Switch Mode

Chapter – 238

မပူးပေါင်းနဲ့ (၁)

အပိုင်း ၂၃၈
မပူးပေါင်းနဲ့ (၁)

ဝမ်ရှန်း နှစ်ဝက်ကျော် ပျောက်သွားကာ သူ ဘယ်ပျောက်သွားမှန်း မည်သူမှ မသိပေ။ သို့သော် ယခု အခြေအနေအရ အားလုံးပြောနိုင်သည့် အရာတစ်ခုမှာ အုပ်စုတစ်စုသည် ဝမ်ရှန်းအား သတ်ရန် ကြိုးစားခဲ့ကာ နောက်ဆုံး သူတို့ကပဲ ဝမ်ရှန်း လက်တွင်း၌ အဆုံးသတ် သွားခဲ့ခြင်း ဖြစ်သည်။

အစိမ်းရောင် ကြေးစားတံဆိပ်ပြား သုံးခုအပြင် အဖြူရောင်ကြေးစား တံဆိပ်ပြား ၁၅ ခု၊ ထိုကဲ့သို့ များပြားလှသည့် လူအရေအတွက်သည် လူတစ်ယောက်တည်းကိုပင် မကိုင်တွယ်နိုင်ခဲ့ကြ…

ဝမ်ရှန်းသည် ဒုတိယအဆင့် ဝိညာဉ်သခင် တစ်ယောက်သာ ဖြစ်သည်။ သူသည် ဒီကြေးစား တံဆိပ်ပြားများကို ဘယ်လို ရရှိခဲ့သနည်း။ ဤအခြင်းအရာသည် ဘယ်လိုလုပ် ဖြစ်နိုင်မည်နည်း…

သို့သော် ထိုအခြင်းအရာထက် ထိုနေရာ၌ ရှိနေသည့် လူများ အားလုံးကို ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်မှာ ဝမ်ရှန်း ပြောခဲ့သည့် သူ ဂျင်ဒီနယ်မြေ အတွင်းသို့ လူများ ခေါ်သွားပေမည် ဟူသည့် စကားဖြစ်သည်။

ဝမ်ရှန်းသည် အဓိက အင်အားစုငါးခု၏ ပူးပေါင်း တိုက်ခိုက်မှုမှ ဝူရုံမြို့သို့ ဘယ်လိုလုပ် ထွက်ပြေး လွတ်မြောက် လာခဲ့သနည်း… အဓိကအင်အားစုငါးခုမှ သူ့အား ကြော်ငြာထားသည့် ဝရမ်းပြေးစာကို ပြန်ရုပ်သိမ်းသွားအောင် လုပ်နိုင်ခဲ့သည့် အရာမှာ မည်သည့်အရာ ဖြစ်သနည်း…

ထိုမေးခွန်းများ၏ အဖြေမှာ သူသည် ဂျင်ဒီနယ်မြေ အတွင်းသို့ လွတ်လပ်စွာ ဝင်ထွက် သွားလာနိုင်သည့် နည်းလမ်းကို ကျွမ်းကျင် နေသောကြောင့် မဟုတ်ပါလော။

ထို့ပြင် ယခု သူပြောခဲ့သည့် စကားကြောင့် ထိုနေရာ၌ ရှိနေသည့် လူများသည် သူတို့၏ အံ့သြဝမ်းသာ ပျော်ရွှင်မှုကို မည်သို့မည်ပုံ ဖော်ပြရမလဲပင် မသိကြတော့ပေ…

သို့သော် ဝမ်ရှန်းကမူ ပြောစရာ ရှိသည်များကို ပြောပြီးသည်နှင့် ကြေးစားခန်းမ အတွင်းမှ ထွက်ကာ သူ့အိမ်သို့သာ အေးအေးဆေးဆေး ပြန်သွားလိုက်သည်။ ကြေးစားခန်းမ အတွင်း၌ ရှိနေသည့် လူများသည်လည်း ချက်ချင်းပင် သူတို့၏နေရာ အသီးသီးသို့ သုတ်ခြေတင် ပြန်သွား လိုက်ကြသည်။

