Switch Mode

Chapter – 140

ဓားအင်အား

အခန်း (၁၄၀)
ဓားအင်အား

ဓားလှေကားပေါ်တွင် ရဲချန်ဖန်၏ ဓားအင်အားနှင့် ဓားလှေကားမှ ထွက်ပေါ်လာသော ဓားအင်အားတို့သည် အဆက်မပြတ် ပြင်းထန်စွာ တိုက်ခိုက် နေမှုကြောင့် ပြင်းထန်သော ပေါက်ကွဲ မှုများ ဖြစ်ပေါ်နေသည်။

ဓားလှေကား တတိယအဆင့်ပေါ် တက်လှမ်း လိုက်ချိန်တွင် ကြောက်မက်ဖွယ် ဓားအလင်းဖြင့် ရဲချန်ဖန်က တိုက်ခိုက်ခြင်းကို ခံရပြန်သည်။ ရဲချန်ဖန်၏ ဓားအင်အား ပဉ္စမအဆင့်ပင် ပြိုကွဲသွားပြီး ရင်ဘတ်တွင် သွေးချင်းချင်းနီအောင် ဒဏ်ရာများ ရရှိသွားသည်။ ရဲချန်ဖန်သည် ဒဏ်ရာ ပြင်းထန်စွာ ရရှိနေသော်လည်း ရပ်တန့်ခြင်း မရှိဘဲ နာကျင်မှုကို အောင့်ခံကာ အလွန်ပြတ်သားသည့် အမူအရာဖြင့် အဆင့်လေး လှေကားပေါ် တက်လိုက်လေသည်။ ရဲချန်ဖန်၏ ခန္ဓာကိုယ်သည် ဓားလှေကားမှ ထွက်ပေါ်နေသည့် ဓားအင်အားဖြင့် အဆက်မပြတ် တိုက်ခိုက်ခံနေရကာ ဒဏ်ရာများက ပြင်းသထက် ပြင်းလာ လေသည်။

သို့သော် ရဲချန်ဖန်က ရပ်နားခြင်း မရှိဘဲ ဓားအင်အား ပဉ္စမအဆင့်ကို ထုတ်ကာ ဓားလှေကားမှ ထွက်သည့် ဓားအင်အားကို အင်အားနည်းအောင် ပြုလုပ်နေသည်။ နာကျင်မှုကို သည်းခံပြီး လှေကား ဆက်တက်လာရာ ရှစ်ခုမြောက် လှေကား အရောက်တွင် ရပ်တန့်လိုက်ရ လေသည်။

ရဲချန်ဖန် မျက်လုံးများ မှိတ်ကာ ဝိညာဉ်စုပ်သိုင်းကို လှည့်ပတ်ကာ ဒဏ်ရာများ သက်သာစေရန် ကုသနေပြီး တစ်ချိန်တည်းမှာ နတ်ဦးနှောက်က ဓားလှေကားမှ ထွက်ပေါ်နေသည့် ဓားအင်အားကို ဆင်ခြင်သုံးသပ် နေလေသည်။ ရဲချန်ဖန်က တဖြည်းဖြည်းနှင့် ဉာဏ်အလင်းများ ရလာပြီးနောက် သူ၏ ဓားအင်အားက နောက်တစ်ဆင့်သို့ တက်ရောက် သွားလေသည်။

သာမန် ဓားတန်ခိုးရှင် များသည် ဓားအင်အားကို ဉာဏ်အလင်း ရစေရန် ကြိုးစားနေချိန်တွင် ရဲချန်ဖန်က ဓားအင်အား ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်လေသည်။ ရဲချန်ဖန်ဆီမှ ပြင်းထန်လှသည့် ဓားအင်အားက ထွက်ပေါ်လာရာ နန်းတော်စောင့်၏ မျက်နှာသေ အမူအရာသည် ပြောင်းလဲသွားကာ အံ့သြသည့် အမူအရာ ထွက်ပေါ်လာသည်။ ရဲချန်ဖန်သည် သူထင်ထားသည်ထက် ပို၍ အစွမ်းထက်နေသည် မဟုတ်ပါလော။

“ဆယ့်တစ်ထစ်၊ ဆယ့်နှစ်ထစ်၊ ဆယ့်သုံးထစ်… … … …”

ဓားအင်အား ဆဋ္ဌမအဆင့် မဟာအောင်မြင်မှုကြီး ရရှိသွားပြီးနောက် ရဲချန်ဖန်အပေါ် ဖိအား ပေးနေသည့် ဓားလှေကားမှ ဓားအင်အားသည် လျော့ပါးသွားပြီး ရဲချန်ဖန်က ဓားလှေကားကို ဆက်တိုက် တက်ရောက်သွားသည်။ မကြာခင်မှာပင် သူက လေးဆယ့်ရှစ်ခုမြောက် လှေကားထစ်ပေါ် ရောက်ရှိ သွားလေသည်။

ထိုအချိန်တွင် လေးဆယ့် ငါးမိနစ်ခန့် ကုန်ဆုံးသွားပြီး ရဲချန်ဖန် ထိပ်ဆုံးသို့ တက်ရောက်ရန် အချိန် တစ်နာရီကျော်မျှသာ ကျန်ရှိ လေတော့သည်။ သို့သော် ရဲချန်ဖန်က မျက်လုံးများ မှိတ်လိုက်ကာ ဝိညာဉ်စုပ်သိုင်းကို အသုံးပြုကာ ဒဏ်ရာများကို ကုသပြီး နတ်ဦးနှောက် သုံးကာ ဉာဏ်အလင်း ထပ်မံ ရရှိစေရန် ကြိုးစားနေလေသည်။

“သူက ရုတ်တရက် မျက်လုံးမှိတ်ပြီး ကျင့်ကြံနေတာပဲ။ ဉာဏ်အလင်း ထပ်ရ သွားတာလား”

ကျောက်စာစောင့် စဉ်းစားနေလေသည်။

“ဒီလူငယ်လေးက သာမညတော့ မဟုတ်ဘူး။ သူ့မှာ တကယ်ကို ဝိညာဉ်ကလန်ရဲ့ ဆက်ခံသူ ဖြစ်ဖို့ အခွင့်အလမ်းတွေ့တာ ဖြစ်နိုင်တယ်”

နန်းတော်စောင့် အသံတွင် တစ်စုံတစ်ရာကို မျှော်လင့်နေသည့်ပုံ ပေါ်လွင်နေသည်။ မိနစ် နှစ်ဆယ်ခန့် ထပ်မံ ကုန်ဆုံးသွားပြီး ရုတ်တရက် အလွန်ပြင်းထန်သော ဓားအင်အားက ရဲချန်ဖန်ဆီမှ ပေါ်ထွက်လာပြီး မိုးထိပင် ရောက်ရှိ သွားသလိုပင်။ သူ၏ ဓားအင်အားအပေါ် နားလည် သဘောပေါက်မှုမှာ အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီဖြစ်ပြီး ဓားအင်အားအဆင့် မတက်လာသော်လည်း ပိုမို အစွမ်းထက်လာပြီ ဖြစ်သည်။

“အင်း… ငါ့လက်ရှိ ဓားအင်အားကို နားလည် သဘောပေါက်မှုနဲ့ဆို လှေကားထစ် ဘယ်လောက်ထိ တက်ရောက်နိုင်မလဲ”

ရဲချန်ဖန်က သူ့တွင် အချိန် သိပ်မကျန်တော့မှန်း သိထားလေသည်။ သူက ဓားအင်အား ဆဋ္ဌမ အဆင့်ကို အစွမ်းကုန် ထုတ်သုံးကာ အမြန်ဆုံးနှုန်းဖြင့် လှေကားထစ်များကို တက်ရောက်လေ တော့သည်။

“သူက ဓားအင်အားကို မနေ့ကမှ အဆင့်တက် ထားတာ။ ဒီနေ့ အဆင့်ထပ်တက် သွားပြန်ပြီ။ သူက ဝိညာဉ်ကလန်ရဲ့ ဆက်ခံသူ ဖြစ်ချင်ရင်တော့ သူကံကောင်းဖို့လည်း လိုအပ်တယ်။ သူ့လက်ရှိ အစွမ်းအရဆိုရင် သူ့ပါရမီလိုမျိုးကို ဝိညာဉ် ကလန်ထဲမှာတောင် မတွေ့ဖူးဘူး”

နန်းတော်စောင့်နှင့် ကျောက်စာ စောင့်တို့မှာ အလွန်ဝမ်းသာ ပီတိဖြစ်နေကြလေသည်။

“ငါးဆယ်၊ ငါးဆယ့်တစ်၊ ငါးဆယ့်နှစ်… … …”

ဓားအင်အား ဆဋ္ဌမအဆင့် ခုခံမှုအောက်တွင် ဓားလှေကားမှ ဓားအင်အားသည် ရဲချန်ဖန်ကို အန္တရာယ် မပေးနိုင်တော့ဘဲ ရဲချန်ဖန်က ဓားလှေကားကို အလွန်လျင်မြန်စွာ တက်ရောက် သွားလေ သည်။ ငါးမိနစ် အတွင်းမှာပင် ရဲချန်ဖန်သည် ကိုးဆယ့်ကိုးခုမြောက် လှေကားထစ်ပေါ် ရောက်ရှိသွား သည်။

“ဝူး… နောက်ဆုံးတော့ နောက်ဆုံး လှေကားထစ်ပေါ် ရောက်ပြီ”

သူက နောက်ဆုံး ကျန်နေသည့် လှေကားထစ်ပေါ် အလျင်စလို မတက်ရောက်ပဲ ခဏ အနားယူကာ ဝိညာဉ်စုပ်သိုင်းကို အသုံးပြုပြီး ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များ ပြန်လည် ဖြည့်တင်း နေလေသည်။ အကယ်၍ ဓားလှေကား နောက်ဆုံးအဆင့်သည် အလွန်ပြင်းထန်သည့် ဓားအင်အား ထွက်ပေါ်လာပါက သူ့အတွက် အန္တရာယ် များသွားမည် ဖြစ်သည်။ ငါးမိနစ်ခန့် ကြာသောအခါ ရဲချန်ဖန် ဝိညာဉ်စွမ်းအင်များ ပြန်ပြည့်လာကာ နောက်ဆုံး ကျန်နေသည့် လှေကားထစ်ပေါ် တက်ရောက် လိုက်လေသည်။

“ဘုန်း… ဘုန်း…”

နားကွဲမတတ် ဆူညံသံများ ထွက်ပေါ်လာပြီး ပြင်းထန်လှသည့် ဓားအင်အား ထွက်ပေါ်လာကာ ရဲချန်ဖန်ကို လာရောက် ဖိနှိပ်လိုက်လေသည်။

“ဓားအင်အား ဆဋ္ဌမအဆင့် ကွဲပျက်စမ်း…”

ရဲချန်ဖန် မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီး ပြင်းထန်သော ဓားအင်အား ဆဋ္ဌမအဆင့် ထွက်ပေါ်လာကာ ခုခံလိုက်လေသည်။

“ဝုန်း…”

ဓားအင်အားနှစ်ခု ထိပ်တိုက် တွေ့ဆုံသွားရာ မိုးခြိမ်းသံကဲ့သို့ အလွန်ကျယ်သော အသံ ထွက်ပေါ်လာပြီး ဆယ်မိနစ်ခန့် ပေါက်ကွဲနေလေသည်။ နောက်ဆုံးတွင် ရဲချန်ဖန်က လှေကားထစ် နောက်ဆုံး အထစ်ပေါ်သို့ အောင်မြင်စွာ တက်ရောက် သွားနိုင်လေသည်။ တစ်ဆက်တည်းပင် ဓားလှေကားမှ ထွက်နေသည့် ဓားအင်အားက ကွယ်ပျောက်သွားကာ နန်းတော်စောင့်နှင့် ကျောက်စာ စောင့်တို့က ရဲချန်ဖန် ရှေ့တွင် ထွက်ပေါ်လာလေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset