Switch Mode

Chapter – 26

အရှက်ရစွာ ပြန်လာရခြင်း

အပိုင်း(၂၆) အရှက်ရစွာပြန်လာရခြင်း

“ဟား ဟား မင်းကငါ့ကို ဖာကျဖို့ကြိုးစား နေတာလား ကလိမ်ကကျစ်ရ…ဒီကိစ္စ နဲ့ ပတ်သက်လို့ ငါက ကြိုတင်ပြင်ဆင်မှု မလုပ်ခဲ့ဘူး လို့များ ထင်နေတာလား”

ဖန်ရှင်းက သူ၏နဖူးကို ဖြေလျော့လိုက်ပြီး ခနဲ့လိုက်သည်။

“ငါ့ကို လှည့်စားဖို့ ကြိုးစားချင်တာလား..ငါရဲ့ ကျင့်ကြံမှုက မင်းနဲ့သိပ်ပြီး ကွာတာ မဟုတ်ဘူးနော်.. မင်းက ငါ့ကို ထိရဲတဲ့ သတ္တိရှိလို့လား.. နောက်တစ်နေ့ နေထွက်တာကို မမြင်ချင်ရင် စမ်းကြည့်လိုက်လေ
မင်းကို ဘယ်သူမှ မသိဘူးလို့ မင်းထင်နေတာလား ဟား..ဟား..ဟား.. ဒီကိစ္စ မတိုင်ခင်ထဲက ငါက မင်းဘယ်သူလည်း ဆိုတာ သိနေပြီးသား..ဒါကြောင့် ငါစာတစ်စောင် ချန်ခဲ့တယ် ငါတစ်ခုခု ဖြစ်တာနဲ့ မင်းရဲ့အကြောင်းကို တစ်ဂိုဏ်းလုံး သိအောင်ဖွဖို့ စီစဥ် ထားတယ်”

ဟူချင်း၏ တစ်ကိုယ်လုံးက ချွေးများရွှဲနစ်နေပြီး ဖန်ရှင်း အနီးသို့ တိုးကပ် လာသည်။

သူ၏ဓားကို ဖန်ရှင်းရှိရာသို့ ချိန်ရွယ်ထားလိုက်သည်။

ဓားကိုယ်ထည် တွင် မှော်စာလုံးများစီရင်ထားပြီး ငွေရောင် တစ်လက်လက် ထကာ ဓားလမ်း တစ်လျောက် အေးခဲ သွားစေနိုင်သည့် အရှိန်ဖြင့် ဓား၏ ပတ်ပတ် လည်တွင် ဝိုင်းရံလျက် ရှိနေသည်ကို ကြည့်ခြင်းအားဖြင့် အပေအတေ ဓားမဟုတ်ကြောင်း သိရှိနိုင်သည်။

“ငါ့ကို ပြောပြစမ်း ငါမှန်း ဘယ်လိုလုပ် သိသွား တာလဲ”

ဟူချင်းက ဖန်ရှင်းကို အစဖျောက်ရန် ကြံစည်သော အချိန်တွင် ဟူချင်း၏ သရုပ်မှန်ကို ဖန်ရှင်းက ဖော်ထုတ် လိုက်ရာ သူ့ကို အနည်းငယ် ထိတ်လန့်စေခဲ့သည်။

အထူးသဖြင့် ဖန်ရှင်း၏ အရံ အစီအစဥ်နှင့် ပတ်သက်၍ သူက စိတ်ပူနေခြင်းဖြစ်သည်။

တစ်ဖက်တွင်မူ ဖန်ရှင်းက ဟူချင်းကို လန့်အောင် ခြိမ်းခြောက်ပြီး အချိန်ဆွဲထားကာ လွတ်မြောက်ဖို့ လမ်းစကို ရှာနေခဲ့သည်။

“မင်းက တကယ့် ငမိုက်သားပဲ အပြင်စည်း တပည့်တွေ ဒီလောက် အများကြီး ရှိတာ ဘယ်သူက သတ္တုရိုင်း အဆီအနှစ် အမှုန့် လိုအပ်တယ်လို့ ကြားမိလည်း”

ဖန်ရှင်း၏ စကားလုံးညများက ဟူချင်း၏ ခြေလှမ်းကို တုံ့ဆိုင်းစေ ခဲ့သည်။ သူက ကိုယ့်ကိုယ်ကို ပါးနပ်တယ်လို့ ထင်ခဲ့ပေမယ့် အခြေခံ အချက်များက သူဘယ်သူလည်း ဆိုတာ ရုပ်လုံး ပေါ်လာစေခဲ့သည်။

လွန်ခဲ့တဲ့ တစ်နှစ်ခွဲက လက်ခံခဲ့သော ဂိုဏ်းသား အသစ်များမှ လွဲ၍ ကျန်အပြင်စည်း ဂိုဏ်းသား အားလုံးသည် လူဟောင်းများ ဖြစ်ကြပြီး.. မည်သူမှ နောက်တစ်ဆင့် သို့မတက်လှမ်း နိုင်ခဲ့ပါ။

အပြင်စည်း ဌာနတွင် ဘယ်သူမှ ဝိဉာဥ် အဆင့်လေး ကို ချိုးဖြတ် ရောက်ရှိရန် မဖြစ်နိုင်သေး သည့်အပြင် အဆင့်လေးသို့ တက်လှမ်းရန် ချိုးဖောက် ဆေးလုံး လိုအပ်သူ လက်တစ်ဆုပ်စာသာ ရှိခဲ့သည်။

တကယ်တမ်း သေချာ စိစစ်လိုက်လျှင်
ထောင်ချီသော ဂိုဏ်းသား ထဲတွင် ဟူချင်းမှ လွဲ၍ မည်သူမှ ထိုအဆင့်သို့ ချိုးဖြတ်ရန် မဖြစ်နိုင် သေးပါ။

ဟူချင်း၏ စွမ်းအားက ဂိုဏ်းသို့ စဝင်ဝင်ခြင်းတွင်ပင် ဝိဉာဥ်အဆင့်နှစ်သို့ ရောက်နေပြီ ဖြစ်သည်။

သူ၏ မိတ်ဆွေဟောင်း တစ်ဦးက ဆေးလုံးများ အသုံးပြုပြီး သူ၏ကျင့်ကြံခြင်း အရှိန်ကို မြှင့်တင်ပေးခဲ့သည်။

ယခုသူက ဝိဉာဥ်အဆင့်သုံးသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကာ အဆင့်လေးသို့ တက်လှမ်းရန် အခက်အခဲ တချို့ ရင်ဆိုင်နေရသည်။

ဒန်ရှားချိုင့်ဝှမ်း တိုက်ပွဲက သူ့ကို ဝိဉာဥ်အဆင့်သုံးသို့ ရောက်နေမှန်း တစ်ဂိုဏ်းလုံးကို ကြေငြာ လိုက်သလိုဖြစ်ခဲ့သည်။

“သူငါ့ကို ခန့်မှန်းနိုင်တာ မဖြစ်နိုင်ဘူး.. သူငါ့မှန်း ဘယ်လို သိနေတာလဲ”

ဟူချင်းသည် စဥ်းစားနေရာမှ သတိပြန်ဝင်လာပြီး သူ၏ဓားကို ဖန်ရှင်းဆီသို့ထပ်မံ ချိန်ရွယ်ထားသည်။

ထိုမျှ စေ့စပ် သေချာသော သူသည် ချမ်းသာသော မိသားစုမှ သာမန်သခင်လေးနှင့် လုံးဝမတူဘူးဟု သူကခံစားမိသည်။

ဖန်ရှင်းက ဟူချင်း၏ အာရုံကိုစုစည်းရန် အချိန်မပေးခဲ့ပါ။

“ငါ့မှာ သံသယရှိတဲ့သူ ဒါဇင်လိုက်ရှိတယ်..မင်းမှန်း ဘယ်လိုသိလည်းဆိုတော့ ငါက အပြင်စည်းဌာနမှာ အလုပ်လုပ်ခဲ့တာ သံသယ ရှိတဲ့သူတွေထဲက တစ်ဝက်လောက်က ငါနဲ့သိတယ်..ဒါ့အပြင် မှောင်ခိုစျေးမှာလူတိုင်းက အနက်ရောင် မျက်နှာဖုံးကို ဝတ်ဆင်တာ များပေမယ့် မင်းကတော့အဖြူရောင် မျက်နှာဖုံးကို ဝတ်ဆင်ခဲ့တယ် မင်းရဲ့ဝတ်ရုံကလည်း အဖြူရောင်ဖြစ်ပြီး သန့်ရှင်းနေတယ်..ဒါကိုကြည့်ရင် မင်းက အဖြူရောင်ကို နှစ်သက်တယ် လို့ ငါသိလိုက်တယ်.. ဟား..ဟား.. အခုလို သုံးသပ်လိုက်တော့ ဘောင်ကျဥ်း သွားပြီး သံသယ ရှိသူ အနည်းငယ်ပဲ ကျန်တော့တယ်.. မင်းရဲ့ ချွေးနံ့က အရမ်းအနံ့ ထွက်တယ်ဆိုတာ မင်းသိရဲ့လား”

အနံ့ကို မခံနိုင်သည့် ဟန်ဖြင့် ဖန်ရှင်းက သူ၏လက်ကို နှာခေါင်းနားတွင် ကာလိုက်သည်။

အံ့အားသင့် နေသော ဟူချင်းသည် သူ၏လက်ကို နမ်းရှုံ့လိုက်ပြီး ဖန်ရှင်းကို စိုက်ကြည့်နေသည်။

ဖန်ရှင်းက သံပူတုန်း ဆက်၍ထုလိုက်သည်။

“ငါ မှောင်ခိုစျေးက ပြန်ရောက်ထဲက ဒီအချက် တွေနဲ့ ကိုက်ညီတဲ့သူကို ရှာနေတာပဲ.. ဒီလောက် အချက်တွေအများကြီးကို တွက်ချက်ပြီး မင်းမှန်း မသိဘူးဆိုရင် ငါကညံ့လွန်းရာ ကျမနေဘူးလား.. မင်းရဲ့ နဖူးဘေးက မှဲ့သေးလေးက မင်းဆိုတာ ပိုပြီး ထင်ရှားစေတဲ့ အချက်ပဲ.. အရင်က ငါက မင်းနဲ့ အေးအေး ဆေးဆေး ပစ္စည်း ဖလှယ်ဖို့သာ စဥ်းစား ထားတယ် ငါကမင်းကို မဖော်ပြ ချင်ပေမယ် မင်းကငါ့ကို ဖာကျဖို့ ကြိုးစား ရဲတယ်”

ဟူချင်းက တစ်ကိုယ်လုံး တုန်ယင်သွားပြီး ကျောရိုး တစ်လျောက်ပင် ချမ်းစိမ့်စိမ့် ခံစားလိုက် ရသည်။

အရင်က ထိုလူအား ဂိုဏ်းအတွင်း သြဇာအာဏာ ရှိသော အကြီးအကဲ တစ်ဦး၏ ပေါ့ပေါ့နေ ပေါ့ပေါ့စား အရည်အချင်း မရှိသည့် လူငယ်တစ်ဦးအဖြစ် ရှုမြင် ခဲ့သည်။

ဟူချင်းက ထိုကဲ့သို့သော လူမျိုးကို ဂရုစိုက် တတ်သော သူမဟုတ်ပေ။

အထူးသဖြင့် ဖန်ရှင်းအား ခန့်မှန်းတွက်ချက်ခြင်း နှင့် သတိရှိခြင်း တို့တွင်အလွန် တော်သော ကလေး ဟူ၍
အိပ်မက် ထဲတွင်ပင် ထည့်မက်မိမည် မဟုတ်ချေ။

ထိုအချိန် အတွင်း ဟူချင်းက ဖန်ရှင်း၏ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်များကို လေ့လာ အကဲခတ် လျက်ရှိသည်။

ဖန်ရှင်းက ဟူချင်းကို အယုံသွင်းဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း ရိပ်မိလိုက်သည်။

လှည့်ကွက် အနည်းငယ် သုံးလိုက်လျှင် ဖန်ရှင်းက ဒီနွံထဲမှ လွတ်မြောက်ဖို့

မဝေးတော့ဟု သတ်မှတ်လိုက်သည်။

ဖန်ရှင်းက မျက်နှာတွင် အုပ်ဆောင်းထားသော အနက်ရောင် ဇာပုဝါကို ချွတ်ချလိုက်သည်။

ဝမ်လူမျက်နှာဖုံးကို ဖန်ရှင်းစွပ်ထားမှန်း ဟူချင်းက မသိထားချေ။

ထို့ကြောင့် သူ့အမြင်တွင် ဖန်ရှင်းက လူရွယ် တစ်ယောက် ဟုထင်လိုက်မိသည်။

“ငါဒီကို ရောက်လာတာ တကယ်တော့ ပစ္စည်းချင်း ဖလှယ်ရုံပဲ ဒီလိုအကျည်းတန်တဲ့ မြင်ကွင်းမျိုး မဟုတ်ဘူး မင်းကိုငါ လက်စားချေမှာကို ကြောက်စရာ မလိုဘူး ငါ့ရဲ့သရုပ်မှန်ကိုလည်း မင်းကိုပြခဲ့ပြီးပြီ ငါ့ကို နတ်ဆိုး ဆေးလုံးသာ ပေးပါ မင်းရဲ့ လုံခြုံမှုကို အာမခံတယ်”

ဖန်ရှင်းကို ကြည့်၍ တုန်လှုပ်နေသော ဟူချင်းသည် နောက်သို့ခြေတစ်လှမ်းပင် ဆုတ်မိလိုက်သည်။

“ရွှမ်း”

ဖန်ရှင်း၏ အကျီထဲမှ ရွှေရောင်တောက်ပနေသော ဓားတစ်ချောင်း ထွက်ပေါ်လာသည်။

ရွှေမြွေကိုးကောင်က ဓားပတ်ပတ်လည်တွင် စိတ်လှုပ်ရှားစွာ ကခုန်နေခဲ့သည်။

မြွေကိုးကောင် ဓား၏ ခံ့ညားမှုသည် ဟူချင်း၏ ငွေရောင်ဓား ထက် ဆယ်ဆသာနေသည်။

ဟူချင်းသည် မြွေကိုးကောင် ဓား၏ ခမ်းနားမှုကို ပါးစပ် အဟောင်းသား

ဖြင့် ငေးကြည့် နေခဲ့သည်။

ဖန်ရှင်းက ထပ်မံ ရယ်မောလိုက်ပြီး

“ငါအရင်က ပြောခဲ့သလိုပဲ ငါက ပစ္စည်းချင်းပဲ ဖလှယ်ချင် ခဲ့တာ…မင်းရဲ့ ကျင့်ကြံမှုက ငါ့ထက် သာကောင်းသာနိုင် ပေမယ့် ဝိဉာဥ် လက်နက်ချင်း ယှဥ်ရင် ငါက အပုံကြီး သာနေတယ် တကယ်တမ်း ရင်ဆိုင်ရင် ဘယ်သူက အသာရမယ်လို့ တပ်အပ်မပြောနိုင်ဘူး”

ဟူချင်းက ရွှေရောင် တောက်ပနေသော ဓားကိုကြည့်ပြီး ဖန်ရှင်း၏ စကားကို ကျိတ်၍ သဘောတူမိသည်။

တကယ်တမ်း သူအနိုင် ရလျှင်ပင် ခြေထောက် သို့မဟုတ် လက်မောင်းတို့ကို ဆုံးရှုံးရဖွယ် ရှိနေပြီး အရင်းအနှီးက ကြီးလွန်း လှသည်။

ထို့ပြင် သူက မြွေကိုးကောင် ဓား၏ ခြိမ်းခြောက်မှုကို ခံစား နေရသည်။

အာဏာလက်ကိုင် ရှိသော ကလေးများသည် မယုံနိုင်ဖွယ် အရည်အသွေးမြင့်မားသော ဝိဉာဥ်လက်နက်များ ရွေးချယ်ခွင့် ရှိကြသည် မှာ ဟူချင်းအတွက် မနာလိုစရာ ဖြစ်နေခဲ့သည်။

“အကိုတော်ရဲ့ရိုးသားမှုကို လျစ်လျူရှုမိတဲ့ ကျနော့်ရဲ့ တောင်းပန်မှုကို လက်ခံပေးပါ”

ဟူချင်းက သူ၏ဓားကို ဖန်ရှင်းဆီသို့ ကမ်းပေးလိုက်သည်။

“ငါ့ကို ဒီဓားစုတ် လာမပေးနဲ့ နတ်ဆိုးဆေးလုံးကို သာ ပေးပါ”

ဟူချင်းက မချိပြုံး ပြုံးလိုက်ပြီး အိတ်ကပ်ထဲမှ ပုလင်း သေးလေး တစ်လုံး ကို ဆွဲထုတ် လိုက်ပြီး ဖန်ရှင်းဆီသို့ ပစ်ပေး ခဲ့သည်။

ဖန်ရှင်းက ထိုပုလင်းကို သေချာ ဖမ်းလိုက်ပြီး ချက်ချင်း အနံ့ကို စစ်ဆေးလိုက်သည်။

နတ်ဆိုးဆေးလုံး စစ်မှန်ကြောင်း အတည်ပြု ပြီးတဲ့အခါ သူက လှိုက်လှဲစွာပြုံးပြ လိုက်သည်။

“ဒီလောက် ရိုးရှင်းတဲ့ ကိစ္စကို ဘာလို့ ရှုပ်ထွေးအောင် လုပ်ရတာလည်း ညီတော်..မင်းကို နည်းနည်းတော့ ပြောရဦးမယ်…မင်းသာက ခုနက သောက်ချိုး မျိုးသာဆို ပြသနာတွေက မင်းရဲ့ခေါင်းကို တက်နင်း သွားလိမ့်မယ် တစ်ယောက်နဲ့ တစ်ယောက် ထပ်မတွေ့တာ အကောင်းဆုံးပဲ ”

ဖန်ရှင်းက ပြောဆိုရင်း မြွေကိုးကောင်ဓားကို လေထဲတွင် တစ်ချက်လောက်ဝှေ့ယမ်းလိုက်သည်။

“ကျေးဇူးပြုပြီး အကိုတော်ကို ထပ်ပြီး အနူး အညွှတ် တောင်းပန်ပါတယ်”

ဟူချင်းက ဂိုဏ်းသို့ ပြန်ရောက်လျှင် ထိုလူကို သူ၏ အဆက်အသွယ် များဖြင့် ဖော်ထုတ်ပြီး ပညာပေးမည့် လုပ်ရပ်ကို မေ့ပစ် လိုက်သည်။

ထို့ပြင် ဝိဉာဥ် အဆင့်နှစ်ဖြင့် ဂိုဏ်း၏ အာဏာရှိလူနှင့် ဆက်နွယ်နေသော ထိုလူကို ပြသနာ မလုပ်မိတာ ကံကောင်းသည်ဟုပင် သတ်မှတ်လိုက်သည်။

နောက်ဆုံးတွင် ဟူချင်းက သံသယများ ကင်းစင်သွားပြီး တောင်ထိပ်မှထွက် လာခဲ့သည်။

ဟူချင်းက တောင်စောင်းမှ ထွက်ခွာစဥ်တွင် လေပြင်းများ တိုက်ခတ်နေသောကြောင့် သူ၏ ချွေးများပင် ခြောက်သွေ့သွားသည်။

“ဒီလူက ဘယ်သူလည်း ဂိုဏ်းသားထဲမှာ သူ့ကိုငါ မမြင်ဖူး တာတော့ သေချာတယ်”

“သူနဲ့တူတဲ့ သူဘယ်သူ ရှိမလည်း စဥ်းစားစမ်း”

ဟူချင်းက သူ၏ဦးနှောက် ကို အပြင်းအထန် အလုပ် ပေးနေခဲ့သည်။

“အရပ်ရှည်ရှည် ပိန်ပိန် ရွှေရောင်ဓားကိုကိုင်ဆောင် တဲ့သူ”

“ရွှေရောင်ဓားပျံ.. မြွေကိုးကောင်လည်းပါတယ်”

“ငါဒီဓားကို ဘယ်လိုလုပ် ရင်းနှီးနေပါလိမ့်”

နောက်ဆုံးတွင် ဟူချင်း တစ်စုံတစ်ရာကို စဥ်းစားမိပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ပျော့ခွေ ကျသွားသည်။

သူက မှောင်ခိုစျေးတွင် ဓားပြတစ်ယောက်က မြွေကိုးကောင်စီ ခြယ်ထားသော ဓားကို လုယူသွား ကြောင်း ကောလဟလ ကြားဖူးခဲ့သည်။

သူကချက်ချင်းပင် သူ၏အိတ်ကို ဖွင့်၍ သတ္တုရိုင်း အဆီအနှစ် အမှုန့်ကို စစ်ကြည့်လိုက်သည်။

သူက ထိုအမှုန့်ကို ကြည့်လေလေ တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရသည်။

ဟူချင်းက သူ၏လက်တွင် အလင်းရောင် တောက်နေသော အမှုန်တစ်ချို့ ကပ်နေသည်ကို တွေ့လိုက်ရသည်။ သူက ချွေးထွက်နေသဖြင့် အမှုန့်အနည်းငယ် လက်မှာ ကပ်ခြင်းက သဘာဝ ကျသော်လည်း အရောင်ပါ ပြောင်းလဲသွားခြင်းက လုံးဝခြားနားသော ကိစ္စတစ်ခု ဖြစ်သည်။

ထိုသူက မှောင်ခိုစျေးတွင် လုယက်သူ အမှန် ဖြစ်ပါက ဘာအတွက် သူ့ကို ဦးတည်ပြီး လုယက်မှန်း စဥ်းစားရကျပ်နေခဲ့သည်။

“ငါနဲ့ ရန်ငြိုးများရှိလို့လား”

ဟူချင်းက အမျိုးမျိုး တွေးတော နေခဲ့သည်။

ဟူချင်းက အမှုန့်အတု ဖြစ်ကြောင်း ကောက်ချက် မချသေး ခင်မှာပင် သံသယက ဝင်နေပြီ ဖြစ်သည်။

“မင်းကို ငါသတ်ပစ်မယ်”

ဟူချင်းက အလွန်တရာ ဒေါသထွက်လာသည်မှာ လည်ပင်းရှိ သွေးကြောများပင် ဖောင်းကား လာခဲ့သည်။

သူ၏ အော်ဟစ်သံကို လေးမိုင် အကွာခန့်ကပင် ကောင်းစွာ ကြားနေရသည်။

သူက တောင်စောင်း ရှိရာသို့နောက် ပြန် လှည့်လိုက်သည်။

ဖန်ရှင်းက ဟူချင်းဆီမှ နတ်ဆိုးဆေးလုံး ရပြီးသည်နှင့် ဖြတ်လမ်းမှနေ၍ အိမ်ကလေး ဆီသို့ တစ်ချိုးတည်း ပြေးတော့သည်။

ဟူချင်းက သူ့ကိုအမီလိုက်ဖို့ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ဆိုရလျှင် ဟူချင်း၏ ပေါ့လျော့မှု ကြောင့် ဖန်ရှင်းက လွတ်သွားခြင်းလည်း ဖြစ်သည်။သူသာ စေ့စေ့စပ်စပ် ရှိခဲ့လျှင် သတ္တုရိုင်း အဆီအနှစ် အမှုန်ကို လက်ခံပြီးသည်နှင့် တစ်ခါတည်း စစ်ဆေးရမည် ဖြစ်သည်။

သူကထိုသို့ စစ်ဆေးရမည့် အစား နတ်ဆိုးဆေးလုံး အတုဖြင့် ဖန်ရှင်းကို မလှည့်စားနိုင်မှာ စိုးရိမ် နေခဲ့သည်။

ရိုးရှင်းစွာ သုံးသပ်ရလျှင် သူတစ်ပါးကို မကောင်းကြံဖို့ မဲနေရင်း လက်ဗလာ ဖြင့် အရှက်မဲ့စွာ အိမ်ပြန်ခဲ့ရသော အဖြစ်ဟုပင် ဆိုရမည်။

အပိုင်း(၂၆) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset