Switch Mode

Chapter – 173

ဆေးကုသပေးပြီ

အခန်း ( ၁၇၃ )
ဆေးကုသပေးပြီ

“ရှင်…ရှင်… ဒါဘာလုပ်တာလဲ…”

မျက်လုံး ပွင့်လာသည်နှင့် တစ်ပြိုင်နက် ရွှယ်နီရှန်က သူမ အပေါ်ပိုင်း အဝတ်အစားများကို ရဲချန်ဖန် ဆွဲဖြဲနေသေည်ကို တွေ့လိုက်ရပြီး သူမ၏ အလွန်ဆွွဲဆောင်မှုရှိသော မျက်နှာလေးသည် ထိတ်ထိတ်လန့်လန့် ဖြစ်သွားသည်။ ထို့နောက် အသံကုန် အော်ဟစ် လိုက်လေသည်။ သူမ အားကုန်သုံး အော်ဟစ်လိုက် သောကြောင့် သူမ ဒဏ်ရာများကို ဆွသလိုဖြစ်ပြီး ချက်ချင်းပင် သွေးများ အန်ထုတ် လိုက်ရလေသည်။

“ရဲ…ရဲချန်ဖန် …မင်း…မင်း…ငါ့ကို ဘာလုပ်မလို့လဲ။ မင်းက အသေဆိုးနဲ့ သေမှာဆိုတာ ယုံလိုက်…”

သူမ ဒေါသတကြီး ပြောဆိုလိုက်သည်။

“မင်း စိုးရိမ်စရာ မလိုဘူး။ ငါ့မှာ ဘာမကောင်းတဲ့ စိတ်ရိုင်းမှ မရှိဘူး။ ငါမင်းကို ဆေးကုပေးမလို့။ မင်းအရိုးတွေသာ အချိန်မီ မဆက်ဘဲနေရင် မင်းသိပ်မကြာခင်မှာ သေရတော့မယ်။ မင်းကိုယ်ထဲမှာ ကလီစာတွေကလည်း နေရာရွေ့ပြီး မီးအဆိပ်ကလဲ မင်းအသက် စွမ်းအင်ကို ဝါးမျိုနေတယ်။ အချိန်မီ မကုသရင် မင်းသေမှာ။ ဒါကြောင့် ငါထိုင်ကြည့် မနေနိုင်ဘဲ မင်းကို ဆေးကုပေးဖို့ မင်းအင်္ကျီတွေကို ငါ ချွတ်နေတာပဲ”

ရဲချန်ဖန်က သူ့အား ထိတ်လန့် ဒေါသတကြီး ကြည့်နေသည့် ရွှယ်နီရှန်ကို ကြည့်ပြီး လေသံအေးလေးဖြင့် ရှင်းပြလိုက်သည်။

ရဲချန်ဖန်၏ ဖြေရှင်းမှုကို ကြားလိုက်ပြီး သူမမျက်နှာပေါ်မှ ဒေါသ အနည်းငယ် လျော့သွားသည်။ ချက်ချင်းပင် သူမကို သူမ စစ်ဆေးလိုက်သော အခါ သူမ ဒဏ်ရာသည် အလွန်ပြင်းထန် နေသည်ကို တွေ့လိုက်ရသည်။ သို့သော် သူမက ရဲချန်ဖန်ကို မယုံရဲသေးပေ။

“မင်းသာ ငြိမ်ငြိမ်လေး ဆေးကုခံ။ ငါမင်း ဒဏ်ရာတွေကို ကုသပေး နိုင်တယ်။ ဒါပေမဲ့ မင်းဒဏ်ရာတွေက အရမ်းပြင်းထန်တော့ အရှင်းကြီး ပျောက်မယ် ဆိုတာတော့ ငါအာမ မခံနိုင်ဘူး”

“မင်းမျက်လုံးနဲ့ လက်တွေကို သတိထား… မဟုတ်ရင် မင်းကို ငါခွင့်မလွှတ်ဘူး”

ရွှယ်နီရှန်က ရဲချန်ဖန် သူ့ကို ခြောက်လန့်နေခြင်း မဟုတ်သည်ကို နားလည်သည်။ သူမ ဒဏ်ရာသည် အသက်အန္တရာယ်ကို ဖြစ်စေနိုင်သဖြင့် ရွှယ်နီရှန်က ရဲချန်ဖန်ကို ခြိမ်းခြောက်ရုံသာ ခြိမ်းခြောက် လိုက်နိုင်ပြီး မျက်လုံးများ ပိတ်ပေး လိုက်လေသည်။ ရွှယ်နီရှန်သည် အလွန်ပွင့်လင်းပြီး ရဲတင်းလှသူလေး ဖြစ်သော်လည်း သူမသည် ယင်ဖိုပင် မသန်းဘူးသေးသော အပျိုလေး ဖြစ်သည်။ ထို့ကြောင့် သူစိမ်းယောက်ျားလေး တစ်ယောက် ရှေ့တွင် အဝတ်အစားများ ချွတ်ပြီး ဆေးကုသမှု ခံယူရမည် ဆိုသောအခါ သူမစိတ်ထဲတွင် အလွန်ကြောက်လန့် ရှက်ရွံနေရှာလေသည်။

“ဗြိ…”

ရဲချန်ဖန်က တစ်ချက် အသက်ဝအောင်ရှူလိုက်ပြီး သူမအင်္ကျီ ပေါက်ပြဲနေသော ‌နေရာမှစတင်ပြီး အဝတ်ကို ဆွဲဖြဲလိုက်သည်။ အင်္ကျီ ပြဲသွားသည်နှင့် နို့နှစ်ရောင်ကဲ့သို့ အလွန်ဖြူစင် သန့်ရှင်းလှသည့် အသားအရေကို မြင်တွေ့လိုက်ရသည်။

ထို့နောက် မြင်တွေ့ လိုက်ရသည့် မြင်ကွင်းက ရဲချန်ဖန်ကို အသက်ရှူပင် မှားသွားစေလေသည်။ ပြစ်မျိုးမဲ့မထင် ဟူသော အရာသည် ဤကဲ့သို့ အရာများလားဟု တွေးလိုက်မိသည်။ ရွှယ်နီရှန်၏ ယုန်နှစ်ကောင်သည် နဂိုကပင် မိန်းမသားချင်းပင် မနာလိုလောက်အောင် လှပရာ ယခုမူ ရဲချန်ဖန်က အနီးကပ် မြင်တွေ့နေရသဖြင့် ကိုင်တွယ် ပွတ်သပ်ချင်စိတ် ဖြစ်ပေါ်လာပြီး ထိုစိတ်ကို မနည်းထိန်း နေရလေသည်။

“ရှင်… ဘာရပ်ကြည့်နေတာလဲ ငါ့ကိုမြန်မြန် ကုပေး… မဟုတ်ရင် မင်းကို ငါသတ်မိတော့မယ်”

ရွှယ်နီရှန်က ပွင့်လင်းရဲတင်း၍ ခတ်ဆန်သော မိန်းမပျိုလေး ဖြစ်သော်လည်း ရှက်ရွံမှုကြောင့် သူမ၏ နို့နှစ်ရောင်ကဲ့သို ကြည်လင်ဖြူဖွေးသော အသားသည် ရဲရဲနီ လာလေသည်။ ရဲချန်ဖန်၏ ဝင်သက်ထွက်သက် များသည် မူမှန်ဖြစ်လာသည်ကို တွေ့လိုက်သောကြောင့် ရွှယ်နီရှန်က ဒေါသတကြီး အော်ဟစ် လိုက်လေသည်။

အသက်အန္တရာယ် မစိုးရိမ်ရသော ဒဏ်ရာဖြစ်ပါက ရွှယ်နီရှန်သည် ရဲချန်ဖန်ကို ကုသခွင့် လုံးဝပေးလိမ့်မည် မဟုတ်ပေ။ ခုတော့ ရဲချန်ဖန် ရှေ့တွင် သူမ၏ ပကတိ အလှတရားကို ပြသနေရသလို ဖြစ်ရာ သူမအလွန် အရှက်သည်းနေမိသည်။

“အင်း…အင်း…ကုမယ်…”

ရဲချန်ဖန်က ရှက်သွေးဖြာကာ နှင်းဆီရောင် သန်းနေသော ရွှယ်နီရှန် မျက်နှာကို မကြည့်တော့ဘဲ မကောင်းသည့် အတွေးများကိုလည်း မောင်းထုတ်လိုက်ပြီး သိုလှောင်အိတ်ထဲမှ အပ်များကို ထုတ်ယူလိုက်သည်။ ထို့နောက် ကောင်းကင် ဆေးပညာကို အသုံးပြုပြီး သူမကို စတင်ကုသတော့သည်။

“အပ်တွေက မင်းအရိုးကို ဆက်တဲ့အချိန် ထိခိုက်နာကျင် စေလိမ့်မယ်။ မင်းခဏတော့ အောင့်ခံ…”

ရဲချန်ဖန် ညင်သာစွာ ပြောလိုက်ပြီး သူမ၏ ကျိုးပဲ့နေသော နံရိုးများကို ဝိညာဉ်စွမ်းအင် အသုံးပြုပြီး ပြန်လည် ချိတ်ဆက် လိုက်သည်။ အရိုးပြန် ဆက်ရန် ကုသမှုသည် အလွန်တရာ နာကျင်လှသော်လည်း ရွှယ်နီရှန်က ညည်းညူသံလေးပင် မထွက်ချေ။ သူမက နှုတ်ခမ်းများကို ပြတ်လုမတတ် ကိုက်ကာ နာကျင်မှုကို ခံနေသည်။

“ဟေး… ခု ငါအရိုးတွေကို ပြန်ဆက်ပြီးပြီ။ ခုနက နေရာရွေ့သွားတဲ့ ကိုယ်တွင်း အင်္ဂါတွေကို နေရာမှန် ပြန်ရောက်အောင် စကုတော့မယ်”

နာရီဝက်နီးပါး ကြာပြီးနောက် အားနည်းနေသော ရဲချန်ဖန်သည် သူ့နဖူးတွင် စိုရွဲနေသော ချွေးများကို သုတ်ကာ ဆက်လက်ပြီး ရွှယ်နီရှန်ကို ကုသနေသည်။

ရွှယ်နီရှန်၏ ကိုယ်တွင်းအင်္ဂါ ထိခိုက်မှုသည် အရိုးများ ကျိုးကြေသည်ထက် ပိုမိုပြင်းထန် နေသည်။ သူမနဂို အနေအထားအတိုင်း ပြန်ကျန်းမာလာစေရန် ရဲချန်ဖန်က အားစိုက်ကုသနေရာ သူ၏ဝိညာဉ်စွမ်းအင်သည် ခန်းခြောက်သလောက် ဖြစ်လာလေသည်။

“ဟူး…မင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေက ပုံမှန်ဖြစ်သွားပြီ။ မင်းအတွက် လိမ်းဆေး လိမ်းပေးမယ်။ ပြီးရင်တော့ မင်းကိုယ်ထဲမှာ ရှိနေတဲ့ မီးအဆိပ်တွေကို ဖယ်ရှားပစ်မှ မင်အရင်အတိုင်း ပြန်ကျန်းမာ လာလိမ့်မယ်”

ထို့နောက် ရဲချန်ဖန်က ပုလင်းအသေးကလေး တစ်ခုထုတ်ကာ အရည်များကို ရွှယ်နီရှန်၏ ဒဏ်ရာများ ပေါ်တွင် လူးပေး လိုက်သည်။ ထိုရေသည် အသက်စမ်းရေဖြစ်ပြီး ရွှယ်နီရှန် ခန္ဓာကိုယ်က စုပ်ယူပြီး ဒဏ်ရာများကို အလိုအလျောက် စတင်ကုသတော့သည်။ ရဲချန်ဖန်က အပ်များကို သူမကိုယ်မှ နုတ်ယူ သိမ်းဆည်းလိုက်ပြီး အဝတ်စကြီး တစ်ခုထုတ်ယူကာ ရွှယ်နီရှန်၏ ဆွဲဆောင်မှု ရှိလှသည့် ကိုယ်လုံးလေးကို လွှမ်းခြုံပေးလိုက်သည်။

ရဲချန်ဖန်၏ အပြုအမူက ရွှယ်နီရှန်ကို စိတ်သက်သာရာ ရသွားစေသည်။ သူမ မျက်လုံးထဲရှိ အေးစက်မှုက အနည်းငယ် လျော့ကျ သွားသည်။

“မီးအဆိပ်ကို သူမကိုယ်ထဲကနေ ဘယ်လို ထုတ်ပစ်ရမလဲ”

ရဲချန်ဖန်က ရွှယ်နီရှန်ကို ကုသပေးနေစဉ် မီးအဆိပ်များသည် သူမ၏တစ်ကိုယ်လုံး ပျံ့နှံ့ပြီး နှလုံးထဲထိပင် အမြစ်တွယ် ဝင်ရောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိုကဲ့သို့ ဖြစ်လာပါက ကုသရန် အလွန်ခက်ခဲ ပေလိမ့်မည်။ ရဲချန်ဖန်လည်း ဝိညာဉ်စွမ်းအင်များ အစွမ်းကုန် အသုံးပြု ကုသခဲ့သောကြောင့် တဖြည်းဖြည်း ပို၍အားနည်း လာသည်။

“မင်း ငြိမ်ငြိမ်လေး တောင့်ခံ။ ဘယ်လောက်နာနာ မလှုပ်နဲ့။ မဟုတ်ရင် ဖြစ်လာမယ် အကျိုးဆက်ကို မင်းလိုချင်မှာ မဟုတ်ဘူး”

ရဲချန်ဖန်က ရွှယ်နီရှန်ကို မလှုပ်ရန် သတိပေးလိုက်ပြီး သူ၏လက်ကို သူမ၏ ဝမ်းဗိုက်ပေါ် တင်လိုက်သည်။ ထို့နောက် ဘယ်ညာ ဆွဲကာ ပွတ်သပ်နေသည်။ ရဲချန်ဖန်က ပွတ်သပ် လိုက်တိုင်းတွင် ဆန်းကြယ်ရေခဲဝိညာဉ် အစွမ်းကို ဖြည့်တင်းကာ ကုသနေခြင်း ဖြစ်သည်။ ဆန်းကြယ် ရေခဲဝိညာဉ်သည် ရဲချန်ဖန် လက်မှတစ်ဆင့် ရွှယ်နီရှန် ဝမ်းဗိုက်ကို ဖြတ်သန်းကာ မီးအဆိပ်များကို ဝင်ရောက် တိုက်ဖျက် နေသည်။

ဆန်းကြယ်ရေခဲဝိညာဉ်နှင့် ထိုးဆွခံရသလိုဖြစ်ကာ ရွှယ်နီရှန် ကိုယ်ထဲရှိ မီးအဆိပ်သည် အစွမ်းကုန် ခုခံတော့သည်။ သို့သော် ဆန်းကြယ်ရေခဲဝိညာဉ်သည် ကြောက်မက်ဖွယ် အအေးဓါတ်များ ထုတ်လွတ်ပြီး မီးအဆိပ်များကို ဖိနှိပ်ဖျက်ဆီး နေသည်။ သူမကိုယ်ထဲတွင် မီးအဆိပ်နှင့် ဆန်းကြယ်ရေခဲဝိညာဉ်တို့ ပြင်းထန်စွာ တိုက်ခိုက် နေကြသဖြင့် ရွှယ်နီရှန် အသဲများ ကွဲမတတ် နာကျင်မှုကို ခံစားနေရလေသည်။ သူမ၏ နှင်းဆီဖူးရောင် နှုတ်ခမ်းလေးသည် နာကျင်မှုကြောင့် ညည်းညူ နေရလေသည်။

ရဲချန်ဖန်၏ ဝိညာဉ်စွမ်းအင်များဖြင့် အားဖြည့်ထားသော ဆန်းကြယ်ရေခဲဝိညာဉ်သည် ပိုင်ရှင်မဲ့ မီးအဆိပ်ကို တဖြည်းဖြည်း အနိုင်ရလာသည်။ ဆန်းကြယ်ရေခဲဝိညာဉ်က မီးအဆိပ်ကို ဖိနှိပ်လိုက်ရာ မီးအဆိပ် အနည်းငယ်က ရွှယ်နီရှန် လည်ချောင်းမှ တစ်ဆင့် အန်ထွက် သွားလေသည်။ သူမသည် မီးများကို မျိုချလိုက်ရသည့် ခံစားချက်မျိုးကို ခံစားမိ လိုက်သည်။

မီးအဆိပ်များကို အန်ထုတ်ပြီးနောက် ရွှယ်နီရှန်၏ မျက်နှာလှလှလေးတွင် ချွေးသီးများ စိုရွှဲနေသည်။ သူမသည် အသည်းကွဲ မတတ်နာကျင်မှုကို ခံစားလိုက်ရသည် မဟုတ်ပါလော။ ရွှယ်နီရှန် ကိုယ်ထဲရှိ မီးအဆိပ်များကို ဆန်းကြယ်ရေခဲဝိညာဉ် စမ်းရေ အသုံးပြု၍ ဖိနှိပ်ကုသလို့ ရသော်လည်း တစ်ကြိမ်လျှင် မီးအဆိပ်မှာ အနည်းငယ်သာ ထွက်သည့်အပြင် သူမမှာ အလွန်နာကျင် ခံစားနေရသဖြင့် ရဲချန်ဖန် စိတ်ပူသွားသည်။

“မင်းပါးစပ်ကို ဟလိုက်…”

ရုတ်တရက် ရဲချန်ဖန် အကြံတစ်ခုကို ရလိုက်သဖြင့် ရွှယ်နီရှန်ကို အမိန့်ပေး လိုက်သည်။ သူမက ရဲချန်ဖန် စကားကို နားထောင်ကာ ပါးစပ်ဟ လိုက်လေသည်။

ရွှယ်နီရှန်က သူမ၏ နှင်းဆီဖူးကဲ့သို့ နီစွေးလှပသည့် ပါးစပ်ကို ဟလိုက်သည်နှင့် ရဲချန်ဖန်က ရွှယ်နီရှန်၏ နူးညံသော နှုတ်ခမ်းများကို စုပ်ကာ အကြင်နာပေး လိုက်လေသည်။

ရုတ်တရက် ရဲချန်ဖန်၏ အကြင်နာပေးမှုကြောင့် ရွယ်နီရှန်သည် မျက်လုံးများ ပြူးကျယ်ကာ ရဲချန်ဖန်ကို ထုနှက်တွန်းလွှတ်ရန် ကြိုးစား လိုက်သည်။ သို့သော် သူမချက်ချင်း ခံစားလိုက် ရသည်မှာ ရဲချန်ဖန်၏ ပါးစပ်မှ ပြင်းထန်သော စုပ်အားက ထွက်ပေါ်နေပြီး သူမ ကိုယ်ထဲရှိ မီးအဆိပ်များကို စုပ်ယူနေခြင်းပင်။

“ကမ္ဘာဦး စွမ်းအင် နတ်သစ်ပင် ဝါးမျိုစမ်း…”

ထို့နောက် ရွှယ်နီရှန် ကိုယ်ထဲမှ ထွက်လာသော အားပျော့စ ပြုနေပြီဖြစ်သည့် မီးအဆိပ်များကို ကမ္ဘာဦး စွမ်းအင် နတ်သစ်ပင် အသုံးပြုကာ စုပ်ယူလိုက်သည်။ ထို့နောက် ရဲချန်ဖန်သည် အားများ ကုန်ဆုံးကာ ရွှယ်နီရှန် ဘေးတွင်‌ ခွေခွေလေး လဲကျ သွားလေသည်။
အခန်း ( ၁၇၃ ) ပြီး၏။ ( ၁၇၄ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset