အပိုင်း(၂၅) ကွက်ကျော်ရိုက်ခြင်း
ခုနှစ်ရက်ကြာပြီး နောက်တွင် ဖန်ရှင်းက သူ့ကိုယ်သူ အပေအပေလေး အဖြစ်အသွင်ပြောင်းလိုက်ပြီး သတ္တုရိုင်း အဆီအနှစ်မှုန့်ကို ယူရန် ဟွာချင်ကျီ ထံသို့သွားခဲ့သည်။
ဟွာချင်ကျီက သူထပ်မံရရှိမည့် ဝိဉာဥ်ကျောက်တုံး နှစ်ဆယ်ကို မျှော်လင့်တကြီး မေးသောအခါ ဖန်ရှင်းက
“သတ္တုရိုင်း အဆီအနှစ်အမှုန့်က အစစ်နှင့် ခွဲမရအောင် တူညီမှ ထိုလူက ပေးမယ်လို့ မှာလိုက်ကြောင်း ပြောလိုက်သည်”
ကြည့်လိုက်တာနဲ့ အတုလို့တန်းပြီး သိနေရင် ဝိဉာဥ်ကျောက်တုံး ကို ဆုံးရှုံးရမည့်အပြင် အတုဝိဇ္ဇာ၏ နာမည်ကို တစ်ဂိုဏ်းလုံး သိအောင်လုပ်ပစ်မည် ဟု ခြိမ်းခြောက်လိုက်သည့် အကြောင်းကိုပါ ပြောပြလိုက်သည်။
ထိုစကားများကြောင့် ဟွာချင်ကျီက အရမ်းပင် တုန်လှုပ်သွားပြီး ဆေးမှုန့်ထည့်ထားသော အိတ်ကို လှမ်းယူကာ
ပြန်လည် ပြုပြင်ရန် အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။
———–
ကျောက်နက်ချိုင့်ဝှမ်း မှထွက်လာပြီးနောက် ဖန်ရှင်းက အိတ်ထဲသို့ စူးစိုက်ကြည့်လိုက်သည်။ ပေါင်ဝက်ခန့် ရှိသော အဝါရောင်အမှုန့်များသည် ချီများဖြင့် ပြည့်နှက်နေသည်။
ဖန်ရှင်းက ထိုအမှုန့်များကို လက်ဖြင့်ဆုပ်ယူပြီး လက်ဝါးပေါ် တင်ကာ လေဖြင့်မှုတ်ထုတ်ပြီး ဆော့ကစားလိုက်သည်။
သူသည်ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး အိမ်ပြန် ရောက်သည့်အထိ
ဆေးမှုန့်ထည့်ထားသော အိတ်ကို မဖွင့်ရန် ဆုံးဖြတ်လိုက်သည်။
“အသိအမြင်ကျမ်းက အတုတွေကိုရော သုံးသပ်နိုင်မှာလား”
သူက မဖြစ်နိုင်မှန်း သိသော်လည်း စမ်းသပ်ဖို့ ဆုံးဖြတ်လိုက်သည်။
အသိအမြင် ကျမ်းသည် ဝိဉာဥ်ပစ္စည်းအတု အစစ် ခွဲခြား နိုင်သော်လည်း
အတုတွင် ပါဝင်သော ပစ္စည်းများ ကိုတော့ အသေးစိတ် မဖော်ပြတတ်ပေ။
ဖန်ရှင်း မျှော်လင့်သည့် အတိုင်းပင် အိမ်သို့ ပြန်ရောက်၍ အသိအမြင်ကျမ်းဖြင့် စမ်းသပ်ရာ ဘာမှ ထူးခြားမလာပေ။
အသိအမြင် ကျမ်းသည် ထိုအမှုန့်ကို
အတိအကျ မဖော်ပြခဲ့ပေ။ ဟွာချင်ကျီ သည် အစစ်အမှန် ပစ္စည်း နှင့် ခွဲမရနိုင်စေရန် မြည်းကြည့်ခြင်း အနံ့ခံခြင်းတို့
ကိုသေချာ လုပ်ကြည့်ခဲ့သည်။
အသိအမြင် ကျမ်းက ထိုနည်းလမ်း များကို အသေးစိတ် မဖော်ပြခဲ့ပါ။
“ငါ ဒီပစ္စည်းကို အခုကစပြီး အစစ်လို့ ယုံကြည်ထားရမယ်”
ဖန်ရှင်းက စိတ်ပိုင်းဆိုင်ရာ မှစ၍ ပြင်ဆင်မှုများ ကြိုတင်ပြုလုပ်ခဲ့သည်။
သူက အရင်က သတ္တုရိုင်း အဆီအနှစ်အမှုန့်ကို တစ်ခါမှ မတွေ့ဖူးခဲ့ပေ။ သူ၏ဦးလေးဖြစ်သူက “လှည့်စားမှုတိုင်းတွင် ဟာကွက်ရှိသည်”ဟုပြောဖူးခဲ့သည်။ ဆုလာဘ်ကို လိုချင်ရင် မစွန့်စားဘဲနဲ့ မရနိုင်ဘူး ဆိုသည်မှာ ဖန်ရှင်း၏ ခံယူချက်ဖြစ်သည်။
ထိုအတွေးအခေါ်နှင့် ကြီးပျင်းလာသော ဖန်ရှင်းသည် လာမည့် နှစ်ရက်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။
သူ၏ မြွေကိုးကောင်ဓား…ဓားမြှောင်..
မေ့ဆေးပုလင်း….ငွေအပ် လက်နက်ပုန်းထည့်ထားသော ဘူးတို့ကို ယူသွားရန် ဆုံးဖြတ်ခဲ့သည်။
သူ့ ဦးနှောက်ထဲ တွင်တော့ဒါက အတော်လေးပြည့်စုံသည့် ကြိုတင် ပြင်ဆင်မှုလို့ ခံယူလိုက်သည်။ ကျန်တာကတော့ ကံတရားပေါ် မူတည်နေသည်။
သူက ဝမ်လူမျက်နှာဖုံးကို မျက်နှာတွင်ဖုံးလိုက်သည်။
ဖန်ရှင်းက ဖြစ်လာနိုင်သည့် အန္တရာယ်များကို လုံးဝ လျော့မတွက်ခဲ့ပါ။ ဟူချင်းသည် သူ့ထက် ကျင့်စဥ် အဆင့်မြင့်ပြီး ရက်စက်သောသူဖြစ်သည်။
ဖန်ရှင်းက ဟူချင်းကို သတ္တုရိုင်း အဆီအနှစ် အမှုန့်ကို မမြင်ဖူးစေရန်
ကျိတ်၍ ဆုတောင်းလိုက်သည်။
တစ်ကြိမ် နှစ်ကြိမ်ခန့်သာ မြင်ဖူးပါက
အတုအစစ် ခွဲခြားရန် မဖြစ်နိုင်ကြောင်း ဖန်ရှင်းက ခန့်မှန်းခဲ့သည်။
ညသန်းခေါင် အချိန်တွင် ဖန်ရှင်းသည် ဟူချင်းနှင့် မှောင်ခိုစျေးတွင် ဆုံခဲ့စဥ်ကအတိုင်း ရုပ်ဖျက်ပြီး ချိန်းထားသော
နေရာသို့ အလျင်အမြန် သွားခဲ့သည်။
ဒီညတွင်လက လခြမ်းပါးလေး ပုံစံဖြစ်နေပြီး အလင်းရောင်က ချိန်းထားသည့် နေရာတွင် မှိန်ဖြဖြသာ ဖြစ်နေသည်။
ကံကောင်းတာက ဖန်ရှင်းက ဝိဉာဥ်အဆင့်နှစ်သို့ ရောက်လာတဲ့အခါ အမြင်အာရုံက အရင်ထက် တိုးတက်လာပြီး ဆယ်ပေအကွာက ပစ္စည်းကိုပင် အမှောင်ထဲတွင်..ပြသနာမရှိဘဲ မြင်နိုင်သည်။
မှောင်ရိပ်ကျ နေခြင်းက ဘာပဲဖြစ်ဖြစ် ဖန်ရှင်းအတွက် ကံကောင်းမှုဖြစ်သည်။
အလင်းရောင် အားနည်းလေ ဟူချင်းက အတုအစစ် ခွဲခြားဖို့ ခက်ခဲလေဖြစ်သည်။
ည၏ ဇာပုဝါအောက်တွင် အရပ်ရှည်ရှည်နှင့် ပိန်သွယ်သော အရိပ်တစ်ခု ရှိနေသည်။ မြေခွေးပုံသဏ္ဌာန် ရှိပြီး အမြန်နှုန်းကလည်း ဆင်တူနေသည်။
တောင်များနှင့် သစ်ပင်များကိုဖြတ်၍
လာသည်ကို အသေအချာ မြင်နေရသည်။
ခဏမျှအကြာတွင် ထိုလူရိပ်သည် ဆိတ်ငြိမ်သော တောင်ထိပ်တွင်
မတ်တပ်ရပ်နေခဲ့သည်။
ဖန်ရှင်းက စောင့်နေတုန်းအချိန်မှာပင်
ခေါင်းလောင်းသံက သုံးချက်ထိုးခဲ့သည်။
“အကိုတော်..ငါဒီမှာစောင့်နေတာကြာပြီ..မင်းကငါ့ထက် တစ်နာရီ လောက်နောက်ကျနေတယ်”
အေးစက်စက်အသံတစ်ခုကို အနောက်ကနေ ကြားလိုက်ရပြီးနောက် ဖန်ရှင်းက လှည့်ကြည့်လိုက်သည်။
အဖြူရောင်ခေါင်းဆောင်းကို ဆောင်းထားသော ဟူချင်းကိုတွေ့လိုက်ရသည်။
“ငါက မင်းကို စောလာမယ်လို့ ပြောခဲ့လို့လား သုံးချက်ထိုးမှလို့ပြောခဲ့တယ်
မဟုတ်လား”
ဖန်ရှင်းက အထက်စီးကနေ စကားပြောပြီး လှောင်ပြောင်လိုက်သည်။
“ဘယ်မှာလည်း…နတ်ဆိုးဆေးလုံးတွေ”
ဟူချင်းက ဖန်ရှင်းစကားကို လုံးဝဂရုမစိုက်ဘဲ
“ကျနော့်ရဲ့ သတ္တုရိုင်းအဆီအနှစ် အမှုန့်ရော”
ဖန်ရှင်းက သူ့အိတ်ကပ်ထဲမှ အထုပ်သေးလေးတစ်ခုကို မထုတ်ခင် ပြုံးပြလိုက်သည်။
“မင်းက အယုတ်တမာကောင်ပဲ..ငါ့အပေါ် ကလိမ်ကကျစ် မလုပ်တာ အကောင်းဆုံးဖြစ်မယ်..”
ဖန်ရှင်းက တဲ့တိုးပင် ပြောထည့်လိုက်သည်။
ဖန်ရှင်းက ပစ္စည်း၏ အချက်အလက် များကို အသေးစိတ် လေဖောခြင်းသည် ပိုပြီး ယုံကြည်မှု တိုးစေသည်ကို သိသည်။
လိမ်ပြောတာက အသေးစိတ်လေလေ
ပိုပိုပြီး ယုံလေလေဖြစ်သည်။
ဟူချင်းကရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး
“ငါ့ကို ပစ္စည်းပြကြည့်”
ဟုဆိုကာ အသက်ရှုမဝသော လေသံ ဖြင့် ပြောလိုက်သည်။
ဖန်ရှင်းက ဟူချင်း၏ ဖြစ်ပျက်နေပုံကို
လှောင်ပြောင်လိုက်ပြီး
“မင်းကို ငါမယုံဘူး..ငါ့ကိုနတ်ဆိုးဆေးလုံး…အရင်ပေးဖို့သာ စဥ်းစားထား”
ဟူချင်းက ခေါင်းခါလိုက်ပြီး
.”ဒါဆို တစ်ပြိုင်တည်း ပေးကြတာပေါ့…”
“ကောင်းသားပဲ”
ဖန်ရှင်းက အပြုံးနှင့်ခနဲ့လိုက်ပြီး ပြန်ပြောလိုက်သည်။
သူတို့နှစ်ဦးလုံးက ဘယ်လက်ကိုအသုံးပြု၍ အိတ်ထုပ်ကို ပစ်ပေးလိုက်ကြသည်။ ဘယ်လက်ကို အသုံးပြုရခြင်းမှာ မတော်တဆ ဖြစ်လာရင် ညာလက်ကို အသုံးပြုချင် သောကြောင့် ဖြစ်သည်။
.”ဖတ်”
ပစ္စည်း ထည့်ထားသော အိတ်ကို ဖမ်းလိုက်ပြီးသည် နှင့် အထဲမှာပါသော ပစ္စည်းများကို ကမန်းကတန်း စစ်ဆေးလိုက်ကြသည်။
ဖန်ရှင်းက အိတ်ထဲတွင် ဝိဉာဥ်ကျောက်တုံးအရေအတွက်နှင့် နတ်ဆိုးဆေးလုံးထည့်ထားသော ကြွေပုလင်းကိုတွေ့လိုက်သည်။
ဟူချင်းက သူ၏အိတ်ဆီသို့ဖြတ်ခနဲလှမ်းကြည့်ပြီး ကျေနပ်ပြုံးနေသည်ကို
ဖန်ရှင်းက မျက်ဝန်းမှ တစ်စွန်းတစ်စ တွေ့ခဲ့ရသည်။
ဖန်ရှင်း၏ သွေးခုန်နှုန်းက ဒိတ်ခနဲဖြစ်သွားပြီး တစ်ခုခုမှားနေမှန်း ချက်ချင်း
သိလိုက်သည်။
ဟူချင်း၏ အကြည့်သည် သူအရိုးစွဲစွာ လုပ်နေကျ ဟန်ပင်နှင့် တစ်ထပ်တည်း တူညီနေသည်။
ခုနကပင် ဖန်ရှင်းကထိုအကြည့်ဖြင့် ဟူချင်းကိုမသိမသာ ကြည့်ခဲ့ပြီးပြီဖြစ်သည်။အခုတော့ ဝဋ်က လည်တာ အလွန်မြန်နေသည် ဟုသာ အပြစ်ပုံချရတော့မည်။
ဖန်ရှင်းက ချက်ချင်း သေချာစွာ စစ်ဆေးလိုက်သောအခါ မှောင်ခိုစျေးတွင် ပြသခဲ့သော ဆေးလုံးထက် အများကြီး အရည်အသွေး နိမ့်ကျကြောင်း တွေ့လိုက်သည်။
ဖန်ရှင်းက ဒေါသ သံဖြင့်
“ငါက မင်းရဲ့ဆေးမှုန့်အတွက် စွန့်စားခဲ့ရတယ်…မင်းက ဖာကျပြီး ငါ့ကို လှည့်စားရဲတာလား”
ထိုဆေးလုံးများသည် မှော်ဆေးပညာရှင်က ဆေးလုံးကျိုသည့်အခါတွင် ချီမလုံလောက်၍ လုံမှ ပယ်ထုတ်လိုက်သော အနိမ့်စား အရည်အသွေးဖြစ်သည်။အနံ့က နတ်ဆိုးဆေးလုံးနှင့်တူသော်လည်း အရည်အသွေးကတော့တအား ကွာခြားသည်။
ဖန်ရှင်းက ဒေါသထွက်လေ ဟူချင်းက ပျော်ရွှင်လေဖြစ်သည်။ သူ၏အိတ်ထဲမှ အဝါရောင်အမှုန့်ကို စစ်ဆေးကြည့်လိုက်သောအခါ မည်သည့်ပြသနာမှမတွေ့ရပါ။ သူကအေးစက်ငြိမ်သက်စွာပြုံးလိုက်သည်။
“ဒါက နတ်ဆိုးဆေးလုံးပဲလေ ဘာပြသနာရှိနေလို့လည်း..”
“သောက်..အယုတ်တမာလေး..ငါ့ကိုဒီလို ကစားဖို့စဥ်းစားမယ် ဆိုရင် ပြန်ပြီး
ပေးဆပ်ဖို့ အသင့်ပြင်ထားလိုက်တော့”
ဖန်ရှင်းက ဂိုဏ်းမှအရေးကြီးပုဂ္ဂိုလ်နှင့်
ဆက်နွယ်နေဟန်ဖြင့် ခြိမ်းခြောက်လိုက်သည်။
ဟူချင်းက ထိုသို့လုပ်ရဲခြင်းမှာ သတ္တုရိုင်းအဆီအနှစ် အမှုန့်သည် ဂိုဏ်း၏ရတနာဖြစ်ခြင်းကြောင့်ဖြစ်သည်။
ဆေးမှုန့်ပျောက်သည့် တရားခံလိုက်ရှာလျှင် ပထမဆုံး ခိုးယူသည့်သူက အရင်ခံရမည်ဖြစ်သည်။
ဖန်ရှင်းသည် ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းတော့ မစွပ်ရဲလောက်ဟု သူက ခန့်မှန်းထားသည်။
” သောက်ရူး မင်းဒီကိုလာကတည်းက ဘယ်သူမှ အဖော်မခေါ်လာမှန်း ငါစစ်ဆေးပြီးပြီ မင်းမှာကိုယ်လွတ်ရုန်းဖို့ စွမ်းရည် ရှိနေတယ်များ ထင်နေလား”
နတ်ဆိုး ဆေးလုံးသည် ဟူချင်းအတွက် အလွန်တန်ဖိုး ကြီးမားသဖြင့် အလွယ်တကူ လက်မလွှတ်လိုခြင်းဖြစ်သည်။
ဖန်ရှင်းက ရုတ်တရက် ရင်ထိတ် လာခဲ့သည်။
“ဒါက တကယ့် ဓားပြအစစ်ပဲ..သူလက်ထဲက လွတ်ဖို့ လမ်းက မရှိသလောက်ပဲ ငါတစ်ခုခု လုပ်မှရတော့မယ်”
” မင်းဘယ်သူလည်း ဆိုတာ ငါတကယ် မသိဘူးများ… ထင်နေလား ဟူချင်းရာ”
ဖန်ရှင်းက ရှေ့နောက် မစဥ်းစားတော့ဘဲပြောချလိုက်သည်။
ဟူချင်းက ဖန်ရှင်းနှင့် ဆယ်ပေအကွာတွင်ရှိနေရာ ထိုစကားကြားရပြီးနောက်တွင် ခန္ဓာကိုယ်က တစ်ချက်တုန်ခါသွားသည်။
သူ၏မျက်လုံးများက လင်းလက်လာပြီးဖန်ရှင်းဆီသို့ ဦးတည်ကာ နှုတ်ပိတ်ရန် ကြံစည်လိုက်သည်။
သူ့လက်များက ခါးမှဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။
“ငါက ဟူချင်း ဆိုတာ မင်းဘယ်လိုသိတာလဲ”
ဖန်ရှင်း၏ စိတ်ကလျင်မြန်စွာ တွက်ချက်လိုက်သည်။သူက ဉာဏ်ကောင်းတဲ့ သူဖြစ်သည့်အပြင် ဓားပြအသိုက် ထဲတွင် ကြီးပြင်းလာသည့် အတွက် လှည့်ကွက်များစွာကို ရင်းနှီးပြီး တန်ပြန် တိုက်ခိုက်မှုကို ချက်ချင်းလုပ်နိုင်ခဲ့သည်။
End… Chapter 25