အပိုင်း ၂၇•၄
” လက်စားချေမှုလား ညီနောင်တွေလား ”
°°°
ဟို့ယွိဟောင်အနေနဲ့ ဒီလူရဲ့ နောက်ခံအဆင့်အတန်းကို ခန့်မှန်းမိသားဖြစ်ခဲ့ပါတယ်။ အနည်းဆုံးတော့ သူရဲ့နောက်ကျောကို ရှင်းရှင်းလင်းလင်းမှတ်မိနေဆဲပါ။ ဒါပေမယ့် သူကိုယ်တိုင်းကြော်ငြာလိုက်ချိန်မှာတော့ တခြားကျောင်းတော်သားတွေလိုပဲ လန့်သွားပါတော့တယ်။
ကျောင်းတော်ရဲ့ ကျောင်းအုပ်က ဘယ်လိုရာထူးမျိုးလဲ တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ကျောင်းတော်မှာ ကျောင်းအုပ်ဖြစ်နေတဲ့သူ့ရဲ့ အရည်အချင်းက လောကမှာရှိရှိသမျှ ဧကရာဇ်တွေနဲ့ တူညီတဲ့အဆင့်အတန်းမှာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းအုပ်က သေချာပေါက် သော့်လော့ပညာရှင်တစ်ယောက်ဖြစ်နေခဲ့တယ်။ ကျောင်းတော်ရဲ့စစ်မှန်တဲ့ ထိပ်တန်းအဆင့်ဖြစ်တည်မှုက သူပါပဲ။
ကျောင်းအုပ်ကိုယ်တိုင်ပေါ်ထွက်လာခဲ့မှုက လူသစ်တွေအတွက် မခန့်မှန်းနိုင်လောက်တဲ့အရာပါ။
“‘ ငါဘာကြောင့် ဒီကိုရောက်လာလဲဆိုတာ မင်းတို့အားလုံးသိချင်ကြမယ်ထင်ပါတယ်…မင်းတို့ထင်တာမမှားဘူးပုံမှန်အနေနဲ့ ကျောင်းသားတွေရဲ့ စာမေးပွဲက နောက်ဆုံးအခြေအနေကို ရောက်သွားရင်း လက်ထောက်ကျောင်းအုပ်က ထွက်ပေါ်လာပြီမင်းတို့ကို ဘယ်လောက်တန်ဖိုးထားကြောင်း ပြသလိုက်မယ်…ဒါပေမယ့် ဒီတစ်ခေါက်ပြိုင်ပွဲက ငါ့ကို အတော်လေး စိတ်ကျေနပ်စေတာအမှန်ပဲ မင်းတို့အားလုံးက လွန်ခဲ့တဲ့နှစ်ပေါင်းရာချီအတွင်းမှာ အကောင်းဆုံးတိုက်ခိုက်မှုတွေကို ပြသခဲ့တယ်…ဒါကြောင့် မင်းတို့ကို ငါအတော်လေး စိတ်၀င်စားမိတယ်..ဒီနေ့ပြိုင်ပွဲတွေအားလုံးကို ငါကြည့်ဖို့အတွက် စီစဥ်ထားတယ် …ဒါ့အပြင် မင်းတို့ကြောင့်လဲ ငါအံ့ဩချင်ပါသေးတယ်..ကောင်းပြီ မဲခွဲဆုံးဖြတ်ကြရအောင် ”
ကျောင်းအုပ်ကိုယ်တိုင်းကိုယ်က မဲမဆွဲပေးပါဘူး။ ဘာကြောင့် သုဝေ့လွမ်က ခပ်မြန်မြန်ပဲ မဲခွဲဖို့အတွက်ရောက်လာပါတော့တယ်။ ကျောင်းအုပ်ရန်ကတော့ အခုအချိန်မှာ မဲခွက်ကို ကိုင်ထားဆဲပါ။ လက်ရှိအချိန် ကျောင်းသားအသစ်တွေနဲ့သူတို့သွေးတွေတောင် ဆူပွက်လာသလို ခံစားလာခဲ့ရပါတယ်။
ဒီလိုလူမျိုးက ဒဏ္ဍာရီထဲမှာ တည်ရှိတဲ့ဖြစ်တည်မှုတစ်ခုလိုပါပဲ။ အမျက်ဒေါသကျောင်းတော်ရဲ့ ကျောင်းအုပ်က သူတို့ပြိုင်ပွဲအတွက် ကိုယ်တိုင်းမဲခွဲဆုံးဖြတ်ပေးလို့နေပါပြီ။ ဒီလိုအရာမျိုး လူသစ်တွေမပြောနဲ့ ၀ိညာဥ်စက်ကွင်းရှစ်ကွင်းရှိတဲ့၀ိညာဥ်သော့်လော့တွေတောင်မှ အရမ်းကိုဂုဏ်ယူရမဲ့ကိစ္စပါ။ တစ်ချိန်ထဲမှာပဲ လူသစ်တွေအနေနဲ့ အရမ်းကို ပျော်ရွှင်တက်ကြွလာပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ကလဲ ချွင်းချက်မရှိခဲ့ပါဘူး။
” အတန်းနံပါတ်တစ်ရဲ့ ဟို့ယွိဟောင်အဖွဲ့ ကျေးဇူးပြုပြီ မဲလာဆွဲပါ ”
ပထမဆုံးအဖွဲ့ကတော့ ဟို့ယွိဟောင်တို့အဖွဲ့ဖြစ်နေခဲ့ပါတယ်။
” မင်းသွားလိုက် ”
ဟို့ယွိဟောင်က သူ့သူငယ်ချင်းကို တွန်းလွှတ်လိုက်ပါတယ်။ ၀မ်သုန့်က ခေါင်းသာခါနေခဲ့တယ်။
” မင်းကအဖွဲ့ခေါင်းဆောင်ပဲ မြန်မြန်သွားပြီဆွဲလိုက် “‘
သူပြောပြီတဲ့နောက် ဟို့ယွိဟောင်ကို တွန်းရင်းကျောင်းအုပ်အရှေ့ကို ရောက်သွားစေလိုက်ပါတယ်။
ဟို့ယွိဟောင်အနေနဲ့ စိတ်လှုပ်ရှားနေဆဲပါ ဒါကြောင့် မဲခွက်ကိုဆွဲချိန်မှာ ဆက်တိုက်ဆိုသလို စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပဲ လက်တွေတောင်တုန်ရီနေခဲ့ပါတယ်။
” ကလေးလေး မင်းဘာမှစိုးရိမ်နေဖို့မလိုဘူး အနာဂတ်မှာ မင်းတို့အဖွဲ့ ရလဒ်ကောင်းတွေရလာမယ်လို့ မျှော်လင့်ပါတယ် ”
မဲခွဲပြီတဲ့နောက် ဟို့ယွိဟောင်အနေနဲ့ နောက်တစ်လှမ်းကို ပြန်ဆုတ်သွားပါတော့တယ်။ အဲ့ဒီနောက် ရန်ရှောင်ကျဲ့ကို တလေးတစားနဲ့ ဦးညွတ်လိုက်တယ်။ နောက်ဆုံးမှာတော့ မဲကိုသုဝေ့လွမ်ဆီပေးပြီ ၀မ်သုန့်ဆီ ပြန်လျှောက်သွားခဲ့ပါပြီ။ ၀မ်သုန့်ဆီ သူရောက်ရှိချိန်မှာပဲ သူနှလုံးခုန်သံတွေက နှစ်ဆမြန်လာပါတော့တယ်။
” အတန်းနံပါတ်တစ် ဟို့ယွိဟောင်အဖွဲ့ မဲနံပါတ်နှစ် ”
နှစ်ဆိုတဲ့စာလုံးက ဗိုလ်လုပွဲအကျိုးပွဲစဥ်အတွက် ၀င်ပြိုင်မှုပါ။ မဲတွေမှာနံပါတ်လေးခုသာရှိပါတယ်။ တစ် တစ်ခုနဲ့ နှစ်တစ်ခုပါပဲ။
” အတန်းနံပါတ်ငါး ထိုက်ဟွပင်းတို့အဖွဲ့ ကျေးဇူပြုပြီ အရှေ့ထွက်ရင်း မဲဆွဲပါ ”
လူငယ်တစ်ယောက်က အရှေ့ကို ထွက်လာခဲ့ပါတယ်။ ဟို့ယွိဟောင်က မှတ်ဉာဏ်ကောင်းသူဖြစ်တာကြောင့် ဒီလူငယ်ရဲ့နောက်ကျောကို မြင်ရုံနဲ့တင် သိသွားခဲ့ပါပြီ။ ဒါပေမယ့် အဲ့ဒီလူငယ်ကို အစောပိုင်းပြိုင်ပွဲတွေမှာ သူတစ်ခါမှမတွေ့ဖူးပါဘူး။ အတန်းနံပါတ်ငါးအနေနဲ့ ကျောင်းအုပ်ရှိလာတာကြောင့် သူတို့ရဲ့ မဲထွက်ရွေးတဲ့သူကို လူပြောင်းလိုက်တာအသိအသာပါ။
လူငယ်စင်မြင့်ပေါ်ကို ရောက်လာချိန်မှာ ကျောင်းအုပ်နဲ့ ညွှန်ကြားရေးမှုးကို အရိုအသေပြုရင်း မဲဆွဲလိုက်ပါတော့တယ်။
ဟို့ယွိဟောင်လိုပဲ သူကလဲ ဦးညွတ်ရင်း သုဝေ့လွမ်ဆီကို မဲပေးလိုက်တယ်။ အဲ့ဒီနောက် သူလှည့်ထွက်သွားခဲ့ပါပြီ။
ခန့်ညားပြီ ရေခဲတမျှနဲ့အေးစက်နေတဲ့ မျက်နှာက သူ့ရဲ့ရှည်လျားတဲ့ရွှေရောင်ဆံပင်တွေနဲ့အတူ တောက်ပလို့နေခဲ့ပါတယ်။ ရွှေရောင်ဆံပင်တွေက ပုခုံးပေါ်ကို ၀ဲကျနေခဲ့ပြီ သေချာကြည့်မယ်ဆိုရင် အပြာရင့်ရောင်မျက်လုံးတွေ ရှိနေမှာကို မြင်ရမှာပါ။ ဒါ့အပြင် သူက သက်တူရွယ်တူတွေထက် အနည်းငယ်အရပ်မြင့်နေခဲ့တယ်။
ဟို့ယွိဟောင်အနေနဲ့ သူ့ကိုမြင်ချိန်မှာ တစ်ကိုယ်လုံးပြင်းပြင်းထန်ထန် တုန်ရီလို့သွားပါတော့တယ်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်က အရမ်းကို တုန်ခါလှုပ်ရှားလာတာကြောင့် ဘေးမှာရှိတဲ့၀မ်သုန့်ကို တင်းတင်းကြပ်ကြပ် ဆွဲလိုက်ရတယ်။
၀မ်သုန့်အနေနဲ့ သူရုတ်တရက်လှုပ်ရှားမှုကြောင့် မျက်လုံးပြူးသွားခဲ့ပါပြီ။ ဟို့ယွိဟောင်ကို လှမ်းကြည့်လိုက်ချိန်မှာတော့ မျက်နှာတစ်ခုလုံးဖြူဖျော့သွားတာကို မြင်လိုက်ရပါတော့တယ်။ မျက်လုံးထဲမှာ မုန်းတီးမှုကလဲ အထင်သားပေါ်နေခဲ့တယ်။ ဟို့ယွိဟောင်က သူ့ကို တင်းတင်းကြပ်ကြပ်ဆွဲကိုင်ထားတာ အရမ်းကို အားပါလွန်နေတဲ့အတွက် ၀မ်သုန့်တောင် နာကျင်လာခဲ့ပါပြီ။
°°°
” အမေ ကျွန်တော်အမေကို အ၀တ်ကူလှမ်းပေးမယ် ”
ခုနှစ်နှစ် ရှစ်အရွယ် ကလေးတစ်ယောက်က ကြီးမားတဲ့ သစ်သားဘုံကြီးကို ကိုင်လာရင်း ဒယိမ်းဒယိုင်လျှောက်ကာ သူ့အမေကို လှမ်းပြောနေခဲ့ပါတယ်။
လှပတဲ့အမျိုးသမီးကတော့ သူ့ရှေ့မှာရှိတဲ့ ကလေးကိုကြည့်ရင်း အတော်လေးကို ကျေနပ်နေခဲ့တယ်။
” ငါ့သားလေးက တကယ်ကြီးလာပြီပဲ အမေ့အတွက် ပိုပြီးအားကိုးရတယ် ”
ယွိဟောင် အငယ်စားလေးကတော့ ဒီနေရာကနေ ခက်ခက်ခဲခဲ အပြင်ကိုထွက်လာနေခဲ့ပါတယ်။ သူရဲ့အရှေ့မှာတော့ ခြေလှမ်းဆယ့်လှမ်းအကွာမှာ အ၀တ်တွေကို လှန်းတဲ့နေရာရှိနေခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ကြီးမားတဲ့အင်အားတစ်ခုက သူခန္ဓာကိုယ်ကို လာရိုက်ခတ်ရင်း လွှင့်ထွက်လို့သွားစေခဲ့တယ်။ အ၀တ်ခြင်းနဲ့ ရှိရှိသမျှ အ၀တ်တွေအားလုံးက မြေပြင်ပေါ်ကို ပြန့်ကျဲလို့သွားခဲ့ပါပြီ။
” ခွေးမသား မင်းမှာမျက်လုံးမရှိဘူးလား သခင်လေးလာနေတာကို မမြင်ဘူးလား ထွက်သွားစမ်း ”
အသံတစ်သံနဲ့အတူ နာကျင်နေတဲ့ ယွိဟောင်က မော့ကြည့်လိုက်ချိန်မှာ အစောင့်ရှစ်ယောက်ရှိနေတာကို မြင်လိုက်ရပါတော့တယ်။ ဟို့ယွိဟောင်ကို တွန်းချလိုက်တဲ့သူကလဲ အဖြူရောင်၀တ်ရုံကို၀တ်ထားပြီ ရင်ဘတ်မှာမြွေတစ်ကောင်ပုံသဏ္ဍာန်ရှိနေတဲ့ အစောင့်တစ်ယောက်ပါပဲ။
အဲ့ဒီလူငယ်က အတော်ကို ခန့်ညားပြီ မောက်မာကာမြင့်မြတ်တဲ့ပုံစံ ပေါက်နေခဲ့ပါတယ်။ ဟို့ယွိဟောင်ကို သူ့တစ်ချက်လေးတောင် မကြည့်ပဲအ၀တ်အစားတွေအားလုံးကို ဖုံတွေသဲတွေထဲမှာ နစ်ချေပြစ်တော့တယ်။
အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ လူက ဟို့ယွိဟောင်ကို နောက်တစ်ကြိမ်ကြည့်လိုက်ပြီတဲ့နောက် ပြောလာခဲ့ပါတယ်။
” ဒီကောင်ကိုရိုက်စမ်း ”
အဲ့ဒီလိုပြောပြီတဲ့နောက် မျက်လုံးညစ်ပတ်မှာဆိုးတဲ့အတိုင်းထွက်သွားပါတော့တယ်။
အစောင့်ရှစ်ယောက်က ယွိဟောင်ဆီ ချက်ချင်းရောက်လာခဲ့ပြီ ပြင်းပြင်းထန်ထန် ရိုက်နှက်ပါတော့တယ်။
အဲ့ဒီအချိန်တုန်းက သူ့အသက်ရှစ်နှစ်ပဲရှိသေးတာပါ။ဘယ်လိုလုပ်ခုခံဖို့စွမ်းအားရှိနိုင်မှာလဲ အပြင်ဘက်ဆူညံသံတွေကို ကြားချိန်မှာတော့ ဟို့ယွိဟောင်အမေက ချက်ချင်းဆိုသလို ပြေးလာပြီ သူ့ခန္ဓာကိုယ်ကို အသုံးချရင်း သူ့သားကိုဖက်ကာ အစောင့်တွေကိုဆက်တိုက်ဆိုသလို တောင်းပန်ပါတော့တယ်။ ဒါပေမယ့် အစောင့်တွေ ထွက်ခွာသွားချိန်မှသာ အသက်ဘေးကနေ လွှတ်မြောက်လို့သွားခဲ့ရတယ်။ ဒါ့အပြင် ဒီအစောင့်တွေ ထွက်ခွာသွားချိန်မှာတော့ နှစ်ယောက်စလုံးက သတိလစ်လို့သွားခဲ့ပါပြီ။
ဟို့ယွိဟောင်အနေနဲ့ အရမ်းကိုငယ်ရွယ်သေးတာကြောင့် ပြန်လည်ကောင်းမွန်နိုင်စွမ်းက သူ့အမေထက် အတော်ကို မြင့်မားခဲ့ပါတယ်။ ဒါပေမယ့် သူ့အမေရဲ့ ခန္ဓာကိုယ်ကတော့ နှစ်ပေါင်းများစွာအလုပ်ကြမ်းလုပ်ခဲ့ရတာကြောင့် အင်အားနည်းနေသလို ဖျားနာမှုကလဲ နာတာရှည်ဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင် သူမ လက်ခံရရှိလိုက်တဲ့ ဒဏ်ရာတွေက အရမ်းကို ပြင်းထန်လို့နေခဲ့တယ်။ နှစ်နှစ်ကြာပြီတဲ့နောက်မှာတော့ ဒီဒဏ်ရာတွေနဲ့ ဖျားနာမှုကြောင့် လောကနေ ထွက်ခွာလို့သွားခဲ့ရပါပြီ။
°°°
သုံးနှစ်အချိန် ကုန်ဆုံးသွားပြီတဲ့နောက် ဟို့ယွိဟောင်ကလဲ အတော်လေး ကြီးပြင်းလာခဲ့ပြီဖြစ်သလိုအမိန့်ပေးခဲ့တဲ့လူငယ်ကလဲ အရွယ်ရောက်လာခဲ့ပါပြီ။ ဒါပေမယ့် အဲ့ဒီအေးစက်တဲ့မျက်လုံးတွေကိုရော အသံကိုပါ ဟို့ယွိဟောင်အနေနဲ့ ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး။
အဲ့ဒီကောင်က သူ့အမေကိုသေစေခဲ့တဲ့ အဓိကတရားခံပါ။ ဟို့ယွိဟောင်ရဲ့ မျက်လုံးတစ်ခုလုံး နီရဲလို့သွားပါတော့တယ်။ဒီမျက်၀န်းတွေက မြို့စားအိမ်တော်ရဲ့မျိုးဆက်တွေမှာပဲရှိနိုင်တဲ့ မျက်လုံးတွေပါ။ ဒါ့အပြင် အဲ့ဒီလူက မြို့စားကတော်ရဲ့ အငယ်ဆုံးသားပါပဲ။ နောက်တစ်နည်းအရပြောရမယ်ဆိုရင် သူ့ရဲ့အဖေတူအမေကွဲညီအစ်ကိုပါ။ သူ့အမေကို သေစေခဲ့တဲ့တရားခံထိုက်ဟွပင်းပါပဲ။
ထိုက်ဟွပင်းရဲ့ မျက်နှာက အရင်လိုအေးစက်နေဆဲဖြစ်ပါတယ်။ ရန်ရှောင်ကျဲ့ရဲ့ရှေ့မှာရပ်နေတာတောင် သူ့ရဲ့မျက်နှာကြောက တစ်စက်တောင်လျော့မသွားခဲ့ပါဘူး။ ကျောင်းအုပ်ရှေ့ကရပ်နေတဲ့ တခြားကျောင်းသားတွေနဲ့ မတူညီပဲ အတော်လေးကို တည်ငြိမ်နေခဲ့ပါတယ်။ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့လက်သီးတွေကသာ စိတ်နှလုံးကို ဖော်ပြလျက်ရှိတယ်။
သူက ဟို့ယွိဟောင်ကို မေ့သွားခဲ့ပါပြီ။ အမှန်ပါပဲ ဟို့ယွိဟောင်နဲ့ သူ့အမေကို ကပ်ဆိုက်စေခဲ့ပေမဲ့ သူ့ရဲ့အဖေတူအမေကွဲညီအစ်ကိုယ်ကို ဘယ်တုန်းကမှ မမှတ်မိခဲ့ဝာာပါ။
” ထိုက်ဟွပင်းအဖွဲ့ မဲနံပါတ်တစ် ”
သုဝေ့လွမ် ကြော်ငြာနေပြီတဲ့နောက် ထိုက်ဟွပင်းက သူ့အဖွဲ့သူပြန်သွားပါတော့တယ်။ ဟို့ယွိဟောင်ရဲ့ စိတ်ခံစားချက်တွေကလဲ ထိုက်ဟွပင်းရဲ့မျက်နှာကို မမြင်ရချိန်မှာ အတော်လေး ငြိမ်သက်လို့သွားပါပြီ။ လက်ရှိအချိန်မှာတော့ သူဆက်ပြီမတ်တပ်ရပ်နေနိုင်ဖို့အတွက် ၀မ်သုန့်ကို လိုအပ်နေဆဲပါ။
၀မ်သုန့်ကလဲ အတော်ကို လန့်နေခဲ့ပါတယ်။ ဟို့ယွိဟောင်အနေနဲ့ ဒီလောက်အထိ စိတ်ထိခိုက်တာကို သူမြင်ဖူးတာ ပထမဆုံးအကြိမ်ပါပဲ။ ဟို့ယွိဟောင် ဘာတွေဖြစ်နေလဲဆိုတာတောင် ၀မ်သုန့်မသိပဲရှိနေခဲ့ပါတယ်။ ဒါပေမယ့် ထိုက်ဟွပင်းနဲ့ ဆိုင်မယ်ဆိုတာကို သူနားလည်တယ်။
” ယွိဟောင် မင်း စိတ်ထိန်းစိတ်ထိန်း ဘာဖြစ်လို့လဲ ”
၀မ်သုန့်က သူ့ကိုခပ်တိုးတိုးလေး နှစ်သိမ့်ပေးနေခဲ့တယ်။
မဲခွဲဆုံးဖြတ်နေတာကြောင့် ဘယ်သူကမှ ဟို့ယွိဟောင်ကို သတိမထားမိပါဘူး။ ဒီလိုခွဲထားပြီသွားချိန်မှသာ ဟို့ယွိဟောင်က စိတ်ပြန်ငြိမ်သွားပါတော့တယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်တုန်ရီနေဆဲဖြစ်တာကိုတော့ ၀မ်သုန့်က သိနေခဲ့တယ်။ ဒါ့အပြင် ဒီလိုတုန်ရီမှုက စိတ်ခံစားချက်တွေ အဆုံးစွန်အထိ ရောက်သွားချိန်မှသာ ဖြစ်ပေါ်လာနိုင်တဲ့အရာပါ။
” မင်းဆက်ပြီတိုက်ခိုက်နိုင်သေးရဲ့လား ”
၀မ်သုန့်က စိုးရိမ်တကြီးနဲ့ မေးလာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတာ မေးဖို့အချိန်ကောင်းမဟုတ်မှန်း သူသိနေခဲ့တယ်။ မကြာခင် အကြိုဗိုလ်လုပွဲက စတင်တော့မှာပါ။
ဟို့ယွိဟောင်က အသက်ပြင်းပြင်းရှုသွင်းရင်း နှလုံးသားထဲက နာကျင်မှုကို ထိန်းချုပ်လိုက်ပါတယ်။
” ရတယ် တိုက်ခိုက်နိုင်တယ်..အခုထိုက်ဟွပင်း ဘယ်နံပါတ်ရသွားလဲ ”
၀မ်သုန့်က မျက်မှောင်ကြုတ်သွားပါတော့တယ်။ ဒီလောက်ကျယ်တဲ့ ကြော်ငြာသံကို သူမကြားလိုက်ဘူးလား စိတ်ခံစားချက်က အဲ့ဒီလောက်တောင် ပြောင်းလဲသွားရတာလား။
” သူက နံပါတ်တစ်ကိုရွေးလိုက်တာ အကယ်၍ ငါတို့သူနဲ့ တိုက်ခိုက်မယ်ဆိုရင် သေချာပေါက် နောက်ဆုံးဗိုလ်လုပွဲမှာ ဖြစ်မှာပဲ အစောပိုင်းတုန်းက ငါကြားလိုက်ရတာတစ်ခုရှိတယ်..သူက ငါတို့ရင်ဆိုင်ရမဲ့ နောက်ဆုံး၀ိညာဥ်အကြီးအကဲတဲ့ ”
” ၀ိညာဥ်သုံးကွင်းအကြီးအကဲလား “‘
ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ အေးစက်တဲ့ အလင်းတန်းက တောက်ပလာခဲ့ပါပြီ။
” ဟုတ်တာပေါ့ ၀ိညာဥ်သုံးကွင်းအကြီးအကဲ ဖြစ်နေရမှာပေါ့ ဘယ််လောက်တောင် သူထောက်ပံ့ခံထားရလဲဆိုတာ သိသာနေတာပဲ ဒီလောက်မထူးချွန်မှ အံ့ဩစရာကောင်းနေမှာပေါ့ လာပါ ငါတို့ပြိုင်ပွဲကို အဆုံးသတ်ရအောင် “‘
ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်က ပြန်လည်တည်ငြိမ်လို့သွားခဲ့ပါပြီ။ တုန်ရီနေတဲ့ခန္ဓာကိုယ်နဲ့ ပြင်းပြင်းထန်ထန် လှုပ်ရှားနေတဲ့ ခံစားချက်တွေအားလုံးကို ပြန်လည်ထိန်းချုပ်လိုက်ပါတော့တယ်။ ၀မ်သုန့်လဲ အစောပိုင်းဖြစ်ခဲ့တဲ့ကိစ္စတွေက သူအမြင်မှားတယ်လို့တောင် ခံစားနေခဲ့မိတယ်။ ဒါပေမယ့် အမြင်မှားတာတော့ မဟုတ်မှန်း သေသေချာချာသိနေပြီသားပါ။
အပိုင်း ၂၇•၄ ပြီး၏။