အခန်း (၁၂၁)
ကျွန်တော် တိုက်ဖို့ အလှည့်ရောက်ပြီ
“အစ်ကိုတော် လျှူရွှယ်ရှင်း ရှုံးသွားပြီ”
ကြည့်ရှုနေသော လူအုပ်ကြီးက ရဲချန်ဖန် အနိုင်ရ သွားသည်နှင့် အော်ဟစ် အားပေးသံများ ထွက်ပေါ် လာလေသည်။
“အစ်ကိုတော်ရဲနဲ့ အစ်မတော် ဖုယုံရွယ် ပြိုင်ရင် ဘယ်သူက ပထမရမလဲလို့ ထင်လဲ”
အများစုက ဘယ်သူ ပိုအစွမ်းထက်မလဲ သိချင်နေကြလေသည်။ ရဲချန်ဖန်နှင့် လျှူရွှယ်ရှင်း တိုက်ပွဲက အလွန် ပြင်းထန်သည်ဟု ထင်ရသော်လည်း အမှန်တကယ်မှာ ရဲချန်ဖန်က ပိုအစွမ်းထက်သည်မှာ သိသာ နေသည်။
“ကောင်းပြီ။ ငါ မင်းတို့ကို ငါ နားဖို့ အချိန်ခဏ ပေးမယ်။ နာရီဝက်ကြာရင် မင်းတို့ နောက်ဆုံး ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကြရမယ်”
ချင်တောင်ပိုင်က အဓိပ္ပာယ်များစွာ ပါဝင်နေသော အကြည့်ဖြင့် ကြည့်ပြီးနောက် ကြေညာ လိုက်သည်။
“နာရီဝက်လား”
ရဲချန်ဖန်က အနားယူရန် နာရီဝက်သာ လိုအပ်သည်ဟု ဖုယုံရွှယ် ကြားလိုက် သောအခါ သူမ၏ ချောမောသော မျက်နှာလေးတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်ထွက် လာလေသည်။ သူမက ထိုင်လျက် အနားယူလျက် ရှိသော ရဲချန်ဖန်ကို ကြည့်ပြီး နောက်ဆုံး ဗိုလ်လုပွဲကို ယှဉ်ပြိုင်ရန် စောင့်ဆိုင်းနေသည်။ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး ရဲချန်ဖန်က အားများ ပြန်ပြည့် လာလေသည်။
“ဂိုဏ်းခေါင်းဆောင်ကြီး ကျွန်တော် အဆင်သင့် ဖြစ်ပါပြီ။ ဒါကြောင့် ပြိုင်ပွဲကို စလို့ ရပါပြီ”
ရဲချန်ဖန်က အေးဆေး တည်ငြိမ်စွာ ပြောလိုက်လေသည်။
ရဲချန်ဖန် စကားဆုံးသည်နှင့် မျက်လုံးပိတ် စောင့်ဆိုင်းနေသော ဖုယုံရွှယ်က စင်မြင့်ပေါ်သို့ ခုန်တက် လိုက်သည်။ သူမပုံမှာ အလွန် ထက်မြက်လှသော ဆေဘာ ဓားအလားပင်။ ကောင်းကင်ကို ထိုးခွဲပြီး မြေပေါ် ကျဆင်းလာသလိုပင်။
ဖုယုံရွှယ် ကိုယ်မှ အစွမ်းထက်လှသော ဆေဘာဓားအင်အားက ရဲချန်ဖန် မျက်လုံးနှင့် တွေ့ဆုံ သွားသည်။ ရဲချန်ဖန်ဆီမှ ထိန်းချုပ် မရနိုင်လောက်သော ဓားအင်အားက ထွက်ပေါ်လာပြီး ဖုယုံရွှယ်၏ ဆေဘာဓား အင်အားနှင့် ထိတွေ့ သွားလေသည်။
“ဘုန်း”
ဓားအင်အားနှင့် ဆေဘာဓား အင်အားတို့ ထိမှန်သွားချိန်တွင် ပြင်းထန်လှသော လှိုင်းများ ထွက်ပေါ် လာလေသည်။ အစွမ်းထက်လှသော ဓားအင်အား နှစ်ခုကြောင့် လူအုပ်ကြီးက ထိတ်လန့် သွားကြလေသည်။
“အစ်ကိုတော်ရဲက ဓားအင်အားကို နားလည် တတ်ကျွမ်းနေတာပဲ။ သူက ဘယ်လိုလုပ် တတ်ကျွမ်း နေရတာလဲ”
“အရူးကောင်၊ အစ်ကိုတော်ရဲက အစ်မတော် ဖုယုံရွှယ်လို တကယ့် ပါရမီရှင်ပဲ”
“ရဲချန်ဖန် မင်းက ငါထင်တာထက် တော်သားပဲ။ မကြာခင် ငါတို့ ပြိုင်ရင် ငါ့ကို စိတ်မပျက်စေနဲ့”
ဖုယုံရွှယ်သည် သူမဆီမှ ထွက်ပေါ်နေသော ဆေဘာဓား အင်အားကို ရဲချန်ဖန်က ခုခံနိုင်သောအခါ အံ့ဩ သွားပုံပေါ်ပြီး သူမ အသံက ရေခဲအလား အေးစက် နေသည်။
“ကောင်းပါပြီ။ အစ်မတော် ခဏနေ သိရမှာပေါ့”
ရဲချန်ဖန်က အေးစက် မာကျောလှသည့် ဖုယုံရွှယ် မျက်နှာလေးကို ကြည့်ပြီး ခပ်ပေါ့ပေါ့ ဖြေလိုက်သည်။ ထို့အပြင် ရဲချန်ဖန်ဆီမှ ဓားအင်အားမှာ ကောင်းကင်ကို ထိုးခွဲတော့မလား ဆက်လက် ထွက်ပေါ်နေသည်။ အကြီးအကဲ လင်းဖန်က အချက် ပြလိုက်သည်နှင့် မဟာပြိုင်ပွဲကြီးက စတင်လေပြီ။
“ဘုန်း”
ဖုယုံရွှယ် ခန္ဓာကိုယ်သည် အလွန်ထက်မြက်သည့် ဓားတစ်အစင်းလားပင်။ အလွန် အစွမ်းထက်ပြီး လွှမ်းမိုးနိုင်စွမ်း ရှိလေသည်။
ရဲချန်ဖန်သည် ဓားထုတ်လိုက်ပြီး ဖုယုံရွှယ်ကို တိုက်ခိုက် လိုက်သည်။ ဖုယုံရွှယ် မျက်ဝန်းများ ကျဉ်းမြောင်း သွားပြီး အလွန် အစွမ်းထက်လှသည့် ဓားကွက်ကို အသုံးပြုကာ ရဲချန်ဖန်ကို ခုတ်ချ လိုက်သည်။
“အရမ်း အစွမ်းထက်တာပဲ။ ကောင်းကင် တန်ခိုးရှင် ပထမအဆင့်ပီပီ အစွမ်းထက်လှ ပါပေတယ်။ သူမ အစွမ်းက ငါနဲ့ အတူတူလောက် ဖြစ်နေပြီ။ မြေကမ္ဘာ သားရဲစစ်သူကြီး ဆဌမအဆင့် ထက်တောင် ပိုအစွမ်း ထက်သေးတယ်”
ဖုယုံရွှယ် အစွမ်းမှာ အလွန်ထက်ပြီး ရဲချန်ဖန်တွင် အလွန်ခိုင်မာသော စိတ်ဓာတ် ရှိလေသည်။ သူက ဆန်းကြယ် ရေခဲဝိညာဉ် စမ်းရေ အကြောင်းကို လူသိ မခံချင်သဖြင့် ဓားအင်အားက သာလျှင် သူ၏ ထုတ်ပြရမည့် အနိုင်ကွက်များ ဖြစ်လေသည်။ ထို့ကြောင့် ဓားအင်အားကိုသာ အဆက်မပြတ် ထုတ်သုံးတော့သည်။ အချိန်အတန် ကြာသောအခါ ပြိုင်ပွဲ ကျင်းပရာ နေရာတစ်ခုလုံး ဓားအလင်းတန်းများနှင့် ပြည့်နှက်နေပြီး စင်တစ်ခုလုံး တုန်ခါ နေသည်။
ဆေဘာဓား အင်အား တစ်ခုတည်းနှင့် ရဲချန်ဖန်ကို အသားစီး မရသဖြင့် ဖုယုံရွှယ်၏ လှပ သွယ်လျသော ခြေထောက်သည် မြေပြင်ပေါ် ဆောင့်ကာ လေပါ် ပျံဝဲကာ ရဲချန်ဖန် ခုန်ကန်လိုက်သည်။
“ပေါင်တစ်သိန်း နှစ်သောင်းကျော် စွမ်းအား”
ရဲချန်ဖန် မျက်ဝန်းများက ကျဉ်းမြောင်းသွားပြီး သူ့ခန္ဓာကိုယ် စွမ်းအား အကုန်လုံးကို အေဖေးဓားထဲ ထည့်သွင်းကာ ဓားရှိ မှော်အစီအရင်ကို အသက် သွင်းလိုက်သည်။ ထို့နောက် ဖုယုံရွှယ် တိုက်ခိုက်မှုကို ခုခံလိုက်သည်။ ပေါက်ကွဲသံများ အဆက်မပြတ် ဖြစ်ပေါ် လာလေသည်။
“ဒီခွေးကောင်က ဘယ်လိုလုပ် ဒီလောက် အစွမ်းထက် နေရတာလဲ”
ရှန်းတုကောင်းက ရဲချန်ဖန် အစွမ်းများ တဖြည်းဖြည်း ထွက်လာသည်ကို ကြည့်ပြီး အလွန် မခံမရပ်နိုင်ဖြစ်ကာ စိတ်ဓာတ်တွေ ကျဆင်းသွားသည်။ ရဲချန်ဖန်၏ ယခု တိုးတက်နှုန်းကို ကြည့်ပြီး ရဲချန်ဖန်ကို သူ ဒီတစ်သက် လိုက်မီနိုင်မည် မဟုတ်ဟု နားလည်လိုက်သည်။
“ကောင်းကင်ခွဲ ဓားသိုင်း၊ ကောင်းကင်နဲ့ မြေကြီး ကွဲပျက်စမ်း”
ဖုယုံရွှယ် မြေပေါ် ပြန်ကျ လာသည်နှင့် သူမ၏ ဓားထဲ အစွမ်းများ အစွမ်းကုန် ပေါင်းထည့်ပြီး တိုက်ခိုက်လိုက်ရာ အရာရာကို ဖျက်ဆီး နိုင်ဟန်ရှိသည့် ဓားအလင်းတန်း ထွက်ပေါ်လာသည်။
“တိမ်ခွင်းလက်ဝါး”
ဖုယုံရွှယ် ဓားအစွမ်းက အလွန် ပြင်းထန်နေရာ ရဲချန်ဖန်လည်း အစွမ်းများ အပြည့်ဖြည့်လျက် တိမ်ခွင်းလက်ဝါးဖြင့် ခုခံ လိုက်သည်။
“ဘွန်း”
မိုးခြိမ်းသံကဲ့သို့ပင် အလွန်ကျယ်လောင်သော အသံများ ထွက်ပေါ်လာပြီး ပြိုင်ပွဲ စင်မြင့် တစ်ခုလုံး ပြိုလဲမတတ် ဖြစ်သွားလေသည်။
ရဲချန်ဖန်က တိမ်ခွင်း လက်ဝါးသုံး၍ ခုခံလိုက်သော်လည်း ဖုယုံရွယ်၏ အစွမ်းမှာ အလွန် ထက်မြက် လှသဖြင့် သူက နောက်သို့ ခြေသုံးလှမ်းပင် ဆုတ်လိုက်ရကာ သူ့တစ်ကိုယ်လုံးလည်း တုန်ခါ သွားလေသည်။
ဖုယုံရွယ်လည်း မသက်မသာ ခံစားလိုက်ရသည်။ သူမ၏ ချောမော လှပသော မျက်နှာလေးသည် အားများ သုံးရ၍ နီရဲနေသည်။ သူမ ဓားမှ သွေးစီးကြောင်း တစ်ခုပင် ထွက်လာသည်။
ဒုတိယ ခေါင်းဆောင် လင်းဟောင်ဖန်က အလွန်တုန်လှုပ် နေလေသည်။ သူ့ထက်ပင် ရဲချန်ဖန်နှင့် ဖုယုံရွယ်တို့က အစွမ်းထက် နေကြသည် မဟုတ်ပါလော။
“ခေါင်းဆောင် ဘယ်သူ အနိုင်ရမလဲ ထင်လဲ”
“လက်ရှိ အခြေအနေအရ ဘယ်သူ အနိုင်ရမလဲ ငါလည်း မခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ မကြာခင် အဖြေပေါ်မယ် ထင်တယ်”
ချင်တောင်ပိုင် မျက်လုံးများက မျှော်လင့်ချက်များနှင့် ပြည့်နှက် နေသည်။
“အစ်မတော်ဖု ဒီတစ်ခါတော့ ကျွန်တော် ပြန်တိုက်တော့မယ်”
ရဲချန်ဖန်က အသက်ဝအောင် ရှူလိုက်ပြီး သူ့ကိုယ်ထဲက တုန်ခါနေသော သွေးများကို ဖိနှိပ်လိုက်ကာ ဓားအင်အား ဒုတိယအဆင့်က ထွက်ပေါ် လာပြီး လေပေါ် ခုန်လိုက်သည်။
“ဓားအင်အား ဒုတိယအဆင့်”
ဖုယုံရွှယ်၏ အေးစက်စက် မျက်နှာလေးသည် ရဲချန်ဖန် ကိုယ်မှ ထွက်ပေါ်လာသော ဓားအင်အား ဒုတိယ အဆင့်ကြောင့် အလွန် အံ့အားသင့်သော အမူအရာ ဖြစ်ပေါ် လာလေသည်။ သူမက အံအားသင့်လွန်းပြီး အသံထွက် အော်ဟစ် လိုက်မိသည်။
အခန်း (၁၂၁) ပြီး၏။ (၁၂၂) မျှော်