Switch Mode

Chapter – 27

လျို့ဝှက်ဆန်းကြယ် မျိုးဆက်နွယ်

အပိုင်း(၂၇) လျို့ဝှက်ဆန်းကြယ် မျိုးဆက်နွယ်

“ဟား..ဟား..အဝတ်အစား တွေကို ဝဲလိုက်တော့..ဒီငနဲ ငါ့ကို ဘယ်လိုခြေရာခံနိုင်တော့ မှာလည်း”

ဖန်ရှင်းက အပြန်လမ်း တွင် သူ၏ အဝတ်အစားကို ပစ်ထုတ်လိုက် ပြီး နဂို ရုပ်သွင်ကို ပြန်ပြောင်း လိုက်သည်။

ဟူချင်းက သူနဲ့ထိပ်တိုက် တိုးလျှင်ပင်
တစ်ပတ်ရိုက်သွားသော ဓားပြမှန်း သိလိမ့်မည် မဟုတ်တော့ပေ။

သူ၏ အကျီအိတ် ထဲမှ ပစ္စည်း အားလုံးကို သိုလှေင် လက်စွပ်ထဲ ပြောင်းထည့် လိုက်သည်။

ဟူချင်း၏ အဝေးမှ အသံကို ကြားလိုက်သော အခါ တွင် ဖန်ရှင်းက ပြုံးနေလိုက်သည်။

ဖန်ရှင်းက အိမ်သို့ရောက်တာနဲ့ တန်းပြီးအိပ်ရာ ဝင်လိုက်သည်။

ဖန်ရှင်းက အိပ်ရာပေါ်တွင် ရုတ်တရက် ထထိုင် လိုက်သည်။

လေးနာရီကြာ အိပ်စက်ပြီး နောက် ဖန်ရှင်းက ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် နေကြောင်း သတိထား မိလိုက်သည်။

ဖန်ရှင်းက နတ်ဆိုးဆေးလုံးကို ထုတ်ယူပြီးသေချာ ကြည့်ရှုကာ သက်ပြင်းချလိုက်သည်။

ကံကောင်း၍သာ နတ်ဆိုးဆေးလုံး အစစ်ကို ရရှိခြင်း ဖြစ်သည်ဟု တွေးနေခဲ့သည်။

ဖန်ရှင်းက နတ်ဆိုးဆေးလုံး ကို အာရုံစိုက် နေသည့်အချိန်တွင် အသိအမြင် ကျမ်းက သူ့စိတ်ထဲတွင်လှုပ်ရှားလာခဲ့သည်။

“တတိယ အဆင့် နတ်ဆိုးဆေးလုံး…ကုန်ကြမ်းကိုးခု ဖြင့်ဖန်တီးထားသည် ..ဝိဉာဥ် အစပျိုး ကျင့်သူအတွက် သင့်တော်သည်။

အသုံးပြုပုံ နည်းလမ်းသုံးမျိုး ရှိသည်။

ချီကို စုပ်ယူ၍ ဖြန့်ကျက်ရန်

အရက်ထဲတွင် စိမ်၍ သောက်သုံးရန်

ချီကို လေ့ကျင့်နေစဥ် လျှာအောက်တွင်ထားပြီး လေ့ကျင့်ရန်”

ထိုကဲ့သို့ နည်းလမ်းများသည် နတ်ဆိုးဆေးလုံး တစ်ခုတည်း အတွက်မဟုတ်ဘဲ တခြားသော ဆေးတောင့်များအပေါ်လည်း အသုံးပြုနိုင်သည်။

နတ်ဆိုးဆေးလုံး တစ်လုံးသည် ဝိဉာဥ်ကျောက်တုံး တစ်ရာနှင့်တန်ဖိုးညီမျှသည်။

ပုံမှန်ဆိုလျှင် ထိုသို့ တန်ဖိုးရှိသော ဆေးလုံးသည် အပြင်စည်းဂိုဏ်းသား ၏လက်ထဲတွင် ရှိမနေသင့်ချေ။

ဟူချင်းက ထိုဆေးလုံးကို မတော်တဆ ရရှိခဲ့ပုံရသည်။ ဆေးလုံးက အဖိုးတန်သလို အန္တရာယ်လည်း ကြီးမားပြီး သိမ်းဆည်းထားရန် အလွန်ခက်ခဲသည်။

တကယ်တမ်း သေချာတွက်ချက် ကြည့်လျှင် ရွှေသားတစ်သောင်းနှင့် ညီမျှသည်။ မြွေကိုးကောင် ဓားနှင့် တန်ဖိုးချင်း အတူတူပင် ဖြစ်သည်။

တစ်ခုပဲ ပြောစရာ ရှိတာက မြွေကိုးကောင်ဓားက ကြိမ်ဖန်များစွာ သုံးနိုင်ပြီး နတ်ဆိုးဆေးလုံးက တစ်ကြိမ်တည်းသာ အသုံးပြုနိုင်သည်။

ချိုးဖောက် ဆေးလုံး ပြုလုပ်ရန် ကုန်ကြမ်းများစွာ လိုအပ်သည့် အတွက် တစ်ဆင့်နိမ့်သော နတ်ဆိုးဆေးလုံး ကို ချမ်းသာသော သူများ အသုံးပြု ကြသည်။

ဖန်ရှင်း၏ ဒီတစ်ခေါက် မှောင်ခိုစျေးတွင် ဖုန်လိုက်တိုက်မှုက အကျိုးအမြတ် များစွာ ဖြစ်ထွန်းစေခဲ့သည်။

သာမန်ဂိုဏ်းသား တစ်ဦးအတွက် ဝိဉာဥ်အဆင့်တစ်မှ အဆင့်နှစ်ကိုရောက်ရန် အရင်းအမြစ် အချို့ လိုအပ်ပြီး တစ်နှစ် သို့မဟုတ် နှစ်နှစ်..သုံးနှစ်လောက် ကြာနိုင်သည်။

ဝိဉာဥ် အဆင့်သုံးသို့ ရောက်လျှင် ဝိဉာဥ် အဆင့်လေး သို့ရောက်ရန် သုံးနှစ် သို့မဟုတ် ထို့ထက်ပိုသော အချိန်များစွာ လိုအပ်နိုင်ပြီး တစ်သက်လုံး မရောက်ခြင်းလည်း ဖြစ်ပွားနိုင်သည်။

“ငါကအခု ဝိဉာဥ် အဆင့်နှစ်ရဲ့အစပျိုး အဆင့်ကိုရောက်နေပြီ အခုငါ့မှာ နတ်ဆိုးဆေးလုံး ရှိတယ်.. ဝိဉာဥ်အဆင့်သုံးကို ရောက်ဖို့ ဘယ်လောက်တောင် အချိန် ယူရမှန်းမသိဘူး”

ဖန်ရှင်းက သူ့ကိုယ်သူစဥ်းစားခန်းဝင်နေခဲ့သည်။ သူကဆက်လက်အိပ်ဖို့

စိတ်မပါတော့ဘဲ အိပ်ရာပေါ်တွင် ခြေထောက်များကို တပလ္လင်ခွေ ထိုင်လိုက်သည်။

ချီအတက် အကျကို သေချာအာရုံခံပြီး သွေးကြောများထဲသို့ ပျံ့နှံ့အောင် လုပ်လိုက်သည်။ အရင်က ထိုသို့ကျင့်ကြံလျှင် လေထဲတွင် ဝိဉာဥ်ကျောက်တုံးက လွှင့်မျှောနေပြီး ယခုထိုနေရာတွင် နတ်ဆိုးဆေးလုံးက လွှင့်မ​ျှောနေခဲ့သည်။

ဆေးလုံးမှချီကို စုပ်ယူမှုမှာ အတော်လေး မြန်ဆန်သော်လည်း သူအရင်ကြားဖူးခဲ့သော နတ်ဆိုးဆေးလုံး၏

ကောလဟလနှင့် ယှဥ်လျှင် များစွာ နှေးကွေးနေသည်ဟု ခံစားလိုက်ရသည်။

သူကချီ အတက်အကျကို ခဏရပ်တန့်ကာ သူ၏နံပါတ်ရှစ် ဦးလေးဆီမှ ရသော အရက်ပုလင်းကို ထုတ်ယူလိုက်သည်။

ငါဒုတိယ နည်းလမ်းကို စမ်းကြည့်ရမယ်

ဖန်ရှင်းက ထိုသို့ တွေးပြီးသည် နှင့် အရက်ပုလင်း ထဲသို့ နတ်ဆိုး ဆေးလုံးကို ပစ်ချလိုက်သည်။

အရက် ပုလင်းကို ခပ်ကြမ်းကြမ်းလေး ခလောက် လိုက်ပြီး အထဲတွင် အရည်ပျော်ပြီလား ဟုချောင်းကြည့်လိုက်သည်။ ဆေးလုံးက အရက်ထဲတွင်မပျော်ဝင်ဘဲ ရှိနေသည်ကိုသာ တွေ့ရသည်။

ဆေးလုံးက အရက်ထဲမှာ မပျော်ဝင်သွားသော်လည်း အရက်ကတော့ အရင်ထက် ပိုပြီး မွှေးကြိုင် လာခဲ့သည်။

“အား..ဟား..ဒါက.. အဆင့်မြင့် အရက်ကိုအခမဲ့ သောက်နေရသလိုပဲ”

အရက်သောက်ရင်း ကြီးပြင်းလာသော
ဖန်ရှင်းအတွက် အလွန်ပင်ကျေနပ်နေခဲ့သည်။

သူ၏ လည်ချောင်းမှတစ်ဆင့် အစာအိမ်ထဲသို့ စီးဆင်းသွားပြီး ခန္ဓာကိုယ် တစ်ခုလုံး နွေးထွေးသွားသည်ဟု ခံစားလိုက်ရသည်။

ဖန်ရှင်းက အရက်မှ ချီများကို အလျင်အမြန် သွေးကြောများသို့ ပို့ဆောင်ပြီး လည်ပတ်လိုက်သည်။

ခဏအကြာတွင် အရက်က ကုန်ခါနီးလာသည်။

ဖန်ရှင်းက တတိယနည်းကို စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။

နတ်ဆိုးဆေးလုံးကို လျှာအောက်တွင် ထားပြီး ချီကို စုပ်ယူရမည်ဖြစ်သည်။

ထိုသို့ မလုပ်သေးခင် အသားနှင့်အရက်များကို ပါးစပ်ထဲ ထိုးသိပ် လိုက်သေးသည်။

ပြီးနောက် နတ်ဆိုးဆေးလုံးကို လျှာအောက်တွင် ထားလိုက်သည်။ ရုတ်တရက် သူကနင်သွားပြီး အရက်ကို ကမန်းကတန်း ကောက်မော့လိုက်ရာ နတ်ဆိုးဆေးလုံးက လျှာအောက်မှ တစ်ဆင့် ဗိုက်ထဲသို့ ရောက်သွားတော့သည်။

ဖန်ရှင်းက ထိတ်လန့်သွားပြီး

“အာ…ငါမျိုမိလိုက်တာလား..”

နတ်ဆိုး ဆေးလုံးသည် အဆိပ် မဟုတ်သော်လည်း မြိုချရသည်ဟူ၍ အရင်က မကြားခဲ့ဖူးပါ။

ရယ်ရမလို ငိုရမလို ဖြစ်နေသော ဖန်ရှင်းသည် ဘာလုပ်ရင် ကောင်းမလည်းဟု အသေအချာ စဥ်းစားနေပြီး နောက်ဆုံးတွင် အိပ်ဖို့သာ
ဆုံးဖြတ်လိုက်သည်။

အနည်းဆုံး ဟူချင်း လက်ထဲမှာ ထက်စာရင် ငါဗိုက်ထဲမှာရှိတာက ပိုကောင်းတယ်

——————-

ဖန်ရှင်း အိပ်ပျော် သွားသောအခါ နတ်ဆိုးဆေးလုံး က ချီများ ထုတ်လွှတ်နေပြီး အရိုးများ အထိ ချီများပြည့်နှက်နေခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ချီများ ကြွယ်ဝလာသည်။

သူ၏ မွေးညှင်းပေါက်များမှ တစ်ဆင့် ကိုယ်တွင်းရှိ မလိုအပ်သော အညစ်အကြေးများ စွန့်ထုတ်လာပြီး
အနံ့က မခံမရပ်နိုင်အောင် နံစော်နေသည်။

ကျင်၏ စီးဆင်း ဖြန့်ကျက်မှုက ပို၍အရှိန်ရလာပြီး ကြွက်သားများကပါ အားအင် ပြည့်ဖြိုးလာခဲ့သည်။

သူ၏ ခံနိုင်ရည်အား အကန့်အသတ်ကိုပင် ရောက်လာခဲ့သည်။

ဖန်ရှင်းက အိပ်ပျော်နေသော်လည်း နာကျင်လွန်းသဖြင့် မသိစိတ်က ညည်းညူနေမိသည်။

ဖန်ရှင်းက မတော်တဆ မြိုချမိခြင်းသည် အလွန်ပင် မှားယွင်းစေခဲ့သည်။

အသိအမြင်ကျမ်းက နတ်ဆိုးဆေးလုံး အသုံးပြုပုံအမျိုးမျိုးကို ဖော်ပြထား

သော်လည်း တိုက်ရိုက်မြိုချသည့် နည်းတော့မပါဝင်ပါ။

ထိုဆေးလုံးတွင် ဝိဉာဥ်အဆင့်သုံး သားရဲ၏ အမြူတေ တစ်ခုလုံးပါဝင်သည်။ ဖန်ရှင်းက ယခုမှ အဆင့်နှစ်သို့သာရောက်သေးသည်။

နတ်ဆိုးဆေးလုံးက ဖန်ရှင်းထက် ချီပမာဏ ပိုများသည်။

ဆိုရလျှင် လူတစ်ယောက်က ဆင်တစ်ကောင်လုံးကို တစ်ရက်တည်းနှင့် မြိုချဖို့ ဘယ်လိုမှ မဖြစ်နိုင်ပေ။ ဖြစ်နိုင်သည်ထားဦး အစာကြေဖို့က အချိန်အတော် ယူရမည်ဖြစ်သည်။

ဖန်ရှင်းက ချီပမာဏ အကန့်အသတ်သို့ ရောက်ရှိလာပြီး ခန္ဓာကိုယ် ပေါက်ကွဲရန် နီးစပ်လာခဲ့သည်။

ဖန်ရှင်း၏ ကြွက်သားများ ရောင်ရမ်းလာခဲ့ပြီး သူ၏သေးငယ်သော မျက်နှာက နီရဲတွတ်နေခဲ့သည်။

ဖန်ရှင်းက အိပ်ပျော်နေသောအခါ အိပ်မက်များပင် မက်နေလေသည်။

အိပ်မက်ထဲတွင် သူကရှစ်နှစ်အရွယ်ကို ရောက်နေပြီး ကွေးရန်တောင်၏ရန်သူများက သူ့ကိုဖမ်းမိကာ ကြိုးဖြင့်ဇောက်ထိုးဆွဲထိုးပြီး ဦးခေါင်းကိုရေထဲနှစ်၍ သေဆုံးစေ ​ခဲ့သည်။

“ငါမင်းတို့ကို သတ်ပစ်မယ်”

ဖန်ရှင်းက ထိုသို့ ရေရွတ်လိုက်ပြီး သူ၏ လက်ကို ယမ်းလိုက်ရာ လေကိုသာခုတ်မိသွားပြီး သူ၏ ရန်သူများက သူ့ကို လှောင်ပြောင်နေကြသည်။

ကျင်နှင့်ချီသည် ဖန်ရှင်း၏ ခန္ဓာကိုယ် အထွတ်အထိပ်သို့ ရောက်သွားပြီး ခန္ဓာကိုယ်က ပေါက်ကွဲလာမည့်အချိန်တွင် အသိအမြင်ကျမ်းက အသက်ဝင်လာခဲ့သည်။

သန်းနှင့်ချီသော အချက်အလက်များက ဖန်ရှင်း၏ ဦးနှောက်ဆီမှ ချီကိုစုပ်ယူလိုက်ပြီး နာကျင်မှုကို သက်သာစေခဲ့သည်။

အသိအမြင်ကျမ်း သည်အချက်အလက် စုံလင်စွာရှိသည့် ကြီးမားသော စာကြည့်တိုက်ကြီး ဖြစ်ပြီး ထိုထဲတွင် အတတ်ပညာ အမျိုးစုံ ပါဝင်သည်။

ဆိုရလျှင် ကျင့်ကြံသူ တစ်ဦး၏ မှတ်ဉာဏ် နှင့်တူသည်ဟူ၍ပင်ပြော၍ ရသည်။

ထိုအတွက်ကြောင့် ဖန်ရှင်းက ပစ္စည်းအမျိုးမျိုးကို သုံးသပ်နိုင်ပြီး ကျင့်ကြံသူတို့၏ အဆင့်ကို ခန့်မှန်းနိုင်ခဲ့သည်။

နတ်ဆိုးဆေးလုံးက သူ၏ချီကိုအမြင့်ဆုံးအထိ တိုးမြင့်စေခဲ့ပြီး ပိုလျှံနေသော ချီများကို အသိအမြင်ကျမ်းက ရုတ်တရက် စုပ်ယူလိုက်သည်။

ဖန်ရှင်း၏ဦးခေါင်းက လင်းလက်လာပြီး ထိုအလင်းတန်းက ကောင်းကင်၏ အမြင့်ဆုံး နေရာသို့ ရောက်ရှိသွား ခဲ့သည်။

ခန့်မှန်း၍ မရနိုင်သော အလျင် မျိုးဖြင့် ထိုအလင်းတန်းသည် ကမ္ဘာကြီး၏ စည်းမျဥ်းအချို့ကို ရိုက်ချိုးပြီး ကောင်းကင်၏ အမြင့်ဆုံး နေရာသို့ရောက်သွားသည်။

အကန့်အသတ်မဲ့သော နဂါးငွေ့တန်းများ အတွင်း ကြယ်များက ပျံ့နှံ့စွာ တည်ရှိနေသည်။

ကြယ်ပွင့် ကုန်းမြေမှာ ဧရာမ အနက်ရောင် ခေါင်းတလားကြီး တစ်လုံး လေထဲတွင် လွှင့်မျှောနေခဲ့ပြီး ယင်း၏ တည်ရှိပုံက ထာဝရတံဆိပ် ခတ်ထား သည့်အလား ထိုနေရာတွင် ရှိနေသည်။

ကောင်းကင်ပေါ်သို့ ရောက်ရှိလာသော အလင်းတန်းသည် ခေါင်းတလား ပေါ်သို့ကျရောက် သွားသည်။

အချိန် အနည်းငယ်ခန့် အကြာတွင် ခေါင်းတလား၏ အဖုံးက အနည်းငယ် ပွင့်သွားပြီး အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်သည်။

ထိုအလင်းတန်းက ဂြိုလ်တစ်လုံးကို ဝင်ရောက်ပြီး လေထုနှင့် သံလိုက်စက်ကွင်း များကိုအံတုကာ တောင်ပိုင်း ကျန်းပူတိုက်ကြီး ၏ချူဖန်းနိုင်ငံ သို့ဝင်ရောက်လာပြီး နောက်ဆုံးတွင် ချင်းယန် ဂိုဏ်းသို့ ရောက်လာခဲ့သည်။

ထိုအလင်းတန်းကို ချင်းယွင်ဂိုဏ်း တစ်ဂိုဏ်းလုံးမှ ထောင်နှင့်ချီသော ဂိုဏ်းသားများက အံ့သြတကြီး ငေးမောနေကြပြီး မယုံနိုင်စွာဖြင့် မျက်လုံးများကိုပင် ပွတ်ကြည့်မိကြသည်။

ကြယ်ကုန်းမြေ တွင်တော့ ခေါင်းတလားက အရင်အတိုင်း ဆက်လက် လွင့်မျောနေသည်။

ထိုအလင်းတန်းက ဖန်ရှင်းဆီသို့ ဦးတည်လာခဲ့ပြီး ဦးနှောက်မှတဆင့် နှလုံးသားထိတိုင် စီးဆင်းလာခဲ့ပြီး ခန္ဓာကိုယ်ကို ထိန်းညှိပေးလိုက်သည်။

“မေမေ..”

ဖန်ရှင်းက တစ်ခါမှ အကျွမ်းတဝင် မရှိသော စကားကို ရေရွတ်လိုက်သည်။

ဖန်ရှင်းကယခုထိအိပ်မက်မက်နေဆဲဖြစ်သော်လည်း ရက်စက်သောမျက်နှာများကို မတွေ့ရတော့ပါ။ထိုအစား ချိုမြသော အိပ်မက်များက အစားထိုးလာပြီး နွေးထွေးမှုကို ခံစားလာရသည်။

ပန်းဥယျာဥ်တစ်ခုတွင် ဖန်ရှင်းက အဖြူရောင် ဝတ်ဆင်ထားသည့် အမျိုးသမီး၏ ပေါင်ပေါ်တွင် ခေါင်းတင်ထားသည်။

သူမ၏ မျက်နှာကို သေချာ မမြင်ရပေ။ရှေးခေတ်သီချင်းကို သီဆိုပြီး ဖန်ရှင်းကိုချော့သိပ် နေခဲ့သည်။

နှစ်ပေါင်းသုံးထောင်ခန့် သက်တမ်းရှိသည့် ဆံပင်ဖြူ များကလေထဲတွင် လွင့်မျောနေခဲ့သည်။

သူ၏ အသိတရားက အသိအမြင်ကျမ်းစာကို ကြည်ညိုလာခဲ့သည်။

သွေးကြောတွေရဲ့လမ်းကြောင်းကိုအံတုပြီး ဝိဉာဥ်စွမ်းအားက စီးဆင်းရာ အသက်ဓာတ်ကို တိုးပွားစေခဲ့သည်။

ရုတ်တရက် ဖန်ရှင်းက လန့်နိုးလာပြီး

သူ၏လက်ကို ဖမ်းဆုပ်လိုက်ရာ လေကိုသာ ဆုပ်မိသွားသည်။

ဒီနောက်တွင် ဖန်ရှင်းက သူ၏အိပ်မက်ကို ပြန်ပြီးစဥ်းစားလိုက်သည်။

“ဆံပင်ဖြူနေသည့်အမျိုးသမီးက အသိအမြင်ကျမ်းစာက တစ်ဆင့် ငါ့ဆီရောက်လာတာလား”

ဖန်ရှင်း၏ နှုတ်က ထပ်တလဲလဲ မေမေလို့ရေရွတ် နေမိသည်။

“အမေ… အမေ”

ယင်းနောက် ဖန်ရှင်းက ကျင်ကိုချီအဖြင့် ပြောင်းလဲရန် တပလ္လင်ခွေပြန်ထိုင်လိုက်သည်။

အပိုင်း(၂၇) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset