Switch Mode

Chapter – 24.2

လောင်းကြေးထပ်မှု

အပိုင်း ၂၄•၂

” လောင်းကြေးထပ်ခြင်း ”
°°°
ဟို့ယွိဟောင်က မေးလာခဲ့ပါတယ်။

” ဆရာ၀မ် ဒါဆိုရင် ကျွန်တော်တို့၀ိဉာဥ်ပေါင်းစည်းစွမ်းရည်ကို ဘယ်အချိန်မှာ လွတ်လွတ်လပ်လပ် အသုံးပြုလို့ရနိုင်မလဲ ”

၀မ်ယန်က ပြန်ဖြေလိုက်ပါတယ်။

” ပြောဖို့က စောလွန်တယ်…အနည်းဆုံးဒါမျိုးကို အပြည့်အ၀ လွတ်လွတ်လပ်လပ် အသုံးချနိုင်ဖို့အတွက် ပထမဆုံးသိုင်းပညာ၀ိဉာဥ်ရဲ့ ခန္ဓာကိုယ်ကို ရရှိဖို့လိုတယ်…ဒါ့အပြင် အနည်းဆုံးအဆင့်ခုနှစ်ဆယ်ရှိနေမှလဲ ရလိမ့်မယ်…ဒါက ပုံမှန်၀ိဉာဥ်ပညာရှင်တွေလိုအပ်တဲ့ကိစ္စပဲ ဒါ့အပြင် မင်းတို့နှစ်ယောက်က လုံး၀ကို ပြီးပြည့်စုံနေတယ်ဆိုတော့ ဒီလို၀ိဉာဥ်ပေါင်းစည်းမှုကို အခုကနေစပြီ နေတိုင်းအသုံးချကြည့်ဖို့ အကြံပြုချင်တယ်…ဒါ့အပြင် ဆက်တိုက်ကြိုးစားကြည့် ငါတို့တွေ မင်းတို့ သိုင်းပညာပေါင်းစည်းမှုစွမ်းရည်ရဲ့ အနားယူတဲ့အချိန်ကာလကို အဲ့ဒီနည်းနဲ့မှ အတည်ပြုနိုင်မှာ အနားယူကာလရဲ့ ကြာချိန်ကို အတည်ပြုပြီးပြီဆိုရင် ဘယ်လိုစွမ်းရည်မျိုးလဲဆိုတာ ကြည့်ကြသေးတာပေါ့ ငါလဲ တကယ်သိချင်လိုက်တာ ”

၀မ်ယန်ရဲ့ ရှင်းပြချက်ကို ကြားပြီချိန်မှာတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ ပေါင်းစည်းစွမ်းရည်တွေအကြောင်းကို အရင်ကထက်ပိုပြီး သိနားလည်ခဲ့ပါပြီ။

ကျိုးယိက မေးလိုက်တယ်။

” ဆရာ၀မ်သူတို့တွေက ပြီးပြည့်စုံတဲ့ ပေါင်းစည်းနိုင်စွမ်းကို အောင်မြင်ထားပြီဆိုမှတော့ လေ့ကျင့်တဲ့အချိန် မြန်ဆန်တာအပြင် တခြားအကျိုးကျေးဇူးလဲရှိနိုင်လား ”

၀မ်ယန်က ရယ်မောလိုက်ပါတယ်။

” ဆရာကျိုး လူသားတွေဆိုတာက မြွေတစ်ကောင်လိုပဲ သူက အကောင်းကြီးလေလေ ဆင်ကိုတောင်မြိုနိုင်တဲ့အထိ အစွမ်းအစရှိလာလိမ့်မယ်..မင်းက ရတနာနှစ်ခုကို တွေ့မြင်ပြီးပြီ သူတို့ကို လေ့ကျင့်တဲ့အချိန်မှာ အနည်းငယ်သာ ကူညီပေးလိုက် သူတို့ရဲ့ ကျင့်ကြံတဲ့နှုန်းက နှစ်ဆဖြစ်လာလိမ့်မယ်…ဒါ့အပြင် အခုအချိန်မှာ ဘာကိုမှ မြင်ရသေးမှာမဟုတ်ပေမဲ့ နောက်နှစ်အနည်းငယ်အတွင်းမှာ လုံး၀ကို သိသာထင်ရှားလာလိမ့်မယ်…ငါအာမခံနိုင်တယ် သုံးနှစ်အတွင်းမှာပဲ သူတို့ရဲ့ သက်တူရွယ်တူတွေထဲမှာ သူတို့ရဲ့ ကျင့်ကြံနှုန်းကို ယှဥ်နိုင်တဲ့သူရှိမှာ မဟုတ်ဘူး…ဒါပေမယ့် မင်းမေးလိုက်တဲ့ မေးခွန်းက တကယ်ကို မေးသင့်တဲ့မေးခွန်ဖြစ်နေတယ်…ဒီလိုပြီးပြည့်စုံတဲ့ ပေါင်းစည်းနိုင်စွမ်းက သာမန်ပေါင်းစည်းစွမ်းအားတွေထက် အင်အားအရာမှာ သာလွန်တယ်..ငါပြောချင်တာကို မင်းသိမယ်ဆိုတာ သေချာပါတယ်..ပုံမှန်ပေါင်းစည်းစွမ်းအားတွေရဲ့ မူလသတ်မှတ်ချက်မှာ ပေါင်းစည်းနိုင်စွမ်းမြင့်မားလေလေ ပေါင်းစည်းနိုင်တဲ့ စွမ်းရည်ကနေ ထုတ်လွှတ်တဲ့အင်အားက ကြီးမားလေပဲ ဒါပေမယ့် ဒီလောက်ပြီးပြည့်စုံတဲ့ ပေါင်းစည်းမှုကို ငါမမြင်ဖူးဘူး..ဒါကြောင့် ကိုယ်တိုင်သူတို့ရဲ့ အစွမ်းအစကို မြင်ချင်ပါသေးရဲ့ ”

ကျိုးယိလဲ ခေါင်းညိတ်လိုက်ပါတယ်။

” ကူညီတဲ့အတွက် ကျေးဇူးတင်ပါတယ်…ဆရာ၀မ် ငါတို့တွေ ဒီကိစ္စကို သတင်းပို့သင့်သလား ”

၀မ်ယန်က ခေါင်းခါရင်း ပြုံးပြနေခဲ့ပါတယ်။

” မလိုဘူးကိုယ်တိုင်ပဲ သွားပြီးသတင်းပို့လိုက် မင်းက အဆင့်မြင့်ဆရာတစ်ယောက် ဖြစ်လာသင့်တာ ကြာလှပြီလေ ဒါ့အပြင် ဒီကလေးနှစ်ယောက်ကို မင်းကိုယ်တိုင်း တွေ့ထားတာ ငါမင်းရဲ့ နာမည်ဂုဏ်သတင်းကို မခိုးယူချင်ဘူး ”

ကျိုးယိက ပြုံးပြရင်း ခေါင်းညိတ်လိုက်ပါတယ်။

၀မ်ယန်ကလဲ ထရပ်ရင်း ပြောလာခဲ့တယ်။

” ကလေးတို့ မင်းတို့ကြိုးစားဖို့လိုတယ်..အခုလက်ရှိအချိန်မှာ ထိပ်တန်းသုံးဆယ်နှစ်ဖွဲ့ထဲကို၀င်သွားပြီ နောက်ထပ် နည်းနည်းပိုကြိုးစားလိုက်ရင်း ထိပ်တန်းရှစ်ဖွဲ့ထဲကိုတောင် ၀င်နိုင်တယ်…ဒါ့အပြင် ကျောင်းတော်ရဲ့ အဆင့်မြင့်ပိုင်းတွေက မင်းတို့ရဲ့ တိုက်ပွဲကိုလာကြည့်လိမ့်မယ်…ဒါ့အပြင် ချန်ပီယံတွေရမဲ့ဆုကြီးကလဲ အတော်ကိုကောင်းတယ်…ဒါကိုလုံး၀ လွဲချော်စေလို့ မဖြစ်ဘူးနော် အကယ်၍ မင်းတို့မှာ ပြဿနာတစ်ခုခုရှိတယ်ဆိုရင် ငါ့ကို လာရှာလိုက် ငါ့ရဲ့ရုံးခန်းက လေးထပ်မြောက်မှာရှိတယ်…ဆရာကျိုး ဒါဆိုရင် ငါသွားပါတော့မယ် ”

ကျိုးယိက ၀မ်ယန်ကို လိုက်ပို့လိုက်ပါတယ်။ သူ မထွက်ခွာခင်မှာ ၀မ်ယန်ကတော့ သူတို့နှစ်ယောက်ကို အတော်လေး အာရုံစိုက်ပြီကြည့်သွားခဲ့တယ်။

ကျိုးယိက အခန်းထဲကို နောက်တစ်ကြိမ် ပြန်မ၀င်လာတော့ပါဘူး။အဲ့ဒီအစား သူတို့နှစ်ယောက်ကို လှမ်းပြီအော်လိုက်တယ်။

” သွားကြစို့ နေ့လည်စာစားသင့်ပြီ မင်းတို့နှစ်ယောက်ကို ငါဒီနေ့ နေ့လည်စာ၀ယ်ကျွေးမယ် ‘”

သူမအနေနဲ့ ဒီလိုနေ့လည်စာ၀ယ်ကျွေးမယ်လို့ ပြောလာခဲ့တာ​က ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ကို အပြစ်တင်ခဲ့မိတဲ့အတွက် တောင်းပန်မှုတစ်ခုပါပဲ။ သူတို့နှစ်ယောက်တောင်မှ ဒီကိစ္စကိုမယုံနိုင်ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးမှာတော့ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဆရာကျိုးနောက်ကို ပြေးလိုက်သွားပါတော့တယ်။

ကျိုးယိက အတော်ကို ရက်ရောတဲ့သူပါပဲ။ မမျှော်လင့်ထားနိုင်လောက်အောင်ပဲ သူတို့နှစ်ယောက်စလုံးကို ထမင်းစားဆောင်ရဲ့ ထိပ်တန်းဟင်းလျာတွေ ကျွေးမွေးခဲ့တယ်။ ကျောင်းတော်ရဲ့ ထိပ်တန်းအစာတွေက စျေးကြီးလွန်တဲ့အပြင် နေ့စဥ်နေ့တိုင်းစျေးနှုန်းတွေကလဲ မတူညီပါဘူး။ ဒါ့အပြင် အရာအားလုံးကလဲ ၀ိဉာဥ်ရွှေပြားတွေနဲ့သာ ၀ယ်လို့ရနိုင်တဲ့ ဟင်းလျာတွေဖြစ်နေခဲ့တယ်။ ဒီနေ့မှာတော့ ထိပ်တန်းဟင်းလျာနှစ်ပွဲရှိပါတယ်။ ကျိုးယိက တစ်မျိုးဆီ မှာလိုက်ပြီတဲ့နောက် စုစုပေါင်းကျသင့်တဲ့ ကုန်ကျစရိတ်က ၀ိဉာဥ်ရွှေပြားခြောက်ဆယ့်အထက်ကို ရောက်သွားပါတော့တယ်။

” ဆရာကျိုးက ကျွန်တော်တို့အတွက် တကယ်ကိုအများကြီးအကုန်ခံနေတာပဲ ”

ဟို့ယွိဟောင်တော့ စိတ်ထဲမှာတောင် နေမကောင်းဖြစ်လာခဲ့မိပါတယ်။ သူသုံးလလုံးလုံး ငါးကင်ပြီရောင်းနေခဲ့တာတောင် ၀ိဉာဥ်ရွှေပြားခြောက်ဆယ်ကို မရခဲ့ပါဘူး။

” မြန်မြန်စား ပူတုန်းစားမှကောင်းတာ ကျောင်းတော်က ဒီဟင်းလျာတွေကိုရောင်းတာ အမြတ်ကြီးစားဖို့မဟုတ်ဘူး တကယ်တော့ ဒီထိပ်တန်းဟင်းလျာတွေအားလုံးက ကျောင်းတော်ကို အရှုံးပေါ်စေတယ် ”

” ဘာကြောင့်များလဲ ”

ဟို့ယွိဟောင်နဲ့ ၀မ်သုန့်နှစ်ယောက်စလုံး တစ်ပြိုင်နက်မေးလိုက်မိပါတယ်။

ကျောင်းသားတွေရဲ့ ခန္ဓာကိုယ်အခြေအနေအတွက် ဒီကိစ္စကိုလုပ်ပေးတာပေါ့ မင်းတို့တွေ ဒီဟင်းလျာတွေကို သိလား ”

အရှေ့မှာရှိတဲ့ ဟင်းနှစ်ပွဲကို လက်ညိုးထိုးပြရင်း ကျိုးယိက ပြုံးနေခဲ့ပါတယ်။

ဒီဟင်းနှစ်ပွဲက အရမ်းကို မွှေးလွန်ပြီ တစ်ပွဲကတော့ အချိန်အကြာကြီး ချက်ထားရတဲ့ ၀က်စတူးပုံစံလိုဖြစ်ပြီ နောက်တစ်ခုကတော့ စွတ်ပြုတ်ပါ။

၀က်စတူးလိုအရာက အသားနဲ့အရွတ်တွေ အဓိက ပါပါတယ်။ ဒါ့အပြင် အတော်ကို ဟင်းရည်က ပြည့်နေခဲ့ပြီ နူးညံ့နေခဲ့တယ်။ အရွတ်တွေက နူးညံ့ပြီ ထုတ်ထုတ်ထုတ်နဲ့ စားလို့ကောင်းပါတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဗိုက်ဆာလာစေအောင် ပြုလုပ်ပေးနိုင်တဲ့ဟင်းလျာတွေပါ။

တစ်ဖက်မှာရှိနေခဲ့တဲ့ စွတ်ပြုတ်ကတော့ ရွှေရောင်ဖျော့ဖျော့တောက်ပနေခဲ့ပြီ အထဲမှာဘာမှရှိမနေခဲ့ပဲ စွတ်ပြုတ်က အလွတ်ကြီးဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် အမွှေးနံ့ကတော့ တစ်ဖက်မှာရှိနေခဲ့တဲ့ အသားဟင်းထက်တောင် ပိုပြီး ကောင်းပါသေးတယ်။ အထဲမှာတန်ဖိုးကြီးဆေး၀ါးတွေကိုတောင် ထည့်ထားသလိုပါပဲ။

ဟို့ယွိဟောင်လဲ သူတို့နာမည်တွေကို မပြောနိုင်ပဲရှိနေခဲ့တယ်။ ဒါပေမယ့် ၀မ်သုန့်က ချက်ချင်းဆိုသလို မျက်နှာသေကြီးနဲ့ တည်ငြိမ်လို့သွားခဲ့ပါပြီ။ အဲ့ဒီနောက် သူ ဖြည်းဖြည်းချင်း ပြောလာခဲ့ပါတယ်။

” ဆရာကျိုး ဒီစတူးက နတ်ဆိုးကြေးခွံမိကျောင်းအသားနဲ့ လုပ်ထားတဲ့ ဟင်းလျာလား တစ်ဖက်မှာရှိတဲ့ စွတ်ပြုတ်ကတော့ ဘာမှန်းကျွန်တော်မသိဘူး ”

” မင်းက တကယ်ကို မျိုးရိုးကြီးတဲ့ မိသားစုရဲ့ ကလေးပီသတာပဲ မင်းပြောတာမှန်တယ်..ဒါက နတ်ဆိုးအကြေးခွံမိကျောင်းရဲ့ အသားနဲ့လုပ်ထားတဲ့ဟင်း နောက်ပြီရင် ၀ိဉာဥ်သားရဲကောင်တွေထဲမှာ သူ့ရဲ့အစွမ်းက အတော်ကိုကောင်းတယ်…သူ့အသားကိုစားတာက ငါတို့၀ိဉာဥ်ပညာရှင်တွေကို ခန္ဓာကိုယ်ပိုင်ဆိုင်ရာမှာ တိုးတက်စေရုံတင်မကပဲ စွမ်းအင်အရင်းအမြစ်တွေကိုပါ မာကျာလာစေနိုင်တယ်…ပစ္စည်းကောင်းဆိုပေမဲ့ ရှားတယ်လေ ဒီမိကျောင်းရဲ့ အသားက သံမဏိလိုမာနေတာကြောင့် သူ့ကို ချက်ပြုတ်ဖို့ဆိုရင် အရမ်းတော်တဲ့ စာဖိုမှုးလိုအပ်တယ်…ဒီလိုအရာမျိုးကို နူးညံ့လာစေအောင် ချက်ပြုတ်နိုင်တဲ့ပညာရှင်ဆိုတာ တွေ့ဖို့မလွယ်ဘူး..ဒါကြောင့် မင်းတို့ကို ပြောပြမယ်…ငါတို့ အမျက်ဒေါသကျောင်းတော်မှာ အကောင်းဆုံးဆရာတွေရှိတာမဟုတ်ဘူး..အကောင်းဆုံးစာဖိုမှုးတွေလဲရှိတယ်…ဒါ့အပြင် အရွယ်ရောက်ပြီသားဖြစ်တဲ့ နတ်ဆိုးအကြေးခွံမိကျောင်းက နှစ်တစ်ထောင်သားရဲကောင်တွေရဲ့ အဆင့်အတန်းမှာရှိတယ် ..ဒီဟင်းလျာက စျေးကြီးတယ်လို့ ထင်သေးရဲ့လား ”

” ဒီစွတ်ပြုတ်ကတော့ ငှက်အသွင်းရှိတဲ့ ၀ိဉာဥ်သားရဲကောင်ကို အရိုးတွင်းကလီစာတွေကော အရိုးတွေပါမကျန် အာဟာရထွက်တဲ့အချိန်ထိ အချိန်အကြာကြီး ပြုတ်ပြီချက်ထားတဲ့စွတ်ပြုတ် ဒါ့အပြင် ငါတို့ရဲ့ အတွင်းကလီတွေကို ပိုတည်ငြိမ်အောင် ထိန်းကွပ်ပေးနိုင်တယ်….ငါတို့ရဲ့ ကျင့်ကြံမှုကိုလဲ အကျိုးစွမ်းအား တိုးတက်စေနိုင်တယ် ”

” ငါဒါကို အရင်တုန်းက ပြောခဲ့ပြီးပြီ ဒါပေမယ့် ဒီနှစ်ငါတို့ရဲ့ပြိုင်ပွဲမှာ ၀ိဉာဥ်အကြီးအကဲအဆင့်ရောက်နေတဲ့ ကျောင်းသားသုံးယောက်ရှိတယ်…သူတို့တွေက ပါရမီရှိပြီ အလုပ်ကြိုးစားကြတာတော့ အမှန်ပဲ ဒါ့အပြင် အားလုံးက မျိုးနွယ်စုကြီးတွေကနေလာတဲ့ ကလေးတွေဖြစ်နေကြတယ်…ငယ်ငယ်လေးထဲက အကောင်းဆုံးအစားအသောက်ဆေး၀ါးနဲ့ ပစ္စည်းတွေကိုကြည့် ရရှိခဲ့တာကြီးပဲ ဒါကြောင့်သာ ငယ်ငယ်ရွယ်ရွယ်မှာ အမြန်ဆုံးကျင့်ကြံဆင့်ကို ပိုင်ဆိုင်နေတာ ၀မ်သုန့်ကလဲ ကျောင်းတော်ထဲ မလာခင်အချိန်ထိ ဒီလိုမျိုး ကျွေးမွေးပြုစုခံထားရတဲ့သူ တတိယ၀ိဉာဥ်စက်ကွင်းကို မရသေးတဲ့ကိစ္စကတော့ မင်းပျင်းနေတာကြောင့် မဟုတ်ရင် ခန္ဓာကိုယ်မှာ ထူးခြားတဲ့ အခြေအနေတစ်ခုခုရှိနေတာကြောင့်သာ ဖြစ်မယ်လို့ ငါတော့ယုံကြည်တယ်…ဒါ့အပြင် အကယ်၍ ငါမှတ်မိတာသာမှန်မယ်ဆိုရင် မင်းအခုမှ အသက်ဆယ့်တစ်နှစ်ပြည့်ပြီတာ မဟုတ်လား ”

၀မ်သုန့်က ခေါင်းညိတ်လိုက်ပါတယ်။

” ဆရာကျိုး အမှန်ပါပဲ ကျွန်တော်အသက်ဆယ့်နှစ်နှစ်မပြည့်ခင် သေချာပေါက် တတိယမြောက်၀ိဉာဥ်စက်ကွင်းကို ရမှာပါ ”

အပိုင်း ၂၄•၂ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset