Switch Mode

Chapter – 127

နောက်တစ်ကြိမ်ဆိုတာ မရှိဘူး

အခန်း (၁၂၇)
နောက်တစ်ကြိမ်ဆိုတာ မရှိဘူး

“မဟာလေမုန်တိုင်း ကျေးရွာက လူပဲ” ထိုလူငယ်လေး ဝတ်ထားသော ဝတ်စုံ၏ အင်္ကျီရင်ဘတ်တွင် ရှိသော အမှတ်အသားကို ကြည့်ပြီး ရဲချန်ဖန်က ထိုလူငယ်လေးက ဘယ်ကလဲ သိလိုက်သည်။

“ငါ သုံးကြိမ်အထိ ရေလို့ မင်းဓားကို ထားပြီး ထွက်မသွားဘူးဆိုရင် ငါ မင်းကို တစ်ခုခု လုပ်မှ ရက်စက်တယ် မပြောနဲ့”

ရဲချန်ဖန်၏ သူ့ကို ဂရုမစိုက်ပုံကြောင့် ထိုလူငယ်လေး မျက်နှာသည် အလွန် မာကျော သွားပြီး ပြင်းထန်လှသော လူသတ်စိတ်က ပို၍ ပြင်းထန်လာသည်။

“ရေစရာ မလိုဘူး။ မင်း စတိုက်လို့ရပြီ”

မဟာလေမုန်တိုင်း ကျေးရွာသည် ဂိုဏ်းကြီး သုံးခုအနက် အစွမ်းအထက်ဆုံး ဖြစ်သောကြောင့် ဂိုဏ်းသားများသည် ဂိုဏ်းကြီးသုံးခုရှိ ပါရမီရှင်များထဲတွင် အစွမ်း အထက်ဆုံး ဖြစ်ကြရာ သူကို ရဲချန်ဖန်က ကြောက်ရွံ့ ထိတ်လန့်ပုံ မရသောအခါ သူက ပို၍ ဒေါသထွက် လာသည်။

“စိတ်ဝင်စားစရာပဲ။ မင်းလို ကောင်းကင်မီးဂိုဏ်း သေးသေးလေးက လူက ငါ့ကို အာခံရဲတယ်ပေါ့။ နောက်ဘဝကျရင် မင်းမျက်လုံးတွေကို ရှင်ရှင်ထား တချို့လူတွေက မင်းပြဿနာ ရှာလို့ မရဘူး”

ထို့နောက် ဝတ်စုံဖြူနှင့် လူငယ်လေးဆီမှ ဝိညာဉ်စွမ်းအင် ထွက်ပေါ်လာသည်။ သူ့ လက်ထဲရှိ မြွေဓားဖြင့် မယုံနိုင်လောက်စရာ အမြန်နှုန်းဖြင့် ရဲချန်ဖန် လည်မျိုဆီ ထိုးသွင်းလိုက်သည်။

ရဲချန်ဖန်က သူ့ခန္ဓာကိုယ် စွမ်းအားကို အသုံးပြုလိုက်ရာ ပေါင်တစ်သိန်း သုံးသောင်းကျော် စွမ်းအားက ပေါ်ထွက်လာသည်။ ပေါင်တစ်သိန်း သုံးသောင်းကျော် စွမ်းအားကို အေဖေးဓားဖြင့် ပေါင်းစပ် သုံးစွဲလိုက်ပြီး ထိုလူငယ်လေး၏ ဓားချက်ကို ခုခံလိုက်သည်။ ရဲချန်ဖန် အစွမ်းမှာ အလွန် ပြင်းထန် လှသဖြင့် ထိုလူငယ်လေး လက်မောင်းများပင် ထုံကျင်သွားပြီး သွေးများ စီးကျလာသည်။

“ပြင်းထန်လိုက်တဲ့ ကိုယ်ခန္ဓာ စွမ်းအား”

ထိုလူငယ်လေးက ရဲချန်ဖန်ကို အစက စာရင်းထဲပင် မထည့်ပေ။ ထို့ကြောင့် သူက အားကုန်တိုက်ခြင်း မဟုတ်ပေ။ ရဲချန်ဖန်နှင့် တစ်ကွက် ယှဉ်ပြိုင်ပြီးမှ ရဲချန်ဖန်က ရေမြွေ မဟုတ်ဘဲ အဆိပ်ပြင်းသော မြွေမှန်း သိလိုက်လေသည်။ ကနဦး တိုက်လိုက် ပြီးနောက် ရဲချန်ဖန်က ပျက်သုန်းခြင်းသိုင်းကို ဓားအင်အားပါ ပေါင်းစပ် အသုံးပြုလိုက်သည်။ ဓား အလင်းက လေကို ခွင်းကာ ထိုလူငယ်လေး၏ ရင်ဘတ်ဆီ တိုးဝင်သွားသည်။

“လေမိုး ကိုးရာသီ စက်ဝန်းဓား”

ဓားအလင်းတန်းများ ထိဆုံသွားချိန်တွင် ပြင်းထန်သော ပေါက်ကွဲမှုများ ဖြစ်ပေါ် လာလေသည်။ အနီးအနားရှိ ကြီးမားလှသော ရှေးဟောင်း သစ်ပင်ကြီးများပင် အပိုင်းပိုင်း ပြတ်ထွက်သွားပြီး သူတို့ တိုက်ခိုက်နေသော နေရာမြေပင် အက်ကွဲရာများ ဖြစ်ပေါ်လာသည်။

“မဟာလေမုန်တိုင်း ကျေးရွာက လူတွေ တော်တော် အစွမ်းထက်တာပဲ။ ကြည့်ရတာ သူ အခု သုံးလိုက်တဲ့ သိုင်းက အဆင့်နိမ့် မြေကမ္ဘာ ဝိညာဉ်သိုင်း အဆင့်တောင် မကလောက်ဘူး”

ရဲချန်ဖန်က ထိုလူငယ်လေးက သူ့ဓားချက်ကို အလျင်အမြန် ခုခံ ကာကွယ် လိုက်နိုင်ပုံကို တွေ့လိုက်သောအခါ သူက အနည်းငယ် အံ့အားသင့် သွားသည်။ ရဲချန်ဖန် ခြေထောက်များက အနည်းငယ် လှုပ်ရှားသွားရာ သူက အရိပ်သုံးခုအဖြစ် ပြောင်းလဲသွားပြီး ထိုလူငယ်လေးကို အဆက်မပြတ် တိုက်ခိုက်လိုက်သည်။

“လေမိုးစကြာဝဠာ ပြောင်းလဲခြင်း”

ရဲချန်ဖန် ဓားချက်များ တိုးဝင်လာသည်ကို ထိုလူငယ်လေးက ထူးဆန်းသော ခြေလှမ်းများကို အသုံးပြုကာ ရှောင်တိမ်းပြီး ပြန်လှန် တိုက်ခိုက် လိုက်သည်။

“ချွင်ချွင်”

ဓားခြင်းထိမှန် သွားချိန်တွင် ပြင်းထန်သော ပေါက်ကွဲသံများ အဆက်မပြတ် ဖြစ်ပေါ် လာပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ အကွက်ပေါင်း ဆယ်ချီသွားပြီ ဖြစ်သည်။ တိုက်ခိုက်မှုက အလွန်ပြင်းထန် လှသည်။

“လေမိုးကိုးရာသီ စက်ဝန်း လေမိုးဓားချက်”

အကွက်ပေါင်းရာချီ ရဲချန်ဖန်နှင့် ယှဉ်ပြိုင်ပြီးသော်လည်း ထိုလူငယ်လေးသည် ရဲချန်ဖန်ကို အသာစီး မယူနိုင်သေးဘူး။ သူ၏ လက်မောင်းသာ ပိုမို ထုံကျင်လာသည်။ ရဲချန်ဖန် အစွမ်းက သူ့ထက်သာနေသည်ကို မြင်လိုက်သောအခါ သူက တိုက်ခိုက်မှု နည်းလမ်း ကို ပြောင်းလိုက်သည်။ သူသည် လေပေါ် ခုန်တက်ပြီး ရဲချန်ဖန်ကို ခုတ်ချလိုက်သည်။ ထိုအကွက်မှာ အလွန်လှပ အစွမ်းထက်ရာ နဂါးကြီး တစ်ကောင် မြေပေါ် သက်ဆင်းလာသလိုပင်။

“ဓားအင်အား ဒုတိယအဆင့်”

ငွေရောင် အလင်းတန်း နှင့်အတူ ရဲချန်ဖန်ဆီမှ ပေါင်တစ်သိန်းကျော် စွမ်းအားကို ဓားအင်အား ဒုတိယ အဆင့်ဖြင့် ပေါင်းစပ် အသုံးပြုလိုက်သည်။

“ဝုန်း”

ပြင်းထန်လှသော ဓားချက်နှစ်ခု တွေ့ဆုံသွားချိန်တွင် အဆက်မပြတ် ပေါက်ကွဲသံများ ဖြစ်ပေါ်လာသည်။ ပြင်းထန်သော အားက ရဲချန်ဖန်ကိုယ်ထဲ ဝင်ရောက်လာပြီး ရဲချန်ဖန်သည် နောက်သို့ ဆက်တိုက် ဆုတ်လိုက်ရသည်။ ရဲချန်ဖန်က ခြေသုံးလှမ်း ဆုတ်လိုက် ရသော်လည်း ထိုလူငယ်လေးသည် ခြေငါးလှမ်းပင် ဆုတ်လိုက်ရသည်။ သိသာနေသည်။ ရဲချန်ဖန်က ထိုလူငယ်လေးထက် တိုက်ခိုက်မှု အစွမ်းက သာနေခြင်းပင်။

“ဓားအင်အား မင်း အခု အသုံးပြုလိုက်တာ ဓားအင်အား ဒုတိယ အဆင့်ပဲ”

ထိုလူယ်လေး မျက်နှာ အမူအရာက ချက်ချင်းပင် ပြောင်းလဲသွားသည်။ ထိုလူငယ်လေးက သူ အိပ်မက်မက် အားကျရသော ဓားအင်အားကို ရဲချန်ဖန်လို မြေကမ္ဘာ သားရဲစစ်သူကြီး စတုတ္ထအဆင့်က နားလည် နေသည်ကို မယုံနိုင်အောင် ဖြစ်နေမိသည်။

“ဂုဏ်ယူပါတယ်။ မင်းပြောတာ မှန်သွားပြီ”

ရဲချန်ဖန် နှုတ်ခမ်းများ ကွေးသွားပြီးနောက် အရိပ်အဖြစ် ပြောင်းလဲ သွားကာ ထိုလူငယ်လေးဆီ တိုးဝင်သွားသည်။

“ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ အေးခဲစမ်း”

ရဲချန်ဖန်က ထိုလူငယ်လေးအနား ရောက်သွားချိန်တွင် ဆန်းကြယ် ရေခဲဝိညာဉ်စမ်းရေ အသုံးပြုကာ ထိုလူငယ်လေး ထွက်ပြေးလို့ မရစေရန် အေးခဲအောင် ပြုလုပ်လိုက်သည်။ ထိုလူငယ်လေးက ရုတ်တရက် အငိုက်မိသလို ဖြစ်ကာ အလွန် ထူသော ရေခဲလွှာက သူ့အပေါ်တွင် ချက်ချင်း ဖြစ်ပေါ်လာကာ သူ့ကို ချက်ချင်းပင် အေးခဲ သွားစေသည်။ ရဲချန်ဖန်က ယခုတွင် ဆန်းကြယ် ရေခဲဝိညာဉ်စမ်းရေ အစွမ်းကို အကုန် အသုံးမချ နိုင်သော်လည်း ထိုလူငယ်လေးက ရဲချန်ဖန် တိုက်ခိုက်မှုကို ခုခံနိုင်ခြင်း မရှိပေ။

“တိမ်ခွင်းလက်ဝါး”

ရဲချန်ဖန်က ထိုလူငယ်လေးကို အေးခဲအောင် ပြုလုပ်လိုက်ပြီးနောက် ချက်ချင်းပင် တိမ်ခွင်းလက်ဝါးကို အသုံးပြုကာ ထိုလူငယ်လေး၏ ရင်ဘတ်ကို တိုက်ခိုက် လိုက်သည်။ ထိုလူငယ်လေးက ရဲချန်ဖန် သတ်တာ ခံရတော့ခါနီးတွင် သူ၏ ကိုယ်မှ အဖြူရောင် အလင်းတန်းက တောက်ပစွာ ထွက်ပေါ်လာပြီး ရဲချန်ဖန် တိုက်ခိုက်ခြင်းကို ခုခံလိုက်သည်။

“အွန်”

မဟာလေမုန်တိုင်း ကျေးရွာမှ သူ့ကို ချီးမြှင့်ထားသော အသက်ကယ် ဆွဲပြားကို အသုံးပြုကာ အသက်အန္တရာယ်မှ လွတ်မြောက်စေရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ကို ရဲချန်ဖန်က ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားစေသည်။ ထိုကြောင့် သူ့ ပါးစပ်ထဲမှ သွေးများစွာ ကျဆင်းလာသည်။

“ကောင်လေး မင်းကို ငါ မှတ်ထားတယ်။ နောက်တစ်ကြိမ် ငါ မင်းကို တွေ့ရင် မင်းရဲ့ ခွေးလို အသက်ကို နုတ်ယူပြမယ်”

သူ့တွင် မှော်ဆွဲပြားက တစ်ခုသာ ကျန်တော့သဖြင့် အဲဒါသာ အသုံးပြုပြီးပါက သူ အသက်ရှင် လွတ်မြောက်ခွင့် မရှိတော့။ ထိုလူငယ်လေးက ရဲချန်ဖန်ကို ကြုံးဝါးလိုက်ပြီး အမြန် ထွက်ခွာ လိုက်သည်။

“နောက်တစ်ကြိမ်ဆိုတာ မရှိဘူး”

ရဲချန်ဖန်က အရိပ်မဲ့သိုင်း အသုံးပြုကာ ပြင်းထန်စွာ ဒဏ်ရာရနေသော ထိုလူငယ်လေးနောက် လိုက်သွားသည်။ ထို့နောက် ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေကို နောက်တစ်ကြိမ် အသုံးပြုကာ ထိုလူငယ်လေးကို အေးခဲ စေလိုက်သည်။

“လေမိုးကိုးရာသီ စက်ဝန်း၊ လေမိုးကိုးရာသီဓား၊ လေမိုးကိုးဒေသဓား”

ဤတစ်ကြိမ်တွင် ထိုလူငယ်လေးက ပြင်ဆင် ထားပြီးဖြစ်ရာ သူ့ကို အေးခဲအောင် လုပ်လိုက်သည်နှင့် သူက ပြင်းထန်စွာ ရဲချန်ဖန်ကို တိုက်ခိုက်လိုက်သည်။ ထိုလူငယ်လေးက ဒဏ်ရာ ပြင်းထန်လှသော်လည်း သူက အားကုန်သုံး၍ တိုက်ခိုက် လိုက်သည်။ လေမိုးကိုးရာသီ စက်ဝန်းဓားသိုင်းသည် မဟာလေမုန်တိုင်း ကျေးရွာ၏ အဆင့်မြင့် ဝိညာဉ်သိုင်းဖြစ်ရာ အလွန် အစွမ်းထက်လှသည်။

လေမိုးကိုးရာသီ ဓားကွက်နှင့် လေမိုး ကိုးဒေသ ဓားကွက်တို့သည် အလွန် အစွမ်းထက်သော လူသတ်သိုင်းကွက်များ ဖြစ်ရာ ထိပ်သီးအဆင့် မြေကမ္ဘာအဆင့် ဝိညာဉ်သိုင်းနှင့်ပင် နှိုင်းယှဉ်လို့ ရသည်။ ရဲချန်ဖန်က ထိုပြင်းထန်လှသော တိုက်ကွက်ကြောင့် နောက်ဆုတ်ခြင်း မပြုဘဲ ထိပ်တိုက် တိုက်ခိုက်လိုက်သည်။

“ပျက်သုန်းခြင်း ဓားသိုင်း”

ရဲချန်ဖန်က သူ၏ ဓားအင်အား ဒုတိယအဆင့် စွမ်းအားများကို ဓားအတွင်း အပြည့် ဖြည့်သွင်းလိုက်ပြီး ပေါင်တစ်သိန်း သုံးသောင်းကျော် စွမ်းအားကိုပါ ပေါင်းထည့်ပြီး တိုက်ခိုက် လိုက်သည်။ အလွန် အစွမ်းထက်လှသော ဓားအလင်းတန်းက ဖြစ်ပေါ်လာပြီး ထိုလူငယ်လေး၏ ဝိညာဉ်သားရဲ ချပ်ဝတ်တန်ဆာပါ ဖျက်ဆီးကာ ထိုလူငယ်လေးကို ထက်ပိုင်း ဖြတ်သွားလေသည်။

တစ်ချိန်တည်းမှာပင် ရဲချန်ဖန်က ထိုလူယ်လေး နောက်ကျောတွင် ပေါ်လာပြီး ဝိညာဉ်စုပ်သိုင်း အသုံးပြုကာ ထိုလူငယ်လေး၏ ဝိညာဉ်သားရဲကို စုပ်ယူလိုက်သည်။ ရဲချန်ဖန်သည် မဟာ လေမုန်တိုင်း ကျေးရွာမှ မြေကမ္ဘာ စစ်သူကြီး ဆဌမအဆင့် ပါရမီရှင်ကို သုတ်သင် လိုက်ပြီးနောက် ထိုလူငယ်လေး၏ ပစ္စည်းများနှင့် အနီရောင် ဓားကို သိမ်းဆည်းလိုက်သည်။ ထိုလူငယ်လေး၏ အလောင်းကို ဖျောက်ဖျက် ပစ်လိုက်ပြီးနောက် ထိုနေရာမှ အလျင်အမြန် ထွက်ခွာသွားသည်။
အခန်း (၁၂၇) ပြီး၏။ (၁၂၈) မျှော်

Comment

Leave a Reply

Options

not work with dark mode
Reset