Switch Mode

Chapter – 315

စုန့်ခေါင်းဆောင် ပြန်လည် ရောက်ရှိလာခြင်း(၂)

အခန်း ၃၁၅
စုန့်ခေါင်းဆောင် ပြန်လည် ရောက်ရှိလာခြင်း(၂)

စုန့်ရန် ဘယ်လောက်မှ ဝင်မပြောခဲ့ချေ။ စုန့်လောင်ယုကသာ အဓိကထား ပြောနေခြင်း ဖြစ်၏။ စုန့်လောင်ယုသည်ကား သူ့သမီးအတွက် စီစဉ် ပေးထားခဲ့သည့်သူ ဖြစ်သည်။ သူသည် လိမ္မာပါးနပ်ကာ လုပ်ရည် ကိုင်ရည် ရှိ၏။

ယခု သူတင်ပြနေသည့် အကြောင်းအရာ များမှာ အလွန်သိကျ သေချာလှပေသည်။ စုန့်ဟုန်ထယ် ထွက်သွား ပြီးနောက် အကြီးအကဲများက မည်သို့ ပြုလုပ်ခဲ့ကြကြောင်း၊ စုန့်ဟုန်ထယ် ချန်ထားခဲ့သည့် အကြီးအကဲ နှစ်ယောက်ကို မတော်တဆ သေဆုံးသည် ဖြစ်အောင် မည်သူ လုပ်ခဲ့ကြကြောင်း၊ စုန့်ရန်မှာ ဘယ်လို ဖိနှိပ်ခံခဲ့ရကြောင်းနှင့် သူမ၏ဝိညာဉ် ဘယ်လို လဲလှယ် ခံခဲ့ရကြောင်း အစရှိသည်တို့ကို ဇာတ်ကြောင်းကုန်စင် ပြောပြနေခဲ့၏။

စုန့်လောင်ယုမှ ရှင်းပြ နေချိန်တွင် စု့န်ဟုန်ထယ်သည် သူ၏ လက်အောက် တစ်ယောက်ကို ခေါ်ကာ ထိုလူကိုပါ နားထောင် စေလိုက်သည်။ စုန့်လောင်ယုက ပို၍ ရှင်းပြလေလေ စုန့်ဟုတ်ထယ်မှာ ဒေါသထွက် လာလေလေ ဖြစ်၏။ စုန့်ဟုန်ထယ်နှင့် သူ့လူ ဒေါသထွက် လာသည့် အချိန်တွင် သူတို့ထံမှ ထွက်လာသည့် အော်ရာများသည် စုန့်လောင်ယုကိုပင် တုန်တက် သွားစေသည်။

ကံကောင်းသည်က စုန့်ရန်သည် အလိုက်သိကာ သူမ အဖေ၏ ပခုံးများကို သွားရောက် နှိပ်နှယ် ပေးလိုက်၏။ ထိုအချိန်မှာမှ စုန့်ဟုန်ထယ် ဒေါသများ လျော့ကျသွားကာ စုန့်လောင်ယုသည်လည်း သူ့ပေါ်၌ ဖိကျနေသည့် ဖိအားများ များစွာ လျော့ကျ သွားတော့သည်။ ထိုအချိန်မှာမှ သူ ဆက်ပြော လိုက်သည်။

ထိုနေရာ၌ ရှိနေသည့် ဝိညာဉ်သခင်များ အားလုံးသည် အဆင့်မြင့်ကြသည့် လူများ ဖြစ်၏။ ထို့ကြောင့် တစ်ရက်တလေမျှ မအိပ်လျှင် ဘာမှ မဖြစ်ကြပေ။ ထိုကြောင့် ဖြစ်ကြောင်းကုန်စင် ဆက်ပြောနေခဲ့ကာ နောက်ဆုံးတွင် ဝမ်ရှန်း ပေါ်လာသည့် အပိုင်းသို့ ရောက်လာခဲ့သည်။

