Switch Mode

Chapter – 141

မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့်

အခန်း (၁၄၁)
မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့်

“ငါက တကယ်တော့ ဒီလျှို့ဝှက်ဝိညာဉ်ဘုံ တစ်ခုလုံးကို ထိန်းသိမ်း စောင့်ရှောက် ရသူပဲ။ မင်းက ငါ့ကို ဘုံစောင့်ကြီးလို့ ခေါ်နိုင်တယ်။ မင်း ဓားလှေကားကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်”

တင်းမာ ခက်ထန်ဟန်ရှိသည့် ဘုံစောင့်ကြီး၏ မျက်နှာတွင် ထူးထူးခြားခြား ပြုံးနေပြီး ပြောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ် ဆရာကြီးဘုံ စောင့်ရှောက်သူ ခင်ဗျား”

“လူငယ်လေး မင်းနာမည်ကို ငါမသိသေးဘူး။ မင်းနာမည် ဘယ်လိုခေါ်လဲ”

ကျောက်စာစောင့်က ရဲချန်ဖန်ကို ချီးကျူးသည့် အပြုံးဖြင့်ကြည့်ကာ မေးလိုက်လေသည်။

“ကျွန်တော့်နာမည်က ရဲချန်ဖန်ပါ”

ကျောက်စာစောင့်ကို ဤနေရာတွင် တွေ့လိုက်ရသော်လည်း ရဲချန်ဖန်က အံ့သြသွားခြင်း မရှိပေ။ ကျောက်စာစောင့်မှ တစ်ဆင့် သူ အတွင်းနန်းတော်သို့ ရောက်ရှိလာခဲ့သည် မဟုတ်ပါလော။

“ရဲချန်ဖန် မင်းရဲ့ သန္နိဋ္ဌာန်၊ ပါရမီ၊ သင်ယူနိုင်စွမ်းတွေက အရမ်းကောင်းတယ်။ ဒါပေမဲ့ အတွင်း နန်းတော်ရဲ့ စမ်းသပ်မှု အောင်မြင်ဖို့ဆို မင်းအတွက် လိုနေသေးတယ်။ ငါ မင်းကို ရှင်းပြမယ်။ ဒီစမ်းသပ်မှု သုံးခုကို မင်း ကျော်ဖြတ် အောင်မြင်မှ အတွင်းနန်းတော်ရဲ့ စမ်းသပ် စစ်ဆေးမှုကို အောင်မြင်မှာ ဖြစ်တယ်”

“ပထမ စမ်းသပ်မှုက ခွန်အားကို စမ်းသပ်မှာ။ အချိန်က တစ်လ ဝန်းကျင်လောက် ကြာလိမ့် မယ်။ မင်း စမ်းသပ်မှု ခံယူရမဲ့နေရာက ဆွဲငင်အား ကမ္ဘာမှာပဲ။ မင်းက ဆွဲငင်အား ကမ္ဘာထဲက ပိတ်ဆို့ ထားတဲ့ မှော်အစီအရင် နံရံကို တစ်လအတွင်း ရုန်းဖောက် ထွက်နိုင်မယ်ဆို မင်းပထမဆုံး စမ်းသပ်မှုကို အောင်မြင်တယ်။ တကယ်လို့ မင်း ဆွဲငင်အား ကမ္ဘာထဲက ရုန်းမထွက်နိုင်ဘူး ဆိုရင် ဆွဲအားရဲ့ ဖိနှိပ်စုပ်ယူမှု ခံရပြီး အပိုင်းပိုင်းပြတ် သေရလိမ့်မယ်”

“ဆွဲအားကမ္ဘာထဲ ရောက်ရင် မင်း ဘာလက်နက်မှ သုံးစွဲခွင့် မရှိတော့ဘူး။ မင်းရဲ့ ကိုယ်ပိုင် အစွမ်းနဲ့ပဲ ဆွဲအားကမ္ဘာထဲက ရုန်းထွက်ပြရမယ်။ မင်း ပထမအဆင့် စမ်းသပ်မှု အောင်မြင်တာနဲ့ ဆုရရှိမယ်”

