Switch Mode

Chapter – 27.1

လက်စားချေမှုလား ... ညီနောင်တွေလား ...

အပိုင်း ၂၇•၁

” လက်စားချေမှုလား ညီနောင်တွေလား ”
°°°
အမျက်ဒေါသကျောင်းတော်ရဲ့ဆရာတွေက ပညာရှင်တွေကိုအများကြီး မြင်ဖူးခဲ့သလို ပါရမီရှင်တွေကိုလဲ အများကြီးမြင်ဖူးခဲ့ပါတယ်။ ဒါပေမယ့် ရှောင်းရှောင်းနဲ့ ၀မ်သုန့်တို့လိုမျိုး အနိုင်ရဖို့အတွက် စိတ်ဆုံးဖြတ်ခိုင်မာပြီ ယုံကြည်မှုကြီးမားတဲ့သူတွေကတော့ တကယ်ကို ရှားပါးလွန်းလှပါတယ်။

သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်း​ကျောင်းရဲ့ အုပ်ချုပ်ရေးမှုးဖြစ်သူ သုဝေ့လွမ်တောင်မှ ကျိုးယိဆီကို လျှောက်လာရင်း မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။

” ဆရာကျိုး ဒီလိုမျိုးပြိုင်ဘက်ကင်းတဲ့ ကျောင်းသားနှစ်ယောက်ကို သင်ကြားပေးနိုင်ခဲ့လို့ ဂုဏ်ပြုပါတယ်..သူတို့ကို အထက်အမြင့်ပိုင်းတွေဆီ သတင်းပို့လွှတ်လိုက်ပါ နှစ်ယောက်စလုံးက အပြင်နယ်မြေရဲ့ အဓိကတပည့်သားတွေဖြစ်ဖို့ အရည်အချင်းပြည့်မီတယ် ”

အဲ့ဒီအချိန်မှသာ ကျိုးယိက ရုတ်တရက်ပြန်ဖြေလိုက်ပါတယ်။

” အုပ်ချုပ်ရေးမှုးသု ဟို့ယွိဟောင်လဲရှိသေးတယ်..သူက အဖွဲ့အစည်းတစ်ခုလုံးရဲ့ အဓိကခေါင်းဆောင်ပဲ ”

သုဝေ့လွမ်က မျက်လုံးပြူးသွားပြီ ခေါင်းခါလိုက်ပါတယ်။

” သူက ၀ိညာဥ်စက်ကွင်းတစ်ကွင်းပဲရှိတာလေ..အားနည်းလွန်းတယ်…သူက ရှားပါးတဲ့ စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်ပညာရှင်ဖြစ်ပေမဲ့ ဒီနေရာမှာ စိတ်၀ိညာဥ်အမျိုးအစား စိတ်၀ိညာဥ်ပညာရှင်နဲ့ သားရဲကောင်ဘယ်လောက်တောင် ရှားပါးလဲ မင်းမသိဘူးလား ”

အဲ့ဒီနောက် သူပြောရင်း စင်မြင့်အောက်ကို ဆင်းသွားပါတော့တယ်။

သုဝေ့လွမ်က သန်မာရုံတင်မက ကောင်းကောင်းလဲတွက်ချက်တတ်တဲ့သူပါ။ ဟို့ယွိဟောင်ရဲ့ အခြေအနေကို သူရှင်းရှင်းလင်းလင်းမြင်ပါတယ်။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းရဲ့ ရူးသွပ်မတတ်တိုက်ခိုက်ရေးစိတ်၀ိညာဥ်တွေကို သူမြင့်တင်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် အဓိကကျောင်းသားညွှန်ကြားရေးမှုးအနေနဲ့ အဓိကတာ၀န်ကတော့ အတွင်းတပည့်သားတွေကို ရွေးချယ်တဲ့နေရာမှာ လူမှုဆက်ဆံရေးနဲ့ ခေါင်းဆောင်စွမ်းရည်တွေကို ထည့်သွင်းစဥ်းစားမှာမဟုတ်ပါဘူး။

သုဝေ့လွမ်ရဲ့ စကားကို ကြားပြီချိန်မှာ ကျိုးယိတစ်ကိုယ်လုံးဒေါသကြောင့် တုန်ရီနေခဲ့ပါတယ်။ အမှန်ပါပဲ သူက ရိုးရှင်းတဲ့တစ်ခုကို ကျော်ပြီကြည့်လိုက်တာပါ။ ဟို့ယွိဟောင်ရဲ့ ပထမ၀ိညာဥ်စက်ကွင်းက သန်မာတဲ့၀ိညာဥ်စွမ်းရည်တွေရှိနေပေမဲ့ သူကစိတ်၀ိညာဥ်အမျိုးအစား ၀ိညာဥ်ပညာရှင်ဖြစ်နေဆဲပါပဲ။ စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်သားရဲကောင်က အတော်ကိုရှားပါးပါတယ်။ သန်မာတဲ့သူတွေက ပိုပြီးတော့တောင် ရှားပါးသေးတယ်။ ဒီလိုအခြေအနေမျိုးမှာ ဟို့ယွိဟောင်အနေနဲ့ ထိပ်တန်းပညာရှင်ဖြစ်လာဖို့က အတော်ကို ရှားပါးတဲ့ကိစ္စပါပဲ။

” ပြဿနာမရှိဘူး သိုင်းပညာ၀ိညာဥ် အသက်မွေး၀မ်း​ကျောင်းကသာ သူ့ကို မလိုချင်ရင်း ငါတို့၀ိညာဥ်တည်ဆောက်ရေးကျောင်းက သူ့ကို ခေါ်မယ် ”

ဖန်းယွီရဲ့ မျက်လုံးထဲမှာ တောက်ပတဲ့အလင်းတန်းတွေက ထွက်ပေါ်လာခဲ့ပါပြီ။

” စိတ်၀ိညာဥ်အမျိုးအစား၀ိညာဥ်သားရဲကောင်က ရှာဖို့ခက်ပေမဲ့ သာမန်တွေကိုတော့ ရှာလို့ရပါသေးတယ်…သူ့မှာသာ စွမ်းအားကောင်းကောင်းရှိမယ်ဆိုရင် သေချာပေါက် ငါတို့ကျောင်းမှာ ထူးခြားတဲ့သူဖြစ်လာနိုင်တယ်…၀ိညာဥ်စက်ကွင်းပဲရှိတော့ရော ဘာဖြစ်လဲ ငါသူ့ကို အတွင်းတပည့်သားအဖြစ် လိုချင်တယ် ”

ဖန်းယွီရဲ့ရှေ့မှာတော့ ကျိုးယိက အရင်လိုအေးစက်နေတာမျိုး မရှိခဲ့ပါဘူး။

” မဟုတ်သေးဘူး အချိန်မကျသေးဘူး သူ့ကို အချိန်သုံးနှစ်ပေးဖို့လိုသေးတယ်..ယွိဟောင်က ထန်မျိုးနွယ်ကနေ အဓိက ဖိတ်ခေါ်ထားတဲ့ကျောင်းသားပဲ ဒါ့အပြင် သူက အရမ်းကို ဆင်းရဲတဲ့မိသားစုမှာ ကြီးပြင်းလာတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက် ဒါကြောင့် သူမှာ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းပဲ ရှိနေတာ အတန်းထဲမှာလဲ အရမ်းကို ကြိုးစားအားထုတ်တဲ့သူ သူက အစပိုင်းမှာ နောက်ကျနေပေမဲ့ ငါတွေ့ဖူးသမျှကျောင်းသားတွေထဲမှာ အကြိုးစားဆုံးနဲ့ အလေးအနက်ထားဆုံးကျောင်းသားပဲ အခြေခံက အားနည်းလွန်နေသေးတော့ ငါသူ့ဘေးမှာနေပြီ ဆက်တိုက်သင်ကြားပေးဖို့လိုတယ်…သုံးနှစ်အချိန်က ကိစ္စတွေအပေါ် သူ့ရဲ့အခြေခံနားလည်မှု အဆင်ပြေသွားဖို့အတွက် လုံလောက်မှာပါ။ ဒါ့အပြင် လက်ရှိအဆင့်အတန်းအရ ၀ိညာဥ်စက်ကွင်းသုံးကွင်း ရသင့်နေပြီ သူသာ တတိယမြောက်၀ိညာဥ်စက်ကွင်းကို ရလာခဲ့မယ်ဆိုရင် သေချာပေါက် အားကောင်းတဲ့အနာဂတ်အလားအလာရှိလာမှာပဲ တစ်ချိန်ထဲမှာပဲ မင်းတို့၀ိညာဥ်တည်ဆောက်ရေး အသက်မွေး၀မ်း​ကျောင်းရဲ့ အဓိကတပည့်သား ဖြစ်လာနိုင်တယ် ”

