Switch Mode

Chapter – 172

ဒဏ်ရာရရှိခြင်း

အခန်း ( ၁၇၂ )
ဒဏ်ရာရရှိခြင်း

“ဘယ်လို ကောင်မလေးမျိုးလဲ”

ရွှယ်နီရှန် သူအား လာကူညီသည့် အကြောင်းအရင်းကြောင့် ရဲချန်ဖန် ပြောစရာ စကားရှာ မတွေ့ဘဲ ခေါင်းသာတွင်တွင် ယမ်းနေမိသည်။

“မင်းသေကို သေရမယ်”

ရဲချန်ဖန်က မီးတောက် ဝင်္ကပါကို ဖျက်ဆီး လိုက်သဖြင့် မီးတောက် ဝိညာဉ်၏ မူလစွမ်းအား အရင်းအမြစ်ကိုပါ ထိခိုက်သွားစေသည်။ ထို့ကြောင့် မီးတောက် ဝိညာဉ်သည် ဒေါသတကြီး အော်ဟစ်ကြုံးဝါး လိုက်သည်။ ထို့နောက် အပူဓါတ် အလွန်ပြင်းထန် လှသည့် မီးလုံးကြီးဖြင့် ပစ်ပေါက် တိုက်ခိုက် လိုက်သည်။

“ဓါးစက်ရုပ် ခုခံစမ်း”

မီးလုံးကြီးကို ဓါးစက်ရုပ်က သူ၏ ဖျက်ဆီးမရနိုင်သော ခန္ဓာကိုယ်နှင့် ဝင်ရောက် ခုခံလိုက်သည်။

“ဝုန်း…”

မီးလုံးကြီးက ဓါးစက်ရုပ် ခန္ဓာကိုယ်နှင့် ထိမှန်သွားသည်နှင့် အလွန်ပြင်းထန်သော ပေါက်ကွဲမှုက ဖြစ်ပေါ်လာပြီး ဓါးစက်ရုပ်ကို မီးတောက် မီးလျှံများက ဖုံးလွှမ်းသွားသည်။ မီးတောက်များသည် အရာရာကို လောင်ကျွမ်း သွားစေပြီး ပတ်ဝန်းကျင် တစ်ခုလုံးက မီးလောင်တိုက်လို ဖြစ်သွားလေသည်၊။

အလွန် ပြင်းထန်သော စွမ်းအင် ပေါက်ကွဲမှုကြောင့် ရဲချန်ဖန်လည်း နောက်သို့ အရှိန်နှင့် လွင့်စဉ် ထွက်သွားပြီး ရွှယ်နီရှန်၏နောက် မြေကြီးပေါ်သို့ပြုတ်ကျသွားသည်။

“သေသွားပြီလား”

ရဲချန်ဖန် အရှိန်နှင့် လေထဲမှ ပြုတ်ကျသည်ကို မြင်လိုက်သည်နှင့် မီးတောက် ဝိညာဉ်က ဓါးစက်ရုပ် ဝင်ရောက် မကယ်တင်နိုင်မီ မီးအပ်များ ရဲချန်ဖန်ဆီ ထုတ်လွတ် တိုက်ခိုက်လိုက်သည်။

“ခင်ဗျား… မသေချင်သေးဘူးဆိုရင်…ကျွန်တော်နဲ့ အတူ ပူးပေါင်းတိုက်ခိုက်၊ မဟုတ်ရင် ကျွန်တော်ရော ခင်ဗျား ပါ သေလိမ့်မယ်”

ရဲချန်ဖန်ကို ကြည့်နေသော ရွှယ်နီရှန် နားထဲ အသံတစ်ခုက ဝင်ရောက် လာလေသည်။

“ရေလ သစ္စာဓါး…”

ရွှယ်နီရှန်သည် မီးတောက် ဝိညာဉ်၏ ခြိမ်းခြောက်မှုကို ခံစားသိရှိနေရ၍ အံများတင်းတင်း ကြိတ်ကာ သူမ၏ ရေလဓါးကို ထုတ်ယူလိုက်ပြီး မီးတောက်ဝိညာဉ်ကို အားကုန်သုံး ဝင်ရောက် တိုက်ခိုက် လိုက်သည်။ သူမသည် ရဲချန်ဖန် စကားကို လက်ခံသည်။ ရဲချန်ဖန်ကို သတ်ပြီးပါက မီးတောက်ဝိညာဉ်၏ ဒေါသမြားဦးသည် သူမထံ ဦးတည်လာမည်ဖြစ်ပြီး ထိုအချိန်မှသာ နောင်တရလျှင် မီနိုင်တော့မည် မဟုတ်ပေ။ ထို့ကြောင့် သူမက သိပ်မစဉ်းစားတော့ဘဲ ဝင်ရောက် တိုက်ခိုက် လိုက်သည်။

“တရားစီရင်ရေးသိုင်း…မဟာအေးခဲခြင်း…”

ရွှယ်နီရှန် တိုက်ခိုက်သည်နှင့် ရဲချန်ဖန်လည်း အော်ဟစ်မာန်သွင်းကာ ဓါးအင်အားကို အစွမ်းကုန် ဖြည့်သွင်းလျက် မီးတောက် ဝိညာဉ်ကို တိုက်ခိုက် လိုက်သည်။ ဓါးစက်ရုပ်ကလည်း ရဲချန်ဖန် နှင့်အတူ မီးတောက်ဝိညာဉ်ကို တိုက်ခိုက် လိုက်သည်။

ပြင်းထန်လှသော အင်အားသုံးခုက တစ်ပြိုင်နက် တိုက်ခိုက် လိုက်သောကြောင့် အလွန်ပြင်းထန် သိပ်သည်းလှသည့် ပေါက်ကွဲမှု ဖြစ်ပေါ်လာကာ အရာအားလုံးကို ဝါးမျို သွားလေသည်။ ဘေးပတ် ပတ်လည်တွင် ရှိနေသော တောင်တန်းကြီးများပင်လျှင် အစိတ်စိတ် အပိုင်းပိုင်း ကွဲထွက်ကာ နဂိုက စိုပြေစိမ်းလန်းနေသော တောင်တန်းကြီးသည် အပျက်အစီးပုံကဲ့သို့ ဖြစ်သွားလေသည်။

“အွန်…” ရွှယ်နီရှန်သည် ပြင်းထန်သော စွမ်းအင်လှိုင်းကြီးများ ရိုက်ခတ်မှု ခံလိုက်ရသဖြင့် သူမလည်း ပြင်းဒဏ်သော ဒဏ်ရာ ရရှိသွားသည်။ ပြင်းထန်သော စွမ်းအင်များက သူမတစ်ကိုယ်လုံးကို တုန်ခါသွားစေကာ သွေးများ ထိန်းမရအောင် အန်ထုတ် သွားစေအောင် ပြင်းထန်လှသည်။

ထို့နောက် သူမအဝေးသို့ လွင့်စဉ် ထွက်သွားပြီး မြေပေါ်တွင် ပုံပုံလေးလဲကျ မေ့မြော သွားသည်။ ရဲချန်ဖန် အခြေအနေမှာ သူမထက်ပင် ပြင်းထန် နေသည်။ သွေးကြောများ အားလုံးနီးပါး ပေါက်ကွဲလုနီးပါး ဖြစ်သွားပြီး တစ်ကိုယ်လုံးကလည်း‌ ပြင်းထန်သော ဒဏ်ရာ၊ ဒဏ်ချက်များကြောင့် သွေးချင်းချင်း နီရဲနေသည်။ ရဲချန်ဖန် ကိုယ်သည် ပေါက်ကွဲပျက်စီး လုနီးပါးပင် ထိခိုက်သွားချေပြီ။

“ငါတို့…သွားရအောင်…”

မီးတောက်ဝိညာဉ်လည်း ဒဏ်ရာရရှိသွားချိန်တွင် ရဲချန်ဖန်က ဝိညာဉ်စွမ်းအင် ပြည့်ဖြိုးအောင် ဝိညာဉ်စမ်းရေကို ထုတ်သောက် လိုက်သည်။ ထို့နောက် မည့်သည့် ဒဏ်ရာ၊ ဒဏ်ချက်မှ မရသော်လည်း စွမ်းအင်ကုန်ဆုံး လုနီးပါး ဖြစ်နေသော ဓါးစက်ရုပ်ကို သိုလှောင်အိတ်ထဲ သိမ်းဆည်း လိုက်သည်။

ထို့နောက် ရဲချန်ဖန်သည် ရွှေလင်းယုန် တောင်ပံကို ဆင့်ခေါ်ကာ မေ့မြောနေသည့် ရွှယ်နီရှန်ထံ ပျံသန်းသွား လိုက်သည်။ ရဲချန်ဖန်က ရွယ်နီရှန်ကို သူ၏ရင်ခွင်ထဲ ဆွဲပွေ့ချီယူ လိုက်ပြီးနောက် ရွှေလင်းယုန် တောင်ပံကို အသုံးပြု၍ တောထဲမှ လျင်မြန်စွာ ထွက်ပြေးပျံသန်း သွားသည်။

“ဟာ…သူတို့ လွတ်သွားတော့မယ်”

ကောင်းကင်ပေါ်သို့ ပျံသန်းသွားသော ရဲချန်ဖန်ကို ကြည့်ပြီး မီးတောက်ဝိညာဉ်၊ ဟောင်လင်းရှန်နှင့် မဟာကောင်းကင် မီးဂိုဏ်းမှ အကြီးအကဲများသည် မည်သို့မျှ မတတ်နိုင်ဘဲ ကြိတ်မနိုင်ခဲမရ ဒေါသထွက်နေ ကြလေသည်။

“တောင့်ထား…ငါတောင့်ခံထားမှ ရမယ်”

ဝိညာဉ်စမ်းရေကြောင့် ရဲချန်ဖန် ဝိညာဉ် စွမ်းအင်များ ရှိနေသော်လည်း ရဲချန်ဖန် ဒဏ်ရာမှာ အလွန်ပြင်းထန်လှသဖြင့် ခက်ခက်ခဲခဲ ပျံသန်းနေရသည်။ သူသာ စိတ်ဓါတ်ခိုင်မာမှု မရှိပါက မူးဝေလဲကျနေပြီး သေဆုံး နေလောက်ပြီ ဖြစ်သည်။

လေးနာရီ နီးပါးခန့် ပျံသန်းပြီးနောက် ရဲချန်ဖန်သည် တောင်တန်း တစ်ခုထဲသို့ ဆင်းသက် လိုက်သည်။ သူ မိုင်ပေါင်း မည်မျှကို ဖြတ်ကျော်ခဲ့သည်ကိုပင် မမှတ်မိတော့ချေ။ မြေပေါ်သို့ မဆင်းသက်နိုင်မီမှာပင် ရဲချန်ဖန်သည် ပြင်းထန်သည့် ဒဏ်ရာများကြောင့် လေထဲမှ ပြုတ်ကျကာ မြေကြီးနှင့် ပြင်းထန်စွာ စောင့်မိပြီး သွေးများထပ်မံ အန်ထုတ် လိုက်ရသည်။

“ဓါးစက်ရုပ်…ငါကို ကာကွယ်ပေးထား…”

ရဲချန်ဖန်က မေ့မြောခါနီးတွင် ဓါးစက်ရုပ်ကို ဆင့်ခေါ်လိုက်ပြီး နောက်ဆုံးအမိန့်ကို ပေးလိုက်လေသည်။

“ဝူး…ဝေါ…”

အချိန်မည်မျှ ကြာသွားသည် မသိဘဲ အာကာတစ်ခွင်လုံး မှောင်မည်းနေကာ ကောင်းကင်တွင် ကြီးမားမှောင်နက်နေသော တိမ်တိုက်ကြီး နှင့်အတူ စူးရှလင်းလက်သော လျှပ်စီးများကလည်း တဖျတ်ဖျတ်နှင့် လင်းလက်နေသည်။ မိုးနှင့်အတူ မိုးကြိုးများကလည်း ပစ်ခတ်နေပြီး တစ်ကမ္ဘာလုံးကို မိုးရေက ဆေးကြောတော့မည့် ဟန်ဖြင့် မိုးများက သဲကြီးမဲကြီး ရွာချလိုက်သည်။ မိုးများ ကြားထဲတွင် နှစ်ရက်ကြာ မေ့မြောနေပြီးနောက် ရဲချန်ဖန်ပြန်၍ သတိရလာသည်။

“ဟူး…ငါအသက်ရှင် နေသေးတာပဲ”

ရဲချန်ဖန်သည် အသက်ရှင် နေသေးသဖြင့် ကံကောင်းလှသည်ဟု ထင်မှတ် လိုက်သည်။ သူသည် လေးပင်သော မျက်လုံးများကိုဖွင့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေး ကြည့်လိုက်သည်။ ထို့နောက် ခက်ခက်ခဲခဲ ထထိုင်လိုက်ပြီး ဝိညာဉ်ဆေးလုံးများ ထုတ်သောက်ကာ ဒဏ်ရာများ ပိုမိုမဆိုးရွား လာစေရန် ထိန်းလိုက်သည်။ သူက ဝိညာဉ်စုပ်သိုင်းကို အသုံးပြုကာ ဒဏ်ရာများကို စတင် ကုစားလိုက်သည်။ ရဲချန်ဖန်၏ ဒဏ်ရာများသည် အလွန်ပြင်းထန်ပြီး သွေးကြောများ အားလုံးသည် ပျက်စီးလုနီးပါး ဖြစ်သွားကာ ကိုယ်တွင်း အင်္ဂါများကလည်း ပြင်းထန်သော ဒဏ်ရာ ရရှိထားသည်။ သူနှလုံးသားကို ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ကသာ အကာကွယ် မပေးထားပါက သူသေဆုံး သွားနိုင်သည်။

ပြင်းထန်သော ဒဏ်ရာကြောင့် ရဲချန်ဖန် အချိန်တိုအတွင်း ပျောက်ကင်းရန် မဖြစ်နိုင်ပေ။ သူ့ကိုယ်သူ စစ်ဆေးပြီးနောက် ရဲချန်ဖန် အကြည့်က သူဘေးတွင် သတိလစ် မေ့မြောနေသော ရွှယ်နီရှန်ဆီ ရောက်သွား လေသည်။ မေ့မြောနေသော ရွှယ်နီရှန်သည် မျက်မှောင်များ ကုတ်နေပြီး ပြင်းထန်သော ဒဏ်ရာကြောင့် သူမ၏လှပသော မျက်နှာတွင် နာကျင်မှု ဝေဒနာ ခံစားနေရပုံ ပေါ်သည်။ သူမ၏ အဝတ်အစား များမှာလည်း အပိုင်းပိုင်း ပြဲထွက်နေပြီး သူမ၏လှပသော ကိုယ်လုံးလေးကို နိုင်အောင် မဖုံးပေး နိုင်ရှာပေ။ ထို့ကြာင့် ရဲချန်ဖန်သည် သူမ၏ ယုန်နှစ်ကောင်ကိုပင် မြင်နေရရာ တံထွေးများပင် သီးသွားလေသည်။

သို့သော် ရဲချန်ဖန်တွင် ရွှယ်နီရှန်၏ အလှကို ခံစားနေရန် အချိန်မရှိပေ။ သူမ၏ ဒဏ်ရာမှာ သူ့ထက်ပင် ပြင်းထန်နေပြီး အချိန်မရွေး သေဆုံးသွား နိုင်သည်ကို တွေ့လိုက်ရ သောကြောင့်ဖြစ်သည်။

“ဟွန့်… မင်းက ငါ့အသက် တစ်ခါကယ်ခဲ့မှတော့ ငါလည်း မင်းကို တစ်ကြိမ်ပြန် ကယ်ရတာပေါ့”

ရွှယ်နီရှန်သာ ရဲချန်ဖန်နှင့် မီးတောက်ဝိညာဉ်တို့ တိုက်ခိုက်နေစဉ် မီးဝင်္ကပါကို အလစ်ဝင် မတိုက်ခဲ့ပါက ထိုစဉ် ရဲချန်ဖန် မီးဝင်္ကပါဆီမှ လွတ်မြောက်ရန် မလွယ်ချေ။ ရွှယ်နီချန်က သူ့ထံ ဆန်းကြယ် ရေခဲဝိညာဉ် တောင်းဆိုခဲ့စဉ် အခါက မည်သည့် လူသတ်အော်ရာမှ ထုတ်လွင့်ခဲ့ခြင်း မရှိသည်ကို တွေးပြီး သူမကို ကယ်တင်ရန် ဆုံးဖြတ် လိုက်သည်။

“အရင်ဆုံး … နားဖို့နေရာ အရင်ရှာမှပဲ”

မိုးသည် သည်းသည်ထက် သည်းလာနေသဖြင့် ရဲချန်ဖန်သည် ဓါးစက်ရုပ်ကို သိုလှောင်အိတ်ထဲ သိမ်းဆည်းလိုက်ပြီး မေ့မြောနေသည့် ရွှယ်နီရှန်ကို ပွေ့ချီကာ နားခိုစရာ နေရှာကို လိုက်ရှာလိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက် စိတ်ရောလူပါ ပင်ပန်းနေသော ရဲချန်ဖန်သည် တောင်ကြီး တစ်လုံးထဲတွင် လူသူတွေ့ရန် မလွယ်သည့် ဂူလေးတစ်လုံးကို ရှာတွေ့သွားသည်။ ဂူလေးကို နားခိုရန် အလျင်အမြန် သန့်ရှင်းလိုက်ကာ အခင်းတစ်ခုပေါ်တွင် မေ့မြောနေသည့် ရွှယ်နီရှန်ကို ညင်သာစွာ ချလိုက်သည်။ နာကျင်မှုကြောင့် မျက်မှောင်များကြုတ် နေသော်လည်း သူမ အလွန်လှပသည်ကို ရဲချန်ဖန် သတိပြုမိ လိုက်သည်။

ရဲချန်ဖန်က အတွေးများကို ဖယ်ရှားလိုက်ပြီး ရွှယ်နီရှန်ကို စတင်ကုသရန် ပြင်ဆင် လိုက်သည်။ ရဲချန်ဖန်က ဝိညာဉ်စွမ်းအင်ကို သူမကိုယ်ထဲ ပို့လွှတ် စစ်ဆေးလိုက်ရာ နံရိုးများ အားလုံးက ကျိုးကြေနေပြီး ကိုယ်တွင်း အင်္ဂါများသည်လည်း နေရာတွေ ရွေ့နေသည်ကို တွေ့လိုက်ရသည်။ ထိုအပြင် မီးစွမ်းအင် ( မီးအဆိပ် ) ကလည်း သူမကိုယ်ထဲတွင် ကြွင်းကျန် ဝင်ရောက်နေပြီး သူမ၏ အသက်စွမ်းအင်အား အဆက်မပြတ် ဝါးမျိုနေသည်ကို တွေ့ရှိ လိုက်ရသည်။

ရွှယ်နီရှန်သည် အစွမ်းမထက်ပါက မီးအဆိပ်က သူမအသက်ကို နုတ်ယူပြီးဖြစ်သည်။

“ငါမင်းအသက်ကို ကယ်တာနော်။ ငါ့ကို အပြစ်မတင်ပါနဲ့”

ရဲချန်ဖန်က အပြစ်ကင်းကာ အလွန်ကြည်လင် ရှင်းသန့်နေသည့် ရွှယ်နီရှန်၏ မျက်နှာနုနု လှလှလေးကို ကြည့်ကာတီးတိုး ရေရွတ်လိုက်သည်။
“ဗြိ…ဗြိ…”

အဝတ်အစားများ ဖြဲလိုက်သံက ထွက်ပေါ်လာသည်။ ရဲချန်ဖန်က ရွှယ်နီရှန် ဒဏ်ရာများကို ကုသရန် အဝတ်အစားများကို ဖယ်ရှားရန် လိုသည်။ ထို့ကြောင့် သူသည် စုတ်ပြဲနေပြီးဖြစ်သော ရွယ်နီရှန် အင်္ကျီများကို ဖြဲစုတ်လိုက်ခြင်းပင်။ ထိုအခိုက်အတန့်တွင် မေ့မြောနေသော ရွှယ်နီရှန်သည် ရုတ်တရက် လှုပ်ရှားလာပြီး သတိရ လာလေသည်။ ရဲချန်ဖန်က အချိန်များ ရပ်တန့်သွားသလို ခံစားလိုက်ရပြီး ချက်ချင်းပင် ခေါင်းနားပန်း ကြီးသွား လေသည်။
အခန်း ( ၁၇၂ ) ပြီး၏။ ( ၁၇၃ ) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset