာကတော့ ဟို့ယွိဟောင်အနေနဲ့ မရှင်းလင်းတဲ့ကိစ္စပါပဲ။ ဒါပေမယ့် နှလုံးသားထဲမှာတော့ နောက်ပြိုင်ပွဲကို နိုင်ချင်တဲ့စိတ်က အရမ်းကို ပြင်းပြလို့နေခဲ့ပါပြီ။
သူတို့အခန်းကို ပြန်ရောက်လာပြီးပြီချင်မှာပဲ ၀မ်သုန့်က မေးမိပါတော့တယ်။
” ယွိဟောင် ပြိုင်ပွဲမတိုင်ခင် ဘာဖြစ်သွားတာလဲ ထိုက်ဟွပင်းကို မင်းသိလို့လား ”
ထိုက်ဟွပင်းကို မြင်မြင်ချင် ဟို့ယွိဟောင် ဖြစ်သွားတဲ့တုန့်ပြန်မှုက အတော်ကို ထူးဆန်းပါတယ်။ အချိန်တိုင်းလိုလို အေးဆေးတည်ငြိမ်နေတတ်တဲ့ ဟို့ယွိဟောင်က စိတ်ကိုထိန်းချုပ်ဖို့လွှတ်မတတ်ဖြစ်သွားခဲ့တယ်။ ၀မ်သုန့်က ဘယ်လိုများ မထိတ်လန့်ပဲ နေနိုင်မှာလဲ။
ဟို့ယွိဟောင်ကတော့ အသက်ပြင်းပြင်းရှုသွင်းလိုက်ပါတယ်။ ထိုက်ဟွပင်းဆိုတဲ့စကားကိုကြားပြီချိန်မှာ သူ့ခန္ဓာကိုယ်က အတော်ကိုတုန်ရီနေခဲ့ပါပြီ။ အဲ့ဒီနောက်ခေါင်းကိုငုံ့သွားရင်း ဆံပင်တွေကို လက်နဲ့ထိုးဖွပြီ အိပ်ယာပေါ်ထိုင်ချလိုက်ပါတော့တယ်။ အဲ့ဒီနောက်မှသာ အက်ကွဲကြမ်းရှနေတဲ့အသံနဲ့ တစ်ခွန်းချင်ပြောလာခဲ့တယ်။
” ထိုက်ဟွပင်းက ကျားဖြူမြို့စားမင်းရဲ့သား ကျားဖြူမြို့စားမင်းက ဘယ်သူဆိုတာ မင်းသိတယ်မလား ”
၀မ်သုန့်က ခေါင်းညိတ်လိုက်ပါတယ်။
” သိတာပေါ့ ကျားဖြူမြို့စားမင်းက လက်ရှိကြယ်တာရာလော့နိုင်ငံတော်ရဲ့ အဓိကမြို့စားမင်းကြီးဆီကနေ အမွေဆက်ခံခွင့်ရရှိထားတဲ့သူပဲ သူ့ရဲ့အဆင့်အတန်းက တကယ်ကို မြင့်မားတယ်…ကျားဖြူမြို့စားရဲ့မျိုးနွယ်က ကြယ်တာရာလော့အင်ပါယာရဲ့ တော်၀င်မျိုးနွယ်ကနေ ဆင်းသက်လာခဲ့တာ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ချီမှာဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲကြီးကြောင့် နိုင်ငံတော်က ပျက်စီးလုနီးပါးဖြစ်သွားခဲ့တယ်။ ဒါ့အပြင် နိုင်ငံတော်ထဲကို နောက်ထပ်ကြီးမားတဲ့ မျိုးနွယ်စုကြီးတွေ ပူးပေါင်းစေဖို့အတွက် မေတ္တာရပ်ခံပြီမှသာ ပြန်လည်တည်ထောင်နိုင်ခဲ့တာ အဲ့ဒီလိုဖြစ်လာတဲ့အချိန်မှာ မျိုးနွယ်စုတွေက တစ်နိုင်ငံလုံးကို စောင့်ကြပ်ကြည့်ရှု့ကြရတယ်…အဲ့ဒီအချိန်မှာ ကျားဖြူမြို့စားမင်းတို့ရဲ့ သွေးသားတွေက အရမ်းကို အားနည်းနေကြတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မျိုးနွယ်စုတွေက သူတို့တွေကို ငြင်းပယ်ခဲ့တယ်။ ဒါကြောင့်သာ ကျားဖြူမြို့စားမင်းတို့ရဲ့မျိုးဆက်တွေက ပလ္လင်ပေါ်ကနေ ဆင်းပေးပြီ လက်ရှိအချိန်မှာ ဧကရာဇ်ဖြစ်နေတဲ့မျိုးဆက်ဆီကို ထိီးနန်းလွဲအပ်ပေးခဲ့တယ်…လောလောဆယ်မှာတော့ မြို့စားမင်းရဲ့ တော်၀င်မျိုးဆက်အစား စစ်သူကြီးတွေရဲ့ မိသားစုကနေ နိုင်ငံတော်ကို အုပ်ချုပ်နေတယ်….ဒါပေမယ့် တော်၀င်မျိုးနွယ်တွေရဲ့ သွေးသားက ကျားဖြူမြို့စားမင်းတို့ဆီမှာ စီးဆင်းနေတုန်းပဲ ဒါကြောင့် မြို့စားမင်းနဲ့ သူ့ရဲ့ မိသားစုကို ဧကရာဇ်တောင်မှ လေးစားကြရတယ် ”
” ကျားဖြူမျိုးနွယ်ထဲမှာ စီးဆင်းနေတဲ့သွေးဆိုတာက တော်၀င်မိသားစုရဲ့သွေးပဲလေ ဒါကြောင့် ကျားဖြူသိုင်းပညာ၀ိညာဥ်က အရမ်းကိုသန်မာတဲ့ သားရဲကောင်၀ိညာဥ်အဖြစ်နဲ့ မျိုးရိုးစဥ်ဆက်လက်ဆင့်ကမ်းလာတဲ့ ငါတို့အမျက်ဒေါသကျောင်းတော်ရဲ့ ပထမမျိုးဆက်ထဲမှာပါတဲ့ အမျက်ဒေါသမိစ္ဆာခုနှစ်ဖော်ထဲမှာလဲ မိစ္ဆာမျက်လုံး ကျားဖြူထိုက်မုပိုင်က ကျားဖြူမြို့စားမင်းရဲ့ ဘိုးဘေးတစ်ယောက်ပဲ ထိုက်ဟွပင်းက အဲ့ဒီမြို့စားမင်းရဲ့ မျိုးဆက်ဖြစ်နေမယ်လို့ ငါမထင်ထားခဲ့မိဘူး ”
၀မ်သုန့်က စကားပြောနေတာကို ရပ်ရင်း ဟို့ယွိဟောင်ကို ထူးထူးဆန်းဆန်းကြီး ကြည့်လာခဲ့ပါတယ်။
” ဒါဆိုရင် မင်းနဲ့ထိုက်ဟွပင်းက ”
ဟို့ယွိဟောင်က ပြန်ဖြေလိုက်တယ်။
” ငါ့အမေက သူ့တို့မိသားစုရဲ့ အစေခံတစ်ယောက်ပဲ ငါကတော့ အဖေမရှိပဲမွေးလာခဲ့တာ ငါ့အမေက ကျားဖြူမြို့စားမင်းရဲ့ အိမ်တော်မှာ အလုပ်လုပ်ရင်း ငါ့ကို ကျွေးမွေးပြုစုခဲ့တယ် ”
သူက ကျားဖြူမြို့စားမင်းရဲ့ သားတစ်ယောက်မှန်း ဟို့ယွိဟောင်က ထုတ်မပြပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့အမေရဲ့ ဘ၀ကို ပျက်စီးစေခဲ့တဲ့အဲ့ဒီလူကို အဖေအဖြစ်အသိအမှတ်မပြုနိုင်အောင် မုန်းတီးနေလို့ပါပဲ။ အဖေလို့ခေါ်ရမှာထက် သူ့ကိုယ်သူ အစေခံတစ်ယောက်ရဲ့ သားအဖြစ် ပြောပြဖို့သာ လိုလာခဲ့ပါတယ်။
သူ့ဘ၀ဇာတ်ကြောင်းကို ၀မ်သုန့်ဆီ အစအဆုံးပြောပြလိုက်ရုံတင်မက သူ့အမေက သူ့ကိုကာကွယ်ဖို့အတွက် ဒဏ်ရာပြင်းပြင်းထန်ထန်ရတဲ့အထိ အရိုက်အနှက်ခံရပြီ သေဆုံးသွားခဲ့ရတဲ့ အကြောင်းတွေကိုပါ ရှင်းပြခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်က စတင်ငိုကြွေးပါတော့တယ်။
” ဒီခွေးမသားကတော့ ”
၀မ်သုန့်က သစ်သားအိပ်ယာကို အရှိန်ပြင်းပြင်းနဲ့ရိုက်ချလိုက်ပြီ ထခုန်ပါတော့တယ်။
” မင်းဘာလုပ်မလို့လဲ ”
ဟို့ယွိဟောင်က သူ့ကို ချက်ချင်းဆိုသလို ဖမ်းဆွဲလိုက်ရတယ်။
၀မ်သုန့်က ဒေါသတကြီးနဲ့ ပြောလာခဲ့ပါတယ်။
” လက်စားသွားချေမလို့လေ သွားကြစို့အခုသွားမယ် ”
ဟို့ယွိဟောာင်ကို ဆင်းဆင်းရဲရဲမွေးဖွားလာတဲ့ ကလေးတစ်ယောက်အဖြစ်သာ အရင်ကတွေးခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ဟို့ယွိဟောင် ဘယ်လောက်အထိ ဖြတ်သန်းရမှန်းသူကြားသိလိုက်ရပါပြီ။ ဒါကြောင့်သာ အသက်ဆယ့်နှစ်နှစ်မပြည့်သေးခင်မှာ ဒီလောက်အထိ တည်ငြိမ်ပြီအေးဆေးနေတာ အံ့ဩစရာမရှိတော့ပါဘူး။ ဒါ့အပြင် သက်တူရွယ်တူတွေထက် အများကြီးပိုပြီး တည်ငြိမ်နေခဲ့တာက သူ့ဘ၀ကို ဒီလိုဖြတ်သန်းခဲ့ရလို့ပါ။
ဟို့ယွိဟောင်က ၀မ်သုန့်ကို အိပ်ယာပေါ်ထိုင်ဖို့ ပြန်တွန်းချလိုက်ပါတယ်။ သူ့ရဲ့မျက်လုံးထဲမှာတော့ အလင်းတန်းတွေတောက်ပလာခဲ့ပါတယ်။
” မဖြစ်ဘူးအဲ့ဒီလို လုပ်လို့မဖြစ်ဘူး သူ့ကိုသွားပြီ တိုက်ခိုက်ဖို့အချိန်မကျသေးဘူး .ဒါက အမျက်ဒေါသကျောင်းတော်လေ ဒီကျောင်းတော်ထဲမှာ ငါတို့တွေ ဘာမှလုပ်နိုင်စွမ်းရှိမှာမဟုတ်ဘူး….ဒါ့အပြင် ကျောင်းတော်ကလဲ ငါတို့ရဲ့ ရမ်းကားမှုတွေကို သေချာပေါက် သည်းခံမှမဟုတ်တာ အသေအချာပဲ သူက ငါ့အမေသေဆုံးရတဲ့ အဓိက တရားခံတွေထဲက တစ်ယောက်ပဲ ဒါကြောင့် အားလုံးကို ငါလက်စားပြန်ချေချင်တယ်…သူတစ်ယောက်ထဲတင်မကဘူး ဒါကြောင့် လက်ရှိအချိန်မှာ ငါရဲ့ လက်စားချေဖို့ရည်မှန်းချက်က ကျားဖြူမြို့စားမင်းအိမ်တော်တစ်ခုလုံးပဲ ဒါကြောင့် ငါပိုပြီး သန်မာလာချင်တယ်..အိမ်တော်တစ်ခုလုံးကို ပြန်တိုက်ခိုက်နိုင်တဲ့ အနေအထားအထိ ငါသန်မာချင်တယ် ”
၀မ်သုန့်က ဟို့ယွိဟောင်ကိုကြည့်ရင်း လန့်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ လက်စားချေလိုစိတ်က အရမ်းကို အေးစက်လွန်နေခဲ့ပြီ ရေခဲတုံးကြီးတစ်တုံးကို မြင်နေရသလိုပါပဲ။
မိုးကောင်းကင်ကိုတောင် ပြောင်းပြန်လှန်းစေနိုင်တဲ့ အမုန်းတရားက ဟို့ယွိဟောင်ခန္ဓာကိုယ်အပြင်ဘက်ဆီကို ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်လာပြီ မြစ်သုံးစင်း ရေကန်ငါးကန်နဲ့ ဆေးကြောပြစ်မယ်ဆိုရင်တောင် လုံလောက်တဲ့ပုံမပေါ်ပါဘူး။ ဒါ့အပြင် အမုန်းတရားကလဲ အရမ်းကို နက်ရှိုင်းလွန်လှပါတယ်။ လက်ရှိအချိန်မှာ သူက သားကောင်ကို ၀ါးမြိုတော့မဲ့ခြင်္သေ့ကြီးတစ်ကောင်လိုပုံစံ ပေါ်နေခဲ့တယ်။ ပုံမှန်နွေးထွေးပြီ နူးညံ့တဲ့ဟို့ယွိဟောင်နဲ့ လုံး၀ မတူသလိုပါပဲ။
အသက်ဆယ့်တစ်နှစ်အရွယ်ကလေးတစ်ယောက်က သူ့ရဲ့အမုန်းတရားကို ဒီလောက်အနေအထားအထိ ကောင်းကောင်းကြီး ဖုံးကွယ်ထားရင်း အရာအားလုံးကို ရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးတယ်။ ဆယ့်တစ်နှစ်တာဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်လျှောက်လုံးမှာ သူဘယ်လောက်အထိ ကြုံတွေ့ခဲ့ရလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်နေပါပြီ။ ဒါက တစ်နေ့ထဲ တစ်ရက်ထဲနဲ့ ဖြစ်ပေါ်လာတဲ့အမုန်းတရားမဟုတ်ပါဘူး။
၀မ်သုန့်ရဲ့ မျက်လုံးထဲမှာရှိနေခဲ့တဲ့ ဒေါသတွေကလဲ ပြန်လည်ပျောက်ကွယ်လို့သွားပါတော့တယ်။ မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ရင်း သူမေးလာခဲ့တယ်။
” ဒါဆိုရင် လက်စားချေဖို့ ဘယ်လိုလုပ်မယ်စိတ်ကူးထားလဲ ”
ဟို့ယွိဟောင်က ခေါင်းခါလိုက်ပါတယ်။
” လက်ရှိအချိန်မှာ ငါအနေနဲ့က ကျားဖြူမြို့စားအိမ်တော်အတွက် ပုရွက်တစ်ကောင်လိုပဲ အချိန်မရွေးနင်းချေပြစ်လို့ရနိုင်တယ်…ဒါကြောင့် ငါကိုပိုပိုပြီး သန်မာလာမှဖြစ်မယ် ..ကျားဖြူအိမ်တော်က ဒီအတိုင်းဆက်ပြီရှိနေဦးမှာပဲ ဒါပေမယ့် အခုကနေ ဆယ့်နှစ် အနှစ်နှစ်ဆယ့် အနှစ်သုံးဆယ့် အနှစ်ငါးဆယ်ကြာရင် ငါသူတို့ကိုသွားရှာမဲ့နေ့တစ်နေ့ ရောက်လာလိမ့်မယ်…အဲ့ဒီလိုသာ ဖြစ်လာခဲ့မယ်ဆိုရင် ကျားဖြူမြို့စားမင်းရဲ့ မျိုးဆက်တွေအကုန်လုံးကို အမြစ်ဖြတ်သုတ်သင်ပြစ်မယ် ”
ချက်ချင်းဆိုသလို ရူးသွပ်တဲ့အလင်းတန်းက ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲမှာ ထွက်ပေါ်လို့လာပါတော့တယ်။ သူ့ရဲ့မျက်၀န်းတွေကတောင် သွေးနီရောင်ပြောင်းသွားခဲ့ပါပြီ။ စိတ်၀ိညာဥ်ပင်လယ်ထဲမှာရှိနေတဲ့ မီးခိုရောင်ပုလဲလုံးလေးက ခပ်ဖွဖွလေး လှုပ်ရမ်းသွားပါတော့တယ်။ ဟို့ယွိဟောင်အနေနဲ့လဲ မူးဝေလို့သွားခဲ့ပါပြီ။ သူ့ခန္ဓာကိုယ်က ယိမ်းယိုင်သွားပြီ ၀မ်သုန့်ရဲ့ အကူအညီနဲ့ ရပ်နိုင်ဖို့ကြိုးစားနေခဲ့ရတယ်။
၀မ်သုန့်ကတော့ ဟို့ယွိဟောင်နောက်တစ်ကြိမ် စိတ်ခံစားချက် ပြင်းထန်လွန်တာကြောင့် ဒီလိုဖြစ်သွားမှန်း သိနေခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့နှလုံးသားထဲမှာ အဲ့ဒီလောက်အထိ ကြီးမားတဲ့အမုန်းတရားရှိနေမယ်လို့ သူကိုယ်တိုင်တောင် မထင်မှတ်ထားခဲ့မိပါဘူး။
အပိုင်း ၂၉•၁ ပြီး၏။