အပိုင်း(၂၈) ချိုးဖြတ်ရန် ခက်ခဲခြင်း
အရင်ညက ဖန်ရှင်းသည် အသိအမြင်ကျမ်းက ညွှန်ပြသည့် နည်းလမ်းဖြင့် ဆေးလုံးမှ ချီကို ကိုယ်တွင်းသို့ စုပ်ယူခဲ့သည်။
တစ်ညတည်းနှင့် ဖန်ရှင်းက ဝိဉာဥ် အဆင့်နှစ် ၏အစပျိုး အဆင့်မှ အထွတ် အထိပ်သို့ ရောက်သွားပြီး ဝိဉာဥ် အဆင့်သုံး ကိုရောက်ရန် ခြေတစ်လှမ်း သာလိုတော့သည်။
အစတွင် ဖန်ရှင်း၏ ပေါက်ကရ အသုံးပြု မှုကြောင့် နတ်ဆိုးဆေးလုံး ၏ ချီပမာဏ ကိုဖြုန်းတီးသလို ဖြစ်စေခဲ့သည်။
ဝိဉာဥ် အဆင့်သုံး သားရဲ၏ အမြူတေ ပင် ဖြစ်ပါစေ ချီအားလုံးကို ဆေးလုံးထဲတွင် စုသိပ်ထား ရန်တော့ မဖြစ်နိုင်ပါ။ ယင်းဆေးလုံးက အငွေ့ပျံနေသော ချီနှင့် ဆင်တူပြီး အသုံးမပြုပါက အချိန်ကြာလေ ဆေးလုံးထဲတွင် သိုလှောင်ထားသောချီ ကုန်ဆုံးလေဖြစ်သည်။
တစ်ညအတွင်း ထိုကဲ့သို့ အဆင့်တက်မှုက အဲ့ဖွယ်သရဲ ဖြစ်ရပ် ဖြစ်သည်။
ဖန်ရှင်း၏ အိမ်ကလေးဆီမှ ဆိုးရွားသောအနံ့သည် တစ်ခန်းလုံးကို ပျံ့နှံ့ကာ လှိုင်လှိုင် ထွက်နေခဲ့သည်။
နံနက် စောစောတွင် ယုစန်းလျန်က ရွှင်လန်းသော အမူအရာဖြင့် ရောက်ချလာသည်။
“ညီလေးဖန်..ငါဒီနေ့ အရက်ကောင်းတွေ ဝယ်လာတယ်”
ယုစန်းလျန် က တံခါး ဖွင့်လိုက်သည်နှင့်နံပုတ် နေသောအနံ့က သူ၏နှာခေါင်းထဲသို့ အလျင်အမြန် တိုးလာခဲ့၍ နောက်သို့ ကမန်းကတန်း ဆုတ်လိုက်ရသည်။
“ဒီအနံ့က ဘာကြီးလည်းဟ ညီလေးဖန်က အိပ်ရာပေါ်မှာ ချီးပါချထားတာဖြစ်ရမယ်”
ယုစန်းလျန်က ထိုသို့တွေးပြီး ခေါင်းတညိတ်ညိတ်ဖြင့် သူ၏မျက်နှာက ပြုံးယောင်သန်းနေသည်။
ဖန်ရှင်း၏ နေရာနှင့် မလှမ်းမကမ်းနေရာတွင် ချောင်းငယ်များ မှတစ်ဆင့် စီးဆင်းနေသော ရေကန် ငယ်လေးရှိပြီး ပတ်ဝန်းကျင်က တိတ်ဆိတ် ငြိမ်သက်ပြီး အလွန်သာယာသည်။
ဖန်ရှင်းက ရေကန်ထဲတွင် ရေငုတ်နေခဲ့သည်။ သူကယုစန်းလျန်၏ အသံကိုကြားပြီးနောက် ရေကန်ထဲမှ ခေါင်းပေါ်လာခဲ့သည်။
ဖန်ရှင်းကို မြင်သောအခါ ယုစန်းလျန်ကတစ်စုံတစ်ရာ ကိုပြောချင်နေသကဲ့သို့ ပါးစပ်က တလှုပ်လှုပ် ဖြစ်နေသည်။
ဖန်ရှင်းက
“အိပ်ရာခင်း အကြောင်း…ဆိုရင်တော့ မင်းကို ငါသတ်မိမယ်”
ဟုအော်ပြောကာ ရေထဲသို့ပြန်ငုတ်လိုက်သည်။
ယုစန်းလျန်က ထိုကဲ့သို့ မြင်ကွင်းကို မြင်တွေ့ရခြင်းသည် ဖန်ရှင်းအတွက် ရှက်စရာပင် ဖြစ်သည်။
ဖန်ရှင်း ကိုယ်တိုင်က သူ၏ အိပ်ရာခင်း မည်သို့ပေသွားကြောင်း မသိခဲ့ပါ။
သူက ဘာဆိုဘာမျှ ကိုမသိခဲ့ပါ။
ယုစန်းလျန်က တစ်စုံ တစ်ရာ တွေးမိဟန်ဖြင့်
“ညီလေးဖန် မင်းအိပ်ရာမှာ မစိုဘူးလို့
ဘာကြောင့် ပြောနိုင်တာလဲ”
ယုစန်းလျန်၏ လိုအပ်သည် ထက်ပို၍ စပ်ဖြီးဖြီး လုပ်နေသည့်ပုံကိုကြည့်ပြီး ဖန်ရှင်းက ယုစန်းလျန်မျက်နှာကို ခြေစုံကန်ချင်စိတ်ပင် ဖြစ်ပေါ်လာခဲ့သည်။
“ညီလေးဖန် မင်းအိပ်ရာ ထဲမှာ ချီးမလူးတာ ငါသိတယ် ဒါမဲ့ဘာလို့ လေးနာရီလောက် ရေကူး နေရတာလဲ”
ယုစန်းလျန်က နောက်ဆုံးတွင် ဖန်ရှင်း၏ အဝတ်များကို ဆေးကြောပေးခဲ့ပြီး ဖန်ရှင်း ရေချိုးနေစဥ် သူက ခြောက်သွေ့စေရန် အဝတ်များကို လှန်းထား လိုက်သည်။
ယုစန်းလျန်က သေချာ လျော်ဖွတ်ပေးခဲ့ပြီး ဖန်ရှင်း ကိုယ်တိုင်လည်း
နေ့စဥ် နံနက်တိုင်း ရေကန်တွင် ရေချိုးခဲ့ရသည်။
ယုစန်းလျန်က ဖန်ရှင်း၏ ရှက်ရွံ့စွာ မျက်နှာ ပျက်နေပုံ ကိုကြည့်ကာ ရယ်မောလိုက်သည်။
ထိုကဲ့သို့ မြင်ကွင်းမျိုးက မိစ္ဆာငယ်လေးတွင် မြင်ရသည်မှာ ရှားပါးသောမြင်ကွင်း ဖြစ်သည်။
နောက်ဆုံးတွင် ဖန်ရှင်းက ရေထဲမှတက်လာပြီး ယုစန်းလျန် ဆီသို့ ဦးတည် သွားခဲ့သည်။
“မိုက်မဲတဲ့ ဖက်တီး မင်းဒီအကြောင်း
လျောက်ပြောရင် သေပြီသာ မှတ်လိုက်တော့”
“သေချာတာပေါ့”
ယုစန်းလျန်က နားလည်မှု ရှိစွာ ပြန်ဖြေလိုက်ပြီး ရယ်သံကို ရပ်တန့်လိုက်သည်။
“လာ..လာ..မင်းကို တစ်ခုခု စားဖို့ လာခေါ်တာ.. မင်းရဲ့ အဝတ်တွေကို ခြောက်သွေ့အောင် လုပ်ပြီးရင် အိပ်ရာခင်းနဲ့ စောင်ကို ပစ်ထုတ်ပြီး အသစ်လဲရမယ် ငါ မင်းအခန်းက အနံ့ဆိုးတွေ ဖယ်ရှားဖို့ နံ့သာတိုင် ထွန်းပေး ခဲ့တယ်..အခုဒီမှာပဲ ခဏ စောင့်ကြတာပေါ့ မင်းအခန်းက ခုချက်ချင်း ဝင်ဖို့ အဆင် မပြေသေးဘူး ထင်တယ်”
ဖန်ရှင်းက ရေထဲသို့ ပြန်မဆင်းခင် အရက်ကို ကုန်းမော့လိုက်ပြီး ကြက်သားကို ပလုပ်ပလောင်း စားလိုက်သည်။
ထိုအချိန်တွင် ဖန်ရှင်းက ကောင်းကင်ကိုငေးကြည့်ပြီး အတွေးထဲ လွင့်မျောနေခဲ့သည်။
“မနေ့ညက ဘာတွေ ဖြစ်ခဲ့တာလဲ”
ရှည်လျားသော အိပ်မက်များ မက်ခဲ့သည့်ညတွင် ဖန်ရှင်းက တစ်ရက်တည်းဖြင့် ဝိဉာဥ်အဆင့် နှစ်၏ အထွတ် အထိပ် အဆင့်သို့ ရောက်လာသည်။
“ငါ့အိပ်မက် ထဲက ဖြစ်ရပ်တွေ အရဆိုရင် အသိအမြင်ကျမ်းက တကယ်ပဲအစွမ်း ထက်တဲ့ ရှေးဟောင်း လက်စွဲ စာအုပ်မျိုးလား”
ဖန်ရှင်းက သူ၏ ကြက်ကင်ကို မြိုချရင်း အရက်ကို မော့လိုက်သည်။ သူ၏ အစာအိမ်၌ အနည်းငယ် နွေးထွေးလာသည်။
ဖန်ရှင်း၏ ဖြစ်ရပ်က အိပ်မက်မဟုတ်ပါ သူ၏ ကျင့်ကြံမှုက
တကယ်ကို တိုးပွား လာခဲ့သည်။
သူက ထိုနည်းလမ်းဖြင့် ထပ်မံကြိုးစားကြည့် သောအခါ ဘာမှ မဖြစ်တော့ပေ။
နောက်ဆုံးတွင် သူက ချီကို ထပ်မံ မစုပ်ယူရန် ဆုံးဖြတ် လိုက်သည်။ သူက အကန့် အသတ်သို့ ရောက်နေပြီ ဖြစ်သည်။
သူ၏ ခြောက်သွေ့သော ဝတ်ရုံနှင့် ဆန့်ကျင်ဘက်ပင် အသားအရေမှာ ဖြူစင်ဝင်းမွတ် နေလေသည်။
လျော်ဖွပ်ပြီး စင်ကြယ်နေပြီ ဖြစ်သော ဝတ်ရုံကို ဝတ်ကာ အိမ်ကလေး သို့မပြန်မီ ယုစန်းလျန်နှင့်အတူ အသားနှင့် ဝိုင် အားလုံးကို စားပစ် လိုက်သည်။
အခန်းတွင်းရှိ အရာအားလုံးကို အသစ်များဖြင့် အစားထိုးထားပြီး အနံ့မစွဲစေရန် နံ့သာပေါင်းကို အဆက်မပြတ် ထွန်းထားရသည်။
ညဥ့်နက်ပိုင်းတွင် ဖန်ရှင်းက ဝိဉာဥ်ကျောက်တုံး ဖြင့်လေ့ကျင့်ရာ ဘာမှထူးခြား မလာသည် ကိုတွေ့ရ ပြီးသည့်နောက်တွင် သူသည်လည်း အကန့်အသတ်သို့ ရောက်နေပြီ မှန်း သိလိုက်သည်။
အရင်ညက ကျင့်ကြံခြင်း အဆင့် ခုန်ပေါက် တတ်သလိုမျိုး ကို စဥ်းစားမိပြီး ဖန်ရှင်းက ဖြစ်နိုင်ချေ အချို့ကို ခန့်မှန်းမိလိုက်သည်။
“ငါနတ်ဆိုး ဆေးလုံးကို သုံးမယ်ဆိုရင် အခုထက် ကျင့်ကြံခြင်းအဆင့် ပိုမြန်မယ်ထင်တယ် ”
ဖန်ရှင်းက အနည်းငယ် မကျေမနပ်ဖြစ်နေပြီး သူ၏နားရွက်များကို ကုတ်ခြစ်လိုက်သည်။
“နတ်ဆိုး ဆေးလုံးကို ငါက ဘယ်မှာ သွားရှာ ရမှာလဲ”
ထိုအတွေးများကို တွေးပြီးနောက် ဝိဉာဥ်ကျောက်တုံး ကိုထုတ်ကာ သူ၏ ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်လိုက်သည်။
ဟူချင်းသည် ဖန်ရှင်းဆီမှ ဂျင်းမိခံလာရကတည်းက ဖန်ရှင်းကို နေ့ရောညပါ ကြိုးစား ရှာဖွေခဲ့သည်။
သူက မှောင်ခိုစျေးတွင် မွှေနှောက်သွားသော ဓားပြကို မြင်ဖူး လိုက်တယ်ဆိုပြီး ဓားပြ၏ ပုံတူကို ဆွဲကာ လိုက်လံရှာဖွေခဲ့သည်။
ယင်းဖြစ်ရပ်က မှောင်ခိုစျေး နှင့်ဆက်စပ်မှု ရှိသောကြောင့် ဌာနအများစုမှ အကြီးအကဲများက ဟူချင်းကိုတားဆီးရန် မပြုလုပ်ကြပါ။
ဟူချင်းသည် သူခိုးကိုရှာဖွေရန် လူအုပ် တစ်စုနှင့်အတူ ချိုင့်ဝှမ်းများရှိ အိမ်ကလေး များဆီသို့ ရောက်ရှိခဲ့သည်။
ဖန်ရှင်း၏ အိမ်ကလေးပင် စစ်ဆေး သည့် စာရင်းထဲတွင် ပါဝင်ခဲ့ရပြီး ကလေးငယ်တစ်ဦး ဖြစ်ကြောင်းသိလိုက်သည်နှင့် ထပ်မံ မမေးမြန်း တော့ဘဲ ထွက်ခွာ သွားကြသည်။
လွန်ခဲ့သော တစ်နှစ်ခွဲက ဂိုဏ်းသားစုဆောင်းခြင်း အခမ်းအနားတွင် သူဖမ်းခဲ့သော ကလေး ဟူ၍ပင် မမှတ်မိတော့ချေ။
ယခုဖန်ရှင်းက သပ်ရပ်စွာ ဝတ်ဆင် ထားသောအခါ အရင်ကထက် ပိုပြီး ကြည့်ကောင်း လာခဲ့သည်။
နောက်တစ်လ အကြာတွင် ဓားပြရှာပုံတော် အောင်မြင်မှုမရှိဘဲ အဆုံးသတ် သွားရသည်။
ဖန်ရှင်းက ကျင့်စဥ်ကျင့်ရာတွင် ထက်မံတိုးတက်မှု မရှိတော့ သော်လည်း ဝိဉာဥ် အဆင့်နှစ်၏ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီ ဖြစ်သည်။
ဝိဉာဥ် ကျောက်တုံး များစွာကို အသုံးပြုပြီး ကျင့်ကြံသော်လည်းအောင်မြင်မှု မရခဲ့ပေ။
ထိုအတွက်ကြောင့် ဖန်ရှင်းက အလွန်ပင် စိတ်ပျက် အားလျော့နေသည်။
အတားအဆီးကို ဖြတ်ကျော်ရန်အတွက် ရုပ်နှင့်နာမ် နှစ်ခုစလုံးမှ ကြိုတင် ပြင်ဆင်မှုကို လုပ်ဖို့ လိုအပ်သည်။
ဒါမှမဟုတ် ဆည်ကျိုးသကဲ့သို့ အရှိန်အဟုန်ဖြင့် စီဆင်းသွားသော
လှိုင်းတံပိုး ကဲ့သို့ ချီများက ခိုင်ခံ့ကျစ်လစ်ဖို့လည်း လိုသေးသည်။
ဒါတွေက တကယ်တမ်း လက်တွေ့ကျသော နည်းလမ်းတော့ မဟုတ်ပေ။
သူလက်ရှိ လုပ်နိုင်သော အရာမှာ ဒေါသကို ဖြေလျော့ရန်နှင့် အခြေခံကို
ပိုပိုပြီး တစ်ဆင့်ပြီး တစ်ဆင့် ခိုင်ခံ့အောင်လုပ်ရန် သာဖြစ်သည်။
ကံကောင်းတာက ဟူချင်းဆီမှ ဝိဉာဥ်ကျောက်တုံးက အစစ်အမှန်ဖြစ်ပြီး ဖန်ရှင်းက ထိုကျောက်တုံးများကို အသုံးပြုကာ ဆက်လက် ကျင့်ကြံနေခဲ့သည်။
ထိုကဲ့သို့ ငြိမ်းချမ်းသော ဘဝလေးသည် ကြာရှည် မခံလိုက်ပါ။
—————-
နောက်ထပ်တစ်လအကြာတွင် ဖန်ရှင်းဆီသို့ အံ့အားသင့်စရာ ဧည့်သည် တစ်ဦး ရောက်ရှိလာသည်။
ထိုသူမှာ ဟူချင်းမှလွဲ၍ တခြားသူ ဟုတ်ရိုးလား
ဖန်ရှင်းက ဟူချင်းကို မြင်သည်နှင့် မိမိကို ဓားပြဟု ရိပ်မိသွားပြီဟု ထင်လိုက်ပြီး စိတ်ထဲ တုန်လှုပ် သွားမိသည်။
ဖန်ရှင်းက ဟူချင်းဘေးနားက အကိုလျူကို မမြင်ရသေးခင် တိုက်ခိုက်ရန်ပင် ကြိုတင် ပြင်ဆင် ထားသည်။
အကိုတော် လျူက ဟူချင်းရဲ့ အနောက်မှာ ရှိနေတုန်းပဲ။
ဖန်ရှင်းနှိပ်စက်တဲ့ ဒဏ်ရာက အရှင်းမပျောက်သေးဘဲ ယခုအချိန်အထိ ထော့နဲ့ ထော့နဲ့ လမ်းလျောက် နေရသည်။
အကိုလျူသည် ဒီနေရာသို့ ဟူချင်းကို ခေါ်လာခဲ့ခြင်းမှာ ကောင်းသော ရည်ရွယ်ချက် မရှိဘဲ ဖန်ရှင်းကို ချောက်တွန်းလိုသော ဆန္ဒက သူ၏ မျက်နှာတွင် ထင်ဟပ် နေသည်။
“အကိုဟူ ဒါကငါပြောတဲ့ အဆင့်နိမ့်ညီလေးပါ သူက အလုပ်ကိစ္စ အတွက် လိုအပ်တဲ့ သူတစ်ယောက် ဖြစ်လာလိမ့်မယ် ”
အကိုလျူက ဖန်ရှင်းဆီသို့ ညွှန်ပြပြီး ပြောလိုက်သည်။
“အခု မင်းရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက်လဲ”
ဟူချင်းက သူ၏နဖူးကို မျက်မှောင် ကုတ်လိုက်ပြီး ဖန်ရှင်း ဆီသို့ အာရုံစူးစိုက်လိုက်သည်။
ဝိဉာဥ်အဆင့်တွင် တခြားသူ၏ ကျင့်ကြံခြင်းကို အတိအကျ ခန့်မှန်းရန် အလွန် ခဲယဥ်းသည်။
အလွှာ တစ်ခုချင်းစီ ကြားက သိမ်မွေ့သော ကွဲပြားမှု များကို မျက်စိဖြင့် မမြင်နိုင်ချေ။
ဟူချင်းသည် ဝိဉာဥ်အဆင့်သုံး၏ ထိပ်ဆုံး အဆင့်တွင် ရှိသော်လည်း ဖန်ရှင်း၏ အဆင့်ကို မသုံးသပ် နိုင်ခဲ့ပေ။
“ခွေးမသား လျူ..မင်းက ဟူချင်းကို ဒီခေါ်ပြီး ဘာလာ ရှုပ်တာလဲ”
ဖန်ရှင်းက စိတ်ထဲတွင် ကျိတ်၍ ကျိန်ဆဲ လိုက်သော်လည်း အပြင်ဘက်တွင်မူ မုန်းတီးဟန် မပြဘဲ ဟူချင်းကို ထိတ်လန့်ဟန် ဆောင်နေခဲ့သည်။
သူက အမှန်အတိုင်း မပြောဘဲ
“ဝိဉာဥ် အဆင့်တစ်မှာပဲ ရှိနေတုန်းပါ အကိုတော်”
ဟူချင်းက ခေါင်းခါလိုက်ပြီး
” သူက သိပ်ပြီး အားနည်းလွန်းတယ်”
“အကိုဟူ ငါတို့ကို အကူညီပေးတဲ့သူက မရှိ သလောက်ပဲ သူ့ကို ခေါ်သွားရင် တောက်တို မယ်ရ ဖြစ်ဖြစ် ခိုင်းလို့ရတာပေါ့”
အကိုလျူ၏ စကားကို နားလည်သော ဟူချင်းက ခေါင်း တညိတ်ညိတ်ဖြင့် ရှိနေခဲ့သည်။
“ငါက ဂိုဏ်းက ပေးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ဆုံးဖြတ် လိုက်တယ်.. မင်း ငါနဲ့အတူ လိုက်မယ် ဆိုရင် အကျိုး ကျေးဇူး အများကြီး ရလိမ့်မယ် ဂိုဏ်းမှာလည်း ငါ့ရဲ့ကာကွယ်မှုကိုရလိမ့်မယ်”
“အန္တရာယ်ရှိတဲ့ တာဝန်ပဲဖြစ်ရမယ်”
ဖန်ရှင်းက အစောပိုင်း တွင် သေချာနားမလည် သော်လည်း အခု ဘာတွေ ဖြစ်နေမှန်း တော့ ကောင်းကောင်း သိလိုက်သည်။
ဟူချင်းက အဆင့်လေး သို့တက်လှမ်းရန် ချိုးဖောက် ဆေးလုံး ကိုလိုအပ်နေသည်။
ချိုးဖောက် ဆေးလုံး ပြုလုပ်ရန် သတ္တုရိုင်း အဆီအနှစ်အမှုန့် ကိုရှာဖွေ ခဲ့သော်လည်း ဖန်ရှင်း၏ ဂျင်းထည့်ခြင်းသာ ခံခဲ့ရသည်။
ထို့ကြောင့် သူ့တွင် ဂိုဏ်းမှ အန္တရာယ် ရှိသည့် တာဝန်ကို ထမ်းဆောင်ရန် မှတပါး ရွေးချယ် စရာ မရှိတော့ပေ။
ဖန်ရှင်းက ထိုသို့ အန္တရာယ်များသည့် တာဝန်ကို အဖော် မလိုက်ချင်၍ သူက ဝိဉာဥ်အဆင့်တစ် မှာပင်ရှိသေးကြောင်း ပြောပြလိုက်သည်။
“အကိုတော်ရဲ့ စေတနာကို ကျေးဇူး တင်ပါတယ် ကျနော်က ဝိဉာဥ်အဆင့်တစ်မှာသာ ရှိသေးတဲ့ အတွက် ဘာမှ အထောက် အကူပေးနိုင်မှာ မဟုတ်ဘဲ ဝန်ထုပ် ဝန်ပိုးသာ ဖြစ်လာ လိမ့်မယ်”
“ဟား ဟား ဒါက ပြသနာ မရှိဘူး အကိုဟူက မင်းကို စောင့်ရှောက်မှာပါ
မင်းရဲ့သတ္တိတွေ ဘယ်ရောက် သွားတာလဲ”
ဖန်ရှင်း၏ အကြောင်း ပြချက်ကို အကိုလျူက ပြန်ပြီး ချေပ လိုက်သည်။
အပိုင်း(၂၈) ပြီး၏