ရဲချန်ဖန်က အတွင်းနန်းတော် စမ်းသပ် စစ်ဆေးမှုသည် ခက်ခဲမည်ဟု မျှော်လင့်ထား သော်လည်း ပထမဆုံး စမ်းသပ်မှုသည် ဆွဲအားကို ခွန်အားအသုံးပြု၍ ရုန်းထွက်ပြရမည်ဟု မမျှော်လင့် ထားမိပေ။

“ဒုတိယစမ်းသပ်မှုက မင်းရဲ့ နားလည် သဘောပေါက်နိုင်စွမ်းကို စစ်ဆေးမှာ။ မင်းက အလယ်အလတ် တာအိုအဆင့် သိုင်းပညာတစ်ခုကို တစ်လအတွင်း အောင်မြင်အောင် လေ့ကျင့်ပြရ မှာပဲ။ သူလည်း ဆွဲအားကမ္ဘာလိုပဲ အောင်မြင်ရင် ဆုရမှာဖြစ်ပြီး ကျရှုံးရင် သေရမယ်”

ဘုံစောင့်ကြီးက ရဲချန်ဖန်ကို ဆက်ရှင်းပြ နေသည်။

“အလယ်အလတ် တာအိုအဆင့် သိုင်းပညာဟုတ်လား…”

ဒုတိယ ခံယူရမည့် စမ်းသပ်မှုအကြောင်း သိရှိသွားပြီးနောက် ရဲချန်ဖန် ရုတ်တရက် အသက်မရှူနိုင် ဖြစ်သွားမိသည်။ တာအိုအဆင့် သိုင်းပညာသည် ကောင်းကင်အဆင့် သိုင်းပညာထက် ပိုမိုမြင့်မား အစွမ်းထက် လေသည်။ တာအိုအဆင့် ပညာရပ်များသည် ဒဏ္ဍာရီတို့၏ ဒဏ္ဍာရီထဲတွင်သာ ရှိလေသည်။

အကယ်၍ တာအိုအဆင့် ပညာရပ် တစ်ခုခုသာ အမြွှာညီနောင် တိုက်ကြီးတွင် ထွက်ပေါ် လာပါက တိုက်ကြီးတစ်ခုလုံး မုန်တိုင်းထန်သွား ပေလိမ့်မည်။ ပို၍ တန်ဖိုးကြီးလှသည်မှာ ဒဏ္ဍာရီလာ တာအို ပညာရပ်များတွင် မဟာတာအို စွမ်းအင်များ ပါဝင်နေပြီး တာအိုအဆင့် ပညာရပ်ကို နားလည်စေရန် ပထမဆုံးအနေဖြင့် မဟာတာအို လမ်းစဉ်ကို နားလည်ရမည် ဖြစ်သည်။ ဒါက အခက်အခဲဆုံးပင်။

“ဘုံစောင့်ကြီး တတိယ စမ်းသပ်မှုက ဘာများလဲ မသိဘူး”

ရဲချန်ဖန်က စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး မေးလိုက်လေသည်။

“တတိယ စမ်းသပ်မှုက သေခြင်းရှင်ခြင်း စမ်းသပ်မှုပဲ။ မင်းက ဓားစက်ရုပ်ရဲ့ တိုက်ခိုက်မှုကို နှစ်နာရီကြာ ယှဉ်ပြိုင် တိုက်ခိုက်ပြရမှာပဲ။ မင်းက သူတိုက်ခိုက်တာကို နှစ်နာရီ ခုခံနိုင်ရင် စမ်းသပ်မှု အောင်မြင်ပြီပဲ”

တတိယ စမ်းသပ်မှုက ခက်ခဲမှုမရှိဟု ထင်ရသော်လည်း တတိယ စမ်းသပ်မှုက အန္တရာယ် အများဆုံး ဖြစ်မည်ဟု ရဲချန်ဖန် သိလိုက်သည်။

“ဓားဝိညာဉ်က မင်းအရိုးအသက်ကို ကြည့်ပြီး သတ်မှတ်ပေးမယ်။ အနိမ့်ဆုံး ဓားဝိညာဉ်ရဲ့ တိုက်ခိုက်မှုက မဟာသားရဲ ဘိုးဘေးအဆင့် ရှိလိမ့်မယ်။ ပြီးတော့ ဓားစက်ရုပ်ရဲ့ ခံနိုင်ရည်က ဒီကမ္ဘာကြီးရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တောင် မချိုးဖျက်နိုင်ဘူး”

တတိယမြောက် စမ်းသပ်မှုအကြောင်း ကြားလိုက်ပြီးနောက် ရဲချန်ဖန်သည် ကူညီရာမဲ့ ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ သူ့တွင် မဆိုထားနှင့် ပြိုင်ဘက်ကင်း မဟာ သားရဲဘုရင် အဆင့်ပင် အဆင့်တူ ဖြစ်နေလျှင် ဓားစက်ရုပ်၏ တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ ဓားစက်ရုပ်တွင် ပြိုင်ဘက်ကင်း ခံနိုင်ရည် စနစ်တစ်ခု ရှိနေသည် မဟုတ်ပါလော။ ပြောရလျှင် တတိယမြောက် စမ်းသပ်မှုက အောင်မြင်ရန် မဖြစ်နိုင် သလောက်ပင်။

“ဘာလဲ ရဲချန်ဖန် မင်းကြောက်နေပြီလား။ မင်းကြောက်နေရင် လျှို့ဝှက်ဝိညာဉ်ဘုံ ပိတ်တာနဲ့ တခြားလူတွေနဲ့ အတူတူ မင်းကို အပြင် ပြန်ပို့ပေးမယ်”

ဘုံစောင့်ကြီးက အသံတိတ်သွားသော ရဲချန်ဖန်ကို ကြည့်ပြီး ပြောလိုက်လေသည်။

“မဟုတ်ဘူး။ ကျွန်တော် စမ်းသပ် စစ်ဆေးမှုတွေကို ခံယူဖို့ ဆန္ဒရှိပါတယ်”

ရဲချန်ဖန် အသက်ဝအောင် ရှူလိုက်ကာ သန္နိဋ္ဌာန် ချထားသည့် အသံဖြင့် ပြောလိုက်လေသည်။ သူသာ လျှို့ဝှက်ဝိညာဉ်ဘုံ ပိတ်ချိန်တွင် တခြားလူများနှင့် အတူတူ အပြင်ပြန်ပို့ဆောင် ခံရပါက သူ့အတွက် စောင့်ကြိုနေသည်မှာ သေလမ်းပင် ဖြစ်သည်။ သူက ဂိုဏ်းကြီးသုံးခုမှ ထိပ်သီး တန်ခိုးရှင်များ လက်မှ ထွက်ပြေး လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

“ကောင်းတယ်။ မင်းရပ်နေတဲ့ နေရာမှာ မလှုပ်နဲ့။ ငါ မင်းအရိုးအသက်ကို စမ်းသပ်ပြီး မင်းရဲ့ စမ်းသပ်မှု အခက်အခဲကို သတ်မှတ်မယ်”

ရဲချန်ဖန်၏ ပြတ်သားသည့် အမူအရာကို ကြည့်ပြီး ဘုံစောင့်ကြီးက ချီးကျူးသည့်ပုံဖြင့် ခေါင်းများညိတ်ကာ ပြောလိုက်သည်။

“ရွှီ… ရွှီ…”

အနီရောင် အလင်းတန်းများက ဘုံစောင့်ကြီးထံမှ ထွက်ပေါ်လာကာ ရဲချန်ဖန်ကိုယ်ထဲ ဝင်ရောက်သွားပြီး ရဲချန်ဖန် အသက်ကို စစ်ဆေးနေလေသည်။

“ဆယ့်ခုနစ်။ မဆိုးဘူး။ မင်းအသက်အရဆိုရင် မင်းက ခက်ခဲမှုအနှိမ့်ဆုံး စမ်းသပ်မှုကို ကြုံတွေ့ရမယ်။ ဓားစက်ရုပ်နဲ့ စမ်းသပ်မှုမှာ မဟာသားရဲ ဘိုးဘေး ပထမအဆင့်နဲ့ ယှဉ်ပြိုင် တိုက်ခိုက် ရမယ်”

နှစ်စက္ကန့်မျှ ကြာပြီးနောက် ဘုံစောင့်ကြီးထံမှ ထွက်ပေါ်နေသည့် အနီရောင် အလင်းတန်းများ ပျောက်ကွယ်သွားသည်။

“ကောင်းပြီ။ မင်း ခဏ နားနေလိုက်။ မင်းအားတွေ ပြန်ပြည့်လာရင် မင်းကို ဆွဲအားကမ္ဘာထဲ ပို့ဆောင်ပေးမယ်”

တစ်နာရီခန့် ကြာသောအခါ ရဲချန်ဖန်က စွမ်းအားများ အမြင့်ဆုံး အခြေအနေ ပြန်ရောက် လာပြီး သူ့ကို ဆွဲအားကမ္ဘာထဲ ဘုံစောင့်ကြီးက ပို့ဆောင် လိုက်လေသည်။

“ဆွဲအားကမ္ဘာရဲ့ ဆွဲအားက နေ့စဉ်နဲ့အမျှ တိုးလာလိမ့်မယ်။ မှတ်ထားရမှာက အချိန် မဖြုန်းနဲ့။ မဟုတ်ရင် မင်း တစ်လအချိန်ဆိုတာ နီးလာလေ အန္တရာယ် များလာလေပဲ”

ဘုံစောင့်ကြီးက လေပေါ်တွင် ပျံဝဲနေကာ ရဲချန်ဖန်ကို သတိပေး လိုက်လေသည်။

“ကျေးဇူးတင်ပါတယ်… ဘုံစောင့်ကြီး”

ရဲချန်ဖန်က ဆွဲအားကမ္ဘာ၏ ဆွဲငင်အားကို ခုခံနိုင်မည့် နည်းလမ်းများကို စဉ်းစားလိုက်သည်။

“ဆွဲအား အသက်ဝင်စမ်း”

ရဲချန်ဖန် အဆင့်သင့် ဖြစ်နေသည်ကို တွေ့လိုက်သည်နှင့် ဘုံစောင့်ကြီးက ဆွဲအားကမ္ဘာရှိ မှော်အစီအရင်ကို အသက် သွင်းလိုက်ရာ ကြီးမားလှသော ဆွဲအားကြီးက ဖြစ်ပေါ်လာကာ ရဲချန်ဖန်ကို လှုပ်ရှား၍ မရနိုင်အောင် ဖမ်းချုပ်နေတော့သည်။

“တိမ်ခွင်းလက်ဝါး…”

ဆွဲအားကမ္ဘာ၏ ပထဆုံးနေ့ ဆွဲအားမှာ ရဲချန်ဖန် ခုခံနိုင်သည့် ဘောင်အတွင်းမှာ ရှိနေသည်။ သူက အသက်ဝအောင် ရှူလိုက်ကာ သူ့အပေါ် သက်ရောက်နေသည့် ဆွဲအားကို ပျက်ပြယ်စေလိုက် သည်။ ထို့နောက် တိမ်ခွင်းလက်ဝါးကို အသုံးပြုလိုက်ကာ ဆွဲအားကမ္ဘာရှိ မှော်အစီအရင် နံရံကို တိုက်ခိုက် လေသည်။ သို့သော် မှော်အစီအရင် နံရံက တုတ်တုတ်မျှပင် မလှုပ်ချေ။

“ကြည့်ရတာ ငါ့လက်ရှိ အစွမ်းနဲ့ဆိုရင် မှော်အစီအရင် နံရံကို ချိုးဖျက်ဖို့ မဖြစ်နိုင် သလောက်ပဲ။ မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့် တက်ရောက်နိုင်ပြီး ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်က ကိုယ်တွင်း အင်္ဂါများ သန်မာစေခြင်း အဆင့်ကို အမြင့်ဆုံးအဆင့်ထိ အောင်မြင်အောင် ကျင့်နိုင်မှ အခွင့်အရေး ရှိလိမ့်မယ်”

အချိန်အတန်ကြာ စဉ်းစားပြီးနောက် ရဲချန်ဖန်သည် မဟာလေမုန်တိုင်း ကျေးရွာမှ လူငယ်လေးကို သတ်ပြီး ရလာသည့် နှစ်တစ်သိန်း ဂျင်ဆင်းဘုရင်ကို ထုတ်ယူကာ စားသုံး လိုက်လေသည်။ ထို့နောက် ကောင်းကင် ခန္ဓာကိုယ် ကျင့်စဉ်ကို အသုံးပြုကာ ဆေးစွမ်းကို စုပ်ယူတော့သည်။ သူက မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့် ရောက်ရန် စတင် လေ့ကျင့်လေတော့သည်။ နှစ်တစ်သိန်း ဂျင်ဆင်း ဘုရင်သည် လျှို့ဝှက် ဝိညာဉ်ဘုံ၏ ဝိညာဉ် စွမ်းအင်များကို နှစ်သိန်းကျော် စုပ်ယူခဲ့သဖြင့် ဆေးစွမ်းက အလွန်ပြင်းထန် လှလေသည်။

ရဲချန်ဖန် ကိုယ်ထဲ ဝင်ရောက်သွားသည်နှင့် ပြင်းထန်သည့် ဆေးစွမ်းက ထွက်ပေါ်လာ လေသည်။ အလွန် လျင်မြန်စွာပင် ရဲချန်ဖန် တစ်ကိုယ်လုံး သွေးချင်းချင်း နီသွားသည်။ နှစ်ရက်ခန့် ကြာပြီးနောက် ရဲချန်ဖန်က နှစ်တစ်သိန်း ဂျင်ဆင်းဘုရင် ဆေးစွမ်းကို စုပ်ယူပြီးသွား လေသည်။ ထို့ကြောင့် သူ့တစ်ကိုယ်လုံး စွမ်းအင်များနှင့် ပြည့်နှက်နေသည်ဟု ခံစားနေရပြီး မြေကမ္ဘာ သားရဲ စစ်သူကြီး ပဉ္စမအဆင့် ရောက်ရန် လက်တစ်ကမ်းသာ လိုတော့သည်။

နှစ်တစ်သိန်း ဂျင်ဆင်းဘုရင်ကို စားသုံးပြီးနောက် ရဲချန်ဖန်က ဝိညာဉ်ဆေးလုံးများ ထုတ်ယူကာ သောက်သုံးလိုက်သည်။ သိပ်မကြာခင်မှာပင် ရဲချန်ဖန် သွေးကြောများထဲတွင် ဝိညာဉ် စွမ်းအင်များ ပြည့်နှက်နေကာ အရေပြားများပင် အက်ကွဲကာ နာကျင်လာလေသည်။ သူ့တစ်ကိုယ်လုံး ပေါက်ကွဲမတတ် ဖြစ်လာလေသည်။

သို့သော် ရဲချန်ဖန်က ရပ်တန့်ခြင်း မရှိပေ။ သူက ဝိညာဉ်စုပ် သိုင်းကို အသုံးပြုကာ ဝိညာဉ် စွမ်းအင်များကို လှည့်ပတ်နေလေသည်။ နောက်ထပ် သုံးရက် ကြာပြီးနောက် ရဲချန်ဖန် ကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်သည် အလွန် ပြင်းထန်နေသည့် မှော်အစီအရင် ဆွဲအား ဖိအားကြောင့် အမြင့်ဆုံး အခြေအနေသို့ ရောက်သွားပြီး သဘာဝအလျောက် ရဲချန်ဖန်က မြေကမ္ဘာ သားရဲစစ်သူကြီး ပဉ္စမအဆင့်သို့ တက်ရောက် သွားလေသည်

Comment

Leave a Reply

Options

not work with dark mode
Reset