Switch Mode

Chapter – 152

ဝိညာဉ်သားရဲ ပေါက်ဖွားပြီ

အခန်း (၁၅၂)
ဝိညာဉ်သားရဲ ပေါက်ဖွားပြီ

“ရဲချန်ဖန် ဒီအိုင်က ဝိညာဉ်နို့ရည်အိုင်ပဲ။ ဒီလျှို့ဝှက် ဝိညာဉ်ဘုံကနေ အပြင်ကမ္ဘာက ဝိညာဉ် စွမ်းအင်တွေကို မှော်အစီအရင် ပြုလုပ်ပြီး နှစ်သိန်းသန်းကြာအောင် စုပ်ယူ စုဆောင်းထားတဲ့ ဝိညာဉ် စွမ်းအင်တွေပဲ။ စွမ်းအင်တွေက သိပ်သည်းလွန်းတဲ့အတွက် အရည်ဖြစ်လာတာပဲ။ ဒီအိုင်ထဲက ဝိညာဉ် စွမ်းအင်နဲ့ဆို မင်းကောင်းကင်သားရဲ့ ဘုရင်အဆင့် ရောက်ပြီး မင်းရဲ့ ဝိညာဉ်သားရဲလည်း ပေါက်ဖွား လာနိုင်လိမ့်မယ်”

ဘုံစောင့်ကြီးက ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည့် အိုင်ကြီးပေါ်တွင် ပျံဝဲပြီး ရဲချန်ဖန်ကို ရှင်းပြလိုက်သည်။ အိုင်ကြီးမှာ အလွန်ကြီးမားခြင်း မရှိသော်လည်း ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက် နေလေသည်။ အိုင်ကြီးဘေးတွင် ရပ်ပြီး ဝိညာဉ်စွမ်းအင်များကို ရှူရှိုက်လိုက်ရုံဖြင့် ရဲချန်ဖန် တစ်ကိုယ်လုံး ပေါ့ပါး လန်းဆန်းလာသည်ဟု ခံစားလိုက်ရသည်။

“ကျေးဇူးတင်ပါတယ် ဆရာကြီးခင်ဗျာ။ ဒါဆို ကျွန်တော် အိုင်ထဲ သွားလေ့ကျင့်ပါတော့မယ်”

ရဲချန်ဖန် အဝတ်အစားများကို အလျင်အမြန် ချွတ်ကာ အိုင်ကြီးထဲသို့ ဆင်းလိုက်လေသည်။ သူသာ ကောင်းကင် သားရဲဘုရင် အဆင့်သို့ ရောက်သွားပါက သူ၏ တခြား လျှို့ဝှက်ချက် များနှင့်အတူ မဟာဂိုဏ်းကြီး သုံးခုလုံးကို စိုးရိမ်ရန် မလိုတော့ပေ။

“မင်း စိတ်ချလက်ချသာ လေ့ကျင့်ချေ။ ဒီမှာ မင်းကို အနှောင့်အယှက် ပေးမဲ့လူမရှိဘူး”

“ဝိညာဉ်စုပ်သိုင်း စုပ်ယူစမ်း…”

ရဲချန်ဖန်က ဝိညာဉ် နို့ရည်အိုင်ထဲ ဆင်းလိုက်ပြီးနောက် မျက်လုံးများ ပိတ်ကာ ဝိညာဉ်စုပ် သိုင်းကို တဖြည်းဖြည်း စတင်လှည့်ပတ်ကာ ဝိညာဉ် စွမ်းအင်များကို စုပ်ယူတော့သည်။ ဝိညာဉ်စုပ် သိုင်းက ဝိညာဉ် စွမ်းအင်များကို အငမ်းမရ စုပ်ယူနေလေရာ ရဲချန်ဖန် တစ်ကိုယ်လုံးတွင် ဝိညာဉ် စွမ်းအင်များ ပြည့်နှက်လာလေသည်။

ဝိညာဉ် နို့ရည်အိုင်သည် ဝိညာဉ်စွမ်းအင်များ အလွန်ပြည့်ဝနေရာ ရဲချန်ဖန်သည် ဝိညာဉ်စုပ်သိုင်း သာမက ကောင်းကင် ခန္ဓာကိုယ်ကျင့်စဉ်ပါ လှည့်ပတ်ကာ ခန္ဓာကိုယ် ပိုမိုသန်မာ လာစေရန် လေ့ကျင့်တော့သည်။

