Switch Mode

Chapter – 25.3

ရတနာခုနှစ်သွယ်ဘုံကျောင်းနဲ့ စိတ်၀ိညာဥ်မျက်လုံးတို့ တိုက်ခိုက်ခြင်း

အပိုင်း ၂၅•၃

” ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်နဲ့ စိတ်၀ိညာဥ်မျက်လုံးတိုက်ခိုက်ခြင်း ”

°°°°
၀ူဖုန်းနဲ့ နန်မန်ယွမ်အယ်တို့ ဘယ်လောက်ပဲမြန်ဆန်ပါစေ အဲ့ဒီအသံထက်တော့ မမြန်နိုင်ပါဘူး။ သူတို့ရဲ့ လှုပ်ရှားမှုတွေက ရုတ်တရက်ဆိုသလို တားဆီးခံလိုက်ရသလို ၀မ်သုန့်ကို တိုက်ခိုက်ဖို့ပြင်ဆင်နေမှုတွေလဲ ရပ်တန့်သွားပါတော့တယ်။

” အမွှာ၀ိညာဥ်ပဲ ”

ကြည့်နေသူတွေအားလုံး တအံ့တဩဖြစ်ကုန်ကြပါတော့တယ်။ ရှောင်းရှောင်းက လက်ရှိအချိန်မှာ သူ့ရဲ့ဒုတိယသိုင်းပညာ၀ိညာဥ်ဖြစ်တဲ့ နတ်မီးငှက်ကိုးကောင်ကိုးကွယ်မှုပုလွေကို ထုတ်သုံးနေခဲ့တာပါ။ ၀ိညာဥ်စက်ကွင်းတစ်ကွင်းသာ ရှိပေမဲ့ ရှောင်းရှောင်းက ထိန်းချုပ်ရေး၀ိညာဥ်လက်နက်ပညာရှင်တွေရဲ့ အစွမ်းအစကို အပြည့်အ၀ထုတ်သုံးနေခဲ့ပါတယ်။

အရည်အသွေးအရ သူ့ရဲ့ပုလွေက နင့်ထျန်းရဲ့ဘုံကျောင်းဆောင်နဲ့ အတော်ကို ကွားခြားချက်ရှိနေခဲ့ပါတယ်။ ဒါ့အပြင် ပထမ၀ိညာဥ်စွမ်းရည်က ပြိုင်ဘက်ရဲ့အရှိန်နှုန်းကို နှစ်ဆယ့်ရာခိုင်းနှုန်းသာ လျှော့ကျစေနိုင်တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ၀ူဖုန်းနဲ့ နန်မန်ယွမ်အယ်တို့ နှစ်ယောက်စလုံးကို သက်ရောက်သွားခဲ့ပါပြီ။ ၀မ်သုန့်ကိုလဲ ချက်ချင်းတိုက်ခိုက်ခံရမဲ့အခြေအနေက လွှတ်မြောက်သွားစေခဲ့ပါတယ်။

၀မ်သုန့်ကတော့ သူ့ရဲ့ပြိုင်ဘက်တွေဒီလိုလာတိုက်ခိုက်မှာကို စောင့်နေမှာမဟုတ်ပါဘူး။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုက တစ်ခုခုမှားယွင်းနေကြောင်း သတိပေးပေးချင်ပဲ သူ့ရဲ့ဒုတိယမြောက် နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းကတောက်ပလာပါတော့တယ်။ ခရမ်းရောင်၀ိညာဥ်စက်ကွင်းက ၀ူဖုန်းနဲ့ နန်မန်ယွမ်အယ်တို့ရဲ့ ၀ိညာဥ်စက်ကွင်းတွေကို လုံး၀ မှေးမှိန်သွားစေခဲ့တယ်။ အဲ့ဒီနောက်၀မ်သုန့်ရဲ့ အတောင်ပံတွေက ပိုမိုတောက်ပလို့လာခဲ့ပါပြီ။ ရွှေရောင်သင်္ကေတတွေက သေးငယ်တဲ့ နေမင်းတွေလိုမျိုး အားကောင်းလွန်လှတဲ့ အရှိန်အ၀ါနဲ့ အရှေ့မှာရှိရှိသမျှ အရာအားလုံးကို ၀ါးမြိုပါတော့တယ်။

ဒီသင်္ကေတတွေက အတောင်ပံရဲ့ အရှေ့နေရာမှာ စုဝေးလို့လာခဲ့ကြရင်း သူ့ကရုတ်တရက်ဆိုသလို ဘယ်ဘက်အတောင်ပံကို အသုံးပြုပြီ အနောက်ဖက်မှာရှိနေတဲ့ နန်မန်ယွမ်အယ်ကို လှည့်ပြီကာခတ်ထုတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ညာဘက်အတောင်ပံကိုတော့ ၀ူဖုန်းဆီ လှည့်ထားခဲ့တယ်။ ရွှေရောင်သင်္ကေတတွေက တစ်ပြိုင်နက်ထဲ တောက်ပတဲ့အလင်းရောင်တွေကို ထုတ်လွှတ်နေခဲ့တာကြောင့် ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ကတော့ ချက်ချင်းဆိုသလို ရွှေရောင်တွေပြည့်နှက်သွားတော့တယ်။ နယ်မြေဆယ့်ခြောက်ခုထဲမှာ သူတစ်နေရာက အတောက်ပဆုံးပါပဲ။

စောင့်ကြည့်နေကြတဲ့ ဆရာတွေတောင်မှ လက်ရှိအချိန်မှာ ၀မ်သုန့်ဆီကိုသာ အာရုံစိုက်နေခဲ့ကြပါပြီ။ ၀မ်သုန့်ရဲ့တောက်ပတဲ့အတောင်ပံတွေက ပြင်းထန်တဲ့တိုက်ခိုက်မှုကကို ဦးတည်ရာနှစ်ဖက်စလုံးဆီ တစ်ပြိုင်နက်ထဲထုတ်လွှတ်နေမှန်း သူတို့နားလည်သွားမိပါတော့တယ်။

ဒါကတော့ ၀မ်သုန့်ရဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းဖြစ်တဲ့ လိပ်ပြာနတ်မိမယ်ရဲ့ အလင်းတန်းပါ။

ပထမဆုံးအနေနဲ့ ဒီ၀ိညာဥ်စွမ်းရည်ရဲ့စစ်မှန်တဲ့စွမ်းအားကို ဟို့ယွိဟောင် မြင်ဖူးတာပါပဲ။

နဂါးဒေါသကို အသုံးပြုနေတဲ့ ၀ူဖုန်းလဲ ရွှေရောင်အလင်းတန်း ၀ါးမြိုတာကိုခံလိုက်ရပါတော့တယ်။ တခြားတစ်ဖက်မှာတော့ ကျောက်စိမ်းဓားချက်ကို ထုတ်လွှတ်နေတဲ့ နန်မန်ယွမ်အယ်ကလဲ ရွှေရောင်အလင်းတန်းဖျက်ဆီးတာကို ခံလိုက်ရပြီ သူ့လဲတွန်းထုတ်ခံရပါတယ်။

နွေးထွေးတဲ့ခံစားချက်တစ်ချို့ကို ခံစားလိုက်ရပြီတဲ့နောက် သူတို့တွေ အနောက်ကို လွှင့်ထွက်လို့သွားခဲ့ပါပြီ။ တခြားတစ်ဖက်မှာတော့ ၀မ်သုန့်က လေထဲမှာ ရပ်နေရင်း အောက်ဖက်ကိုထိုးဆင်းနေခဲ့ပါတယ်။ ဒါက နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းရဲ့ စွမ်းအားပါ။ ဟို့ယွိဟောင်နဲ့ နင့်ထျန်းတို့ဆီမှာ ဘယ်လိုပုန်းကွယ်နေတဲ့ အလှည့်အပြောင်းတွေဖြစ်နေမှန်းတော့ ဘယ်သူမှမသိခဲ့ပါဘူး။

၀မ်သုန့်၀ိညာဥ်စွမ်းရည်ကို အသုံးပြုချိန်မှာပဲ နင့်ထျန်းက နောက်ထပ် ထပ်မံပြီ တစ်စုံတစ်ရာကို ပြောဖို့လုပ်ပါတော့တယ်။

” ရတနာခုနှစ်သွယ်ရဲ့ တတိယစွမ်းရည်ကို ငါဆင့်ခေါ် “‘

သူဆင့်ခေါ်နေရင်း လမ်းတစ်၀က်မှာရပ်သွားခဲ့ပါတယ်။ ဒါ့အပြင် အစောပိုင်းတုန်းက ၀ူဖုန်းနဲ့ နန်မန်ယွမ်အယ်ကို ကူညီထောက်ပံ့ပေးနေတဲ့ အရာတွေအားလုံးကလဲ ပျောက်ကွယ်သွားခဲ့ပါပြီ။

အဲ့ဒါကြောင့်သာ ရှောင်းရှောင်းရဲ့ဒုတိယ၀ိညာဥ်စက်ကွင်းကနေ ထုတ်လွှတ်တဲ့ အစွမ်းက အပြည့်အ၀အသုံးချနိုင်တာပါ။ ဒါ့အပြင် မြန်ဆန်လွန်လှတဲ့ နန်မန်ယွမ်အယ်တောင် ဒီအလင်းတန်းကိုလဲ မတောင့်ခံနိုင်တာ အဲ့ဒီအကြောင်းအရင်းကြောင့်ပါပဲ။ ရွှေရောင်အလင်းတန်းနဲ့ ထိမိပြီတဲ့နောက် သူလဲ မေ့မြောသွားပါတော့တယ်။

နင့်ထျန်းအနေနဲ့ ဒီလိုအမှားအယွင်းမျိုး လုပ်နိုင်စရာဘာအကြောင်းမှမရှိပါဘူး။ တကယ်တမ်း ဖြစ်လာခဲ့ရတဲ့အကြောင်းအရင်းကတော့ ဟို့ဟွိဟောင်ရဲ့ စိတ်၀ိညာဥ်မျက်လုံးတွေက ခရမ်းရွှေရောင်အလင်းတန်းတွေနဲ့ တောက်ပလာရင် စိတ်၀ိညာဥ်ထိတ်လန့်မှုကို ထုတ်သုံးလိုက်လို့ပါ။

သူ့ရဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုက နင့်ထျန်းရဲ့ စွမ်းအင်ထောက်ပံ့မှုတွေအားလုံးကို နှောင့်ယှက်ပြစ်လိုက်ပါတယ်။ ဒါ့အပြင် သူအသုံးပြုဖို့ပြင်ဆင်နေတဲ့ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းရဲ့ စွမ်းအားကိုပါ ပျောက်ကွယ်လို့သွားစေခဲ့တယ်။

ဟို့ယွိဟောင်နဲ့ နင့်ထျန်းတို့ရဲ့ ကျင့်ကြံဆင့်မှာ ကွာခြားချက်က အများကြီးရှိနေခဲ့ပေမဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုနဲ့ ခရမ်းရောင်နတ်ဆိုးမျက်လုံးတို့ပေါင်းစည်းအသုံးချချိန်မှာ မာရှောင်ထောင့်လို လူမျိုးကိုတောင် ထိခိုက်စေတာကြောင့် နင့်ထျန်းကတော့ စကားထဲထည့်ပြောဖို့တောင် မလိုပါဘူး။

သူ့ရဲ့တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်မှာ နင့်ထျန်းလဲ သူ့ရဲ့ဦးနှောက်တစ်ခုလုံးကို အပ်နဲ့အထိုးခံလိုက်ရတဲ့အတိုင်း ခံစားမိပါတော့တယ်။ ဒါကြောင့် တခဏတာ သတိလက်လွှတ်ဖြစ်သွားခဲ့ရတယ်။ ပြင်းထန်တဲ့နာကျင်မှုကို သူမ ခံနိုင်ရည်ရှိလာချိန်မှာတော့ ၀ူဖုန်းနဲ့ နန်မန်ယွမ်အယ်နှစ်ယောက်စလုံးက လွှင့်ထွက်သွားခဲ့ပါပြီ။

၀ူဖုန်းကတော့ နန်မန်ယွမ်အယ်ထက် အခြေအနေအနည်းငယ်ပိုကောင်းနေခဲ့ပါတယ်။ နဂါးဒေါသနဲ့ နဂါးမီးလျှံကို ဆက်တိုက်အသုံးပြုနေခဲ့တာကြောင့် သူလွှင့်ထွက်သွားချိန်မှာ ကိုယ့်ကိုကိုယ် ခုခံနိုင်စွမ်းရှိနေခဲ့တယ်။ ၀မ်သုန့်ရဲ့ တိုက်ခိုက်မှုကို ခံယူပြီချိန်မှာတောင် ဒဏ်ရာအများကြီးတော့မရခဲ့ပါဘူး။ မြေပြင်ပေါ်မှာ နှစ်ပတ်သုံးပတ်လိမ့်သွားပြီ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင်ပြန်ထိန်းရင်း ထရပ်လိုက်ပါတယ်။ ဒါပေမယ့် နန်မန်ယွမ်အယ်ကတော့ လုံး၀ကို သတိလစ်မေ့မြောသွားခဲ့ပြီ တိုက်ခိုက်ရေးစွမ်းအင်တွေ အားလုံးပျက်စီးသွားခဲ့ပါပြီ။

” နင့်ထျန်း ဘာတွေလုပ်နေတာလဲ ”

၀ူဖုန်းက နင့်ထျန်းကို ဒေါသတကြီးနဲ့ ကြည့်နေခဲ့တယ်။ နင့်ထျန်းက လက်ရှိအချိန်မှာ သူ့နဖူးကို လက်နဲ့ဖိထားရင်း ရှိနေခဲ့ပါတယ်။ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထိတ်လန့်မှုကြောင့် အခုအချိန်အထိ စိတ်ကလွှင့်နေဆဲပါ။ လက်ရှိအချိန်မှာ သူက အဖွဲ့ခေါင်းဆောင်ဖြစ်နေခဲ့တဲ့အတွက် ခပ်မြန်မြန်ပဲ သတိပြန်၀င်လာမှဖြစ်ပါတော့မယ်။

” ၀ူဖုန်း ငါတို့အစွမ်းကုန်တိုက်ခိုက်မှဖြစ်မယ် ”

အဲ့ဒီနောက် ရုတ်တရက် နောက်တစ်ကြိမ် ထပ်မံပြီ ရေးရွတ်ပါတော့တယ်။

” ရတနာခုနှစ်သွယ်ပထမစွမ်းအားအရှိန်နှုန်း ရတနာခုနှစ်သွယ်ရဲ့စွမ်းအားပယ်ဖျက်မှု ရတနာခုနှစ်သွယ်တတိယစွမ်းအားမဟာစွမ်းအား သုံးခုစလုံးကို ဆင့်ခေါ်ပါတယ် ”

၀ိညာဥ်စက်ကွင်းသုံးခုစလုံးက ချက်ချင်းဆိုသလို တောက်ပလို့လာခဲ့ပြီ သူမရဲ့လက်ထဲမှာရှိနေတဲ့ဘုံကျောင်းဆောင်ကလဲ ချက်ချင်းဆိုသလို အရွယ်အစား ကြီးမားလာပါတော့တယ်။ အလင်းတန်းသုံးခုက ၀ူဖုန်းရဲ့ ခန္ဓာကိုယ်ပေါ်ကို ကျရောက်လို့လာခဲ့ရုံတင်မက သူ့ရဲ့ကိုယ်ပိုင်ခန္ဓာကိုယ်ပေါ်မှာတောင် တောက်ပလို့လာခဲ့တယ်။

သူ့ရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်က အထောက်အပံ့၀ိညာဥ်ပညာရှင်တွေဖန်တီးတဲ့ မကောင်းတဲ့အစွမ်းအစမှန်သမျှကို ဖယ်ရှားပေးနိုင်တာပါ။ အကယ်၍ ဒါသာသုံးထားမယ်ဆိုရင် ဟို့ယွိဟောင်အနေနဲ့ သူမကို နောက်ထပ် နှောင့်ယှက်နိုင်မယ်လို့ မယုံကြည်ပါဘူး။

နင့်ထျန်းရဲ့ နှစ်တစ်ထောင်၀ိညာဥ်စက်ကွင်းအစွမ်းပြလာချိန်မှာတော့ ၀ူဖုန်းရဲ့အရှိန်နှုန်းက လေးဆယ်ရာခိုင်းနှုန်းတိုးလာရုံတင်မကပဲ သူမရဲ့ အင်အားကပါ လေးဆယ်ရာခိုင်းနှုန်းတိုးလာခဲ့ပါတယ်။ ဒါက တိုက်ခိုက်ရေး၀ိညာဥ်ပညာရှင်တွေထဲမှာတောင် သူ့ကို ရင်ဆိုင်ဖို့ ခက်သွားစေနိုင်ခဲ့တယ်။

နန်မန်ယွမ်အယ်ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပေမဲ့ သူတို့ပြိုင်ပွဲကိုနိုင်ဖို့အခွင့်အရေးရှိနေဆဲပါ။

” ၀မ်သုန့် ပြန်လာခဲ့ “‘

ဟို့ယွိဟောင်က အော်လိုက်ပါတယ်။

နင့်ထျန်းနဲ့ မတူတာကတော့ လက်ရှိအချိန် သူ့မှာ အင်အားကိုထုတ်ပြစရာမရှိပါဘူး။ အတောင်ပံကို တဖျတ်ဖျတ်ခတ်ရင်း ၀မ်သုန့်က ဟို့ယွိဟောင်ဘက်ကို ပြန်လျှောက်လာပါတော့တယ်။ ရှောင်းရှောင်းကတော့ သုံးချောင်းထောက်အိုးကြီးကို အရှေ့မှာထားထားရင်း ၀ိညာဥ်စက်ကွင်းနှစ်ကွင်းကို တစ်ကွင်းအဖြစ်ပေါင်းစည်းလို့ထားခဲ့တယ်။ သူမကတော့ အမွှာ၀ိညာဥ်စက်ကွင်းနှစ်ခုစလုံးကို ထုတ်သုံးနေခဲ့တာပါ။

ဟို့ယွိဟောင်က ၀မ်သုန့်ရဲ့ပုခုံးပေါ် လက်တင်ထားပါတယ်။ အဲ့ဒီနောက် ၀မ်သုန့်က သူ့ရဲ့အတောင်ပံတွေကို အနည်းငယ်ကွေးလိုက်ရင်း ဟို့ယွိဟောင်ရဲ့ခန္ဓာကိုယ်ကို ကာကွယ်ထားလိုက်တယ်။ ၀မ်သုန့်ကလွဲပြီ သူဘာတွေလုပ်နေလဲဆိုတာကို ဘယ်သူကမှ မမြင်ရတော့ပါဘူး။ ဘယ်နေရာကပဲကြည့်ကြည့်သူ့ကိုကာကွယ်ထားပါတယ်။

ဟို့ယွိဟောင်က ၀မ်သုန့်ပုခုံးပေါ်ကို လက်တင်ပြီတဲ့နောက် သူတို့နှစ်ယောက်ပေါင်းစည်းရင်း ဟောင်သုန့်စွမ်းအားကို စတင်အသုံးချပါတော့တယ်။ ဒီပြိုင်ပွဲက သူတို့အတွက် အတော်လေးကို စိန်ခေါ်မှုအားကောင်းလွန်နေခဲ့ပါပြီ။ ဒါ့အပြင် မနက်ဖြန်မှာ ပိုသန်မာတဲ့ပြိုင်ဘက်နဲ့ တွေ့ကြုံရမှာပါ။ ရလဒ်အနေနဲ့ ဟို့ယွိဟောင်လဲ နောက်ထပ် ဆက်ပြီအချိန်မဖြုန်းချင်တော့ပါဘူး။ နောက်ထပ် ရလဒ်ကို ချက်ချင်းဆိုသလို ထွက်ပေါ်လာအောင်ဆုံးဖြတ်ဖို့စီစဥ်လိုက်ပါပြီ။

ဟို့ယွိဟောင်ရဲ့မျက်လုံးထဲမှာ ခရမ်းရွှေရောင်အလင်းတန်းထွက်ပေါ်လာတာကို ၀မ်သုန့်က ရှင်းရှင်းလင်းလင်း မြင်နေခဲ့ရပါတယ်။ ဒါ့အပြင် အဲ့ဒီအလင်းတန်းက သုံးလက်မရှည်လျားတဲ့ အလင်းအဖြစ် ချက်ချင်းထွက်လာခဲ့ပါတယ်။ တခဏတာအတွင်း ပျောက်ကွယ်လို့သွားပေမဲ့ ကြောက်စရာကောင်းလွန်လှတဲ့ ပေါင်းစည်းစွမ်းအားက အရှေ့ကိုပြေးထွက်သွားမှန်း စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကြောင့် သူသိနေခဲ့ရတယ်။

အပိုင်း ၂၅•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset