Switch Mode

Chapter – 26.1

" နိုင်ငံရတနာအိုးကြီးရဲ့ ကြောက်စရာတုန်ခါမှု "

အပိုင်း ၂၆•၁

” နိုင်ငံရတနာအိုးကြီးရဲ့ ကြောက်စရာတုန်ခါမှု ”
°°°
မုကျင်း ထွက်ခွာသွားပြီတဲ့နောက် နန်မန်ယွမ်အယ်လဲ အပြင်ကို ထွက်သွားခဲ့ပါပြီ။ ၀ူဖုန်းတစ်ယောက်သာ နင့်ထျန်းနဲ့အတူတူ ကျန်ရစ်ခဲ့ပါတော့တယ်။ သူတို့သုံးယောက်ကတစ်ဖွဲ့သားထဲဖြစ်ပေမဲ့ တကယ်တမ်းမှာတော့ နင့်ထျန်းနဲ့ ၀ူဖုန်းကသာ အရမ်းကိုရင်းနှီးကျတဲ့သူတွေဖြစ်ပြီ နန်မန်ယွမ်အယ်ကတော့ အတန်းဖော်သက်သက်ပါပဲ။

” သခင်မလေး ဒီကိစ္စကို အဲ့ဒီအတိုင်း အလွှတ်ပေးလိုက်ရမှာလား အဲ့ခွေးမသားက သခင်မလေးကို ထိခိုက်အောင်လုပ်၀ံ့တယ်…မျိုးနွယ်စုရဲ့အင်အားကို သုံးလိုက်ရတော့မလား ‘”

၀ူဖုန်းက အမုန်းတရားအပြည့်နဲ့ ပြောနေခဲ့ပါတယ်။

နင့်ထျန်းရဲ့ မျက်လုံးထဲမှာကတော့ ထူးဆန်းတဲ့ အငွေ့အသက်တစ်ချို့ ဖြတ်ပြေးသွားခဲ့ပါပြီ။

” ညီမလေးဖုန်း ဒေါသကို အဲ့ဒီလောက်မထွက်နဲ့ ကျိုးကြောင်းဆီလျော်နိုင်စွမ်းတွေကို ဖုံးလွှမ်းမသွားစေနဲ့ ဒါက အမျက်ဒေါသကျောင်းတော်မျိုးနွယ်စုရဲ့ အင်အားကို ဘယ်လိုလုပ်ပြီ အလောတကြီးသုံးလို့ရမှာလဲ ဒါ့အပြင် ငါတို့က ကိုယ်ပိုင်စွမ်းအားတိုက်ပွဲမှာ ရှုံးသွားရတာ တခြားသူတွေကို ရှုံးနှိမ့်မှုအတွက် အပြစ်မတင်သင့်ဘူးလေ အကယ်၍ ငါတို့သာ ဒီလိုအရှက်ကွဲမှုကို ဖယ်ရှားချင်တယ်ဆိုရင် ကိုယ်တိုင်းကြိုးစားမှပဲရလိမ့်မယ်..ငါတို့တွေက ဒီနေရာမှာ ညီအစ်မတွေကြီးပဲ ငါကိုကျောင်းတော်ထဲမှာ သခင်မလေးလို့ မခေါ်နဲ့ ဒါကိုပြောထားပြီးပြီမဟုတ်လား ”

” ကောင်းပါပြီ ”

၀ူဖုန်းက ရိုးရိုးကျိုးကျိုးလေး ပြန်ဖြေလိုက်တယ်။

တခဏတာစဥ်းစားနေပြီတဲ့နောက် နင့်ထျန်းက ပြောလာခဲ့ပါတယ်။

” မနက်ဖြန်ကျရင်း သူတို့ရဲ့ပြိုင်ပွဲကို ကြည့်ဖို့နည်းလမ်းတစ်ခု ရှာရအောင် သေချာသာ ကြည့်နိုင်မယ်ဆိုရင် ငါတို့ ဘာကြောင့်ရှုံးရလဲဆိုတာ ရှာတွေ့မှာသေချာတယ်..သူတို့တွေကကံကောင်းပြီနိုင်သွားတာမဟုတ်ဘူး.. အင်အားကိုအသုံးပြုပြီနိုင်သွားတာပဲ ဒါ့အပြင် အဲ့ဒီဆယ့်နှစ်၀ိညာဥ်စက်ကွင်းကိုသုံးတဲ့ကျောင်းသားက ဟို့ယွိဟောင် သူ့ကို သေချာအာရုံစိုက်ရမယ်….ငါတို့တွေ အပြင်နယ်မြေမှာ ရှိနေသရွေ့ သူကငါတို့ရဲ့ အကြီးမားပြိုင်ဘက်ဖြစ်လာလိမ့်မယ် ”

