အပိုင်း ၂၇•၂
” လက်စားချေမှုလား ညီနောင်တွေလား ”
°°°
ရွှမ်လောင်က ခေါင်းခါလိုက်ပါတယ်။
” ခန္ဓာကိုယ်၀ိညာဥ်ရဲ့ အဓိက အရေးကြီးဆုံး အစိတ်အပိုင်းက သူ့ရဲ့ရှေ့ရေး အလားအလာဆိုတာ မင်းသိသင့်တယ်.. ဒါ့အပြင် သိုင်းပညာ၀ိညဥ်တွေက တိုက်ခိုက်တဲ့နေရာမှာ ဆက်တိုက်ဆိုသလို ပြောင်းလဲနိုင်တယ်…ဒီနေ့ပြိုင်ပွဲအရ ရှင်းလင်းနေခဲ့ပြီပဲ အဲ့ဒီလို ဖိအားအောက်မှာတောင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ဘယ်လိုအပြောင်းအလဲမှသိပ်ပြီ မရှိခဲ့ဘူး… နောက်တစ်နည်းပြောရမယ်ဆိုရင် ခန္ဓာကိုယ်၀ိညာဥ်တစ်ခုရဲ့ စစ်မှန်တဲ့စွမ်းအားကို မပိုင်ဆိုင်ထားဘူးလေ.. ဒါ့အပြင် သူက အသက်ကြီးလွန်နေပြီ ၀ိညာဥ်စွမ်းအားအပြည့်အ၀ အလုံအလောက်မရှိနိုင်ဘူး.. တစ်ချိန်ထဲမှာပဲ ပထမ၀ိညာဥ်စက်ကွင်းကလဲ ဆယ့်နှစ်အရွယ်ပဲဖြစ်နေတယ်.. အနာဂတ်အလားအလာ ရှိရင်တောင် ငါလိုချင်တဲ့ အလားအလာမျိုးမဟုတ်ဘူး နားလည်ရဲ့လား ”
၀မ်ယန်က အခုအချိန်ထိ မကျေနပ်သေးပါဘူး။
” ရွှမ်လောင်က မနေ့ကတုန်းက ကျွန်တော်တွေ့ခဲ့တာတစ်ခုရှိတယ်..ဟို့ယွိဟောင်နဲ့ ၀မ်သုန့် နှစ်ယောက်က သူတို့ရဲ့ သိုင်းပညာ၀ိညာဥ်တွေကို ပေါင်းစည်းပြီ ပေါင်းစည််းစွမ်းရည်တစ်ခုကိုတောင် ထုတ်လွှတ်နိုင်သေးတယ်..အဲ့ဒီပေါင်းစည်းစွမ်းရည်ကဘာမှန်း ကျွန်တော်မသိပေမဲ့ အဲ့ဒါကရောသူ့ရဲ့ ပါရမီကို သက်သေပြဖို့ မလုံလောက်ဘူးလား ”
ရွှမ်လောင်က ငြင်းပယ်လိုက်ပါတယ်။
” ပေါင်းစည်းစွမ်းရည်ဆိုတာ ဘာမှမဟုတ်ဘူး ကောင်းပြီ ငါဆုံးဖြတ်ချက် ချပြီးပြီ ဟိုကလေးနှစ်ယောက်ကို ရွေးချယ်နိုင်တယ်..ဟို့ယွိဟောင်ကတော့ ထားလိုက်တော့ “‘
သူပြောပြီတာနဲ့ ချက်ချင်းထထွက်သွားပါတော့တယ်။ သူ့ရဲ့ ယိမ်းယိုင်နေတဲ့ ခြေလှမ်းတွေက အချိန်မရွေးလှဲကျတော့မဲ့အတိုင်းပါပဲ။
ရွှမ်လောင်ရဲ့နောက်ကျောကိုကြည့်ရင်း ၀မ်ယန်ကတော့ သက်ပြင်းချနေခဲ့မိပါတယ်။ ဟို့ယွိဟောင်ရဲ့ ပြဿနာကို သူသိပေမဲ့ ဟို့ယွိဟောင်မှာ ထူးခြားချက်တွေ ရှိနေတယ်လို့ အပြည့်အ၀ ယုံကြည်နေဆဲပါ။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့က အပေါ်ယံမှာသူ့ထက်ပိုပြီး ထူးချွန်တယ်လို့ထင်ရပေမဲ့ ပြိုင်ပွဲမှာ တကယ်တမ်းအပြောင်းအလဲဖြစ်စေနိုင်သူက ဟို့ယွိဟောင်ဖြစ်မှန်း သူသိနေဆဲပါ။ ဒါတွေက ဘာကြောင့်များပါလိမ့်။
” ငါ့ရဲ့အကဲဖြတ်မှုက မှားသွားတာလား မဖြစ်ဘူး ငါလုံး၀ လက်လျှော့လို့မဖြစ်ဘူး ဘယ်လိုပဲဖြစ်ရပါစေ ဟို့ယွိဟောင်ကို ငါသေချာပေါက် မြေတောင်မြောက်ပေးရမယ်…မွေးမြူးပေးရမယ်…သူနောက်ထပ် ပိုပြီးအောင်မြင်လာမှ ရွှမ်လောင်အနေနဲ့သိရလဲ နောက်မကျသေးပါဘူးလေ “‘
လူသစ်တွေရဲ့ ပြိုင်ပွဲက နောက်ဆုံးအနေအထားအထိ ရောက်ရှိနေခဲ့ပါပြီ။ ထိပ်တန်းရှစ်ယောက်က မနက်ပိုင်းပြိုင်ပွဲမှာတင် ဆုံးဖြတ်ပြီသား ဖြစ်သွားခဲ့ပါတယ်။ ဒီရှစ်ဖွဲ့က အထူးချွန်ဆုံးသူတွေပါပဲ။ ဒါပေမယ့် ၀ိညာဥ်အကြီးအကဲတွေ ဦးဆောင်တဲ့အဖွဲ့နှစ်ဖွဲ့ကတော့ ဖယ်ရှားခံလိုက်ရပြီသား ဖြစ်သွားခဲ့ပါတယ်။ အားလုံးအတွက်တော့ ဒါက အံ့ဩစရာပါ။ အရေးကြီးဆုံးကတော့ သူတို့နှစ်ဖွဲ့စလုံးကို ထုတ်ပယ်လိုက်တဲ့အဖွဲ့က တစ်ခုထဲဖြစ်နေခဲ့တာပါပဲ။
ရှုံးထွက်ပွဲစဥ်မှာ အဖွဲ့ရှစ်ဖွဲ့သာကျန်ပါတော့တယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ စာမေးပွဲနယ်မြေကို ရောက်ရှိလာချိန်မှာတော့ တခြားအဖွဲ့ခုနှစ်ဖွဲ့က သူတို့ကို အာရုံစိုက်မိကြပါတော့တယ်။ ဒါ့အပြင် ဘယ်သူကမှ သူတို့နှစ်ယောက်နဲ့ နောက်ဆုံးဗိုလ်လုပွဲမရောက်ခင်အထိ မတိုက်ခိုက်ချင်ကြပါဘူး။ သူတို့နှစ်ယောက်ထဲ ရှိနေတယ်ဆိုရင်တောင် ထိတ်လန့်စရာပါ။
ဟောင်သုန့်စွမ်းအားက အရမ်းကို အားကောင်းလှပါတယ်။ ဟို့ယွိဟောင်ရဲ့ ထောက်ပံ့ပေးမှုအောက်မှာ ၀မ်သုန့်က ၀ိညာဥ်စွမ်းအားတွေအားလုံးကို လေးနာရီအတွင်း ပြန်လည်ရရှိသွားခဲ့ပါပြီ။ ဒါ့အပြင် မနက်ပိုင်းမှာ အသုံးပြုခဲ့တဲ့ စွမ်းအားတွေကို ကျော်လွန်ရင်း အဆင့်နှစ်ဆယ့်ငါးအထိကို ရောက်ရှိလို့သွားတော့တယ်။
အသင်းတွေအတွက် မဲခွဲဆုံးဖြတ်ပြီချိန်မှာတော့ ဟို့ယွိဟောင်က ၀မ်သုန့်ကို ပြောလာခဲ့ပါတယ်။
” ဟုတ်ပြီ မနက်ပိုင်းပြိုင်ပွဲရဲ့အဆုံးသတ်မှာ မင်းသုံးလိုက်တာ ဘာစွမ်းရည်လဲ ”
၀မ်သုန့်က ပြန်ဖြေလာခဲ့ပါတယ်။
” ငါ့ရဲ့ပထမ၀ိညာဥ်စွမ်းရည်နဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်တွေကို ပေါင်းစည်းလိုက်တာလေ လက်ရှိအချိန် ငါလုပ်နိုင်တဲ့ အသန်မာဆုံးတိုက်ကွက်ပဲ အကယ်၍ ငါသာ မမှားဘူးဆိုရင် ရှဲ့ဟွမ်ယွဲ့ကလဲ အရမ်းကိုရှားပါးတဲ့ သားရဲကောင်၀ိညာဥ်အမျိုးအစားကိုပိုင်ဆိုင်လိမ့်မယ်..မှတ်မိသလောက်အရဆိုရင် အဲ့ဒါက ရော်ဘာတုံးကြီးပဲ ဒါ့အပြင် သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ခုခံတဲ့နေရာမှာ အရမ်းကို သာလွန်းလွန်တယ်…ပထမ၀ိညာဥ်စက်ကွင်းစွမ်းရည်က ဆင်ပုံသဏ္ဍာန်အသွင်ပြောင်းမှုပဲ ဖြစ်လိမ့်မယ်..လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီ အားကောင်းအောင် လုပ်နိုင်တာက ဆင်နှာမောင်းဖြစ်မယ်…နောက်ဆုံးစွမ်းရည်ကတော့ ဆင်ရဲ့ဒေါသတဲ့ အကယ်၍ ရော်ဘာဘောလုံးကြီးရဲ့ခုခံစစ်ကို ဖျက်ဆီးချင်တယ်ဆိုရင် သာမန် တိုက်ခိုက်မှုတွေက အလုပ်ဖြစ်မှာမဟုတ်ဘူး…ငါသိသလောက်အရဆိုရင် အဲ့ဒါကို ဖျက်ဆီးနိုင်တာ နှစ်မျိုးပဲရှိတယ်…ထိပ်တန်းအဆင့်ရောက်နေတဲ့ တိုက်ခိုက်မှု ဒါမှမဟုတ်ရင် အရမ်းကို စူးရှထက်မြက်တဲ့ အစွမ်းအစတစ်ခုပဲ ငါ့ရဲ့လိပ်ပြာနတ်မိမယ်အလင်းတန်းကို အသုံးပြုပြီ သူ့ရဲ့ခုခံစစ်ကို အဆုံးစွန်အထိ ထိုးဖောက်နိုင်ဖို့ ငါအသုံးပြုနိုင်တယ်..အဲ့ဒီကောင်ကို ရှောင်းရှောင်းဖမ်းမိထားတဲ့ အချိန်မှာ ငါ့အနေနဲ့လဲ စူးရှထက်မြက်တဲ့ အစွမ်းအစကို အဆုံးစွန်အထိ ထည့်သွင်းဖို့အတွက် အချိန်အလုံအလောက် ရလိုက်တယ်..ဒါကြောင့် ငါ့ရဲ့တိုက်ကွက်တစ်ကွက်ထဲက သူ့ရဲ့ သိုင်းပညာ၀ိညာဥ်ကို ဖျက်ဆီးနိုင်မယ်လို့ ယုံကြည်ချက်ရှိနေတာပဲ ”
၀မ်သုန့်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီတဲ့နောက် ဟို့ယွိဟောင်လဲ စိတ်ထဲမှာ ချီးမွမ်းနေခဲ့မိပါတယ်။ ၀ိညာဥ်ပညာရှင်တွေနဲ့ ပတ်သက်တဲ့ကိစ္စတွေကို သုံးလအတွင်းဆက်တိုက်သင်ကြားသင်ယူခဲ့ပေမဲ့ သူနဲ့၀မ်သုန့်ကြားမှာ ကွာခြားချက်က ကြီးမားလို့နေခဲ့တယ်။ ဒါ့အပြင် ၀မ်သုန့်အနေနဲ့က သူ့ထက် အသိပညာမှာ အများကြီးပိုသာလွန်နေခဲ့တာပါ။
” ဟို့ယွိဟောင်အဖွဲ့ ရှေ့ထွက်ပြီ မဲခွဲပါ ”
အုပ်ချုပ်ရေးမှုးလဲတစ်ဖြစ် ညွှန်ကြားရေးမှုးလဲတစ်ဖြစ်ဖြစ်တဲ့ သုဝေ့လွမ်ရဲ့အသံက ဟို့ယွိဟောင်ကို သတိပြန်၀င်လာစေခဲ့ပါတယ်။ အဲ့ဒီနောက် သူအရှေ့ကို ခပ်မြန်မြန်ပဲ လျှောက်လာခဲ့တယ်။ ဟို့ယွိဟောင်က သုဝေ့လွမ်ကိုင်ထားတဲ့ ဗူးထဲကနေ တုတ်ချောင်းတစ်ချောင်းကို ဆွဲယူလိုက်ပါတယ်။
ဟို့ယွိဟောင်ကိုကြည့်ရင်း သုဝေ့လွမ်ကတော့ သူ့ဘာသာသူတွေးနေခဲ့မိတယ်။ ဒီကလေးက သူ့ဘာသာသူ ထူးချွန်တဲ့အချက်တွေ ရှိနေပြီသားပါ။ စိတ်၀ိညာဥ်အမျိုးအစားသိုင်းပညာ၀ိညာဥ်ကလဲ အရမ်းကို ရှားပါးတယ်။ စိတ်မကောင်းစွာနဲ့ အခုအချိန်ထိ အဆင့်နှစ်ဆယ်ကို မရောက်သေးပါဘူး။ ဒါ့အပြင် သန်မာတဲ့၀ိညာဥ်စက်ကွင်းကို အနာဂတ်မှာ ရရှိနိုင်ဖို့အခွင့်အရေးကလဲ နည်းပါးလို့နေခဲ့ပါတယ်။ အကယ်၍ ကျောင်းတော်ရဲ့ပြိုင်ပွဲတွေအားလုံးကို ဖြတ်ကျော်ပြီ ကျောင်းသားအဖြစ် ကျန်ရစ်နေမယ်ဆိုရင်တောင် အနာဂတ်မှာ အဓိကတပည့်သား ဖြစ်လာနိုင်ဖို့ အရည်အချင်းပြည့်မီမယ်လို့ မထင်ပါဘူး။
” နံပါတ်သုံး ”
ဟို့ယွိဟောင်ရဲ့ မဲကိုကြည့်ပြီတဲ့နောက် သုဝေ့လွမ်က ကြော်ငြာလိုက်ပါတယ်။ တခြားတစ်ဖက်မှာရှိနေတဲ့ အဖွဲ့ကတော့ အမူအရာပျက်သွားခဲ့ပါပြီ။ သူတို့တွေက ဟို့ယွိဟောင်တို့အဖွဲ့နဲ့ တိုက်ခိုက်ရမှာပါ။
” ငါတို့တွေ ၀ိညာဥ်အကြီးအကဲနဲ့ တိုက်ခိုက်ဖို့အခွင့်အရေးက ခုနှစ်ပုံ တစ်ပုံပဲရှိတယ်..အကယ်၍ ငါတို့ရဲ့ နောက်အဖွဲ့ကသာ အဲ့ဒီ၀ိညာဥ်အကြီးအကဲတွေရဲ့ အဖွဲ့ဖြစ်နေရင်တော့ ငါတို့တွေ မိုးနတ်မင်းကို ဆုတောင်းနေရတော့မှာပေါ့ ”
” ဘယ်မိုးနတ်မင်းကို မင်းသွားဆုတောင်းမလို့လဲ ”
၀မ်သုန့်က ပြောလိုက်မိပါတယ်။
” သေချာပေါက် ပင်လယ်နတ်ဘုရားကို ဆုတောင်းရမှာပေါ့ အဲ့ဒါက ကျောင်းတော်ရဲ့ သင်္ကေတပဲမဟုတ်ဘူးလား “‘
၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်ကို လက်တင်ပြီ ပြောလာခဲ့ပါတယ်။
” ငါ့သူငယ်ချင်း ဒါရယ်စရာလုံး၀ မကောင်းဘူးနော် ငါတို့တွေ စစချင်တုန်းက အဖွဲ့သုံးဆယ်နှစ်ဖွဲ့ထဲမှာ သုံးဖွဲ့ပဲရှိတာကို ၀ိညာဥ်အကြီးအကဲတွေနဲ့ တွေ့ရတယ်..တကယ်ဆိုအဲ့ဒါ ဆယ်ရာခိုင်နှုန်းတောင်မရှိဘူး…ဒါပေမယ့် ငါတို့တွေ တိုက်ခိုက်လိုက်ရတယ်မဟုတ်လား နောက်တစ်ခေါက် ဆယ့်ခြောက်ယောက်ထဲမှာ အဖွဲ့ပါလာပြန်တာတော့လဲ ရှစ်ရာခိုင်နှုန်းအတွင်းကို တွေ့လိုက်ရပြန်ပါတယ်..အခုခုနှစ်ပုံတစ်ပုံ အခွင့်အရေးရှိတာတောင် နောက်တစ်ကြိမ် ထပ်ပြီ ၀ိညာဥ်အကြီးအကဲနဲ့ တွေ့နေရဦးမယ်ဆိုရင် ဘယ်လိုလုပ်မလဲ ”
သူ့ရဲ့သုံးသပ်ချက်စကားကို ကြားပြီချိန်မှာတော့ ဟို့ယွိဟောင်လဲ ခါးသီးမှုအပြည့်နဲ့သာ ပြုံးနေခဲ့ပါတယ်။
” ငါတို့အဲ့ဒီလောက်ကြီး ကံဆိုးတာတော့ မဖြစ်နိုင်တာမဟုတ်ဘူးလား ”
ကံတရားက မျက်လုံးနဲ့မမြင်ရပေမဲ့ လူတစ်ယောက်အနေနဲ့ အမြဲတမ်းကံဆိုးနေရတာ ကံကောင်းနေတာမျိုးက အမြဲမရှိနိုင်ပါဘူး။ တစ်လှည့်ဆီတော့ဖြစ်နေဦးမှာပါ။ ဒီတစ်ကြိမ်မှာတော့ သူတို့ရွေးချယ်လိုက်တဲ့အဖွဲ့မှာ ၀ိညာဥ်အကြီးအကဲမရှိခဲ့ပါဘူး။
စာမေးပွဲနယ်မြေထဲ ၀င်ရောက်လာပြီတဲ့နောက် နှစ်ဖက်အဖွဲ့က မျက်နှာချင်ဆိုင်ရင်း သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်ကြပါတယ်။ ဒီတစ်ခေါက် သူတို့ဖက်က အတန်းနံပါတ်ကိုးကသာ သုံးယောက်စလုံးက ၀ိညာဥ်ပညာရှင်ကြီးဖြစ်နေခဲ့ပါတယ်။ အတော်လေးသန်မာတဲ့ အဖွဲ့တစ်ဖွဲ့ပါပဲ။ ဒါပေမယ့် ဟို့ယွိဟောင်တို့အဖွဲ့က အရှေ့နှစ်ပွဲကိုအနိုင်ယူခဲ့တဲ့ ကိစ္စကိုကြည့်ရင်း သူတို့ကြားမှာ ကွာခြားချက်ကတော့ ရှိနေခဲ့ပါတယ်။
” အမြန်နှုန်း၀ိညာဥ်ပညာရှင်နှစ်ယောက် တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တစ်ယောက် ဒီပေါင်းစည်းမှုက ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်မလဲ ငါတို့တွေ ဘယ်လိုလုပ်မလဲ ”
၀မ်သုန့်က ဟို့ယွိဟောင်အနားနားကို ကပ်လာပြီပြောလိုက်ပါတယ်။
” အင်အားသုံးပြီထိုးဖောက်ထွက်မယ်လေ ”
” ကောင်းပြီ ”
သူတို့နှစ်ယောက်ကြားမှာ နားလည်သဘောပေါက်နိုင်စွမ်းက ပိုမို မြင့်မားလာပါတော့တယ်။ တခဏတာစကားပြောပြီချိန်မှာပဲ ပြိုင်ပွဲက စတင်လာခဲ့ပါပြီ။
နှစ်ဖက်စလုံးက ပြိုင်ပညာ၀ိညာဥ်တွေကို ထုတ်လွှတ်လိုက်ပါတော့တယ်။ ဒါပေမယ့် တိုက်ခိုက်ရေးပညာရှင်ဖြစ်တဲ့ ၀မ်သုန့်က ချက်ချင်းထွက်မသွားခဲ့ပဲ အတောင်ပံတွေကိုခတ်ပြီ လေထဲကို ပျံသန်းလို့သွားပါတယ်။ အဲ့ဒီနောက် ဒုတိယ၀ိညာဥ်စက်ကွင်းဖြစ်တဲ့ ခရမ်းရောင်၀ိညာဥ်စက်ကွင်းကို စတင်အသုံးပြုတော့တယ်။
ဟို့ယွိဟောင်ကတော့ ၀မ်သုန့်ရဲ့ ခြေချင်၀တ်အောက်မှာ ရှိနေခဲ့ပါတယ်။ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းက ၀မ်သုန့်ထုတ်လွှတ်ထားတဲ့ အလင်းတန်းကြောင့် ဘယ်သူမှမြင်ရဖို့ မလွယ်ကူပါဘူး။
၀မ်သုန့်မျက်နှာပေါ်မှာရှိတဲ့ အလင်းတန်းက လိမ္မော်ရောင်တစ်ချို့ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒါကတော့ သူတို့အသုံးပြုနေတဲ့ ဟောင်သုန့်စွမ်းအားကြောင့်ပါပဲ။
ဒီတစ်ကြိမ်မှာ ဟို့ယွိဟောင်က ၀မ်သုန့်ကို အနီးကပ်လေ့လာနေခဲ့ပါတယ်။ ဘယ်သူမှသူ့ကိုမနှောင့်ယှက်နိုင်အောင် သတိထားလို့နေခဲ့တယ်။ ရလဒ်အနေနဲ့ ၀မ်သုန့်ရဲ့ လိပ်ပြာတောင်ပံပေါ်မှာ ထွက်ပေါ်နေတာက အလင်းတန်းတွေမဟုတ်ပဲ အလင်းလုံးတွေ ဖြစ်နေတာကို မြင်လိုက်ရပါတော့တယ်။ အတောင်ပံပေါ်မှာရှိနေတဲ့ ရွှေရောင်သင်္ကေတွေတစ်ခုချင်းဆီတိုင်းက အလင်းလုံးတွေကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်နေခဲ့ပြီ ဆယ်နဲ့ချီရှိနေခဲ့ပါတယ်။ မကြာခင်အချိန်မှာ လိမ္မော်ရောင်အလင်းတန်းက နယ်မြေတစ်ခွင်လုံးကို လွှမ်းခြုံလို့သွားခဲ့ပါပြီ။
အပိုင်း ၂၇•၂ ပြီး၏။