သိုက်မိသားစုမှ လူက စုန့်ရန်အား စုန့်မိသားစု ဘိုးဘေးများ ကာကွယ် စောင့်ရှောက်ခဲ့သည့် နေရာကို အတင်းအကြပ် ခေါ်ဆောင်သွား ခံရကြောင်းအား ကြားသောအခါ စုန့်ဟုန်ထယ်သည် ဒေါသ ထွက်လွန်း၍ သိုက်မိသားစု တစ်ခုလုံးအား ချက်ချင်း သတ်ပစ်ချင်စိတ်များ ဖြစ်သွားသည်။ သို့သော် သိုက်မိသားစုအား မတိုက်ခင်တွင် စုန့်မိသားစုများမှ အကြီးအကဲများကို ဖြစ်ကြောင်း ကုန်စင် ရှင်းလင်းခိုင်းကာ သူတို့အတွက် တန်ကြေးအရင် ပြန်ပေးဆပ်ရမည် ဖြစ်၏။

ထို့နောက် စုန့်‌လောင်ယုသည် ဝမ်ရှန်း ကောင်းကင်ထက်မှ ပြုတ်ကျလာပုံ၊ သူ ဝိညာဉ် ရရှိခဲ့ပုံ၊ သိုက်ဝမ်နှင့် သူ၏ အပေါင်းအပါများကို သတ်ဖြတ်ခဲ့ပုံတို့ကို ဆက်ရှင်းပြ လိုက်သည်။ ထိုအကြောင်းများ ဆက်ပြောနေပြီး နောက်ဆုံးတွင် စုန့်ရန်က စုန့်မိသားစု၏ စမ်းသပ် စစ်ဆင်မှုကို လက်ခံရမည့် အချိန်သို့ ရောက်လာခဲ့သည်။

“ ဟုတ်ပြီလေ…. ကောင်းပြီ”

စုန့်လောင်ယု၏ တင်ပြချက်များကို နားထောင်ပြီးနောက် စုန့်ဟုန်ထယ် ချက်ချင်း ဒေါသများ ဆူပူ အုံကြွလာခဲ့သည်။ သို့သော် သူသည် ဘာမှ မပြောဘဲ ငြိမ်သက်နေဆဲ ဖြစ်၏။ ထိုစကား ပြောလိုက်သည်မှာ ဆက်လက် သည်းမခံနိုင်တော့သည့် စုန့်ဟုန်ထယ်၏ လက်အောက် တစ်ယောက် ဖြစ်သည်။ သူသည် အလွန် ဒေါသထွက်လွန်း၍ သူ့ထံမှ ပြင်းထန်သော လူသတ်အော်ရာများ ထွက်နေလေသည်။ စုန့်ဟုန်ဝူနှင့် အခြားအကြီးအကဲများက စမ်းသပ် စစ်ဆင်မှုဟု ခေါင်းစဉ်တပ်ကာ စုန့်ရန်အား သတ်ရန် ကြိုးစားခဲ့ကြသည်။

ကောင်းလှပါသည်…. စုန့်ဟုန်ထယ်သည် သူ စုန့်မိသားစုနှင့် ပြန်ရောက်သည့် အချိန်၌ ထို အကြီးအကဲများ အားလုံးကို တစ်ယောက်မကျန် သတ်ပစ်မည်ဟု စိတ်ထဲ တွေးနေမိသည်။

ထို့ပြင် ဝမ်ရှန်းသည် သူနှင့် စုန့်ရန်တို့ကို အချိန်မီ ကယ်တင်ခဲ့ကြောင်းကို ပြောပြရန်လည်း စုန့်လောင်ယု မမေ့ခဲ့ပေ။ သို့သော် ဝမ်ရှန်းက ဘာနည်းလမ်း သို့မဟုတ် ဘယ်လို လက်နက်မျိုးကို သုံးလိုက်သည်ကို မသိကြောင်းလည်း ပြောပြခဲ့၏။ စုန့်ဟုန်ထယ် စိတ်ဝင်စားသွားကာ မေးခွန်းများ ဆက်တိုက် မေးနေခဲ့သည်။

“အဲ့အချိန်တုန်းက သူက ဝိညာဉ်အဆင့်ထဲတောင် ကောင်းကောင်း မရောက်သေးဘူး ဟုတ်လား…”

ထိုစကား ကြားလိုက်ရသည့် အချိန်တွင် စုန့်ဟုန်ထယ် မယုံကြည်နိုင် ဖြစ်သွားသည်။ ထိုအချိန်တွင် ဝိညာဉ်အဆင့် တတိယအဆင့် ရှိနေသည့် စုန့်လောင်ယုပင် မလုပ်နိုင်သည့် အရာကို ဘာမဟုတ်သည့် ငနဲလေး တစ်ကောင်က ဘယ်လိုလုပ်များ လုပ်နိုင်ပါလိမ့်… ။

သို့သော် စုန့်လောင်ယု ‌နောက်ပိုင်း ပြောလာသော စကားများက သူအား ပို၍ပင် အံ့အားသင့် သွားစေမိသည်။ ဝမ်ရှန်းသည် အဓိက အင်အားစုများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ထို့‌နောက် ဝူရုံမြို့သို့ အသက်ရှင်လျက် လွတ်မြောက် သွားကာ ထိုမြို့၌ ကြီးပွား ချမ်းသာလာခဲ့၏။ ဒါ့အပြင် သတ္တမ ဝိညာဉ်အဆင့်် တိုက်ဝူကျီးကို လုပ်ကြံ သတ်ဖြတ်ခဲ့သည်။ ယခုနောက်ဆုံး အင်အားစု တစ်ခုချင်းစီကို ဂျင်ဒီနယ်မြေ အတွင်းသို့ လမ်းပြ ခေါ်ဆောင် ပေးနေခြင်းပင်။

ဖြစ်ကြောင်းကုန်စင် နားထောင်ပြီး နောက်တွင် စုန့်ဟုန်ထယ်၏ မျက်နှာထက်၌ အံ့ဩ ထိတ်လန့်မှုတို့က အထင်းသား ဖြစ်ပေါ်နေ၏။ စုန့်ဟုန်ထယ်သည် ခေါင်းပေါက်ထွက်မတတ် စဉ်းစားသော်လည်း တတိယ ဝိညာဉ်အဆင့်သာ ရှိသည့် ဝမ်ရှန်းလိုလူက ဤကဲ့သို့ အံ့အားသင့်စရာ ကောင်းသည့် အကြောင်းအရာများကို မည်သို့မည်ပုံ လုပ်ဆောင်နိုင်သည်ကို သူ မှန်းဆ၍ မရချေ။

သူ့လက်ထဲတွင် အင်အားစု အားလုံးသည် အကြီးအကျယ် ထိခိုက် ပျက်စီး ဆုံးရှုံးခဲ့၏။ ထိုမျှသာမက သူနှင့် ပူးပေါင်း နိုင်ရန်အတွက် သူ့အား လိုက်သတ်ခြင်းကိုလည်း လက်လျော့ လိုက်ရသည်။

သို့သော် စုန့်ဟုန်ထယ်သည် သူ့အဖြစ်အပျက်ကို ပြန်တွေးကြည့်ပါက သူသည်လည်း ထိုနည်း၎င်းပင် မဟုတ်ပါလော….။

သူသည်လည်း ထို အဓိက အင်အားစုများ ကဲ့သို့ပင် ဝမ်ရှန်းအား မျက်လုံးထဲပင် မထည့်ခဲ့ပေ။ သို့သော် ဝမ်ရှန်းကြောင့် အထိအခိုက် အပျက်အစီးများ ကြုံတွေ့ခဲ့ရပြီး နောက်တွင် ဝမ်ရှန်းနှင့် ပူးပေါင်း ခဲ့ရသည်။

ထိုအချိန်မှာမှ ဝမ်ရှန်းက ဆွေးနွေး ညှိနှိုင်းလို့ ရသည့် လူတစ်ယောက်ဖြစ်ကြောင်း သိခဲ့ရ၏။ အဖြစ်အပျက်များ အားလုံး နားထောင်ပြီးသည့် နောက်တွင် နေ့တစ်ရက်နှင့် တစ်ပိုင်း ကျိုးသွားပြီ ဖြစ်၏။ အားလုံးသည်လည်း စခန်းအတွင်း၌ အချိန်အတော်ကြာ အနားယူခဲ့ပြီး ဖြစ်လေရာ စုန့်ဟုန်ထယ်သည် သူတို့ စခန်း၏ ဝင်ပေါက်ကို ပိတ်ကာ ကျန်ရှိသည့် လူများနှင့်အတူ ထိုနေရာမှ တွန့်ဆုတ်မှုမရှိ ချက်ချင်း ထွက်ခွာ လိုက်သည်။

စုန့်ဟုန်ထယ်နှင့် သူ့လူများသည် ဂျင်ဒီနယ်မြေ အတွင်း၌ ဆယ်စုနှစ် တစ်ခုကြာအောင် နေခဲ့ခြင်း ဖြစ်သည်။ အသားစား ပုရွက်ဆိတ်များကဲ့သို့ ပုံမှန် မဟုတ်သည့် အကောင်များနှင့် မတွေ့သ၍ ကျန်သည့် သားရဲများကို သူတို့ မကြောက်ပေ။ သူတို့ထဲတွင် သတ္တမအဆင့်နှင့် အဌမအဆင့် ဝိညာဉ်သခင်များ ၃၀၀ ကျော်ပါ၏။ အချို့ဆိုလျှင် နဝမ အဆင့်သို့တိုင် ရှိပေသည်။

သူတို့၏ ပြင်းထန်သည့် အော်ရာကို ခံစားရသည်နှင့် သားရဲများသည် သူတို့အားလုံးအား ကြိုတင်ရှောင်ရှား သွားကြပေသည်။ ထို့ကြောင့် ဝမ်ရှန်းနှင့် လာစဉ်ကကဲ့သို့ သိပ်ပြီး ဂရုစိုက်နေစရာ မလိုပေ။

တည့်တည့် သွားမည်ဆိုလျှင် သူတို့ ရှိနေသည့် နေရာနှင့် စုန့်မိသားစု တည်နေရာသည် မိုင်၂၀၀ ကျော်သာ ဝေး၏။ စုန့်ဟုန်ထယ်နှင့် အခြား သူများသည်လည်း ကွေးပတ် သွားနေစရာ အစီအစဉ် မရှိပေ။ ထို့ကြောင့် ၄ – ၅ ရက် အတွင်းမှာပင် သူတို့ ဂျင်ဒီနယ်မြေ အစွန်းသို့ ရောက်လာခဲ့သည်။ သားရဲများနှင့် မတွေ့ခဲ့ကြရရုံ သာမက သေးငယ်သည့် အင်းဆက် များနှင့်ပင် သူတို့ မကြုံတွေ့ခဲ့ရပေ။ ထို့ကြောင့် စုန့်ရန်သည် ဝမ်ရှန်းကများ သူတို့ အဖွဲ့နဲ့ လိုက်လာသလား ဟုပင် သံသယ ဖြစ်မိသည်။

ဂျင်ဒီနယ်မြေမှ ထွက်လာပြီးနောက် စုန့်ဟုန်ထယ်၏အဖွဲ့ လျင်မြန်စွာ လူစု ခွဲလိုက်သည်။ စုန့်ဟုန်ထယ်၏ ဘေးတွင် စုန့်ရန်၊ စုန့်လောင်ယု၊ သူအထိန်းတော်နှင့် ခပ်ထန်ထန်ရှိသည့် နောက်လိုက် ၃ ယောက်တို့သာ ကျန်ခဲ့သည်။

သူ အိမ်တော်ထိန်းနှင့် အနည်းငယ် စုတ်ပြတ်နေဟန် ရှိသည့် နောက်လိုက် ၃ ယောက်တို့သာ ကျန်ရှိခဲ့သည်။ ပြောရမည် ဆိုလျှင် ထိုနောက်လိုက် ၃ ယောက်ပဲ စုတ်ပြတ်နေဟန် ရှိြခင်း မဟုတ်။ စု့န်ဟုန်ထယ် အမိန့်အောက်တွင် စုန့်ရန်၊ စုန့်လောင်ယုနှင့် သူ့အထိန်းတော်များသည်လည်း အဝတ်အစားများ လဲလိုက်ကြပြီ ဖြစ်သည်။ ယခုအချိန်တွင် သူတို့ အားလုံးသည် မေှးမှိန် နေကြကာ အဆင်မြင့် ဝိညာဉ်သခင်များနှင့် မတူပေ။

သို့သော် စုန့်ဟုန်ထယ်၏ ပြောကြားချက်အရ ထိုနောက်လိုက်များက နဝမ အဆင့် ဝိညာဉ်သခင်များ ဖြစ်ကြောင်း စုန့်ရန် သိခဲ့ရသည်။

“နဝမအဆင့်တဲ့…”

ထိုအဆင့်ကို ကြားလိုက်ရသည့် အချိန်တွင် စုန့်ရန်သည် သူမ၏ ခန္ဓာကိုယ် မသိမသာ တုန်လှုပ်သွားခဲ့၏။ စုန့်ရန် သိသလောက် ဆိုလျှင် ဝမ်ရှန်း ပြောသည့် တော်ဝင် မိန်းမစိုးလီနှင့် မကောင်းဆိုးဝါးအိုတို့သည် အဌဆအဆင့် အထွတ်အထိပ် အဆင့်သာ ရှိသည်။

သို့ရာတွင် လတ်တလော၌ သူမ၏ ဘေးတွင် နဝမအဆင့် ဝိညာဉ်သခင်များ ၃ ယောက် ရှိနေ၏။ စုန့်ဟုန်ထယ်၏ ၁၀ နှစ်တိုင် သည်းခံ လေ့ကျင့်ပေးမှုသည် ဖျက်ဆီးအား ကောင်းသည့် ဗုံးတစ်လုံး ဖြစ်လာပေသည်။ ထို လူ ၇ ယောက်ထဲတွင် စုန့်ရန်နှင့် စုန့်လောင်ယုတို့၏ ဝိညာဉ်အဆင့်က အနိမ့်ဆုံး ဖြစ်သည်။ သို့သော် သူတို့သည်လည်း ပဉ္စမအဆင့် ရှိပေ၏။

လွန်ခဲ့သည့် ၂ နှစ်အတွင်း စုန့်လောင်ယုသည် စုန့်ရန်၏ လမ်းညွှန်မှုကြောင့် သူသည်လည်း ပဉ္စမအဆင့်သို့ ရောက်ခဲ့ပေသည်။

ဤကဲ့သို့သော လူများက သူတို့ တည်နေရာကို ဖုံးကွယ်ချင်သည် ဆိုလျှင် သာမန်လူများက သူတို့ကို ရှာတွေ့နိုင်မည် မဟုတ်ချေ။ စုန့်မိသားစု၏ ပိုင်နက်သည် သူတို့ အားလုံး၏ မြင်ကွင်း ရှေ့သို့ ရောက်နေပြီ ဖြစ်၏။ သို့သော် သူတို့ ရှေ့ဆက် မတက်ခဲ့ကြပေ။

စုန့်မိသားစု စံအိမ်နှင့် အနည်းငယ် ကွာဝေးသည့် နေရာ၌သာ စခန်းချ အနားယူ လိုက်ကြသည်။ သူတို့သည် ၁၀ နှစ် ကျော်ကြာ ပျောက်ဆုံး နေခဲ့ကြသည့် လူများ ဖြစ်သည်။ အများအမြင်တွင် သူတို့သည် ၁၀ နှစ် ကျော် ကြာသည့်တိုင် မတွေ့မမြင် ပျောက်ကွယ် နေခဲ့ရသည်ပင်။ ထို့ကြောင့် သိပ်ပြီး အလောကြီး နေစရာ မလိုပေ။

ရက်အနည်းငယ် ကြာပြီးနောက် စုန့်ဟုန်ထယ်၏ နောက်လိုက်များ အားလုံး စုန့်ဟုန်ထယ် ရှိနေသည့် နေရာသို့ ရောက်လာခဲ့ကြကာ သူတို့ တာဝန် ပြီးဆုံးကြောင်း သတင်း တင်ပြလိုက်သည်။ ထို့နောက် စုန့်ဟုန်ထယ်သည် စုန့်ရန်နှင့် စုန့်လောင်ယုတို့ကို အမိန့်ပေးကာ သူတို့ကို အရှေ့မှ ဦးဆောင် သွားစေ၏။ သူတို့ နှစ်ယောက် နောက်တွင် စုန့်ဟုန်ထယ် သူ့ အထိန်းတော်နှင့် ဝိညာဉ်သခင် ၃ ယောက်သို့ လိုက်သွားကြသည်။ သူတို့ ၇ ယောက်သည် ဝင့်ကြွားစွာဖြင့် စုန့်မိသားစု စံအိမ် ရှိရာဘက်သို့ ထွက်သွား လိုက်ကြသည်။

“ဟူး..”

၁၀ မိုင်ခန့် အကွာတွင် အဝေးမှ ထိုမြင်ကွင်းအား အဝေးကြည့် မှန်ပြောင်းဖြင့် ကြည့်နေသည့် ဝမ်ရှန်း သက်ပြင်း ရှည်ကြီး ချလိုက်သည်။ စိတ်လှုပ်ရှားစရာ ကောင်းသည့် အဖြစ်အပျက်များကို စောင့်ကြည့်ရင်း အင်အားစုများ အားလုံး ဂျင်ဒီ နယ်မြေ အတွင်းသို့ ဝင်ရောက် လာသည်ကို တွေ့ရပေတော့မည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset