Switch Mode

Chapter – 312

ခင်ဗျား အဆိပ်မိနေပြီ

အခန်း၃၁၂
ခင်ဗျားအဆိပ်မိနေပြီ

“ဘာပြောချင်တာလဲ..”

ဝမ်ရှန်း အဘယ်ကြောင့် ရုတ်ခြည်း ထိုကဲ့သို့သော မေးခွန်းမျိုးကို မေးရခြင်း၏ အကြောင်းအရင်းအား စုန့်ဟုန်ထယ် နားမလည်ချေ။ သူ့သမီးအား ကြည့်လိုက်သည့် အချိန်တွင် သူမသည်လည်း တစ်ခုမှ သိနေဟန် မပေါ်ပေ။

“ဘာမှ မဟုတ်ပါဘူး ဒီတိုင်း သိချင်လို့”

ဝမ်ရှန်းမှာ ပုံမှန်မျက်နှာ ထားဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

“မဟုတ်ဘူး”

ဝမ်းရှန်း အကြောင်းကို စုန့်ရန် ကောင်းကောင်း သိပေသည်။ မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ထိုသို့သော မေးခွန်းမျိုးကို မေးမည် မဟုတ်ချေ။ သူတို့ သောက်နေသည့် လက်ဖက်ရည်က တစ်ခုခု လွဲနေလို့လား။

သို့သော် သူမ ထိုကဲ့သို့ တွေးနေစဉ်မှပင် ဝမ်ရှန်းမှာ လက်ဖက်ရည် နောက်တစ်ငုံအား သောက်လိုက်သည်။ သူ၏ မျက်နှာထက်တွင် မည်သည့် လက္ခဏာမှပင် အရိပ်အရောင် မတွေ့ချေ။ သူမကပဲ အတွေးလွန် နေတာလား။

စုန့်ရန် မျက်မှောင် ကြုတ်သွားသည်။ ဝမ်းရှန်း ဘာတွေ တွေးနေလဲ ဆိုတာကို သူမ လိုက်မမီတော့ချေ။ စုန့်ဟုန်ထယ်သည်လည်း ဝေခွဲမရ ဖြစ်နေကာ ဤမေးခွန်အား ဖြေသင့် မဖြေသင့်် စဉ်းစားနေခဲ့သည်။

“ကျွန်တော် ဘာမှ မမေးခဲ့ဘူးလို့ပဲ သဘောထား လိုက်ပါ”

သူတို့ နှစ်ယောက်၏ ပုံစံကို မြင်လိုက် ရသောအခါ ဝမ်ရှန်း ပြုံး၍သာ ပြောလိုက်၏။ ထိုခေါင်းစဉ်အား ရှောင်လိုက်သည်။

ဝမ်ရှန်း နောက်အကြောင်းအရာ တစ်ခုကို ပြောရန် ပြင်လိုက်သည့် အချိန်မှပင် စုန့်ရန်သည် ရုတ်တရက် သူမ အဖေဘက်သို့ လှည့်ကာ လေးနက်စွာ ပြောလိုက်၏။

“ ဖေဖေ၊ ပြောလို့ရတယ်… ပြောလိုက်”

သူ့သမီး စကားကြောင့် စုန့်ဟုန်ထယ် ခဏ ကြောင်အ သွားသည်။ ထို့နောက် စိတ်သက်သာရာ ရသွားသည်။ သူ့သမီးမှာ သိချင်နေသည့် အတွက်ကြောင့် သူပြောပြ၍လည်း ဘာမှ မဖြစ်ပါ။

“ ငါ့ လူယုံတော်တွေထဲက တစ်ယောက် ခေါ်လာပြီးသား”

စုန့်ဟုန်ထယ်သည် ထိုလူငယ်၏ နာမည်ကို ထုတ်မပြောခဲ့ပေ။

“စိတ်မပူပါနဲ့ သူ့ကို သေချာပေါက် ယုံလို့ရတယ်။ သူက ငါ့အတွက် အချိန်မရေွး အသက် ပေးနိုင်တဲ့ လူမျိုးပဲ..”

မိသားစု ခေါင်းဆောင်းအတွက် အသက် ပေးနိုင်သည် ဆိုမှတော့ သူ၏ သစ္စာရှိမှုကို သံသယ ဖြစ်စရာ မလိုပေ။ ထိုအချိန်မှသာ စုန့်ရန်လည်း စိတ်သက်သာရာ ရစွာ သက်ပြင်း ချလိုက်သည်။ စုန့်ဟုန်ထယ်သည် သူ့သမီး၏ စိုးရိမ်မှုကို ခံစားမိလိုက် သကဲ့သို့ –

“ဒီလို လက်ဖက်ရည်မျိုးကို အပြင်မှာလည်း ရပါတယ် ဒါပင်မဲ့ အဖေ သောက်တာကတော့ ဒီ ဂျင်ဒီ နယ်မြေအထဲမှာပဲ လတ်လတ်ဆတ်ဆတ် ပြုလုပ် ဖော်စပ်ထားတဲ့ လက်ဖက်ရည်ပဲ”

ထိုအချိန်တွင် ဝမ်ရှန်းမှ နောက်ထက် မေးခွန်း တစ်ခုအား‌ မေးလာခဲ့သည်။

“ဒီ လက်ဖက်ရည် သောက်တာ ၁၀ နှစ် ကျော်ပြီလား။ ဒီ လက်ဖက်ရည်က ကောင်းတယ် ဆိုပြီးတော့ ခင်ဗျားကို စမိတ်ဆက် ပေးခဲ့တဲ့ သူက ဘယ်သူလဲ”

ထို မေးခွန်းကို ကြားလိုက် ရသောအခါ တစ်ခုခု မှားနေပြီ ဆိုတာ စုန့်ဟုန်ထယ် သေချာသွားသည်။ စုန့်ရန်သည်လည်း မျက်လုံးများ ပိုကျယ်သွားကာ သူမ အဖေကို တစ်လှည့် ဝမ်ရှန်းကို တစ်လှည့် ကြည့်နေခဲ့သည်။

“ အင်း ဟုတ်တယ် ၁၀ ကျော်ပြီ”

ဝမ်ရှန်း၏ ခန့်မှန်းချက်ကို သူအတည်ပြု ပေးလိုက်သည်။ ထို့နောက် သူ၏ ဦးနှောက်ကို အချိန် အတော်ကြာ အသုံးချကာ ဆက်ပြော လိုက်၏။

“အင်း… ပြောရမယ်ဆိုရင် စုန့်ဟုန်မူကြောင့် ဒီ လက်ဖက်ရည်ကို သိသွားတာပဲ။ အရသာကလည်း ကောင်းနေတော့ တဖြည်းဖြည်းခြင်း သောက်ရတာ အကျင့် ဆွဲသွားတာ”

“ဘာလို့လဲ ပြဿနာ တစ်ခုခု ရှိနေလို့လား…”

စုန့်ဟုန်မူ ဆိုသည့် စကားကို ကြားလိုက် ရသောအခါ စုန့်ရန် အံ့ဩစွာဖြင့် သူ၏ ပါးစပ်ကို လက်ဖြင့် ပိတ်လိုက်သည်။ ဝမ်ရှန်း သူမအား လှည့်ကြည့်ကာ –

“အဲ့သူက ဘယ်သူလဲ”

“ငါ့ညီဝမ်းကွဲပဲ..”

စုန့်ရန် ပြန်ဖြေ လိုက်ခြင်း မဟုတ်ချေ။ စုန့်ဟုန်ထယ် ပြန်ဖြေလိုက်ခြင်း ဖြစ်၏။

“လက်ရှိ စုန့်မိသားစု ကိစ္စတွေကို တာဝန်ယူ လုပ်ဆောင် ပေးထားတဲ့ ပထမ အကြီးအကဲပဲ”

“ ဝိုး…”

ဝမ်ရှန်း နှာခေါင်းရှုံ့ကာ ပြန်တုံ့ပြန်လိုက်၏။ ဤလူက ပထမ အကြီးအကဲသာ ဆိုလျှင် ကိစ္စအားလုံးက ရှင်းလင်းသွားပြီ ဖြစ်သည်။

“စုန့်မိသားစုထဲမှ ခင်ဗျား တစ်ယောက်တည်း ဒီလက်ဖက်ရည်ကို သောက်တာလား”

ဆိုလိုရင်းကို တိုက်ရိုက် မပြောဘဲ ဝမ်ရှန်းမှာ ကွေ့ပတ်ကာ ပြောလိုက်သည်။

“ငါတစ်ယောက်တည်းတော့ မဟုတ်ဘူး ဆိုပင်မဲ့ တခြား ဘယ်သူမှတော့ သိပ်မရှိဘူး။ ဒီလို လက်ဖက်ရည်မျိုးကို တချို့ နေရာမှာပဲ ထုတ်လို့ရတာ။ တခြား နေရာလည်း ထုတ်ဖို့ ကြိုးစား ကြည့်ပါသေးတယ်။ ဒါပင်မဲ့ ဒီလို အရသာမျိုး မထွက်လာဘူး”

စုန့်ဟုန်ထယ်မှ အသေးစိတ် ရှင်းပြလိုက်သည်။ သူ၏ စိတ်ထဲတွင် သံသယ စိတ်များ ပိုမို တိုးပွားလာပြီ ဖြစ်ကာ အဖြေ မသိရမခြင်း အိပ်ပျော်နိုင်မည် မဟုတ်ချေ။

“ဒီနေရာမှာလည်း ဒီလက်ဖက်ရည်ကို မတော်တဆ ရှာတွေ့ခဲ့တာ။ ဒီ ဂျင်ဒီ နယ်မြေ အတွင်းမှာလည်း ဒီလို လက်ဖက်ခြောက်ပင် ရှိတယ်။ ဒါပင်မဲ့ အပြင်က ဟာတွေထက် ပိုကောင်း သေးတယ်။ အဲ့တာကြောင့် ဒီထဲ ရောက်တာတောင် လက်ဖက်ရည် သောက်သာ မရပ်သွားတာပဲ အရသာကတော့ တကယ်ကို ကောင်းပါတယ်”

ဝမ်ရှန်း လက်ဖက်ရည် ခွက်ကို ကောက်ယူကာ နောက်တစ်ငုံ သောက်လိုက်သည်။ သို့သော် ယခုတစ်ကြိမ်တွင် လက်ဖက်ရည်ကို သူ၏ ပါးစပ်ထဲ၌ အချိန် အတော်ကြာ ငုံထားကာ သေချာ အရသာ ခံနေခဲ့၏။

“၁၀ နှစ်တောင် ကြာနေပြီ ဆိုမှတော့ ခင်ဗျား အစာအိမ်ထဲမှာ လက်ဖက်ရည် အများကြီး ရောက်နေမယ် ဆိုတာ သေချာတယ်”

ထို့နောက် ဝမ်ရှန်းမှာ သေချာစွာ တပ်အပ် ပြောလိုက်သည်။

“ရန်လေးရဲ့ မျက်နှာကို ထောက်ပြီးတော့ ကျွန်တော် ပြောပြ လိုက်ပါ့မယ်”

စုန့်ရန်၏ စိုးရိမ် ပူပန်နေသည့် မျက်နှာကို ကြည့်ကာ ဝမ်ရှန်း ပြောလိုက်သည်။

“ခင်ဗျား အဆိပ်မိနေပြီ၊ အချိန်ရှိမယ် ဆိုရင် အပြင်ရောက်တဲ့ အခါကျရင် ဆေးဆရာ တစ်ယောက်ယောက် ခေါ်ပြီး ကုလိုက်..”

ထိုစကားများ ထွက်ကြ လာသည်နှင့် တစ်ပြိုင်နက် စုန့်ရန်နှင့် စုန်ဟုန်ထယ်တို့မှာ ထိတ်လန့် သွားကြသည်။ စုန့်ရန်မှာ ပို၍ စိုးရိမ်သွား၏။ သူမ သူမ၏ အဖေနှင့် ပြန်တွေ့ရသည်မှာ တစ်နာရီပင် မရှိသေးပေ။ အဲ့တာကို သူမအဖေက အဆိပ်မိ နေသည်တဲ့လား… သူမ ငိုချင်စိတ်ပင် ဖြစ်သွားတော့သည်။

စုန့်ဟုန်ထယ်သည်လည်း အံ့ဩမှု နှင့်အတူ မယုံကြည်နိုင်မှုများမှာ ကပ်ပါလာသည်။ သူ ဤ လက်ဖက်ရည်ကို သောက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်သည်။ တစ်ခုခု မှားယွင်းသည်ဟု သူ ဘယ်တုန်းကမှ မခံစားခဲ့ရပေ။ သို့သော် ဝမ်ရှန်းမှာ နားလည်ရ ခက်စွာပင်သူ အဆိပ်မိနေကြောင်း ပြောခဲ့သည်။

ဟာသ လာပြောနေခြင်းပေလော။ လက်ဖက်ရည်သာ အဆိပ်ရှိမည် ဆိုလျှင် ဝမ်ရှန်းက ဘယ်လိုလုပ် ပြုံးပြုံးရွှင်ရွှင်ဖြင့် သောက်နိုင် နေရသည်နည်း…

“တစ်ငုံနှစ်ငုံလောက် ဒါမှမဟုတ် တစ်ခွက် နှစ်ခွက်လောက် ဆိုရင်တော့ ဘာမှ မဖြစ်ပါဘူး။ လနှင့် ချီပြီး သောက်တယ် ဆိုရင်တောင် ဘာမှ မဖြစ်ဘူး”

သူ၏ သံသယ အတွးများကို ဝမ်ရှန်းမှာ ဖြေကြား ပေးလိုက်သည်။

“ဒါပင်မဲ့ နှစ်နဲ့ချီအောင် သောက်တယ် ဆိုရင်တော့ အဆိပ်မိတာက ဖြေလို့ မရတဲ့အရာ ဖြစ်သွားပြီ”

ဝမ်ရှန်းသည် ထိုက်ချီ ပြောင်းလဲခြင်းကြောင့် ပြိုင်ဘက်ကင်း အရာသာ ခံနိုင်စွမ်းရည်ကို ရရှိခဲ့သည့်သူ ဖြစ်သည်။ ထို့ကြောင့် လက်ဖက်ရည်က လျှာပေါ် ရောက်သွားသည်နှင့် တစ်ခုခု မှားနေကြောင်းကို ချက်ချင်း အရသာ ခံမိခဲ့ခြင်း ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုလျှင် အရသာကိုပဲ ကြည့်မည် ဆိုပါက လက်ဖက်ရည်သည် တကယ်ကို သောက်လို့ ကောင်းပေသည်။ သို့သော် ထိုထဲ၌ ပါဝင်နေသည့် သတ္ထု ပမာဏသည် ပုံမှန်ထက်ကို မြင့်မားနေပေသည်။

ဝမ်ရှန်းသည် စားလုံး ၉ လုံး မှန်ကန်မှ (ပင်း)နှင့် ဖယ်ရှား ပစ်နိုင်သည်။ သို့သော် စုန့်ဟုန်ထယ်က ထိုကဲ့သို့ မလုပ်နိုင်။ သူသည် ဤလက်ဖက်ရည်ကို ကြိုက်ကာ ဆွဲသောက် လာသည်မှာ အချိန်ကြာပြီ ဖြစ်၏။ သူ၏ ခန္ဓာကိုယ် အတွင်း၌ သတ္ထု ပမာဏက ရှိသင့်နေထက်ကို ပိုမို လွန်ကဲနေမည်ကို ဝမ်ရှန်း သေချာ ပြောနိုင်ပေသည်။ သူ၏ ဝိညာဉ်အဆင့်က မြင့်မားသောကြောင့် ယခုအချိန်တွင် သူသည် ဤအဆိပ်ဒဏ်ကို ခံနေပေလိမ့်မည်။

သို့သော် နောက်ထပ် နှစ်အနည်းငယ်ကြာ ဆွဲသောက်မည် ဆိုပါက ရတော့မည် မဟုတ်ပေ။

စုန့်ဟုန်ဝူသည် ထိုအကြောင်းကို ကြိုသိခဲ့ပြီး ဖြစ်သောကြောင့် စုန့်ဟုန်ထယ်ကို ဤလက်ဖက်ရည် ဆွဲသောက် သွားအောင် ပြောခဲ့ခြင်း ဖြစ်ရပေမည်။ အင်အားကြီး မိသားစုများ ကြား၌ ဤကဲ့သို့ အကောက်ကြံမှုမျိုးက ရှိစမြဲဖြစ်၏။ ပထမ အကြီးအကဲသည် ဤအစီအစဉ်ကို လွန်ခဲ့သည့် ဆယ်စုနှစ် ကတည်းက ချမှတ် နိုင်ခဲ့သည်။ သူ၏ စိတ်ရှည် သည်းခံမှုကတော့ အောချစရာ ကောင်းလှပေသည်။

‌ မဖြစ်သည်နှင့် အညီ စုန့်ဟုန်ထယ်သည် အလွန် လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားသည်။

“မင်းရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

ဝမ်ရှန်းအား ကျေးဇူးတင်စကား ဆိုပြီးနောက် သူ့သမီးအား နှစ်သိမ့် လိုက်သည်။
***

Comment

Leave a Reply

Options

not work with dark mode
Reset