Switch Mode

Chapter – 189

မိစ္ဆာဖြင့် တိုက်ခိုက်ခြင်း

အခန်း (၁၈၉ )
မိစ္ဆာဖြင့် တိုက်ခိုက်ခြင်း

“အင်း … နတ်ဦးနှောက်က မိစ္ဆာအရိုး သလင်းကျောက်ထဲက မိစ္ဆာဓာတ်တွေကို ဖျက်ဆီး စုပ်ယူ နိုင်ပါစေလို့ မျှော်လင့်တာပဲ …”

ရဲချန်ဖန်က မှော်အစီအရင် များစွာဖြင့် ချည်နှောင်ထားသော သတ္တု သေတ္တာလေးကို ဖွင့်လိုက်ရာ အဆုံးမဲ့ မိစ္ဆာဓာတ်များက မိစ္ဆာအရိုး သလင်းကျောက်က ထွက်ပေါ်လာပြီး ရဲချန်ဖန် တစ်ကိုယ်လုံးကို မိစ္ဆာရောင်ဝါများက ဖုံးလွှမ်း သွားသည်။

“သခင်လေးရဲက ဘာလုပ်နေတာလဲ … သူက ဘယ်လိုလုပ် မိစ္ဆာအရိုး သလင်းကျောက်ကို စုပ်ယူဖို့ လုပ်နေရတာလဲ …”

မိစ္ဆာရောင်ဝါများ ထွက်ပေါ် လာသည်နှင့် ရဲချန်ဖန်ရှိရာ အမှောင်သခင်၏ သင်္ဘောဆီသို့ လာနေသည့် မိုယုရန်က ချက်ချင်းသတိပြုမိလိုက်သည်။

“ဒီ ရဲချန်ဖန်ကညအရမ်း မိုက်တိမိုက်ကန်း လုပ်တာပဲ။ညဘယ်သူနဲ့မှလဲ မတိုင်ပင်ဘဲ မိစ္ဆာအရိုး သလင်းကျောက်ကို စုပ်ယူဖို့ ကြိုးစား နေတာပဲ …”

အကြီးအကဲ မိုင်က သက်ပြင်းယဲ့ယဲ့ ချပြီး ပြောလိုက်လေသည်။ သို့သော် သူမ မျက်နှာတွင် အပြုံးတစ်ခုက ဖြစ်ပေါ် လာသည်။

“အကြီးအကဲမိုင် သူ့ကို တားရအောင် … သူမိစ္ဆာအရိုး သလင်းကျောက်က စွမ်းအင်တွေကို ဒီအတိုင်း စုပ်ယူရင် သေသွား လိမ့်မယ် …”

မိုယုရန်က ပြောရင်း စိုးရိမ်သည့် အကြည့်ဖြင့် ရဲချန်ဖန်ဆီ ကြည့်နေသည်။ ရဲချန်ဖန်သာ မိစ္ဆာ အရိုး သလင်းကျောက်မှ စွမ်းအင်များ စုပ်ယူရင်း အန္တရာယ်နှင့် တွေ့ကြုံပါက သူမ မိဘများ အတွက် လက်စားချေမည့် အစီအစဉ်မှာ ပျက်သွားနိုင်သည်။

“နောက်ကျ သွားပြီ … မိစ္ဆာဓာတ်တွေကို ထိန်းချုပ်ထားတဲ့ မှော်အစီအရင်တွေကို ရဲချန်ဖန် ဖယ်ရှား လိုက်ပြီးပြီ။ ငါတို့ သွားပြီး မိစ္ဆာဓာတ်ကို ထိန်းချုပ်ပေးလို့ မရနိုင်ဘူး။ ငါတို့ ရဲချန်ဖန်အတွက် ဆုဆောင်း ပေးတာပဲ လုပ်နိုင်တယ်။ သူဆက်ပြီး အံ့ဖွယ်ရာတွေ ဆက်လုပ် နိုင်ပါစေလို့ မျှော်လင့်တာပဲ …”

မိစ္ဆာအရိုး သလင်းကျောက်ကို ထိန်းချုပ်ထားသည့် မှော်အစီအရင်များကို ဖယ်ရှား လိုက်ပြီးနောက် မိစ္ဆာဓာတ်များသည် ရဲချန်ဖန် ပတ်လည် တစ်မိုင် ဝန်းကျင်ကို ဖုံးလွှမ်းနေပြီး အကြီးအကဲမိုင်တို့က ရဲချန်ဖန်နား မသွားဝံ့ တော့ချေ။ ထို့ကြောင့် သူမတို့သည် အဝေးကပဲ ရဲချန်ဖန်ကို ကြည့်ရှု နေကြသည်။

“မိစ္ဆာအရိုး သလင်းကျောက်က အစွမ်းတွေ … စုပ်ယူစမ်း …”

ရဲချန်ဖန်က မိစ္ဆာအရိုး သလင်းကျောက်မှ စွမ်းအင်များကို စတင် စုပ်ယူသည်နှင့် မြောက်မြားလှသည့် သူရဲ၊ တစ္ဆေများ၏ အော်ဟစ် ငိုကြွေးသံများက ထွက်ပေါ် လာသည်။ ထိုအသံများက အလွန်စူးရှပြီး ကြောက်မက်ဖွယ် ကောင်းလှရာ အသည်းငယ် သူများ မဆိုထားနှင့် ပုံမှန်သတ္တိ ရှိသူများပင် လန့်ဖျား ဖျားသွားနိုင်သည်။ ရဲချန်ဖန်က ငိုယိုသံများကို အလေးမထားဘဲ လက်ကို မိစ္ဆာအရိုး သလင်းကျောက် ပေါ်ဖိ ကပ်လိုက်ပြီး စွမ်းအင် များကို စုပ်ယူ နေသည်။ အလွန် များပြား ပြင်းထန်လှသည့် ဝိညာဉ် စွမ်းအင်များသည် လက်မှတစ်ဆင့် သူကိုယ်ထဲ စီးဝင်လာရာ ရဲချန်ဖန် သွေးကြောများသည် တစ်မုဟုတ်ချင်း ဖောင်းကားကာ ပြင်းထန်သော နာကျင်မှုကို စတင် ခံစား လိုက်ရသည်။

“ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် … အရိုးသန်မာ စေခြင်း …”

အသဲကွဲ မတက် နာကျင်မှုကို သည်းခံရင်း စွမ်းအင်များကို ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ် လေ့ကျင့်နည်း အတိုင်း သွေးကြောများထဲမှ လှည့်ပတ်ကာ အရိုးများဆီသို့ ပို့ဆောင်လိုက်သည်။ အရိုးများက ဖိနှိပ် ကျိုးကြေသံများ ထွက်ပေါ် လာသည်။

‘အား …”

ရဲချန်ဖန်က မိစ္ဆာအရိုး သလင်းကျောက်မှ စွမ်းအင်များကို စုပ်ယူနေစဉ် အလွန် ကျယ်လောင် စူးရှသည့် အသံကြီးကို ကြားလိုက်ရသည်။ အသံကြီးက မိုးကောင်းကင်ကိုပင် ကွဲကြေ ပျက်စီးစေနိုင်ပြီး ရဲချန်ဖန် စိတ်ဝိညာဉ်ကိုပင် တုန်လှုပ် သွားစေနိုင်သည့် အစွမ်း ရှိသည်ဟု ထင်ရလေသည်။ ရဲချန်ဖန်သည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ခါ သွားလေသည်။

“အဲဒါက ဘာလဲ …”

ရဲချန်ဖန်က အသံစူးကြီးကြောင့် အလွန် အံ့ဩသင့်နေစဉ် ကြောက်မက်ဖွယ် မိစ္ဆာကြီး တစ်ကောင်က မိစ္ဆာအရိုး သလင်းကျောက်၏ ထုတ်လွင့် လျက်ရှိသော မိစ္ဆာ စွမ်းအင်များမှ စုဝေး ဖြစ်ပေါ် လာသည်။ အလွန် အသည်းယားဖွယ် မြင်သူတိုင်း ထိတ်လန့် သွားစေသည့် မိစ္ဆာ မျက်နှာကြီးက လေထဲတွင် တဖြည်းဖြည်း ပုံပေါ် လာပြီး ရဲချန်ဖန်ကို စတင် တိုက်ခိုက်တော့သည်။

“ဒါ … ဒါ မိစ္ဆာပဲ။ မိစ္ဆာအရိုး သလင်း ကျောက်တုံးထဲက ထွက်ပေါ်နေတဲ့ မိစ္ဆာ စွမ်းအင်တွေ များပြား သိပ်သည်းလွန်းလို့ မိစ္ဆာကြီး ဖြစ်လာတာပဲ …”

ရဲချန်ဖန်က မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ပုံရိပ်ယောင်ဟု ထင်ရသော မိစ္ဆာကြီးကို အကဲခတ် လိုက်သည်။ ရဲချန်ဖန်က မိစ္ဆာ အရိုးသလင်း ကျောက်ထဲတွင် ဤမျှ ကြောက်မက်ဖွယ် မိစ္ဆာ စွမ်းအင်များက များပြားပြီး မိစ္ဆာကြီးကို ဖန်တီးနိုင်အောင် အစွမ်းရှိမည်ဟု မမျှော်လင့် ထားမိပေ။

“မိစ္ဆာ မျက်နှာ … မိစ္ဆာအရိုး သလင်းကျောက်က မိစ္ဆာမျက်နှာ ကောင်ကြီး ထွက်လာပြီ … အကြီးအကဲမိုင် … သခင်လေးရဲက မိစ္ဆာဓာတ်တွေ သူဝိညာဉ်ကို တိုက်စားတာ ခံနိုင်ပါ့မလား …”

မိုယုရန်က ရဲချန်ဖန်အတွက် စိုးရိမ်တကြီး ဖြစ်နေပြီး အကြီးအကဲမိုင်ကို မေးလိုက်သည်။

“မိစ္ဆာအရိုး သလင်းကျောက်က မိစ္ဆာဓာတ်က အရမ်း ပြင်းထန်တယ်။ တစ်ယောက် ယောက်က စုပ်ယူချင်ရင် အရင်ဆုံး မိစ္ဆာဓာတ်တွေကို ထိန်းချုပ်နိုင်တဲ့ ရတနာတွေ ပြင်ဆင်ပြီး တဖြည်းဖြည်း စုပ်ယူရမယ် … မဟုတ်လို့ ကတော့ မဟာသားရဲ ဘိုးဘေးအဆင့် တန်ခိုးရှင်တောင် မိစ္ဆာဓာတ် တိုက်စားတာ မခံနိုင်ဘူး …”

“ဒါပေမဲ့ … ဒီရဲချန်ဖန်က အလွန် လျှို့ဝှက်ပြီး ဆန်းကြယ်တယ် … သူ့မှာ မိစ္ဆာဓာတ် တိုက်စားတာ ခံနိုင်တဲ့ နည်းလမ်းရှိရင် ရှိမှာပေါ့ …”

အကြီးအကဲမိုင် မျက်နှာက ပြုံးနေပြီး ပြောလိုက်လေသည်။ သို့သော် သူမက သူမ လေသံတွင် ရဲချန်ဖန် တစ်ခုခု ဖြစ်သည်ကို ဝမ်းသာနေပုံ မပေါက်အောင် ထိန်းထားလေသည်။

“ဆုတောင်း ရမှာပဲ … သူက ငါ့မျှော်လင့်ချက်ပဲ။ သူတစ်ခုခု ဖြစ်လို့ မရဘူး …”

မိုယုရန်က လက်အုပ်လေး ချီပြီး ရဲချန်ဖန် အန္တရာယ် ကင်းပါစေဟု ဆုတောင်း နေလေသည်။

“ဂါး …”

မိစ္ဆာ မျက်နှာကြီးသည် ကြောက်မက်ဖွယ် အသံများ ဟစ်ကြွေးလျက် ပြင်းထန်သော အသံလှိုင်း များဖြင့် ရဲချန်ဖန်ဆီ တိုက်ခိုက်လိုက်သည်။ မိစ္ဆာ အသံလှိုင်းဖြင့် တိုက်ခိုက် ခံလိုက်ရသဖြင့် ရဲချန်ဖန်သည် သူ၏ ဝိညာဉ် နယ်မြေပင် ကွဲထွက် သွားတော့မည်ဟု ထင်လိုက်မိသည်။ သွေးများက ရဲချန်ဖန် ကိုယ်မှ ဒလဟော ထွက်လာ လေသည်။

“ဓားအင်အား … တိုက်ခိုက်ခုခံစမ်း …”

ရဲချန်ဖန်က သူစိတ်ဝိညာဉ် နာကျင်မှုကို ခံစားနေရသော်လည်း ဓားအင်အားဖြင့် မိစ္ဆာ မျက်နှာကို တိုက်ခိုက် လိုက်သည်။ မိစ္ဆာမျက်နှာကြီး၏ ကြီးမားသော မျက်နှာပေါ်တွင် ဓားရာကြီးက ဖြစ်ပေါ် လာသည်။ မိစ္ဆာကြီးက ဒေါသပုန် ထသွားဟန်ဖြင့် ပိုမိုပြင်းထန်သော မိစ္ဆာ အသံလှိုင်းများဖြင့် စတင် တိုက်ခိုက်လာရာ ရဲချန်ဖန်သည် သွေးနဂါးကို ဆင့်ခေါ် လိုက်ပြီး ခုခံ လိုက်လေသည်။ သွေးနဂါးက ဓားအင်အားဖြင့် ပေါင်းစပ် ထားသဖြင့် နဂါးတွန်သံသည် နေရာအနှံ့တွင် မြည်ဟည်း သွားပြီး အရာရာတိုင်းကို တုန်လှုပ် သွားစေသည်။

“နဂါး … ရဲချန်ဖန်ရဲ့ ဝိညာဉ်သားရဲက သွေးနဂါးလား … ဒါအစွမ်း အထက်ဆုံး ဝိညာဉ် သားရဲတွေ ထဲမှာတောင် သူက ထိပ်ဆုံးမှာ ရှိနေတဲ့ သားရဲပဲ …”

အဝေးက ကြည့်နေကြသော မိုယုရန်နှင့် အကြီးအကဲမိုင်တို့သည် မီတာရာကျော် ရှည်လျားသည့် သွေးနဂါးကြီးပျံဝဲ တက်လာသည်ကို ကြည့်ပြီး အလွန် တုန်လှုပ် သွားကြလေသည်။

“ရဲချန်ဖန်က ဘယ်သူလဲ … သူကိုယ်ထဲမှာ ဘယ်လို သွေးတွေက စီးဆင်း နေတာလဲ … သူကိုယ်ထဲ စီးနေတဲ့ သွေးက အစွမ်း အထက်ဆုံး နတ်နဂါးရဲ့ သွေးပဲ ဖြစ်မယ် …”

အလွန် တုန်လှုပ်သော ခံစားချက်က အကြီးအကဲမိုင် စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။ သူသည် အသက်ကို ပြင်းပြင်း ရှူလိုက်ပြီး ဖြစ်သော်လည်း တုန်လှုပ်မှုကို မထိန်းချုပ်နိုင် ဖြစ်နေသည်။

“နတ်နဂါးရဲ့ သွေးမျိုးဆက်လား …”

မိုယုရန်က နတ်ဘုရားတို့သည် သူတို့၏ နောက်လာ နောက်သားများထံ အစွမ်းများကို သူတို့ သွေးမျိုးဆက်မှ တစ်ဆင့် လက်ဆင့်ကမ်း ပေးလေ့ ရှိကြသည့် ဒဏ္ဍာရီများကို ကြားဖူးခဲ့သည်။ သို့သော် သူမက အပြင်တွင် လက်တွေ့ ရှိလိမ့်မည်ဟု မထင်ထားပေ။ သူမသည် ရဲချန်ဖန်၏ အံ့ဖွယ် လျှို့ဝှက်ချက် များကို မတွေးတော နိုင်တော့ပေ။ သူမ မျက်လုံးထဲတွင် အလွန် ထူးခြားသည့် အရောင်က ထွက်ပေါ် လာသည်။ ဓားအင်အားနှင့် သွေးနဂါး တိုက်ခိုက်မှု အောက်တွင် မိစ္ဆာမျက်နှာ၏ ခုခံမှုမှာ တဖြည်းဖြည်း အားပျော့လာသည်။ နောက်ဆုံးတွင် သွေးနဂါး တိုက်ခိုက်မှုကြောင့် မိစ္ဆာမျက်နှာကြီးသည် ပြိုကွဲ ပျက်စီး သွားပြီး အနက်ရောင် အလင်းများအဖြစ် ပြောင်းလဲသွားသည်။

သို့သော် တစ်ဆက်တည်းမှာပင် အနက်ရောင် အလင်းများသည် လှိုင်းလုံးများသဖွယ် ရဲချန်ဖန် စိတ်ဝိညာဉ် နယ်မြေထဲ တိုးဝင်သွားပြီး ရဲချန်ဖန်၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်ပြီး ရဲချန်ဖန်ကို သတ်ဖြတ်ရန် ကြိုးစားတော့သည်။ ခေါင်းပေါက်ကွဲမတတ် နာကျင်မှုကို ခံစားလိုက်ရပြီး အပ်ထောင်ပေါင်း များစွာက သူစိတ်ဝိညာဉ်ကို ထိုးစိုက် နေသလိုပင် ရဲချန်ဖန် နာကျင်လာသည်။

ရဲချန်ဖန်က မိစ္ဆာအရိုး သလင်းကျောက်မှ အစွမ်းကို စုပ်ယူ နေသောကြောင့် သူ့ခန္ဓာကိုယ်မှ အသွေးအသား များကလည်း အဆက်မပြတ် ပေါက်ကွဲနေသဖြင့် အသဲခိုက်မတတ် နာကျင်နေသည်။ နာကျင်မှု နှစ်ခု ပေါင်းစုံ သွားရာ သာမန် သံဓိဋ္ဌာန် ခိုင်မာသော တန်ခိုးရှင်ပင် ရူးသွပ် သွားနိုင်သည်။

ရဲချန်ဖန်က မေ့မြောမတတ် ဖြစ်သွားသော်လည်း သွားဖြင့် နှုတ်ခမ်းကို ဖိကိုက်ကာ သတိမလွတ် သွားစေရန် ထိန်းချုပ် လိုက်သည်။ ရဲချန်ဖန်က ဝိညာဉ်စုပ် သိုင်းကို အကြိမ်ကြိမ် လှည့်ပတ်လိုက်ပြီး နတ်ဦးနှောက်ကို ထိန်းချုပ်ကာ သူစိတ်ဝိညာဉ် နယ်မြေထဲတွင် တိုက်ခိုက်နေသော မိစ္ဆာ အလင်းတန်း များကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

သို့သော် မိစ္ဆာအရိုး သလင်းကျောက်မှ မိစ္ဆာဓာတ်သည် အလွန် အစွမ်းထက်လှရာ နတ်ဦးနှောက်ဖြင့် ထိန်းချုပ်ရန် မကြိုးစားနိုင်မီပင် ရဲချန်ဖန်၏ စိတ်ဝိညာဉ်ကို အကြိမ် ရာပေါင်းများစွာ တိုက်ခိုက်ပြီးနှင့်နေပြီ ဖြစ်သည်။ ရဲချန်ဖန်တွင် ခိုင်မာသော စိတ်ဆန္ဒ သာမရှိလျှင် ရဲချန်ဖန် သေဆုံး သွားပြီ ဖြစ်သည်။

ရဲချန်ဖန်တွင် အိပ်မက်တွေ ရှိသည်။ သူသည် အစွမ်းအထက်ဆုံး တန်ခိုးရှင် ဖြစ်လာချင်သည်။ သူကို အထင်သေးသည့် လူများက နာကျင်အောင် မလုပ်နိုင်အောင် သူကြိုးစားရမည် ဖြစ်သည်။ သူသည် တန်ခိုးရှင် လမ်းစဉ်၏ အဆုံးထိ ရောက်အောင် ကြိုးစားချင်သည်။ သူ၏ မိဘများကိုလည်း ရှာဖွေပြီး သူအား စွန့်ပစ်ခဲ့သည့် အကြောင်း မေးမြန်းရဦးမည် ဖြစ်သည်။

“နတ်ဦးနှောက် … မိစ္ဆာဓာတ်တွေကို စုပ်ယူစမ်း …”

သွေးများ ချင်းချင်း နီရဲနေသည့် ရဲချန်ဖန်သည် နတ်ဦးနှောက်ကို ထိန်းချုပ်ပြီး မိစ္ဆာဓာတ် အလင်းတန်းများကို အတင်း စုပ်ယူတော့သည်။ စက္ကန့်၊ မိနစ် အချိန်များက ကုန်ဆုံးသွားပြီး ရဲချန်ဖန်က သွေးများနှင့် နီရဲနေရာ လူပုံပင် မပေါ်တော့ချေ။ သူ၏သွေးအစွမ်းနှင့် သံဓိဋ္ဌာန်သာ မခိုင်မာပါက ရဲချန်ဖန် သေဆုံးပြီးသည်မှာ ဘယ်နှကြိမ် ရှိနေပြီပင် ပြောလို့ မရနိုင်ချေ။

အချိန်အတန်ကြာ ရဲချန်ဖန် နာကျင်မှုကို အောင့်ခံပြီးနောက် နတ်ဦးနှောက်က မိစ္ဆာ အလင်းတန်းများကို စုပ်ယူ လိုက်နိုင်သည်။ မိစ္ဆာဓာတ်များကို စုပ်ယူ ပြီးနောက် နတ်ဦးနှောက်ကို စွမ်းအင်များဖြင့် ဖြည့်ပေး လိုက်သလိုပင်။ နတ်ဦးနှောက်မှ ဦးနှောက် အသေးလေးတစ်ခု ထပ်မံ ကွဲထွက် မွေးဖွားလာသည်။ ရဲချန်ဖန် အလွန် ပျော်ရွှင် သွားလေသည်။ နတ်ဦးနှောက် အသေးက တခြား အစွမ်းထက် လှသော တန်ခိုးရှင်ကို ထိန်းချုပ် ခိုင်းစေနိုင်သည် မဟုတ်ပါလော။ တစ်နာရီခန့် ကြာပြီးနောက် ရဲချန်ဖန် ပတ်လည် တစ်မိုင်ကို ဖုံးလွှမ်းနေသော မိစ္ဆာဓာတ်များက လျော့ပါးလာပြီး ပျောက်ကွယ် သွားသည်။

“အရိုးသန်မာအောင် … ဖိနှိပ်စမ်း …”

နတ်ဦးနှောက်က မိစ္ဆာဓာတ်များကို ဖယ်ရှားပြီးနောက် ရဲချန်ဖန်သည် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို အစွမ်းကုန် လှည့်ပတ်ပြီး စွမ်းအင်များကို အရိုးများထဲ ဖိနှိပ် လေ့ကျင့်နေသည်။ အရိုး များသည် စွမ်းအင်များ ဖိနှိပ်မှုကြောင့် ကျိုးကြေ သွားပြီးနောက် စွမ်းအင်များဖြင့် အသစ်ပြန်၍ ဖွဲ့စည်း နေသည်။ အရိုးများကိုဖျက်ဆီး၊ ပြန်ဖွဲ့စည်းသော ဖြစ်စဉ်သည် အသည်းများ ကွဲမတတ် နာကျင် လှသည်။ သာမန် တန်ခိုးရှင်များ ဆိုလျှင် အစွမ်းမထက်ချင် နေပါစေ ထိုကဲ့သို့ လေ့ကျင့်နည်းကို လေ့ကျင့်ချင် ကြမည် မဟုတ်ပေ။ ရဲချန်ဖန်၏ အရိုး များသည် ပိုမိုသန်မာ လာနေသည်။

တစ်နာရီခန့် ကြာပြီးနောက် စွမ်းအင်များဖြင့် အရိုးများကို ဖွဲ့စည်း သန်မာစေခြင်း အဆင့် အောင်မြင်သွားပြီး ရဲချန်ဖန်သည် အရိုးသန်မာစေခြင်း အဆင့်ကို အသေးစား အဆင့်ထိ အောင်မြင် သွားသည်။ ရဲချန်ဖန်၏ ခန္ဓာကိုယ် စွမ်းအားသည် အစွမ်းကုန် မြင့်တက်လာပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် ပေါင်သုံးသိန်း အထိ ရောက်ရှိ သွားသည်။

Comment

Leave a Reply

Options

not work with dark mode
Reset