အပိုင်း ၂၆•၂
” နိုင်ငံရတနာအိုးကြီးရဲ့ ကြောက်စရာတုန်ခါမှု ”
°°°
” ကောင်းပါပြီ ”
၀မ်ယန်လဲ နောက်ထပ်မပြော၀ံ့တော့ပဲ ဘေးကိုသာ လျှောက်သွားပါတော့တယ်။ မဲခွဲဆုံးဖြတ်မှုတွေ ပြီးတဲ့နောက် ဆယ့်ခြောက်ဖွဲ့ရဲ့ပြိုင်ပွဲက ပုံမှန်အတိုင်းစတင်ပါပြီ။
တစ်ဖွဲ့ချင်းဆီပြိုင်ရမဲ့ နေရာကလဲ အရင်ကထက် ပိုပြီး ကျယ်ပြန့်လာပါတော့တယ်။ ကြီးမားတဲ့နယ်မြေကြီးရှစ်ခုက တစ်ပြိုင်နက်ထဲ လှည့်ပတ်နေခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်တို့အဖွဲ့လဲ နောက်ထပ် ထူးခြားတဲ့အဖွဲ့တစ်ဖွဲ့နဲ့ ရင်ဆိုင်ရပါတယ်။ မနေ့ကအဖွဲ့မှာ ကောင်မလေးသုံးယောက်နဲ့ တိုက်ခိုက်ခဲ့ရပြီ အခုအချိန်မှာတော့ ကောင်လေးသုံးယောက်နဲ့ တိုက်ခိုက်ဖို့အကြောင်းဖန်လာပါတော့တယ်။
သူတို့ပြိုင်ဘက်တွေ နယ်မြေထဲ၀င်လာတာနဲ့ သူတို့က ပုခုံးချင်ယှဥ်ပြီရပ်နေခဲ့ပါတယ်။ အလယ်မှာရှိနေတဲ့သူကတော့ ခပ်၀၀ကောင်လေးတစ်ယောက်ပါ။ အမျက်ဒေါသကျောင်းတော်ရဲ့ စည်းမျဥ်းတွေအရဆိုရင် သူက အသက်အကြီးဆုံးဆယ့်နှစ်နှစ်မှာရှိရမှာဖြစ်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ကတော့ ဆယ့်နှစ်နှစ်ကလေးတစ်ယောက်နဲ့ မတူညီပါဘူး။
အနည်းဆုံး ၁•၇ မီတာအထိ မြင့်မားနေခဲ့ပြီ ဟို့ယွိဟောင်တို့အဖွဲ့မှာ ရှိရှိသမျှ လူတိုင်းထက်လဲ ခေါင်းတစ်လုံးပိုမြင့်နေခဲ့ပါတယ်။ အရေးကြီးဆုံးကတော့ သူခါးရဲ့ အ၀န်အ၀ိုင်းကလဲ ၁•၇ မီတာနီးပါးရှိနေခဲ့တာကြောင့်ပါ။ သူအဲ့ဒီနေရာမှာ ရပ်နေတာကိုကြည့်မယ်ဆိုရင် အသားတောင်ကြီးတစ်တောင် ပုံထားသလိုပါပဲ။
သူဘေးမှာရှိနေတဲ့သူကလဲ နှစ်ယောက်ရှိနေပေမဲ့ အလယ်ကလူနဲ့ယှဥ်မယ်ဆိုရင် ပဲပင်ပေါက်လေးတွေလိုဖြစ်သွားပါတော့တယ်။ ခေါင်းတစ်လုံးပုနေရုံတင်မက အတော်လေးလဲ ခန္ဓာကိုယ်သေးငယ်ကြပါတယ်။ သူတို့နှစ်ယောက်က ညီအစ်တွေလို မျက်နှာချင်ဆင်နေခဲ့ပေမဲ့အမွှာတွေတော့ မဟုတ်ကြပါဘူး။ အတော်ကို သိသိသာသာရှိနေတဲ့ကိစ္စကတော့ သူတို့ရဲ့လက်မောင်းတွေက အရမ်းကိုသေးငယ်နေခဲ့တာပါ။ အရှေ့အလယ်က လူကိုကြည့်နေမယ်ဆိုရင် ဘေးမှာရှိတဲ့ ကျောင်းသားပိန်ပိန်လေးနှစ်ယောက်ကို သတိမထားမိပဲဖြစ်သွားနိုင်ပါတယ်။
” နှစ်ဖက်စလုံး ကိုယ့်ကိုယ်ကို မိတ်ဆက်ကြပါ ပြိုင်ပွဲအတွက် ပြင်ဆင်တော့ ”
ပြိုင်ပွဲကြီးကြပ်သူက ပြောလိုက်ပါတယ်။ အလယ်မှာရှိတဲ့ တောင်ကြီးတစ်တောင်လို လူငယ်လေးကရင်ဘတ်ကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ရင်း တစ်ကိုယ်လုံးက အဆီတွေကို တုန်ခါသွားစေပါတယ်။
” ငါက ရှဲ့ဟွမ်ယွဲ့ အတန်းနံပါတ်နှစ်က “‘
” အတန်းနံပါတ်နှစ် လော့ထျန်းလုံ ”
” အတန်းနံပါတ်နှစ် လော့ထျန်းပါး ”
ပိန်ပိန်ပါးပါး ကျောင်းသားနှစ်ယောက်ရဲ့အသံက တစ်ပြိုင်နက်ထဲ ထွက်ပေါ်လာခဲ့ပါတယ်။ ဟို့ဟွိဟောင်တို့အဖွဲ့လဲ တစ်ယောက်ကိုတစ်ယောက် မိတ်ဆက်လိုက်ကြပါပြီ။ ဒါ့အပြင် ကြီးကြပ်ရေးမှုး ပြိုင်ပွဲစကြောင်းကြော်ငြာတာနဲ့ စာမေးပွဲက တရား၀င်စတင်ပါတော့တယ်။ နှစ်ဖက်မျက်နှာချင်ဆိုင်ချိန်မှာ ဟို့ယွိဟောင်တို့အဖွဲ့ အတော်လေးကို မျက်နှာပျက်နေဆဲပါ။ အကြောင်းရင်းကတော့ လုံး၀ကို ရိိုးရှင်းပါတယ်။ သူတို့တွေ နောက်တစ်ကြိမ် ၀ိညာဥ်စက်ကွင်းသုံးကွင်းပညာရှင်နဲ့ ထပ်မံ တွေ့ရှိရလို့ပါပဲ။
ရှောင်းရှောင်းက စိတ်မထိန်းနိုင်တော့ပဲ မှတ်ချက်ပြုမိပါတော့တယ်။
” ငါတို့တွေ ဒီလောက် ကံဆိုးရတာလား ဒါမှမဟုတ် ကျောင်းကပဲ ငါတို့ကို တမင်တကာလာပြီကစားနေတာလား ”
ရှဲ့ဟွမ်ယွဲ့လို့ခေါ်တဲ့ ကျောင်းသားရဲ့ ခြေထောက်အောက်မှာ ၀ိညာဥ်စက်ကွင်းသုံးကွင်းက ထွက်ပေါ်လို့လာခဲ့ပါပြီ။ ဒါ့အပြင် သူ့ရဲ့ ၀ိညာဥ်စက်ကွင်းသုံးကွင်းကလဲ တစ်ခုထဲလိုပုံစံမျိုးနဲ့ စည်းချက်ကျကျလှည့်ပတ်လို့နေခဲ့ပါတယ်။ အဲ့ဒီနောက် ၀ိညာဥ်စက်ကွင်းက ပိုမိုကြည်လင်ပြတ်သားလာခဲ့ပါပြီ။ ဒီ၀ိညာဥ်စက်ကွင်းတွေကို ထုတ်သုံးချိန်မှာပဲ သူ့ရဲ့ အရပ်အမြင့်က ၁•၉ မီတာအထိကို မြင့်တက်သွားပါတော့တယ်။ ဒါ့အပြင် အသားအရောင်ကလဲ ချက်ချင်းဆိုသလို မည်းမှောင်လို့သွားခဲ့တယ်။ ရင်ဘတ်ကို လက်သီးနှစ်ခုအသုံးပြုရင်း ထုချလိုက်ပြီ ခပ်ထုံထုံအသံတစ်ခုကို ထွက်ပေါ်လာစေပါတယ်။ အဲ့ဒီနောက် ချက်ချင်းဆိုသလို ဟို့ယွိဟောင်တို့အဖွဲ့ဆီကိုပြေး၀င်လို့သွားတော့တယ်။
လော့ထျန်းလုံနဲ့ လော့ထျန်းပါးတို့နှစ်ယောက်ကတော့ သူတို့ရဲ့ ပြိုင်ပညာ၀ိညာဥ်တွေကို တိုက်ရိုက်ထုတ်မသုံးရသေးပါဘူး။ အဲ့ဒီအစား ရှဲ့ဟွမ်ယွဲ့ရဲ့ အနောက်ဖက်က ပြေးလိုက်လာခဲ့ကြတယ်။ ရှဲ့ဟွမ်ယွဲ့ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးကိုအသုံးပြုပြီ သူတို့ကိုယ်သူတို့ ပုန်းအောင်ဖို့ကြိုးစားနေခဲ့ကြပါတယ်။
ဒါက သူတို့ရဲ့ ပုံမှန်တိုက်ခိုက်ရေးပုံစံပါ။ ဒါ့အပြင် အတိတ်အချိန်မှာလဲ ပထမဆုံးတိုက်ကွင်းထဲနဲ့တင် အများကြီးအသာစီးရခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ ပထမဆုံးအကြိမ်အနေနဲ့ ဟို့ယွိဟောင်လို ပါရမီရှင်မျိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။
ပုန်းအောင်တာက ဘာများအသုံး၀င်နေမှာလဲ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကနေ သူတို့ဘယ်လိုများ ပုန်းအောင်နိုင်မှာလဲ။ ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ မှိန်ဖျော့ဖျော့ရွှေရောင်အလင်းတန်း တောက်ပလာခဲ့ပြီတဲ့နောက် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့စိတ်ထဲကို သုံးဖက်မြေပုံရိပ်တွေက ချက်ချင်းဆိုသလို ရောက်ရှိလာပါတော့တယ်။
ဒီတစ်ကြိမ်မှာ ရှောင်းရှောင်းကတော့ သူ့ရဲ့ အိုးကြီးကို ထုတ်မသုံးတော့ပဲ ပုလွေကိုသာချက်ချင်းထုတ်လိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူမရဲ့ အမွှာ၀ိညာဥ်တွေက ထင်ထင်ရှားရှားထွက်ပေါ်လာခဲ့ပါပြီ။ လက်ရှိအချိန်မှာ သူမက အမွှာ၀ိညာဥ်ပညာရှင်ဆိုတာ လူတိုင်းသိသွားပြီဖြစ်တာကြောင့် ဒီအခြေအနေကိုကောင်းကောင်း အသုံးချဖို့ရွေးချယ်လိုက်ပါတယ်။
သူ့ရဲ့အရှိန်အဟုန်ကိုတက်စေတဲ့ သီချင်းသံထွက်လာချိန်မှာရှဲ့ဟွမ်ယွဲ့နဲ့ ကျောင်းသားနှစ်ယောက်စလုံးလဲ ချက်ချင်းဆိုသလို နှေးကွေးသွားပါတော့တယ်။ ဒါပေမယ့် ၀မ်သုန့်ကတော့ အရှေ့ကိုပြေးထွက်လို့မသွားခဲ့ပါဘူး။ အဲ့ဒီအစား သူ့ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ကို ထုတ်လွှတ်ပြီတဲ့နောက် တောက်ပပြီကြီးမားတဲ့အတောင်ပံတွေက ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းကို ပြိုင်ဘက်တွေမမြင်အောင် ဖုံးကွယ်လိုက်ပါတော့တယ်။ ဒီတစ်ကြိမ်မှာ သူ့နဲ့ရှဲ့ဟွမ်ယွဲ့နှစ်ယောက်သာ တစ်ယောက်ကိုတစ်ယောက် မြင်ရပါတော့တယ်။ ရှဲ့ဟွမ်ယွဲ့ကတော့ အရှိန်နှေးသွားတာကိုသိပ်ပြီဂရုစိုက်ပုံမပေါ်ပါဘူး။ ဘယ်ဘက်ခြေထောက်နဲ့ မြေပြင်ပေါ်ကို ဆောင့်ချလိုက်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နောက်ထပ်အသံကျယ်ကြီးထွက်ပေါ်မလာခဲ့ပဲ ပထမ၀ိညာဥ်စက်ကွင်းက ရုတ်တရက်ဆိုသလို တောက်ပလို့လာခဲ့တယ်။ သူတို့သုံးယောက်က ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့် အပေါ်ခုန်တက်တော့မယ်ဆိုတာကို ခန့်မှန်းမိပါတယ်။ ဒါပေမယ့် အဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ ဘယ်လောက်အမြင့်ကို ပြန်ရောက်နိုင်မှာလဲ။
ဟို့ယွိဟောင်တို့တွေ ပဟေဠိဖြစ်နေချိန်မှာပဲ သူတို့အမှားကို သူတို့နားလည်သွားပါတော့တယ်။ မမျှော်လင့်ထားနိုင်လောက်အောင် ရှဲ့ဟွမ်ယွဲ့ရဲ့ ခန္ဓာကိုယ်က လေထုထဲမှာ ဟိုအမြင့်ကြီးအထိကို ရုတ်တရက်ဆိုသလို ထိုးတက်လို့သွားခဲ့ပါပြီ။ သူက အမြောက်ကြီးတစ်ခုပြစ်လွှတ်လိုက်သလိုပါပဲ။
လေထုရဲ့အပေါ်ဆယ့်မီတာအထိ ခုန်တက်လို့သွားပြီတဲ့နောက် ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးလို ကွေးလိုက်ရင်း ဟို့ယွိဟောင်တို့အဖွဲ့ဆီကို ထိုးချလာဖို့လုပ်ပါတော့တယ်။
ညီအစ်ကိုတွေဖြစ်ပုံရတဲ့ လော့ထျန်းလုံနဲ့ လော့ထျန်းပါးတို့ကလဲ တူညီစွာလှုပ်ရှားကြတယ်။ ရှောင်းရှောင်းရဲ့စွမ်းရည်ကြောင့် သူတို့နှစ်ယောက်အရှိန်လျော့သွားပြီ ဖြစ်ပေမဲ့ အတော်လေး မြန်ဆန်နေကြဆဲပါ။ နှစ်နှစ်ရာစက်ကွင်းတွေက သူတို့တွေကို ၀န်းရံထားခဲ့ပါတယ်။ ဒါ့အပြင် သူတို့ရဲ့လက်မောင်းအရှေ့ဘက်မှာတော့ ငွေရောင်အလင်းတန်းက တောက်ပလာခဲ့ပြီ ကြီးမားတဲ့ ဓားသွားကြီးတစ်ခုက လက်မောင်းတွေကနေ ထွက်ပေါ်လို့လာပါတယ်။ သူတို့တွေက မြန်ဆန်ရုံတင်မက ခန္ဓာကိုယ်တွေကလဲ ပြောင်းလဲနိုင်စွမ်းကြီးမားနေခဲ့တယ်။
ဒီတစ်ကြိမ်မှာတော့ ၀မ်သုန့်က အရှေ့ကို ထိုးထွက်သွားခဲ့ပါပြီ။ သူ့ရဲ့စွမ်းအားကို အသုံးပြုပြီ လေထဲမှာ ရှဲ့ဟွမ်ယွဲ့တိုက်ခိုက်ဖို့မလုပ်ခဲ့ပဲ လော့ညီနောင်ဆီကိုသာ ပြေး၀င်လို့သွားခဲ့ပါတယ်။ ဒါ့အပြင် သူ့အတောင်ပံတွေက သူတို့ရဲ့အရှိန်နှုန်းထက် သာလွန်လို့နေခဲ့တယ်။ လော့ညီနောင်က ရှောင်းရှောင်းကြောင့် နှေးကွေးသွားတဲ့အတွက် သူတို့ရဲ့အရှိန်နှုန်းက ၀မ်သုန့်ကို မမီနိုင်ပါဘူး။ ရလဒ်အနေနဲ့ နှစ်ယောက်ကိုတစ်ယောက်ထဲ တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိနေခဲ့ပါတယ်။
ရှဲ့ဟွမ်ယွဲ့ကတော့ လက်ရှိအချိန် ကောင်းကင်ပေါ်ကနေပြုတ်ကျလို့လာခဲ့ရင်း ရှောင်းရှောင်းရဲ့အိုးကြီးကို စောင့်ဆိုင်းလို့နေခဲ့ပါတယ်။ ရှောင်းရှောင်းရဲ့အိုးကတော့ လက်ရှိအချိန်မှာ သုံးခုကွဲထွက်လို့သွားခဲ့ပါပြီ။ သူ့ရဲ့ဒုတိယ၀ိညာဥ်စွမ်းအားကို ရှောင်းရှောင်းက စတင်အသုံးပြုပါတယ်။ လက်ရှိအချိန်မှာ သူက တားဆီးဖို့မျှော်လင့်ချက်ရှိမနေခဲ့တဲ့အတွက် လုံး၀ ကျရှုံးဖို့လဲ စောင့်မနေချင်တာကြောင့် အပြောင်းအလဲကို အသုံးပြုတာပါ။
သူ့ရဲ့ပြိုင်ဘက်ကိုလုံး၀အထင်မသေး၀ံ့ပါဘူး။ တစ်ဖက်လူက ၀ိညာဥ်အကြီးအကဲအဆင့်ပညာရှင်ဖြစ်နေခဲ့တာကြောင့် တိုက်ပွဲစစချင်မှာတင် အစွမ်းထက်ဆုံး၀ိညာဥ်စွမ်းရည်ကိုသူစတင်အသုံးပြုရပါတော့တယ်။ မမျှော်လင့်ထားရလောက်အောင်ပဲ ရှဲ့ဟွမ်ယွဲ့က ခုန်ရှောင်တာတွေ ဘာတွေလုပ်မနေပဲ ရှောင်းရှောင်းရဲ့တိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်ဖို့လုပ်ပါတယ်။ ဒါ့အပြင် အိုးကြီးသုံးလုံး သူ့ကို၀င်ရောက်တိုက်ခိုက်ခွင့်ပြုထားခဲ့တယ်။
အိုးကြီးတွေနဲ့ ထိမိချိန်မှာ ရှဲ့ဟွမ်ယွဲ့ရဲ့ခန္ဓာကိုယ်က လေထဲမှာလွှင့်မျောနေဆဲဖြစ်ပြီ ပထမ၀ိညာဥ်စက်ကွင်းကလဲ ရုတ်တရက်တောက်ပလို့လာပါတော့တယ်။ သူ့ရဲ့မူလကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ပိုမိုကြီးမားကျယ်ပြန့်လာခဲ့ပြီ လေထဲမှာ ဘောလုံးကြီးတစ်လုံးလိုမျိုး ဖြစ်သွားခဲ့တဲ့အတွက် ခန္ဓာကိုယ်က ပြီးပြည့်စုံအောင် လုံး၀ကို လုံး၀ိုင်းလို့နေခဲ့ပါတယ်။
အိုးကြီးရဲ့ အစွမ်းသတ္တိက စတင်ဖြစ်ပေါ်လာချိန်မှာတော့ ကြီးမားတဲ့ဘောလုံးကြီးက ရုတ်တရက်ဆိုသလို ကျုံ့သွားပါတော့တယ်။ ဒါကသူ့ရဲ့ ဖောင်းပွတဲ့စွမ်းရည်ကို အတော်လေးဖျက်ဆီးပြစ်နိုင်လိုက်တာပါ။ အဲ့ဒီနောက် ရှောင်းရှောင်းဆီကို သူပြေး၀င်လာပါတော့တယ်။
အရမ်းကိုသန်မာတာပဲ ဟို့ယွိဟောင်နဲ့ ရှောင်းရှောင်းနှစ်ယောက်စလုံး ဒီတိုက်ခိုက်မှုကို မတားဆီးနိုင်မှန်းသိနေခဲ့ပါတယ်။ ဒါ့အပြင် ရှဲ့ဟွမ်ယွဲ့မှာ အရမ်းကို ထူးခြားတဲ့သိုင်းပညာ၀ိညာဥ်ရှိနေခဲ့ပြီ ပြိုင်ဘက်ကင်းတဲ့သားရဲကောင်၀ိညာဥ်ဖြစ်နေပုံပါပဲ။ ဒါပေမယ့် ဘာမှန်းသူတို့မသိကြပါဘူး။
တခြားတစ်ဖက် စစ်မြေပြင်မှာတော့ ၀မ်သုန့်က သူ့ပြိုင်ဘက်တွေက သန်မာပေမဲ့ ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမှုကို အသုံးချရင်း နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေခဲ့ပါတယ်။ ဒါပေမယ့် လော့ညီနောင်တွေက မမြန်ဆန်တာတောင် အတော်လေး တိုက်ခိုက်ရေး တော်နေခဲ့တယ်။ ၀မ်သုန့်နဲ့ တိုက်ရိုက်တိုက်ခိုက်မဲ့အစား အချိန်ကို ဆွဲထားနေခဲ့ပါတယ်။
ရှဲ့ဟွမ်ယွဲ့ရဲ့ ကြီးမားတဲ့ခန္ဓာကိုယ်ကြီးက ဘောလုံးကြီးတစ်လုံးမျိုး ဆင်းသက်လာခဲ့ပေမဲ့ အဆုံးသတ်မှာတော့ အိုးကြီးကြောင့် သူပြန်လွှင့်ထွက်သွားခဲ့ပါတယ်။
အပိုင်း ၂၆•၂ ပြီး၏။