အပိုင်း ၂၄•၄
” လောင်းကြေးထပ်ခြင်း ”
°°°
၀ိဉာဥ်ပညာရှင်တွေရဲ့ လောကမှာ ဆိုးရိုးစကားတစ်ခုရှိပါတယ်။ အဲ့ဒီဆိုးရိုးစကားကတော့ ဒီလိုပါ။
” ထူးချွန်တဲ့ ၀ိဉာဥ်ပညာရှင်တစ်ယောက် ဖြစ်ချင်ရင်း ၀ိဉာဥ်စွမ်းအားကို တိုးတက်အောင်ကြိုးစားရင် သေချာပေါက် တိုက်ခိုက်ရမှာပါ ဒါမှသာ အားကောင်းတဲ့၀ိဉာဥ်စက်ကွင်းကို ရရှိနိုင်လိမ့်မယ် ”
ဒါပေမယ့် ထိပ်တန်း၀ိဉာဥ်ပညာရှင်ဖြစ်လာဖို့နဲ့ သော့်လော့တိုက်ရဲ့ စစ်မှန်တဲ့ ပါရမီရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ကတော့ ၀ိဉာဥ်အရိုးကို လိုအပ်ပါတယ်။ ဒါ့အပြင် ၀ိဉာဥ်အရိုးကို ပိုများများပိုင်ဆိုင်တဲ့သူတွေက ပိုပြီး သန်မာလာမှာပါ။ နောက်တစ်နည်းပြောရမယ်ဆိုရင် ၀ိဉာဥ်အရိုးတွေက ဆေး၀ါးဆိုင်ရာ ဂုဏ်သတ္တိလဲရှိနေခဲ့ပြီ အဆင့်တက်တဲ့ဆေးလုံးတွေလို လူတွေကိုကူညီပေးနိုင်ပါတယ်။ ပေါင်းစည်းတဲ့ ၀ိဉာဥ်ပညာရှင်ကို အတိုင်းအတာတစ်ခုအထ်ိ အထောက်အပံ့ပြုပေးနိုင်တယ်။
ကျိုးယိရဲ့ ၀ိဉာဥ်အရိုးတစ်ခုဆိုတဲ့ တောင်းဆိုချက်က မုကျင်းနဲ့ လောင်းကြေးထပ်ချိန်မှာတော့ အတော်ကို ကြီးမားနေပါတယ်။ ဒါပေမယ့် မုကျင်း ဘယ်လိုလုပ်မလန့်ပဲ နေနိုင်မှာလဲ။ ကျိုးယိ ဘာကြောင့်ယုံကြည်ချက်ရှိနေလဲဆိုတာ သူနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။
ကျိုးယိရဲ့ နှုတ်ခမ်းပေါ်မှာ စိတ်ပျက်တဲ့အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။
” ကြောက်ရင်ထွက်သွားလိုက် ငါ့ရဲ့နှာခေါင်းထဲမှာ မင်းရဲ့ အဲ့ဒီမူးနှောက်စရာရေမွှေးနံ့တွေ မရှုချင်ဘူး ”
မုကျင်းရဲ့မျက်လုံးထဲမှာတော့ ဒေါသထွက်တဲ့အရိပ်အယောင်တွေက ပေါ်လာပါတော့တယ်။
” ကောင်းပြီ ငါနင်နဲ့ လောင်းကြေးထပ်မယ်…ဘာမှအဖိုးမတန်တဲ့စကားတွေနဲ့ ငါ့ကို ခြောက်လန့်ချင်နေတယ်လား အကယ်၍ ငါသာရှုံးမယ်ဆိုရင် ငါနင့်ကို ၀ိဉာဥ်အရိုးတစ်ခုပေးမယ်…ဒါပေပမယ့် အကယ်၍ နင်သာ ရှုံးမယ်ဆိုရင် ဖန်းယွီကို ငါ့အတွက် အနီးကပ်တိုက်ပွဲ၀ိဉာဥ်လက်နက်တစ်ခု လုပ်ခိုင်းပေး ”
ကျိုးယိက အေးစက်စက် ပြန်ဖြေလိုက်ပါတယ်။
“‘ငါက နင်နဲ့ လောင်းကြေးထပ်တဲ့သူ အဲ့ဒီကောင်မဟုတ်ဘူး အကယ်၍ ငါသာ ရှုံးမယ်ဆိုရင် ငါနင့်ကို ၀ိဉာဥ်အရိုးတစ်ခုပေးမယ် ”
” နင်ရဲ့၀ိဉာဥ်အရိုး ငါမလိုချင်ဘူး ဖန်းယွီလုပ်ပေးတဲ့ အနီးကပ်တိုက်ခိုက်ရေး၀ိဉာဥ်ပစ္စည်းပဲလိုချင်တယ် ”
” ကောင်းပြီ သူအစား ငါပြန်ဖြေပေးမယ် ”
ချက်ချင်းဆိုသလို ရှည်သွယ်ပိန်ပါးတဲ့လူက ကျိုးယိဘေးကို ရောက်ရှိလာပါတေယ့တယ်။ ဒါကတော့ ၀ိဉာဥ်ပစ္စည်းတည်ဆောက်ရေးကျောင်းတော်က ဖန်းယွီပါပဲ။ အစောပိုင်းတုန်းက ဟို့ယွိဟောင်ကိုတွေ့ဖို့အတွက် ကျိုးယိခေါ်သွားခဲ့တဲ့သူပါ။
ဖန်းယွီပေါ်လာတာကို မြင်မြင်ချင်း မုကျင်းရဲ့ အမူအရာက ပြောင်းလဲသွားပါတော့တယ်။ သူမရဲ့ အစောပိုင်းတုန်းကလို မောက်မာပြီရန်စချင်တဲ့ပုံစံက လုံး၀ ပျောက်ကွယ်လို့သွားခဲ့သလို ဖြူဖျော့လို့သွားပါတယ်။ အဲ့ဒီနောက် နောက်ကိုဆုတ်ရင်း ဖန်းယွီကို နီရဲနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေလာခဲ့တယ်။
” နင်တို့နှစ်ယောက်က ပူးပေါင်းပြီ ငါ့ကို အနိုင်ကျင့်ချင်နေတာပဲ ”
ဖန်းယွီကတော့ အေးအေးဆေးဆေးရှိနေဆဲဖြစ်ပေမဲ့ မျက်မှောင်ကြုတ်သွားခဲ့ပါတယ်။
” မင်းက သူများတွေကို တမင်တကာ ပြဿနာလာရှာနေတဲ့သူလေ အကယ်၍ မင်းလောင်းကြေးထပ်ခြင်းတယ်ဆိုရင် လုပ်လိုက်စမ်းပါ ကျိုးယိကိုသွားပြီ ပြဿနာရှာမနေနဲ့ ငါတို့က လုပ်ဖော်ကိုင်ဖက်တွေကလွဲပြီ ဘာမှမဟုတ်ဘူး ”
” ငါလောင်းကြေးထပ်မယ် ဘာဖြစ်လို့သူနဲ့ လောင်းကြေးမထပ်နိုင်မှာလဲ အကယ်၍ ငါသူ့ကို ရှုံးသွားရင်တောင် ငါ့ရဲ့ကျောင်းသားတွေက သူ့ကျောင်းသားတွေကို ရှုံးမှာမှမဟုတ်တာ “‘
မုကျင်းက ရုတ်တရက်ဆိုသလို လှည့်ထွက်ရင်း တုန်ရီနေတဲ့လက်နဲ့ အင်္ကျီစကို ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့ပါတယ်။ လက်ရှိအချိန်မှာ သူမ မျက်ရည်တွေ၀ဲနေတဲ့ မျက်နှာနဲ့ အပြင်ကို ထွက်သွားခဲ့ပါပြီ။
ဟို့ယွိဟောင်တို့အဖွဲ့ကတော့ ဒီဖြစ်နေတဲ့ကိစ္စတွေအားလုံးကို ဘာမှမသိပါဘူး။ သူတို့ရဲ့ပြိုင်ဘက်တွေကိုသာ အာရုံစိုက်ထားခဲ့ပါတယ်။
သူတို့အရှေ့မှာရှိနေတဲ့ အမျိုးသမီးသုံးယောက်က အရမ်းကိုလှပနေခဲ့တယ်။ ဒါ့အပြင် သူ့တို့၀တ်ထားတဲ့ လူသစ်တွေရဲ့ ၀တ်စုံက ဟို့ယွိဟောင်တို့အဖွဲ့နဲ့ အတူတူပါပဲ။ အရှေ့ဆုံးမှာရပ်နေသူ အမျိုးသမီးကတော့ အရပ်အရှည်ဆုံးဖြစ်ပြီ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်ထက်တောင် အရပ်ပိုရှည်ပါသေးတယ်။ ဒါ့အပြင် ရွှေရောင်ဆံပင်တိုတွေက ပုခုံးပေါ်မှာ ဆက်တိုက်ဆိုသလို ဝှေ့၀ဲလှုပ်ရှားလို့နေခဲ့တယ်။ ကြီးမားပြီ တောက်ပတဲ့ အပြာရောင်မျက်လုံးတွေနဲ့ မျက်တောင်ရှည်ရှည်တွေကတော့ အတော်လေးကို လိုက်ဖက်ညီနေခဲ့ပြီ ပါးပေါ်မှာ တင်းတိပ်တစ်ချို့တော့ ရှိနေခဲ့ပါတယ်။
သူ့ရဲ့ ဘယ်ဘက်မှာရှိနေခဲ့တဲ့ မိန်းကလေးကတော့ မီးလျှံလိုနီရဲနေတဲ့ ဆံပင်တွေကို ပိုင်ဆိုင်လို့ထားခဲ့တယ်။ သူ့ရဲ့မျက်လုံးကလဲ မြင်တွေ့ရခဲတဲ့ အနီရောင်တစ်မျိုးပါပဲ။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် သူပုံစံက ကြောက်စရာကောင်းနေခဲ့တယ်။ အကယ်၍ သေသေချာချာ စိုက်ကြည့်မယ်ဆိုရင်တော့ မျက်နှာက အတော်ကို လှပမှန်း သတိထားမိမှာပါ။ အသားအရေးက ကျောက်စိမ်းဖြူလိုတောက်ပလို့နေခဲ့ပြီ အကြည့်ကတော့ အေးစက်လို့နေခဲ့ပါတယ်။ ဆရာကျိုးယိနဲ့တောင် ယှဥ်လို့ရတဲ့ မျက်နှာကြောမှာရှိနေခဲ့တယ်။
ညာဘက်မှာရှိနေခဲ့တဲ့ ကောင်မလေးကတော့ အစိမ်းဖျော့ရောင်ဆံပင်ရှည်တွေကို ပိုင်ဆိုင်လို့ထားခဲ့ပါတယ်။ သူ့ဆံပင်ရှည်တွေက ပုခုံးပေါ်ကို ၀ဲကျလို့နေခဲ့ပြီ အစိမ်းရင့်ရောင်မျက်လုံးတွေကတော့ သူ့ဘေးမှာရှိသူနဲ့ ဆန့်ကျင်ဘက်နွေးထွေးလို့နေခဲ့တယ်။ ဒါ့အပြင် နူးညံ့တဲ့ ခံစားချက်ကလဲ သူမကို ပွေ့ဖက်စေချင်နိုင်လောက်အောင်အထိ လျှံထွက်လို့နေခဲ့ပါတယ်။
ကြီးကြပ်ရေးမှုးက ကြော်ငြာလိုက်ပါတယ်။
” နှစ်ဖက်စလုံး စာမေးပွဲနယ်မြေထဲကို ၀င်လာရင်း ကိုယ့်ကိုကိုယ် မိတ်ဆက်ကြ ”
နှစ်ဖက်အဖွဲ့ရဲ့ လူခြောက်ယောက်က နယ်မြေထဲကို ၀င်လာပါတော့တယ်။ သူတို့ရဲ့သက်ဆိုင်တဲ့ တိုက်ပွဲနယ်မြေတွေမှာ ရပ်နေခဲ့ကြတယ်။ ဟို့ယွိဟောင်တို့အဖွဲ့ကတော့ မူလအတိုင်း ရှိနေဆဲပါ။ ၀မ်သုန့်က အရှေ့ဆုံးမှာ ရပ်နေပြီ ရှောင်းရှောင်းကအလယ်မှာ နေရာယူထားလို့ ဟို့ယွိဟောင်ကတော့ အနောက်ဆုံးမှာရပ်နေခဲ့ပါတယ်။
တစ်ဖက်ကောင်မလေးသုံးယောက်ကတော့ ပုံစံပြောင်းသွားခဲ့တယ်။ ရွှေရောင်ဆံပင်နဲ့ ကောင်မလေးက အနောက်ကို ဆုတ်သွားခဲ့ပြီ တခြားကောင်မလေးနှစ်ယောက်ကတော့ သူ့ကိုကာကွယ်ဖို့ အရှေ့တက်လာခဲ့ပါတယ်။
အနီရောင်ဆံပင်နဲ့ ကောင်မလေးက အရင်ဆုံးကြော်ငြာလိုက်တယ်။
” အတန်းနံပါတ်ကိုး ၀ူဖုန်း ငါက အဆင့်နှစ်ဆယ့်ငါး တိုက်ခိုက်ရေး၀ိဉာဥ်မဟာပညာရှင် ”
အစိမ်းရောင်ဆံပင်နဲ့ ကောင်မလေးကတော့ သူ့ကို တစ်ချက်ကြည့်ရင်း ဒီလိုမောက်မာတဲ့ပုံစံနဲ့ ရှိနေတဲ့အတွက် အပြစ်တင်နေခဲ့ပါတယ်။ သူမက သူ့ရဲ့ကိုယ်ပိုင်၀ိဉာဥ်အဆင့်အတန်းကိုတောင် မိတ်ဆက်လိုက်သေးတယ်။ ဒါပေမယ့် မိတ်ဆက်တဲ့ပုံစံအနေအထားကိုတော့ မပြောင်းလဲခဲ့ပါဘူး။ သူ့ရဲ့ နူးညံ့ပြီချိုသာတဲ့အသံနဲ့ ၀ူဖုန်းရဲ့ မောက်မာတဲ့အသံက အပြင်ရုပ်သွင်တွေအတိုင်း လုံး၀ ထင်ဟပ်နေခဲ့တယ်။
” အတန်းနံပါတ်ကိုး နန်မန်ယွမ်အယ် ငါက အဆင့်နှစ်ဆယ့်လေး အရှိန်နှုန်း၀ိဉာဥ်မဟာပညာရှင် ”
အသံအနှိမ့်အမြင့်မရှိပဲ လုံး၀ကို လူသေတစ်ယောက်အသံလိုပုံစံနဲ့ အနောက်ဖက်ကနေ အသံထပ်ထွက်လာခဲ့ပါတယ်။
” အတန်းနံပါတ်ကိုး နင့်ထျန်း ငါက အဆင့်သုံးဆယ့်တစ် အထောက်အပံ့၀ိဉာဥ်ပညာရှင်၀ိဉာဥ်ပစ္စည်းအကြီးအကဲ ”
သူစကားထွက်လာချိန်မှာ ဟို့ယွိဟောင်တို့အဖွဲ့ မျက်လုံးပြူးသွားပါတော့တယ်။ အဆင့်သုံးဆယ့်တစ်၀ိဉာဥ်အကြီးအကဲလား သူတို့ဒီလိုလူနဲ့ ပထမဆုံးဆယ့်ခြောက်ပွဲမှာတင် တွေ့လာမယ်လို့ ထင်တောင်မထင်ထားခဲ့ပါဘူး။ ဒါတွေသူက အထောက်အပံ့ပြုရင် ၀ိဉာဥ်လက်နက်ပညာရှင် ဖြစ်နေခဲ့ပါတယ်။
ဒီလိုပညာရှင်တွေရဲ့ ကျင့်ကြံနှုန်းက တိုက်ပွဲ၀ိဉာဥ်ပညာရှင်တွေအတွက် အတော်ကို နှေးကွေးနေလေ့ရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ပြိုင်ဘက်က အဆင့်သုံးဆယ်အထိ ရောက်ရှိနေခဲ့ပါပြီ။ ဒါ့အပြင် အသက်ဆယ့်နှစ်နှစ်အရွယ်မှာ ၀ိဉာဥ်စက်ကွင်းသုံးကွင်းလဲ ရှိနေပါတယ်။ ဒါက ပါရမီတစ်ခုထဲနဲ့ ရန်ိုင်တဲ့ကိစ္စမဟုတ်ပါဘူး။
သူတို့တွေ လန့်နေခဲ့ပေမဲ့ ဟို့ယွိဟောင်တို့အဖွဲ့က သူတို့ကိုယ်သူတို့ မိတ်ဆက်ဖို့လဲ မမေ့ခဲ့ပါဘူး။ ဒါကြောင့် သူတို့လဲ ချက်ချင်းဆိုသလို စတင်ပြီ ထုတ်ဖော်ပြောကြားပါတော့တယ်။
” အတန်းနံပါတ်တစ် ၀မ်သုန့် အဆင့်နှစ်ဆယ့်လေး တိုက်ခိုက်ရေး၀ိဉာဥ်မဟာပညာရှင် ”
” အတန်းနံပါတ်တစ် ရှောင်းရှောင်း အဆင့်နှစ်ဆယ့်နှစ် ထိန်းချုပ်ရေးတိုက်ပွဲ၀ိဉာဥ်ပညာရှင် ”
ဟို့ယွိဟောင်ကတော့ နောက်ဆုံးမှာမိတ်ဆက်ပါတယ်။
” အတန်းနံပါတ်တစ် ဟို့ယွိဟောင် အဆင့်ဆယ့်ခုနှစ်ထိန်းချုပ်ရေး၀ိဉာဥ်ပညာရှင် ”
အဆင့်ဆယ့်ခုနှစ်ဆိုတဲ့ စကားကိုကြားပြီချိန်မှာ ၀ူဖုန်းရဲ့နှုတ်ခမ်းတွေက ပိုလို့တောင် တွန့်ကွေးလို့သွားပါတော့တယ်။ သူမက အတော်လေးကို စိတ်ကျေနပ်နေခဲ့တယ်။
၀မ်သုန့်ကတော့ မျက်မှောင်ကြုတ်သွားရင် ၀ူဖုန်းကိုသာ အာရုံစိုက်နေခဲ့ပါတယ်။ ဘာကြောင့်မှန်းမသိ တစ်ဖက်လူရဲ့ စိတ်ပျက်တဲ့အကြည့်ကို မြင်ရချိန်မှာ နှလုံးသားထဲမီးတွေလို တောက်လောင်မှုက ပိုလို့ကြီးမားလာခဲ့တယ်။
၀ူဖုန်းလဲ သူ့အကြည့်ကို ခံစားမိပါတယ်။ ဒါကြောင့် သူ့မျက်လုံးအကြည့်ဆုံသွားချိန်မှာ သူနှုတ်ခေါင်းရှုံ့လိုက်ပါတော့တယ်။ နှစ်ဖက်စလုံးရဲ့ အခြေအနေမှာ စိတ်ပျက်မှုတွေက စတင်ပေါ်ထွက်လာခဲ့ပါပြီ။ ဒါတောင် ပြိုင်ပွဲက မစရသေးပါဘူး။
ဟို့ယွိဟောင်က ၀မ်သုန့်ပုခုံးကို ပုတ်ရင်း သူ့ကိုပြန်လှည့်ကြည့်လာစေပါတယ်။ သူတို့နှစ်ယောက်အကြည့်ချင်ဆုံသွားချိန်မှာ ဘာမှမပြောပေမဲ့ တစ်ဖက်လူရဲ့အတွေးကို တစ်ဖက်က နားလည်နေခဲ့တယ်။
ဒီတစ်ကြိမ်မှာ ကြီးကြပ်ရေးမှုးက စတင်ပြီ ကြော်ငြာလိုက်ပါပြီ။
” ပြိုင်ပွဲစတင်မယ် ”
၀မ်သုန့်ရဲ့ခြေထောက်က မြေပြင်ကို ထိပြီတဲ့နောက် သူက ချက်ချင်းဆိုသလို အပေါ်ကို ပျံတက်သွားပါတော့တယ်။ တောက်ပတဲ့အတောင်ပံတွေကတော့ ရုတ်တရက်အပြင်ကို ဆန့်ထွက်လာခဲ့ပါပြီ။
သူတို့တွေ ဘယ်လောက်ပဲယုံကြည်ချက်ရှိနေကြပါစေ ၀မ်သုန့်ရဲ့ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ် ထွက်ပေါ်လာချိန်မှာတော့ လူတိုင်းက အကြည့်မခွာနိုင်ပဲ တအံ့တဩဖြစ်ရစမြဲပါ။
၀ူဖုန်းကလဲ ခပ်တိုးတိုးအော်လိုက်မိပါတယ်။ သူမရဲ့ ခန္ဓာကိုယ်ကလဲ အပေါ်ကို ထိုးတက်လို့သွားခဲ့ပါပြီ။ ပြင်းထန်တဲ့အပူရှိန်တွေက ခန္ဓာကိုယ်အပြင်ဘက်တစ်ခုလုံးကို လွှမ်းခြုံလို့သွားခဲ့ပြီ နဂါးအော်သံတစ်သံလဲ ထွက်ပေါ်လို့လာတော့တယ်။
၀ူဖုန်းရဲ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပိန်သွယ်လို့သွားခဲ့ရင်း လေထဲမှာသူ့ရဲ့ပုံစံက လုံး၀ကို ပြောင်းလဲလို့သွားပါတော့တယ်။ အသက်ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်အရွယ် ကောင်မလေးအဖြစ်ကို သူရုပ်သွင်က ပြောင်းလဲလို့သွားခဲ့ပြီ အပေါ်ယံကျောင်း၀တ်စုံကလဲ ကိုယ်ကြပ်၀တ်စုံအဖြစ် ပြောင်းလဲသွားပါတယ်။
သူမက အစောပိုင်းထဲက ပြင်ဆင်ထားပြီးသားပါ။ အထဲမှာတော့ အတော်ကို ကျုံ့လို့ဆန့်လို့ကောင်းတဲ့ သားရေ၀တ်ရုံတစ်မျိုးကို ၀တ်ဆင်လို့ထားခဲ့ပါတယ်။ သူမရဲ့ကြီးမားပြီ နူးညံ့တဲ့ ပေါင်တွေကတော့ အထင်သားပေါ်နေခဲ့ပါပြီ။ ဒါ့အပြင် အပေါ်ကို သူခုန်ပြီတက်လာလေလေ ဒီ၀တ်စုံက ပိုသေးငယ်လေးပါပဲ။ နောက်ဆုံးမှာတော့ သိုင်းပညာ၀ိဉာဥ်ကို ထုတ်ဖော်လိုက်ချိန်မှာ ခန္ဓာကိုယ်က ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာပါတော့တယ်။
သူ့ရဲ့အရေးပြားပေါ်မှာ အနီရောင်မှိန်ဖျော့ဖျော့အလင်းတန်းက ခပ်မြန်မြန်ပဲ ပေါ်ထွက်လာပါတော့တယ်။ တဖျတ်ဖျတ်လက်နေတဲ့ တောက်ပမှုက နဂါးအကြေးခွံတွေလိုပုံစံနဲ့ မျက်နှာပေါ်မှာပါ ရောက်ရှိလို့လာခဲ့ပါပြီ။ သူမရဲ့ ဘယ်ဘက်လက်ဆီကို ဒီအလင်းတန်းက ဆင်းသွားခဲ့ပါတယ်။
၀ူဖုန်းရဲ့ သိုင်းပညာ၀ိဉာဥ်က နဂါးသဘာ၀ရှိပြီ ပေ့ပေ့နဲ့ အတူတူပါပဲ။ ဒါပေမယ့် ပေ့ပေ့ထက်ပိုပြီး နူးညံ့ပါတယ်။ ထိပ်တန်းသိုင်းပညာ၀ိဉာဥ်တစ်ခု ဖြစ်တာကြောင့် ယှဥ်လို့တော့ ရနိုင်နေခဲ့တယ်။ သူမရဲ့ခြေထောက်အောက်မှာ အ၀ါရောင်၀ိဉာဥ်စက်ကွင်းနှစ်ခုကတော့ ထွက်ပေါ်လာခဲ့ပါပြီ။
၀ူဖုန်းရဲ့ ပိန်ပါးလှတဲ့ခန္ဓာကိုယ်က ပေါက်ကွဲမှုတွေအပြည့်နဲ့ တောက်ပလို့နေခဲ့ပါတယ်။ သူမခန္ဓာကိုယ်က ၀မ်သုန့်ရဲ့အရှေ့ကို ချက်ချင်းဆိုသလို ရောက်ရှိလို့လာခဲ့ရင်း ဘယ်ဘက်လက်ကို အသုံးပြုပြီ ၀မ်သုန့်ရဲ့ခန္ဓာကိုယ်ကို ရိုက်ချဖို့လုပ်ပါတော့တယ်။
၀မ်သုန့်ကတော့ ၀ိဉာဥ်စွမ်းရည်တစ်ခုနဲ့ တန်ပြန်မတိုက်ခိုက်ခဲ့ပဲ ခန္ဓာကိုယ်ကို လေထဲမှာ တစ်ပတ်လည်လိုက်ရင်း လျှပ်စီးလက်သလိုမျိုး ညာဘက်လက်နဲ့တန်ပြန်ကန်ချပြစ်လိုက်ပါတယ်။
၀မ်သုန့်ခန္ဓာကိုယ်က အနောက်ဖက်ကို ငါးမီတာအထိ လွှင့်ထွက်လို့သွားခဲ့ပြီ တစ်ဖက်မှာတော့ ၀ူဖုန်းက မြေပြင်ပေါ်ကိုပြုတ်ကျသွားခဲ့ပါတယ်။ အစောပိုင်းတိုက်ပွဲမှာ ၀မ်သုန့်က ထိခိုက်သွားရတဲ့သူပါ။ သူတို့တွေနှစ်ယောက်စလုံးက တိုက်ခိုက်ရေး၀ိဉာဥ်ပညာရှင်တွေ ဖြစ်နေပေမဲ့ သန်မာမှုက မတူညီခဲ့ပါဘူး။ ခန္ဓာကိုယ်အင်အားမှာ တောက်ပရောင်စဥ်လိပ်ပြာနတ်မိမယ်က နဂါးနီကို အသာစီးမရပဲ ရှိနေခဲ့ပါတယ်။
ဒီတစ်ကြိမ်မှာပဲ နန်မန်ယွမ်အယ်က လှုပ်ရှားလိုက်ပါတယ်။ သူမ လှုပ်ရှားလိုက်ချိန်မှာ ခန္ဓာကိုယ်က ငှက်မွှေးလေးတစ်ခုလို ပေါ့ပါးလို့နေခဲ့ပြီ အောက်ဖက်မြေဆွဲအားမသက်ရောက်ခံရတဲ့အတိုင်းပါပဲ။ သူ့ရဲ့အရှိန်းနှုန်းက ၀မ်သုန့်နဲ့၀ူဖုန်းတို့ထက် အများကြီးပိုပြီး သာလွန်ပါတယ်။ မျက်တောင်တစ်ခတ်အတွင်းမှာ သူက ရှောင်းရှောင်းအရှေ့ကို ရောက်လာခဲ့ပါပြီ။
နန်မန်ယွမ်အယ်ရဲ့ ကျောဘက်မှာ အစိမ်းရင့်ရောင်တောင်ပံတစ်စုံကလဲ ပေါ်လာပါတော့တယ်။ အဲ့ဒီအတောင်ပံက သူတို့အနားရောက်လာချိန်မှသာ ရှင်းရှင်းလင်းလင်း မြင်ရတာပါ။ သူ့အတောင်ပံတွေက မကြီးမားသလို တောက်ပမှုလဲ ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် အရှိန်နှုန်းကိုတော့ အများကြီး မြန်ဆန်စေခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ သူ့ရဲ့လက်နှစ်ဖက်လုံးက အစိမ်းရင့်ရောင်အလင်းတန်းတွေနဲ့ တောက်ပလို့နေခဲ့ပြီ ကျောက်စိမ်းရုပ်ထုတွေရဲ့ လက်တွေလိုပြောင်းလဲလို့သွားပါတော့တယ်။
အဝေးမှာရှိနေခဲ့တဲ့ နင့်ထျန်းကတော့ ညာဘက်လက်ကို ဆန့်ထုတ်လိုက်ရင်း ကြည်လင်တဲ့အသံနဲ့ အော်လိုက်တယ်။
” တောက်ပတဲ့ဘုံကျောင်းကို ထုတ်လွှတ်နိုင်ဖို့ ရတနာခုနှစ်သွယ်လှည့်ပတ်ခြင်း ”
အဲ့ဒီနောက် လေထဲမှာ သူမ ဂျွန်းထိုးလိုက်ချိန်မှာ တောက်ပတဲ့ခုနှစ်ရောင်ခြယ်အလင်းတန်းတွေက သူမတစ်ကိုယ်လုံးကို လွှမ်းခြုံလို့သွားပါတော့တယ်။ အဲ့ဒီနောက် ခုနှစ်ရောင်ခြယ်ဘုံကျောင်းတစ်ခုက တစ်ပေအမြင့်ပုံစံအပြည့်နဲ့ သူ့မရဲ့ညာဘက်လက်ပေါ်မှာ ပေါ်ထွက်လို့လာခဲ့ပါပြီ။
ဒီဘုံကျောင်းက ဆက်တိုက်ဆိုသလို အလင်းတန်းတွေနဲ့ လှည့်ပတ်လို့နေခဲ့ရင်း ကျောက်မျက်ရတနာတွေ အများကြီးနစ်မြုပ်နေတဲ့အတိုင်း တောက်ပလို့နေပါတယ်။ သူပေါ်ထွက်လာတာနဲ့ လူတိုင်းက အဲ့ဒါကို အာရုံစိုက်မိတော့တယ်။
နင့်ထျန်းရဲ့ ၀ိဉာဥ်စက်ကွင်းသုံးကွင်းက အ၀ါရောင်နှစ်ကွင်းနဲ့ ခရမ်းရောင်တစ်ကွင်းပါ။ သူမရဲ့လက်ဖ၀ါးပေါ်မှာ ဘုံကျောင်းဆောင် ပေါ်ထွက်လာပြီတဲ့နောက် စည်းချက်ကျကျ လှုပ်ရှားနေပါတော့တယ်။
ကြည့်နေသူတွေရဲ့ စင်မြင့်ပေါ်မှာတော့ မုကျင်းက ကျိုးယိနဲ့ ဖန်းယွီတို့ဘက်ကိုလှည့်ရင်း ကြည့်နေခဲ့တယ်။ ကျိုးယိက ဒီတစ်ကြိမ်မှာ စိတ်မထိန်းနိုင်ပဲ အော်လိုက်မိပါပြီ။
” အဲ့ဒါက ရတနာကိုးပါး တောက်ပဘုံကျောင်းဆောင်မျိုးနွယ်ရဲ့ ရတနာခုနှစ်သွယ်တောက်ပဘုံကျောင်းဆောင်ပဲ ”
အပိုင်း ၂၄•၄ ပြီး၏။