အပိုင်း ၂၈•၁
” ပူးပေါင်းမှုရဲ့စွမ်းအား ဟို့ယွိဟောင်နဲ့၀မ်သုန့်တို့အနိုင်ရပြီ ”
°°°
ဟို့ယွိဟောင်က ထိုက်ဟွပင်းအပေါ်ထားရှိတဲ့ အမုန်းတရားတွေကို နှလုံးသားအထဲမှာ နက်နက်ရှိုင်းရှိုင်း ဖိနှိမ့်မြုပ်နှံလို့ထားခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီအမုန်းတရားက သူ့အတွက် ရှေ့ဆက်ဖို့အားအင်ဖြစ်လာစေခဲ့တယ်။ ဒါ့အပြင် သူအမေအတွက် လက်စားချေချင်စိတ်ကိုလဲ ပိုမို ပြင်းပြလာစေခဲ့ပြီ အခုအချိန်မှာ အမျက်ဒေါသကျောင်းတော် ဖြစ်နေခဲ့တာကြောင့် အခုအချိန်ထက်ပိုပြီး သန်မာလာအောင် နေထိုင်နိုင်မှဖြစ်မှာပါ။ သူလိုချင်တဲ့ လက်စားချေမှုဆိုတာ ရိုးရှင်းတဲ့မျိုးတုန်းသတ်ဖြတ်မှု မဟုတ်ခဲ့ပါဘူး။ သူအမေရဲ့ ကောင်းကင်ပေါ်မှာရှိမဲ့ ၀ိညာဥ်ကိုနှစ်သိမ့်ချင်တာပါ။ ဒါ့အပြင် သူ့အမေရဲ့ အကြီးမားဆုံးဆန္ဒကတော့ သူ့အသက်ရှင်နေစဥ်အချိန်အတွင်းမှာ မျှော်လင့်ဖို့တောင် မ၀ံ့ရဲခဲ့တဲ့ဆန္ဒတစ်ခုပါပဲ။
ဒါပေမယ့် ဟို့ယွိဟောင်ကတော့ ပြည့်မြောက်အောင်ဖြည့်စည်းပေးဖို့အတွက် ရည်ရွယ်လို့ထားခဲ့ပါတယ်။ ဒါကြောင့်သာ လက်စားချေဖို့အတွက် အားလုံးကို မစွန့်ပြစ်နိုင်တာပါ။ ထိုက်ဟွပင်းကို အနိုင်ရသည်ဖြစ်စေ ရှုံးနှိမ့်သည်ဖြစ်စေ သူ့ဘ၀ရဲ့အကြီးမားဆုံးဆန္ဒကြီးကို လူတစ်ယောက်ထဲအတွက်နဲ့ ဖျက်ဆီးပြစ်တာမျိုး မလုပ်နိုင်ပါဘူး။ အကယ်၍ အမှန်တရားသာ ထွက်ပေါ်လာခဲ့မယ်ဆိုရင် သူလဲ ကျောင်းတော်ထဲမှာ ဆက်သင်ကြားဖို့ ခက်ခဲသွားပါလိမ့်မယ်။ ဒါကြောင့် အခုအချိန်မှာ သည်းခံရမှာပါ။ အမုန်းတရားတွေကို မြုပ်နှံထားခဲ့ရင်း ကိုယ်နည်းကိုယ်ခံနဲ့ လက်စားချေဖို့ လုပ်ရပါမယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ရဲ့ ပြိုင်ဘက်တွေက အတန်းနံပါတ်တစ်ဆယ်ရဲ့ ၀ိညာဥ်မဟာပညာရှင်သုံးယောက်ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သူတို့က ထူးဆန်းတဲ့ သိုင်းပညာ၀ိညာဥ်ကို ပိုင်ဆိုင်ထားခဲ့တယ်။
သူတို့ရဲ့ ပြိုင်ဘက်ထဲမှာ ၀ိညာဥ်စက်ကွင်းသုံးကွင်းပါတဲ့ ၀ိညာဥ်အကြီးအကဲမရှိခဲ့ပေမဲ့ သူတို့တွေကလုံး၀အားမနည်းကြပါဘူး။ နောက်ဆုံးတော့လဲ လက်ရှိအနေအထားထိ ရောက်ရှိလာနိုင်ပြီဆိုမှတော့ သေချာပေါက် ထိပ်ဆုံးတွေဖြစ်နေဆဲပါ။ အတန်းနံပါတ်တစ်ဆယ့်ရဲ့ လူသစ်တွေအားလုံးက သူရဲကောင်းဆန်ပြီ ယောကျ်ားပီသတဲ့ ရုပ်ရည်တွေရှိတဲ့ ကောင်လေးတွေကြီးပါပဲ။
” အတန်းနံပါတ်တစ်ဆယ် ကျိုးစီချန် တိုက်ခိုက်ရေး၀ိညာဥ်မဟာပညာရှင် ”
” အတန်းနံပါတ်တစ်ဆယ် လုံရှန်းယွဲ့ အမြန်နှုန်း၀ိညာဥ်ပညာရှင် ”
” အတန်းနံပါတ်တစ်ဆယ် ချိုက်ကျင်းရွှမ် ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင် ”
သူတို့ရဲ့အသံတွေက ယုံကြည်ချက်ပြည့်၀တဲ့ပုံစံတွေကို ထင်ဟပ်စေနေခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို ရင်ဆိုင်ရချိန်မှာတောင် တစ်စက်လေးမှကြောက်လန့်တဲ့ပုံမရှိခဲ့ပါဘူး။
” အတန်းနံပါတ်တစ် ဟို့ယွိဟောင် ထိန်းချုပ်ရေးစနစ်၀ိညာဥ်ပညာရှင် ”
” အတန်းနံပါတ်တစ် ၀မ်သုန့် တိုက်ခိုက်ရေး၀ိညာဥ်မဟာပညာရှင် “‘
၀မ်သုန့်ရဲ့ အစောပိုင်းအံ့ဩစရာကောင်းတဲ့ လုပ်ဆောင်ချက်တွေကို လက်ရှိအချိန် အကြိုဗိုလ်လုပွဲမှာ စောင့်ကြည့်ထိန်းကွပ်ပေးရမဲ့ ကြီးကြပ်ရေးမှုးက အသက်ခြောက်ဆယ့်အရွယ်အကြီးအကဲအဖြစ်ကို ပြောင်းလဲသွားခဲ့ပါပြီ။ သူ့ရဲ့အရှိန်အ၀ါက အရမ်းကို သန်မာလွန်နေခဲ့ပြီ အနီးအနားမှာ ရပ်နေရုံနဲ့တင် တောင်ကြီးတစ်တောင်လို ထင်ရှားသန်မာတဲ့ ဖြစ်တည်မှုကို ခံစားနိုင်နေခဲ့တယ်။ ဒါ့အပြင် အရှေ့ပြိုင်တွေပွဲမှာ ဖြစ်ခဲ့တဲ့ကိစ္စမျိုးကို ကာကွယ်ဖို့အတွက် သန်မာတဲ့ဆရာတစ်ယောက်ကို စေလွှတ်ထားတယ်ဆိုတာ အသေအချာပါပဲ။
” ပြိုင်ပွဲစတင် ”
ကြီးကြပ်ရေးမှုး ကြော်ငြာလိုက်တာနဲ့ အကြိုဗိုလ်လုပွဲက စတင်ပါတော့တယ်။ တစ်ချိန်မှာပဲ ပြင်းထန်းတဲ့ တိုက်ခိုက်မှုက ထိုက်ဟွပင်းတို့ရှိတဲ့ နယ်မြေမှာ ဖြစ်ပေါ်လို့နေခဲ့ပါပြီ။
သူတို့နှစ်ယောက်ပဲကျန်တော့တာကြောင့် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ခပ်ဝေးဝေးမသွားကြပါဘူး။ လက်ရှိအချိန်မှာ ဟောင်သုန့်စွမ်းအားကို အသုံးမပြုခဲ့ဘူးဆိုရင် သုံးယောက်နှစ်ယောက်တိုက်ပွဲမှာ အနိုင်မရနိုင်မှန်း သိနေခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်က အရှေ့မှာရပ်နေခဲ့ပါတယ်။ ၀မ်သုန့်ကတော့ သူ့အနောက်မှာ ရပ်နေခဲ့တယ်။ အဲ့ဒီနောက် သူတို့နှစ်ယောက်စလုံး သိုင်းပညာ၀ိညာဥ်တွေကို ထုတ်သုံးလိုက်ပါပြီ။ ၀မ်သုန့်က အတောင်ပံတွေကိုသုံးရင်း ဟို့ယွိဟောင်ကို ၀တ်ရုံကြီးတစ်ခုလုံး ခြုံချပြစ်လိုက်ပါတယ်။
သူတို့ရဲ့ပြိုင်ဘက်တွေကတော့ သူတို့ရဲ့တိုက်ခိုက်ရေးနည်းလမ်းကို အတော်လေး လေ့လာထားပုံပါပဲ။ ၀မ်သုန့် ရုတ်တရက်ဆိုသလို မနေ့ကတိုက်ပွဲမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်တဲ့အတွက် သူ့ကို အဓိကအာရုံစိုက်ထားခဲ့တယ်။ ဒါကြောင့် ပြိုင်ဘက်တွေက တိုက်ပွဲစစချင်မှာပဲ စွမ်းအားအပြည့် ထုတ်သုံးနေခဲ့ပါပြီ။
ဒါပေမယ့် အမြန်နှုန်းကို အသုံးပြုတဲ့ ချိုက်ကျင်းရွှမ်ကတော့ အရှေ့ကို တန်းတန်းမတ်မတ် မပြေး၀င်လာခဲ့ပါဘူး။ အဲ့ဒီအစား ကျိုးစီချန်နောက်ကို ခပ်မြန်မြန်သွားပြီ ပြေးပုန်းလိုက်ပါတယ်။ အံ့ဩစရာကောင်းလောက်အောင်ပဲ ချိုက်ကျင်းရွှမ်လဲ အတူတူပြုလုပ်ခဲ့တယ်။ သူတို့သုံးယောက်က မျဥ်းဖြောင့်တစ်ကြောင်းထဲလိုမျိုးရပ်နေခဲ့ကြပါပြီ။
အခုအချိန်မှာတော့ သူတို့ရဲ့ ထူးခြားတဲ့သိုင်းပညာ၀ိညာဥ်က ပေါ်ထွက်လာပါတော့တယ်။ ကျိုးစီချန်ရဲ့လက်ထဲမှာ အဖြူရောင်အလင်းတန်းက စာအုပ်တစ်အုပ်လိုမျိုး တောက်ပလို့လာခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းက အရောင်တွေ ထွက်ပေါ်လာခဲ့ရင်း စာအုပ်ရဲ့စာမျက်နှာတွေကို ပွင့်သွားစေခဲ့ပါတယ်။ ဆက်တိုက်ဆိုသလို အလင်းတန်းနှစ်ခုက သူ့ရှေ့မှာရှိတဲ့ အရာအားလုံးကို စတင်တိုက်ခိုက်ဖို့လုပ်တော့တယ်။
ဒါက ကျိုးစီချန်ရဲ့ အထူးလက်နက်၀ိညာဥ်ဖြစ်တဲ့ရတနာကျမ်းစာအုပ်ပါ အမှန်တရားအတိုင်းပြောရမယ်ဆိုရင် စာအုပ်အမျိုးအစား သိုင်းပညာ၀ိညာဥ်တွေက လူတော်တော်များများအတွက်တော့ လုံး၀ကို အမှိုက်သရိုက်လို ၀ိညာဥ်တွေလိုပါပဲ။ ဒါပေမယ့် ကျိုးစီချန်ကတော့ ပြောင်းလဲတဲ့သိုင်းပညာ၀ိညာဥ်တွေရှိနေခဲ့တယ်။ သူ့ရဲ့ ရတနာကျမ်းစာအုပ်က မူလ၀ိညာဥ်စွမ်းအားပါရမီမှာတင် အဆင့်ခုနှစ်အထိကို ရောက်ရှိအောင်ကူညီပေးလို့ နေခဲ့ပါတယ်။ ဒါ့အပြင် ဒီ၀ိညာဥ်စက်ကွင်းအတွက်နဲ့ သူသတ်ထားတဲ့ ၀ိညာဥ်သားရဲကောင်ရဲ့ စွမ်းအားကိုလဲ တိုက်ရိုက်စုပ်ယူနိုင်တယ်။ ၀ိညာဥ်စွမ်းအားက အဆင့်တစ်ဆင့်မှာ ရပ်တန့်သွားတိုင်း အဲ့ဒီစုပ်ယူမှုက သူ့ကို ပိုပြီးအားကောင်းလာစေခဲ့ပါတယ်။ အရေးကြီးဆုံးကတော့ ၀ိညာဥ်စက်ကွင်းတွေနဲ့ ပတ်သက်ပြီ အရေအသွေးနဲ့ အစွမ်းသတ္တိကန့်သတ်ချက်မျိုး မရှိတာပါပဲ။ ဒါ့အပြင် စုပ်ယူလိုက်တဲ့ ဘယ်၀ိညာဥ်စက်ကွင်းကိုမဆို သူ့အတွက် အသုံးချနိုင်တဲ့ အရေအသွေးရှိနေခဲ့ပါတယ်။ နောက်တစ်နည်းအရပြောမယ်ဆိုရင် ရေခဲအမျိုးအစား ၀ိညာဥ်စွမ်းရည်ကို အသုံးချနေချိန်မှာ မီးအမျိုးအစား ၀ိညာဥ်စွမ်းရည်ကိုလဲ တစ်ပြိုင်နက်ထဲအသုံးပြုလို့ ရနိုင်ပါတယ်။ ဒါက အရမ်းကို ပုံမှန်မဟုတ်တဲ့ ၀ိညာဥ်လက်နက်သိုင်းပညာပါပဲ။
လက်ရှိအချိန်မှာ ၀ိညာဥ်စွမ်းရည်နှစ်ခုကို သူ ထုတ်လွှတ်လိုက်ပြီ အဲ့ဒီအရာတွေကလဲ သားရဲကောင်နှစ်ကောင်အသွင်ကို ပြောင်းလဲလို့သွားပါတော့တယ်။ သူဆင့်ခေါ်လိုက်တဲ့ ၀က်၀ံကတော့ အ၀ါရောင်အလင်းတန်းတွေ တောက်ပနေခဲ့ပြီ တခြားတစ်ဖက်မှာတော့ မီးလျှံတွေအပြည့်နဲ့ ကျားတစ်ကောင်ရှိနေခဲ့တယ်။
ရတနာကျမ်းစာအုပ်ကို ရပြီချိန်ကစပြီ ကျိုးစီချန်ရဲ့ ရည်မှန်းချက်က တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင် ဖြစ်လာဖို့ပါ။ ဒါကြောင့်သာ သူ့၀ိညာဥ်စက်ကွင်းအတွက် တိုက်ခိုက်ရေးအမျိုးအစား သားရဲကောင်တွေကိုသာ ရွေးချယ်ခဲ့ပါတယ်။ သူ့ရဲ့အိပ်မက်ကြီးဖြစ်တဲ့ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်ဖြစ်ဖို့ သူအစောကြီးကထဲက ကြိုကြိုတင်တင် ပြင်ဆင်ထားခဲ့ပါ။ ကျားနဲ့ ၀က်၀ံနှစ်ကောင်စလုံးက သူတို့သုံးယောက်ရဲ့ အရှေ့ကို ပြေး၀င်သွားရင်း ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ဆီကို တန်းတန်းမတ်မတ် ပြေးနေခဲ့ကြပါတယ်။ ဒါပေမယ့် သူ့နောက်မှာရပ်နေခဲ့တဲ့သူက လုံရှန်းယွဲ့မဟုတ်ပဲ ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင် ချိုက်ကျင်းရွှမ်ပါ။ ချိုက်ကျင်းရွှမ်က အတော်လေးကို အာရုံစူးစိုက်ထားရင်း မျက်လုံးထဲကနေ အလင်းတန်းတွေ ထွက်လာပါတော့တယ်။ သူနောက်ဖက်မှာရှိရှိသမျှ မြင်ကွင်းတွေကတော့ ဝေ၀ါးလို့နေခဲ့တယ်။ ဒါ့အပြင် နာရီတစ်လုံးကလဲ သူ့ခေါင်းပေါ်မှာ ပေါ်လာခဲ့ပါပြီ။
မြင်းခွာပုံသဏ္ဍာန်ရှိတဲ့ နာရီက မီတာတစ်၀က်လောက်မြင့်မားနေခဲ့ပြီ လုံး၀င်တဲ့မျက်နှာနဲ့ ရွှေရောင်သင်္ကေတတွေက အောက်ဖက်မှာလဲ ရှိနေခဲ့ပါသေးတယ်။ နာရီကြီးပေါ်လာတာနဲ့ ချိုက်ကျင်းရွှမ်ရဲ့ နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းက သူ့ခန္ဓာကိုယ်နဲ့တစ်သားထဲဖြစ်သွားသလိုမျိုး စည်းချက်ကျကျ စတင် လွဲရမ်းနေပါတော့တယ်။
ကျိုးစီချန်ရဲ့ ရတနာကျမ်းစာအုပ်က ရှားပါးတဲ့အရာဖြစ်ပြီ ချိုက်ကျင်းရွှမ်ရဲ့ နာရီကတော့ ရှားပါးတကအရှားပါးဆုံးပါပဲ။ သူ့ရဲ့ သိုင်းပညာ၀ိညာဥ်ကို အချိန်ကုန်လွန်မှု နာရီလို့ကျော်ကြားပါတယ်။ ဒါ့အပြင် ၀ိညာဥ်ကိရိယာတွေထဲမှာ အရမ်းကို ရှားပါးလွန်ပြီ ၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်နဲ့ယှဥ်လို့ရနိုင်တဲ့ အနေအထားမှာကို ရှိနေခဲ့ပါတယ်။
သူတို့သုံးယောက် တစ်ပြိုက်နက်ထဲ လှုပ်ရှားချိန်မှာ လုံရှန်းယွဲ့က တခြားနှစ်ယောက်နဲ့ ယှဥ်လိုက်မယ်ဆိုရင် အရည်အချင်း လုံး၀ကို မလျော့နည်းပါဘူး။ ချိုက်ကျင်းရွှမ်နဲ့ ခပ်ဝေးဝေးနေပေမဲ့ သူလဲ တန်းတန်းမတ်မတ် ရပ်နေဆဲပါ။ အမြန်နှုန်း၀ိညာဥ်ပညာရှင်ဖြစ်နေခဲ့ပေမဲ့ အံ့ဩစရာကောင်းလောက်အောင်ပဲ သူ့မှာ၀ိညာဥ်လက်နက်တစ်ခု ရှိနေခဲ့ပါတယ်။ သိုင်းပညာ၀ိညာဥ်ကို ထုတ်လွှတ်ပြီတဲ့နောက် လက်ထဲမှာကြီးမားတဲ့ ထိခတ်ပျံလက်နက်တစ်ခု ပေါ်လာခဲ့ပါတယ်။ အဲ့ဒီလက်နက်ရဲ့ တစ်ဖက်ကတော့ တစ်ပေကျော်ရှည်လျားနေခဲ့ပြီ လုံရှန်းယွဲ့ရဲ့ လက်ထဲမှာ မျှချေမညီဖြစ်နေပုံပါပဲ။ ဒါ့အပြင် အသက်ဆယ့်နှစ်နှစ်အရွယ် ကလေးတစ်ယောက်အတွက် ဒီလက်နက်ကို ကိုင်တွယ်ဖို့ခက်ပါတယ်။ ထိခတ်ပျံလက်နက် သူ့လက်ထဲမှာပေါ်လာပြီတဲ့နောက် လုံရှန်းယွဲ့က တခဏတာ ရပ်တန့်လို့သွားပါတယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်ကို အနောက်ပြန်ကွေးချလိုက်ပြီ အရှေ့ကို ပြန်လွဲရမ်းရင်းနဲ့ အားပြုကာ လက်နက်ကို ပျံထွက်သွားစေခဲ့ပါတယ်။ သူဒီလိုလှုပ်ရှားလိုက်ချိန်မှာတော့ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းစလုံးက တောက်ပလာခဲ့ပါပြီ။
ဒီလိုလှုပ်ရှားမှု လုပ်ပြီချိန်မှာ သူ့ရဲ့အရင်တစ်ခေါက် ခန့်မှန်းတွက်ချက်မှုက ရုတ်တရက်ဆိုသလို ဝေ၀ါးသွားပါတော့တယ်။
ဒီလိုလူသုံးယောက်ရဲ့ဗျူဟာက ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို တိုက်ခိုက်ဖို့အဓိက ပြင်ဆင်ထားတဲ့အရာလဲဖြစ်ပါတယ်။ ဒီလိုအရာမျိုးကို ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က ဘယ်လိုဘာမှမလုပ်ပဲ ထိုင်ကြည့်နေနိုင်မှာလဲ။
နယ်မြေထဲမှာ လူငါးယောက်ကရှိနေခဲ့ပြီ။ ပထမဆုံးအနေနဲ့ ၀ိညာဥ်စွမ်းရည်ကို ထုတ်လွှတ်တဲ့သူက ဟို့ယွိဟောင် ဖြစ်နေခဲ့ပါတယ်။ သူ့ပြိုင်ဘက်တွေတန်းစီးလိုက်တာနဲ့သူက ချက်ချင်းဆိုသလို ပြင်ဆင်ပြီးပါပြီ။ ဘယ်သူနဲ့ပဲတိုက်ခိုက်ရသည်ဖြစ်စေ အစောကြီးကထဲက စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို အမြဲတမ်းအသုံးပြုနေခဲ့တာပါ။ ဒါက ဘယ်သူမှမထောက်လှမ်းနိုင်တဲ့ အနေအထားမှာဖြစ်နေခဲ့တာကြောင့် လူတွေကြားမှာလဲ ကြီးမားတဲ့ကွာခြားချက်ကို ဖြစ်စေနိုင်ပါတယ်။
အပိုင်း ၂၈•၁ ပြီး၏။