Switch Mode

Chapter – 26.3

နိုင်ငံ့ ရတနာအိုးကြီးရဲ့ ကြောက်စရာ တုန်ခါမှု

ရှင်းလင်းချက် ညီအစ်ကိုနှစ်ယောက်နာမည် ကောင်းကင်နဂါး | ကောင်းကင်းဧကရာဇ်။
အပိုင်း ၂၆•၃

” နိုင်ငံရတနာအိုးကြီးရဲ့ ကြောက်စရာတုန်ခါမှု ”
°°°
သူ့ရဲ့စွမ်းအားကို အသုံးပြုပြီ ရှောင်းရှောင်းကို မခုခံနိုင်တာကြောင့် လွှင့်ထွက်သွားတာမဟုတ်ပဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုကြောင့်သာ လွှင့်ထွက်သွားတာပါ။ ကံမကောင်းစွာနဲ့ပဲ ရှောင်းရှောင်းရဲ့ အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးက သူ့ကို ခြိမ်းခြောက်နိုင်တဲ့ အစွမ်းသတ္တိရှိမနေခဲ့ပါဘူး။ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်ကိုကျပြီတဲ့နောက် ဘောလုံးတစ်လုံးလိုပဲ နောက်တစ်ကြိမ် ပြန်ပြီလွှင့်ထွက်သွားပြန်ပါတယ်။

ဟို့ယွိဟောင်ကလဲ မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။ သူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကို အသုံးပြုချိန်မှာ ရှဲ့ဟွမ်ယွဲ့ရဲ့ အသားတွေနဲ့ ထိတွေ့ရုံနဲ့တင်အစွမ်းသတ္တိလျော့ကျသွားတာကို ခံစားမိပါတယ်။ ရှဲ့ဟွမ်ယွဲ့ရဲ့ ဦးနှောက်ကိုမရောက်ခင်အချိန်မှာတင် သူ့ရဲ့ စိတ်၀ိညာဥ်တိုက်ခိုက်မှုက စွမ်းအားလျော့ကျသွားခဲ့ရတယ်။ အဆုံးသတ်မှာ သူက တခဏတာသာ တအံ့တဩပုံစံနဲ့ ကျန်ရစ်နေခဲ့ပြီ မာရှောင်ထောင့်ကိုအသုံးပြုချိန်မှာ ခံစားရသလောက် မနာကျင်တဲ့ပုံပါပဲ။ ဒါကဘယ်လိုသိုင်းပညာ၀ိညာဥ်မျိုးလဲ ဒီလောက်တောင် ပြဿနာတက်နိုင်တယ်လား။

ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းတို့ရဲ့ ဖိအားတွေက ပိုမိုကြီးထွားလို့လာခဲ့ပါပြီ။ ၀မ်သုန့်လဲ ဟို့ယွိဟောင်တို့အခြေအနေကို ခံစားနေခဲ့မိပါတယ်။ ဒါကြောင့် သူ့မျက်လုံးထဲမှာ အေးစက်တဲ့အလင်းတန်း ထွက်ပေါ်လာခဲ့ပြီ ညီအစ်ကိုနှစ်ယောက်ကို ဖြတ်ထုတ်ဖို့အတွက် သူလုပ်ပါတော့တယ်။ သူ့ရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပါပြီ။ လိပ်ပြာနတ်မိမယ်ရဲ့ အလင်းတန်းက စစ်မြေပြင်တစ်ခွင်လုံးကို လွှမ်းခြုံသွားပြန်ပါတယ်။ သူမှာလူတွေကို ထိန်းချုပ်နိုင်တဲ့စွမ်းရည်ရှိမနေခဲ့ပေမဲ့ ၀မ်သုန့်က ပစ်မှတ်ကို မလွဲချော်စေရပါဘူး။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့် သူမှာလဲ အမြင်ကောင်းကောင်းရှိနေခဲ့တယ်။

လော့မျိုးနွယ်ညီအစ်ကိုတွေကလဲ အဲ့ဒီနေရာမှာထိုင်ပြီ စောင့်နေမဲ့သူတွေမဟုတ်ပေမဲ့ သူတို့မှာ ဟို့ယွိဟောင်လို ထောက်ပံ့ပေးတဲ့သူလဲ မရှိပဲဖြစ်နေခဲ့တယ်။ ဒါကြောင့် သူတို့ရဲ့တုန့်ပြန်တဲ့နှုန်းက ၀မ်သုန့်ထက်တော့ အများကြီးနှေးကွေးပါတယ်။ ဒုတိယ၀ိညာဥ်စက်ကွင်းကို သူတို့အသုံးပြုဖို့လုပ်ချိန်မှာ ၀မ်သုန့်က သူတို့ကို တိုက်ခိုက်ပြီးနေပါပြီ။

လော့မျိုးနွယ်ညီနောင်တွေကတော့ ဓားသွားတွေကို အသုံးပြုရင်း ၀မ်သုန့်ရဲ့တိုက်ခိုက်မှုကို တားဆီးဖို့လုပ်ပေမဲ့ အသုံးမ၀င်ပဲ ဖြစ်နေခဲ့တယ်။ သူတို့က ၀မ်သုန့်ထက် အရာအားလုံးမှာ နောက်ကျနေခဲ့တာပါ။ ၀ိညာဥ်စွမ်းရည်ရော သိုင်းပညာ၀ိညာဥ်အရေအသွေးရော ၀ိညာဥ်စက်ကွင်းတွေရဲ့သက်တမ်းကပါ နောက်ရောက်နေခဲ့ပါတယ်။ ၀မ်သုန့်ရဲ့ရွှေရောင်အလင်းတန်းက အပြည့်အ၀စွမ်းရည်လွှင့်ထုတ်ချိန်မှာတော့ လွှင်ထွက်သွားခဲ့ပါပြီ။ ဒါ့အပြင် သူတို့ရဲ့၀ိညာဥ်စွမ်းရည်တွေကလဲ ပျက်စီးလို့သွားခဲ့ရင်း ဒီနယ်မြေထဲမှာ သရဲတစ်ကောင်ကြောင့် လျှပ်စီးတန်းတွေနဲ့ ပစ်ခံလိုက်ရသလိုခံစားနေခဲ့မိပါတယ်။ လော့မျိုးနွယ်ညီအစ်ကိုတွေက ၀မ်သုန့်ရဲ့တိုက်ခိုက်မှုကြောင့် ဒဏ်ရာအတော်ရသွားလောက်ပါပြီ။ ဒါကြောင့် တစ်ဖက်မှာရှိနေခဲ့တဲ့ ရှဲ့ဟွမ်ယွဲ့ကလဲ ပြိုင်ပွဲကို ၀င်ရောက်စွက်ဖက်ဖို့လုပ်ပါတော့တယ်။ ဒါပေမယ့် သူ့ရဲ့၀င်ရောက်စွက်ဖက်မှုက ညီအစ်ကိုနှစ်ယောက်ကိုတော့ နယ်မြေထဲပြန်၀င်မလာစေခဲ့ပါဘူး။

၀မ်သုန့်ရဲ့ အကဲဖြတ်မှုကလဲ တိကျခဲ့ပါတယ်။ ပြင်းထန်တဲ့တိုက်ခိုက်ရေးစွမ်းအားနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ အရေအသွေးတွေအားလုံးက ကြည့်နေတဲ့ဆရာတွေကို ချီးမွမ်းစေခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ၀မ်သုန့်က ပြိုင်ဘက်တွေကို အဓိက တိုက်ခိုက်နိုင်နေတာ ဟို့ယွိဟောင်နဲ့ရှောင်းရှောင်းတို့ ခုခံကာကွယ်ပေးနေလို့ပါပဲ။

အမှန်တကယ်ပြောရမယ်ဆိုရင် ရှဲ့ဟွမ်ယွဲ့တို့အဖွဲ့တစ်ဖွဲ့လုံးပေါင်းရင်းတောင် စွမ်းအားက နင့်ထျန်းတို့အဖွဲ့ထက်အားနည်းပါတယ်။ ဒါ့အပြင် လော့ညီအစ်ကိုနဲ့ယှဥ်မယ်ဆိုရင် ၀ူဖုန်းနဲ့ နန်မန်ယွမ်အယ်တို့က ပိုလို့အားကောင်းနေခဲ့တယ်။ သူတို့ရဲ့ သိုင်းပညာ၀ိညာဥ်တွေကလဲ အရေအသွေးမြင့်မားတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ရှဲ့ဟွမ်ယွဲ့တို့အဖွဲ့က နင့်ထျန်းတို့ထက် ပိုမိုမြင့်မားတဲ့အဆင့်နဲ့ စာမေးပွဲမှာ အဆုံးသတ်ခဲ့ပါပြီ။ ရှဲ့ဟွမ်ယွဲ့တစ်ယောက်ထဲနဲ့ ဘယ်လောက်တောင် ကြောက်စရာကောင်းနေမလဲဆိုတာ သိသာနေခဲ့တယ်။

ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာပြီတဲ့နောက် ရှဲ့ဟွမ်ယွဲ့ရဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းက တောက်ပလာခဲ့ပါတယ်။ ဟို့ယွိဟောင်က သူ့ရဲ့နည်းလမ်းကို အသုံးပြုပြီ နောက်ထပ်စိတ်၀ိညာဥ်ထိတ်လန့်မှုတစ်ခုကို ပို့လွှတ်လိုက်တယ်။ တစ်ချိန်ထဲမှာပဲ ရှောင်းရှောင်းက အသက်သုံးချောင်းချေဖျက်အိုးကြီးကို လှုပ်ရှားလိုက်ပါတယ်။ လက်ရှိအချိန် သူတို့နှစ်ယောက်က အတွေးတစ်ခုထဲသာရှိနေခဲ့တယ်။ သူတို့တွေသာ တိုက်ပွဲကို အချိန်ဆွဲထားနိုင်ရင် ၀မ်သုန့်လဲ ပြန်လာနိုင်မှာပါ။ ဒါကြောင့် နှစ်ယောက်ရဲ့အင်အားကိုပေါင်းစည်းရင်း ရှဲ့ဟွမ်ယွဲ့ကို ထိန်းချုပ်ဖို့လုပ်နေခဲ့ပါတယ်။

ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုက ပြိုင်ဘက်ရဲ့လှုပ်ရှားမှုတွေကို ခန့်မှန်းနိုင်ပေမဲ့ တစ်ဖက်လူရဲ့၀ိညာဥ်စွမ်းရည်နဲ့ ဘယ်အချိန်မှာ အသုံးပြုမယ်ဆိုတာကိုတော့ မခန့်မှန်းနိုင်ပါဘူး။

ရှဲ့ဟွမ်ယွဲ့ရဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းတောက်ပလာချိန်မှာ သူက လေထဲရောက်နေဆဲဖြစ်ပြီ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပါတယ်။ ဟို့ယွိဟောင် သူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကို အသုံးပြုချိန်မှာပဲ ရှဲ့ဟွမ်ယွဲ့ရဲ့ လက်မောင်းက ကြီးမားလာခဲ့ပြီ ရှောင်းရှောင်းရဲ့အိုးကြီးသုံးခုကို အတိအကျရိုက်ထုတ်တော့တယ်။

ရှောင်းရှောင်းက အိုးကြီးရဲ့စွမ်းရည်ကို ခပ်မြန်မြန်အသက်သွင်းလိုက်ပေမဲ့ ရှဲ့ဟွမ်ယွဲ့ကတော့ ဒါတွေကို တောင့်ခံထားနိုင်ဆဲပါပဲ။ သူ့ရဲ့ကြောက်စရာအင်အားက အိုးသုံးလုံးစလုံးကို လွှင့်ထွက်လို့သွားစေခဲ့တယ်။ အဲ့ဒီနောက် ဘောလုံးလိုခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်ကို ဆင်းသက်လာခဲ့ရင်း ရှောင်းရှောင်းဆီကို အိုးတွေပြန်ပြီရိုက်ထုတ်ပြစ်လိုက်ပါပြီ။

ဒီတစ်ကြိမ်မှာ စိတ်၀ိညာဥ်ထိတ်လန့်မှုကြောင့် သူ့ရဲ့သက်ရောက်မှုက အချိန်အကြာကြီးအတော်ကို တိုတောင်းပါတယ်။ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းတွေ ၀ိဘာဥ်စွမ်းအားတွေကိုအသုံးပြုချနိုင်စွမ်းကလဲ လုံး၀ကို ထိပ်တန်းရောက်ရှိနေခဲ့ပါပြီ။ တကယ်ကို မြင်ရခဲတဲ့မြင်ကွင်းပါ။ ဟို့ယွိဟောင်က သူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုကို အသုံးပြုပြီတဲ့နောက် သူ့ရဲ့ကိုယ်ပိုင်၀ိညာဥ်စွမ်းရည်ကို အသုံးချရင်း အန္တရာယ်ကနေ ဆံချည်တစ်မျှင်အလိုမှာ လွှတ်မြောက်အောင်လုပ်နိုင်လာခဲ့ပါတယ်။ သူ့ကိုယ်သူ တစ်ချိန်ထဲမှာပဲ အပေါ်စီးရောက်အောင် ပို့ထားနိုင်ခဲ့တယ်။

ရှောင်းရှောင်းလို အမွှာ၀ိညာဥ်ကို ပိုင်ဆိုင်ထားတဲ့သူတောင်မှ အနိီးကပ်တိုက်ပွဲမှာ ရှဲ့ဟွမ်ယွဲ့ကို တိုက်ခိုက်ဖို့မလွယ်ကူပါဘူး။ သူက ထိန်းချုပ်ရေး၀ိညာဥ်ပညာရှင်အဖြစ် အမြဲတမ်းသတ်မှတ်လို့ ထားခဲ့ပြီ အရှိန်နှုန်းနဲ့ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်အဖြစ် မသတ်မှတ်တာ ဒီကိစ္စကြောင့်ပါ။ ဒါ့အပြင် တိုက်ပွဲအတွေ့အကြုံသိပ်မရှိပါဘူး။ ရှဲ့ဟွမ်ယွဲ့ရဲ့ကြီးမားတဲ့ ခန္ဓာကိုယ်ကြီး သူ့ဆီကိုရောက်လာခါနီးဖြစ်လာချိန်မှာတော့ သူလဲ အတော်လေးကို ကြောင်အနေပါတော့တယ်။

ဟို့ယွိဟောင်က ရုတ်တရက်ဆိုသလို နောက်ကနေသူမရဲ့ ခါးကိုဆွဲလိုက်ပြီ သူ့ခန္ဓာကိုယ်က မိစ္ဆာတစ်ကောင်လိုလှုပ်ရှားပါတော့တယ်။ နှစ်ယောက်စလုံးကလဲ ရှဲ့ဟွမ်ယွဲ့ရဲ့ အခိုင်အမာဆုံးဖြတ်တဲ့ တိုက်ခိုက်မှုကြောင့် ကျုးကျော်ခံလိုက်ရပါပြီ။ အဲ့ဒီနောက် ရှောင်းရှောင်းနဲ့အတူတူ မြေပြင်ပေါ်ကို လိမ့်သွားပါတော့တယ်။ ရှဲ့ဟွမ်ယွဲ့ခန္ဓာကိုယ်နဲ့ ဖိချမခံရအာင် ကိုယ့်ကိုကိုယ် အမြန်ဆုံးရှောင်ရှားလိုက်တယ်။

ရှဲ့ဟွမ်ယွဲ့ရဲ့ခန္ဓာကိုယ်ကြီး အောက်ဖက်ကိုပြုတ်ကျလာချိန်မှာတော့ မာကျောတဲ့အသံထွက်ပေါ်မလာခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာ သူလေထဲကို လွှင့်မသွားခဲ့သလို ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းတို့နောက်လိုက်ပြီ လိမ့်လာခဲ့ပါတယ်။

ဒါက ၀မ်သုန့်အနေနဲ့ လော့ညီနောင်နှစ်ယောက်ကို အနိုင်ယူနေချိန်မှာ ဖြစ်ပေါ်လာခဲ့တာပါ။ ရှဲ့ဟွမ်ယွဲ့ကလဲ အတော်လေး ဖိအားများနေခဲ့ပါပြီ။ အကယ်၍ သူသာ ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းတို့ကို ၀မ်သုန့်ပြန်မလာခင် အနိုင်မယူနိုင်ခဲ့လို့ကတော့ သုံးယောက်တစ်ယောက်တိုက်ပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်ချက်မရှိပါဘူး။

တတိယ၀ိညာဥ်စက်ကွင်းက ခန္ဓာကိုယ်ပေါ်မှာ နောက်တစ်ကြိမ် တောက်ပလာပြန်ပါတယ်။ သူ့ခန္ဓာကိုယ်က ခရမ်းရောင်ပြောင်းသွားခဲ့ပါပြီ။ လက်ရှိအချိန်မှာ ရှဲ့ဟွမ်ယွဲ့ကတော့ ကြီးမားတဲ့ခရမ်းရောင်ဘောလုံးကြီးပုံစံလို ပေါ်နေခဲ့တယ်။ အဲ့ဒီနောက် သူဟိန်းဟောက်ရင်းနဲ့ သန်မာအားကောင်းတဲ့ ခရမ်းရောင်အလင်းတန်းတွေက ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းကို ချက်ချင်းလိုက်မီလာစေခဲ့ပါတယ်။

အရေးကြီးအချိန်မှာ ဟို့ယွိဟောင်ကတော့ ယောင်္ကျားတစ်ယောက်ရဲ့ တကယ်အရေအသွေးအစစ်အမှန်ကို ထုတ်ပြလိုက်ပါတယ်။ လိမ့်နေရာကနေ ချက်ချင်းဆိုသလို ထရပ်လိုက်ပြီ လက်နှစ်ဖက်ရဲ့ အင်အားကိုအသုံးပြုရင်း ရှောင်းရှောင်းကို လေထဲမှာမြောက်တင်လိုက်ပါတယ်။ ရှဲ့ဟွမ်ယွဲ့ရဲ့အနေနဲ့လဲ သူသာ အဲ့ဒီမှာရှိလို့ကတော့ လုံး၀ တိုက်မိနိုင်မှာမဟုတ်ပါဘူး။

” ယွိဟောင် ”

” ဟို့ယွိဟောင် ”

၀မ်သုန့်နဲ့ ရှောင်းရှောင်း နှစ်ယောက်စလုံး တစ်ပြိုင်နက်ထဲ အော်လိုက်မိပါတယ်။ ဒါပေမယ့် ကြီးမားတဲ့ခရမ်းရောင်အလင်းတန်းကြီးကတော့ ဟို့ယွိဟောင်ခန္ဓာကိုယ်နဲ့ တိုက်မိလို့သွားခဲ့ပြီ ဟို့ယွိဟောင်တစ်ကိုယ်လုံးတုန်လှုပ်လို့သွားခဲ့ပြီ ခရမ်းရောင်အလင်းတန်းကလဲ သူခြေထောက်အောက်ကနေ တောက်ပလာပါတော့တယ်။ ဟို့ယွိဟောင်က အဲ့ဒီနေရာမှာ မလှုပ်မယှက်ရှိနေခဲ့ပေမဲ့ သူ့ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကတော့ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားပါတော့တယ်။ ရှဲ့ဟွမ်ယွဲ့ရဲ့ ခန္ဓာကိုယ်ကြီး သူ့ကိုဖိမသတ်ခင်အချိန်မှာ စာမေးပွဲကြီးကြပ်သူက သူ့ကိုလာဆွဲခေါ်ပါတော့တယ်။ အသားလုံးကြီးရဲ့အောက်မှာ အသားပြားဖြစ်မသွားအောင် ကာကွယ်လိုက်တာပါ။

ရှဲ့ဟွမ်ယွဲ့ကတော့ သူ့ရဲ့ကံဆိုးမှုကိုသာ အပြစ်တင်နေခဲ့မိပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့်ရှိသွားခဲ့ပါပြီ။ ဆယ့်နှစ်၀ိညာဥ်စက်ကွင်းတစ်ကွင်းသာရှိတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်ကို အနိုင်ယူရတာက သိပ်ပြီအသုံးမ၀င်တဲ့ကိစ္စမဟုတ်ခဲ့ပါဘူး။ အဲ့ဒီအမွှာ၀ိညာဥ်ပညာရှင်က လွှတ်မြောက်သွားတာက သူ့အတွက်ပိုပြီး စိတ်မကောင်းစရာဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် တိုက်ပွဲမှာ အနိုင်ရနိုင်ချေလဲ ရှိနေခဲ့သေးတယ်။ လော့မျိုးနွယ်ညီနောင်တွေက သူ့ရဲ့လက်အောက်ငယ်သားသက်သက်တွေပါ။ သူကသာ တိုက်ပွဲတစ်ခုလုံးရဲ့ အဓိက တိုက်ခိုက်သူဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် ၀ိညာဥ်စက်ကွင်းသုံးကွင်းရဲ့စွမ်းအားကို အသုံးပြုပြီ ၀ိညာဥ်မဟာပညာရှင်နှစ်ယောက်ကို အနိုင်ရအောင် တိုက်ခိုက်နိုင်ချေက ခုနှစ်ဆယ်ရာခိုင်နှုန်းအထက်မှာ ရှိနေမယ်လို့ ယုံကြည်ချက်အပြည့်ရှိပါတယ်။

အပိုင်း ၂၆•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset