Switch Mode

Chapter – 25.2

ရတနာခုနှစ်သွယ်ဘုံကျောင်းနဲ့ စိတ်၀ိညာဥ်မျက်လုံးတို့ တိုက်ခိုက်ခြင်း

အပိုင်း ၂၅•၂

” ရတနာခုနှစ်သွယ်ဘုံကျောင်းနဲ့ စိတ်၀ိညာဥ်မျက်လုံးတို့တိုက်ခိုက်ခြင်း ”

°°°
လူတိုင်းမျှော်လင့်ထားတဲ့ ကိစ္စကတော့ နှစ်ဖက်စလုံးသိုင်းပညာ၀ိညာဥ်တွေ ထုတ်လွှတ်ပြီချိန်မှာ တိုက်ပွဲမြန်မြန်ပြီးသွားမဲ့ကိစ္စပါပဲ။ ကျိုးယိတောင်မှ ယုံကြည်ချက်မရှိတော့ပါဘူး။ ဒါပေမယ့် ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့ကတော့ သန်မာတဲ့ပြိုင်ဘက်တွေကို ကောင်းကောင်းကြီးရင်ဆိုင်နိုင်နေခဲ့ပါတယ်။

မုကျင်းကိုယ်တိုင်းတောင်မှ ရှုပ်ထွေးတဲ့ လေသံနဲ့ပြောလာခဲ့မိတယ်။

” ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ၀ိညာဥ်စက်ကွင်းသုံးကွင်းပိုင်နေတဲ့ ရတနာခုနှစ်သွယ်ဘုံကျောင်းက သူ့တို့ရဲ့အရှိန်နှုန်းကိုလဲ မြင့်တင်ပေးလိုက်တယ်…အနည်းဆုံးလေးဆယ်ရာခိုင်းနှုန်းအထိတောင်အရှိန်နှုန်း တိုးသွားပြီးပြီ ဒါ့အပြင် သူတို့ထဲမှာ ၀ိညာဥ်အကြီးအကဲလဲ ပါနေသေးတယ်…ဒါတောင်မှ ဘာကြောင့်များပြိုင်ဘက်ကိုအနိုင်မယူနိုင်သေးတာလဲ ”

ကျိုးယိက ဖန်းယွီကို လှည့်ကြည့်လိုက်ပါတယ်။ ဖန်းယွီကတော့ ဖြစ်နေတဲ့ကိစ္စတွေကို နားလည်သွားခဲ့ပါပြီ။ သူ့ရဲ့ မျက်လုံးတွေက တောက်ပလာခဲ့ရင်း ဆယ့်နှစ်၀ိညာဥ်စက်ကွင်းကိုသုံးနေတဲ့ ဟို့ယွိဟောင်ဆီကို အကြည့်ရောက်သွားပါတော့တယ်။ လက်ရှိအချိန်မှာ လူခြောက်ယောက်ထဲ သူက အငြိမ်သက်ဆုံးသူပါပဲ။

” အဲ့ဒါသူကြောင့်လား ”

” ဒါပေါ့ ”

တကယ်အားလုံးဖြစ်နေတာက ဟို့ယွိဟောင်ကြောင့်ပါပဲ။ နင့်ထျန်းရဲ့ ရတနာခုနှစ်သွယ်ဘုံကျောင်းဆောင်က အထောက်အပံ့၀ိညာဥ်အကြီးအကဲတွေရဲ့ ပစ္စည်းထဲမှာ ထိပ်ဆုံးကိုရောက်နေခဲ့ပါတယ်။ ဒါပေမယ့် ထိန်းချုပ်ရေး၀ိညာဥ်တွေထဲမှာကော ဟို့ယွိဟောင်ရဲ့စိတ်၀ိညာဥ်မျက်လုံးက ထိပ်ဆုံးမှာမဟုတ်ပါလား။ သူက လက်ရှိအချိန်မှာ သိုင်းပညာ၀ိညာဥ်တစ်ခုထဲကိုသာ မှိီခိုနေခဲ့ပေမဲ့ သူရင်ဆိုင်တိုက်ခိုက်နေတာက ၀ိညာဥ်မဟာပညာရှင် နှစ်ယောက်နဲ့ ၀ိညာဥ်အကြီးအကဲတစ်ယောက်ပါ။ ဒါတောင်မှ စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုကို အသုံးပြုပြီ အခုအချိန်ထိ အသာစီးရနေနိုင်ပါတယ်။

ဒါက နှစ်တစ်ရာ၀ိညာဥ်စက်ကွင်းရဲ့စွမ်းအားတွေပါပဲ။ သူ့ရဲ့စိတ်၀ိညာဥ်ထောက်လှမ်းမျှဝေမှုနဲ့ စစ်မြေပြင်တစ်ခုလုံးကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နင့်ထျန်းရဲ့ အင်အားဖြည့်တဲ့စွမ်းရည်ကတော့ လူနှစ်ယောက်ထဲကိုသာ ကူညီပေးနိုင်တာပါ။

နှစ်ဖက်စလုံးက မတိုးသာမဆုတ်သာအခြေအနေမှာ ရှိနေခဲ့ပါတယ်။ ရှောင်းရှောင်းက နန်မန်ယွမ်အယ်ရဲ့ တိုက်ခိုက်မှုကို တားဆီးထားနိုင်ခဲ့ပေမဲ့ သူက အလောတကြီးမလှုပ်ရှား၀ံ့ပါဘူး။ ပြိုင်ဘက်ကအရမ်းကို မြန်ဆန်လွန်နေတာကြောင့်ပါ။ သူ့ရဲ့သုံးချောင်းထောက်အိုးကြီးကို အသုံးပြုပြီ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုအောက်မှာ အကာအကွယ်တစ်ခုအဖြစ်သာ အသုံးချထားခဲ့ပါတယ်။ တကယ်တော့သူက အခြေအနေတစ်ခုမှာ ပိတ်မိနေခဲ့ပါပြီ။

၀မ်သုန့်လဲ အတူတူပါပဲ အကယ်၍ သူသာ စွမ်းအားတွေကို အကုန်ထုတ်မသုံးဘူးဆိုရင် လက်ရှိအချိန်မှာပဲ ကျန်ရစ်နေပါလိမ့်မယ်။ သူ့အတွက် တန်ပြန်တိုက်ခိုက်ဖို့ကိစ္စကခက်ခဲနေခဲ့တယ်။ နောက်ဆုံးတော့လဲ သူရင်ဆိုင်နေရတဲ့ ပြိုင်ဘက်က အရမ်းကိုမြန်ဆန်လွန်တာကြောင့် တစ်ချက်လေးမှားယွင်းသွားတာနဲ့ ပြိုင်ဘက်ကို အခွင့်အရေးပေးသလိုဖြစ်သွားမှာပါ။

နင့်ထျန်းရဲ့ မျက်လုံးထဲမှာ သံသယအရိပ်အငွေ့အသက်တစ်ချို့က ထွက်ပေါ်လာပါတော့တယ်။ သူက ဟို့ယွိဟောင်ဘက်ကို လှည့်ကြည့်လိုက်မိတယ်။ ရှောင်းရှောင်းက သေးငယ်တဲ့ခန္ဓာကိုယ်ရှိတာကြောင့် ဟို့ယွိဟောင်ရဲ့ခေါင်းကို မဖုံးကွယ်ထားနိုင်ခဲ့ပါဘူး။ တစ်ဖက်မှာတော့ ဟို့ယွိဟောင်ကလဲ သူ့ကို ပြန်ကြည့်နေခဲ့ပါတယ်။

အကြည့်တွေဆုံသွားချိန်မှာ နင့်ထျန်းက မျက်မှောင်ကြုတ်သွားပြီ သူ့ရဲ့ မျက်လုံးတွေက အေးစက်လို့သွားခဲ့ပါတယ်။ ဒါပေမယ့် ဟို့ယွိဟောင်ကတော့ သူ့ကို ခေါင်းညိတ်ရင်း ပြုံးပြလိုက်တယ်။

အဲ့ဒါသူလား နင့်ထျန်းရဲ့နှလုံးသားက လှုပ်ခတ်လို့သွားခဲ့ပါပြီ။ သူ့ရဲ့၀ိညာဥ်စက်ကွင်းကို ကြည့်လိုက်ချိန်မှာ အဖြူရောင်အလင်းတန်းတွေနဲ့ တောက်ပနေတာကို မြင်လိုက်ရပါတယ်။ တိုက်ပွဲစတင်ချိန်ကစပြီ သူတို့အဖွဲ့က ဟို့ယွိဟောင်ရဲ့ ဖြစ်တည်မှုကို လုံး၀ လျစ်လျူရှုလို့ထားခဲ့မိပါတယ်။ ဒါကိုလဲ အပြစ်တင်လို့မရနိုင်ပါဘူး။ အဆင့်ဆယ့်ခုနှစ်သာရှိသေးတဲ့ ၀ိညာဥ်ပညာရှင်တစ်ယောက်က ဆယ့်နှစ်၀ိညာဥ်လေးကို အားကိုးပြီ ဒီလိုပါရမီရှင်တွေကြားမှာ ဘယ်လိုများ ထွန်းတောက်နိုင်မှာလဲ။

တိုက်ပွဲရဲ့ လက်ရှိအခြေအနေကိုကြည့်ပြီချိန်မှာတော့ နင့်ထျန်းလဲ တစ်ခုခုမှားနေတာကို သတိထားမိသွားပါပြီ။ ဒါ့အပြင် သူ့ကသာ စာမေးပွဲတစ်ခုလုံးမှာ ဟို့ယွိဟောင်ကို သံသယ၀င်တဲ့ ပထမဆုံးသူဖြစ်နေခဲ့ပါတယ်။

ဆယ့်နှစ်၀ိညာဥ်စက်ကွင်းကိုသာ ပိုင်ဆိုင်ထားတဲ့သူက ဘယ်လိုကြောင့်များ ကျောင်းတော်ထဲကို ၀င်ရောက်လာနိုင်တာလဲ ဒါ့အပြင် သူ့ရဲ့ ၀ိညာဥ်ကစက်ကွင်းက ပြိုင်ပွဲစကထဲက တောက်ပနေခဲ့တာပါ။ တစ်ချိန်လုံး၀ိညာဥ်စွမ်းရည်တစ်ခုကို သူအသုံးပြုနေတယ်ဆိုတာ သိသာနေခဲ့တယ်။ ဒါကိုနားလည်ပြီတဲ့နောက် နင့်ထျန်းအနေနဲ့လဲ ပြိုင်ပွဲစစချင်ကထဲက အဖြစ်တွေကို ပြန်တွေးတောနေခဲ့မိပါပြီ။ အဲ့ဒီအချိန်မှာ ဟို့ယွိဟောင်က သူ့ကိုယ်သူ စစ်မြေပြင်ထိန်းချုပ်ရေးပညာရှင်လို့ မိတ်ဆက်ထားခဲ့ပါတယ်။ သူ့ရဲ့၀ိညာဥ်က ဘာများလဲ ဘယ်လို၀ိညာဥ်စွမ်းရည်မျိုးကို ထုတ်သုံးနေတာလဲ။

သူနားလည်ပြီသွားတာနဲ့ နင့်ထျန်းက အော်လိုက်ပါပြီ။

” ယွမ်အယ် အနောက်မှာရှိနေတဲ့ကောင်ကိုတိုက် ”

နင့်ထျန်းက ဟို့ယွိဟောင်လိုမျိုး တူညီတဲ့အခြေအနေမှာ ရှိနေခဲ့တာပါ။ သူက အဖွဲ့တစ်ဖွဲ့လုံးရဲ့ အချက်အခြာခေါင်းဆောင်ပါပဲ။ နင့်ထျန်းရဲ့အမိန့်ကိုကြားချိန်မှာ နန်မန်ယွမ်အယ်က ချက်ချင်းဆိုသလိုအရှိန်မြင့်လိုက်ပါတော့တယ်။ ဟို့ယွိဟောင်ကို တိုက်ရိုက်မတိုက်ခိုက်ခဲ့သလို ရှောင်းရှောင်းကိုလဲ တိုက်ရိုက်မတိုက်ခိုက်ခဲ့ပါဘူး။ သူ့နဲ့သိပ်ပြီမနီးမဝေးမှာရှိနေခဲ့တဲ့ ၀မ်သုန့်ဆီကို ပြေး၀င်သွားပါတယ်။၀မ်သုန့်လဲ ဒီလိုအလစ်၀င်တိုက်မှုကို ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုကြောင့် သိနေခဲ့ပါတယ်။ ဒါကြောင့် သူ့ရဲ့ လှုပ်ရှားမှုက ပိုပြီးမြန်ဆန်ခဲ့တယ်။ ဒါ့အပြင် ရှောင်းရှောင်းကလဲ သူ့ကိုလာပြီ မကူညီနိုင်ပါဘူး။ လက်ရှိအချိန်မှာ ပြိုင်ဘက်ကအရှိန်အဟုန်ကိုအသုံးပြုရင်း ၀မ်သုန့်ကို တိုက်ရိုက်တိုက်ခိုက်ဖို့လုပ်ပါတယ်။

နန်မန်ယွမ်အယ်နဲ့ ၀ူဖုန်းနှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်မှုအရမ်းကောင်းတဲ့သူတွေပါ။ သူတို့လှုပ်ရှားချိန်မှာပဲ အနီရောင်အလင်းတန်းက ၀ူဖုန်းရဲ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာပါတော့တယ်။ ဒုတိယ၀ိညာဥ်စက်ကွင်းတောက်ပလို့လာခဲ့ပြီ နဂါးမီးလျှံက သူ့တစ်ကိုယ်လုံးကို ကြက်သွေးရောင်အဖြစ် ပြောင်းလဲလို့သွားစေခဲ့ပါတယ်။ နဂါးအကြေးခွံတွေကလဲ ပိုမို ထူးထပ်လို့လာခဲ့ပြီ အနီရောင်အလင်းတန်းတွေ တောက်ပလို့နေခဲ့ပါပြီ။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့ဘယ်ဘက်လက်က နဂါးလက်သည်းအဖြစ် လုံး၀ ပြောင်းလဲသွားပါတော့တယ်။ ဒါက ၀ူဖုန်းရဲ့ ဒုတိယ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့ နဂါးဒေါသပါ။

၀ူဖုန်းရဲ့ တိုက်ခိုက်မှုနဲ့ ခုခံမှုတွေက အင်အားတိုးပွားလာခဲ့ပြီ တစ်ချိန်ထဲမှာပဲ တခြား၀ိညာဥ်စွမ်းရည်ကိုပါ ပိုမိုအားကောင်းလာစေခဲ့ပါတယ်။ နဂါးမီးလျှံရဲ့အပူရှိန်က နှစ်ဆမြင့်တက်လို့သွားခဲ့ပါပြီ။ ဒါ့အပြင် လေထုတစ်ခုလုံးကို ကြွက်ကြွက်ဆူလာစေခဲ့ပါတယ်။

နန်မန်ယွမ်အယ်ကလဲ သူ့ရဲ့ကိုယ်ပိုင်ဒုတိယ၀ိညာဥ်စက်ကွင်းကို အသုံးချရင်း ၀မ်သုန့်ဆီကို ပြေး၀င်သွားပါတယ်။ အ၀ါရောင်၀ိညာဥ်စက်ကွင်းက တောက်ပလို့လာခဲ့သလို လက်နှစ်ဖက်ကို ခေါင်းပေါ်မှာပေါင်းစည်းရင်း ကျောက်စိမ်းရောင်အလင်းတန်းတွေနဲ့ လခြမ်းကွေးအသွင်သဏ္ဍာန်တစ်ခုကို ဖြစ်ပေါ်စေလိုက်ပါတယ်။ အဲ့ဒါကို ၀မ်သုန့်ဆီ သူချက်ချင်းပြစ်လွှတ်လိုက်ပါပြီ။

သူ့ရဲ့သိုင်းပညာ၀ိညာဥ်က ကျောက်စိမ်းငှက်ပြာပါ။ ဒါ့အပြင် သူ့အသုံးပြုတဲ့၀ိညာဥ်စွမ်းရည်ကလဲ ​ကျောက်စိမ်းဓားသွားလို့ခေါ်ပါတယ်။ သူ့ရဲ့လက်တွေကို ဓားသွားအဖြစ် ပြောင်းလဲစေနိုင်တယ်။ တခြားတစ်ဖက်မှာ ဒုတိယ၀ိညာဥ်စွမ်းရည်ကတော့ ကျောက်စိမ်းဓားချက်ပါပဲ။

အရှိန်အဟုန်ကို အသုံးပြုတဲ့ ၀ိညာဥ်ပညာရှင်တွေက သူတို့ရဲ့ အရှိန်နှုန်းနဲ့ တိုက်ခိုက်ရေးစွမ်းအားကြေင့် ကျော်ကြားပါတယ်။ ဒါကြောင့် သူတို့ရဲ့ အင်အားကို တွေးကြည့်လို့ရနေခဲ့တယ်။ ကျောက်စိမ်းရောင်ဓားသွားက လေထဲမှာလှလှပပလေး ဖြတ်သန်းရင်း ၀မ်သုန့်ဆီကို ပြေး၀င်လို့သွားခဲ့ပါပြီ။ အ​ရေးကြီးဆုံးကတော့ သူမရဲ့ ဒီတိုက်ခိုက်မှုက လူတွေကိုမလှုပ်နိုင်အောင် တားဆီးထားနိုင်တဲ့ ရလဒ်ရှိတာပါပဲ။ ခုန်ရှောင်ဖို့လဲ မဖြစ်နိုင်ပါဘူး။

၀ိညာဥ်မဟာပညာရှင်နှစ်ယောက်ရဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းတွေက ဆက်တိုက်ဆိုသလို တစ်ပြိုင်နက်အသုံးပြုထားခဲ့ပြီ သူ့ကိုတိုက်ခိုက်ချိန်မှာ အရှိန်ကလဲ နှစ်ဆပိုမြန်နေခဲ့ပါတယ်။ သူတို့က အရာအားလုံးကို ဒီတစ်ကွက်ထဲနဲ့ အဆုံးသတ်ချင်နေခဲ့တာပါ။ ၀မ်သုန့်ကို အရင်ဆုံးဖယ်ရှားပြီတဲ့နောက် ကျန်တဲ့ကိစ္စတွေကို ရှင်းပါလိမ့်မယ်။ ၀မ်သုန့်က ဒီအဖွဲ့ထဲမှာ တစ်ယောက်တည်သော တိုက်ခိုက်ရေးပညာရှင်ဖြစ်နေခဲ့တယ်။

ရှောင်းရှောင်းနဲ့ ဟို့ယွိဟောင်နှစ်ယောက်ကတော့ သူတို့ရဲ့ပြိုင်ဘက်ဖြစ်မလာနိုင်ပါဘူး။ သူတို့ရဲ့ပြိုင်ဘက်က သူတို့တွေးနေတာသိရင်တောင် အရှိန်နှုန်းက မြန်ဆန်လွန်တာကြောင့် တန်ပြန်တိုက်ခိုက်ဖို့ခက်ခဲပါလိမ့်မယ်။

ဒါပေမယ့် ဟို့ယွိဟောင်တို့အဖွဲ့က ထိုင်ပြီသေဖို့ကို စောင့်နေမှာလား။ အကယ်၍ တခြားသူတွေသာ ဖြစ်မယ်ဆိုရင်တော့ မပြင်ဆင်ထားပဲ အငိုက်မိသွားမှာပါ။ ဒါပေမယ့် သူတို့ရဲ့ အဓိက အားသာချက်ကတော့ နန်မန်ယွမ်အယ်ရဲ့ တိုက်ခိုက်မှုကို ခန့်မှန်းမိသားဖြစ်နေခဲ့ပါတယ်။ ၀ူဖုန်းရဲ့ ၀ိညာဥ်စွမ်းအားလှည့်ပတ်ချိန်ကထဲက ဒါကို သူတို့သိပြီသားပါ။

မြန်ဆန်တဲ့ အရှိန်နှုန်းကြောင့် သူတို့ကို ဘာမှမလုပ်နိုင်ပေမဲ့ တုံ့ပြန်နိုင်တဲ့ပုံစံကတော့ ကွာခြားပါတယ်။

ရှောင်းရှောင်းရဲ့အကြည့်က အရမ်းကို အာရုံစိုက်တဲ့ပုံစံ ဖြစ်သွားခဲ့ပြီ လေထဲကို လက်မြောက်လိုက်ချိန်မှာသူ့ရဲ့ အရှိန်အ၀ါက ရုတ်တရက်ပြောင်းလဲလို့သွားပါတော့တယ်။ မျက်နှာပေါ်မှာ အရမ်းကို လှပပြီနူးညံ့တဲ့အမူအရာက ပေါ်ထွက်လို့လာခဲ့ပြီ သူ့ရဲ့အ၀ါရောင်၀ိညာဥ်စက်ကွင်းနှစ်ခုက အ၀ါရောင်၀ိညာဥ်စက်ကွင်းတစ်ခုထဲအဖြစ်ကို ပြောင်းလဲလို့သွားခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ ခေါင်းပေါ်မှာတော့ အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးက လွှင့်မျောနေဆဲဖြစ်သလို လက်ထဲမှာတော့ ကျောက်စိမ်းရောင်ပုလွေတစ်ခုကပေါ်ထွက်လို့လာတယ်။

ဒီကျောက်စိမ်းရောင်ပုလွေက အရမ်းကို ရှည်လျားလွန်လှပြီ ပုလွေပေါ်မှာတော့ အသက်၀င်လွန်လှတဲ့ နတ်မီးငှက်တွေပုံစံကို ထွင်းထုလို့ထားခဲ့ပါတယ်။ သူက အသက်သုံးချောင်း၀ိညာဥ်ချေဖျက်အိုးကြီးနဲ့ ယှဥ်လိုက်မယ်ဆိုရင် ပိုမို တောင့်တင်းခိုင်မာတဲ့ အငွေ့အသက်တွေကို ပေးစွမ်းနေခဲ့တယ်။ ကျောက်စိမ်းပုလွေကို ကိုင်ထားတဲ့ရှောင်းရှောင်းကတော့ လက်ရှိအချိန်မှာ နတ်မိမယ်တွေနီးနီးကို လှပနေခဲ့ပါပြီ။

သူမရဲ့ ၀ိညာဥ်စက်ကွင်းက တိတ်တဆိတ်တောက်ပလို့လာနေရင်း လှပချိုမြိန်တဲ့ တေးသွားတစ်ခုလဲ ထွက်ပေါ်လာပါတော့တယ်။ ဒီတေးသွားက နှလုံးသားထဲကို မရောက်ရှိနိုင်ပေမဲ့ ရှိရှိသမျှ လူတိုင်းကိုတော့ ရစ်မူးသွားစေခဲ့တယ်။ အဲ့ဒီနောက် ကျောက်စိမ်းရောင်အလင်းတန်းက ရှောင်းရှောင်းရဲ့ခန္ဓာကိုယ်အပြင်ဘက်ဆီကို ပြန့်ထွက်လို့လာခဲ့ပါပြီ။

အပိုင်း ၂၅•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset