Switch Mode

Chapter – 297

မင်းတို့အားလုံး သေရမယ် (၂)

အပိုင်း ၂၉၇
မင်းတို့အားလုံး သေရမယ် (၂)

“ဘယ်သူလဲ…”

စုန့်ကျီမင် ထိတ်လန့် သွားသည်။ ကျန်သည့် လူများသည်လည်း လက်နက်များ ချက်ချင်း ဆွဲထုတ်ကာ အသံထွက်ပေါ် လာရာဘက်ကို ချိန်ထား လိုက်ကြသည်။

စုန့်ကျီမင်သည် တကယ်ကို ထိတ်လန့် ကြောက်ရွံ့နေခြင်း ဖြစ်၏။ ဤနေရာသည် ဂျင်ဒီနယ်မြေဖြစ်ပြီး ဝမ်ရှန်းမှလွဲ၍ ဤနေရာ အတွင်း၌ လွတ်လွတ်လပ်လပ် ရှင်သန် နေထိုင်နိုင်သည်လူ အခြား မည်သူကိုမှ သူ တစ်ခေါက်မှ မကြားဖူးပေ။ ဒါ့ပြင် သူတို့နောက် လိုက်လာဖို့ကလည်း မဖြစ်နိုင်ပေ။

လမ်းတစ်လျှောက်တွင် စုန့်ကျီမင်သည် သတိထားသည် ထက်ကို ပိုမို သတိထားခဲ့ပေသည်။ ဘယ်ညာရှေ့နောက် အဘက်ဘက်ကို အသေအချာ စစ်ဆေးခဲ့၏။ သူတို့နောက် လိုက်လာသည့်လူ မရှိသည်မှာ သေချာပါသည်။ သူတစ်ယောက်တည်း မဟုတ် ကျန်သည့်လူများ အားလုံး၏ နားနှင့်မျက်စိ အောက်မှ ပုန်းကွယ်နိုင်ဖို့ ဆိုတာက လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပေ။

သို့သော် မဖြစ်နိုင်ဘူးဟု တစ်သမတ်တည်း တွေး၍မရပေ။ တောအုပ် အမှောင်အတွင်း ကြည့်ကာ သူ့လက်ထဲ၌ ဓားတိုသုံးချောင်း အသင့်ပြင် ထားလိုက်သည်။ အခြေအနေ တစ်ခုခု ထူးသည်နှင့် ချက်ချင်း အသုံးပြုနိုင်ရန် ဖြစ်၏။

ထိုအခိုက်အတန့်တွင် သစ်ကိုင်းခြောက်နှင့် သစ်ရွက်များ နင်းခံရသံများ ထွက်ပေါ်လာကာ လူတစ်ယောက် တစ်လှမ်းချင်း လျှောက်လာ နေသည်ကို သူတို့ မြင်လိုက်ရ၏။

ထွက်လာသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် အသက် ၄၀ ခန့်ဟု ထင်ရသော်လည်း တကယ်မှာ ၅၀ ကျော်ပြီဖြစ်မှန်း ဝမ်ရှန်း သိပေသည်။ သူ၏ဝိညာဉ်အဆင့်က မြင့်မားကာ သူ၏မျက်နှာမှာ သိမ်မွေ့ နေသောကြောင့်သာ အသက် ၄၀ အရွယ်ဟု ထင်နေရခြင်းဖြစ်၏။

ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ခေါင်းဆောင် တစ်ယောက်ထံ၌ ရှိသည့် တည်ကြည်ခံ့ညားမှု အရှိန်အဝါများ အပြည့်အဝ ထွက်ပေါ်နေသည်။ ထိုအရှိန်အဝါသည် အချိန်အတော်ကြာ ခေါင်းဆောင် ဖြစ်လာသည့် လူတစ်ယောက်ထံမှာမှ ရှိနိုင်သည့် အရှိန်အဝါမျိုး ဖြစ်၏။

ဤခရီးစဉ် တစ်လျှောက်လုံးတွင် စုန့်ကျီမင်သည် အခြား လူများအား အမိန့်ပေးခဲ့ခြင်း ဖြစ်သော်လည်း သူ့ထံ၌ ဤကဲ့သို့သော အရှိန်အဝါမျိုး နည်းနည်းလေးပင် မရှိပေ။ သို့သော် စုန့်မိသားစု၏ အကြီးအကဲများတွင်မူ ဤကဲ့သို့သော အရှိန်အဝါမျိုး ရှိပေသည်။

ထိုလူထွက်လာသည့် အချိန်တွင် သူ၏မျက်နှာသည် အေးစက် တောင့်တင်းနေကာ သူ၏ မကျေနပ်ချက်များက သူ့မျက်နှာ၌ အထင်းသား ထွက်ပေါ်နေ၏။ ထိုလူကို မြင်လိုက်ရသည့် အချိန်တွင် သူ့ဘေးမှ အမျိုးသမီးလေး၏ ခန္ဓာကိုယ်မှာ ထပ်မံ၍ တုန်ယင် လာခဲ့သည်။

“ခေါင်း… ခေါင်းဆောင်…”

စုန့်ကျီမင် သူ့မျက်လုံးများကိုသူ ခက်ခက်ခဲခဲ ယုံကြည် နေရသည်။ သူ မသိလိုက်ခင်မှာပင် သူ့အသံပင် တုန်ခါနေပြီ ဖြစ်၏။

အခြားကျန်သည့်သူ အားလုံးသည် တစေ္ဆသရဲ တစ်ကောင်ကို မြင်လိုက် ရသကဲ့ပင် ဖြစ်၏။ မယုံကြည်နိုင်မှု အပြည့်ဖြင့် သူတို့ခေါင်းဆောင်ကို ကြောင်ကြည့် နေခဲ့ကြသည်။

နှစ်ပေါင်းများစွာ ပျောက်ဆုံးနေကာ သူတို့ သေပြီဟု ထင်ခဲ့သည့် ခေါင်းဆောင်က သူတို့မျက်စိရှေ့၌ အသက်ရှင်လျက် ထွက်ပေါ် လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း…

စုန့်ရန်ကမူ စိတ်လှုပ်ရှားလွန်း၍ ခြေပင် မခိုင်တော့၊ ဝမ်ရှန်း ကိုယ်ပေါ်သို့ မှီကျသွားခဲ့သည်။

ယခုအချိန်တွင် သူမသည် အခြားဘာကိုမှ ဂရုမစိုက်နိုင်တော့။ သူမမျက်စိရှေ့၌ ထွက်ပေါ်လာသည့် သူမနှင့် အလွန်ရင်းနှီးသော အနှီပုဂ္ဂိုလ်အား မျက်တောင်မခတ် စိုက်ကြည့်ကာ မျက်ရည်များ ဝဲတက်လာခဲ့သည်။

စုန့်ဟုန်သယ်… စုန့်မိသားစု၏ ခေါင်းဆောင်… သူသည် စုန့်ကျီမင်၏ စကားကို လျစ်လျူရှုကာ ဝမ်ရှန်းပေါ်၌ မှီထားသည့် သူ့သမီးကိုသာ စူးစိုက်ကြည့် လိုက်သည်။

“ကောင်လေး၊ သူ့ကိုလွတ်လိုက်စမ်း…”

စုန့်ဟုန်သယ်သည် ပါးစပ် ဟလိုက်သည်နှင့် ဝမ်ရှန်းအား အမိန့်ပေးသည့် စကားကိုသာ တန်းဆိုလိုက်သည်။ သူ့သမီးအား အသားယူနေသည့် ဤကောင်လေးကို သူ သိပ်ပြီး အမြင်မကြည်ပေ။

“ကျွန်တော် လွတ်လိုက်ရင် ရန်လေး လဲကျသွားလိမ့်မယ်”

ဝမ်ရှန်းသည် လွတ်မည့် အရိပ်အယောင်မပြဘဲ တည်ငြိမ်စွာသာ ပြန်ဖြေလိုက်သည်။

ဟုတ်ပါသည်၊ အခြားသူများသည် စုန့်ခေါင်းဆောင်အား မြင်လိုက်ရသည့် အချိန်တွင် တုန်လှုပ် ထိတ်လန့် သွားခဲ့ကြ၏။

သို့သော်လည်း ဝမ်ရှန်းသည် စုန့်မိသားစုမှ မဟုတ်။ ထို့ကြောင့် ဝမ်ရှန်းသည် အနှီပုဂ္ဂိုလ်အား မကြောက်ပေ၊ သူ့အား ဦးညွှတ် အရိုအသေ ပေးစရာလည်းမလိုပေ။

“ဖေဖေ…” နောက်ဆုံးတွင် စုန့်ရန် သတိပြန်ဝင်လာကာ သူမ၏ခန္ဓာကိုယ် ပြန်မတ် သွားခဲ့သည်။

ထိုစကားလုံး နှစ်လုံး ရေရွတ် လိုက်သည်နှင့် စုန့်ရန်၏ တောင့်ခံထားသည့် မျက်ရည်များ သူမပါးပေါ်သို့ တရစပ် စီးကျလာခဲ့သည်။

ထိုအချိန် တစ်ခဏတွင် သူမအဖေ ပျောက်သွား ပြီးနောက် သူမ ခံစားခဲ့ရသည့် မကျေနပ်ချက်များ၊ ဖိနှိပ်ခံရမှုများနှင့် လှည့်စား ခံရမှုများ အားလုံး ပျောက်ကွယ် သွားခဲ့သည်။ ထိုခံစားချက်များ အားလုံးသည် မျက်ရည်များအဖြစ် ပေါင်းစပ်သွားကာ သူမ ပါးပေါ်သို့ တသွင်သွင စီးကျ လာခဲ့တော့သည်။

ထို့နောက် သူမအဖေဆီ ပြေးသွားကာ သူမ မြင်တွေ့ နေရသည်များ အားလုံးက အိပ်မက်တစ်ခု ဖြစ်နေမည်ကို စိုးရွံ့သည့်စိတ်၊ သူမအဖေ နောက်တစ်ကြိမ် ထပ်မံ ပျောက်ကွယ် သွားမည်ကို စိုးရွံ့သည့် စိတ်များဖြင့် သူမအဖေအား တင်းကျပ်စွာ ဖက်တွယ် လိုက်သည်။ သို့သော် ဘယ်လောက်ပင် တင်းကျပ်စွာ ဖက်တွယ် ဖက်တွယ် သူမ စိတ်ထဲမှ တင်းကျပ်မှုများက မလျော့ပါးနိုင် ဖြစ်နေခဲ့သည်။

စုန့်ဟုန်သယ်၏ မျက်နှာထက်တွင် အပြစ်ရှိစိတ်များ သိသိသာသာ ထွက်ပေါ်နေသည်။ သို့သော် အရွယ်ရောက်လာပြီ ဖြစ်သည့် သူ့သမီးစုန့်ရန်အား ကြည့်သည့် အကြည့်သည် အလွန်ကို နူးညံ့ကြင်နာနေ၏။ စုန့်ရန်အား နူးညံ့စွာ ပြန်လည် ပွေ့ဖက်ကာ သူ၏စိတ်သည်လည်း ပျော်ရွှင်မှုဖြင့် ခုန်ပေါက်နေပြီ ဖြစ်သည်။

“သမီးကို တောင်းပန်ပါတယ်ကွယ်…”

စုန့်ရန်အား စစချင်း မြင်လိုက်ရသည့် အချိန်၌ဆိုလျှင် သူသည် ချက်ချင်း ပြေးထွက် လာချင်စိတ်ကို မနည်း ထိန်းထားရခြင်း ဖြစ်သည်။

သူထွက်လာသည့် အချိန်တွင် စုန့်ရန်သည် ကလေး ပေါက်စလေးသာ ရှိသေး၏၊ သို့သော် ယခုအချိန်တွင် အသက် ၂၀ အရွယ် အပျိုပေါက်စလေး ဖြစ်နေပြီ ဖြစ်သည်။ သူမသည် ငယ်ရုပ် မပျောက်သော်လည်း လှပရဲရင့်သည့် အမျိုးသမီး တစ်ယောက် ဖြစ်လာပြီဖြစ်၏။

“အဖေ ထွက်လာတုန်းက သမီးကို ကောင်းကောင်း ဂရုစိုက်ပေးဖို့ သူတို့ကို မှာထားခဲ့တယ်”

စုန့်ရန်၏ နူးညံ့ချောမွေ့သည့် ဆံကေသာများကို သပ်ကာ စုန့်ဟုန်သယ်မှ ညင်သာစွာ ပြောလိုက်သည်။

“သမီးအတွက်ဆိုပြီး ကြယ်ကိုးပွင့် ဝိညာဉ်လည်း ထားခဲ့သေးတယ်လေ။ အခု သမီးဝိညာဉ်အဆင့် ဘယ်လောက် ရောက်ပြီလဲ”

“ဟင်… ကြယ်ကိုးပွင့်ဝိညာဉ်..”

စုန့်ရန်၏ ခန္ဓာကိုယ် တောင့်တင်း သွားသည်။ သူမအဖေသည် သူမ ငယ်ငယ်လေး ကတည်းက ထွက်သွားခြင်း ဖြစ်သည်။ သို့သော် သူမအဖေက သူမအတွက် ကြယ်ကိုးပွင့်ဝိညာဉ် ချန်ထား ပေးခဲ့သည်ဟုတော့ အကြီးအကဲများ တစ်ခေါက်မှ မပြောဖူးခဲ့ပေ။

“ဘာဖြစ်လို့လဲ သမီး..”

စုန့်ရန်၏ ခန္ဓာကိုယ် တောင့်တင်း သွားသည်ကို သတိပြုမိကာ တစ်ခုခုတော့ မှားနေပြီ ဖြစ်ကြောင်း စုန့်ဟုန်သယ် နားလည် လိုက်သည်။ သူ့အား ဖက်ထားသည့် စုန့်ရန်ကို အရှေ့သို့ ဆွဲခေါ်ကာ သူမ ပါးပြင်ထက်မှ ဆံစများကို နားရွက် နောက်သို့ ညင်သာစွာ သပ်တင် ပေးလိုက်သည်။

“မမလေးက အကြီးအကဲတွေ ယူလာပေးတဲ့ ကြယ်ခြောက်ပွင့် နှင်းခဲ လိပ်ဝိညာဉ်ကိုပဲ ကျင့်ကြံရတာပါ အရှင်”

ပြန်ဖြေ လိုက်သည်မှာ စုန့်ရန် မဟုတ်။ စုန့်လောင်ယုမှ ရိုရိုကျိုးကျိုး ပြန်ဖြေလိုက်ခြင်း ဖြစ်သည်။

“ခေါင်းဆောင်က ကြယ်ကိုးပွင့် ဝိညာဉ်ကို ချန်ထားခဲ့တယ် ဆိုပေမယ့် မမလေး လေ့ကျင့်ရတာက အဲ့ဒါ မဟုတ်ပါဘူးအရှင်”

“ဟုတ်ပြီ… ကောင်းတယ်…”

ထိုအဖြေ ကြားလိုက်သည့် အချိန်တွင် စုန့်ဟုန်သယ် ဒေါသထွက်လွန်း၍ သွေးဆောင့်တက်လု နီးပါးဖြစ်သွား၏။ ထိုစကားများထဲ၌ ပါဝင်သည့် သူ၏ဒေါသ အရှိန်အဟုန်ကို အားလုံး ခံစား၍ ရပေသည်။

စုန့်ဟုန်သယ် ထွက်လာ ပြီးနောက် စုန့်ကျီမင်ဘက်မှ မည်သူမှ စကား မပြောရဲကြတော့ပေ။ သူတို့ ခေါင်းဆောင်သည် နှစ်ပေါင်းများစွာ ထူးဆန်းစွာ ပျောက်ဆုံး နေခဲ့သည်။ ယခု ထွက်လာသည့် အချိန်တွင်လည်း အင်အား ကြီးမားသည့် လူသတ်ငွေ့ ၂၀ လောက်က သူတို့ပေါ်သို့ ကျရောက်နေသည်။ စုန့်ဟုန်သယ် ခေါင်းတစ်ချက်သာ ညိတ်လိုက်လျှင် ချက်ချင်း တိုက်ပွဲ ဖြစ်သွားမည် ဖြစ်သည်။

“ဟား ဟား ဟား ဟား…”

ဒေါသက အထွတ်အထိပ် ရောက်သွားသည့် အချိန်တွင် စုန့်ဟုန်သယ် ကျယ်လောင်စွာသာ အော်ရယ် လိုက်တော့သည်။ သို့သော် ထိုရယ်သံကို ကြားသည်နှင့် စုန့်ကျီမင်နှင့် အခြားလူများ အားလုံး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့ကြသည်။

“ငါ ထွက်လာတာမှ ဘယ်လောက်မှ မရှိသေးဘူး။ ငါ့သမီးက ဒီလိုမျိုးတွေ အနိုင်ကျင့် ခံနေရပြီ။ ကြည့်ရတာ အရင်က ငါ့လုပ်ရပ်တွေက သက်ညှာလွန်းရာ ရောက်နေတယ် ထင်တယ်..”

အားရပါးရ ခက်ထန်စွာ ရယ်ပြီးနောက် စုန့်ဟုန်သယ် စုန့်ကျီမင်နှင့် အခြားလူများဘက် လှည့်ကြည့် လိုက်သည်။ ထို့နောက် စကားကို တစ်ခွန်းချင်းစီ ပြောလိုက်၏။

“မင်း တို့ အား လုံး သေ ရ မယ်…”
***

Comment

Leave a Reply

Options

not work with dark mode
Reset