Switch Mode

Chapter – 24.3

လောင်းကြေးထပ်မှု

အပိုင်း ၂၄•၃

” လောင်းကြေးထပ်ခြင်း ”
°°°
ကျိုးယိက ပြောလာခဲ့ပါတယ်။

” ကောင်းပြီလေ မင်းတို့နှစ်ယောက်စပြီ မြန်မြန်စားတော့ စားပြီရင်း ပြန်ပြီနောက် ခဏလောက်အနားယူ နေ့လည်ခင်းပြိုင်ပွဲက မကြာခင်စတော့မယ်…ဒီကိစ္စကို ငါအထက်အမြင့်ပိုင်းမှာရှိတဲ့ အကြီးအကဲတွေဆီ သတင်းပို့ရဦးမယ်…အကယ်၍ မင်းတို့သာ အပြင်နယ်မြေရဲ့ အမှာခံအတွင်းတပည့်သားတွေအဖြစ် သတ်မှတ်ခံလိုက်ရမယ်ဆိုရင် ကျောင်းတော်က မင်းတို့ကို ထိပ်တန်းဟင်းလျာတွေ အလကားကျွေးမှာ ဒါက မင်းတို့ရဲ့ ကျင့်ကြံမှုအတွက် ဘယ်လောက်အထိ အထောက်အကူဖြစ်စေနိုင်မလဲဆိုတာ တွေးကြည့်လို့ရနိုင်တယ်ထင်ပါတယ်….ဒါပေမယ့် သိုင်းပညာ၀ိဉာဥ်ပေါင်းစည်းစွမ်းရည်ကို ပိုင်ဆိုင်တာက သေချာပေါက် အတွင်းတပည့်သား ဖြစ်လာစေမယ်လို့တော့ အာမမခံနိုင်ဘူး…မင်းတို့မှတ်ထားရမဲ့ကိစ္စရှိတယ်…ငါတို့ကျောင်းတော်ထဲမှာ ပါရမီရှင်တွေဆိုတာ မရှားဘူးလေ ပထမဆုံးအနေနဲ့ ရှုံးထွက်ပြိုင်ပွဲမှာ ရလာမဲ့အဆင့်က အတွင်းတပည့်သားဖြစ်မဖြစ် ကိစ္စအပေါ်မှာ သက်ရောက်မှုရှိစေလိမ့်မယ်…အမှန်တကယ်ပြောရမယ်ဆိုရင် ငါ့ရဲ့ စာသင်ကြားတဲ့ ငယ်ရွယ်စဥ်ကာလတွေမှာ အပြင်နယ်မြေကနေ ပြီးမြောက်ခဲ့ပေမဲ့ အတွင်းတပည့်သားဖြစ်မလာနိုင်ခဲ့ဘူး..အတွင်းနယ်မြေကို ၀င်ရောက်ဖို့အတွက် အရည်အချင်းပြည့်မီဖို့ဆိုတာက ပိုလို့တောင် ခက်ခဲသေးတယ်…ဒါပေမယ့် မင်းတို့နှစ်ယောက်အတွက်ကတော့ အတွင်းနယ်မြေထဲကို ၀င်ချင်တယ်ဆိုရင် အပြင်နယ်မြေရဲ့ အမှာခံတပည့်သား ဖြစ်လာဖို့ကိစ္စက အရမ်းကို အရေးကြီးတယ်…ကျောင်းတော်ရဲ့ အတွင်းတပည့်သားတွေထဲမှာ တစ်၀က်နီးပါးက အတွင်းနယ်မြေရဲ့ စာမေးပွဲကို ဖြတ်ကျော်နိုင်ကြတယ်…ဒါ့အပြင် အတွင်းတပည့်သား ဖြစ်လာမယ်ဆိုရင် ကျောင်းတော်ရဲ့ဆရာတွေကလဲ မင်းတို့ကို အများကြီး ကူညီလိမ့်မယ်…နားလည်တယ်မဟုတ်လား ”

” နားလည်ပါပြီဆရာ ”

သူတို့နှစ်ယောက်အတူတူ ပြန်ဖြေလိုက်ကြပါတော့တယ်။

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ ကျိုးယိရဲ့ ကျောင်းတော်မှာရှိတဲ့ စာဖိုမှုးတွေက အကောင်းဆုံးဆိုတဲ့စကားကို နောက်ဆုံးမှာ နားလည်လို့သွားပါတယ်။ ဟို့ယွိဟောင်က ဒီလိုအဆင့်အတန်းမြင့်တဲ့ အစားအသောက်တွေကို ဘယ်တုန်းကမှ မစားဖူးပါဘူး။ ဒါပေမယ့် ၀မ်သုန့်ကတော့ သူနဲ့ ကွာခြားပါတယ်။ သူအတိတ်အချိန်မှာ စားကောင်းသောက်ဖွယ်တွေကြီးအမြဲတမ်း စားသောက်လာခဲ့ရတာပါ။ ဒါပေမယ့် သူ့မိသားစုမှာစာဖိုမှုးချက်တဲ့ အစားအသောက်က ကျောင်းတော်ရဲ့ စာဖိုမှုးတွေကို မယှဥ်နိုင်ပါဘူး။

သူတို့စားပြီတာနဲ့ ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပူးနွေးလာပါတော့တယ်။ သူတို့အစာအိမ်ကနေ ထွက်ပေါ်လာတဲ့ လှိုင်းတွေက အရမ်းကို သက်သောက်သက်သာ ဖြစ်လာစေတယ်။ တကယ်ကို ပေးရတာတန်တဲ့ ဟင်းလျာတွေပါပဲ။

ကျိုးယိကတော့ သူတို့ကို ကျောင်းဆောင်အပေါက်၀ထိ လိုက်ပို့ပါတယ်။ ထွက်ခွာပြီချိန်မှသာ ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်ကို လက်တင်ရင်း ခပ်တိုးတိုးပြောလာခဲ့တယ်။

” မင်းက ချမ်းသာတဲ့မိသားစုမှာ မမွေးလာဘူးဆိုပေမဲ့ မင်းရဲ့ ကိုယ်ပိုင်အင်အားကို အသုံးပြုပြီ အဲ့ဒီလိုဖြစ်အောင် လုပ်လို့ရတယ် ”

ပြောပြီတဲ့နောက် သူကလှည့်ထွက်သွားခဲ့ပါပြီ။ အစားအသောက်တွေလာချတဲ့အချိန်ကစလို့ သူမရဲ့အေးစက်တဲ့အမူအရာက ပျောက်ကွယ်လို့သွားခဲ့တာပါ။

ကျောင်းသားဆောင်ရဲ့ အုပ်ချုပ်သူပုံစံပေါ်နေတဲ့ အဘိုးကြီးကတော့ ဘာကိုမှဂရုမစိုက်ပဲ အေးအေးဆေးဆေး လှဲလှောင်နေဆဲပါ။ ကျိုးယိရဲ့စကားတွေကို ကြားချိန်မှာ မပီ၀ိုးတ၀ါးပြန်ဖြေပေမဲ့ ဘယ်သူမှသူ့အသံကို မကြားခဲ့ပါဘူး။

ဟို့ယွိဟောင်ကတော့ သူ့လုပ်နေကြတဲ့အတိုင်း အဘိုးကြီးကိုနှုတ်ဆက်ပါတယ်။ အဲ့ဒီနောက် အခန်းထဲကို ၀မ်သုန့်နဲ့အတူတူ ပြန်သွားခဲ့တယ်။ သူတို့တွေက ထမင်းစားပြီးပြီချင် ဖြစ်ပေမဲ့ တခဏတာအချိန်ထိတော့ လေ့ကျင့်ခဲ့ကြပါတယ်။ အချိန်တွေကို ဖြုန်းတာက မလုပ်သင့်တဲ့အရာပါပဲ။ ဒါ့အပြင် နေ့လည်ခင်းပြိုင်ပွဲကလဲ မနက်ခင်းပြိုင်ပွဲလောက်အထိ သက်သောက်သက်သာ မရှိနိုင်တာအမှန်ပါ။

နေ့လည်အတန်းခေါင်းလောင်းတီးချိန်မှာ ကျောင်းသားတွေရဲ့ ရှုံးထွက်ပွဲစဥ်က နောက်တစ်ကြိမ် ပြန်လည်စတင်ပါတော့တယ်။ မနက်ပိုင်းအချိန်နဲ့ ယှဥ်လိုက်မယ်ဆိုရင် ဒီတစ်ခေါက်မှာယှဥ်ပြိုင်ရတဲ့ အရေအတွက် တစ်၀က်ကျော်လျော့ကျသွားခဲ့ပါပြီ။ ဒါ့အပြင် သူတို့တွေ မဲနှိက်ရွေးချယ်ပြီတာနဲ့ ကျောင်းသားတွေက ချက်ချင်းဆိုသလို ရည်ရွယ်ထားတဲ့ နေရာတွေဆီကို အမြန်ပြေးရင်း စတင်ပြိုင်ဆိုင်ဖို့ လုပ်ပါတော့တယ်။

နယ်မြေတွေကို စီစဥ်ထားတဲ့ပုံစံက မပြောင်းလဲခဲ့ပါဘူး။ ဒီပြိုင်ပွဲက တစ်ရက်ထဲမှာပဲ ကျင်းပတာဖြစ်တဲ့အတွက် ပထမပြိုင်ပွဲနဲ့ တူညီနေခဲ့တယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ နယ်မြေဆယ့်ခြောက်ခုသာ ကျန်ရစ်တော့တာပါ။

မြင့်မားတဲ့စင်မြင့်ကြီးတစ်ခုကိုတော့ စာမေးပွဲနယ်မြေရဲ့ မြောက်ပိုင်းဘက်မှာ တည်ဆောက်ထားခဲ့ပါတယ်။ မြေပြင်ကနေ မီတာနှစ်ဆယ်အထိ မြင့်မားတဲ့မြေကြီးပေါ်မှာတော့ ကြီးမားတဲ့သတ္ထုတိုင်ခြောက်လုံးရှိနေခဲ့တယ်။ မြေပြင်ကနေကြည့်မယ်ဆိုရင် အပေါ်မှာရှိနေတဲ့ လူတွေရဲ့ အရေအတွက်ကို မမြင်နိုင်ပါဘူး။ ဒါပေမယ့် ၀ိုးတ၀ါးရှိနေတဲ့ လူရိပ်တွေကိုတော့ မြင်နေခဲ့ပါတယ်။ ဒီလူတွေအားလုံးက သူတို့ရဲ့ပြိုင်ပွဲတွေကိုကြည့်နေခဲ့တာပါ။ တခြားတစ်ဖက်မှာတော့ မြေပြင်နဲ့မီတာနှစ်ဆယ်ကွာဝေးတဲ့နေရာက ပြိုင်ပွဲကြီးအားလုံးကို အပေါ်စီးကနေကြည့်ဖို့အတွက် လုံလောက်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲအားလုံးကိုလဲ ရှင်းရှင်းလင်းလင်း မြင်နိုင်စေဖို့ ကူညီပေးနေခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့က နောက်မကျတော့ပါဘူး။ အဲ့ဒီအစား စောစောရောက်နေခဲ့တာပါ။ ဒါကြောင့် ရှောင်းရှောင်းလဲ စိတ်သင်သာရာရသွားခဲ့မိပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့တွေ တိုက်ပွဲနယ်မြေနံပါတ်ရှစ်ကို ရောက်ရှိခဲ့တယ်။ သူတို့တွေ ရောက်ရှိပြီချိန်မှာပဲ တစ်ဖက်လူတွေလဲ ရောက်လာခဲ့ပြန်ပါပြီ။

ဟို့ယွိဟောင် လန့်သွားရတဲ့ကိစ္စကတော့ ဒီပြိုင်ဘက်တွေအားလုံးက အမျိုးသမီးတွေကြီးပါပဲ။ ဒါ့အပြင် အရမ်းကိုလှတဲ့ မိန်းမချောလေးတွေပါ။

ကြည့်နေတဲ့သူတွေရဲ့ စင်မြင့်ပေါ်မှာတော့ ကျိုးယိက တိတ်တဆိတ်သာရပ်နေရင်း ပြိုင်ပွဲတွေအားလုံးကို အကဲခတ်နေခဲ့ပါတယ်။ အတန်းနံပါတ်တစ်ရဲ့ ကျောင်းသားတွေက ပထမဆုံးပွဲစဥ်တွေမှာ နိုင်တာအများဆုံးဖြစ်ခဲ့ပြီ ရှုံးထွက်ပွဲစဥ်တွေ စတင်ချိန်မှာလဲ သူတို့ရဲ့ ကောင်းမွန်တဲ့အလားအလာကို ထုတ်ပြခဲ့ပါတယ်။ သုံးဆယ်နှစ်ပွဲပြိုင်ပြီတဲ့နောက် အတန်းနံပါတ်တစ်ရဲ့ အဖွဲ့ငါးဖွဲ့ကသာ နောက်ဆုံးမှာကျန်ရစ်တယ်။ ဒီအရေအတွက် တခြားအတန်းတွေထက် မြင့်မားပေမဲ့ သူတို့ရဲ့ အသာစီးရမှုက သိပ်ပြီမထင်ရှားတော့ပါဘူး။ ဒီသုံးဆယ်နှစ်ပွဲက အတော်ကို အရေးကြီးပါတယ်။

“ဆရာကျိုး မင်းရဲ့အခြေစိုက်အဖွဲ့ကို ရှာနေတာလား ငါအစောပိုင်းတုန်းကပဲ မဲနံပါတ်တွေကို ကြည့်လာခဲ့တာ မင်းရဲ့အခြေစိုက်အဖွဲ့က ငါ့ရဲ့အခြေစိုက်အဖွဲ့နဲ့ ပြိုင်ဆိုင်ရမှာကို ငါတွေ့လာခဲ့တယ်..ဒါ့အပြင် သူတို့က နယ်မြေနံပါတ်ရှစ်မှာ ရှိလိမ့်မယ်…ဘယ်သူနိုင်မလဲထင်လဲ ”

အသက်သုံးဆယ်အရွယ်အမျိုးသမီးဆရာတစ်ယောက်က ကျိုးယိအနားကို ရောက်ရင်း ပြောလာခဲ့ပါတယ်။

” မုကျင်း မင်းရဲ့ကျောင်းတော်သားတွေ သေချာပေါက် နိုင်မယ်ထင်လား ”

ကျိုးယိက မျက်မှောင်ကြုတ်ရင် မေးလာခဲ့ပါတယ်။

မုကျင်းက မငယ်တော့ပေမဲ့ သူ့ရဲ့ရုပ်သွင်ကတော့ ငယ်ရွယ်ချောမောတဲ့ သူလို့ ပြောနိုင်ပါတယ်။ သူမက ပြုံးပြရင်း ခေါင်းခါလိုက်ပါတယ်။

” အဲ့ဒီလောက်တော့ ယုံကြည်ချက်မရှိဘူး…လောကမှာ အပြည့်အ၀ ဖြစ်လာနိုင်တဲ့ကိစ္စဆိုတာ မရှိဘူးလေ ဒါပေမယ့် ဒီတစ်ကြိမ် မင်းရဲ့ အတန်းမှာ အရမ်းကြီးထူးချွန်နေတဲ့သူတွေ မရှိဘူးလို့ ငါကြားဖူးတယ်…အနည်းဆုံးတော့ အဆင့်သုံးဆယ်အထက် ကျောင်းသားတွေတစ်ယောက်မှ မရှိဘူးမဟုတ်လား အံ့ဩစရာပဲ ”

ကျိုးယိကရဲ့အကြည့်က ချက်ချင်းဆိုသလို အေးစက်သွားပါတော့တယ်။

” မင်းက ငါ့ကို ပြဿနာလာရှာချင်နေတာလား ”

ကျိုးယိပြောလာချိန်မှာ မုကျင်းက ဆက်ပြီးမပြုံးနိုင်တော့ပါဘူး။

” ပြဿရှာချင်တော့ကော ဘာဖြစ်လဲ မင်းတို့အတန်းနံပါတ်တစ်က ရလဒ်တွေကောင်းနေတယ်မလား မင်းရဲ့ကျောင်းသားတွေထဲမှာ ဘယ်သူက ထိပ်တန်းရှစ်ယောက်ကို ရောက်နိုင်မလဲဆိုတာ ကြည့်ချင်လိုက်တာ ဒါ့အပြင် ငါ့ရဲ့ အခြေစိုက်အဖွဲ့က မင်းရဲ့အခြေစိုက်အဖွဲ့နဲ့ ပြိုင်ဆိုင်တော့မယ်လေ ဒီတော့ ငါအရမ်း၀မ်းသာမိတယ်…ငါ့ရဲ့ တပည့်သားတွေကို ငါဘယ်လောက်ပဲ တောင်းပန်နေတာတောင် မင်းထုတ်ပယ်ပြစ်လိုက်တဲ့အချိန်ကစပြီ ဒီလောက်ပျော်ဘူးတာ ပထမဆုံးပဲ ဒါ့အပြင် မင်းက အကြီးတန်းဆရာအဖြစ် ရာထူးတိုးဖို့စိတ်ကူးနေတယ်လို့ ငါကြားတယ်…ဒါပေမယ့် ဒီတစ်ခေါက်တော့ မင်းကံဆိုးပြန်ပြီ ”

ဒါပေမယ့် ကျိုးယိကတော့ မုကျင်းဘယ်လိုပဲပြောပါစေ အာရုံစိုက်မနေခဲ့ပါဘူး။ အောက်ဖက်နယ်မြေကိုသာ ကြည့်ရင်း ဟို့ယွိဟောင်တို့အဖွဲ့ကိုသာ အာရုံစိုက်နေပါတယ်။

” မင်းငါနဲ့ လောင်းကြေးထပ်ခြင်းသလား ”

မုကျင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ကျိုးယိကို ဒေါသထွက်အောင်လုပ်ပြီ အရှက်ခွဲဖို့ပါပဲ။ ဒါကြောင့် ကျိူးယိရဲ့စကားကို ကြားချိန်မှာ သူချက်ချင်းဆိုသလို ပြန်ဖြေပါတော့တယ်။

” လောင်းကြေးထပ်မယ်လား ဘာလောင်းကြေးထပ်ချင်တာလဲ “‘

ကျိုးယိက ချက်ချင်းလှည့်လာရင်း အလေးအနက်ပြောပါတော့တယ်။

” ၀ိဉာဥ်အရိုးတစ်ခု ငါနဲ့လောင်းကြေးထပ်၀ံ့လား “‘

၀ိဉာဥ်အရိုးဆိုတဲ့ စကားကိုကြားချိန်မှာ မုကျင်းရဲ့မျက်လုံးတွေက မည်းနက်သွားပါတော့တယ်။

၀ိဉာဥ်စက်ကွင်းက ၀ိဉာဥ်ပညာရှင်တွေအတွက် အရမ်းကို တန်ဖိုးကြီးတဲ့အရာပါ။ ၀ိဉာဥ်ပညာရှင်တွေအနေနဲ့ သူတို့ရဲ့ဖြစ်တည်မှုအဆင့်အတန်းကို ချိုးဖျက်နိုင်ဖို့အတွက် ၀ိဉာဥ်စက်ကွင်းတစ်ကွင်းကို လိုအပ်ပါတယ်။ ဒါပေမယ့် ၀ိဉာဥ်အရိုးကတော့ ၀ိဉာဥ်စက်ကွင်းတွေထက် အဆပေါင်းရာချီမက တန်ကြေးရှိတဲ့အရာပါ။ ၀ိဉာဥ်ပညာရှင်တွေတိုင်းက ၀ိဉာဥ်အရိုးခြောက်ခုနဲ့ ပေါင်းစည်းနိုင်ပါတယ်။ အဲ့ဒါကတော့ ဦးခေါင်းရိုး ကျောရိုး ခြေလက်အရိုးလေးခုပါပဲ။

အရိုးလေးခုက ၀ိဉာဥ်ပညာရှင်တွေကို စွမ်းရည်တစ်ခုပေးစွမ်းနိုင်ပါတယ်။ နှစ်တစ်သိန်း၀ိဉာဥ်စက်ကွင်းက ၀ိဉာဥ်စွမ်းရည်နှစ်ခုကို ပေးစွမ်းနိုင်တယ်။ နောက်တစ်နည်းပြောရမယ်ဆိုရင် သာမန်၀ိဉာဥ်ပညာရှင်တွေအနေနဲ့ ၀ိဉာဥ်ကိုးကွင်းအထိ ရောက်ရှိသွားရင် သော့်လော့ဘွဲ့ကို ရရှိပြီ စွမ်းရည်ကလဲ ကိုးခုရှိနေမှာပါ။ ၀ိဉာဥ်အရိုးကတော့ လုံး၀ကွဲပြားတဲ့ ဇာတ်လမ်းတစ်ခုကို ဖန်တီးနိုင်ပါတယ်။ ၀ိဉာဥ်အရိုးတစ်ခုချင်းဆီတိုင်းက ၀ိဉာဥ်ပညာရှင်ကို နောက်ထပ် စွမ်းရည်အသစ် တစ်ခုရအောင် ဖြည့်စည်းပေးနိုင်ပြီ ခန္ဓာကိုယ်ရဲ့စွမ်းအားကိုလဲ တိုးတက်စေနိုင်မှာပါ။

၀ိဉာဥ်စက်ကွင်းတွေက ၀ိဉာဥ်သားရဲကောင်တွေ ထုတ်လွှတ်နိုင်တဲ့ အရာတွေပါပဲ။ ဒါပေမယ့် ၀ိဉာဥ်အရိုးနဲ့ကတော့ နှစ်တစ်သိန်းသားရဲကောင်မှသာ ထုတ်လွှတ်နိုင်တဲ့အရာပါ။ တခြားတစ်နည်းပြောရမယ်ဆိုရင် သက်တမ်းနှစ်တစ်သိန်းရဲ့အောက်မှာရှိတဲ့ ၀ိဉာဥ်သားရဲကောင်တွေက ၀ိဉာဥ်အရိုးကို ထုတ်လွှတ်နိုင်ချေ တစ်ရာခိုင်းနှုန်းသာ ရှိပါတယ်။ ၀ိဉာဥ်အရိုးရဲ့ ထွက်ပေါ်လာမှုက ၀ိဉာဥ်ပညာရှင်တွေကြားမှာ လှုပ်ခတ်မှုကြီးကြီးမားမားကို ဖြစ်စေနိုင်တယ်။

အပိုင်း ၂၄•၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset