Switch Mode

Chapter – 29

ခွန်အားမဲ့ခြင်း

အပိုင်း(၂၉) ခွန်အားမဲ့ခြင်း

အကိုလျူ၏ စကားကို ကြားလိုက်သည့်အခါ ဖန်ရှင်းက ဒေါသထွက်သော်လည်း ချက်ချင်းပင် ထိန်းချုပ်နိုင်ခဲ့သည်။

သူ့အနားတွင် ဟူချင်း တစ်ယောက် တည်း မဟုတ်ဘဲ အဖွဲ့လိုက် ရပ်နေခြင်းဖြစ်သည်။

သူသာ တစ်ခုခု ထလုပ်ပါက အဗျင်း ခံရဖို့သာ များသည်။

လက်ရှိ အချိန်တွင် သူတို့တောင်းဆိုမှုကို ငြင်းပယ်ရန် ဖန်ရှင်းတွင် ခွန်အားအလုံ အလောက် မရှိသေးပါ။

အကိုလျူက ဖန်ရှင်း၏ မလှုပ်မယှက် ရပ်နေသော အမူအရာတွေ့လိုက်သောအခါ သူ့ဘေးနားက

လူတစ်ယောက်ကို တစ်စုံတစ်ရာ တိုးတိုး ပြောလိုက်သည်။

ထိုလူက အရှေ့သို့ ထွက်လာ ခဲ့သည်။

ထိုသူမှာ ယင်ယန် အစည်းအရုံး တွင် အနည်းငယ် ပေါက်ရောက်သည့် အပြင်စည်း တပည့်ဖြစ်သူ ဟိုင်စန်းဖြစ်သည်။

သူ၏အလုပ်က ယင်ယန်အစည်းအရုံးတွင် အစားအစာ အခြေခံလိုအပ်ချက်များကို သတင်းပို့ရသော အလုပ်ဖြစ်ပြီးယုစန်းလျန် ကဲ့သို့ပင် အထွေထွေဌာနမှ ဖြစ်သည်။

သူ့ရာထူးက သတ်သတ်မှတ်မှတ်မရှိသော်လည်း ယင်ယန် အစည်းအရုံး တွင် အောက်ခြေက ကိစ္စအချို့ကိုတင်ပြရပြီး သူ့အလုပ်ကို ခေါင်းစဥ်တပ်ရလျှင် စုံစီနဖာ ဥက္ကဌ ဟူ၍ ခေါင်းစဥ် တပ်နိုင်သည်။

ဟိုင်စန်းက ရှေ့သို့ထွက်လာပြီး ဟူချင်း၏ မျက်နှာသာ ပေးမှုကိုရရန် ကြိုးစားချင် ပုံရသည်။

“ညီတော်ဖန် ဒါက မင်းအတွက် အခွင့်အရေးပဲ အကိုလျူက မင်းကို သူ့လက်အောက်မှာ ထားချင်နေတာ ဒီတစ်ကြိမ်တော့ အကိုဟူနဲ့ လိုက်သွားပါ.. မင်းရဲ့ အောင်မြင်မှု အတွက် ခြေလှမ်းအစလည်း ဖြစ်ချင် ဖြစ်သွား နိုင်တယ်.. ကိစ္စပြီးရင်လည်း အကျိုး ကျေးဇူး အများကြီး ရလာမယ်”

“ဟမ့် ငါ့လိုအရွယ်မရောက်သေးတဲ့ ကလေးကို လူကုန်ကူး ချင်တာလား”

ဖန်ရှင်း၏ စိတ်ထဲတွင် ဒေါသများ တလိပ်လိပ် တက်နေသည်။

ဟိုင်စန်းကို သူက ဘယ်တုန်းကမှ မရင်းနှီး ဖူးခဲ့ဘဲ ဟိုင်စန်းက

သူ့ကို ရင်းနှီးဖူးတဲ့ ကလေးတစ်ယောက်လို ဆက်ဆံ နေသည်။

ထိုခရီးတွင် အကျိုး အမြတ် ခံစားရမည်ဟု မတ်လုံးပေးခဲ့ သော်လည်း တကယ်တမ်း အကျိုး အမြတ် မည်သူရမည်က အသိသာ ကြီးပင် ဖြစ်သည်။

ဒေါသ ထွက်နေ သော်လည်း ဖန်ရှင်းက သုံးသပ် လိုက်သည်။ ဟူချင်းနှင့်သာမက ထိုလူများပါ ပေါင်းတိုက်လျှင် ရှုံးနိမ့်ဖို့ကို ဗေဒင် မေးစရာ မလိုပေ။

သို့ သော် ဖန်ရှင်းသည် ယခုအချိန်အထိ ထိုအုပ်စုနှင့် ရန်သူ မဖြစ်သေးပေ။

ရွေးချယ်ဖို့ အခွင့်အလမ်း မရှိသော ဖန်ရှင်း က ဟူချင်းဆီသို့ ပြုံးပြလိုက်ပြီး

“အကိုဟူက ကျနော့်ကို ရွေးချယ်လို့ ကျေးဇူး တင်ပါတယ် ဒါမဲ့ဝိဉာဥ်လက်နက် တိုက်မှာတုန်းက ဂျင်းထည့်ခံလိုက်ရလို့ ကျနော့်မှာ လက်ရှိအသုံး ပြုစရာ လက်နက် မရှိဘူးဖြစ်နေတယ်..အကိုဟူ ကို ကူညီ နိုင်မယ် မထင် ပါဘူး.”

ဖန်ရှင်း၏ ရှင်းပြချက်ကို ကြားရစဥ် သူတို့က လှောင်ပြောင် ကြသည်။

ဝိဉာဥ် လက်နက်တိုက်မှ ဖြစ်ရပ်များကို သူတို့က သိထားပုံ ရသည်။

ဟူချင်းက ဖန်ရှင်းကို အထင်အမြင်သေးစွာ ကြည့်လိုက်ပြီး

“ဒါက အသေးအဖွဲပါ မင်းကလက်နက် ကောင်းကောင်း လိုချင်ရင် မင်းကိုငါဓားပျံ တစ်စင်း ပေးလိုက်မယ်.. ဒါ့အပြင် တာဝန် ပြီးမြောက်ရင် ဝိဉာဥ် ကျောက်တုံး ဆယ်တုံး ဆုအဖြစ်ထပ်ပေးမယ်”

ဖန်ရှင်းက သဘောတူ ပြီးသည်တွင် ဟိုင်စန်းက

“အကိုဟူ သူ့ကိုကျနော် တာဝန်ထမ်းဆောင်ဖို့ မှတ်တမ်းရုံးကို ခေါ်သွားရမယ် အကိုဟူ သွားခါနီးရင် ကျနော် သူ့ကိုခေါ်လာခဲ့မယ်”

“အနားယူပြီး သေချာစီစဥ်ပါ မနက်ဖြန် နံနက် စောစော ငါတို့ သွားကြတာပေါ့”

ဟူချင်းက ဓားပျံတစ်ချောင်းကိုပေးလိုက်ပြီး ဖန်ရှင်း၏ အိမ်ကလေးမှ ထွက်ခွာသွားသည်။

“ခွေးမသားလေး မင်းက ငါ့ကိုအရင်ရက်စက်ခဲ့တာပဲ အခုဘယ်လိုနေလဲ”

အကိုလျူက အိမ်ကလေးထဲမှ ထွက်ခွာသည့် လူများ ထဲတွင် နောက်ဆုံး ဖြစ်သည်။

သူက ထွက်ခွာခါနီးတွင် ဖန်ရှင်းကို ကျေနပ်သော အပြုံးဖြင့် ကြည့်လိုက်သည်။

အကိုလျူ၏ စကားကို ကြားသည်နှင့်ဖန်ရှင်းက လက်စွဲတော် ဓားမြှောင်ကို ထုတ်လိုက်ကာ အကိုလျူကို ချိန်ထားလိုက်သည်။

ထိုဓားမြှောင်ကို မြင်သည်နှင့် အကိုလျူ၏ မျက်နှာက မဲ့ရွဲ့သွားပြီး အခန်းထဲမှ ပြေးထွက် လာခဲ့သည်။

“အင်း ဒီလူတွေနဲ့သာ တွဲလုပ်ရရင် ငါ့တွက် အကျိုးအမြတ် မရမှာ စိုးရိမ်ရတယ်.. ဒီလိုသာဆိုရင် ငါ့အတွက် ဘာမှဖြစ်လာမှာ မဟုတ်ဘူး ”

ဖန်ရှင်း၏ အိမ်ကလေးမှ ထွက်လာပြီးနောက် ဟူချင်းက ဝိဉာဥ်ကျောက်တုံး ဆယ်တုံးကို ဟိုင်စန်းအား ထုတ်ပေးလိုက်ပြီး

“ညီလေး ဒီကောင်လေး နဲ့ပတ်သက်တဲ့ဟာ မှန်သမျှ အတွက် အားကိုးပါတယ်

ပြသနာတက်ရင် ဖြေရှင်း ပေးနိုင်ဖို့လည်း မျှော်လင့် ပါတယ်”

အနီရောင် တောက်ပနေသော ဝိဉာဥ်ကျောက်တုံးကို တွေ့လိုက်သည်နှင့် ဟိုင်စန်း၏ မျက်လုံးက တလက်လက် ဖြစ်လာပြီး

“စိတ်အေးအေး ထားပါ အရာတိုင်းက ငါ့လက်ထဲမှာ ရှိတယ် သူက နောက်ခံမရှိတဲ့ အပြင်စည်း တပည့်အဆင့်ပဲ ရှိတာပါ.. သူသေသွားရင်တောင် သူ့ကို ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူး”

“ဟား ဟား ဟား”

ဟူချင်းက ကျေနပ် အားရစွာ လက်သီး ဆုပ်လိုက်ပြီး ထိုနေရာမှ ထွက်ခွာခဲ့သည်။

ဟိုင်စန်းက စိတ်နှလုံးရွှင်ပြစွာဖြင့် ဝိဉာဥ်ကျောက်တုံး ကိုသိမ်းလိုက်ပြီးသူ၏ အိမ်ကလေးသို့ ပျော်ရွှင်စွာ ပြန်လာခဲ့သည်။

—————–

“ညီလေးဖန် ဘာတွေဖြစ်ခဲ့တာလဲ.. ဒီမရဏတာဝန် တွေက ဘယ်လောက် အန္တရာယ်များမှန်း မင်းသိရဲ့လား.. ဝိဉာဥ်အဆင့်သုံး ကျင့်ကြံသူ အုပ်စုတစ်စုတောင် ဒီလိုတာဝန်မျိုး လက်ခံ မိရင် ရှုံးနိမ့်ရဖို့က ရာခိုင်နှုန်း များတယ်.. မင်းက ဂိုဏ်းထဲဝင်တာ ဘယ်လောက် ကြာသေးလို့လဲ.. ဒီတစ်ခါ သူတို့နဲ့အတူ မင်းကိုခေါ်ဆောင် သွားတာကိုကသိသာ ထင်ရှားတဲ့ အချက်ပဲ ဟိုရောက်ရင် မင်းကို အစ မဖျောက်ဘူးလို့ အာမ .မခံနိုင်ဘူး”

ယုစန်းလျန်က သတင်းကြားသည်နှင့် ဖန်ရှင်းဆီသို့ အလျင်အမြန် ပြေးလာခြင်း ဖြစ်သည်။

ဖန်ရှင်း၏ နောက်ကွယ်က အရာတစ်ချို့ကို မသိသည့် အတွက်သူက စတင်စိုးရိမ်လာသည်။

“မဟုတ်ဘူး မင်းသွားလို့ မရဘူး သေမှာ သေချာတယ်..

အခု ငြင်းပယ်ဖို့ အချိန် ရှိသေးတယ် မင်းအမတော် လင်းယွင်နဲ့ ရင်းနှီးတယ်လို့ မပြောခဲ့ဘူးလား သူ့ကိုခဏလောက် အကူအညီ တောင်းကြည့်ပါလား သူမက ဝင်ပါရင် မင်းကို ဘယ်သူမှ အတင်းအကျပ် ခိုင်းလို့ မရတော့ဘူး”

“တကယ်လို့ သူမနဲ့သာ ရင်းနှီးရင် ဘာလို့ငါက စိုးရိမ် ရမှာလည်း”

အရင်က ရှောင်မန်နှင့် ပတ်သက်ပြီး အမတော် လင်းယွင်နှင့် ဆက်ဆံရေးကောင်းကြောင်း ကြွားလုံး ထုတ်ခဲ့သည်။ တကယ်တမ်း တွင် အမတော်လင်းယွင် မပြောနှင့် ရှောင်မန်ကိုပင်ထပ်မတွေ့ ရသည်မှာ အခုထိဖြစ်သည်။

“ညီလေးဖန် အခုချိန်က မာနကို ခဝါချသင့်ပြီ မင်းတကယ်ကို စွမ်းအားကြီးတယ် ဆိုတာ သိပေမယ့် ဒီတစ်ခါ ရင်ဆိုင်ရမယ့်သူက ဟူချင်းနော်.. သူက လက်ရှိ အပြင်စည်း ဂိုဏ်းသားတွေထဲမှာ နံပါတ်တစ်ပဲ.. ဒီကိစ္စက အကျိုးမရှိဘူး ငါပြောတာမင်း နားထောင်ဖို့လိုတယ်”

“ဟုတ်ပါပြီ ပါးစပ်ပိတ်ထားစမ်းပါ”

ဖန်ရှင်းက စိတ်မရှည်ဟန်ဖြင့်ပြောလိုက်သည်

နောက်ထပ် စကားကို မပြောတော့ဘဲ ယုစန်းလျန်က တိတ်ဆိတ်စွာ မျက်လုံးမှိတ်လိုက်သည်။ သူ့မျက်လုံးထဲမှာတော့ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

ဖန်ရှင်းသည် သူ၏ ညီလေးကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား

အချိန်များ ကုန်ဆုံး လာပြီးနောက် ဖန်ရှင်းက

“ဒီဂိုဏ်းက ဘာလို့ ဒီလောက်အန္တရာယ် များတဲ့ တာဝန်တွေကို ခိုင်းရတာလည်း မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေလို့ ငါ့ကိုခေါ်ဖို့ အတင်း ဖိအား ပေးတာလား”

ဂိုဏ်းက ချိုးဖောက်ဆေးလုံး လိုတန်ဖိုးရှိသည့် ဆေးလုံးကို ရရန် တာဝန်ဝတ္တရားများ ချထား ပေးသည်။

တာဝန်ကို လက်ခံသောဂိုဏ်းသားက ပြန်လာလျှင် အရင်းအမြစ်များ ထောက်ပံ့သည့် အပြင် ချိုးဖောက်ဆေးလုံးပါ ချီးမြှင့်ခြင်း ခံရမည် ဖြစ်သည်။

ဟိုင်စန်းက မင်းကို တာဝန်ထဲမှာ ပါတဲ့လူအဖြစ် မှတ်တမ်း တင်ထား လိမ့်မယ် မင်းငြင်းချင် ရင်တောင် အချိန်မမီတော့ဘူး ဂိုဏ်းကလည်း မင်းကိုယ့်သဘောနဲ့ ကိုယ်လုပ် တယ်လို့ပဲ ထင်နေ လိမ့်မယ်”

“ဟုတ်ရဲ့လား..သူတို့ကို ဘယ်သူမှ မခေါ်ဘဲ သူတို့ ကိုယ်တိုင် ငါ့ဆီလာမှတော့ ဖုန်မထဘူး ဆိုရင် ညံ့ရာ ကျမှာပေါ့”

ဖန်ရှင်းက ကျေနပ်နေသော အပြုံးဖြင့် သွားပေါ်အောင်ပင် ရယ်နေလိုက်သည်။

ဖန်ရှင်း၏ ထိုအမူအရာကို မြင်လျှင် ယုစန်းလျန်က ဆွံ့အသွားသည်။

“ဟား..ဟား မင်းငါ့အတွက် စိတ်မပူနဲ့ အကိုတော် ယုရေ.. နောက်ဆုံး ဘယ်သူ အသက်ရှင် ကျန်မလည်း ဆိုတာ ဘယ်သူမှ မသိနိုင်သေးဘူး ”

ဖန်ရှင်းက ကောက်ကျစ်စွာ ပြုံးလိုက်ပြီး ယုစန်းလျန်၏ လည်ပင်းကို ခုန်ဖက်လိုက်သည်။

“သွားကြစို့ မရဏတာဝန်တွေအကြောင်း ငါ့ကိုပြောပြပေးပါ”

——————

အခြား တစ်နေရာတွင် ဟိုင်စန်းက သူ့ရှေ့မှ လူနှစ်ယောက်ကို မေးမြန်းနေသည်။

“သူတို့ ဘယ်သွားကြတာလဲ”

“သူတို့ ဝက်သားနဲ့ကြက်သားတစ်ချို့ သွားဝယ်နေတယ်”

“အင်း ဟုတ်ပြီ ဒါဆိုသူတို့ကို မျက်ခြေမပြတ် စောင့်ကြည့်ထား..

မင်းတို့ အတွက်တော့ ပင်ပန်းလိမ့်မယ် မျက်စိကို ရှင်ရှင် ထားပြီး မနက်ဖြန် အကိုဟူ လာမယ့် အချိန်ထိ ကြည့်ထားပေး.. သူတို့ ထွက်ပြေးသွားရင် ငါတို့ သေလိမ့်မယ်”

“ဟုတ်ကဲ့ အကိုတော်”

ဟိုင်စန်းဆီမှ စကား ရသည်နှင့် သူ၏ တပည့် နှစ်ယောက်က ဖန်ရှင်းတို့ အိမ်ဘက်သို့ ဦးတည်လိုက်သည်။

“နောက်ခံ မရှိတဲ့ မျောက်တစ်ကောင် အဖြစ် မွေးလာတာ မင်းအပြစ်ပဲ.. ဟား..ဟား”

ဟိုင်စန်းက သူ၏ ဝိဉာဥ် ကျောက်တုံးထည့်ထားသော အိတ်ကို စစ်ဆေးလိုက်သည်။ သူ၏ စိတ်ထဲတွင် အရမ်းလွယ်ကူ လွန်းသည်ဟု တွေးကာ ကျေနပ်နေလေသည်။

အပိုင်း(၂၉) ပြီး၏

Comment

Leave a Reply

Options

not work with dark mode
Reset