ကံကောင်းစွာနဲ့ပဲ ပြိုင်ပွဲကြီးတွေက သီးခြားကျင်းပတာ ဖြစ်တာကြောင့် အဲ့ဒီနေရာမှာ ကြည့်ရှု့သူက အများကြီးမရှိခဲ့ပါဘူး။ ရလဒ်အနေနဲ့ ဟို့ယွိဟောင်တို့အဖွဲ့ကလဲ ဘယ်သူကမှ အနီးကပ်မစောင့်ကြည့်ပဲ ရှိနေခဲ့ပါတယ်။

ဟို့ယွိဟောင်တို့အဖွဲ့က ထိပ်တန်းဆယ့်ခြောက်ယောက်ထဲ၀င်ပြီ အသန်မာဆုံးအဖွဲ့ သုံးဖွဲ့ထဲကတစ်ဖွဲ့ကို အနိုင်ယူနိုင်လိုက်တဲ့အတွက် အတော်ကို ယုံကြည်ချက် မြင့်မားလာပါတော့တယ်။ ၀ိညာဥ်အကြီးအကဲတွေက အကုန်လုံးအဲ့ဒီလောက် ကြောက်စရာကောင်းနေတာလဲ မဟုတ်ပါဘူး။ သူတို့က ၀ိညာဥ်အကြီးအကဲတစ်ယောက် ဦးဆောင်တဲ့အဖွဲ့ကို အခုပဲအနိုင်ယူလိုက်တာပါ။ ဒါ့အပြင် နင့်ထျန်းကလဲ သူတို့ကို အတော်လေး ဆိုးဆိုးရွားရွား ရှုံးသွားခဲ့ရပါတယ်။ ဟို့ယွိဟောင်တို့အဖွဲ့ ဘယ်လောက်အထိ စိတ်လှုပ်ရှားနေမလဲဆိုတာကို တွေးကြည့်ရုံနဲ့တင်သိနိုင်နေခဲ့တယ်။

ဟို့ယွိဟောင်က ရှောင်းရှောင်းကို ပေးထားတဲ့ကတိက နောက်ဆုံးမှာတော့ တည်နိုင်ခဲ့ပါပြီ။ လက်ရှိအချိန်မှာ ပထမဆုံး ငါးကင်အကောင်နှစ်ဆယ်ကို ရောင်းပြီတဲ့နောက်ကျန်ရစ်တဲ့ငါးတွေအားလုံးကို ယူလာရင်း ၀မ်သုန့်နဲ့ ရှောင်းရှောင်းကို ကျွေးပါတော့တယ်။ သူတို့တွေ ငါးကင်တွေကိုမှောင်တဲ့အထိစားပြီတော့မှသာ အခန်းကိုပြန်သွားတော့တယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က နောက်ဆုံးမှာတော့ ကိုယ့်ကိုကိုယ်သန့်ရှင်းရေးလုပ်ရပါပြီ။ ၀မ်သုန့်က အတော်လေး အသန့်ကြိုက်တဲ့သူမှန်း သူသိနေခဲ့ပါတယ်။ ဒါကြောင့် အ၀တ်အစားအသစ်တွေကိုပါ ပြောင်း၀တ်လိုက်တယ်။

” ငါ့အိပ်ယာပေါ်မှာပဲ လုပ်မလား မင်းအိပ်ယာပေါ်မှာပဲ လုပ်မလား ”

၀မ်သုန့်က ဒေါသတကြီး ပြန်ဖြေပါတော့တယ်။

” ငါတို့တွေ လေ့ကျင့်ကြမယ်ဆိုတဲ့စကားကိုသုံးရင်း မင်းသေသွားမှာမဟုတ်လို့လား နည်းနည်းပါးပါးလောက် စဥ်းစားဆင်ခြင်ပြီ ပြောစမ်းပါ ”

” ရှောင်းရှောင်းပြောတဲ့စကားတွေကို မင်းနား၀င်သွားပြီလား ငါမင်းကို အဲ့ဒီလောက် မကြိုက်ပါဘူး..ငါက ကောင်မလေးချောချောလေးတွေကိုမှ ပိုကြိုက်တာ ”

ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။

” ငါ့အိပ်ယာမှာပဲ လေ့ကျင့်ရအောင် မင်းအိပ်ယာက မာလွန်တယ် ”

၀မ်သုန့်က ပြောလာခဲ့ပါတယ်။

ဟို့ယွိဟောင်လဲ မျက်မှောင်ကြုတ်သွားတယ်။

” ဆက်ပြီးစကားမပြောနဲ့တော့ ငါတို့တွေ အမြန်လေ့ကျင့်ရအောင် အတူလေ့ကျင့်မယ်ဆိုရင် အရှိန်နှုန်းက နှစ်ဆမြန်တယ်…နင့်ထျန်းကို မင်းလိုက်မီလာချင်တယ်မဟုတ်လား ”

၀မ်သုန့်က ကောက်ကျစ်မှုအပြည့်နဲ့ ပြုံးလိုက်ပါတယ်။

” ဘယ်သူက မင်းနဲ့ ငြင်းခုန်ချင်လို့လဲ ကိုယ့်အိပ်ယာပေါ်မှာ ကိုယ်လေ့ကျင့်ရင် ပိုကောင်းတယ်လို့ ဘယ်သူမှမပြောဘူးလေ မင်းအိပ်ယာကို ဒီဖက်ဆွဲလာပြီ ငါတို့ကြားမှာ ငါးဆယ်စင်တီမီတာခြားထားလိုက် ဒါဆိုရင် လက်ချိတ်ပြီ လေ့ကျင့်ဖို့အဆင်ပြေတယ်..ဒါ့အပြင် ကျန်ရစ်တဲ့ နေရာမှာလဲ နယ်မြေခွဲခြားတဲ့အမြင်တွေ ဆွဲထားရအောင် ”

“‘ဒီလိုကိစ္စတွေ မင်းစိတ်မကုန်သေးဘူးလား မင်းဘာမင်း မနေနိုင်ဘူးလား ”

ဟို့ယွိဟောင်က ပြောလာခဲ့ပါတယ်။

၀မ်သုန့်က သူ့ကိုကြီးမားပြီတောက်ပတဲ့မျက်၀န်းတွေနဲ့ ကြည့်လာခဲ့တယ်။

” မင်းလာမှာလား မလာဘူးလား မလာရင်ငါပြန်အိပ်တော့မယ်…ငါက အစကထဲက အဲ့ဒီလောက်ကြိုးစားတဲ့သူလဲ မဟုတ်ဘူးလေ မင်းအတွက်သာမဟုတ်ဘူးဆိုရင် ငါဒီလိုမျိုးညဘက်လေ့ကျင့်ဖို့ကို ဘာလို့တွေးနေရမှာလဲ ”

” ကောင်းပါပြီ အရှုံးပေးပါတယ် ”

ဟို့ယွိဟောင်လဲ နောက်ဆုံးမှာသူ့အိပ်ယာကိုပြန်ဆွဲလာခဲ့ပြီ တင်ပလ္လင်ခွေချိတ်ရင်း ထိုင်ကာလက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်လက်နဲ့ ၀မ်သုန့်ရဲ့လက်တို့ ထိတွေ့ချိန်မှာ ဟောင်သုန့်စွမ်းအားက ထပ်မံထွက်ပေါ်လာခဲ့ပါပြီ။

နင့်ထျန်းကို ဒီနေ့အနိုင်ရလိုက်တာက ပထမဆုံးအနေနဲ့ သူတို့ရဲ့ဒီစွမ်းအားကို လက်တွေ့ကျကျ အသုံးချခဲ့မှုပါပဲ။ အောင်မြင်သွားချိန်မှာတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကလဲ ၀ိညာဥ်စွမ်းအားတွေအားလုံးကို ဟောင်သုန့်စွမ်းအားနဲ့ အစွမ်းထက်အောင် ပြုလုပ်နိုင်မှန်း ပိုမို နားလည်လို့သွားခဲ့ပါတယ်။ သူတို့ရဲ့ ၀ိညာဥ်စွမ်းအားတွေကို စုစည်းပြီ ၀ိညာဥ်စွမ်းရည်တစ်ခုကို အသုံးပြုလိုက်ချိန်မှာတော့ စစ်မှန်တဲ့ ပေါင်စည်းစွမ်းရည်လောက် အစွမ်းမထက်ပေမဲ့ ပုံမှန်အသုံးပြုတဲ့စွမ်းအားထက်တော့ သန်မာပါသေးတယ်။ဒါ့အပြင် ပြိုင်ဘက်တွေကိုလဲ အေးအေးဆေးဆေး ချောချောမွေ့မွေ့ အနိုင်ယူနိုင်တယ်။

တခြားတစ်ဖက်မှာတော့ ဒီနေ့ပြိုင်ပွဲကြောင့် ဟို့ယွိဟောင်လဲ ပထမဆုံးအခြေအနေနဲ့ စွမ်းအင်ကောင်းမှုရဲ့ အကျိုးကျေးဇူးကို ခံစားမိခဲ့တာပါ။ ဒါပေမယ့် သူတို့ရဲ့ ကျင့်ကြံဆင့်က အတော်ကို နှိမ့်လွန်နေပါသေးတယ်။ ဒါကြောင့် နှစ်ယောက်ပေါင်းစည်းတဲ့ အစွမ်းအစက ၀ိညာဥ်အကြီးအကဲတစ်ယောက်ရဲ့ အဆင့်ကို ရောက်ရှိနိုင်ဖို့အတော်လေးကို လိုနေခဲ့သေးတယ်။

ဟို့ယွိဟောင်ရဲ့ ကိုယ်ပိုင်၀ိညာဥ်စွမ်းအားက အားနည်းနေတာ အဓိပါပဲ။ ဒီကိစ္စကြောင့်သာ မဟုတ်ရင် သူ့ရဲ့စိတ်၀ိညာဥ်ထိတ်လန့်မှုက ပြိုင်ဘက်ကင်းတိုက်ခိုက်မှုတစ်ခုဖြစ်နေခဲ့မှာပါ။ ဒါ့အပြင် ပြိုင်ပွဲတစ်ခုလုံးကိုလဲ အေးအေးဆေးဆေး အသာအယာလေး နိုင်နိုင်ပါတယ်။

တစ်ရက်တာကုန်ဆုံးလို့ သွားခဲ့ပေမဲ့ ထုတ်ပယ်ခံလိုက်ရတဲ့ အရေအတွက်ကတော့ များနေခဲ့ပါပြီ။ ဒုတိယနေ့ပြီးဆုံးသွားချိန်မှာတော့ အဖွဲ့ဆယ့်ခြောက်ဖွဲ့နဲ့ ကျောင်းသားလေးဆယ့်ရှစ်ယောက်သာ ကျန်ပါတော့တယ်။ ဒီစာမေးပွဲကြီးရဲ့ ပြိုင်ပွဲမှာသူတို့ကသာ နောက်ဆုံးကျန်ရစ်တဲ့သူတွေပါ။

လက်ရှိအချိန်မှာတော့ သူတို့တွေအားလုံးက ထိပ်တန်းတွေ ဖြစ်နေကြပြီမှန်း သိနိုင်နေခဲ့ပါတယ်။ ဒါ့အပြင် တိုက်ကြီးတစ်တိုက်လုံးမှာ သက်တူရွယ်တူတွေထက် သူက အထူးချွန်ဆုံးသူပါပဲ။

ထိပ်တန်းဆယ့်ခြောက်ယောက်နဲ့ ယှဥ်ပြိုင်ဖို့ မဲခွဲဆုံးဖြတ်ပြီတဲ့နောက် ဟို့ယွိဟောင်တို့အဖွဲ့လဲ ရင်းနှီးတဲ့မျက်နှာတွေကို မြင်လိုက်ရပါတော့တယ်။ သူတို့တွေ အစောပိုင်းတုန်းက အနိုင်ယူခဲ့တဲ့ ဟွမ်ချူထျန်းတို့အဖွဲ့ကလဲ လက်ရှိအချိန်မှာထိပ်တန်းဆယ့်ခြောက်ယောက်အထိကို ရောက်လာခဲ့ပါပြီ။

ဟို့ယွိဟောင်က ၀မ်သုန့်ကို ခပ်တိုးတိုးပြောလိုက်ပါတယ်။

” လန်မျိုးနွယ်ညီအစ်မတွေ သူတို့ရဲ့ပေါင်းစည်းစွမ်းရည်ကို နောက်တစ်ကြိမ် သုံးရင်း အချိန်ဘယ်လောက်ကြာကြာထိန်းနိုင်မလဲလို့ မင်းထင်လဲ ”

” အရမ်းကြီးကြာမယ်လို့တော့ ငါမထင်ဘူး သူတို့က အမွှာတွေ ဖြစ်ပေမဲ့ ပေါင်းစည်းမှုက ငါတို့လောက်မကောင်းဘူးလေ ဒါ့အပြင်သူတို့ရဲ့ ပေါင်းစပ်နိုင်စွမ်းကလဲ အဲ့ဒီလောက်မမြင့်တာ အာမခံနိုင်တယ် ..မဟုတ်လို့ကတော့ သေချာပေါက် ပေါက်ကွဲမှုကြီးကြီးမားမား ဖြစ်ပြီပေါ့ ဒါ့အပြင် ပြိုင်ဘက်တွေကို တားဆီးတဲ့နေရာမှာတော့ သူတို့က မဆိုးဘူး…သူတို့တွေသာ ၀ိညာဥ်စွမ်းအားကို အချိန်အကြာကြီးထိန်းထားနိုင်ရင် ပိုကောင်းမယ်…အခုတော့ အဲ့ဒီလောက်ထိန်းထားနိုင်မှာ မဟုတ်ဘူး..အကယ်၍ ငါတို့နောက်တစ်ကြိမ် တွေ့မယ်ဆိုရင် မင်းလှုပ်ရှားဖို့တောင်မလိုဘူး မင်းသာငါ့ရဲ့ လိပ်ပြာနတ်မိမယ်အလင်းတန်းကို အသက်၀င်အောင် လုပ်ပေးနိုင်ရင် သူတို့ရဲ့ပေါင်းစည်းစွမ်းရည်ကို ဖြိုခွဲပြီ ထွက်နိုင်ဖို့အတွက် ယုံကြည်ချက်အပြည့်ရှိတယ် “‘

သူတို့ပြောပြီတဲ့နောက် ကျန်တဲ့ပြိုင်ဘက်တွေကို ဆက်တိုက်ဆိုသလို ရှာဖွေစူးစမ်းကြည့်နေပါတယ်။ ဒီပြိုင်ပွဲမှာ ဟို့ယွိဟောင်တစ်ယောက်ကသာ ၀ိညာဥ်စက်ကွင်းတစ်ကွင်းသာရှိတဲ့ ၀ိညာဥ်ပညာရှင်ပါ။

ဒီနေ့ကြည့်နေသူတွေရဲ့ နေရာမှာတော့ လူပိုများပါတယ်။ လက်ရှိအချိန် စောင့်ကြည့်တဲ့နေရာမှာတော့ လူတွေပြည့်နေခဲ့ပါပြီ။ ပြိုင်ပွဲက စတောင်မစရသေးပါဘူး။ ထူးထူးခြားခြားအနေနဲ့ အလယ်ပိုင်း သုံးမီတာပတ်လည်မှာကတော့ နေရာအလွှတ်ဖြစ်နေခဲ့ပါတယ်။ ဆံပင်တွေရှုပ်ပွနေတဲ့ အဘိုးကြီးက အပေါက်တွေပြည့်နေတဲ့အ၀တ်ကို ၀တ်ထားခဲ့ပြီ ပျင်းပျင်းရိရိ ထိုင်နေခဲ့တယ်။ ဒါ့အပြင် ဗူးသီးခြောက်ကြီးထဲက အရက်ကိုလဲ ဆက်တိုက်သောက်နေဆဲပါ။ လက်ရှိအချိန် သူ့အရှေ့မှာကတော့ ဆီတွေပေနေတဲ့ ကြက်ကြော်အပိုင်းအစရှိနေခဲ့ပါတယ်။ အားတဲ့လက်မှာကတော့ ကြက်ကြော်တစ်ပိုင်းကို ကိုင်ထားဆဲပါပဲ။ စားလိုက်သောက်လိုက်နဲ့ အရမ်းကို ပျော်ရွှင်နေတဲ့ပုံစံကတော့ မပြောင်းလဲပါဘူး။

အပေါ်နယ်မြေမှာ စောင့်ကြည့်နေတဲ့သူတွေအားလုံးက ဆရာတွေဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ အဲ့ဒီအဘိုးကြီးနား မကပ်၀ံ့သလို မေးခွန်းလဲ မထုတ်၀ံ့ပါဘူး။

၀မ်ယန်ကတော့ ဖြည်းဖြည်းလေးလျှောက်ရင်း သွားပြီမေးပါတယ်။

” ရွှမ်လောင် လာတယ်ပေါ့ ”

” လာရတာပေါ့ ”

အဘိုးကြီးက တစ်ချက်လေးသာ ပြန်ဖြေပြီတဲ့နောက် ပြန်စားသောက်နေပါတော့တယ်။

၀မ်ယန်က အောက်ဖက်စင်မြင့်ကို လက်ညိုးထိုးပြရင်း ပြောလာခဲ့ပါတယ်။

” ကျွန်တော်ပြောခဲ့တဲ့လူငယ်သုံးယောက်က အဲ့ဒီမှာပါ မနေ့တုန်းက ”

ရွှမ်လောင်က သူကြက်ကြော်ကို ဝှေ့ရမ်းလိုက်ရင်း ပြန်ဖြေပါတယ်။

” ငါဘာသာငါ ကြည့်မယ် ”

အပိုင်း ၂၆•၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset