Switch Mode

Chapter – 27.3

လက်စားချေမှုလား ... ညီနောင်တွေလား ...

အပိုင်း ၂၇•၃

” လက်စားချေမှုလား ညီနောင်တွေလား ”
°°°
သူတို့ရဲ့ပြိုင်ဘက်တွေအနေနဲ့ ၀မ်သုန့်က ပထမလှုပ်ရှားလိုက်ချိန်မှာတင် အစွမ်းကုန်တိုက်ခိုက်လာမယ်လို့ မထင်ထားခဲ့မိပါဘူး။ ဒါ့အပြင် သူ့ရဲ့ အလင်းတန်းက အရမ်းကို ကြောက်စရာကောင်းနေခဲ့တယ်။ တွေးတောင်မတွေးထားခဲ့တဲ့ကိစ္စပါပဲ။

ဟောင်သုန့်စွမ်းအားရဲ့ အထောင်အပံ့ကြောင့် ၀မ်သုန့်ရဲ့အလင်းတန်းက ၀ိညာဥ်စက်ကွင်းသုံးကွင်းကို ၀ိညာဥ်ပညာရှင်တွေနဲ့ ညီမျှနေခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ပြိုင်ဘက်တွေက အစွမ်းကုန်ခုခံရုံကလွဲပြီ မတတ်နိုင်ခဲ့ပါဘူး။

တောက်ပတဲ့အလင်းတန်းအောက်မှာ အရှိန်နှုန်းကို အသုံးပြုတဲ့၀ိညာဥ်ပညာရှင်တွေကတော့ ချက်ချင်းဆိုသလို လွှင့်ထွက်လို့သွားပါတော့တယ်။ သူတို့ရဲ့တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေက နယ်မြေထဲမှာ ကျန်ရစ်နေဆဲဖြစ်ပေမဲ့ စွမ်းအားအတော်များများက ကုန်ဆုံးလို့သွားခဲ့ပြီ အပြင်ပန်ဒဏ်ရာတွေလဲ ရသွားခဲ့တယ်။ ၀မ်သုန့်က အတောင်ပံတွေကို ခပ်​ဖြည်းဖြည်းခတ်နေရင်း အောက်ကိုဆင်းလာပြီ အရမ်းကိုကြောက်စရာကောင်းတဲ့ စကားတစ်ခွန်းကို ပြောလိုက်ပါတယ်။

” ဒီနယ်မြေထဲကနေ မင်းဘာသာမင်း ထွက်သွားမလား ငါမင်းကိုကူညီပေးရမလား ”

အဲ့ဒီနောက် ဘာမှဖြစ်မလာခဲ့ပါဘူး။ ဒီပြိုင်ပွဲက ကြုံဖူးသမျှထဲမှာ အမြန်ဆန်ဆုံး အဆုံးသတ်သွားတဲ့ပြိုင်ပွဲပါပဲ။ ဒါ့အပြင် ၀မ်သုန့်ရဲ့ ကျော်ကြားမှုကိုလဲ ထိုးတက်လို့သွားစေခဲ့ပါတယ်။ သူကို နံပါတ်တစ်၀ိညာဥ်တိုက်ခိုက်ရေးပညာရှင်လို့တောင် လူတွေက ခေါ်နေခဲ့ပါပြီ။

ပြိုင်ပွဲပြီးတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက အခန်းထဲကို ပြန်ပါတော့တယ်။ အမှန်တိုင်းပြောရမယ်ဆိုရင် ၀မ်သုန့်က ၀ိညာဥ်စွမ်းအားတွေကို ပြန်လည်ရရှိပြီသားဖြစ်ပေမဲ့ အစောပိုင်းတိုက်ပွဲကြောင့် အတော်ကို စွမ်းအားကုန်သွားပြီ ဒဏ်ရာတစ်ချို့လဲ ရသွားခဲ့ပါတယ်။ ဒါကြောင့် ဆက်တိုက်သာ အချိန်ဆွဲပြီတိုက်ခိုက်ဦးမယ်ဆိုရင် အရေးနှိမ့်သွားမှာပါ။ ဟို့ယွိဟောင်နဲ့ သူသာ ဒါကိုသိထားခဲ့ပါတယ်။ ဒါကြောင့်သာ အမြန်ဆုံးနီးနဲ့ အဆုံးသတ်ဖို့အတွက် သူတို့ဆုံးဖြတ်ခဲ့ကြတယ်။ အကယ်၍ ရှဲ့ဟွမ်ယွဲ့လို ခုခံရေးအဓိက အသုံးချတဲ့ပြိုင်ဘက်နဲ့တွေ့လာမယ်ဆိုရင် ပြိုင်ပွဲက ပိုလို့ခက်ခဲသွားမှာပါ။

ဒုတိယပြိုင်ပွဲအဆုံးသတ်သွားပြီတဲ့နောက် ဟို့ယွိဟောင် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့တွေက ထိပ်တန်းလေးယောက်ဆီကို ၀င်သွားပါတော့တယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် နောက်ပြိုင်ပွဲတစ်ပွဲသာ နိုင်လို့ကတော့ သေချာပေါက် ဆုရတော့မှာပါ။ နှစ်ပွဲသာ ဆက်တိုက်နိုင်မယ်ဆိုရင်တော့ ပြိုင်ပွဲတစ်ခုရဲ့ ချန်ပီယံဖြစ်ပြီ ဗိုလ်ဆွဲပါပြီ။

ကျိုးယိကလဲ သူတို့ကို ပြောခဲ့တဲ့ကိစ္စရှိပါတယ်။ ဒီနှစ်ရဲ့ကျောင်းသားသစ်တွေက အရင်နှစ်တွေထက်အများကြီးပိုပြီး သာလွန်နေခဲ့တယ်။ ဒါကြောင့် သူတို့သာ ချန်ပီယံဖြစ်လာနိုင်မယ်ဆိုရင် အနာဂတ်အလားအလာဘယ်လောက်ကောင်းမလဲဆိုတာ သိလာမှာပါ။

အခန်းထဲကို ပြန်ပြီတဲ့နောက် ဟို့ယွိဟောင်က အချိန်မဆွဲတော့ပါဘူး။ အဲ့ဒီအစား ၀မ်သုန့်နဲ့ ဆက်တိုက်ဆိုသလို စတင်ကျင့်ကြံပါတော့တယ်။ ရှောင်းရှောင်းရဲ့အကူအညီမပါတော့ရင် နောက်ပိုင်းရဲ့ပြိုင်ပွဲတွေက ခက်ခဲလာတော့မှာပါ။ ဒါ့အပြင် တူညီတဲ့ နည်းလမ်းကို နှစ်ခေါက်သုံးလို့မရပါဘူး။ အစောပိုင်းမှာ ပေါက်ကွဲမှုအားပြင်းထန်တဲ့ နည်းလမ်းက အနိုင်ရသွားစေနိုင်ပေမဲ့ အဓိက ဖြစ်သွားခဲ့ရတဲ့ကိစ္စက လူတိုင်းအံ့အားသင့်နေခဲ့လို့ပါ။ အခုနောက်တစ်ကြိမ် ပြန်တွေ့ရမဲ့ပြိုင်ဘက်က ဒီအတွက်ကို ပြင်ဆင်ထားပါလိမ့်မယ်။ သူတို့အနေနဲ့ ရှောင်းရှောင်းပြန်မလာခင်အချိန်မှာ အကောင်းဆုံးနည်းလမ်းကို အသုံးပြုပြီ အနိုင်ယူမှဖြစ်မယ်။

မနက်ခင်းမှာတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက မျက်လုံးတွေကိုဖွင့်ရင်း လက်တွေကိုခွာလိုက်ကြပါတော့တယ်။ နေထွက်လာပြီဖြစ်တာကြောင့် အိပ်ယာကနေထပြီ ပြတင်းပေါက်ကိုဖွင့်ရင်း အရှေ့ကို ဟို့ယွိဟောင်က လှမ်းကြည့်လိုက်တယ်။

ခရမ်းရောင်အလင်းတန်းတွေ ထွက်ပေါ်လာပြီတဲ့အချိန်မှာတော့ ဟို့ယွိဟောင်ရဲ့မျက်လုံးတွေကလဲ ခရမ်းရောင်ပြောင်းသွားခဲ့ပါပြီ။ ၀မ်သုန့်လဲ သူ့ကိုယ်သူသန့်ရှင်းရေးလုပ်ဖို့ ထွက်သွားပါတယ်။

အရာအားလုံးကတော့ ချောချောမွေ့မွေ့ဖြစ်ပျက်သွားခဲ့တယ်။ မနက်ခင်းရဲ့ လေအေးအေးတွေကို ရှုရှိုက်တာက ဟို့ယွိဟောင်ရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခုကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။

” အမေ ကျွန်တော်ကိုမြင်ရလား အမေ့သားက ၀ိညာဥ်ပညာရှင်ဖြစ်နေပြီ ဒါ့အပြင် တိုက်ကြီးတစ်ခုလုံးရဲ့ နံပါတ်တစ်ကျောင်းတော်မှာ လူသစ်တွေရဲ့ စာမေးပွဲကာလအတွင်း ထိပ်တန်းအဖွဲ့လေးဖွဲ့ထဲမှာ ပါသွားတယ်…ကျွန်တော်ကို မစိုးရိမ်ပါနဲ့တော့ ကျွန်တော်အမေကို ပြန်လာတွေ့မယ် ..အမေဘ၀မှာခံစားနေရတာတွေ အများကြီးများတော့ ကျွန်တော်အမေကို သေချာပေါက် ခမ်းခမ်းနားနားသင်္ဂြိုလ်ပေးမှာပါ ဒါ့အပြင် အမေအနိုင်ကျင့်ခံထားခဲ့ရသမျှ မကျေနပ်မှုတွေကိုလဲ ဖြေဖျောက်ပေးဖို့ ကျွန်တော်ကြိုးစားပါ့မယ် ”

ဟို့ယွိဟောင်ရဲ့ မျက်လုံးထဲမှာ အမျက်ဒေါသတွေနဲ့ ရန်လိုမှုတွေက ထွက်ပေါ်လာခဲ့ပါပြီ။ ဒါ့အပြင် အနီရောင်အလင်းတန်းတွေကလဲ တခဏတာ ဖြစ်ပေါ်လာခဲ့ပြီ တခဏတာအတွင်း ပျောက်ကွယ်လို့သွားပါတယ်။

သူက ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်လာဖို့အတွက် ကျင့်ကြံမှာမဟုတ်ပါဘူး။ သူ့အမေအတွက် လက်စားချေဖို့ကို သူလုပ်ဆောင်မှာပါ။ ဒါ့အပြင် ငယ်ရွယ်စဥ်အချိန်ကာလတစ်လျှောက်လုံး ခံစားခဲ့ရတဲ့အရှက်တကွဲအကျိုးနည်းဖြစ်မှုတွေကို ဘယ်တော့မှမမေ့လျော့နိုင်ပါဘူး။ တခြားသူတွေဆီက နွေးထွေးကြင်နာမှုတွေကို ရရှိပြီဖြစ်ပေမဲ့ ဒါကကျောင်းတော်ထဲ၀င်ရောက်ခဲ့လို့သာ မိတ်ဆွေတွေရပြီ ကြုံတွေ့ခဲ့ရတာပါ။ ဆယ့်တစ်နှစ်တာလုံးလုံး တွေ့ကြုံခဲ့ရတဲ့ နာကျင်မှုတွေကို မေ့မတတ်တောင် ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာတော့ ကလေးဘ၀တစ်လျှောက်လုံးကြုံတွေ့ခဲ့ရတဲ့ မှတ်ဉာဏ်တွေက နာနာကျင်ကျင်နဲ့ စိတ်ထဲမှာ လွှမ်းမိုးအနိုင်ယူလို့ ထားခဲ့တယ်။

ကလေးဘ၀ရဲ့မှတ်ဉာဏ်တွေက သူ့နှလုံးသားထဲမှာ အမာရွတ်ကြီးတစ်ခုဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် အဲ့ဒီအမာရွတ်ထဲမှာ သူ့အမေရဲ့ မှတ်ဉာဏ်တွေက ကျန်ရှိနေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့ ရည်မှန်းချက်က လူတိုင်းတွေးသလိုမဟုတ်ခဲ့ပါဘူး။ ဒီလိုနာကျင်မှုကနေ ဖြစ်ပေါ်လာတဲ့ လက်စားချေမှုအစေ့က နှလုံးသားထဲမှာ ပေါက်ရောက်လို့နေခဲ့တယ်။

၀မ်သုန့်ကတော့ အခန်းထဲကို ပြန်၀င်လာခဲ့ပါပြီ။ ပြတင်းပေါက်မှာရပ်နေဆဲဖြစ်တဲ့ ဟို့ယွိဟောင်ကို မြင်ချိန်မှာ သူမေးလိုက်ပါတယ်။

” ယွိဟောင် အဆင်ပြေရဲ့လား “‘

အတိတ်အချိန်မှာ ယွိဟောင်က သူပြန်လာတာနဲ့ ချက်ချင်းရေချိုးဖို့ထွက်သွားတတ်သူပါ။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ပြတင်းပေါက်မှာ ရပ်နေဆဲဖြစ်ပါတယ်။

ဟို့ယွိဟောင်က မျက်လုံးကနေ စီးကျလာတဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်း သူအားတင်းပြီပြုံးပြလိုက်ပါတယ်။

“‘ငါအဆင်ပြေပါတယ် အမေအကြောင်း တွေးမိသွားလို့ပါ ”

ထန်ယာ့ ပေ့ပေ့ရော ၀မ်သုန့်တို့ပါ ဟို့ယွိဟောင်အနေနဲ့ သူရဲ့မိဘတွေအကြောင်းပြောတာ မကြားဖူးပါဘူး။ သေဆုံးသွားပြီ မိဘမဲ့တစ်ယောက် ဖြစ်နေတယ်ဆိုတဲ့အကြောင်းသာ ကြားဖူးတာပါ။

၀မ်သုန့်ရဲ့အကြည့်တွေက ချက်ချင်းနူးညံ့လို့သွားပါတော့တယ်။ ဟို့ယွိဟောင်အနားကို သူလျှောက်လာရင်းနဲ့ ပြောလိုက်တယ်။

” ၀မ်းမနည်းပါနဲ့ ဖြစ်ပြီခဲ့တဲ့ ကိစ္စတွေက ဖြစ်ပြီသွားပြီပဲ ဒေါ်လေးအနေနဲ့လဲ မင်းကို ပျော်ရွှင်စေချင်မှာပဲမဟုတ်လား ဒါ့အပြင် ကျောင်းတော်မှာ မင်းအနေနဲ့ လုံး၀ကို ဘ၀သစ်စလို့ရနေပြီ ဒီတော့ အတိတ်ကိုအတိတ်မှာ ချန်ထားခဲ့ပြီ မပျော်ရွှင်ရတဲ့ကိစ္စတွေကို ထားခဲ့လိုက်တော့ မြန်မြန်ရေသွားချိုး ငါတို့တွေ မနက်စာစားပြီတာနဲ့ နောက်တစ်ခေါက် ထပ်ပြီ လေ့ကျင့်ကြရအောင် မင်းပိုပြီးတော့ လေ့လာလေလေ စိတ်ကအနားယူချိန်မရှိလေပဲ ဒီအရာကို ပိုနှစ်ခြိုက်လေဆိုတာပဲမဟုတ်လား အကယ်၍ အတိတ်အချိန်ထက် ပိုပြီးကြိုးစားခဲ့မယ်ဆိုရင် ငါတို့တွေ စိုးရိမ်နေစရာမရှိဘူး “‘

ဟို့ယွိဟောင်က ရယ်မောလိုက်ပါတယ်။ အဲ့ဒီနောက် သူ့ရဲ့ပစ္စည်းပစ္ဆာရတွေကိုဆွဲယူပြီ အခန်းထဲက ထွက်သွားခဲ့ပါပြီ။ လူတစ်ယောက်က လက်စားချေရမဲ့ကိစ္စကို အလွယ်လေးမေ့နိုင်မှာလား။ လက်စားချေမှုကိုသာ မေ့သွားခဲ့မယ်ဆိုရင် ဘယ်လိုကြောင့်များ ဆယ့်တစ်နှစ်အရွယ်ကလေးတစ်ယောက်က နယ်မြေတွေကို တစ်ယောက်ထဲဖြတ်သန်းပြီ မဟာကြယ်တာရာသစ်တောကို ၀င်ရောက်ရင်းအသက်စွန့်တိုက်ခိုက်ခဲ့မှာလဲ ဘယ်လိုအရာကများ အရမ်းကို ပါရမီဆိုးရွားလွန်တဲ့ ကလေးတစ်ယောက်ကို ဒီအခြေအနေထိရောက်အောင် တွန်းပို့စေနိုင်ခဲ့မှာလဲ။ ဒါပေမယ့် လက်စားချေလိုစိတ်က အချိန်မရွေးပြင်းထန်တဲ့ အင်အားတစ်ခုဖြစ်နိုင်သလို လူတစ်ယောက်ရဲ့ မျက်လုံးကိုလဲ အမှောင်ဖုံးသွားစေနိုင်ပါတယ်။

ရေချိုးပြီတဲ့နောက် ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က မနက်စာကို မြန်မြန်သွားစားပြီ နေမြင့်လာတဲ့အထိ လေ့ကျင့်ကြပါတော့တယ်။ အဲ့ဒီနောက် အခန်းထဲကနေထွက်ပြီ စာမေးပွဲနယ်မြေကို အမြန်ပြေးကြတော့တယ်။ ဒီနှစ်ရဲ့ရှုံးထွက်ပွဲစဥ်ချန်ပီယံက ဒီနေ့ဆုံးဖြတ်မှာပါ။ ဒါ့အပြင် သူတို့က နံပါတ်လေးအထိကို ရောက်လာပြီဖြစ်တာကြောင့် တခြားဘယ်အသင်းကိုမှ အလျှော့မပေးနိုင်ပါဘူး။

ကြည့်နေသူတွေကလဲ မနေ့ကထက်တောင် ပိုများပါတယ်။ အားလုံးက ဆရာတွေပဲဖြစ်သလို ကျောင်းသားတွေကတော့ ဆက်ပြီးသင်ကြားနေကြဆဲပါ။ ကွာခြားချက်တစ်ခုကတော့ မနေ့တုန်းက ပေါ်လာခဲ့တဲ့အဘိုးကြီး ဒီနေ့ပေါ်မလာတဲ့ကိစ္စပါပဲ။

အဖွဲ့လေးဖွဲ့က မဲခွဲဖို့အတွက် ရပ်နေခဲ့ကြပါတယ်။

ဒီနေ့မှာတော့ မဲခွဲဖို့အတွက် လုပ်မဲ့သူက သုဝေ့လွမ်မဟုတ်တော့ပါဘူး။

အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ အဘ်ိုးကြီးက သူ့နေရာကိုယူထားခဲ့ပါတယ်။ အဲ့ဒီအဘိုးကြီးကို မြင်ချိန်မှာ ဟို့ယွိဟောင်တစ်ယောက် လန့်သွားခဲ့တယ်။ ဒါက အရူးမ မာရှောင်ထောင့်တစ်ယောက် သူတို့ကို ပထမဆုံးတိုက်ခိုက်ချိန်မှာ မြင်ခဲ့ရတဲ့သူပါ။

အဲ့ဒီအဘိုးကြီးက ပင်လယ်နတ်ဘုရားရေကန်ကနေ ထွက်ပေါ်လာခဲ့တဲ့သူပါပဲ။ လူသစ်တွေရဲ့ ရှုံးထွက်ပွဲစဥ်က ဒီနေ့နောက်ဆုံးအချိန်ကို ရောက်လာပြီဖြစ်တာကြောင့် သူလဲ ထွက်လာခဲ့ပါပြီ။ ဒီလူရဲ့အနေအထားက ဘယ်လောက်အထိ မြင့်မားနေမှန်း သိနိုင်ပါတယ်။ ကျောင်းရဲ့ညွှန်ကြားရေးမှုးဖြစ်တဲ့ သုဝေ့လွမ်တောင်မှ သူ့ကို အတော်လေး လေးစားတဲ့ပုံစံနဲ့နောက်မှာ ရိုးရိုးကျိုးကျိုးကလေး ရပ်နေခဲ့တယ်။

” လူငယ်တို့တွေ့ရတာ ၀မ်းသာပါတယ်..ငါက ရန်ရှောင်ကျဲ့ ကျောင်းတော်ရဲ့ နှစ်ရာခြောက်ဆယ့်တစ်ယောက်မြောက် ကျောင်းအုပ်ပဲ ”

အဖြူရောင်၀တ်ရုံ၀တ်ထားတဲ့ အဘိုးကြီးက ပြုံးပြရင်း ပြောလာခဲ့ပါတယ်။ သူ့ရဲ့အရမ်းကို နွေးထွေးတဲ့ပုံစံက သာမန်လူသားတစ်ယောက်လိုပါပဲ။

အပိုင်း ၂၇•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset