Switch Mode

Chapter – 191

မဟာသားရဲ ဘုရင် အဆင့်တက်ရန် ကြိုးစားခြင်း

အခန်း ( ၁၉၁ )
မဟာသားရဲ ဘုရင် အဆင့်တက်ရန် ကြိုးစားခြင်း

“ချန်ဖန် … ရှင်ပြန်လာပြီလား …”

“ဟင် … ရှင် … အဆင့်တက် သွားတာလား …”

ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို အာရုံစိုက် လေ့ကျင့်နေသော ရွှယ်နီရှန်သည် အခန်းအောင်း လေ့ကျင့်နေသဖြင့် အပြင်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များကို မသိလိုက်ပေ။ ထို့ကြောင့် ရဲချန်ဖန်က ကောင်းကင် သားရဲဘုရင် တတိယ အဆင့်ရောက် သွားသည်ကို သိလိုက်သောအခါ သူမ မျက်နှာက အမူအရာ တစ်မျိုးလေး ဖြစ်သွားသည်။

“မိုယုရန်တို့ကို လိုက်ဖမ်းနေတဲ့ လူတွေ ရောက်လာခဲ့တာပဲ။ မိုယုရန်က ငါ့ကို မိစ္ဆာအရိုး သလင်းကျောက် ပေးပြီး အကူအညီတောင်းလို့ ငါသူမ ရန်သူတွေရဲ့ သင်္ဘောကို ဖျက်ဆီးလိုက်ပြီ။ မိုယုရန် ပေးတဲ့ မိစ္ဆာအရိုး သလင်းကျောက်ရဲ့ အစွမ်းတွေ စုပ်ယူလိုက်ရလို့ ကောင်းကင် သားရဲဘုရင် တတိယ အဆင့်ကို ရောက်အောင် လေ့ကျင့်နိုင်လိုက်တာ …”

ရဲချန်ဖန်က သူတွင် အစွမ်းထက် လှသော နတ်ဦးနှောက် ရှိနေသည်ကို တခြားလူများ ရိပ်မိသွားမည်ကို စိုးရိမ်သည်။ ထို့ကြောင့် သူက ရွှယ်နီရှန်ကို ရှင်းပြလိုက်သည်။

“မိစ္ဆာ အရိုးသလင်းကျောက် … ဟုတ်လား … အဲဒါက ဘာလဲ …”

ရဲချန်ဖန်ကို နာရီပိုင်း အတွင်း အဆင့်တက် သွားစေနိုင်သဖြင့် ရွှယ်နီရှန်က မိစ္ဆာအရိုး သလင်းကျောက်ကို အလွန် စိတ်ဝင်စားသွားသည်။

“အဲဒါက မိစ္ဆာ စွမ်းအင်တွေ ပြည့်နေတဲ့ သလင်းကျောက် တစ်မျိုးပဲ …”

ရဲချန်ဖန်က သူအား မိုယုရန် ပြောပြ ထားသည့်အတိုင်း ရှင်းပြလိုက်သည်။

“ရေအောက်ဂူ တစ်ခုထဲ ကရတဲ့ သလင်းကျောက် …”

ရွှယ်နီရှန်၏ လှပသော မျက်လုံးကြီး များသည် ဝိုင်းစက်လျက်ရှိကာ သူမသည် မိစ္ဆာ သလင်းကျောက်ကို အလွန် စိတ်ဝင်စားနေသည်။

“ရေအောက် လိုဏ်ဂူက ငါတို့အတွက် ကြီးမားတဲ့ အခွင့်အလမ်းတွေ ရနိုင်မဲ့နေရာပဲ။ ဒါပေမဲ့ မိုယုရန်ရဲ့ အပြောအရဆို ရေအောက် လိုဏ်ဂူ အတွင်းပိုင်း ဝင်ဖို့မပြောနဲ့ … ကြယ်တာရာ ကျွန်းရဲ့ အင်အားစုကြီး သုံးခု ပေါင်းတာတောင် ရေအောက်လိုဏ်ဂူရဲ့ အစွန်အဖျားပိုင်းကိုတောင် မကျော်ဖြတ် နိုင်တာ နှစ်တစ်ထောင် ကျော်နေပြီ။ အင်း … ကြည့်ရတာ … ရေအောက်ဂူရဲ့ ဝင်္ကပါတွေက အရမ်းကြောက်စရာ ကောင်းအောင် အစွမ်းထက်မယ် ထင်တယ် …”

“အဲဒါကြောင့် အခုဒီအချိန်မှာ အရေးအကြီးဆုံးက ငါတို့ အစွမ်းတွေ အမြန်ဆုံး တိုးလာဖို့ပဲ။ အစွမ်းမရှိရင်တော့ ငါတို့ အရှေ့မှာ အခွင့်အရေး ရောက်လာတာတောင် … ငါတို့ ရယူနိုင်မှာ မဟုတ်ဘူး …”

“နီရှန် … မင်းအန္တရာယ်တော့ ရှိနိုင်ပေမဲ့ မဟာ သားရဲဘိုးဘေး အဆင့်ကို မတက်ချင်ဘူးလား …”

ရဲချန်ဖန်က ရွှယ်နီရှန်၏မျက်နှာ လှလှလေးကို ကြည့်ပြီး မေးလိုက်သည်။

“ဘာလဲ … ရှင့်မှာ ကျွန်မ မဟာ သားရဲဘိုးဘေးအဆင့် ရောက်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်း ရှိလို့လား …”

ရွှယ်နီရှန်သည် ကောင်းကင် သားရဲဘုရင် ဆဋ္ဌမအဆင့်တွင် နောက်တစ်ဆင့် မတက်နိုင်ဘဲ တစ်နေသည်မှာ နှစ်အတန်ကြာပင် ရှိနေပြီ ဖြစ်သည်။ သူမက မဟာ သားရဲဘိုးဘေး အဆင့်ရောက်ရန် မည်မျှ ခက်ခဲသည်ကို နားလည်ထားသည်။ ထို့ကြောင့် ရဲချန်ဖန်က သူမကို မဟာ သားရဲဘိုးလေး အဆင့် ရောက်အောင် လုပ်ပေးနိုင်သည့် နည်းလမ်းရှိသည်ဟု ပြောလာသောအခါ သူမ မျက်လုံးများသည် မျှော်လင့်ချက်များနှင့် လင်းလက် လာသည်။

“အင်း … အခု ငါတို့မှာ မြေကမ္ဘာ အဆင့် ဝိညာဉ် စွမ်းအင် ဆေးလုံးလေးလုံး ရှိနေပြီ။ ဒါတွေကို မင်းသောက်သုံး လိုက်မယ် ဆိုရင် မင်းမဟာ သားရဲဘိုးဘေး အဆင့်ရောက် သွားနိုင်တယ် …”

“ဒါပေမဲ့ … မြေကမ္ဘာအဆင့် ဝိညာဉ် ဆေးလုံးတွေကို အများကြီး သောက်တာ ဖြစ်တဲ့အတွက် ဆေးစွမ်းပြရင် ဝိညာဉ် စွမ်းအင်တွေက များပြားလွန်းလို့ မင်းခန္ဓာ ကိုယ်ကိုတောင် ဖျက်ဆီး သွားစေနိုင်တယ်။ ဒါကြောင့် မင်းကိုယ်တွင်း အင်္ဂါ သန်မာစေခြင်း အဆင့်ကို အသေးစား အဆင့်ထိ အောင်မြင်ဖို့ လိုတယ်။ အဲဒါဆို ဆေးစွမ်းကိုလည်း ခံနိုင်ပြီး မဟာ သားရဲဘိုးဘေး အဆင့်ကို တက်သွား နိုင်လိမ့်မယ် …”

ရဲချန်ဖန်က သူတွေးထားသည့် နည်းလမ်းကို ရွှယ်နီရှန်ကို ပြောပြလိုက်သည်။

“အင်း … ဒါဆိုလည်း ငါကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် အောင်မြင်တာ စောင့်ရဦးမှာပေါ့ …”

ရွှယ်နီရှန်သည် ရဲချန်ဖန် ပြောပြသည့် နည်းလမ်းမှာ အလွန် အန္တရာယ်များမှန်း နားလည် ထားသည်။ ပေါ့ဆမှု တစ်ခုကြောင့်ပင် သူမအသက် သေဆုံး သွားနိုင်သည်။ သို့သော် ရဲချန်ဖန် ပြောသည့် နည်းလမ်းမှာ သူမကို မဟာ သားရဲဘိုးဘေး အဆင့် ရောက်သွားစေနိုင်သည်။ ကျင့်ကြံခြင်း လမ်းစဉ်သည် အန္တရာယ်လမ်းကို လျှောက်လှမ်း ရသည်ဖြစ်ရာ သူမက စွန့်စားရန် ဆုံးဖြတ်လိုက်သည်။

“ချန်ဖန် … ဒါဆိုငါ ဆက်လေ့ကျင့် လိုက်ဦးမယ် …”

ရွှယ်နီရှန်သည် သူမ မဟာ သားရဲဘိုးဘေး အဆင့်ရောက်ရန် မစောင့်ဆိုင်း ချင်တော့ပေ။ ထို့ကြောင့် သူမက ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို ပြင်းပြင်းထန်ထန်‌ လေ့ကျင့်နေသည်။ ရဲချန်ဖန်က ရွှယ်နီရှန် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် လေ့ကျင့်နေစဉ် မိစ္ဆာဖြူနှင့် အမှောင်သခင်၏ နောက်လိုက် များကို သတ်ပြီးနောက် သိမ်းဆည်း ရရှိလာသည့် သိုလှောင်အိတ်များကို စစ်ဆေးလိုက်သည်။ သိုလှောင်အိတ်များကို ပိတ်ထားသည့် မှော်အစီအရင်များကို ဖယ်ရှား လိုက်ပြီးနောက် သိုလှောင်အိတ် များကို ဝင်ရောက် စစ်ဆေး လိုက်သည်။

“ထိပ်တန်း မြေကမ္ဘာ အဆင့် လက်နက်၊ အလယ်အလတ် မြေကမ္ဘာ အဆင့် လက်နက်၊ အဆင့်နိမ့် မြေကမ္ဘာ အဆင့်လက်နက် … စုစုပေါင်း နှစ်ဆယ်တစ်ခု၊ ထိပ်တန်း ဝိညာဉ်အဆင့် လက်နက်က ခြောက်ဆယ် ခုနှစ်ခု၊ ဝိညာဉ် အဆင့်လက်နက် … အလယ်အလတ် အဆင့် ဝိညာဉ် ကျောက်တုံး သုံးသောင်း နှစ်ထောင်ကျော်၊ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံး ခြောက်သောင်း ရှစ်ထောင်ကျော် …”

သိုလှောင်အိတ်များကို တစ်အိတ်ပြီး တစ်အိတ်စစ်ရင်း ရဲချန်ဖန် မျက်နှာတွင် အပြုံးများဖြင့် ဝေနေလေသည်။

ရဲချန်ဖန်က သူမီးတောက် ဝိညာဉ်နှင့် တိုက်ခိုက်စဉ် ရခဲ့သည့် ဒဏ်ရာများကို ကုစားရန် ဆေးလုံး အများအပြား သောက်သုံးခဲ့သည်။ ထို့ကြောင့် ရဲချန်ဖန် ကိုယ်ထဲတွင် ဆေးအဆိပ်များ စုဝေးနေသည်။ ရွှယ်နီရှန် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် လေ့ကျင့်နေစဉ် ရဲချန်ဖန်က ကမ္ဘာဦး စွမ်းအင် နတ်သစ်ပင်ကို အသုံးပြုပြီး ဆေးအဆိပ်များကို စုပ်ယူ ဖယ်ရှားနေသည်။ ဆေးအဆိပ်များကို မဖယ်ရှားပါက သူ၏ကျင့်ကြံခြင်း လမ်းစဉ်တွင် နှောင့်နှေးမှုများ ဖြစ်ပေါ် လာမည် ဖြစ်သည်။

လေးရက် ကြာသောအခါ ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် လေ့ကျင့်နေသော ရွှယ်နီရှန် ကိုယ်မှ အစွမ်းထက်သော အော်ရာတစ်ခု ထွက်ပေါ် လာသည်။ အစွမ်းထက်သော ဆေးဝါးများစွာ သောက်သုံး ပြီးနောက် ရွှယ်နီရှန်သည် ကိုယ်တွင်း အင်္ဂါ သန်မာစေခြင်း အဆင့်ကို အသေးစား အဆင့်ထိ‌ အောင်မြင် သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူမ ဒဏ်ရာများသည် ပြန်လည် ကောင်းမွန် လာယုံမက ကိုယ်ခန္ဓာ စွမ်းအားပါ အလွန် တိုးတက်လာသည်။

“ချန်ဖန် … ငါအောင်မြင်ပြီ။ ငါအစွမ်းတွေ နဂိုအတိုင်း ပြန်ရလာပြီ …”

ရွှယ်နီရှန်က သူမ၏ တိုးတက်လာသော အစွမ်းများကြောင့် သူမ မျက်နှာလှလှတွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။ သူမက ချစ်စဖွယ် အမူအရာလေးဖြင့် ရဲချန်ဖန်ကို ကြည့်ကာ ပြောလိုက်သည်။

“နီရှန် … မင်းခဏ နားလိုက်ဦး … ပြီးရင် မင်းမဟာ သားရဲဘိုးဘေး အဆင့် ရောက်အောင် ငါကူညီပေးမယ် …”

ရဲချန်ဖန်က အပြုံများနှင့် အလွန် လှပနေသည့် ရွှယ်နီရှန်ကို ပြောလိုက်သည်။

‘နားဖို့ မလိုဘူး။ ငါခန္ဓာကိုယ် စွမ်းအားက အရင်ထက် အများကြီး ပိုအစွမ်းထက် လာပြီ … ငါအခုဆေးတွေ သောက်လိုက်ရင် မဟာ သားရဲဘိုးဘေး အဆင့် ရောက်မယ်လို့ … ခံစားလို့ ရနေပြီ …”

ရွှယ်နီရှန်က သူမ အကြည့်တွင် ဆုံးဖြတ်ချက် ခိုင်မာသည့် အရောင်များ ထွက်နေသည်။

“ကောင်းတယ် … ဒါဆိုလည်း မင်းနောက်ကျော ပေးပြီး ထည့်လိုက် … ဆေးတွေကို မသောက်နဲ့တော့ … ငါမင်းရဲ့ သွေးကြောတွေထဲ မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးလုံးတွေ တိုက်ရိုက် ထည့်လိုက်မယ် … ပြီးတော့ မင်းအဆင့် တက်အောင် ကူညီပေးမယ် …”

ရွှယ်နီရှန် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် အောင်မြင်ပြီးနောက် ရဲချန်ဖန်လည်း မြေကမ္ဘာ အဆင့် ဝိညာဉ် ဆေးလုံး များ၏ အစွမ်းကို ရွှယ်နီရှန် ခံနိုင်မည်ဟု တွေးလိုက်မိသည်။

“အင်း … ချန်ဖန် …”

“နီရှန် … ဒီနည်းလမ်းက အရမ်း ကြောက်မက်ဖွယ် ကောင်းအောင် နာကျင်မှု ခံစားရလိမ့်မယ် … မင်းအဲဒါတော့ တောင့်ခံရမယ် … မဟုတ်ရင် … မင်းသေလိမ့်မယ် …”

ရဲချန်ဖန် အသံက အလွန်လေးနက် နေပြီး အသေအချာ သတိပေး လိုက်သည်။

“စိတ်မပူပါနဲ့ ချန်ဖန် … ငါတောင့်ခံ နိုင်မှာပါ …”

“ဒါဆိုလည်း စကြတာပေါ့ …”

ရဲချန်ဖန်က မြေကမ္ဘာ အဆင့် ဝိညာဉ် ဆေးလုံးလေးလုံး ထုတ်ယူလိုက်ပြီး ရွှယ်နီရှန် နောက်ကျောရှိ အဓိက သွေးကြောမကြီး လေးခုထဲသို့ ဆေးလုံးများ ထည့်သွင်း လိုက်သည်။ ရုတ်တရက် အလွန် ပြင်းထန် များပြားသော ဝိညာဉ် စွမ်းအင်များက ဆေးလုံးများမှ ထွက်ပေါ်လာသည်။ ဝိညာဉ် စွမ်းအင်များသည် များပြားလွန်းလှကား ထောင်သောင်းချီသော အပ်များက သူမ သွေးကြောများကို အဆက်မပြတ် ထိုးစိုက်နေသည်ဟု ရွှယ်နီရှန် ခံစားလိုက်ရသည်။ ခန္ဓာကိုယ် တစ်ခုလုံး အလွန် နာကျင်လာပြီး သူမ တစ်ကိုယ်လုံး နာကျင်မှုကြောင့် တွန့်လိမ် ကောက်ကွေးနေသည်။

“စုပ်ယူစမ်း …”

ရွှယ်နီရှန်သည် မေးမှ သွေးကြောများ ထောင်နေသည်အထိ အံများ တင်းတင်းကျိတ်ကာ သူမသွေးကြောထဲ ပျံ့နှံ့လာသည့် ဝိညာဉ် စွမ်းအင်များကို စတင် စုပ်ယူကာ မဟာ သားရဲဘိုးဘေး အဆင့် တက်ရောက်ရန် ကြိုးစားနေသည်။ မြေကမ္ဘာအဆင့် ဝိညာဉ် ဆေးလုံးများသည် အလွန် တန်ဖိုး ကြီးလှပြီး မြေကမ္ဘာအဆင့် လက်နက်များနှင့် တန်ဖိုးချင်းပင် တူညီလေသည်။ ထို့ကြောင့် မြေကမ္ဘာအဆင့် ဆေးလုံးများမှ ဝိညာဉ် စွမ်းအင်သည် အ့ံဖွယ် ကောင်းအောင် များပြားလှသည်။ မြေကမ္ဘာ အဆင့် ဝိညာဉ် ဆေးလုံး နှစ်လုံးကို တစ်ပြိုင်နက် သောက်သုံးလျှင်ပင် သာမန် မဟာ သားရဲ ဘိုးဘေးအဆင့် တန်ခိုးရှင်များပင် ခံနိုင်ရည်ရှိရန် မလွယ်ပေ။ မြေကမ္ဘာအဆင့် ဆေးလုံး လေးလုံးကို တစ်ပြိုင်နက် သွေးကြောထဲ ပေါင်းထည့် မည်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိချေ။

တဖြည်းဖြည်းနှင့် ဆေးလေးလုံးက အစွမ်းများ ပြလာသဖြင့် ရွှယ်နီရှန် နာကျင်မှုဒဏ်ကို မခံမရပ်နိုင် ဖြစ်လာပြီး ဒဏ်ရာများမှာ ပို၍ ပြင်းထန်လာသည်။ သူမသည် ဆေးစွမ်းများကို မခံနိုင်တော့ဘဲ သူမ အသားများမှာ ကွဲအက်လာသည်။ တစ်ကိုယ်လုံးရှိ သွေးကြောများ၊ ကိုယ်တွင်း အင်္ဂါများသည် စိုးရိမ်ဖွယ် အခြေအနေပင် ရောက်အောင် ပြင်းထန်လာသည်။ ရွှယ်နီရှန် ဆက်၍ တောင့်ခံနိုင်မည့်ပုံ မပေါ်တော့ပဲ ဆေးစွမ်းများကြောင့် သူမ သေဆုံးမည့် အခြေအနေသို့ ရောက်လာသည်

Comment

Leave a Reply

Options

not work with dark mode
Reset