Switch Mode

Chapter – 25.4

ရတနာခုနှစ်သွယ်ဘုံကျောင်းနဲ့ စိတ်၀ိညာဥ်မျက်လုံးတို့ တိုက်ခိုက်ခြင်း

အပိုင်း ၂၅•၄

” ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်နဲ့ စိတ်၀ိညာဥ်မျက်လုံးတို့ တိုက်ခိုက်ခြင်း ”

°°°
သူတို့ရဲ့ သိုင်းပညာ၀ိညာဥ်တွေကို ပေါင်းစည်းပြီတဲ့နောက် တစ်ဖက်နဲ့တစ်ဖက် စွမ်းရည်တွေရဲ့သိုင်းပညာ၀ိညာဥ်တွေက လုံး၀ကို တစ်သားထဲနီးပါး ဖြစ်သွားပါတော့တယ်။ အကယ်၍ ၀မ်သုန့်နေရာမှာ တခြားသူသာ ဖြစ်နေခဲ့မယ်ဆိုရင် ဟို့ယွိဟောင်ရဲ့ တိုက်ခိုက်မှုကြောင့် သူတို့တွေ တခဏတာ မေ့မြောသွားနိုင်ပါတယ်။ ဒါ့အပြင် ၀ိညာဥ်စွမ်းရည်ကိုလဲ ထုတ်သုံးနိုင်မှာမဟုတ်ပါဘူး။

အကယ်၍ နင့်ထျန်းက အစောပိုင်းမှာ အပ်တစ်ချောင်းနဲ့ ဦးနှောက်ကို အထိုးခံရသလို ခံစားခဲ့ရမယ်ဆိုရင် ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်က သူ့မရဲ့ ဦးနှောက်ကိုတူကြီးနဲ့ လာထုနေတာပါပဲ။ သူမရဲ့ မျက်စိရှေ့မှာရှိရှိသမျှ အရာအားလုံးက အဖြူရောင်ဖြစ်သွားခဲ့ပြီ ခန္ဓာကိုယ်ကလဲ အားနည်းလို့သွားပါတော့တယ်။ သူမက မြေပြင်ပေါ်ကို လှဲကျလို့သွားခဲ့ပြီ နှာခေါင်းနဲ့ ပါးစပ်တွေကလဲ သွေးစီးကြောင်းတွေက မြွေငယ်လေးတွေလို စီးကျလို့လာခဲ့ပါပြီ။

သူမရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်က အထောက်အပံ့ပြုရင်း ၀ိညာဥ်ပညာရှင်တွေရဲ့ အစွမ်းအစတွေကိုသာ ဖယ်ရှားပြစ်နိုင်တာပါ။ ဒါပေမယ့် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုကတော့ စိတ်၀ိညာဥ်အမျိုးအစားတိုက်ခိုက်ရေးစွမ်းရည် ဖြစ်နေခဲ့ပြီ စကားနဲ့အထိနာအောင်လုပ်သလိုပါပဲ။ ဒါကို သူမရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်က ဘယ်လိုများဖယ်ရှားပြစ်နိုင်မှာလဲ။ ဒါ့အပြင် ၀မ်သုန့်ရဲ့ အကူအညီနဲ့ ဟို့ယွိဟောင်က တိုက်ခိုက်နေခဲ့တာပါ။

လက်ရှိအချိန်မှာ ရတနာခုနှစ်သွယ်ဘုံကျောင်းက သန်မာမယ်ဆိုရင်တောင် စိတ်၀ိညာဥ်တိုက်ခိုက်မှုမျိုးကို တားဆီးနိုင်တဲ့ အစွမ်းအစမရှိသေးပါဘူး။ နောက်တစ်နည်းကြည့်ရမယ်ဆိုရင် နင့်ထျန်းရဲ့ အထောက်အပံ့ပြုစွမ်းရည်တွေက ဟို့ယွိဟောင်လုံး၀တားဆီးတာကို ခံလိုက်ရပါတော့တယ်။