ရဲချန်ဖန်ကိုယ်က ပိုမိုသန်မာ လာနေစဉ် နှလုံးသားထဲရှိ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်ဆီမှ ကြီးမားသော စုပ်ယူအားက ထွက်ပေါ်လာပြီး ဝိညာဉ်နို့ရည်များကို အလျင်အမြန် စုပ်ယူတော့သည်။ ထို့ကြောင့် ရဲချန်ဖန်က ဝိညာဉ် စွမ်းအင်များကို ရူးလောက်စရာနှုန်းဖြင့် စုပ်ယူနေသည်ကို ကြည့်နေ သော ဘုံစောင့်ကြီးတို့က မြင်တွေ့ပြီး အလွန်အံအားသင့် နေကြလေသည်။

***

“မင်းကအရူးပဲ ဒီလောက်ကြာနေမှတော့ ရဲချန်ဖန် လျှို့ဝှက် ဝိညာဉ်ဘုံထဲမှာ သေနေလောက်ပြီ။ ဒီမှာ ဘာလို့ အဓိပ္ပာယ်မရှိ စောင့်နေရမှာလဲ”

ရဲချန်ဖန်က ဝိညာဉ် နို့ရည်အိုင်ထဲတွင် လေ့ကျင့်နေစဉ် လျှို့ဝှက်ဝိညာဉ်ဘုံ အပြင်တွင် စောင့်ဆိုင်းလျက်ရှိသော မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲ နှစ်ယောက်သည် စိတ်ရှည်မှု ကုန်ဆုံးလာပြီ ဖြစ်သည်။

“တစ်လ ထပ်စောင့်ကြည့်ရအောင်။ တကယ်လို့ နောက်တစ်လနေလို့မှ ဒီခွေးကောင် ထွက်မလာရင် ငါတို့ မဟာ ကောင်းကင်မီးဂိုဏ်းကို ပြန်ကြတာပေါ့”

ယင်ယန်ခန်းမမှ အကြီးအကဲက ပြောလိုက်လေသည်။ သူတို့ ယင်ယန်ခန်းမ အကြီးအကဲ၏ မြေး သေဆုံးမှုအတွက် လက်စားမချေ ရသဖြင့် ယင်ယန်ခန်းမ အကြီးအကဲက လျှို့ဝှက်ဝိညာဉ်ဘုံက လတ်တလောပြန်ရန် ဆန္ဒရှိမနေပေ။ သူက ရဲချန်ဖန်တွင် အလွန်ကြီးမားသော လျှို့ဝှက်ချက် ရှိနေ မည်ဟု သံသရှိနေသည်။ လျှို့ဝှက် ဝိညာဉ်ဘုံသာ အလွန် မဆန်းကြယ်နေပါက ချိုးဖောက် ဝင်ရောက်ပြီး ရဲချန်ဖန်ကို ရှာဖွေသတ်ဖြတ်ပြီးပြီ ဖြစ်သည်။

မဟာ ကောင်းကင်မီးဂိုဏ်းမှ အကြီးအကဲ နှစ်ယောက်က သည်းခံစိတ် ကုန်ဆုံးလာနေချိန်တွင် သူတို့ကို လျှို့ဝှက်စွာ တိတ်တခိုး စောင့်ကြည့်နေသော ကျန်သည့် မဟာဂိုဏ်းကြီး နှစ်ခုမှ စောင့်ကြည့်နေသူ အကြီးအကဲများသည် စီးတော်ငှက်ကြီးများ စီးကာ ထွက်ခွာ သွားကြလေသည်။ ထို့ကြောင့် ရဲချန်ဖန်ကို ဆက်လက် စောင့်ကြည့်နေသူမှာ နှစ်ယောက်သာ ကျန်တော့ လေသည်။

အချိန်သည် တရွေ့ရွေ့ကုန်ဆုံးပြီး ငါးရက်တာမျှ ကျော်လွန်သွားသည်။ ထိုအချိန်တွင် ရဲချန်ဖန် လေ့ကျင့်လျက်ရှိသော ဝိညာဉ် နို့အိုင်ကြီးမှ ဝိညာဉ် နို့ရည်များသည် သုံးပုံတစ်ပုံမျှ လျော့ကျသွာပြီ ဖြစ်သည်။ အများစုကို ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က စုပ်ယူလိုက်ခြင်း ဖြစ်ပြီး ကျန်အနည်းငယ်သာ ရဲချန်ဖန် ကိုယ်ထဲ ရောက်ရှိသွားခြင်း ဖြစ်သည်။

ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက် ရသဖြင့် ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်မှာ တဖြည်းဖြည်း အစွမ်း ထက်လာသည်ကို ရဲချန်ဖန် ခံစားသိရှိ နေလေသည်။ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင် အစွမ်း ထက်လာသည်နှင့်အမျှ ရဲချန်ဖန်၏ ကျင့်ကြံခြင်း လမ်းစဉ်အခြေခံမှာ အလွန် ခိုင်မာလာနေသည်။ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်မှသာ ကမ္ဘာဦးစွမ်းအင် အမျှင်တန်းများ ထပ်မံထွက်ရှိလာပါက သူ့အတွက် အလွန်ကြီးမားသော လက်နက် ဖြစ်လာပေလိမ့်မည်။

“နှစ်သိန်းသန်းချီအောင် စုစည်းထားတဲ့ ဝိညာဉ်စွမ်းအင်ရဲ့ သုံးပုံတစ်ပုံကို စုပ်ယူထား တာတောင် သူ အခုထိ ကောင်းကင်သားရဲ ဘုရင်အဆင့် မရောက်သေးဘူး။ ကောင်းကင်သားရဲ ဘုရင်အဆင့် ရောက်လုပ်ဖို့က အဲဒီလောက်တောင် ခက်လား”

ကျောက်စာစောင့်က ဝိညာဉ် နို့ရည်အိုင်ကို ကြည့်ပြီး မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
“ရဲချန်ဖန်ရဲ့ လျှို့ဝှက်ချက်က အလွန်ထူးခြားတယ်။ သူက အခုထိ အဆင့်မတက်သေးပေမဲ့ သူ့အခြေခံက အလွန်ခိုင်မာ လာနေတယ်။ အခြေခံခိုင်မာလေ သူ့အနာဂတ်က မှန်းဆလို့ မရလေပဲ”
ဘုံစောင့်ကြီးက ရဲချန်ဖန်ကို ချီးမွမ်းနေလေသည်။

တစ်ရက်ကြာပြီးနောက် ရဲချန်ဖန် ကိုယ်ဆီမှ ပြင်းထန်သော အားတစ်ခုက ထွက်ပေါ်လာသည်။ ရဲချန်ဖန်သည် ဝိညာဉ်နို့ရည်ကို စုပ်ယူပြီးနောက် ခန္ဓာကိုယ်စွမ်းအားသည် ပေါင်နှစ်သိန်းထိ ရောက်ရှိ သွားပြီ ဖြစ်သည်။

“သူက ကိုယ်ခန္ဓာ စွမ်းအင်ရော ဝိညာဉ် စွမ်းအင်ပါ လေ့ကျင့်တဲ့ ပေါင်းစပ် တန်ခိုးရှင်ပဲ”

ရဲချန်ဖန်၏ ကိုယ်ခန္ဓာစွမ်းအင် တစ်ဟုန်ထိုး တိုးတက်လာသည်ကို ကြည့်ပြီး ဘုံစောင့်ကြီးတို့ နှစ်ယောက် အလွန်အံ့အားသင့် နေကြလေသည်။

ပေါင်းစပ် တန်ခိုးရှင်များ၏ လမ်းသည် အလွန်ခက်ခဲသော ခရီးကို ဖြတ်ကျော်ရသည့် လမ်းဖြစ် သည်။ သို့သော် သူတို့သည် အဆင့်တူ တန်ခိုးရှင်များ ကြားတွင်မူ တစ်မူထူးခြား ပိုမိုအစွမ်းထက်လှ ပေသည်။ ကိုယ်ခန္ဓာစွမ်းအင် အဆင့်တက်ရန် ခန္ဓာကိုယ်စွမ်းအင် ကျင့်ကြံခြင်း အစောပိုင်း အဆင့်များတွင် စွမ်းအင်လိုအပ်ချက် သိပ်မများသော်လည်း အဆင့်မြင့် လာသည်နှင့်အမျှ စွမ်းအင် လိုအပ်ချက်မှာ ကြောက်ခမန်းလိလိ တိုးလာမည်ဖြစ်သည်။

ပေါင်းစပ်ကျင့်ကြံခြင်း လျှောက်လှမ်းသူ အများစုသည် အဆင့်မြင့် လာသည်နှင့်အမျှ စွမ်းအင်လိုအပ်ချက် များလာမှုကြောင့် ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းသာ ပြောင်းလဲသွားသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

ရဲချန်ဖန် ဝိညာဉ်စွမ်းအင်များ စုပ်ယူနေသည်မှာ အလွန်များပြား နေပြီဖြစ်ရာ ရုတ်တရက် သွေးဥမှ များပြားလှသော ဝိညာဉ်နို့ရည်များ စုပ်ယူလိုက်လေသည်။

“ရဲချန်ဖန်ရဲ့ ဝိညာဉ်သားရဲက ပေါက်ဖွား လာတော့မှာပဲ။ ဘယ်လိုမျိုး သားရဲ ထွက်လာမလဲ မသိဘူး”

ရဲချန်ဖန်ကိုယ်မှ ပြင်းထန် အားကောင်းသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေသည်ကို ကြည့်ပြီး ဘုံစောင့်ကြီးတို့ နှစ်ယောက် မျှော်လင့် သိချင်နေဟန်က အတိုင်းသား ပေါ်လွင်နေလေသည်။ ရဲချန်ဖန်၏ ဝိညာဉ်သားရဲသည် အလွန် အစွမ်းထက်သည့် သားရဲဖြစ်မည်ကိုမူ သူတို့ လုံးဝ သံသယ မရှိပေ။

“ဂါး…”

ရုတ်တရက်ပင် အလွန်ကျယ်လောင် စူးရှသော နဂါး တွန်သံတစ်ခုက ရဲချန်ဖန် ကိုယ်မှ ထွက်ပေါ် လာလေသည်။ အက်ကွဲရာများ ပြည့်နေသော သွေးဥမှအခွံသည် လုံးဝ ကွဲကြေသွားပြီး သွေးရောင် လွှမ်းနေသည့် နဂါးအရိပ်က ရဲချန်ဖန် စိတ်ဝိညာဉ် နယ်ပယ်မှ ထွက်ပေါ်လာကာ ဦးခေါင်းထက်တွင် ပျော်ရွှင်စွာ ပျံဝဲနေလေသည်။

“ဒါ… ဒါ… သွေးနဂါးပဲ… ရဲချန်ဖန်ရဲ့ ဝိညာဉ်သားရဲက သွေးနဂါးပဲ”

ကျောက်စာစောင့်သည် ရဲချန်ဖန်ကိုယ်မှ သွေးနဂါး ထွက်ပေါ်လာသည်ကို ကြည့်ပြီး အလွန် တုန်လှုပ် သွားလေသည်။ နဂါးသည် အစွမ်းအထက်ဆုံးသော သားရဲများထဲတွင်ပင် ထိပ်ဆုံးနေရာက ရှိနေသော ဝိညာဉ်သားရဲဖြစ်သည်။ သွေးနဂါး ပေါက်ဖွားသည်နှင့် တစ်ပြိုင်နက် ဝိညာဉ် စွမ်းအင်များ ပြည့်နှက်နေသော ရဲချန်ဖန်သည် ကောင်းကင် သားရဲဘုရင် ပထမအဆင့်သို့ ရောက်ရှိသွားလေသည်။

ရဲချန်ဖန် ကောင်းကင် သားရဲဘုရင်အဆင့် ရောက်သွားသည်နှင့် သူ၏ စိတ်ဝိညာဉ် နယ်ပယ်မှ နတ်ဦးနှောက်သည် အစွမ်းများ အလွန်တိုးလာပြီး ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ သူ၏ ဆင်ခြင် သုံးသပ်နိုင်စွမ်းများ တိုးလာသလို နတ်ဦးနှောက်မှ အလွန်များပြားသော ဝိညာဉ်မှတ်ဉာဏ် အပိုင်းအစများ ထွက်ပေါ် လာလေသည်။

“မှော်အစီအရင် ပညာ… ဆေးပညာ…”

ရဲချန်ဖန်က မှတ်ဉာဏ်များကို စစ်ဆေးလိုက်ရာ အပိုင်းနှစ်ခု ပါဝင်နေသည်ကို တွေ့ရပြီး တစ်ခုမှာ မှော်အစီအရင် ပညာနှင့် ဆေးပညာတို့ဖြင့် ပတ်သက်သည်များကို တွေ့လိုက်ရလေသည်။ သူ အလွန် စိတ်လှုပ်ရှား လာလေသည်။ အဆင့် တက်လာသည်နှင့်အမျှ နတ်ဦးနှောက်က ဆင့်ကဲပြောင်းလဲ တိုးတက်လာနိုင်သည် မဟုတ်ပါလော။ အနာဂတ်တွင် သူ၏ ဆင်ခြင် သုံးသပ်နိုင်စွမ်း မည်မျှ တိုးတက် လာမည်ကို မတွေးနိုင် ဖြစ်လာလေသည်။

ရဲချန်ဖန်က ဝိညာဉ်သားရဲ ပေါက်ဖွား လာသော်လည်း ကျင့်ကြံခြင်းကို ရပ်တန့်ခြင်း မပြုဘဲ ဆက်လက် လေ့ကျင့်နေလေသည်။ သူက ဝိညာဉ်နို့ရည်များ ထပ်မံစုပ်ယူနေသည်မှာ ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်၏ အစွမ်းများ တိုးလာစေရန် ဖြစ်သည်။

“ရဲချန်ဖန် ထတော့။ တခြားလူတွေ အတွက်လည်း ဝိညာဉ်နို့အိုင်ကို ချန်ထားပေးဦး…”

ဘုံစောင့်ကြီးက ရဲချန်ဖန်၏ လေ့ကျင့်နေခြင်းကို နှိုးရန် ဆန္ဒမရှိသော်လည်း ဝိညာဉ် နို့အိုင်သည် ကုန်ခမ်းပြီး အောက်ခြေနားပင် ရောက်လာသဖြင့် ရဲချန်ဖန်ကို နှိုးလိုက်လေသည်။

“ဟုတ်ကဲ့ပါ ခင်ဗျာ…”

ကောင်းကင် သားရဲဘုရင် ပထမအဆင့် အထွတ်အထိပ် ရောက်နေပြီဖြစ်သော ရဲချန်ဖန်သည် မျက်လုံးများ ဖွင့်လိုက်ပြီး ပျင်းရိပျင်းတွဲဟန် ထရပ်လိုက်လေသည်။ ရဲချန်ဖန်သည် ကောင်းကင် သားရဲ ဘုရင် ဒုတိယအဆင့် မရောက်သေးသော်လည်း ဝိညာဉ်နို့အိုင်ထဲရှိ ဝိညာဉ်စွမ်းအင် ကိုးဆယ် ရာခိုင်နှုန်း ခန့်ကို စုပ်ယူလိုက်ပြီ ဖြစ်လေသည်။

ရဲချန်ဖန် စုပ်ယူခြင်းမှ ကိုးဆယ်ရာခိုင်နှုန်း ခန့်ကိုလည်း ကမ္ဘာဦးစွမ်းအင် နတ်သစ်ပင်က စုပ်ယူခြင်းဖြစ်ရာ ကမ္ဘာဦးစွမ်းအင် သစ်ပင်မှ ကမ္ဘာဦးစွမ်းအင် အမျှင်တန်းများကို ထုတ်ပေးပြီး ဖြစ်သည်။

ထို့ကြောင့် ရဲချန်ဖန်သည် မဟာဂိုဏ်းကြီးများနှင့် ရင်ဆိုင်ရန် ယုံကြည်ချက်များ ရှိလာလေ သည်။ ထို့အပြင် သွေးနဂါးကြောင့် ရဲချန်ဖန် အစွမ်းသည် အဆပေါင်းများစွာ တိုးတက်လာပြီး ရဲချန်ဖန် သည် သူ၏အစွမ်းများကို စမ်းသပ်ရန် မစောင့်ဆိုင်းနိုင် ဖြစ်လာလေသည်

Comment

Leave a Reply

Options

not work with dark mode
Reset