Switch Mode

Chapter – 185

ငါ့ဂွင်ထဲ ရောက်ပြီ ဟဟ

အခန်း ( ၁၈၅ )
ငါဂွင်ထဲ ရောက်ပြီ ဟဟ …

“ဟဟ … ငါက သစ္စာဖောက် … ဟုတ်လား … ငါက သခင်မလေး ငယ်ငယ်ထဲက သူနားမှာ ချစ်ခင်ပြီး သစ္စာရှိစွာ အမှုထမ်း လာခဲ့တာ … ငါက ဘယ်လိုလုပ် သစ္စာဖောက် ဖြစ်ရမှာလဲ … မင်းလို ဘယ်ကမှန်း မသိ … ဘယ်သူတွေမှန်း မသိတဲ့ လူရောက်လာပြီး ငါတို့ကို သပ်လျို သွေးခွဲဖို့ ကြံစည်နေတာပဲ … မင်းတော်တော် အကြ ပက်စက်တဲ့ ကောင်ပဲ …”

အကြီးအကဲ ဟောင်ထံမှ လူသတ် အော်ရာ ထွက်ပေါ် လာရာ သူမ မျက်လုံး များက ရဲချန်ဖန်ကို ချက်ချင်း သတ်ပစ်ချင်နေသည့် ပုံပင်။ သူ့ကို တုံ့ပြန်သည့် အမူအရာကို ကြည့်ပြီး ရဲချန်ဖန်သည် အကြီးအကဲ ဟောင်က သစ္စာဖောက်မှန်း ကိုးဆယ်ရာခိုင် နှုန်းလောက် သေချာ သွားသည်။

“သခင်မလေး … သခင်မလေး ကတောင် ကျွန်မကို မယုံတော့ဘူးလား …”

အကြီးအကဲဟောင် မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး မိုယုရန်ဘက်ကြည့်ကာ အလွန် နာကျင်ခံစား ရဟန်ဖြင့် မေးလိုက်သည်။

“အကြီးအကဲဟောင် ကျေးဇူးပြုပြီး သခင်လေးရဲက သိုလှောင်အိတ် စစ်ဆေးတာကို လက်ခံ ပေးပါ …”

မိုယုရန်က သူမ နှုတ်ခမ်းလေးကို ခပ်တင်းတင်း တစ်ချက် ကိုက်လိုက် ပြီးနောက် ပြောလိုက်သည်။ သူမ၏ အသံပင် အနည်းငယ် တုန်ခါ နေသည်။ သူမသည် အကြီးအကဲဟောင်က သစ္စာဖောက် ဖြစ်မည်ကို မယုံကြည်ချင်ပေ။ အကြီးအကဲဟောင်က သစ္စာဖောက် မဖြစ်ပါစေနှင့်ဟု စိတ်ထဲကြိတ် ဆုတောင်း နေမိသည်။

“အို … အားလုံးဟာ ဒါအတွက်လား … ကျွန်မက သခင်မလေး ငယ်ငယ်ထဲက သခင်မလေး အတွက် သေဆိုသေ ရှင်ဆိုရှင် ဆိုပြီး သစ္စာရှိစွာ နေလာခဲ့တယ်။ နောက်ဆုံးတော့ ကျွန်မ အဆုံးသတ်ဟာ ဒီလိုလား … သခင်မလေးက စစ်စေချင်ရင် စစ်ပါ … စစ်ပါ …”

ထို့နောက် အကြီးအကဲဟောင်က သက်ပြင်း ချလိုက်ပြီး သိုလှောင်အိတ်ကို မိုယုရန်ထံ ကမ်းပေး လိုက်သည်။

“မိန်းကလေးမို သတိထား …”

အကြီးအကဲဟောင်က သိုလှောင်အိတ်ကို မိုယုရန်ထံ ကမ်းပေး လိုက်ချိန်တွင် အကြီးအကဲဟောင် ကိုယ်ထဲမှ မူမမှန်သည်ကို ရဲချန်ဖန်၏ စိတ်အာရုံက ချက်ချင်း ရိပ်မိလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ် သတိပေးရင်း သူ၏ဓားအင်အားကို ထုတ်ဖော်ကာ အကြီးအကဲ ဟောင်ကို ဝင်ရောက် တိုက်ခိုက် လိုက်သည်။

သို့သော် အကြီးအကဲ ဟောင်က မိုယုရန်နှင့် အလွန် နီးကပ် နေသောကြောင့် ရဲချန်ဖန်၏ လှုပ်ရှားမှုက အကြီးအကဲ ဟောင်ကို မရပ်တန့် နိုင်ပေ။ မိုယုရန်က အကြီးအကဲဟောင်၏ ဖမ်းဆီး ချုပ်နှောင် ခံရခါနီး ချိန်တွင် အလွန် လျင်မြန်သော ရွှေရောင် အလင်းတန်းက မိုယုရန် နောက်မှ ထွက်ပေါ် လာသည်။

သံသယ ဝင်နေသော အကြီးအကဲမိုင်က အချိန်မီ လှုပ်ရှားပြီး အကြီးအကဲဟောင်ကို ဝင်ရောက် တိုက်ခိုက် လိုက်သည်။ နဂါးတောင်ဝှေးက အကြီးအကဲဟောင်ထံ တိုးဝင်သွားပြီး အကြီးအကဲဟောင် နောက်သို့ ဆုတ်စေရန် ဖိအား ပေးလိုက်သည်။

“ဟောင်ရန် နင် … သခင်မလေးက နင့်အပေါ် အမြဲကောင်း ခဲ့တာပဲ။ ဘာလို့ နင်သူ့ကို သစ္စာ ဖောက်တာလဲ …”

မိုယုရန် ရှေ့တွင် ကာကွယ် ထားသော အကြီးအကဲမိုင်က ဆံပင် ဖားလျားချထားပြီး မောက်မာပုံ ပေါ်သော အကြီးအကဲဟောင်ကို ဒေါသတကြီး အော်လိုက်လေသည်။ ကိုယ်ရံတော် ရီနှင့် တခြား လူများကလည်း အကြီးအကဲဟောင်ကို ဝိုင်းရံထားပြီး အကြီးအကဲဟောင် လှုပ်လိုက်သည်နှင့် အကြီးအကဲဟောင်ကို တိုက်ခိုက်ကြမည် ဖြစ်သည်။

“ဘာလို့လဲ ဟုတ်လား … ငါစိတ်အာရုံကို မိုဖန်ကုက ချုပ်နှောင် ထားလို့ပဲ။ ငါသူ့အတွက် သူလျှို မလုပ်ပေးဘူး ဆိုရင် သူတို့ ငါ့ကို နှိပ်စက် ကြလိမ့်မယ်။ ငါမှာ ရွေးချယ်စရာမရှိဘူး …”

“အကြီးအကဲမိုင် … ကျွန်မတို့ ဘယ်လို လုပ်သင့်လဲ …”

အကြီးအကဲဟောင်၏ သစ္စာစောင့် အမှုထမ်းခဲ့သည်ကို တွေးမိပြီး မိုယုရန် တွေဝေနေကာ အကြီးအကဲမိုင်ကို အကြံဉာဏ် တောင်းလိုက်သည်။

“သစ္စာဖောက်တဲ့ လူတော့ ရှင်းထုတ် ပစ်မှရမှာပဲ … မဟုတ်ရင် ငါတို့ အတွက် အရမ်း အန္တရာယ် များတယ် …”

အကြီးအကဲ မိုင်က အကြီးအကဲ ဟောင်ကို မသတ်ချင် သော်လည်း သူမကို အသက်ရှင်ခွင့် ပေးချင်သည် သူတို့ အတွက် ချိန်ကိုက်ဗုံးကို သယ်ဆောင် ထားသည့်နှင့် အတူတူ လိုပင်။

“အကြီးအကဲဟောင် … ကျွန်‌တော် ခင်ဗျားရဲ့ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ဖယ်ရှား ပေးနိုင်တယ် … ခင်ဗျား မိုဖန်ကုကို သစ္စာဖောက်ပြီး မိန်းကလေးမိုထံ ပြန်အမူထမ်း ပေးနိုင်မလား …”

အကြီးအကဲ မိုင်က အကြီးအကဲဟောင်ကို သတ်ရန် လုပ်နေချိန်တွင် ရဲချန်ဖန်က အခြေအနေကို တွက်ဆပြီး ဝင်ပြောလိုက်သည်။

“ဘာ …”

ရဲချန်ဖန်၏စကား ဆုံးသည်နှင့် လူအားလုံး၏ မယုံနိုင်သော အကြည့်များက ရဲချန်ဖန်ဆီ ရောက်လာ လေသည်။ စိတ်ဝိညာဉ် အချုပ်အနှောင်သည် ဖျက်ရန် အလွန် ခက်ခဲသည်။ လူတိုင်း၏ စိတ်ဝိညာဉ်သည် ပုံစံတစ်မျိုးစီ ဖြစ်သောကြောင့် ထည့်သွင်း ထားသည့် ပုံစံသည်လည်း အမျိုးမျိုး ဖြစ်နိုင်သည်။ စိတ်ဝိညာဉ် အချုပ်အနှောင်က ထည့်သွင်း သူမှလွဲ၍ ကျန်အပြင်လူ ဖယ်ရှားပေးရန် အလွန် ခက်ခဲလှသည်။ သို့မဟုတ်၍ မှားယွင်း သွားပါက ထည့်သွင်း ခံရသူသည် ချက်ချင်းပင် သေဆုံး သွားနိုင်သည်။

“ရဲချန်ဖန် … ငါစိတ်အာရုံ နယ်မြေထဲ ထည့်ထားတဲ့ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ဖျက်ပေး နိုင်မလား …”

အမှန်ဆိုလျှင် အကြီးအကဲဟောင်က မိုယုရန်ကို သစ္စာမဖောက်လိုပေ။ သို့သော် သူမ အသက် အန္တရာယ်ကို ခြိမ်းခြောက် နေသဖြင့် စိတ်ဝိညာဉ် အချုပ်အနှောင် ထည့်သွင်း ခံလိုက်ရခြင်း ဖြစ်သည်။

“အင်း … ခင်ဗျားတို့ မယုံဘူးဆိုရင် ကိုယ်ရံတော်ရီကို ကျွန်တော်တို့ စိတ်အာရုံ နယ်ပယ်ထဲ ထည့်သွင်းထားတဲ့ ဝိညာဉ် အချုပ်အနှောင်တွေ ရှိသေးလား အာရုံခံခိုင်း ကြည့်ကြည့် …”

“မင်း … မင်းဘယ်လို လုပ်လိုက်တာလဲ … ”

ကိုယ်ရံတော်ရီက အာရုံခံလိုက်ရာ ရဲချန်ဖန်နှင့် ရွှယ်နီရှန် ကိုယ်ထဲရှိ စိတ်ဝိညာဉ် အချုပ်အနှောင်မှာ ပျောက်ကွယ် သွားပြီး ကိုယ်ရံတော်ရီ မျက်နှာတွင် စိုးရိမ် ကြောက်လန့်သည့် အမူအရာ ထွက်‌‌ပေါ် လာသည်။

“ဘယ်လို ဖျက်ဆီးလိုက် ဆိုတာက ကျွန်တော်ရဲ့ လျှို့ဝှက်ချက်မို့ နားလည်ပေးပါ။ အကြီးအကဲ‌ဟောင် မင်းယုံရင် ငါကြိုးစား ကြည့်ပေးမယ် … မင်းမယုံရင်တော့ ငါကူညီပေးလို့ မရဘူး…”

“ငါမင်းကို ယုံပါတယ် …”

သူမကိုယ်မှ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ဖယ်ရှား ပစ်နိုင်ပါက သူမ လည်ပင်းတွင် ထောက်နေပြီး သူမအား အကျပ်ကိုင် ခြိမ်းခြောက်နေသည့် ဓားကို ဖယ်ရှား လိုက်နိုင်မည် ဖြစ်သည်။ ရဲချန်ဖန် လုပ်တာ မအောင်မြင်ပါက သူမ သေဆုံးရမည် ဖြစ်သည်။

သို့သော် သူမက ရဲချန်ဖန် စိတ်ဝိညာဉ် အချုပ်အနှောင် ဖယ်ရှားရာတွင် မအောင်မြင်နိုင်သည့် အခြေအနေ များသည့် တိုင်အောင် သူမက ရဲချန်ဖန် ကြိုးစားမှုကို သူမ လက်ခံမည် ဖြစ်သည်။ မဟုတ်ပါက သူမက အကြီးအကဲမိုင်၏ သတ်ခြင်းကို ခံရမည် ဖြစ်သော ကြောင့်ပေ။

“ကျေးဇူးပြုပြီး ဖယ်ရှား ပေးပါ …”

မိုယုရန်ကပါ ရဲချန်ဖန်ကို ဝင်ပြော လိုက်သည်။ သူမက အကြီးအကဲဟောင်ကို မဆုံးရှုံးလိုပေ။

ရဲချန်ဖန်က ခန့်မှန်းရန် မလွယ်ကူဘဲ အလွန် အစွမ်းထက် သူမှန်း မိုယုရန် ပိုမို နားလည် လာသည်။ ရဲချန်ဖန်ကို ခန့်မှန်းရန် မလွယ်ပဲ သူ့နည်းလမ်းများသည် တွေးလို့ မရအောင် များပြား ဆန်းကြယ်ပြီး သူစိတ်ကို ထိုးထွင်း ခန့်မှန်းရန် မဖြစ်နိုင်ကြောင်း မိုယုရန် သိလိုက် လေသည်။

“ကောင်းပြီလေ …”

ရဲချန်ဖန်သည် အကြီးအကဲဟောင် နောက်သို့ လျှောက်သွားပြီး လက်ဖြင့် အကြီးအကဲဟောင် ခေါင်းပေါ် တင်လိုက်ပြီး နတ်ဦးနှောက် အသုံးပြုကာ သူမ၏ စိတ်အာရုံ နယ်မြေထဲရှိ စိတ်ဝိညာဉ် အချုပ်အနှောင်ကို ဖယ်ရှား လိုက်သည်။ ထိုအချိန်တွင် အကြီးအကဲဟောင်သည် ရုန်းကန်ခြင်းမပြုဘဲ ငြိမ်ခံနေရာ အလွန် ထူးဆန်းသော အားတစ်ခုက သူမ၏ စိတ်ဝိညာဉ် နယ်မြေ ထဲဝင် လာသည်ကို ခံစားသိရှိ နေသည်။

“အကြီးအကဲဟောင် စိတ်ဝိညာဉ် အချုပ်အနှောင် မရှိတော့ဘူး …”

ဆယ်ငါး မိနစ်ခန့် ကြာပြီးနောက် ရဲချန်ဖန်က အကြီးအကဲဟောင် ခေါင်းပေါ် တင်ထားသည့် လက်ကို ပြန်ရုပ်လိုက်ပြီး ပြောလိုက် လေသည်။
“ရဲချန်ဖန် … ကျေးဇူးတင်ပါတယ် … ငါ့ကို နောက်ထပ် အသက်ရှင်ခွင့်ရဖို့ အခွင့်အရေး ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် …”

အကြီးအကဲဟောင်က သူမကို ထိန်းချုပ် ထားသော စိတ်ဝိညာဉ် အချုပ်အနှောင် မရှိတော့ သည်ကို တွေ့ပြီး စိတ်လှုပ်ရှားစွာ ကျေးဇူးတင် စကားပြော လိုက်သည်။

“ကျွန်တော်ကို ကျေးဇူးတင်ဖို့ မလိုဘူး။ တင်ချင်ရင် မိန်းကလေးမိုကို တင်ပါ။ သူက ခင်ဗျားကို အခွင့်အရေး မပေးချင်ဘူးဆိုရင် ကျွန်တော်က ခင်ဗျား အတွက် စိတ်ဝိညာဉ် အချုပ်အနှောင် ဖယ်ရှား ပေးနိုင်လည်း ခင်ဗျား သေရမှာ …”

ရဲချန်ဖန်က တမင်ပင် မိုယုရန် ဩဇာကြီးလာစေရန် အမှတ်ပေး လိုက်သည်။

“သခင်မလေး … ဒါတွေက ကျွန်မ အသုံးမကျလို့ ဖြစ်ရတာပါ။ ကျွန်မကို အပြစ်ကြွေးတွေ ဆပ်ခွင့် ပေးပါလို့ တောင်းဆို ပါတယ်။ ကျွန်မရဲ့ အသက်ကို သခင်မလေး ပိုင်ပါတယ် …”

အကြီးအကဲဟောင်က မိုယုရန် ရှေ့တွင် ဒူးထောက်ကာ ပြောလိုက် လေသည်။

“အကြီးအကဲဟောင် အခုက ပျော်ရွှင်ဖွယ် အခါပဲ … ငါတို့ အားလုံး ဘေးကင်းပြီ။ ဒါပေမဲ့ အားလုံးရဲ့ လုံခြုံရေးကြောင့် အကြီးအကဲ မိုင်က ရှင့်ထဲကို စိတ်ဝိညာဉ် အချုပ်အနှောင် ထည့်ထားမယ် … ရှင်ဆန္ဒ ရှိရဲ့လား …”

မိုယုရန်က ကျေးဇူးတင်စွာ ရဲချန်ဖန်ကို တစ်ချက် ကြည့်ပြီး ပြောလိုက် လေသည်။

“ကျွန်မ ဆန္ဒ ရှိပါတယ် …”

အကြီးအကဲဟောင်က သူတွင် ရွေးချယ်ခွင့် မရှိကြောင်း နားလည် ထားသဖြင့် တွေဝေခြင်း မရှိပဲ ချက်ချင်းပင် ဖြေလိုက်သည်။ ဆယ်ငါး မိနစ်ခန့် ကြာပြီးနောက် အကြီးအကဲ မိုင်က အကြီးအကဲ ဟောင်ထဲ စိတ်ဝိညာဉ် အချုပ်အနှောင် ထည့်သွင်းပြီး သွားလေသည်။ အလွန်ကြီး မားသော အကျပ်အတည်းကြီးကို ကျော်ဖြတ် လာနိုင်ပြီ ဖြစ်သည်။

“အကြီးအကဲဟောင် … အခု အဆိပ်ဖြေဆေး ပေးလို့ရမလား … ပြီးတော့ ဘယ်သူက အဲဒီအဆိပ်ကို ပေးတာလဲ …” မိုယုရန်က မေးလိုက်သည်။

“သခင်မလေး … မိုဖန်ကုက ကျွန်မကို အဆိပ်ပဲ ပေးခဲ့တာ။ အဆိပ် ဖြေဆေး မပေးဘူး။ ဒါပေမဲ့ နောက်ထပ် သစ္စာဖောက်တွေက ဘယ်သူလဲ ဆိုတာ ပြောပြ ပေးနိုင်တယ် …”

ထို့နောက် အကြီးအကဲဟောင်က ထိမ်ကွယ်ခြင်း မရှိပဲ သူမသိသမျှကို မိုယုရန်ကို ပြောပြ လိုက်သည်။

“ကိုယ်ရံတော်ရီနဲ့ ရီဖ … ရှင်တို့ စည်းကမ်းထိန်း အဖွဲ့တွေ ခေါ်ဆောင်ပြီး သူလျှိုတွေ လိုက်ဖမ်း … သူတို့ စိတ်ပြောင်းပြီး ငါတို့ စိတ်ဝိညာဉ် အချုပ်အနှောင် ထည့်တာကို လက်ခံ သူက လွဲရင် ကျန်သူတွေကို ပင်လယ်ထဲ ပစ်ချလိုက် …”

မိုယုရန်သည် သူမ၏ ပြတ်သားမှုကို စတင် ပြသနေသည်။ သူမ ဘက်တော်သား မဟုတ်ပါက ရှင်းလင်း ခံရမည် ဖြစ်ကြောင်း ကျန်လူများ ကောင်းကောင်း နားလည် ထားရမည် ဖြစ်သည်။

“ဟုတ်ကဲ့ပါ … သခင်မလေး …”

ကိုယ်ရံတော်ရီ ဦးဆောင်သော အဖွဲ့က အကြီးအကဲဟောင် ပေးသော သတင်းအတိုင်း သုတ်သင် ရှင်းလင်းရေး စတင်ပြီ ဖြစ်သည်။

“သခင်လေးရဲ … သခင်လေးပဲ အပင်ပန်းခံပြီး အဆိပ်မိနေတဲ့ လူတွေကို အဆိပ်ဖြေ ပေးပါဦး …”

ရဲချန်ဖန် စိတ်အာရုံ နယ်မြေထဲ ထည့်ထားသော ကိုယ်ရံတော်ရီ၏ စိတ်ဝိညာဉ် အချုပ်အနှောင်နှင့် ရဲချန်ဖန်ကို ချုပ်နှောင်ခြင်း မရှိတော့သော်လည်း မိုယုရန်က ရဲချန်ဖန်ကို ယုံကြည်နေပြီ ဖြစ်သည်။ သူမပင် အလေးထား ဆက်ဆံနေပြီ ဖြစ်သည်။

“ရပါတယ် … ဒါပေမဲ့ သူမှာမိနေတဲ့ အဆိပ်ကိုတော့ ကျွန်တော်လည်း နားမလည်ဘူး …”

ရဲချန်ဖန်က ရုပ်ပျက်နေသော ကိုယ်ရံတော်ယောင်ကို လက်ညှိုး ထိုးကာ ပြောလိုက်သည်။ ရဲချန်ဖန်၏ သရော်တော်တော် မျက်လုံးများကို မြင်လိုက်သည်နှင့် ကိုယ်ရံတော်ယောင် ခြေလက်များပင် ပျော့ခွေ သွားသလို ခံစားလိုက် ရသည်။ သူသည် ရဲချန်ဖန် ဂွင်ထဲ ရောက်သွားပြီ ဖြစ်သည်။ သူက အဆိပ်ဖြေရန် သူဒေါသသာ မျိုချ လိုက်ရသည်။

“သခင်လေးရဲ … ကျွန်တော် အမှားလုပ်ခဲ့တာတွေကို ခွင့်လွှတ်ပေးပါ … ကျွန်တော်လို လူမိုက်ကို ဗွေမယူပါနဲ့။ သခင်လေးက ကုသပေးရင် … သခင်လေး လိုအပ်ချက် မှန်သမျှ ပေးပါမယ်လို့ ကတိပေးပါတယ် …”

“ဟုတ်လား … ဘာပဲဖြစ်ဖြစ်လား …”

ရဲချန်ဖန် ပါးစပ်က နားရွက်တက် ချိတ်အောင် ပြုံးသွား လေသည်။

“ဟုတ်ပါတယ် … ဘာပဲဖြစ်ဖြစ်ပါ …”

ကိုယ်ရံတော် ယောင်သည် ရဲချန်ဖန်နှင့် ပြဿနာ ဖြစ်ခဲ့သည်ကို နောင်တရနေသည်။ သို့သော် သူသည် ရဲချန်ဖန် တောင်းဆိုမှုကို မပေးချင် သော်လည်း လိုက်လျော ရပေတော့မည်။

“ဒါဆို အလယ် အလတ် ဝိညာဉ် ကျောက်တုံး တစ်သိန်းနဲ့ မြေကမ္ဘာအဆင့် ဝိညာဉ်ဆေးလုံး နှစ်လုံးပေး … အဲဒါဆို မင်းအဆိပ်ပြေအောင် ငါကြိုးစားပေးမယ် …”

“ဒါ … ဒါက ….”

ကိုယ်ရံတော် ယောင်သည် စကားပင် မပြောနိုင်တော့ချေ

Comment

Leave a Reply

Options

not work with dark mode
Reset