ဖန်းယွီက ပြုံးနေခဲ့ပါတယ်။

” မင်းဒီကလေးကို အတော်သဘောကျမှန်း ငါသိပါတယ်..သူ့အတွက် ကိစ္စတွေကို ပြင်ဆင်ထားပေးပြီးပြီဆိုမှတော့ မင်းစကားကို ငါနားထောင်လိုက်ပါမယ်…လူသစ်တွေရဲ့စာမေးပွဲပြီသွားရင် သူ့ကိုခေါ်ပြီ ငါကိုလာတွေပုံမှန်သင်ကြားမှုတွေအပြင် နောက်ထပ် သင်ကြားမှုတွေကို လုပ်ဆောင်စေဖို့ ဌာနမှာငါပြင်ဆင်ထားပေးမယ်…အဲ့ဒီနယ်ပယ်မှာ ပါရမီရှိမရှိ ကြည့်ကြပေါ့ “‘

ကျိုးယိက ခေါင်းညိတ်လိုက်ပါတယ်။

” ငါရှောင်းရှောင်းနဲ့ ၀မ်သုန့်ကိုသွားပြီစစ်ဆေးလိုက်ဦးမယ်..ဖန်းယွီ ငါ့ကိုယုံကြည်ပါ သိုင်းပညာ၀ိညာဥ်အသက်မွေး၀မ်း​ကျောင်းက ဟို့ယွိဟောင်ကို အတွင်းတပည့်သားအဖြစ် မခေါ်ယူတဲ့အတွက် သေချာပေါက် နောင်တရလိမ့်မယ် ”

” ကောင်းပြီလေ ဒါဆိုရင် စောင့်ကြည့်ကြတာပေါ့ ”

ဖန်းယွီက ပြန်ဖြေလိုက်ပါတယ်။

၀မ်သုန့်ကတော့ ရှောင်းရှောင်းထက်အခြေအနေ ပိုကောင်းပါတယ်။ သူက စွမ်းအင်အားလုံးနီးပါးကိုပဲ အသုံးပြုမိလိုက်တာပါ။ ဒါ့အပြင် သူ့အဖော်ဟို့ယွိဟောင်လဲ ရှိပါတယ်။ ဟို့ယွိဟောင် သူ့ကိုဖက်လိုက်တာနဲ့ စွမ်အားတွေက သဘာ၀အတိုင်း သူ့ခန္ဓာကိုယ်ထဲကို စီးဆင်းသွားရင်း အလျင်အမြင်သက်သာပျောက်ကင်းလာစေပါတယ်။ ဟောင်သုန့်စွမ်းအားကို အသုံးပြုပြီတဲ့နောက် ၀မ်သုန့်က ဆယ့်မိနစ်အတွင်းမှာ ပြန်လည်နိုးထလာခဲ့ပါပြီ။ ရှောင်းရှောင်းရဲ့အခြေအနေက ဆိုးရွားနေခဲ့ပါတယ်။ သူက ဒုတိယ၀ိညာဥ်စက်ကွင်းကို အသုံးချဖို့အတွက် များပြားတဲ့စွမ်းအင်ကိုလိုအပ်ရုံတင်မကပဲ အများကြီးလဲ ထိန်းချုပ်ခဲ့ရပါတယ်။ ပုံမှန်အခြေအနေမျိုးမှာ တိုက်ခိုက်မှုတစ်ခုထဲအတွက်သာ သူက ဒါကိုအသုံးပြုမှာပါ။ ဒါ့အပြင် ပြိုင်ဘက်ကိုလွှင့်ထွက်စေဖို့အတွက် အဓိက သူအသုံးပြုဖို့စီစဥ်ခဲ့ပါတယ်။

ဒီလိုတစ်ခေါက် တိုက်ခိုက်မှုကတင် သူမရဲ့၀ိညာဥ်စွမ်းအင်တွေကို အများကြီးကုန်ဆုံးစေနိုင်တယ်။ လက်ရှိအချိန်မှာ ရှဲ့ဟွမ်ယွဲ့ကို သူက တွန်းထုတ်ပြစ်ဖို့အတွက် အသုံးမပြုခဲ့ပဲ ဖမ်းဆီးဖို့အတွက် အသုံးပြုခဲ့ပါတယ်။ ၀မ်သုန့်အတွက် အချိန်ဆွဲဖို့အရာအားလုံးကို သူလုပ်ခဲ့တယ်။ ရှဲ့ဟွမ်ယွဲ့ရဲ့ ခုခံစစ်က သန်မာလွန်တာကြောင့် ရှောင်းရှောင်းအနေနဲ့လဲ သူသာလွှင့်ထွက်သွားရင် သူပြန်ပြေး၀​င်လာမှာကို ကြောက်ရွံ့နေခဲ့ပါတယ်။ ဒါ့အပြင် သူ့ခန္ဓာကိုယ်က တန်ပြန်ပြီ ၀င်ရောက်ပျံသန်းနိုင်တဲ့ အစွမ်းရှိတာကြောင့် ဒါတွေကိုသူမ အတော်လေးစိုးရိမ်ပူပန်းခဲ့ရတယ်။

ဒါကြောင့်သာ ရှောင်းရှောင်းအနေနဲ့ ၀ိညာဥ်စွမ်းအားကို အဆုံးစွန်းအထိ အသုံးချလိုက်တာပါ။ ပြိုင်ပွဲကြီးပြီတဲ့နောက် သူက အတော်ကို မေ့မြောသွားပါတော့တယ်။

ကံကောင်းစွာနဲ့ပဲ ကျောင်းတော်ထဲမှာ ဖြစ်နေခဲ့တာကြောင့် ကုသရေးဆေး၀ါးတွေက မရှားပါဘူး။ ဆေးတစ်ချို့တိုက်ပြီတဲ့နောက် ရှောင်းရှောင်းလဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့ အခြေအနေကို ရောက်သွားပါတော့တယ်။ ဒါပေမယ့် သူမအနေနဲ့ တစ်နေ့လုံးလုံး ကောင်းကောင်းအနားယူဖို့လိုတယ်လို့ ကုသရေးဆရာက ပြောသွားခဲ့တယ်။ ဒါ့အပြင် သူ့ကိုလုံး၀ နှောင့်ယှက်လို့မဖြစ်ပါဘူး။ သူမ အသုံးပြုတဲ့ ဆေး၀ါးတွေ ဆိုးကျိုးမရှိစေဖို့အတွက် သူ့ကို တစ်ညတော့ကောင်းကောင်းသိပ်ထားရမှာပါ။ ပြောရမယ်ဆိုရင် ရှောင်းရှောင်းအနေနဲ့ လာမဲ့ပြိုင်ပွဲနှစ်ပွဲမှာ ပါ၀င်ယှဥ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။

ကျိုးယိက ရှောင်းရှောင်းကို ကိုယ်တိုင်သယ်ယူလာခဲ့ပြီ အခန်းပြန်ပို့ပေးပါတယ်။ ဟို့ယွိဟောင်ကတော့ အားနည်းနေတဲ့ ၀မ်သုန့်ကို ချီလာပြီအခန်းထဲကို ပြန်ထားလိုက်တယ်။

” ၀မ်သုန့် ငါတို့တွေ နောက်ပြိုင်ပွဲမှာ လက်လျှော့သင့်သလား “‘

၀မ်သုန့်ရဲ့ဖြူဖွေးနေတဲ့ခန္ဓာကိုယ်ကိုကြည့်ရင်း ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။

” လုံး၀အလျှော့မပေးနိုင်ဘူး ”

၀မ်သုန့်က ဟို့ယွိဟောင်အနေနဲ့ သူ့ကို စိတ်ပူလို့ပြောနေမှန်းသိပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ သူ့ရဲ့ တိုက်ခိုက်လိုစိတ်က အရင်လိုသန်မာနေဆဲပါပဲ။ ဒါ့အပြင် အရာအားလုံးကို ဒီလောက်အထိ အလေးအနက်မထားခဲ့ဖူးပါဘူး။

” ယွိဟောင် မင်းငါ့အတွက် စိုးရိမ်နေမှန်းသိတယ်…ဒါပေမယ့် ငါ့တို့ သေချာပေါက် ဆက်ပြီပြိုင်ရမယ်..ငါတို့ဒီအတိုင်းသာ လက်လျှော့လိုက်မယ်ဆိုရင် ရှောင်းရှောင်းကိုဘယ်လိုများ ရင်ဆိုင်ရတော့မှာလဲ သူသတိလစ်ကောင်းလစ်နိုင်ပေမဲ့ ငါတို့နှစ်ယောက်ရှိသေးတယ်လေ ငါတို့မှာ ဟောင်သုန့်စွမ်းအားရှိတယ်ပဲမလား နေ့လည်ခင်းပြိုင်ပွဲမတိုင်ခင်မှာ သေချာပေါက် အားပြန်ပြည့်လာမှာပါပဲ ရှောင်းရှောင်းအတွက် ငါတို့တိုက်ခိုက်ရမယ်…သူပြန်လာတာကိုစောင့်ရမယ် “‘

၀မ်သုန့်ရဲ့ဆုံးဖြတ်ချက်ခိုင်မာတဲ့မျက်လုံးတွေကို မြင်ပြီချိန်မှာ ဟို့ယွိဟောင်ရဲ့စိတ်နှလုံးက ပိုလို့လှုပ်ရှားလာပါတော့တယ်။ အခက်အခဲတွေကြားမှာ စစ်မှန်တဲ့ခံစားချက်တွေက ပွင့်အာလာခဲ့ပါပြီ။ ဒီပြိုင်ပွဲက မနေ့က ပြိုင်ပွဲထက်ကို သူ၀မ်သုန့်နဲ့ ရှောင်းရှောင်းကြားရင်းနှီးမှုကို တိုးတက်လာစေခဲ့ပါတယ်။ သူတို့သုံးယောက်ကြားမှာ ကျောင်းသားအတန်းဖော်တွေဆိုတဲ့ ခံစားချက်က မရှိတော့ပဲ သေမတူရှင်မကွာ ညီနောင်သားချင်စိတ်ဓာတ်က ၀င်ရောက်လို့သွားခဲ့ပါတယ်။ စစ်မှန်တဲ့ စစ်မြေပြင်ကြီးမဟုတ်သေးပေမဲ့ သူတို့က ဒီလိုစိတ်ဓာတ်မျိုးရရှိနေခဲ့ပါပြီ။

” မင်းဘာစောင့်နေတာလဲ မြန်မြန်လုပ်ရအောင် ”

သူပြောပြီချိန်မှာ ၀မ်သုန့်က လက်ကိုမြောက်လိုက်ပါတယ်။

ဟို့ယွိဟောင်လဲ အသက်ပြင်းပြင်းရှုသွင်းရင်း ၀မ်သုန့်ရဲ့လက်ပေါ်သူလက်ထပ်လိုက်တယ်။

” ရှောင်းရှောင်းအတွက် တိုက်ခိုက်ကြစို့ ”

ပင်လယ်နတ်ဘုရားရေကန်ဘေးလမ်း။

“ရွှမ်လောင် ဒီကိစ္စကို ဘယ်လိုထင်ပါသလဲ ”

၀မ်ယန်က ရွှမ်လောင်ရဲ့ဘေးမှာ ရပ်နေရင်း မေးလာခဲ့ပါတယ်။

ရွှမ်လောင်ကတော့ ကြက်ခြေထောက်ကိုကိုက်ပြီဖြစ်တာကြောင့် ကြက်တောင်ပံတွေကို စားဖို့ပြင်နေခဲ့တယ်။ သူကြည့်ရတာ ဘယ်တော့မှ ဗိုက်မ၀နိုင်တဲ့ပုံစံပါပဲ။

” အဲ့ဒီကလေးနှစ်ယောက်မဆိုးဘူး ခန္ဓာကိုယ်၀ိညာဥ်နဲ့ ကလေးကတော့ လိုအပ်နေတာတွေ ရှိသေးတယ်…သူ့မှာထောက်လှမ်းရေးသက်ဆိုင်တဲ့ စွမ်းရည်တစ်ခုခု ရှိလိမ့်မယ်..ဒါပေမယ့် ၀ိညာဥ်စက်ကွင်းက ဆယ့်နှစ်အရွယ်ဖြစ်နေတာကတော့ နှမြောစရာပဲ ဒီပြစ်ချက်ကိုလုံး၀ ဖြည့်တင်းပေးလို့မရနိုင်ပါဘူး ”

သူပြောပြီတဲ့နောက် အရက်ကိုဆက်သောက်နေပါတယ်။

” ဒါပေမယ့် ရွှမ်လောင်သူ့မှာခန္ဓာကိုယ်၀ိညာဥ်ရှိနေတယ်လေ ”

အပိုင်း ၂၇•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset