အပိုင်း ၂၈•၂
” ပူးပေါင်းဆောင်ရွက်မှုအင်အား ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ အနိုင်ရပြီ ”
°°°
ဒါကြောင့်သာ အမြန်နှုန်းကိုအသုံးပြုတဲ့ လုံရှန်းယွဲ့က ဟို့ယွိဟောင်ရဲ့ ၀ိညာဥ်စွမ်းရည်နဲ့ အရင်ဆုံးတိုက်ခိုက်ခံလိုက်ရပါတယ်။ ဒါ့အပြင် သူအသုံးပြုလိုက်တဲ့ အရာကတော့ စိတ်၀ိညာဥ်စွမ်းအားနှောင့်ယှက်မှုပါ။
စိတ်၀ိညာဥ်စွမ်းအားနှောင့်ယှက်မှုက စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုထက် အများကြီးပိုပြီး အားနည်းပါတယ်။ ၀မ်သုန့်က ဟို့ယွိဟောင်ဒါကိုသုံးနေမှန်း သတိမထားမိပါဘူး။ သူ့ရဲ့စွမ်းရည်အသစ်တွေကို ထုတ်လွှတ်နေမှန်းမသိရအောင် ဖုံးကွယ်ထားဖို့အတွက် ဟို့ယွိဟောင်အနေနဲ့လဲ ၀မ်သုန့်ကို ထိတွေ့ခွင့်မပြုပဲ ရှိနေခဲ့ပါတယ်။ ဒါကြောင့် သူကိုယ်တိုင်လဲ ဟောင်သုန့်စွမ်းအားကို ထုတ်မသုံးသေးပါဘူး။ အဲ့ဒီအစား စိတ်၀ိညာဥ်နှောင့်ယှက်မှုကိုတော့ သူတစ်ယောက်ထဲအင်အားနဲ့ အသုံးပြုနေခဲ့တယ်။
ဒီနှောင့်ယှက်မှုက စက္ကန့်ပိုင်းသာ ဖြစ်ပေမဲ့ အသိစိတ်ကတော့ တခဏတာဝေ၀ါးသွားခဲ့ပါပြီ။ ၀မ်သုန့်ကလဲ သူ့အတောင်ပံတွေအသုံးပြုပြီ ဟို့ယွိဟောင်ကို ကာကွယ်ထားခဲ့ပါတယ်။
လေထဲကိုလွှင့်လာတဲ့ လက်နက်က လှပတဲ့ပုံစံနဲ့ ပျံသန်းနေခဲ့ရင်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဆီကို ရောက်ရှိလာပါတော့တယ်။ ပြင်းထန်တဲ့အလင်းတန်းက လက်နက်ပေါ်မှာတောက်ပလို့နေခဲ့ပြီ ၀ိညာဥ်စွမ်းရည်နှစ်ခုရှိနေခဲ့တာကြောင့် အလွယ်လေးတားဆီးဖို့ မဖြစ်နိုင်မှန်းသိသာနေခဲ့ပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ကို မထိခဲ့ပါဘူး။
အစောပိုင်းမှာ ၀မ်သုန့်က သူ့အစွမ်းကို အပြည့်အ၀ ထုတ်သုံးခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ အဓိကတိုက်ခိုက်သူက ဟို့ယွိဟောင်ဖြစ်နေခဲ့ပါတယ်။
လုံရှန်းယွဲ့ သူ့ရဲ့လက်နက်ကို ပြစ်လွှတ်လိုက်ချိန်မှာပဲ ခရမ်းရွှေရောင်အလင်းတန်းက ဟို့ယွိဟောင်ရဲ့ မျက်လုံးအပြင်ဘက်ကို ပြေးထွက်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် ၀မ်သုန့်ရဲ့အတောင်ပံတွေထဲမှာလဲ ပုန်းကွယ်နေတာဖြစ်တာကြောင့် ဘယ်သူမှမမြင်ခဲ့ရပါဘူး။
ကျိုးစီချန်ကတော့ သူ့ရဲ့ အနောက်ဖက်မှာ ငြီးငြူးသံတစ်ချက်ကိုသာ ကြားလိုက်ရပါတယ်။ အဲ့ဒီနောက် သူအစောပိုင်းတုန်းက ထုတ်လွှတ်ထားခဲ့တဲ့ နာရီက ပျောက်ကွယ်လို့သွားပါတယ်။ ချိုက်ကျင်းရွှမ်ကလဲ ၀ိညာဥ်စွမ်းရည်တစ်ခုကိုတောင် ထုတ်မသုံးရသေးပါဘူး။ လုံရှန်းယွဲ့ရဲ့ အထိတ်တလန့်အကြည့်အောက်မှာ ချိုက်ကျင်းရွှမ်က လှဲကျရင် သတိလစ်လို့သွားပါတော့တယ်။
ဒါပေမယ့် ဟောင်သုန့်ကတော့ နောက်ဆုံးတစ်ခေါက် စိတ်၀ိညာဥ်စွမ်းအား ထိတ်လန့်မှုကို ဟောင်သုန့်စွမ်းအားနဲ့ ထုတ်သုံးချိန်ကထဲကစပြီ သူ့ကိုထိန်းချုပ်လို့ထားခဲ့ပါတယ်။ ဒါကြောင့်သာ ချိုက်ကျင်းရွှမ်က သတိလစ်ရုံသာဖြစ်ပြီ နင့်ထျန်းလိုဒဏ်ရာမရစေခဲ့ပါဘူး။
ချိုက်ကျင်းရွှမ်ရဲ့၀ိညာဥ်ကလဲ ပုံမှန်မဟုတ်အောင်ဖြစ်နေခဲ့ပါတယ်။ သူက ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင် ဖြစ်နေခဲ့ပေမဲ့ ထူးခြားနေတယ်။ ဟို့ယွိဟောင်ရဲ့အမြင်မှာသူက သုံးယောက်ထဲအန္တရာယ်အများဆုံးသူပါပဲ။ ဒါကြောင့် ဟောင်သုန့်စွမ်းအားကို အသုံးပြုဖို့မတွေဝေခဲ့ပါဘူး။ လူတိုင်းမှာ သူတို့ကြုံတွေ့ခဲ့ရတဲ့ ရော်ဘာတုံးကြီးလို ခုခံရေးသိုင်းပညာ၀ိညာဥ်ရှိမနေနိုင်တာကိုသိနေခဲ့တယ်။ ပြင်ဆင်မထားခဲ့တဲ့ ချိုက်ကျင်းရွှမ်ကလဲ လက်ရှိအချိန်မှာ လုံး၀ကို မေ့မြောသွားခဲ့ပါပြီ။
လက်နက်ကတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ အရှေ့တစ်ပေအကွာမှာ ပြုတ်ကျလာရင်း မြေပြင်ပေါ်ကို စိုက်သွားပါတော့တယ်။ အဲ့ဒီလက်နက်ရဲ့ စူးရှတဲ့ အရှိန်အ၀ါတွေက ၀မ်သုန့်ကိုတောင် အံ့အားသင့်သွားစေခဲ့တယ်။ အကယ်၍ ၀မ်သုန့်သာ ဒါနဲ့ထိမိသွားခဲ့မယ်ဆိုရင် ခုခံကာကွယ်ဖို့အတွက် ခက်ခဲမှာပါ။
ကျိုးစီချန်ကတော့ အနောက်ကိုကြည့်ရင်း ပါးစပ်အဟောင်သားဖြစ်နေခဲ့ပါပြီ။ သူက ချိုက်ကျင်းရွှမ်ရဲ့ အရှေ့မှာရပ်နေခဲ့သူဖြစ်တာကြောင့် အခုအချိန်မှာ သတိပြန်၀င်လို့လာခဲ့ရပါပြီ။ သူတို့ရဲ့ပြိုင်ဘက်က ဘယ်လိုများလုပ်လိုက်တာလဲ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုလို အစွမ်းအစလိုမျိုးသူမှာ မရှိတဲ့အတွက် ဒါကိုလဲ နားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် သူထောက်လှမ်းနိုင်တဲ့ နယ်မြေအတွင်းမှာရှိနေတဲ့ ဘယ်အရာကမှ သူ့ရဲ့အာရုံခံမှုအောက်မှာ မပုန်းကွယ်နိုင်ပါဘူး။ မိုးအောက်မြေပြင်ရှိသမျှ အရာအားလုံးက ထောက်လှမ်းမှုရဲ့အောက်မှာ ရောက်ရှိလာပါတယ်။
ဒါပေမယ့် အဖွဲ့ခေါင်းဆောင်ဖြစ်နေတဲ့ ကျိုးစိချန်ကတော့ အခုအချိန်ထိ ခေါင်းအေးအေးထားပြီ ကြိုးစားလို့နေခဲ့တယ်။ တခဏတာမျက်လုံးပြူးသွားခဲ့ပေမဲ့ သတိမလွှတ်ခဲ့ပါဘူး။ သူဆင့်ခေါ်ထားတဲ့ ၀က်၀ံရောကျားရော နှစ်ကောင်စလုံးက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဆီကို တိုက်ရိုက်ပြေး၀င်လာခဲ့ပါတယ်။
သူတို့နှစ်ယောက်ရဲ့ဘေးမှာရှိနေခဲ့တဲ့လက်နက်က ပျောက်ကွယ်လို့သွားပြီ လုံရှန်းယွဲ့ရဲ့ လက်ထဲမှာ ပြန်ပေါ်လာပါတော့တယ်။ ဒီတစ်ကြိမ်မှာ လုံရှန်းယွဲ့ကတော့ ပိုမိုအာရုံစိုက်ထားရင်း နောက်တစ်ကြိမ် လက်နက်ကိုပြစ်လွှတ်ဖို့ စီစဥ်ပါတော့တယ်။ ဒီတစ်ခေါက်မှာလဲ များပြားသိမ့်သည်းတဲ့ ၀ိညာဥ်စွမ်းအားတွေကို သူတစ်ကိုယ်လုံး ဖုံးလွှမ်းလို့ထားခဲ့ပြီ ပြစ်လွှတ်လိုက်တယ်။
ဟို့ယွိဟောင်က ၀ိညာဥ်စက်ကွင်းတစ်ကွင်းသာ ရှိတာပါ။ ဒါကြောင့် သူ့မှာစိတ်၀ိညာဥ်စွမ်းအားနှောင့်ယှက်ရေးစွမ်းရည်ရှိနေခဲ့တာကို ထုတ်ဖော်မပြချင်ပါဘူး။ ဒါပေမယ့် ပြင်ဆင်ထားတဲ့၀ိညာဥ်ပညာရှင်တစ်ယောက်ကို ဟောင်သုန့်စွမ်းအားမပါပဲ တိုက်ခိုက်ရမှာတော့ အတော်ကို ခက်ခဲတဲ့ကိစ္စပါ။ ဒီတစ်ကြိမ်မှာတော့ အဲ့ဒီလက်နက်က သူ့ကို တကယ်တိုက်မိဖို့အဆင်သင့်ဖြစ်နေခဲ့ပါပြီ။
ဒါက ကျိုးစီချန်ရဲ့ မူလအစီအစဥ်ပါပဲ။ ဟို့ယွိဟောင်တို့အဖွဲ့ကို သူနားလည်သလောက်အရဆိုရင် အဲ့ဒီ၀ိညာဥ်စက်ကွင်းတစ်ကွင်း၀ိညာဥ်ပညာရှင်ရဲ့ အရေးကြီးမှုကို သူခန့်မှန်းနိုင်နေပါတယ်။ ဒါကြောင့် လုံရှန်းယွဲ့ကို အစွမ်းကိုထုတ်ရင်း ဟို့ယွိဟောင်ကို တိုက်ခိုက်စေချင်နေခဲ့တယ်။ ဟို့ယွိဟောင်သာ သူ့ရဲ့ဒီတိုက်ခိုက်မှုကို မခံယူရနိုင်ခဲ့ဘူးဆိုရင် သေချာပေါက် ပြိုင်ပွဲထဲက ပယ်ထုတ်ပြီသားဖြစ်သွားမှာပါ။ သူတို့နှစ်ယောက်ပေါင်းစည်းပြီ ၀မ်သုန့်ကို တိုက်ခိုက်မယ်ဆိုရင် သေချာပေါက် အနိုင်ရမှာအမှန်ပါပဲ။
ဒါပေမယ့် ဟို့ယွိဟောင်ကတော့ သူ့ရဲ့တိုက်ခိုက်မှုကို လုံး၀လျစ်လျူရှုထားခဲ့ပါတယ်။ ဟောင်သုန့်စွမ်းအားရဲ့ အားဖြည့်ပေးမှုအောက်မှာ ခရမ်းရွှေရောင်အလင်းတန်းက ဟို့ယွိဟောင်မျက်လုံးထဲကနေ အပြင်ကိုထွက်သွားရင်း ကျိုးစီချန်ဆီကို တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့ပါပြီ။
ချိုက်ကျင်းရွှမ် ရုတ်တရက်မေ့မြောသွားပြီတဲ့နောက်မှာ ကျိုးစီချန်က ဘယ်လိုလုပ်သတိမထားပဲနေမှာလဲ။ လုံရှန်းယွဲ့လိုမျိုး ၀ိညာဥ်စွမ်းအားကို လှည့်ပတ်ထားရင်း တစ်ကိုယ်လုံးကို လွှမ်းခြုံလို့ထားပါတော့တယ်။ အထူးသဖြင့် သူ့ဦးနှောက်ကိုပါ ဟို့ယွိဟောင်ရဲ့တိုက်ခိုက်မှုကို ကာကွယ်ဖို့အတွက် သူတတ်နိုင်သလောက်အရာအားလုံးလုပ်ထားခဲ့တယ်။
ကံမကောင်းစွာနဲ့ပဲ သူ့ရဲ့ကာကွယ်မှုက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်ပေါင်းစည်းထားတဲ့စွမ်းအားကို အနိုင်မယူနိုင်ခဲ့ပါဘူး။ ၀ိညာဥ်အကြီးအကဲတစ်ယောက်ရဲ့တိုက်ခိုက်မှုနဲ့ ညီမျှတဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုကို ဘယ်လိုလုပ် တန်ပြန်တိုက်ခိုက်ဖို့လွယ်မှာလဲ။
ချက်ချင်းဆိုသလို ခရမ်းရွှေရောင်အလင်းတန်းက မျက်လုံးအပြင်ဘက်ကို ပြေးထွက်လို့သွားခဲ့ပါပြီ။ ကျိုးစီချန်ရဲ့ ခေါင်းတစ်ခုလုံးကလဲ ပြင်းပြင်းထန်ထန် နာကျင်မှုကြောင့် မူးဝေလို့သွားပါတော့တယ်။ ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်ကလဲ အဲ့ဒီမူးဝေမှုကို တုန့်ပြန်လိုက်တယ်။
စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကြောင့် ဟို့ယွိဟောင်အနေနဲ့ သူ့ရဲ့တိုက်ခိုက်မှု အောင်မြင်လား မအောင်မြင်လားဆိုတာ ကောင်းကောင်းသိနိုင်နေပါတယ်။ ဒါ့အပြင် စိတ်၀ိညာဥ်စွမ်းအားထိတ်လန့်မှုကလဲ ဒီတစ်ခေါက်မှာ စွမ်းအားအပြည့်အ၀ ရှိနေခဲ့ပါတယ်။
ကျိုးစီချန်အနေနဲ့ သူပြိုင်ဘက်ဘာလုပ်နေမှန်း သိတာတောင့် မခုခံနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တစ်ယောက်ရဲခုခံနိုင်စွမ်းကလဲ အတော်ကို သန်မာတဲ့အတွက်ကြောင့်သာ ဒီတိုက်ခိုက်မှုက သူ့ကိုအလဲမထိုးနိုင်ခဲ့တာပါ။ အခုအချိန်ထိ သူသတိလစ်မေ့မြောမသွားသေးပါဘူး။ လက်ရှိအချိန်မှာတော့ ၀ိညာဥ်စွမ်းရည်တွေကို ထိန်းချုပ်နိုင်စွမ်းလွှတ်သွားခဲ့ပါပြီ။ သူ့အနေနဲ့ သားရဲကောင်နှစ်ကောင်က လေထဲမှာ ရပ်သွားပါတော့တယ်။
အဲ့ဒီနောက် ဒုတိယစိတ်၀ိညာဥ်ထိတ်လန့်မှုကို ထုတ်လွှတ်လိုက်ရင်း ဟို့ယွိဟောင်က အော်လိုက်ပါတော့တယ်။
” ဆရာကျွန်တော်ကို ကယ်ပါ ”
ထိခတ်ပျံလက်နက်က လုံရှန်းယွဲ့နဲ့ ဟို့ယွိဟောင်တို့ကြား အကွာအဝေးတစ်၀က်အထိကို ဖြတ်ကျော်လာပြီ ဟို့ယွိဟောင်အနားကို ရောက်လုနီးပါးဖြစ်နေခဲ့တယ်။ ဒါပေမယ့် ၀မ်သုန့်က သူ့ကို ကာကွယ်ထားတာမျိုးမရှိတော့ပဲ အတောင်ပံတွေကို ပြန်သိမ်းလိုက်ပါပြီ။ ပြင်းထန်တဲ့ရွှေရောင်အလင်းတန်းက သူ့အတောင်ပံတွေပေါ်မှာ ပေါ်လာပါတော့တယ်။ ဒါက သူ့ရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ လိပ်ပြာနတ်မိမယ်ရဲ့ အလင်းတန်းပါပဲ။ ထပ်တူညီတဲ့အချိန်မှာပဲ ဟောင်သုန့်စွမ်းအားက ဟို့ယွိဟောင်ခန္ဓာကိုယ်ထဲကနေ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ထဲကို အလျင်အမြန်ပဲ စီး၀င်သွားပါတော့တယ်။
ဟို့ယွိဟောင်ရဲ့ အကူအညီတောင်းသံကိုကြားချိန်မှာတော့ ကြီးကြပ်ရေးမှုက သူ့ကို လျစ်လျူမရှုနိုင်ပါဘူး။ ကျောင်းသားတစ်ယောက်က လူသစ်တွေရဲ့ပြိုင်ပွဲမှာ ရုတ်တရက်အော်ဟစ်ပြီ အကူအညီတောင်းပြီဆိုရင် သူနောက်ထပ် တိုက်ခိုက်ဖို့စိတ်ကူးမရှိတော့သလို လက်လျှော့လိုက်ပြီလို့လဲ သိသာနေခဲ့တယ်။
အနက်ရောင်လူက ရုတ်တရက်ဆိုသလို တိုက်ပွဲထဲကို၀င်ရောက်လို့လာခဲ့ပြီ သူ့လက်ထဲမှာလဲ ထိခတ်ပျံလက်နက်က ပေါ်လာပါတော့တယ်။ သူဘယ်လိုကာကွယ်လိုက်လဲဆိုတာ မသိရပေမဲ့ လက်နက်ရဲ့အလင်းတန်းက ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ ၀မ်သုန့်က ရှိရှိသမျှအလင်းတန်းတွေကို ထုတ်လွှတ်ရင်း တိုက်ခိုက်ပါတော့တယ်။
အမှန်ပါပဲ အကူအညီတောင်းပြီတဲ့နောက် ဟို့ယွိဟောင်က သူကိုယ်သူခုခံကာကွယ်ဖို့တောင် စိတ်မကူးတော့ပဲ သိုင်းပညာ၀ိညာဥ်ကိုလဲ ပြန်သိမ်းလိုက်ရင်း တောက်ပနေတဲ့အဖြူရောင်၀ိညာဥ်စက်ကွင်းကို ပျောက်ကွယ်လို့သွားစေခဲ့ပါတယ်။ သူစည်းမျဥ်းတွေဖောက်နေတယ်လို့ ဘယ်သူမှ ပြောလို့မရနိုင်ပါဘူး။ အမှန်တကယ်တော့ ရှိရှိသမျှ စွမ်းအားတွေအားလုံးကို ၀မ်သုန့်ဆီ သူက တွန်းပို့ပေးလိုက်တာပါ။
ချက်ချင်းဆိုသလို လိမ္မော်ရောင်တောက်ပနေတဲ့ရွှေရောင်အလင်းတန်းက နယ်မြေတစ်ခွင်လုံးကို လွှမ်းခြုံလို့သွားပါတော့တယ်။
အစောပိုင်းတုန်းက လက်နက်ကိုဖမ်းဆီးလိုက်တဲ့ ဒိုင်ကလဲရွေးချယ်စရာမရှိပဲ လှုပ်ရှားလိုက်ရပါပြီ။ နောက်တစ်ကြိမ်အနေနဲ့ ကြီးမားတဲ့ထီးကြီးတစ်လက်ကို ထုတ်လွှတ်ပြီ ၀မ်သုန့်ရဲ့တိုက်ခိုက်မှုကို ကာကွယ်လိုက်ရပါတယ်။ အကယ်၍ သူသာတင် ဒီလိုကာကွယ်မှုမျိုးကို ထုတ်မသုံးခဲ့ဘူးဆိုရင် ကျိုးစီချန်ကော ချိုက်ကျင်းရွှမ် နှစ်ယောက်စလုံးပါ ၀မ်သုန့်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်မှာ မဟုတ်မှန်းသိနေခဲ့တယ်။ ဒါ့အပြင် နှစ်ယောက်စလုံးလဲ အထိအခိုက်များနိုင်ပါတယ်။ ဟို့ယွိဟောင်တို့အဖွဲ့က နောက်တစ်ကြိမ် နိုင်သွားပြီဖြစ်တာကြောင့် နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်လို့သွားခဲ့ပါတော့တယ်။
အပိုင်း ၂၈•၂ ပြီး၏။