အပိုင်း ၂၆•၄
” နိုင်ငံရတနာအိုးကြီးရဲ့ ကြောက်စရာတုန်ခါလှုပ်ရှားမှု ”
°°°
ဒါပေမယ့် လေထဲကိုမော့ကြည့်လိုက်ချိန်မှာ သူမျက်လုံးပြူးသွားခဲ့ရပါပြီ။ လေထဲမှာရောက်သွားခဲ့တဲ့ ရှောင်းရှောင်းကိုတော့ ၀မ်သုန့်က အချိန်မီဖမ်းလိုက်ပါတော့တယ်။ သူ့ရဲ့အတောင်ပံတွေကို အသုံးချပြီ ၀မ်သုန့်က ရှောင်းရှောင်းကိုလေထဲမှာဆက်ပြီး လွှင့်မျောအောင်ကူညီပေးနေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နှစ်ယောက်စလုံးရဲ့ မျက်လုံးတွေက နီရဲလို့နေခဲ့တာကြောင့် ရှဲ့ဟွမ်ယွဲ့လိုအင်အားကြီးတဲ့သူကိုတောင် ဖိအားများလာစေခဲ့ပါတယ်။
” ၀မ်သုန့် ငါ့ကိုအောက်ချလိုက် ”
ရှောင်းရှောင်းရဲ့ အသံက အရမ်းကို အေးစက်လို့နေခဲ့တယ်။ အမြဲတည်ငြိမ်ပြီ နူးညံ့နေတဲ့ကောင်မလေးကတော့ အခုအချိန်မှာတကယ်ကို ဒေါသထွက်နေခဲ့ပါပြီ။ ဟို့ယွိဟောင်က သူမအတွက် ထိခိုက်တာကို ကိုယ်စားခံယူပေးခဲ့တာပါ။ ဒါ့အပြင် အကယ်၍ စာမေးပွဲကြီးကြပ်သူသာ အချိန်မီမကယ်တင်လို့ကတော့ သူတို့တွေ ဘာဖြစ်သွားမလဲဆိုတာ သိတောင်သိနိုင်မှာမဟုတ်ပါဘူး။ အကယ်၍ သူသာ အဲ့ဒီလိုလှုပ်ရှားမှုကို မလုပ်ခဲ့ဘူးဆိုရင် ဟို့ယွိဟောင်လဲ ဒဏ်ရာပြင်းပြင်းထန်ထန် ရရုံမက သေတောင်သေသွားနိုင်ပါတယ်။ ရှောင်းရှောင်းက ဘယ်လိုလုပ်ပြီ သူကြောင့်စိတ်မထိခိုက်ပဲနေမှာလဲ။
ဒါ့အပြင် ရှဲ့ဟွမ်ယွဲ့ကို အနားကပ်ဖို့အထိ ခွင့်ပြုပေးလိုက်မိတာ ကိုယ့်ကိုကိုယ် အမှားတစ်ခုလို့ခံစားနေခဲ့မိပါတယ်။ လက်ရှိအချိန်မှာတော့ သူမရဲ့ တိုက်ခိုက်လိုတဲ့စိတ်က အဆုံးစွန်အထိ မြင့်တက်သွားခဲ့ပါပြီ။
၀မ်သုန့်က အတောင်ပံတွေကို ပြန်သိမ်းလိုက်ရင်း ရှောင်းရှောင်းကို အောက်ပြန်ချလိုက်ပါတယ်။ သူလဲ ရှောင်းရှောင်းလိုမျိုး ဒေါသထွက်နေခဲ့တယ်။ ရှဲ့ဟွမ်ယွဲ့ကို ကြည့်ရင်း သူ့စိတ်ထဲမှာတော့ အတွေးတစ်ခုသာ ရှိပါတယ်။ ဒီခွေးမသားက ယွိဟောင်ကို ဒဏ်ရာရအောင် လုပ်၀ံ့တယ်လား။ ငါဒီကောင်ကို သတ်ချင်လိုက်တာ။
ရှဲ့ဟွမ်ယွဲ့ကတော့ စိတ်မရှည်လက်မရှည်တဲ့လှုပ်ရှားမှုမျိုး မလုပ်ခဲ့ပါဘူး။ သူ့ရဲ့ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ရှောင်းရှောင်းနဲ့ ၀မ်သုန့်ဆီကို ဖြည်းဖြည်းချင်းသာ လှုပ်ရှားလာခဲ့ပါတယ်။ ပထမ၀ိညာဥ်စက်ကွင်းက တောက်ပနေဆဲဖြစ်ပြီ ခန္ဓာကိုယ်ကြီးကလဲ အရင်လို၀ဖိုင်နေဆဲပါ။ ဒါကသူ့ရဲ့ သိုင်းပညာ၀ိညာဥ်ပိုင်ဆိုင်တဲ့ ထူးခြား၀ိသေနလက်နက်တစ်ခုပါပဲ။ ထိပ်တန်းခုခံရေးသားရဲကောင်၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့သူက ခုခံမှုကို ထိန်းထားတာရိုးရှင်းတဲ့ ရည်ရွယ်ချက်နဲ့မဟုတ်ခဲ့ပါဘူး။ သူက ဆက်တိုက်ဆိုသလို ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင် ဖြစ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ကျင့်ကြံမှုက ဒီနေရာအထိရောက်လာပြီ အတော်ကို အောင်မြင်နေခဲ့ပါပြီ။ ဒါ့အပြင် သူက ၀ိညာဥ်အကြီးအကဲအဆင့်အတန်းရောက်နေတဲ့ လူသစ်တစ်ယောက်ပါပဲ။ အပြင်နယ်မြေမှာ စာမေးပွဲမစခင်အချိန်ကထဲကကို အဓိကတပည့်သားအဖြစ် ရွေးချယ်ခံထားရပါတယ်။
” ရှောင်းရှောင်း ငါ ဆယ့်ငါးစက္ကန့်အချိန်လိုတယ် “‘
၀မ်သုန့်က ပြောလိုက်ပါတယ်။ အဲ့ဒီနောက် သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းစလုံးကို တောက်ပလာစေပါတယ်။ ရွှေရောင်အလင်းတန်းတွေက ချက်ချင်းဆိုသလို လှည့်ပတ်ရင်း သူ့ရဲ့ တောက်ပတဲ့အပြာရောင်အတောင်ပံတွေပေါ်မှာ ထွက်ပေါ်လာတော့တယ်။ ဒီလိုဖြစ်လာပြီတာနဲ့ လက်နှစ်ဖက်ကိုမြောက်လိုက်ပြီ အရှေ့အတောင်ပံတွေကို ကွေးပြစ်လိုက်ပါပြီ။ ရှောင်းရှောင်းလဲ ခေါင်းညိတ်လိုက်ပါတယ်။ သူလဲဘာမှမပြောပဲနဲ့ ရှဲ့ဟွမ်ယွဲ့ဆီကိုသာ ခြေလှမ်းကျယ်ကြီးတွေနဲ့ လျှောက်သွားခဲ့တယ်။ သူ့ရဲ့ပုလွေသံက အရမ်းကို ပြင်းပြင်းထန်ထန် စိတ်အားတက်ကြွနေခဲ့ပြီ ကျောက်စိမ်းရောင်အလင်းတန်းတွေက သူမရဲ့ပုလွေဆီကနေ ထွက်ပေါ်လို့လာခဲ့ပါတယ်။
အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးကတော့ ရုတ်တရက်ဆိုသလို သူမဆီပြန်လာနေခဲ့ပြီ အိုးသုံးလုံးက သူ့ကို ကာကွယ်ထားခဲ့ပါတယ်။ ရှဲ့ဟွမ်ယွဲ့ကတော့ ရုတ်တရက်ဆိုသလို တင်ပလ္လင်ခွေချိတ်ထိုင်ချလိုက်ပြီ လေထဲကို ပြန်ခုန်တက်သွားပါတော့တယ်။ ဒီတစ်ကြိမ်မှာ သူက ရှောင်းရှောင်းဆီကို တန်းတန်းမတ်မတ်ပြေး၀င်လာခဲ့တယ်။ သူခန္ဓာကိုယ်ကြီးက သူမှာရှိသမျှ အရာတွေထက် အင်အားအကောင်းဆုံးလက်နက်ပါပဲ။ ဒါ့အပြင် အရှိန်နှုန်းကလဲ နှိမ့်ကျလို့သွားပေမဲ့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့် ရှိနေခဲ့တယ်။
တစ်ချိန်ထဲမှာပဲ ဒုတိယ၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့ပြီသူ့ရဲ့လက်မောင်းကြီးတွေကို အသုံးပြုရင် ရှောင်းရှောင်းရဲ့ အိုးသုံးလုံးကို တိုက်ခိုက်ဖို့အခွင့်အရေးကို ရှာဖွေနေခဲ့ပါတယ်။
ရှောင်းရှောင်းနဲ့ ငါးမီတာအကွာမှာ သုံးချောင်းထောက်အိုးတွေက ရုတ်တရက်ဆိုသလို အနက်ရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်ရင်း သူ့ဆီကို ပစ်လွှတ်လိုက်ပါတယ်။ ဒါပေမယ့် ရှဲ့ဟွမ်ယွဲ့ရဲ့တိုက်မိမဲ့အစား တစ်ဖက်နဲ့တစ်ဖက်သာ တိုက်မိကြပြီ သူမရဲ့ခေါင်းပေါ်မှာ လှုပ်ရှားနေခဲ့ပါတယ်။ တစ်ချိန်ထဲမှာ ရှောင်းရှောင်းရဲ့ ၀ိညာဥ်စက်ကွင်းနှစ်ကွင်းက တစ်ပြိုင်နက်ထဲတောက်ပလို့လာခဲ့ပါပြီ။ ၀ိညာဥ်ပညာရှင်တွေပိုင်ဆိုင်တဲ့ ၀ိညာဥ်စွမ်းရည်တွေအားလုံးက အတူတကွအသုံးပြုလို့ရပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ပေါင်းစည်းနိုင်စွမ်းကလဲ သိုင်းပညာ၀ိညာဥ်တစ်ခုရဲ့စွမ်းအားကို ရရှိစေနိုင်တယ်။ ဒါ့အပြင် အတူတူ ပေါင်းစည်းဖို့လိုက်လျောညီထွေးဖြစ်နိုင်စွမ်းမှာလဲ သာလွန်းလို့နေခဲ့ပါတယ်။
ရှောင်းရှောင်းက နောက်ဆုံးမှာသူ့ရဲ့ အသန်မာဆုံးလှုပ်ရှားမှုကို ထုတ်သုံးပါပြီ။ နိုင်ငံရတနာအိုးကြီးရဲ့ ကြောက်စရာတုန်ခါလှုပ်ရှားမှု။
အိုးသုံးလုံးပေါင်းစည်းပြီတိုက်မိချိန်မှာတော့ ကျယ်လောင်တဲ့အသံကြီး ထွက်ပေါ်လာပါတော့တယ်။ ကြီးမားတဲ့ အိုးကြီးက သူမအရင်အိုးတွေထက် နှစ်ဆကြီးမားတဲ့အရွယ်အစားအဖြစ် ပြောင်းလဲလို့သွားခဲ့ပြီ အစားထိုး၀င်ရောက်လို့လာခဲ့ရင်း မိုးကောင်းကင်ကြီးတစ်ခုလုံးကိုတောင် မှောင်မိုက်လိုသွားစေခဲ့တယ်။ ကြီးမားပြီ ထူးဆန်းတဲ့ သင်္ကေတတွေက အိုးကြီးပေါ်မှာ ပေါ်ထွက်လို့လာသလို မဖော်ပြနိုင်လောက်အောင် အားကောင်းတဲ့ မြင်ကွင်းကလဲ လူတိုင်းကို ထိတ်လန့်သွားစေခဲ့ပါတယ်။ ရှဲ့ဟွမ်ယွဲ့ကတော့ သူ့ခန္ဓာကိုယ်ကိုအသုံးပြုရင်း အိုးကြီးကိုကပ်တွယ်ထားလိုက်တယ်။ လက်ရှိအချိန် သူက လေထဲမှာဆက်ပြီ မလှုပ်ရှားနိုင်တော့ပါဘူး။ အိုးကြီးကနေ ထွက်ပေါ်နေခဲ့တဲ့ အနက်ရောင်အလင်းတန်းတွေက သူ့ခန္ဓာကိုယ်ထဲကို ကျုးကျော်၀င်ရောက်လာခဲ့ရင်း ခန္ဓာကိုယ်ထဲမှာ ရှိရှိသမျှ ၀ိညာဥ်စွမ်းအားတွေက မြန်ဆန်တဲ့အရှိန်နှုန်းနဲ့ အငွေ့ပျံနေတာကို သူခံစားလိုက်မိပါတော့တယ်။
ချက်ချင်းဆိုသလို ၀ိညာဥ်စွမ်းအားကို အသုံးပြုရင်း နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းကို အသုံးချဖို့လုပ်ပါတယ်။ ဒါပေမယ့် သူလန့်လာအောင် ရှာဖွေတွေ့ရှိသွားရတာကတော့ သူ့မလှုပ်ရှားနိုင်တော့ပါဘူး။ ခန္ဓာကိုယ်က တစ်နေရာထဲမှာ ငြိမ်သက်ရင်း ဘယ်၀ိညာဥ်စွမ်းရည်ကိုမှ ထုတ်သုံးလို့မရနိုင်သလို သုံးပြီသားစွမ်းရည်တွေကိုလဲ ပြန်သိမ်းလို့မရဖြစ်နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရှိရှိသမျှစွမ်းအားတွေအားလုံးကို အငွေ့ပျံနေတာကိုသာ သူရှာဖွေတွေ့ရှိနေခဲ့တယ်။ တခြားတစ်ဖက်မှာတော့ ကြောက်စရာအိုးကြီးက သူဘယ်လောက်ပဲ တိုက်ခိုက်ပါစေ တစ်ချက်လေးတောင် မလှုပ်ရှားခဲ့ပါဘူး။
ရှောင်းရှောင်းရဲ့ လက်ထဲမှာ ပုလွေကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။ အိုးကြီးပေါ်ထွက်လာချိန်မှာတော့ သူမရဲ့ခန္ဓာကိုယ်ပတ်လည်မှာ အနက်ရောင်အလင်းတန်းတွေ လွှမ်းခြုံနေတာကိုသာ မြင်လိုက်ရပါတယ်။ သူ့ရဲ့အမူအရာကလဲ စက္ကန့်နဲ့အမျှ ဖြူဖျော့လို့လာခဲ့တယ်။
စွမ်းရည်နှစ်ခုစလုံးကို တစ်ပြိုင်နက်ထဲပေါင်းစည်းပြီ အသုံးချတာက ၀ိညာဥ်ပေါင်းစည်းစွမ်းရည်တွေလောက်နီးပါး အင်အားကုန်ဆုံးစေပါတယ်။ ဒါ့အပြင် ရှောင်းရှောင်းက အချိန်အကြာကြီး မထိန်းထားနိုင်ပါဘူး။ ၀မ်သုန့်ရဲ့စကားတွေက သူ့စိတ်ထဲမှာ ဆက်တိုက်ဆိုသလို ကြားယောင်လို့နေခဲ့ပါတယ်။ ဆယ့်ငါးစက္ကန့် ဘယ်လိုပဲဖြစ်ပါစေ သေချာပေါက် ဆယ့်ငါးစက္ကန့်တောင့်ခံထားမှရမယ်။
ဟို့ယွိဟောင်က သူမကို အကြောက်အလန့်ကင်းကင်းနဲ့ အပေါ်ပြစ်တင်လိုက်ချိန်မှာ သူမရဲ့ရိုးရှင်းတဲ့နှလုံးသားက အတော်ကို လှုပ်ရှားသွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီ ဟို့ယွိဟောင်အဖွဲ့ထဲကို အပြည့်အ၀ သစ္စာခံပြီသားဖြစ်သွားခဲ့ပါတယ်။ သူက မိန်းမငယ်လေးတစ်ယောက်သာ ဖြစ်ပေမဲ့ နှလုံးသားထဲမှာ ပူနွေးတဲ့သွေးတွေက စီးဆင်းနေဆဲပါ။ သူတို့အဖွဲ့ရဲ့ ဂုဏ်သိက္ခာအတွက် သူ့ရဲ့အပေါင်းအဖော်တွေအတွက် တစ်စုံတစ်ရာကို စတေးရလဲ ကိစ္စမရှိပါဘူး။
ဆယ့်ငါးစက္ကန့်က ပုံမှန်အနေအထားမှာ သေးငယ်တဲ့အချိန်ပမာဏဖြစ်ပေမဲ့ အခုတော့အရမ်းကို နှေးကွေးနေခဲ့ပါတယ်။
လက်ရှိအချိန်မှာ အဆင့်သုံးဆယ့်နှစ် ၀ိညာဥ်ပညာရှင်ရှဲ့ယွမ်ယွဲ့တောင်မှ နှလုံးသားထဲမှာ လန့်နေခဲ့ပါပြီ။ ရှောင်းရှောင်းရဲ့မျက်လုံးတွေကို ကြည့်လိုက်ချိန်မှာတော့ ကြောက်စရာကောင်းလောက်အောင်ကို ခေါင်းမာနေတာကို မြင်တွေ့လိုက်ရပါတယ်။ သူမက သူ့ကိုယ်သူစတေးရင်း သူ့ကိုအပါဆွဲခေါ်ချင်နေတာလား ဒီကောင်မလေးရူးသွားတာလား။ ဒါက လူသစ်တွေရဲ့ပြိုင်ပွဲအတွက် စမ်းသပ်ချက်လေးတစ်ခုပါ။ ရှောင်းရှောင်းကသူ့ကိုဘာကြောင့်မလှုပ်ရှားနိုင်အောင် ဒီလောက်အထိ ထိန်းချုပ်ထားနေလဲဆိုတာ သူကိုယ်တိုင်လဲ မသိခဲ့ပါဘူး။ ဒါပေမယ့် သိုင်းပညာ၀ိညာဥ်ရဲ့ နိယာမတစ်ခုဖြစ်တဲ့ အင်အားပိုကြီးလေ စွမ်းအားကုန်ခမ်းမှုများလေဆိုတဲ့ ကိစ္စကို အမွှာ၀ိညာဥ်ပညာရှင်တောင် မချိုးဖြတ်နိုင်မှန်း သူသိနေခဲ့ပါတယ်။ တစ်စက္ကန့် တစ်စက္ကန့်ချင်းဆီတိုင်းက ဖြည်းဖြည်းချင် ကုန်ဆုံးလို့နေခဲ့တယ်။
စောင့်ကြည့်တဲ့သူကလဲ အတော်လေးကို စိုးရိမ်နေခဲ့ပါပြီ။ ပြိုင်ပွဲကိုတားဆီးသင့်သလားဆိုတာ သူမသိပါဘူး။ ဒါ့အပြင် အကယ်၍ သူသာ တားဆီးလိုက်မယ်ဆိုရင် အနိုင်အရှုံးကို ဘယ်သူက ဆုံးဖြတ်မှာလဲ။ ပြင်းထန်တဲ့မူးဝေမှုကြောင့် နိုးထလာနေတဲ့ဟို့ယွိဟောင်လဲ လက်သီးကိုဆုပ်ရင်း ခရမ်းရောင်အလင်းတန်းကို ဖြစ်ပေါ်စေလိုက်ပါတယ်။ သူ့ရဲ့စိတ်၀ိညာဥ်မျက်လုံးအရရှိနေတဲ့အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရတယ်။ ရှောင်းရှောင်းက သူ့ရဲ့၀ိညာဥ်စွမ်းအားတွေကို အသုံးလွန်နေပါပြီ။
” ရှောင်းရှောင်း လက်လျှော့လိုက်တော့ ”
ဟို့ယွိဟောင်က အော်လိုက်တယ်။ သူ့ရဲ့အသင်းဖော်ကို ဘယ်လိုမှထိခိုက်ခွင့်မပြုနိုင်ပါဘူး။ ပြိုင်ပွဲရှုံးရမယ်ဆိုရင်တောင် သူ့ရဲ့သူငယ်ချင်း မထိခိုက်ဖို့က အဓိကပါ။
ရှောင်းရှောင်းက နှုတ်ခမ်းတင်းတင်းစေ့ထားရင်းနဲ့သာ ဟို့ယွိဟောင်ကို ပြန်ဖြေခဲ့ပါတယ်။ ဒါပေမယ့် သူ့မခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်အလင်းတန်းတွေက ပိုလို့သာ အားကောင်းလာခဲ့တယ်။
ဟို့ယွိဟောင်ကတော့ ရှောင်းရှောင်းရဲ့မျက်၀န်းထဲမှာ တောက်ပနေတဲ့ခေါင်းမာမှုကြောင့် အတော်ကို စိတ်ထိခိုက်နေခဲ့ရပါပြီ။ သူတင်မကပဲ ကြက်တောင်ပံကိုက်နေတဲ့ ရွှမ်လောင်တောင်မှ အစားအသောက်ကိုမစားတော့ပဲ ရှောင်းရှောင်းကိုကြည့်ရင်း ခေါင်းတစ်ညိတ်ညိတ်လုပ်နေခဲ့ပါတယ်။
ငါးလေးသုံးနှစ်တစ် နောက်ဆုံးစက္ကန့်ရောက်ရှိလာချိန်မှာတော့ ရှောင်းရှောင်းရဲ့အနောက်ဖက်မှာ ရွှေရောင်အလင်းတန်းကြီးက ပေါ်ထွက်လာပါတော့တယ်။ ၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က လုံး၀ကို ရွှေရောင်ပြောင်းသွားခဲ့ပြီ လေထဲမှာတော့ မီးလျှံလိပ်ပြာတစ်ကောင်လို မြင့်တက်လာပါတော့တယ်။ သူ့တစ်ကိုယ်လုံးက လေထဲမှာ အပြည့်အ၀တောက်ပလို့နေခဲ့ပြီ ကြီးမားတဲ့ရွှေရောင်အလင်းတန်းက ဓားကောက်တစ်လက်လိုမျိုး အသွင်သဏ္ဍာန်ရှိနေခဲ့ပါတယ်။
နယ်မြေတစ်ခွင်လုံးကလဲ ပုံမှန်မဟုတ်တဲ့ ၀ိညာဥ်စွမ်းအားကြောင့် ကြီးမားတဲ့ ဖိအားကိုခံစားလိုက်ရပါတော့တယ်။ ဒီကြီးမားတဲ့ ဓားသွားကြီးအရှေ့ကို ရောက်ရှိလာချိန်မှာ ရှဲ့ဟွမ်ယွဲ့ကတော့ ကြောက်လွန်းလို့ ၀ိညာဥ်တောင်မဲ့သွားပြီလို့ ထင်လိုက်မိပါတယ်။ သူ့လိုမျိုးခုခံစစ်မှာ ယုံကြည်ချက်အပြည့်အ၀ ရှိနေသူတောင် ၀မ်သုန့်ရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်မယ်လို့ မတွေးမိပါဘူး။
လက်ရှိအချိန်မှာတော့ စာမေးပွဲစစ်သူလဲ နောက်ထပ်တွေဝေမနေတော့ပဲ နယ်မြေထဲကို ပြေး၀င်သွားရပါတော့တယ်။ ဒါပေမယ့် သူ့လန့်စရာကောင်းလှအောင် သိသွားတဲ့အရာကတော့ ရှဲ့ဟွမ်ယွဲ့ကို ရှောင်းရှောင်းအိုးကြီးဆီကနေ သူဆွဲမထုတ်နိုင်ခဲ့ပါဘူး။ ကြီးမားတဲ့ဓားသွားကြီးကနေ ထွက်ပေါ်နေခဲ့တဲ့ ဖိအားက သူ့လို၀ိညာဥ်ဧကရာဇ်အဆင့်ပညာရှင်ကိုတောင် မွန်းကြပ်စေခဲ့ပါတယ်။
မဖြစ်နိုင်ဘူး ဒါကို ၀ိညာဥ်မဟာပညာရှင်တွေက ဘယ်လိုများအသုံးပြုနိုင်မှာလဲ ကြီးကြပ်ရေးမှုးအနေနဲ့ သူ့ရဲ့သိုင်းပ၀ိညာဥ်ကို ထုတ်သုံးချင်ပေမဲ့ နောက်ကျလို့သွားပါပြီ။ သူ့ခန္ဓာကိုယ်ကို အသုံးချပြီ ၀မ်သုန့်ရဲ့ တိုက်ခိုက်မှုကို ကာကွယ်ရုံသာတတ်နိုင်ပါတော့တယ်။
တစ်ချိန်ထဲမှာပဲ ပြင်းထန်တဲ့ ဆွဲငင်အားကြီးက ကောင်းကင်ကနေ ဆင်းသက်လို့လာခဲ့ရင်း စာမေးပွဲကြီးကြပ်ရေးမှုးဆီကို ဓားမရောက်ခင်အချိန်မှာ တားဆီးလိုက်ပါတယ်။
ကြီးမားတဲ့မီးလျှံလိုလက်ကြီးက ကောင်းကင်ကနေ ဆင်းသက်လာရင်း ရွှေရောင်အလင်းတန်းဓားသွားကြီးကို လက်ထဲမှာဆွဲယူပြီ ဖျက်ဆီးပြစ်လိုက်ပါတယ်။
သူ့ရဲ့ ကြက်ကြော်ကို၀ါးနေရင်း ရွှမ်လောင်က ပြောလာခဲ့ပါတယ်။
” ဒီကြက်ခြေထောက်က ဒီနေ့အတော်လေး ဆားတော်တော်ငမ်းတာပဲ ”
သူပြောပြီတဲ့နောက် စင်ပေါ်ကနေ ထွက်သွားပါတော့တယ်။
ရှောင်းရှောင်းလှဲကျရင်း မေ့မြောသွားချိန်မှာတော့ သူ့ရဲ့နိုင်ငံရတနာအိုးကြီးကလဲ ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
တောက်ပတဲ့ ရွှေရောင်အလင်းတန်းကလဲ ပျောက်ကွယ်သွားပေမဲ့ ၀မ်သုန့်ကတော့ ရပ်နေဆဲပါပဲ။ တစ်ဖက်မှာရှိနေတဲ့ ကြီးကြပ်ရေးမှုးကို သူကြည့်ရင်း ပြောလိုက်ပါတယ်။
” ကျွန်တော်တို့နိုင်ပြီ “‘
ဒီစကားကို ပြောပြီချိန်မှာပဲ သူလဲ ကိုယ့်ကိုကိုယ် မထိန်းထားနိုင်ပဲ လှဲကျသွားပါတော့တယ်။
” ၀မ်သုန့် ရှောင်းရှောင်း ”
ဟို့ယွိဟောင်က နယ်မြေထဲကို ပြေး၀င်လာခဲ့ရင်း သူ့ရဲ့သူငယ်ချင်းနှစ်ယောက်ကို အားကုန်သုံးပြီနိုးဖို့လုပ်ပါတာ့တယ်။
ဒီတစ်ကြိမ်မှာ ရှဲ့ဟွမ်ယွဲ့ရဲ့ ခန္ဓာကိုယ်က မူလအနေအထားကိုရောက်ရှိသွားခဲ့ပါပြီ။ တစ်ကိုယ်လုံးကတော့ ချွေးတွေစိုရွဲလို့နေပါတော့တယ်။ ဒီတစ်ကြိမ်မှာ ရှောင်းရှောင်းနဲ့ ၀မ်သုန့်နှစ်ယောက်စလုံးက သူ့ကို သတ်ချင်နေမှန်း ရှင်းရှင်းလင်းလင်းခံစားလိုက်မိပါတယ်။ ဒါပေမယ့် သူလဲ ဘာမှလုပ်နိုင်တာ မရှိခဲ့တာကြောင့် လှဲစဥ်ခံရရုံသာရှိတာပါ။ သူ့ခန္ဓာကိုယ်ပေါ်က အဆီတွေတောင် တုန်ခါရင်းတစ်ကိုယ်လုံးလဲ တုန်ရီိလို့နေခဲ့ပါတယ်။ ရှောင်းရှောင်းရဲ့ သေစေနိုင်တဲ့အကြည့်က စိတ်ထဲမှာတော့ နက်နက်ရှိုင်းရှိုင်း တံဆိပ်ခပ်ပြီသားဖြစ်သွားခဲ့ပါပြီ။
ကြည့်နေတဲ့ဆရာတွေလဲ အခုအချိန်မှာ တိတ်ဆိတ်လို့နေခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူတို့တွေက ပြိုင်ပွဲတွေအားလုံးကို လျစ်လျူရှုထားခဲ့မိကြတယ်။
ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းရဲ့စွမ်းအားက အဲ့ဒီလောက် မကြီးမားပါဘူး။ ဆရာတစ်ယောက်ဖြစ်လာဖို့အတွက်အနည်းဆုံး ၀ိညာဥ်စက်ကွင်းခြောက်ကွင်းနဲ့ ၀ိညာဥ်ဧကရာဇ်အဆင့်ရှိမှဖြစ်မှာပါ။ ဒါပေမယ့် ဒီနေ့မှတော့ ၀မ်သုန့်နဲ့ ရှောင်းရှောင်းခေါင်းမာတဲ့တိုက်ခိုက်မှုကြောင့် တကယ်ကို လန့်ခဲ့ရပါတယ်။ ၀မ်သုန့်ရဲ့အခြေအနေက သူတို့အတွက် လက်ခံနိုင်စရာရှိသေးတယ်။ သူက စွမ်းအားကိုအကုန်သုံးလိုက်ပုံပါပဲ။ ဒါပေမယ့် ရှောင်းရှောင်းကတော့ စွမ်းအားကို သုံးနိုင်တဲ့ပမာဏထက် ပိုကျော်လွန်ပြီ သုံးခဲ့ပါတယ်။ ဒါက အချိန်တိုအတွင်းမှာ ပြန်လည်ကောင်းမွန်နိုင်မဲ့အရာတော့ မဟုတ်ခဲ့ပါဘူး။
အပိုင်း ၂၆•၄ ပြီး၏။