ကြော်ငြာထားသည့် အလုပ်တာဝန်များကို မည်သူမှ ဂရုမစိုက်ကြပေ။ သူတို့သိခဲ့ရသည့် သတင်းသည် ဤအလုပ်များထက် ပိုတန်ဖိုးရှိ၏။ မြန်မြန် ပြန်လည် သတင်းပို့နိုင်မည် ဆိုလျှင် ဆုငွေ များစွာပင် ရနိုင်ပေသည်။

ဝမ်ရှန်းသည် ချင်းဝေအား သတင်းဖြန့်ပေးရန် အကူအညီ တောင်းခဲ့ခြင်း ဖြစ်သော်လည်း ချင်းဝေသည် ဘာမှပင် လုပ်စရာ မလိုပါ။ သူ အနည်းငယ် အသံမြှင့်ကာ ပြောလိုက်ရုံဖြင့် ကိစ္စရပ်များက သူ့ဘာသာသူ အဆင်ပြေ သွားမည်ကို ဝမ်ရှန်း သိပေသည်။ ထို့ကြောင့် သူပြန်မထွက်ခင် ချင်းဝေအား …

“အစ်မ နောက်ကွယ်က လူတွေ ဝင်ချင်တယ် ဆိုလည်း ရတယ်”

ဝမ်ရှန်းသည် အခြေအနေကို ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့၏။

“သေသွားတဲ့ လူအတွက် ရန်ငြိုးရန်စတွေ ထားမနေနဲ့လို့။ တခြားလူတွေ အတွက် တွေးပေးလို့ ရတယ်လို့ ပြောလိုက်”

ဟုတ်ပါသည်၊ ချင်းဝေ နောက်ကွယ်မှ ဂိုဏ်းအတွက် ချင်းဝေသည် တာဝန် ရှိရပေမည်။ သူမသာ ဤသတင်း ပြောပြလိုက်မည် ဆိုလျှင် သူမအတွက် အကျိုးအနည်းငယ် ရသွားနိုင်၏။ ဒါ့ပြင် ထိုလူငယ်လေး၏ သေဆုံးမှု အကြောင်းကိုလည်း ဂိုဏ်းအား ရှင်းပြရန် နည်းလမ်း ရှိလာပေလိမ့်မည်။

ချင်းဝေသည် ထိုလူငယ်၏ အဆင်မပြေကြောင်း ထင်ရှားပေသည်။ ထိုလူငယ်ကလည်း ဝမ်ရှန်းအား အကောက်ကြံရန် စီစဉ်ခဲ့သည်။ ရန်သူ၏ ရန်သူသည် မိတ်ဆွေဖြစ်၏ ဟူသော ဆိုရိုးစကားပင် ရှိသည် မဟုတ်ပါလား…

ချင်းဝေအား အကူအညီ ပေးမည်ဆိုလျှင် နောင်တွင် မိတ်ဆွေ တစ်ယောက် တိုးလာကာ ရန်သူတစ်ယောက် လျော့ကျသွားမည် ဖြစ်သည်။

လူများကို ဂျင်ဒီနယ်မြေ အတွင်းသို့ ဖြတ်သန်း သွားလာရန် ပို့ဆောင်ပေးခြင်း အတွက်ကတော့ ဝမ်ရှန်းသည် သူ့အကြံနှင့်သူ ရှိခဲ့ပြီးဖြစ်သည်။ သူသည် ယခုအချိန်အထိ သူ့အိပ်မက်ထဲမှ ကောင်မလေးကို သေလားရှင်လား မသိရသေး၊ သူမ ချိပ်ပိတ် ခံထားရကြောင်းကိုသာ သိနေသည်။ သူမကို မည်သည့် နေရာ၌ ချိတ်ပိတ် ခံထားရခြင်းနှင့် မည်ကဲ့သို့ ချိပ်ပိတ်ထားခြင်းတို့ကို အဓိက အင်အားစုငါးခု၏ အဓိက ပုဂ္ဂိုလ်များမှလွဲ၍ အခြားမည်သူမှ မသိပေ။ တော်ဝင်မိသားစုနှင့် လျှို့ဝှက်ဂိုဏ်းများက သိကြသော်လည်း သူတို့သည် ဝမ်ရှန်းအား ပြောပြမည် မဟုတ်ချေ။

ထိုကောင်မလေး အကြောင်း သိချင်သည်ဆိုလျှင် ဝမ်ရှန်းသည် အဓိက အင်အားစုငါးခု အပါအဝင် အခြား အင်အားစုများနှင့် ပူးပေါင်း ရမည်ဖြစ်၏။ ဂျင်ဒီနယ်မြေသည် အလွန် ကြီးမား ကျယ်ဝန်းကာ ဝမ်ရှန်း တစ်ယောက်တည်း ရှာမည်ဆိုလျှင် နှစ်ပေါင်း ဘယ်လောက်ကြာမည် မသိနိုင်ပေ။ အဓိက အင်အားစုများမှ လူများကို ဖိတ်ခေါ်ကာ သူတို့အား ဦးစီးရှေ့ဆောင် သွားစေပြီး သူတို့ကို အရင် စွန့်စားခိုင်းခြင်းက ဝမ်ရှန်းအတွက် ပို၍ အကျိုးရှိပေသည်။

ဘာလို တစ်လအကြာမှ စီစဉ်လဲဆိုတာ အတွက်ကတော့ ထိုတစ်လ အတွင်းတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ချင်သောကြောင့် ဖြစ်၏။ လက်ရေးလှ အတတ်ပညာနှင့် ပန်းပုထုခြင်းတို့ကို အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက်၊ ထိုက်ချီ သိုင်းပညာကို အကျွမ်းတဝင် ရှိလာပြီဖြစ်ရာ ယခုအချိန်သည် အဆင့်တက်ရန် အချိန်ရောက်လေပြီ။

အိမ်ပြန်စဉ် လမ်းတစ်လျှောက်တွင် ဝမ်ရှန်းသည် မည်သည့် အနှောင့်အယှက်နှင့် မှမကြုံတွေ့ခဲ့ရချေ။ လမ်းတွင် သူ့အား သိသည့် လူများနှင့် တွေ့ခဲ့လျှင်ပင် ထိုလူများသည် ပြုံးကာ ခေါင်းညိတ် လိုက်ကြခြင်းသာ ရှိ၏၊ အခြားဘာမှမပြောခဲ့၊ မလုပ်ခဲ့ကြပေ။ ထို့ကြောင့် အချိန်ခဏ အတွင်းမှာပင် ဝမ်ရှန်း သူ့ခြံသို့ ပြန်ရောက် လာခဲ့သည်။

မမျှော်လင့်ထားသည်က၊ သူသည် တစ်နှစ်ခွဲကျော် သူ့ခြံအား ပစ်ထားသော်လည်း ခြံသည် ပုံမှန် မဟုတ်အောင်ကို သန့်ရှင်း သပ်ရပ်နေသည်။ ခြံဝန်းအတွင်းသို့ ဝင်လိုက်သည်နှင့် ဝမ်ရှန်း သူနှင့်ရင်းနှီးသည့် အစေခံနှစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုနှစ်ယောက်သည် သူ လုပ်ကြံ ခံရပြီးနောက် ရတနာစံအိမ်မှ ပို့လွှတ်ခဲ့သည့် အစေခံများပင် ဖြစ်၏။

ဝမ်ရှန်းအား မြင်လိုက်ရသောအခါ အစေခံနှစ်ယောက်သည် ဝမ်ရှန်းထံသို့ အလျင်အမြန် ပြေးလာကာ ဝမ်ရှန်းအား အရိုအသေ ပေးလိုက်သည်။ ထို့နောက် နူးညံ့စွာဖြင့် –

“သခင်လေး ပြန်လာတာကို ကြိုဆိုပါတယ်…”

ထိုစကားသံကြောင့် ဝမ်ရှန်းသည် နယ်လှည့် သွားရာမှ အိမ်သို့ ပြန်ရောက်လာသည့် လူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

ဟုတ်ပါသည်၊ ရတနာစံအိမ်သည် ဤကောင်မလေး နှစ်ယောက်ကို ဝမ်ရှန်း၏ အိမ်၌ အဆက်မပြတ် ရှိနေစေသည် ဆိုမှတော့ ရှေ့လျှောက် ဝမ်ရှန်းသည် မည်သည့် စီးပွားရေး ကိစ္စတွင်မဆို ထိုစံအိမ်နှင့် ပူးတွဲလုပ်ဆောင် နိုင်နေဆဲဖြစ်၏။

ဝမ်ရှန်းသည် ဤနေရာတွင် ရတနာစံအိမ်မှ လူများသာ ရှိနေတော့သည်လားဟု တွေးနေဆဲမှာပင် တော်ဝင်ရတနာစံအိမ်မှ စားဖိုမှူး နှစ်ယောက်သည်လည်း ဝမ်ရှန်းအား လာရောက် နှုတ်ဆက်ခဲ့သည်။

စီးပွားရေးတွင် အမြတ်ကြီးစားသည့် ဤနှစ်ဖက်သည် ကိုင်တွယ်ရ မကူလှပေ။ အနာဂတ်တွင် ဝမ်ရှန်း ဘာတွေပဲ လုပ်နေပါစေ စီးပွားရေး ကိစ္စဖြစ်နေသ၍ သူသည် ဤနှစ်ဖက်နှင့် ဆက်နွှယ် နေပေလိမ့်မည်။ ထို့ကြောင့် ကမ္ဘာ့အကြီးဆုံး စီးပွားရေး လုပ်ငန်းရှင် ကြီးများနှင့် လိုက်လျောညီထွေ ပေါင်းသင်း ဆက်ဆံခြင်းက အရှုံးမရှိပေ။

နောက်ထပ် မည်သူ ရောက်လာမည်နည်း။ မြို့ရှင်စံအိမ်မှ လူများလား၊ သို့မဟုတ် အရိပ်မိန်းမစိုးလား… ဤနှစ်ယောက်မှ လွဲ၍ အခြားမည်သူမှ မဖြစ်နိုင်ပေ။

ထိုကဲ့သို့တွေးကာ ဝမ်ရှန်းသည် သူ၏ အစေခံနှစ်ယောက် နှင့်အတူ အတွင်းခြံဝန်းသို့ ဝင်သွားလိုက်သည်။ ထိုအခိုက်အတန့်မှာပင် အရိပ်မိန်းမစိုးသည် နံရံပေါ်မှ ခုန်ကျော်တက်ကာ ခြံအတွင်းရှိ စားပွဲဝိုင်း၌ ဝင်ထိုင်လိုက်၏။

“လက်ဖက်ရည်တွေ ချပေး မြန်မြန်…”

မိန်းမစိုးမှ စားပွဲပုတ်ကာ ပြောလိုက်သည်။ သူသည် သူ့အိမ်၌ ရှိနေစဉ်ထက်ပင် ပို၍သက်သောင့်သက်သာ ရှိနေဟန် ပေါ်ပေသည်။

ဝမ်ရှန်းသည် အစေခံနှစ်ယောက်ကို ပြင်ဆင်ခိုင်း လိုက်ကာ သူလည်း စားပွဲ၌ ဝင်ထိုင်လိုက်၏။

“မြို့တော်ဆီ သွားလာခဲ့တာလား”

မိန်းမစိုးသည် အခြားသူများ ကြားသွားမည်ကို မစိုးရိမ်ဘဲ သာမန်လေသံဖြင့် ပြောလိုက်သည်။ ဟုတ်ပါသည် သူ့ထံတွင် အသံလှိုင်း မပြန့်အောင် ထိန်းသည့် နည်းလမ်း ရှိပေသည်။

“ဒီတိုင်း ခရီးတစ်ခု သွားခဲ့တာ”

ဝူရုံမြို့မှ မျက်နှာဖုံး တပ်ဆင်ကာ မြို့တော် တစ်ခုလုံး၌ လျှောက်သွားခဲ့ခြင်းကို ဖုံးကွယ်၍ မရမှန်း ဝမ်ရှန်း သိပေသည်။ ထို့ကြောင့် သူသည် ဖုံးကွယ် မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်၏။

“အင်း… နောက်ကျ ပြဿနာ တစ်ခုခုတက်ရင် ငါ မင်းကိုပေးတဲ့ တံဆိပ်ပြားသုံးပြီး ရှောင်ထွက် လိုက်လို့ရတယ်”

မြို့တော်သို့ ရောက်ရှိခဲ့သော်လည်း ဘာလို့ တော်ဝင်မိသားစုနှင့် အဆက်အသွယ် မလုပ်ခဲ့လဲဆိုပြီး မိန်းမစိုးမှ မကျေမနပ် မပြောခဲ့ပေ။ ဒီတိုင်း ပုံမှန်အတိုင်းသာ ပြောလိုက်၏။

ဝမ်ရှန်းသည် မိန်းမစိုး၏စကားကို ထောက်ခံသကဲ့သို့ ခေါင်းညိတ် လိုက်ကာ ဘာမှမပြောခဲ့ပေ။ ထိုအချိန်တွင် အစေခံနှစ်ယောက်မှ လက်ဖက်ရည်များ လာချပေးခဲ့သည်။ သူတို့ နှစ်ယောက်သည် စားပွဲ၌ ထိုင်ကာ စကားစမြည်ပြောရင်း စိမ်ပြေနပြေ သောက်နေလိုက်ကြ၏။

မိန်းမစိုးသည် ကြေးစားခန်းမ အတွင်း၌ ဝမ်ရှန်း ပြောခဲ့သည့် စကားနှင့် ပတ်သက်၍ တစ်ခွန်းတလေမှ မမေးခဲ့ပေ၊ ဝမ်ရှန်းသည်လည်း ဘာမှမပြောခဲ့။ သူတို့သည် မြို့အရှင် စံအိမ်မှလူ ရောက်လာမည်ကိုသာ စောင့်နေလိုက်သည်။ မြို့အရှင်စံအိမ်က သတင်းကို ကြားလောက်ပြီ ဆိုတာအား သူတို့ ယုံပါသည်၊ ထို့ကြောင့် သူတို့သည် ဤနေရာသို့ လာရန် လူလွှတ် လောက်ပြီ ဖြစ်၏။

ဟုတ်ပါသည်၊ သူတို့၏ လက်ဖက်ရည်ပွဲဝိုင်း မသိမ်းခင်မှာပင် ခြံဝန်း အပြင်မှနေ၍ အိမ်တော်ထိန်း၏ အသံ ထွက်ပေါ် လာခဲ့သည်။ ဝမ်ရှန်းသည် အိမ်တော်ထိန်းအား ထွက်ကြိုကာ သူ၏စားပွဲဝိုင်းထံသို့ ဖိတ်လိုက်သည်။

“ပြန်လာတာ ကောင်းတယ်…”

အိမ်တော်ထိန်းသည်လည်း ဝမ်ရှန်းအား စိုးရိမ်နေဟန် ရှိ၏။ သူသည် ဤတစ်နှစ်ခွဲလုံး ဝမ်ရှန်း ဘယ်ရောက် နေခဲ့တာလဲ ဆိုတာ မမေးခဲ့၊ ပြန်လာသည်မှာ ကောင်းမွန်ကြောင်းကိုသာ ပြောခဲ့၏။ သူသည် ဝူရုံမြို့ကို ဝမ်ရှန်း၏ အိမ်အဖြစ် အမှန်တကယ် သဘောထား သတ်မှတ်နေခြင်းပင် ဖြစ်သည်။

“မင်း ဘယ်လို တွေးလိုက် မိတာလဲ”

အာလာပသလာပ အနည်းငယ် ပြောပြီးနောက် နောက်ဆုံးတွင် အိမ်တော်ထိန်းမှ သူ အသိချင်ဆုံး မေးခွန်းကို မေးလိုက်သည်။

“ဂျင်ဒီနယ်မြေထဲကို လူတွေ ခေါ်သွင်းဖို့ကိုလေ…”
***

Comment

Leave a Reply

Options

not work with dark mode
Reset