ဟို့ယွိဟောင်တို့အဖွဲ့ဆီကို ပြေး၀င်လာနေတဲ့ ၀ူဖုန်းက ချက်ချင်းဆိုသလို အရှိန်လျော့သွားခဲ့ပါပြီ။ ဒါ့အပြင် သူမလက်ခံရရှိနေတဲ့ အထောက်အပံ့တွေအားလုံးကလဲ ပျောက်ကွယ်သွားပါတော့တယ်။ အထိတ်တလန့်နဲ့ နင့်ထျန်းဆီကို လှည့်ကြည့်လိုက်ချိန်မှာတော့ သူမလဲ လှဲကျလို့သွားခဲ့ရတယ်။ ဒါ့အပြင် နင့်ထျန်းကလဲ မြေပြင်ပေါ်မှာ သတိလစ်နေခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ဟို့ယွိဟောင်တို့အဖွဲ့ကို သူ မတိုက်ခိုက်တော့ပဲ နင့်ထျန်းဘက်ကိုသာ ပြန်ပြေးသွားရင်း သူ့ကို သတိပြန်လည်လာအောင် ကြိုးစားပေးနေခဲ့ပါတယ်။

” နင့်ထျန်း နင့်ထျန်း သတိလည်လာပါဦး အဆင်ပြေရဲ့လား ”

၀ူဖုန်းက နင့်ထျန်း ဒဏ်ရာရသွားတာကို မြင်ချိန်မှာ အရမ်းကို အထိတ်တလန့်နဲ့ ပြောပါတော့တယ်။

ရှောင်းရှောင်းကတော့ ၀မ်သုန့်နဲ့ ဟို့ယွိဟောင်ဘက်ကို ရုတ်တရက်လှည့်ကြည့်လိုက်ပြီ အထိတ်တလန့်နဲ့ မေးမိတော့တယ်။

” နင်တို့နှစ်ယောက် ဘာတွေလုပ်လိုက်တာလဲ ”

၀မ်သုန့်ကတော့ အရမ်းကို ကျေကျေနပ်နပ်ကြီး ပြုံးနေခဲ့တယ်။ ဟို့ယွိဟောင်ကတော့ ပုခုံးကို တွန့်ထားနေခဲ့တာပါ။

” အဲ့ဒီလိုမေးတာကြီး ငါတော့သဘောမကျဘူး ”

ကြည့်နေသူတွေလဲ လန့်နေခဲ့ပါတယ်။ ဟို့ယွိဟောင် သတိပေးချိန်မှသာ သူလဲ ပြိုင်ပွဲအနိုင်အရှုံးကို သတိ၀င်လာတော့တယ်။ ၀ူဖုန်းကတော့ မကျေမနပ်ဖြစ်နေဆဲပါပဲ။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းရဲ့ အမွှာ၀ိညာဥ်ကို သူတိုက်ခိုက်ဖို့က နင့်ထျန်း မပါပဲမဖြစ်နိုင်ပါဘူး။ ဒါ့အပြင် လက်ရှိအချိန်မှာ နင့်ထျန်း သတိပြန်လည်လာစေဖို့အတွက် အရမ်းကိုစိုးရိမ်တကြီးဖြစ်နေဆဲပါ။ ပြိုင်ပွဲအတွက် အာရုံမစိုက်နိုင်တာကို သူအရမ်းစိတ်ပူနေခဲ့ပါတယ်။

ကြည့်နေသူတွေရဲ့ နေရာမှာရှိနေခဲ့တဲ့ မုကျင်းကတော့ သူ့မျက်လုံးသူတောင် မယုံနိုင်ဖြစ်နေခဲ့ပါတယ်။ သူမရဲ့အဖွဲ့မှာ ၀ိညာဥ်မဟာပညာရှင်နှစ်ယောက်နဲ့ ၀ိညာဥ်အကြီးအကဲတစ်ယောက် ရှိနေခဲ့ပါတယ်။ ဒါ့အပြင် တစ်ဖက်လူက ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်ကို ပိုင်ဆိုင်တဲ့သူပါ။ မိုးအောက်မြေပြင် နံပါတ်တစ်၀ိညာဥ်ပစ္စည်းလို့ကျော်ကြားတဲ့ ဘုံကျောင်းဆောင်ကို ပိုင်ဆိုင်တဲ့သူဖြစ်နေခဲ့တယ်။ ဒါတောင်မှ ၀ိညာဥ်မဟာပညာရှင်တစ်ယောက်နဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်အဖွဲ့ကို ရှုံးနှိမ့်ရသေးတယ်လား။

သူတင်မကပဲ ဘယ်သူမှလဲမယုံနိုင်ပါဘူး။ ဒါပေမယ့် အမှန်တရားကတော့ မျက်စိရှေ့မှာ ရှိနေခဲ့ပါပြီ။

ဖန်းယွီရဲ့ မျက်လုံးထဲမှာလဲ အပျော်အငွေ့အသက်တွေက ပေါ်လာခဲ့ပြီ။ ကျိုးယိကို သူပြောလိုက်တယ်။

” တကယ်ကို ကြည့်ရတာ တန်တဲ့ပြိုင်ပွဲပဲ မင်းရဲ့ ကျောင်းသားတွေက ငါ့ကို တကယ် အံ့အားသင့်စေတယ်…အထူးသဖြင့် ဟို့ယွိဟောင်ပဲ သူတကယ်အဲ့ဒီလောက် အစွမ်းအစ ရှိမယ်လို့ ငါမထင်ထားခဲ့မိဘူး ”

ကျိုးယိရဲ့ မျက်လုံးထဲမှာလဲ ကျေနပ်မှုက အထင်သားပေါ်နေခဲ့ပါတယ်။

” သွားကြစို့ ”

သူပြောပြီတဲ့နောက် လှေကားထစ်ဆီကို ဆင်းသွားပါတော့တယ်။ မုကျင်းကို သူဖြတ်လျှောက်လာချိန်မှာ သူ့ရဲ့အကြည့်ကတော့ အေးစက်နေခဲ့တယ်။ ဒါပေမယ့် ဒါမှမပြောခဲ့ပါဘူး။ အဲ့ဒီအစား မီတာနှစ်ဆယ်မြင့်မားတဲ့ စင်မြင့်ရဲ့အောက်ဖက်ကိုဒီအတိုင်း ခုန်ဆင်းသွားပါတော့တယ်။ ဖန်းယွီကတော့ မုကျင်းကို မျက်စိထဲမြင်ပုံတောင်မရပဲ ကျိုးယိနောက်ကို လိုက်ခုန်ဆင်းသွားခဲ့တယ်။

” နင်တို့တွေ ဘာလုပ်လိုက်ကြလို့ နင့်ထျန်း မေ့လှဲသွားတာလဲ ”
စာမေးပွဲနယ်မြေက ထွက်ထွက်လာချင် ရှောင်းရှောင်းက မေးပါတော့တယ်။

ဟို့ယွိဟောင်က ရယ်မောနေခဲ့တယ်။

” ငါ့ရဲ့စိတ်၀ိညာဥ်စွမ်းအားကို အသုံးပြုပြီ တိုက်ခိုက်လိုက်လို့လေ သူအချိန်မီမခုခံနိုင်လိုက်တာကြောင့် သတိလစ်သွားတော့တာပဲ ”

” နင်ဒါကို လုပ်လို့ရတယ်လား သူ့ရဲ့၀ိညာဥ်စွမ်းရည်တွေအားလုံး နှောင့်ယှက်ခံလိုက်ရတာ ဘယ်အံ့ဩစရာရှိမလဲ အဲ့ဒါလဲ နင်လက်ချက်ပဲမဟုတ်လား ”

ရှောင်းရှောင်းက မေးလာခဲ့ပါတယ်။

ဟို့ယွိဟောင်ကလဲ ခေါင်းညိတ်နေခဲ့တယ်။

” ဒါက ခန္ဓာကိုယ်၀ိညာဥ်ရှိတဲ့ အားသာချက်ဖြစ်လိမ့်မယ်…ဒါ့အပြင် ငါ့ရဲ့ခရမ်းရောင်နတ်ဆိုးမျက်လုံးအစွမ်းအစကြောင့်လဲ ပါတာပေါ့ ငါတို့ထန်မျိုးနွယ်ရဲ့ လျှို့၀ှက်ချက်နည်းလမ်းလေ ခရမ်းရောင်နတ်ဆိုးမျက်လုံးကိုအသုံးပြုပြီ ငါ့ရဲ့ စိတ်၀ိညာဥ်စွမ်းအားတွေကို လှည့်ပတ်ရင်းနဲ့ အစောပိုင်းတိုက်ခိုက်မှုကို အကျိုးရှိစေလိမ့်တာ စိတ်၀ိညာဥ်စွမ်းအား ထိတ်လန့်မှုက ငါတို့တွေ နှစ်ယောက်ပေါင်းပြီ တားဆီးလိုက်ချိန်မှာ ပိုသန်မာတယ်..ဘာကြောင့်လဲဆိုတော့ ငါတို့တွေက ပေါင်စည်းစွမ်းရည်တစ်ခုကို အောင်အောင်မြင်မြင် ဖန်တီးနိုင်လိုက်လို့လေ ”

သူတို့တွေက ရင်းနှီးနေတဲ့မိတ်ဆွေ ဖြစ်နေခဲ့ပါပြီ။ ဒါ့အပြင် ရှောင်းရှောင်းကလဲ အစောပိုင်းတိုက်ပွဲတွေမှာ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ အနာဂတ်တိုက်ပွဲတွေမှာ ဟောင်သုန့်စွမ်းအားကို အသုံးချဖို့လိုလာမှာဖြစ်တာကြောင့် သူကဖုံးကွယ်မထားပဲ ပြောပြလိုက်ပါတယ်။ အမှန်တရားကို ပြောပြလိုက်ပြီ ရှောင်းရှောင်းကို မသက်မသာဖြစ်မှုကနေ ကာကွယ်ပေးလိုက်နိုင်တာကောင်းတဲ့အရာပါပဲ။

ရှောင်းရှောင်းကတော့ မျက်လုံးအပြူးသားကြီးနဲ့သာ ကြည့်နေခဲ့ပါတယ်။ အဲ့ဒီနောက် ဟို့ယွိဟောင်ကို လက်ညိုးထိုးလိုက် ၀မ်သုန့်ကို လက်ညိုးထိုးလိုက်လုပ်နေပြီတဲ့နောက် သူတို့နှစ်ယောက် ရယ်ရမယ်မှန်းမသိ ငိုရမယ်မှန်းမသိတဲ့ စကားတစ်ခွန်းကို ပြောလာတော့တယ်။

” နင်တို့နှစ်ယောက်က ယောင်္ကျားချင်ကြိုက်နေတယ်လို့ ငါပိုပိုပြီး သံသယရှိလာပြီ ”

ဟို့ယွိဟောင်က ခေါင်းသာကုတ်နေပါတယ်။

ရှောင်းရှောင်းက ဟို့ယွိဟောင်ရဲ့လက်ကိုဆွဲရင်း ၀မ်သုန့်ရဲ့လက်ပေါ်ထပ်ပြီ မေးလိုက်တယ်။ အဲ့ဒီနောက် သူက ထပ်ပြီပြောပါတယ်။

” ဒီလိုကိစ္စကိုတောင် နင်သေချာနားမလည်သေးဘူးလား ဒါက ယောင်္ကျားလေးနှစ်ယောက်ကြားချစ်ကြိုက်တဲ့ကိစ္စလေ “‘

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ နှစ်ယောက်စလုံးလဲ သူ့တို့လက်သူတို့ပြန်လွှတ်လိုက်ပါတယ်။ အဲ့ဒီနောက် ရှောင်းရှောင်းက အော်ကြီးဟစ်ကျယ်ရယ်မောရင်းနဲ့ ထွက်ပြေးသွားခဲ့ပါပြီ။ ဒါ့အပြင် သူတို့နှစ်ယောက် လိုက်မဖမ်းစေနိုင်ဖို့အတွက် သူမရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်ကိုလဲ ထုတ်သုံးလို့သွားပါသေးတယ်။

သူတို့တွေ အရမ်းပျော်ရွှင်နေကြချိန်မှာပဲ နင့်ထျန်းကတော့ ဖြည်းဖြည်းချင်းနိုးထလို့လာပါတော့တယ်။ ဒါ့အပြင် သူ့ကို အဆင့်မြင့်တဲ့ ကုသရေးပညာရှင်တစ်ယောက်က ကုသပေးနေခဲ့တာပါ။

သူနိုးလာပြီတဲ့နောက် ခေါင်းကိုလက်တစ်ဖက်နဲ့ ဖိထားခဲ့ရပါတယ်။ ပြင်းထန်တဲ့နာကျင်မှုက နဖူးမှာချွေးစီးတွေတောင် ထွက်လာစေခဲ့တယ်။

” နင့်ထျန်း နင်သတိရလာပြီနော် ”

၀ူဖုန်းက သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားရင်း ပြောနေခဲ့ပါတယ်။ နန်မန်ယွမ်အယ်ကတော့ စိတ်ရှုပ်ထွေးနေတဲ့ပုံစံနဲ့ သာ ရှိနေခဲ့တယ်။

ဆရာမုကျင်းကတော့ သူ့ကိုကုသပေးနေခဲ့တဲ့ဆရာကိုကြည့်ရင်း မေးလာခဲ့ပါတယ်။

” သူဘာဖြစ်သွားတာလဲ ဘာကသူ့ကို သတိလစ်သွားစေခဲ့လဲ ”

ဆရာက ပြန်ဖြေလာခဲ့ပါတယ်။

” ငါလဲ မသေချာဘူး ကြည့်ရတာ သူ့ခေါင်းကိုအရမ်းလေးတဲ့ပစ္စည်းတစ်ခုခုနဲ့ ထုချခံလိုက်ရသလိုပဲ ဒါကြောင့် နာလွန်းလို့သတိလစ်သွားတာ ဦးနှောက်က ခန္ဓာကိုယ်ထဲမှာ အရှုပ်ထွေးဆုံးနဲ့ အနူးညံ့ဆုံးအစိတ်အပိုင်းဆိုတာ မင်းတို့သိတယ်မလား ဘယ်သူကမှ အထဲမှာဘာဖြစ်နေလဲဆိုတာ သေချာမသိနိုင်ဘူး…ဒါကြောင့် ငါလဲ ဒီမှာဖြစ်သွားတဲ့ကိစ္စတွေကို နည်းနည်းလောက်ပဲ ခန့်မှန်းနိုင်တယ်…သူ့ရဲ့ဒဏ်ရာတွေက များပေမဲ့ ၀ိညာဥ်စွမ်းအားကတော့ အတော်လေးကောင်းတာကြောင့် ကိုယ့်ကိုကိုယ် ထိိန်းမှရပါလိမ့်မယ်..ဒီတော့ နောက်ထပ် ပြဿနာထပ်ဖြစ်တော့မှာ မဟုတ်ဘူး…အချိန်တိုအတွင်းမှာ ပြန်ကောင်းသွားမှာပါ ”

” ကျေးဇူးပါပဲ ”

ဆရာကို ကျေးဇူးတင်ပြီတဲ့နောက် မုကျင်းက အိပ်ယာဘေးကို လျှောက်လာခဲ့ပါတယ်။

အတော်လေးမသက်မသာ ဖြစ်နေခဲ့တာကြောင့် နင့်ထျန်းလဲ အသက်ပြင်းပြင်းရှုသွင်းနေခဲ့ရတယ်။ အဲ့ဒီနောက် တခဏတာကြာပြီချိန်မှာတော့ သူအခြေအနေက ပိုလို့တည်ငြိမ်လာခဲ့ပါပြီ။

နန်မန်ယွမ်အယ်က မုကျင်းကို ခပ်တိုးတိုးမေးလာခဲ့ပါတယ်။

” ဆရာမု ဘာဖြစ်သွားတာလဲ ကျွန်မတို့ဘာလို့ ပြိုင်ပွဲရှုံးသွားရတာလဲ ”

အခုအချိန်ထိ သူတို့အဖွဲ့ဘာကြောင့်ရှုံးသွားရတာလဲနားမလည်သေးပါဘူး။

မုကျင်းကတော့ တိတ်ဆိတ်နေခဲ့ပါတယ်။ နန်မန်ယွမ်အယ်ရဲ့ မေးခွန်းက သူ့စိတ်ထဲမှာရှိနေခဲ့တဲ့မေးခွန်းပါပဲ။ သူလဲဘယ်လိုဖြစ်သွားလဲ သိတောင်မသိခဲ့ပါဘူး။ ပြိုင်ပွဲတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နေခဲ့ရပေမဲ့ အသေးစိတ်တွေကို အာရုံမစိုက်ပဲရှိနေခဲ့ပါတယ်။ အထူးသဖြင့် ၀မ်သုန့်က အတောင်ပံတွေကိုအသုံးပြုပြီ ဟို့ယွိဟောင်ကို ကာကွယ်ပေးထားတာကြောင့် ဟို့ယွိဟောင်ရဲ့ အသုံးချစွမ်းရည်ကို ဘယ်သူကမှ မမြင်ခဲ့တာပါ။ သူလဲမမြင်တွေ့လိုက်ရပါဘူး။ နင့်ထျန်းတစ်ယောက်သာ သူတို့ရဲ့သံသယတွေကို ဖယ်ရှားပေးနိုင်ဖို့ ရှိပါတယ်။ ဒါပေမယ့် အဲ့ဒါကလဲ သူမ နိုးထလာပြီမှ မေးနိုင်မှာပါ။

ဆယ့်ငါးမိနစ်ကြာပြီချိန်မှသာ နင့်ထျန်းက အလွန်အမင် ခေါင်းကိုက်နေရာကနေ ဖြည်းဖြည်းချင်း နိုးထလာပါတော့တယ်။ သူမ မျက်လုံးတွေကို ဖွင့်လိုက်ချိန်မှာ မျက်မှောင်ကြုတ်ထားဆဲပါ။ ပြင်းထန်လွန်လှတဲ့ ခေါင်းကိုက်မှုက အတော်လေးတော့ သက်သာသွားခဲ့ပါပြီ။ ဒါကြောင့် စဥ်းစားတွေခေါ်နိုင်စွမ်းကလဲ ပြန်လည်ရရှိလာခဲ့ပါတယ်။

၀ူဖုန်းက သူ့ကို လက်တစ်ဖက်နဲ့ ထိန်းထားပေးနေရင်း နောက်လက်တစ်ဖက်ကနေ ရေသောက်ဖို့ရေယူလာပေးပါတယ်။ နင့်ထျန်းရဲ့ ဖြူဖျော့တဲ့မျက်နှာက ဖြည်းဖြည်းချင်း သွေးရောင်ပြန်လွှမ်းလာခဲ့ပါပြီ။ ပြတင်းပေါက်နားမှာ ရပ်နေတဲ့ မုကျင်းကို မြင်ချိန်မှာတော့ သူမ မည်းမှောင်နေတဲ့မျက်နှာ ဖြစ်သွားပါတော့တယ်။

” ဆရာမု ကျွန်မတို့ရှုံးသွားပြီ ”

မုကျင်းကလဲ ခေါင်းညိတ်ရင်း ပြောလာခဲ့ပါတယ်။

” ကိစ္စမရှိပါဘူး ဒီပွဲရှုံးလို့သိပ်ပြီ ဒေါသထွက်မနေပါနဲ့ မင်းတို့သာ မထိခိုက်ဘူးဆိုရင် အဆင်ပြေပါတယ် ”

မုကျင်းရဲ့စကားတွေက နင့်ထျန်းရဲ့နှလုံးသားကို နွေးထွေးသွားစေခဲ့ပါတယ်။

” ဆရာမု အပေါ်ဘက်ကနေ ကြည့်နေရင်း ကျွန်မတို့ဘာလို့ရှုံးသွားလဲဆိုတာ မြင်ရလား ”

မုကျင်းလဲ မျက်လုံးပြူးသွားခဲ့ပါတယ်။

” မင်းလဲမသိဘူးလား ”

နင့်ထျန်းက နဖူးကိုလက်နဲ့ဖိထားရင်း အာရုံစူးစိုက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

” ၀ူဖုန်းကို ကျွန်မအားဖြည့်ပြီတဲ့အချိန်မှာပဲ ကိုယ့်ကိုကိုယ်လဲ ကာကွယ်လိုက်တယ်…ဒါပေမယ့် မျက်စိရှေ့မှာ ခရမ်းရောင်ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာတာကိုမြင်လိုက်ရပြီ ကြီးမားတဲ့ တူကြီးတစ်ခုကပေါ်လာပြီ ကျွန်မခေါင်းကိုထုချပြစ်လိုက်သလိုပါပဲ အဲ့ဒီနောက် ဘာဖြစ်သွားလဲဆိုတာ ကျွန်မမမှတ်မိတော့ဘူး ”

၀ူဖုန်းက ဒေါသတကြီးနဲ့ ပြောလာခဲ့ပါတယ်။

” ဒီခွေးမသားတွေ အရမ်းကို အညှာအတာကင်းမဲ့လိုက်တာ ဆရာမုဒီအတိုင်း လွှတ်ပေးလိုက်ရမှာလား ”

မုကျင်းက သူ့ကို အေးစက်တဲ့မျက်နှာထားတဲ့ ပြန်ဖြေပါတယ်။

” ဒါဆိုမင်းဘာလုပ်ချင်လို့လဲ ဒါက စာမေးပွဲတစ်ခုပဲလေ ဒါကိုမျိုးနွယ်စုတွေရဲ့ စစ်ပွဲလို့မင်းထင်နေတာလား ”

၀ူဖုန်းလဲ ခေါင်းပြန်ငုံ့သွားပါတော့တယ်။ ဒါပေမယ့် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီ ဒေါသထွက်နေဆဲပါ။

မုကျင်းက နင့်ထျန်းကို မေးလာခဲ့ပါတယ်။

” နည်းနည်းလောက် ပိုစဥ်းစားကြည့်ပါဦး သတိမလစ်ခင်ထူးထူးဆန်းဆန်း ဖြစ်သွားတာရှိသေးလား ”

တခဏတာ စဥ်းစားပြီတဲ့နောက် နင့်ထျန်းက ပြန်ဖြေလာခဲ့ပါတယ်။

” သူတို့ဘယ်လိုလုပ်လဲ မသိပေမဲ့ အဓိက ပြဿနာက အဲ့ဒီ၀ိညာဥ်စက်ကွင်းတစ်ကွင်းပဲရှိတဲ့ ၀ိညာဥ်ပညာရှင်ဆီလာတာဖြစ်လိမ့်မယ်…သူ့ရဲ့ ၀ိညာဥ်စက်ကွင်းက တိုက်ပွဲအစနေ အဆုံးထိ အရောင်တောက်နေတယ်..အဲ့ဒီတော့ သူက ကျွန်မတို့တွေ အာရုံမခံနိုင်တဲ့ ၀ိညာဥ်စွမ်းရည်တစ်ခုခုကို အသုံးချနေတာပဲ အဲ့ဒါကလဲ စစ်မြေပြင်တစ်ခုလုံးနဲ့ သက်ရောက်နေတယ်…ဒါ့အပြင် သူ့မျက်လုံးထဲမှာ ရွှေရောင်အလင်းတန်းတွေ တောက်ပနေတာကို ကျွန်မသတိထားမိလိုက်တယ်..သူတို့ရဲ့အဖွဲ့က သန်မာတဲ့ တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်လဲ ရှိတယ်..ထိန်းချုပ်ရေးအမွှာ၀ိညာဥ်ပညာရှင်လဲရှိတယ်…ဘယ်လိုအရည်အချင်းကများ ဒီလိုမျိုး၀ိညာဥ်စက်ကွင်းတစ်ကွင်းပဲရှိတဲ့ လူသစ်ကို အဖွဲ့ခေါင်းဆောင် ဖြစ်လာစေတာလဲ သူ့မှာလဲ ထူးခြားတဲ့စွမ်းရည်ရှိနေမှာပေါ့ ဒါ့အပြင် တိုက်ပွဲရဲ့ အဓိက အရေးကြီးဆုံးအချိန်မှာ သူက ကျွန်မရဲ့ ၀ိညာဥ်စွမ်းရည်တွေကို နှောင့်ယှက်ပြစ်လိုက်ပြီ ၀ူဖုန်းနဲ့ နန်မန်ယွမ်အယ်နှစ်ယောက်စလုံးကို အကူအညီမပေးနိုင်အောင် တားဆီးပြစ်လိုက်တယ်….အဲဲ့ဒီအချိန်မှာ ကျွန်မရဲ့ခေါင်းကို အပ်နဲ့လာထိုးသလို ခံစားလိုက်ရတယ်…ဒါပေမယ့် ဒုတိယအချိန်မှာတော့ သူတိုက်ခိုက်မှုက အများကြီးပိုပြီး ပြင်းထန်တယ်. ”

မုကျင်းရဲ့ နှလုံးသားတစ်ခုလုံးလဲ တုန်လှုပ်လို့သွားပါတော့တယ်။ အဲ့ဒီ၀ိညာဥ်စက်ကွင်းတစ်ကွင်းပဲရှိတဲ့ လူသစ်လေးက ပြိုင်ပွဲတစ်ခုလုံးမှာ သိပ်ပြီလှုပ်ရှားပုံမပေါ်ပါဘူး။ အဓိက တိုက်ခိုက်တာကတော့ နှစ်ယောက်ပါပဲ။ ဒါဆိုရင် သူက အဖွဲ့ခေါင်းဆောင် ဘယ်လိုများ ဖြစ်နေရတာလဲ။ ကျိုးယိ ဒီလောက်အထိ ယုံကြည်ချက်ရှိနေတာ အံ့ဩစရာမရှိပါဘူး။ အဲ့ဒီဆယ့်နှစ်၀ိညာဥ်စက်ကွင်းနဲ့ လူသစ်မှာ လျှ်ို့၀ှက်ချက်တစ်ခုခု ရှိနေမှာပါ။

စိတ်ထဲက မကျေနပ်မှုတွေကို တည်ငြိမ်အောင် ထိန်းပြီတဲ့နောက် မုကျင်းက ပြောလာခဲ့ပါတယ်။

” ရှုံးတဲ့ကိစ္စကတော့ ရှုံးသွားပြီ ဒါပေမယ့် ဒီအတွေ့အကြုံကို အနာဂတ်မှာ သင်ခန်းစာတစ်ခုအဖြစ် မှတ်ယူရမယ်…ဘယ်လိုပဲဖြစ်ဖြစ် လူသစ်တွေရဲ့ စာမေးပွဲက အောင်မြင်သွားပြီမဟုတ်လား အနာဂတ်မှာ သူတို့နဲ့ နောက်ထပ် ပြိုင်ဆိုင်ရဦးမှာပဲ အခုအချိန်မှာတော့ နင့်ထျန်းအနေနဲ့ ကောင်းကောင်းလေး နားဖို့လိုတယ် ”

” ကျေးဇူးပါ ဆရာမု ”

အပိုင်း ၂၅• ၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset