အခန်း (၁၅၄)
ဘယ်သူ ရန်စဝံ့သလဲ
“တရားစီရင်ရေးသိုင်း…”
ရဲချန်ဖန်က ခန္ဓာကိုယ်စွမ်းအားကို အားကုန်ထုတ်ကာ အကြီးအကဲ နှစ်ဦးအနက် အနည်းငယ် ပိုအင်အားနည်းသည့် မီးအကြီးအကဲကို တိုက်ခိုက်လိုက်လေသည်။
“လောင်မြိုက်မီး… တိုက်ခိုက်စမ်း…”
ရဲချန်ဖန်ကို သတ်ဖြတ်နိုင်သည့် အခွင့်အရေးရရန် မီးအကြီးအကဲက ရှောင်တိမ်းခြင်း မပြုဘဲ သူ၏ အစွမ်းထက်သော ဝိညာဉ်သိုင်းကို အသုံးပြုကာ တိုက်ခိုက်လိုက်လေသည်။
“ဝုန်း…”
သိုင်းကွက်နှစ်ခု ထိပ်တိုက် တွေ့ဆုံချိန်တွင် ပြင်းထန်သော မီးမုန်တိုင်းကြီး ဖြစ်ပေါ်လာလေ သည်။ ထိုတွန်းကန်အားကြောင့် နှစ်ဦးလုံးပင် တုန်ခါသွားပြီး နောက်သို့လွင့်စဉ်သွားကြသည်။
“ရဲချန်ဖန် သေစမ်း…”
“ယင်ယန် တုတ်သိုင်း…”
ရဲချန်ဖန် နောက်သို့လွင့်စဉ် သွားသည်ကို ယင်ယန်ခန်းမ အကြီးအကဲက လက်လွတ်မခံပဲ ပြင်းထန်စွာ တိုက်ခိုက်လိုက်လေသည်။ ယင်ယန်ခန်းမ အကြီးအကဲက မြေကမ္ဘာအဆင့် တုတ်တံဖြင့် ရဲချန်ဖန်ကို ဖြတ်ပိုင်း ရိုက်ချလိုက်ခြင်းပေ။
“ရွှေလင်းယုန် တောင်ပံ…”
ထိုအရေးကြီး အခိုက်အတန့်တွင် ရဲချန်ဖန်က ရွှေလင်းယုန်တောင်ပံကို ဆင့်ခေါ်လိုက်ရာ ရဲချန်ဖန်၏ မြန်နှုန်းမှာ အလွန်တိုးတက်လာပြီး ယင်ယန်ခန်းမ အကြီးအကဲ၏ ထိခိုက်မိပါက ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည့် တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်ပြီး မီးအကြီးအကဲကို တိုက်ခိုက် လိုက်သည်။
မီးအကြီးအကဲသည် ယင်ယန်ခန်းမ အကြီးအကဲထက် အင်အားနည်းသည့် အတွက် မီးအကြီးအကဲကို အရင်သတ်ရန် ကြိုးစားနေခြင်းပင်။ မီးအကြီးအကဲမှာ အံ့အားသင့်သွား သော်လည်း တိုက်ခိုက်မှုကို အထိခံရန် ခွင့်ပြုခြင်းမရှိဘဲ ရဲချန်ဖန် နောက်ဆုတ်သွားစေရန် အော်ဟစ်မာန်သွင်း တိုက်ခိုက် လိုက်လေသည်။
“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ အေးခဲစမ်း…”
မီးအကြီးအကဲက မီးလှိုင်းများ ထုတ်လွင့် တိုက်ခိုက် နေသောကြောင့် ရဲချန်ဖန်က ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အသုံးပြုကာ ပြင်းထန်စွာ လောင်ကျွမ်းနေသော မီးများကို အေးခဲစေလိုက် သည်။
“ဝိညာဉ် စမ်းရေလား။ မင်းဆီမှာ ဝိညာဉ်စမ်းရေ ရှိတာလား”
သူ၏ လောင်ကျွမ်းနေသော မီးများကို တစ်မုဟုတ်ချင်း အေးခဲသွားစေသော အအေးဓာတ်ကို ခံစားမိရင်း မီးအကြီးအကဲက ကြောက်လန့် တုန်လှုပ်ကာ သူ၏ နှလုံးသား ဝိညာဉ်များပင် အေးခဲ သွားသည်ဟု ခံစားလိုက်ရလေသည်။ မီးအကြီးအကဲသည် ကြောက်လန့် တုန်လှုပ်မှုကြောင့် အံ့သြ မှင်သက်ကာ မလှုပ်မယှက် ရပ်နေလေသည်။
“လျှပ်တစ်ပြက် သတ်ဖြတ်ခြင်း…”
ရဲချန်ဖန်က မီးအကြီးအကဲ အံ့သြမှင်သက်ကာ ရပ်တန့်နေသည့် အခွင့်အရေးကို လက်လွှတ်ခြင်း မရှိပေ။ ချက်ချင်းပင် လျှပ်တစ်ပြက် ဓားသိုင်း အသုံးပြုကာ တိုက်ခိုက် လိုက်လေသည်။ ဓားအလင်းက မီးခြင်္သေ့ခေါင်းကို ထိုးဖောက်ကာ မီးအကြီးအကဲ ရင်ဘတ်ကို ဖြတ်သန်း သွားလေသည်။ မီးအကြီးအကဲ ရင်ဘတ်မှ သွေးများ ဒလဟော စီးကျလာလေသည်။
“ယင်ယန် စုပေါင်းအား…”
ယင်ယန်ခန်းမ အကြီးအကဲက မီးအကြီးအကဲ ပြင်းထန်စွာ ဒဏ်ရာ ရသွားသည်ကို ကြည့်ပြီး သူ နှစ်ရာပေါင်းများစွာ တိတ်တခိုး စုဆောင်း လေ့ကျင့်ထားသည့် ယင်ယန်ဖိုမ အတွင်းအားကို ထုတ်သုံးကာ ရဲချန်ဖန် သေဆုံးစေရန် တိုက်ခိုက်လိုက်သည်။ သို့သော် ရွှေလင်းယုန် တောင်ပံ၏ မြန်နှုန်းမှာ မယုံနိုင်စရာ ကောင်းအောင် လျင်မြန်လှရာ တစ်မုဟုတ်ချင်း ရဲချန်ဖန်က မီးအကြီးအကဲ နောက်ကျောသို့ ရောက်ရှိသွားလေသည်။
“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ… အေးခဲစမ်း…”
ရဲချန်ဖန်က မီးအကြီးအကဲကို ရှောင်တိမ်းရန် အချိန်မပေးချေ။ မီးအကြီးအကဲက အေးခဲမှုကို မီးဖြင့် ချက်ချင်း ချေဖျက်လိုက် နိုင်သော်လည်း ထိုအချိန်ခဏလေးသည် ရဲချန်ဖန်ဖို့ တိုက်ခိုက်ရန် အချိန် လုံလောက်သွားပြီ ဖြစ်လေသည်။ ဓားအင်အား နဝမအဆင့်ပါသော ဓားအလင်းက မီးအကြီးအကဲ၏ ပခုံးမှတစ်ဆင့် လက်မောင်း တစ်ခုလုံးကို ဖြတ်တောက်လိုက်ရာ သွေးများ မြေပေါ်သို့ ပန်းထွက်ကျဆင်း သွားလေသည်။
“အေးခဲစမ်း…”
ရဲချန်ဖန်က ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို အသုံးပြုကာ မီးအကြီးအကဲကို ထပ်မံ အေးခဲစေလိုက်ပြီး မီးအကြီးအကဲ၏ ခြေထောက်ကို ဖြတ်ကန်လိုက်သည်။ ထို့နောက် ဒူးထောက် လဲကျသွားသော မီးအကြီးအကဲကို ထပ်မံ အခွင့်အရေး မပေးတော့ဘဲ လက်ကို မီးအကြီးအကဲ ခေါင်းပေါ် တင်လိုက်ပြီး ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ်ကာ မီးအကြီးအကဲ၏ ဝိညာဉ်သားရဲကို စုပ်ယူလိုက် လေသည်။
“ယင်ယန်ခန်းမ အကြီးအကဲ ဒီတစ်ခါတော့ ခင်ဗျားအလှည့်ပဲ”
ရဲချန်ဖန်က မီးအကြီးအကဲကို သတ်ပြီးနောက် သူ့ပိုင်ဆိုင်မှုများကို သိမ်းယူလိုက်သည်။ ထို့နောက် အလွန် ရုပ်ပျက်နေသည့် ယင်ယန်ခန်းမ အကြီးအကဲကို ပြောလိုက်လေသည်။ ယင်ယန် ခန်းမ အကြီးအကဲသည် မီးအကြီးအကဲထက် များစွာ ပိုအစွမ်းထက်သော်လည်း ရဲချန်ဖန်၏ အစွမ်းကို ကြည့်ပြီး ကြောက်ရွံ့နေပြီ ဖြစ်သည်။
“လေအရိပ်…”
ယင်ယန်ခန်းမ အကြီးအကဲ မျက်လုံးထဲမှ ထွက်ပြေးရန် ရည်ရွယ်ချက်ကို ရိပ်မိလိုက်ရာ ချက်ချင်းပင် တိုက်ခိုက်လိုက်လေသည်။ ယင်ယန်ခန်းမ အကြီးအကဲသည် မီးအကြီးအကဲထက် များစွာ အစွမ်းထက်နေရာ ရဲချန်ဖန်က ရွှေလင်းယုန် တောင်ပံ၏ မြန်နှုန်းကို အားပြုပြီး အဆက်မပြတ် တိုက်ခိုက်နေလေသည်။
“ပေါင်နှစ်သိန်းစွမ်းအား… ကျိုးပဲ့စမ်း…”
ဆယ့်ငါးမိနစ်ခန့်ကြာ တရစပ် တိုက်ခိုက်ပြီးနောက် ရဲချန်ဖန်က ခန္ဓာကိုယ် စွမ်းအားကို တိုးမြှင့်ပြီး တိုက်ခိုက်လိုက်ရာ ယင်ယန်ခန်းမ အကြီးအကဲ၏ မြေကမ္ဘာအဆင့် တုတ်လက်နက်မှာ ကောင်းကင်အဆင့် ဓား၏ တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ ယင်ယန်ခန်းမ အကြီးအကဲက တုတ်နှင့်အတူ အဝေးရှိ ရွှံ့နွံထဲ လွင့်စဉ်လဲကျ သွားလေသည်။
ယင်ယန်ခန်းမ အကြီးအကဲသည် သွေးများ ပျို့တက်လာသည်ကို မထိန်းနိုင်တော့ဘဲ အန်ထုတ်လိုက်ရသည်။ ယင်ယန်ခန်းမ အကြီးအကဲက မိမိအခြေအနေကို နားလည်လိုက်ရာ ရဲချန်ဖန်ကို ရင်ဆိုင်တိုက်ခိုက်ရန် မကြိုးစားတော့ဘဲ ထွက်ပြေးရန် လုပ်လိုက်လေသည်။
“ယင်ယန်ခန်းမ အကြီးအကဲ ခင်ဗျား ပြေးလို့လွတ်မယ် ထင်နေလား”
ရဲချန်ဖန်က ယင်ယန်ခန်းမ အကြီးအကဲ ထွက်ပြေးရန် ကြိုးစားသည်ကို မြင်လိုက်သည်နှင့် ရွှေလင်းယုန် တောင်ပံကို အသုံးပြုကာ ယင်ယန်ခန်းမ အကြီးအကဲကို ဟန့်တား လိုက်လေသည်။
“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ အေးခဲစမ်း…”
ထွက်ပြေးနေသော ယင်ယန်ခန်းမ အကြီးအကဲက ရဲချန်ဖန် ဤမျှ လျင်မြန်လိမ့်မည်ဟု ထင်မှတ်ထားခြင်း မရှိရာ ခုခံရန် အချိန်မရလိုက်ဘဲ တစ်ကိုယ်လုံး အေးခဲသွားလေသည်။ ယင်ယန် ခန်းမ အကြီးအကဲ အေးခဲသွားသည်နှင့် ကောင်းကင်ဓားနှင့် ရင်ဘတ်ကို ခုတ်ချလိုက် လေသည်။ ယင်ယန်ခန်းမ အကြီးအကဲ ပြင်းထန်စွာ ဒဏ်ရာရရှိ သွားလေသည်။ သူက နာကျင်စွာ အော်ဟစ်ညည်းညူ တောင်းပန်တော့သည်။
“ရဲချန်ဖန် ငါ့ကိုမသတ်ပါနဲ့”
ပြင်းဒဏ်စွာ ဒဏ်ရာရပြီး အသက်ဘေး အန္တရာယ်နှင့် ကြုံတွေ့သောအခါ ယင်ယန်ခန်းမ အကြီးအကဲက မာနပင် မထားနိုင်တော့ပဲ တောင်းပန်တိုးလျှိုး လေတော့သည်။
“ဝိညာဉ်စုပ်သိုင်း… စုပ်ယူစမ်း…”
ရဲချန်ဖန်က ကြင်နာ သနားနေခြင်း မရှိတော့ပေ။ သူသာ ရှုံးနိမ့်ပါက ဤထက် အဆပေါင်းများစွာ ဆိုးသော လောကငရဲနှင့်ပင် ကြုံတွေ့ရမည်ဖြစ်ရာ ဝိညာဉ်စုပ်သိုင်းကို အသုံးပြုကာ ယင်ယန်ခန်းမ အကြီးအကဲ၏ သားရဲဝိညာဉ်ကို စုပ်ယူလိုက်လေသည်။
“အင်း… ကောင်းကင် သားရဲဘုရင် ဒုတိယအဆင့်တက်ဖို့ ဝိညာဉ်စွမ်းအင်က ပြည့်နှက် နေပြီပဲ”
ကောင်းကင် သားရဲဘုရင် ပဉ္စမအဆင့် နှစ်ယောက်၏ သားရဲများကို စုပ်ယူလိုက်ရသဖြင့် ဝိညာဉ် စွမ်းအင်များ ရဲချန်ဖန် ကိုယ်ထဲတွင် ပြည့်လျှံကာ ကောင်းကင် သားရဲဘုရင် ဒုတိယအဆင့်သို့ တက်ရောက် သွားလေသည်။ နောက်တစ်ဆင့် တက်ရောက် သွားပြီးနောက် ရဲချန်ဖန်သည် ယင်ယန်ခန်းမ အကြီးအကဲ၏ ပစ္စည်းများကို သိမ်းဆည်းကား မြေပေါ်တွင် သွေးများဖြင့် စာလုံးများ ရေးသား လိုက်လေသည်။
“ ငါ ရဲချန်ဖန်ကို ရန်စ ပြဿနာရှာသူ မည်သူမဆို သေဆုံးရမည်