အပိုင်း ၂၅•၁
” ရတနာခုနှစ်သွယ်ဘုံကျောင်းနဲ့ စိတ်၀ိဉာဥ်မျက်လုံးတို့ ယှဥ်ပြိုင်ခြင်း ”
°°°
၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က အလှပဆုံးသားရဲကောင်တွေရဲ့ နံပါတ်တစ်ဖြစ်နေခဲ့ပြီ နင့်ထျန်းရဲ့ လက်ထဲမှာရှိနေတဲ့ ဘုံကျောင်းဆောင်ကတော့ ၀ိဉာဥ်လက်နက်တွေထဲမှာ အလှပဆုံးဖြစ်ပါတယ်။
နင့်ထျန်းရဲ့ ကြည်လင်တဲ့အသံက ဘုံကျောင်းနဲ့အတူ တစ်ပြိုင်နက်ထဲ ထွက်ပေါ်လာခဲ့ပါပြီ။
” ရတနာခုနှစ်သွယ်ရဲ့ ပထမရတနာအရှိန်နှုန်းကို ဆင့်ခေါ်ပါတယ် ”
သူမရဲ့ ပထမ၀ိညာဥ်စက်ကွင်းက စကားပြောပြီချိန်မှာပဲ တောက်ပလို့လာပါတော့တယ်။ အ၀ါရောင်အလင်းတန်းက ဘုံကျောင်းကိုပိုပြီးလှပလာစေခဲ့ပါပြီ။ ချက်ချင်းဆိုသလို အလင်းတန်းနှစ်ခုက ဘုံကျောင်းအပြင်ကို ပြေးထွက်လာခဲ့ရင်း ၀ူဖုန်းနဲ့ နန်မန်ယွမ်အယ်တို့ဆီကို ပြေး၀င်လို့သွားပါတော့တယ်။
စိတ်၀ိညာဥ်ထောက်လှမ်းရေးကို အစကထဲက အသုံးပြုနေတဲ့ ဟို့ယွိဟောင်အနေနဲ့ကတော့ လန့်သွားခဲ့ရပါတယ်။ နင့်ထျန်းရဲ့ ၀ိဉာဥ်စွမ်းအားက တကယ်တော့ ၀ိညာဥ်စွမ်းအားမဟုတ်ခဲ့ပါဘူး။ သူက ထူးဆန်းတဲ့ စွမ်းအားပေါင်းစည်းမှုတစ်ခုနဲ့ သူမရဲ့ အရှိန်အ၀ါကို ပြန်မထွက်လာအောင် ကာကွယ်တားဆီးလို့ထားခဲ့ပါတယ်။ ဒါ့အပြင် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းရေးကိုလဲ လုံး၀ ကာကွယ်ပိတ်ဆို့လို့ထားနိုင်ခဲ့တယ်။
ဒီ၀ိညာဥ်လက်နက်က အဲ့ဒီလောက် သန်မာတယ်လား။
ဟို့ယွိဟောင်တို့အဖွဲ့က ပိုလို့မျက်လုံးပြူးလာခဲ့ပါတယ်။ ၀မ်သုန့်နဲ့ ရှောင်းရှောင်းတို့လဲ ၀ူဖုန်းနဲ့ နန်မန်ယွမ်အယ်ရဲ့ခန္ဓာကိုယ်ပေါ်အလင်းတန်း ရောက်ရှိလာချိန်မှာ အခြေအနေက ရုတ်တရက်ပြောင်းလဲလို့သွားပါတော့တယ်။
နန်မန်ယွမ်အယ်ရဲ့လက်၀ါးက အရှိန်နှုန်းပိုမိုမြင့်မားလာခဲ့ပြီ ရှောင်းရှောင်းဆီကို ပြေး၀င်လာခဲ့ပါပြီ။ ဒါ့အပြင် လေထဲမှာပုံရိပ်ယောင်တွေလဲ ဖြစ်လာပါတော့တယ်။
အကယ်၍ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုသာ ရှိမနေခဲ့ဘူးဆိုရင် ရှောင်းရှောင်းအနေနဲ့လဲ ဒီတိုက်ခိုက်မှုကြောင့် ရှုံးနှိမ့်သွားရနိုင်ပါတယ်။
နန်မန်ယွမ်အယ်အပေါ် အလင်းတန်းကျရောက်လာချိန်မှာပဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်ထောက်လှမ်းမှုက သူ့ကိုသတိပေးလိုက်ပါတယ်။ တစ်ချိန်ထဲမှာပဲ သူနောက်ဖက်မှာရှိနေခဲ့တဲ့ ဟို့ယွိဟောင်က ရှောင်းရှောင်းရဲ့ အင်္ကျီကို အနောက်ဖက်ကနေ ရုတ်တရက်ဆွဲလိုက်ပြီ မထိခိုက်အောင် ကာကွယ်ပေးလိုက်ပါတယ်။ ဒါပေမယ့် နန်မန်ယွမ်အယ်ရဲ့ လက်၀ါးကို ရှောင်နိုင်တယ်ဆိုရုံလေးဖြစ်သွားခဲ့တာပါ။
ရှောင်းရှောင်းက သူ့ရဲ့အသက်သုံးချောင်းထောက် ၀ိညာဥ်ချေဖျက်အိုးကြီးကို ဆင့်ခေါ်ပြီ အနက်ရောင်အလင်းတန်းတွေကို ထုတ်လွှတ်လိုက်ပါတယ်။ ကျရောက်လာချိန်မှာ ရှောင်းရှောင်းရဲ့ ပထမ၀ိညာဥ်စက်ကွင်းကလဲ တောက်ပလို့လာခဲ့ပြီ သူ့ရဲ့ တုန်ခါမှုက စတင်ဖြစ်ပေါ်လာပါတော့တယ်။
ပြိုင်ပွဲအစကနေ အခုအချိန်ထိ နန်မန်ယွမ်အယ်အနေနဲ့ သူတို့တွေ့ဖူးခဲ့တဲ့ ပြိုင်ဘက်တွေထဲမှာ အမြန်ဆုံးလို့သတ်မှတ်လို့ရနိုင်ပါတယ်။ ဒါ့အပြင် နင့်ထျန်းရဲ့ ဘုံကျောင်းဆောင်စွမ်းအားကြောင့် ဒီလိုမြန်ဆန်မှုက ပိုပြီးအားကောင်းလာခဲ့တာပါ။ လက်ရှိအချိန်မှာ သူ့ရဲ့စွမ်းအားက ၀ိညာဥ်မဟာပညာရှင်တွေထက် သာလွန်ပြီ ၀ိညာဥ်အကြီးအကဲတွေရဲ့ အဆင့်ကိုရောက်ရှိလို့သွားခဲ့ပါပြီ။
တခြားတစ်ဖက်မှာရှိနေခဲ့တဲ့ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုကတော့ ဒီပြိုင်ပွဲမှာ ပိုလို့တောင် အရေးကြီးလာခဲ့ပါသေးတယ်။
တိုက်ခိုက်မှုလွဲချော်သွားပြီတဲ့နောက် နန်မန်ယွမ်အယ်က နောက်တစ်ကြိမ်ထပ်ပြီ ပြေး၀င်လာခဲ့ပြန်ပါတယ်။ သူမရဲ့အမြင်အရတော့ ဒီတိုက်ပွဲကို အရှိန်နှုန်းအသုံးချရင်း အမြန်ဆုံး အဆုံးသတ်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေခဲ့တယ်။
ဒါပေမယ့် သူမ ဦးတည်ရာပြောင်းလိုက်ချိန်မှာပဲ ရုတ်တရက်ဆိုသလို နှလုံးသားထဲမှာ အန္တရာယ်အငွေ့အသက်က ထွက်ပေါ်လာခဲ့ပါပြီ။ သူမရဲ့ခန္ဓာကိုယ်ကို အရှိန်ထိန်းလိုက်ရင်း ပထမ၀ိညာဥ်စက်ကွင်းကို လှုပ်ရှားလိုက်ပါတော့တယ်။ တစ်ကိုယ်လုံးအစိမ်းရောင်အလင်းတန်းတွေနဲ့ တောက်ပလာခဲ့ပါပြီ။ သူမ လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ချိန်မှာတော့ အစိမ်းရောင်အလင်းတန်းက ၀မ်သုန့်ရဲ့အတောင်ပံတွေလို တောက်ပလာတာမြင်လိုက်ရပါတယ်။ အဲ့ဒီနောက် သုံးချောင်းထောက်အိုးကြီးက ရုတ်တရက်ဆိုသလို ကျရောက်လာခဲ့ရင်း သူမနဲ့ ရှောင်းရှောင်းကို ဝေးကွာသွားစေခဲ့ပါတယ်။
နန်မန်ယွမ်အယ်က ခုန်ရှောင်ရင်း ဆင်တိုက်တိုက်ခိုက်ဖို့ တွေးခဲ့ပေမဲ့ ရှောင်းရှောင်းရဲ့အိုးကြီး လှုပ်ရှားလိုက်ချိန်မှာတော့ ရလဒ်ကသူ့ကို မျက်လုံးပြူးသွားစေခဲ့ပါတယ်။ ကျယ်လောင်တဲ့ပေါက်ကွဲသံနဲ့အတူ ထွက်ပေါ်လာခဲ့တဲ့ ငလျင်လှိုင်းတွေက နန်မန်ယွမ်အယ်ရဲ့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားခဲ့ရင်း သူ့ကို တခဏတာကြောင်အလို့သွားစေပါတယ်။
ရှောင်းရှောင်းရဲ့တိုက်ခိုက်မှုနဲ့ ဟို့ယွိဟောင်ရဲ့ ထောက်လှမ်းမှုနှစ်ခုစလုံးက အရမ်းကို အစွမ်းထက်တဲ့လက်နက်တွေပါ။ သူမရဲ့ မြန်ဆန်တဲ့အရှိန်နှုန်းနဲ့တောင် နန်မန်ယွမ်အယ်ကတော့ ရှုံးသွားရရှာပြန်ပါပြီ။
အသက်သုံးချောင်းထောက်၀ိညာဥ်ချေဖျက်အိုးကြီးက အရှေ့ကို တိုးလာရင်း သူမရဲ့ခန္ဓာကိုယ်ကို လွှင့်ထွက်အောင်လုပ်ဖို့ ပြင်ပါတော့တယ်။
မြေပြင်ပေါ်ကို ကျယ်လောင်တဲ့အသံနဲ့ ပြုတ်ကျလာချိန်မှာပဲ ကြောင်အပြီးရပ်နေခဲ့တဲ့ နန်မန်ယွမ်အယ်က ပိုလို့မျက်လုံးပြူးသွားခဲ့ပါတယ်။ အဝေးမှာရှိနေခဲ့တဲ့ နင့်ထျန်းက နောက်တစ်ကြိမ် ထပ်ပြီး အော်လိုက်ပါပြီ။
” ရတနာခုနှစ်သွယ်ရဲ့ ဒုတိယရတနာပယ်ဖျက်မှုကို ဆင့်ခေါ်ပါတယ် ”
သူမပြောပြီချိန်မှာပဲ နောက်ထပ်အလင်းတန်းတစ်ခုက ထွက်ပေါ်လို့လာခဲ့ပါတယ်။ နန်မန်ယွမ်အယ်ရဲ့ခန္ဓာကိုယ်ပေါ်ကို အဲ့ဒီအလင်းတန်းက ကျရောက်လို့သွားခဲ့ပြီ သူ့ရဲ့ မတုန်မလှုပ်ဖြစ်နေတဲ့ အနေအထားကို အမြန်ချေဖျက်ပေးလိုက်ပါတော့တယ်။ သူမ ချက်ချင်းဆိုသလို မြန်နိုင်သလောက်မြန်အောင် နောက်ဆုတ်လို့သွားခဲ့ရင်း အိုးကြီးကို ခုန်ရှောင်လို့နေခဲ့တယ်။
အဝေးမှာရှိနေခဲ့တဲ့ နင့်ထျန်းကိုကြည့်ရင်း ဟို့ယွိဟောင်ကတော့ စိတ်ထဲမှာလန့်နေခဲ့ပါတယ်။ တကယ်ကို အားကောင်းလွန်တဲ့ အထောက်အပံ့စနစ် သိုင်းပညာ၀ိညာဥ်ပညာရှင်ပါ။ ဒါ့အပြင် သူက အကဲဖြတ်နိုင်စွမ်းလဲအရမ်းကို ကောင်းပါတယ်။ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုမရှိပေမဲ့ အခြေအနေကို တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သိနေခဲ့ပြီ ဖြေရှင်းနည်းကိုလဲ ချက်ချင်းဆိုသလို လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ အသင်းဖော်တွေကိုလဲ တစ်ချက်လေးတောင် မတွေဝေပဲ ထောက်ပံ့ပေးတယ်။
သူထုတ်လွှတ်လိုက်တဲ့၀ိညာဥ်စွမ်းအားက သူ့အပေါင်းအဖော်တွေရဲ့ အရှိန်နှုန်းကို ပထမဆုံးအနေနဲ့ မြင့်တင်ပေးပါတယ်။ ဒုတိယ၀ိညာဥ်စွမ်းရည်ကတော့ ချိတ်ပိတ်ထားတဲ့အရာတွေကို ဖြေဖျက်နိုင်စွမ်းရှိတယ်။ ဒါကြောင့် သူတို့အခြေအနေက ပြန်လည်ကောင်းမွန်သွားခဲ့ပါပြီ။ တိုက်ပွဲစွမ်းရည်တွေရော သိုင်းပညာအင်အားကပါ တကယ်ကို ၀ိညာဥ်အကြီးအကဲအဆင့် ပညာရှင်ပါပဲ။
ဟို့ယွိဟောင် လန့်နေခဲ့ပေမဲ့ နန်မန်ယွမ်အယ်နဲ့ နင့်ထျန်းတို့က သူ့ထက်တောင်ပိုပြီး တအံ့တဩဖြစ်နေခဲ့ပါတယ်။ သူတို့ရဲ့အံ့ဩမှုက ဟို့ယွိဟောင်နဲ့ ဘာမှမဆိုင်ပါဘူး။ သူတို့ရဲ့ ရှု့ထောင့်ကနေကြည့်မယ်ဆိုရင် ရှောင်းရှောင်းက ၀ိညာဥ်စွမ်းအားကို အမြန်ဆုံးထုတ်သုံးရင် ပြန်လည်သိမ်းယူနိုင်တဲ့ ပညာရှင်ပါ။ ဒါ့အပြင် သုံးချောင်းထောက်အိုးကြီးရဲ့ နေရာချနိုင်စွမ်းနဲ့ အချိန်ကိုထိန်းချုပ်နိုင်စွမ်းက တကယ်ကို ကောင်းလွန်လှပါတယ်။ ဒါ့အပြင် သူက နန်မန်ယွမ်အယ်ရဲ့ ၀ိညာဥ်စွမ်းရည်ကိုလဲ ကောင်းကောင်းကြီးထိန်းချုပ်ထားနိုင်သလို တိုက်ခိုက်မှုတွေကိုလဲ အပြည့်အ၀ ရှောင်ရှားနိုင်တဲ့သူပါ။ တန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက် အခြေအနေကလဲ များနေခဲ့ပါတယ်။ နင့်ထျန်းတောင် သူ့ရဲ့ဒုတိယ၀ိညာဥ်စွမ်းရည်ကို အားစိုက်ထုတ်ပြီ အသုံးပြုလိုက်ရပါပြီ။ ဒါကြောင့် သူတို့က ရှောင်းရှောင်းကို အမြင်အသစ်နဲ့ မြင်လာပါတော့တယ်။
တခြားတစ်ဖက်မှာတော့ ၀မ်သုန့်နဲ့ ၀ူဖုန်း နှစ်ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြဆဲပါ။
နှစ်ယောက်စလုံးကလဲ ထိပ်တန်းသားရဲကောင်တွေကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ ဒါပေမယ့် ၀ူဖုန်းမှာတော့ နင့်ထျန်းရဲ့ စွမ်းအားဖြည့်တင်းပေးမှု ရှိနေခဲ့တာကြောင့် သူ့ရဲ့အရှိန်နှုန်းနဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်ကပိုလို့တိုးပွားလာစေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ ၀ိညာဥ်စွမ်းရည်ဖြစ်တဲ့နဂါးမီးကို ထုတ်သုံးနေပါပြီ။
မီးလျှံတွေက သူမခန္ဓာကိုယ်အပြင်ဘက်ဆီကို ပြေးထွက်လို့လာခဲ့ရင်း စင်တီမီတာသုံးဆယ့်အတွင်းကို မီးပင်လယ်ဖြစ်သွားစေခဲ့ပါတယ်။ ဒါ့အပြင် သူမရဲ့ တိုက်ခိုက်မှုတွေအားလုံးကလဲ နဂါးမီးရဲ့ပူပြင်းတဲ့အပူရှိန်ပါ၀င်လို့နေခဲ့တယ်။ ၀မ်သုန့်အတွက်တော့ ဒါက အခြေအနေမကောင်းပါဘူး။
၀မ်သုန့်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က သူ့ပြိုင်ဘက်နဲ့ သိပ်ပြီမကွာပေမဲ့ ဒုတိယ၀ိညာဥ်စက်ကွင်းကတော့ နှစ်တစ်ထောင်အဆင့်အတန်းရှိနေခဲ့ပါတယ်။ ဒါကြောင့် ၀ူဖုန်းထက်တော့ ၀ိညာဥ်စွမ်းအားက ပိုပြီးသာလွန်နေခဲ့တယ်။ သူ့ရဲ့တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်ရဲ့ရှားပါးမှုကလဲ အနီရောင်နဂါးထက်ကို သာလွန်နေခဲ့ပါပြီ။
ပြိုင်ဘက်ရဲ့အရှိန်နှုန်းက မြင့်တက်လာခဲ့ပေမဲ့ သူမှာလဲ ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုအကူအညီရှိနေခဲ့ပါသေးတယ်။ အတောင်ပံကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်လိုက်ပြီတဲ့နောက် ဟို့ယွိဟောင်ရဲ့ စိတ်၀ိညာဥ်စွမ်းအားထောက်လှမ်းမှုစွမ်းရည်ကို မှီခိုရင်းသူက တန်ပြန်အသာစီးရလာပါတော့တယ်။
ဟို့ယွိဟောင်နဲ့ သိုင်းပညာ၀ိညာဥ်ပေါင်းစည်းပြီချိန်ကစလို့ သူတို့နှစ်ယောက်ကြားမှာ နှစ်ဖက်နားလည်နိုင်စွမ်းက ပိုမို မြင့်တက်လာခဲ့ပါတယ်။ ဒါ့အပြင် ၀မ်သုန့်နဲ့ အသုံးပြုချိန်မှာ ဒီထောက်လှမ်းနိုင်စွမ်းကလဲ အကျိုးသက်ရောက်မှု ပိုမို မြန်လာပါတယ်။ ၀မ်သုန့်ရဲ့အတောင်ပံတွေက ၀ူဖုန်းကို ဆက်တိုက်ဆိုသလို တိုက်ခိုက်လို့နေခဲ့ပြီ သူ့နဖူးမှာတောင် သေးငယ်တဲ့ဒဏ်ရာတစ်ခု ဖြစ်သွားစေပါတယ်။
၀ူဖုန်းကတော့ သူ့ရဲ့ လက်နှစ်ဖက်စလုံး ချည်နှောင်ပြီတိုက်ခိုက်ခံနေရတဲ့အတိုင်း ခံစားနေခဲ့မိပါတယ်။ သူ့ရဲ့လက်ရှိအခြေအနေနဲ့ဆိုရင် သူက ပြိုင်ဘက်ထက်ပိုပြီး သန်မာတယ်လို့ကိုယ့်ကိုကိုယ် ယုံကြည်ချက်အပြည့် ရှိနေခဲ့တယ်။ ဒါပေမယ့် ဘယ်လိုမှကို အသာစီးမရနိုင်ပါဘူး။ ၀မ်သုန့်ရဲ့အတောင်ပံတွေနဲ့ သွားပြီမထိတွေ့၀ံ့ပဲရှိနေခဲ့ပါတယ်။ တစ်ဖက်မှာ၀မ်သုန့်ရဲ့ အတောင်ပံတွေကတော့ ကပ်ပါးကောင်လိုမျိုး သူသွားလေရာနေရာကိိုလိုက်ရင်း တိုက်ခိုက်လို့နေခဲ့တယ်။ ဒီလိုမခံမရပ်နိုင်တဲ့ ခံစားချက်က သူ့ကို သွေးအန်ချင်မတတ် ဒေါသထွက်လာစေခဲ့ပါတယ်။ ဒါကြောင့် သူကိုယ်တိုင်းလဲ မကျေမနပ်နဲ့အော်နေခဲ့ပါပြီ။
ကံကောင်းစွာနဲ့ပဲ သူ့ရဲ့လက်ရှိအရှိန်အနှုန်းက ၀မ်သုန့်ထက် မြန်ဆန်နေခဲ့တဲ့အတွက် လှုပ်ရှားမှုတွေကို ပိုမို မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်ပါတယ်။ ၀မ်သုန့်က သူ့ရဲ့လှုပ်ရှားမှုတွေကို ခန့်မှန်းနိုင်နေခဲ့ပေမဲ့ သူက ခုခံဖို့ကိုသာ အာရုံစိုက်လို့ထားခဲ့တယ်။ အကယ်၍ ပြိုင်ဘက်ရှိတဲ့နေရာကိုသာ ခန့်မှန်းပြီတိုက်ခိုက်နိုင်မယ်ဆိုရင် ပြိုင်ဘက်ရဲ့ အရှိန်နှုန်းကို လိုက်မမီနိုင်ရင်တောင် အရှုံးပေါ်မှာတော့ မဟုတ်ပါဘူး။
အပိုင်း ၂၅•၁ ပြီး၏။