အပိုင်း(၂၄) ချီစုဆောင်းခြင်းနှင့် အဆင့်ချိုးဖြတ်ခြင်း
ကျောက်နက်ချိုင့်ဝှမ်းသည် ဖန်ရှင်း၏ နေရာမှနေလျှင် ဆယ်မိုင်အကွာ တွင်တည်ရှိသည်။ ဖန်ရှင်းက ဝိဉာဥ်အဆင့်နှစ် သို့ရောက်နေသော လူငယ်လေးဖြစ်သော်လည်း ထိုနေရာသို့ ရောက်ရန်နာရီဝက်ခန့် ကြာအောင် သွားခဲ့ရသည်။
ဖန်ရှင်းက လမ်းလျောက်ရင်း နံနက်စောစောနေရောင်ခြည်ကို အသုံးချကာ
ကျင့်စဥ် ကျင့်နေသော်လည်း ဘယ်သူမှသူ့အားဂရုမစိုက်ကြပေ။ သူတို့မျက်လုံးထဲတွင် ထိုလူငယ်လေးအားအလုပ်ကြမ်းသမား သိုင်းရူးဟူ၍သာ သတ်မှတ်ထားကြသည်။
ကျောက်နက်ချိုင့်ဝှမ်း ကိုရောက်တဲ့အခါတွင် ဟွာချင်ကျီ ၏အိမ်ကို ခဏမျှသာရှာလိုက်ရသည်။ဖန်ရှင်းကအိမ်ကလေး၏ တံခါးကိုခေါက်လိုက်သည်။
ဒေါက်….ဒေါက်….ဒေါက်
“ဘယ်သူလည်း”
အတွင်းမှ အလိုမကျပုံရသည့် အသံတစ်ခု ထွက်ပေါ်လာသည်။
အဟမ်း…ဖန်ရှင်းက သူ့လည်ချောင်းကို
ရှင်းလိုက်ပြီး သနားစရာအသံဖြင့် ပြောလိုက်သည်။
“ငါ…ငါက…တောက်တိုမယ်ရ လုပ်ရတဲ့ခိုင်းဖတ်လေးပါ…ငါ့ကို သတင်းပို့ခိုင်းတဲ့သူရှိလို့…ရောက်လာတာပါ”
“စာပို့ချင်တာလား..”
အိမ်ကလေးထဲမှ လူက တံခါးမဖွင့်ခင် တိုးတိုးလေးရွတ်လိုက်သည်။
ထိုအသံနှင့်အတူ အသက် သုံးဆယ်ကျော်ခန့်ရှိသော သုန်မှုန်သော မျက်နှာထားနှင့် ယောကျာ်းတစ်ဦး အိမ်ထဲမှ ထွက်လာသည်။ သူ၏ အရပ်အမောင်းက ကြံ့ခိုင် တောင့်တင်းသည်ကို တွေ့ရသည်။ ရှည်လျားပြီးအရိုးငေါထွက်နေသည့် လက်ချောင်းများ မျက်လုံးနှင့် နဖူးတို့သည် မှောင်ခိုစျေး တွင်တွေ့ရသောဟွာချင်ကျီ ၏သရုပ်ပင် ဖြစ်သည်။
သူ့ရှေ့တွင် ရှိနေသော ကလေးကို ကြည့်၍
“ဘာ..သတင်းလည်း..မင်းကိုဘယ်သူက….လွှတ်လိုက်တာလဲ”
ဟု အသံကျယ်ကျယ် ဖြင့်မေးလိုက်သည်။
ဖန်ရှင်းက တမင်တကာ ကြောက်လန့်ဟန် ဆောင်လိုက်ပြီး
“သူ…သူက အရမ်းကျဥ်းမြောင်းတဲ့ မျက်ဝန်းတစ်စုံရှိတယ်”
…နောက်ဆုံးညက သူ၏ပုံသဏ္ဌာန် နှင့် အသွင်အပြင်ကို ဖော်ပြလိုက်ပြီးနောက် ဟွာချင်ကျီ၏ မျက်နှာက ချက်ချင်းပင် မည်းမှောင်သွားသည်။
သူကဖန်ရှင်း၏ လက်ကိုဆွဲပြီး အိမ်ထဲသို့ လှမ်းခေါ်လိုက်သည်။
သူက စိတ်လှုပ်ရှား နေဟန်ရပြီး
“အဲဒီလူရဲ့ နာမည်ကဘာလည်း… ဘယ်မှာနေတာလည်း… အသေးစိတ်..ငါ့ကိုပြောပြပါ..မဟုတ်ရင် မင်းဒုက္ခလှလှတွေ့ပြီသာ မှတ်လိုက်တော့”
ဖန်ရှင်း၏ ခန္ဓာကိုယ်က တုန်ယင်နေပြီး
ကြောက်လန့်နေသည့်ပုံကို ကြည့်ကာထိုလူက သဘောကျသွားသည်။
ဖန်ရှင်းက
“ငါ..ငါ..ဘာမှမသိဘူး..သူက ငါ့ဆီလာပြီး..စာတစ်စောင် ပို့ပေးရင် ဆုလာဘ်ပေးမယ် ဆိုလို့ လာပို့တာ”
ဖန်ရှင်း၏ ဟန်ဆောင်အကွက်ချမှုက
စေ့စပ်သည့်အပြင် သူ၏ဉာဏ်ရည်မှာ
အရွယ်နှင့်ပင် မလိုက်ချေ။နောက်ပြီး
သူက ကလေးငယ် တစ်ယောက်ဖြစ်သည်။ ထိုအချက်က သူအား ဟွာချင်ကျီ ၏ သံသယမှ ကင်းဝေးစေခဲ့သည်။
ဟွာချင်ကျီ က နောက်ထပ်မေးခွန်းများ
ထပ်မေးသော်လည်း ဖန်ရှင်းအဖြေက မတိမကျ ရှိနေခဲ့သည်။
နောက်ဆုံးတွင် သူက လက်လျော့လိုက်ပြီး ဒီကောင်လေးက စာပို့ရုံကလွဲပြီး
ဘာမှ မသိရှိကြောင်း သတ်မှတ်လိုက်သည်။ သူ့ထံမှ မည်သို့မှ စကားနှိုက်ဖို့ မဖြစ်နိုင်ချေ။
“သူက မင်းကို ဘာသတင်း ပို့ခိုင်းလိုက်တာလည်း”
“သူက သတ္တုရိုင်းအဆီအနှစ် အမှုန့်ကို လိုချင်တယ်လို့ မှာလိုက်တယ်”
“သတ္တုရိုင်းအဆီအနှစ် အမှုန့်လား”
သူက ထိုသို့ပြောလိုက်စဥ် တစ်စုံတစ်ရာကို စဥ်းစားမိပြီး ငိုင်သွားသည်။ သူကဆိုလိုရင်းကို သဘောပေါက်သွားပြီး ခန္ဓာကိုယ်က စက္ကန့်အနည်းငယ် တောင့်တင်းသွားသည်။
“သူက ငါ့ကိုအစစ်မဟုတ်ဘဲ အတုလုပ်ခိုင်းတာဖြစ်ရမယ်”
ထိုသို့တွေးမိပြီး သူကအေးဆေး ငြိမ်သက်စွာ စဥ်းစားလိုက်သည်။
“ဒီဆေးမှုန့်က အဆင့်ချိုးဖြတ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းဖြစ်ပြီး..ဂိုဏ်းကထိန်းသိမ်းထားတဲ့ ပစ္စည်းပဲ..ငါက ကံကောင်းပြီး..မှော်ဆေးလုံး ကြိတ်တဲ့..နေရာမှာ အလုပ်လုပ်တုန်းက အကြိမ်အနည်းငယ် မြင်ဖူးခဲ့တယ် ဒီလောက် အကြိမ် အနည်းငယ်နဲ့…ဟမ့် ..ငါက ဘယ်လို အစစ်နဲ့ တူအောင် ဖန်တီးရမှာလည်း”
ဟွာချင်ကျီက ထိုဆေးမှုန့်ကို အတုမလုပ်ချင်ပါ။ သူက ဆင်ခြင်ပေးဖို့ ရှာနေတုန်း မှာပင် ဖန်ရှင်းက
“အကိုတော်…မင်းက လက်မခံဘူး ဆိုရင်..ဒါကိုပြလိုက်လို့…ဟိုလူက..မှာလိုက်တယ်”
“ဒါက”
ကောင်လေးက လေးလံနေသည့် အဝတ်ထဲမှ ပစ္စည်း အချို့ကိုဆွဲထုတ်စဥ် ထိုလူကမေးလိုက်သည်။
သူကအိတ်ထဲသို့ လှမ်းရှိုးလိုက်သောအခါ သူ၏ မျက်လုံးက ရုတ်တရက် တောက်ပလာသည်။
အိတ်ထဲတွင် အနီရောင်တောက်နေသော ဝိဉာဥ်ကျောက်တုံး ဆယ်တုံးနှင့် ရွှေသားကိုတွေ့ရသည်။
“အဲ့ အကိုတော်က ဒါကို စရံပေးတာလို့မှာလိုက်တယ်…ကိစ္စပြီးရင် နောက်ထပ် ဝိဉာဥ်ကျောက်တုံး နှစ်ဆယ် ပေးမယ်တဲ့”
ဟွာချင်ကျီက သူ၏ အရှေ့တွင်ရှိသော ဝိဉာဥ်ကျောက်တုံးကို ကြည့်ပြီး လောဘ ထွက်လာသည်။ သူက စကားလုံးများထက် ထိုအရာမျိုးကို ပိုနှစ်သက်သည်။
ဝိဉာဥ်ကျောက်တုံး သုံးဆယ် သည် သူ့အတွက် သင့်တော်သော ကမ်းလှမ်းမှုဖြစ်သည်။ အထူးသဖြင့် အတုလုပ်ရာတွင် လိုအပ်သော ကုန်ကြမ်းသည် တန်ဖိုးမရှိသောကြောင့် ဖြစ်သည်။
အစစ်နီးနီး တူညီသည့် အမှုန့်ကို လုပ်နိုင်ရန် တကယ်တမ်းတွင် ဝိဉာဥ်ကျောက်တုံး တစ်တုံးခန့်သာ ကုန်ကျသောကြောင့်ဖြစ်သည်။
ဟွာချင်ကျီက ကောင်လေးဆီမှ အိတ်ကိုလှမ်းမယူခင် အချိန်အနည်းငယ် စဥ်းစားခန်း ဝင်ခဲ့သည်။
“သူက..နောက်ထပ် ဘာမှာ လိုက်သေးလဲ”
ဖန်ရှင်းက ခေါင်းကိုအသေအချာရမ်းလိုက်ပြီး
“မမှာဘူး….ဒါပေမယ့်”
“ဒါပေမယ့်…ဘာဖြစ်လဲ”
“မင်းက..သတ္တုရိုင်းအဆီအနှစ် အမှုန့်မပေးနိုင်ရင်…တခြားသူတွေကို တစ်ခုခုပြောမယ်လို့ မှာလိုက်သေးတယ်”
ဟူချင်းက နဖူးမှချွေးကိုသုတ်လိုက်ပြီး
သက်ပြင်းချလိုက်သည်။
“သူက ငါ့ကို အဓမ္မ ခိုင်းချင်နေတာပဲ”
သူ့အတွက် ဒီကိစ္စမှာ ရွေးချယ်စရာ မရှိတော့ကြောင်း မြန်မြန်ဆန်ဆန် သဘောပေါက်ပြီး သက်ပြင်းချလိုက်သည်။
“ငါ ဒီဝိဉာဥ်ကျောက်တုံးကို လက်ခံလိုက်မယ်..ခုနှစ်ရက်ကြာရင် ဒီကိုလူလွှတ်ပြီး ယူခိုင်းလိုက်ပါ”
သူကပြောပြီးသည်နှင့် တောက်တိုမယ်ရ ကောင်လေးကို ကြည့်လိုက်ရာ… ကောင်ကလေးက သူ့ဆီမှ ဆုလာဘ်မျှော်နေသည် ကိုတွေ့လိုက်သည်။ သူကရွှေသား တစ်ချပ်ကို ထုတ်ပေးလိုက်ကာ
“မင်း အခုသွားလို့ရပြီ မဟုတ်လား”
ကောင်ကလေးက ရွှေသားကိုကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် အခု ငါ မပြောဘဲချန်ထားတဲ့စကား ကိုပြောပြမယ်
“အကိုတော်က ကျနော့်နောက်ကနေ လိုက်လာပြီး..သူ့ကိုရှာလည်း တွေ့မှာ မဟုတ်ဘူးလို့ မှာလိုက်သေးတယ်”
တကယ်တမ်းလည်း ဟွာချင်ကျီက ထိုကဲ့သို့ကြံစည်ထားသည်။
ကောင်လေး၏ စကားကိုကြားလိုက်သည့်အခါမှ သူနှင့်အလုပ်တွဲလုပ်မည့်သူ၏ စေ့စပ်မှုကို သိလိုက်ရသည်။
သူက ကောင်ကလေးကို ထွက်သွားဖို့ပြောခဲ့ပြီး စဥ်းစားခန်းဝင်ခဲ့သည်။
သူ၏နောက်ရောင်ခံလိုက်မည့် ရည်ရွယ်ချက်က ထိုသူ၏ပါးနပ်မှုအောက်တွင် ကျရှုံးခဲ့ရပြီ မဟုတ်ပါလား။
———————
ဖန်ရှင်းသည် ဟွာချင်ကျီ၏အိမ်မှ ထွက်လာပြီးနောက် ကိုယ့်ကိုယ်ကို ဂုဏ်ယူနေခဲ့သည်။ သူသည် ဓားပြအသိုက်အမြုံတွင် ကြီးပြင်းလာခဲ့ရသော ကလေးဖြစ်သည်။
သူ ၇နှစ်သားအရွယ်တွင် သာမန်ပြန်ပေးဆွဲမှုများနှင့် စီးပွားရေးလုပ်ငန်းအချို့ဆီမှ ဆက်ကြေးကောက်သော
အလုပ်ကို သူ၏ နံပါတ်၇ ဦးလေးနှင့်
နံပါတ် ၈ ဦးလေးနဲ့အတူ လုပ်ကိုင်ခဲ့ရသည်။
မြို့အာဏာပိုင်များကို ခေါင်းကြီးစေသည့် သူ၏ ဦးလေးများ၏ လှည့်ကွက်အားလုံးကို သူ၏ ဦးနှောက်ထဲ၌ ရိုက်နှိပ်ထားခဲ့သည်။ဖန်ရှင်းကို ဟွာချင်ကျီက အံတုမည်ဆိုလျှင် အသတ်ခံဖို့ စောင့်ဆိုင်းနေသော သိုးကလေးကဲ့သို့ ဖြစ်သွားမှာ အသေအချာပင်။
ဟွာချင်ကျီ ထံမှ ဆွေးနွေးမှု အဆင်ပြေလာသောကြောင့် ဖန်ရှင်းက အိမ်သို့ရောက်လာကတည်းက တက်ကြွစွာ ပြန်လာခဲ့သည်။
ဟွာချင်ကျီက ၇ ရက်အတွင်းရမည်ဟု သိရပြီးနောက် ကြားရက်များတွင် သူ၏ကျင့်ကြံခြင်း အဆင့်ကို တိုးတက်အောင် ပို၍ လေ့ကျင့်ခဲ့သည်။
သို့သော် ဖန်ရှင်းသည် ဝိဉာဥ်အဆင့်နှစ်သို့ ဝိဉာဥ်ကျောက်တုံး သုံးစွဲမှုက အရင်ထက်ပိုများလာခဲ့သည်။
ပြောရလျှင် ချီစီးဆင်းရာ ချီပင်လယ်က အရင်ကထက် ပိုကျယ်လာပြီး လိုအပ်သော ချီပမာဏက ပိုများလာခဲ့သည်။
ထို့အတွက် ဝိဉာဥ်ကျောက်တုံး မှ စုပ်ယူသည့် အချိန်ကလည်း အရင်ကထက် ပိုပြီး ကြာလာခဲ့သည်။
ပုံမှန်ဆိုလျှင် အရင်းအမြစ်ပေါကြွယ်ဝသောသူသည် ဝိဉာဥ်အဆင့်တစ် မှ အဆင့်နှစ်သို့ ကျော်ဖြတ်ရန် အချိန် နှစ်လခန့်လိုအပ်သည်။
ဝိဉာဥ်အဆင့်နှစ်၏ အစပျိုးအဆင့်မှ အထွတ်အထိပ် အဆင့်သို့ရောက်ရန်မှာ တစ်နှစ်ခွဲ အတိုင်းအတာခန့် ကြာနိုင်သည်။
တစ်စုံတစ်ယောက်သည် အဆင့်တစ်ခုခု၏ အထွတ်အထိပ်အဆင့်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် နောက်တစ်ဆင့်သို့ ဖြတ်ကျော်ရန် ကြိုးစားမည်မှာ အသေအချာပင်ဖြစ်သည်။
ထိုအဆင့်ကျော်ဖြတ်သည့် လုပ်ငန်းစဥ်သည် ကံကောင်းဖို့လိုပြီး စွမ်းရည်ရှိဖို့လည်း လိုအပ်သည်။ လူတစ်ချို့သည်
တစ်နှစ်မှ နှစ်နှစ်….နှစ်နှစ်မှဆယ်နှစ်….ဆယ်နှစ်မှ ဘဝအဆုံးထိ အဆင့်တစ်ခုတွင် ရပ်တန့်နေတတ်သည်။
ကျင့်ကြံသူများသည် ချီကိုစုဆောင်းရန်
အရင်းအမြစ်များ လိုအပ်သည်။
အင်အားကြီးမားသောသူများထံမှ အကူအညီယူကာ ကျင့်ကြံခြင်း အခက်အခဲများကို ကျော်လွှားသူများလည်း ရှိခဲ့သည်။
ချီကို သန့်စင်စွာ နည်းမှန်လမ်းမှန်စုဆောင်းနိုင်မှသာ အမှန်တကယ် ကျင့်ကြံသူဟု ခေါ်ဆိုနိုင်သည်။
သဘာဝကျကျကြိုးစားလျှင် အောင်မြင်မှုများစွာ ရရှိနိုင်သည်။
ဖန်ရှင်းက ယခုအခါတွင် သူ၏ကိုယ်ထဲ၌ ချီစွမ်းအင် ပြည့်နှက်နေသည်ကို
ခံစားနေရသည်။ သူကအရင်ကထက် ကုန်ခန်းသွားတဲ့ချီ ပြန်ဖြည့်နှုန်း
ပိုများလာခဲ့သည်။ အိပ်ချိန်အနည်းငယ်အိပ်လျှင်ပင် သူ၏ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနှင့် ကျန်းမာရေးကို မထိခိုက်နိုင်တော့ပါ။
ဖန်ရှင်းက နံနက်စောစောတွင် အိပ်ရာမှနိုးလာပြီး ဓားမြှောင်ကိုထုတ်ကာ ချီကိုထည့်သွင်းလိုက်သည်။
ဓားမြှောင်က လေထဲသို့ပြန်တက်ကာ အခန်းမှနေ၍ တခြားနေရာသို့ဖြတ်သန်းသွားခဲ့ပြီး ဓားမြှောင်သွားရာ
လမ်းတစ်လျောက်တွင် အဖြူရောင်အလင်းများ တောက်ပနေသည်။
ဓားမြှောင်က ရှေ့မှာတွေ့သမျှ အရာမှန်သမျှ ထိုးဖောက်သွားသည်မှာ ပါးနပ်သော တိရစ္ဆာန်အလား မှတ်ရသည်။
သူ ကွေးရန်တောင် တွင်ရှိစဥ်က သူ၏ရန်သူများသည် အရွယ်ရောက်ပြီးသူများသာဖြစ်သည်။
အသက်လေးနှစ်အရွယ်မှာ အမဲလိုက်ခွေး လှောင်အိမ်ထဲသို့ ပစ်ချခံရသည်။
အသက်ငါးနှစ် အရွယ်တွင် သူကလက်ဗလာဖြင့် တစ်နှစ်သား ဝံပုလွေ တစ်ကောင်ကို သတ်နိုင်ခဲ့သည်။
အသက်ခြောက်နှစ် အရွယ်တွင် မြို့အာဏာပိုင်များက ဖမ်းမိပြီး သစ်ပင်ပေါ်တွင် ခြေထောက်ကို တွဲလောင်းချည်ထားကာ သွေးယိုစီးသည်အထိ ကြိမ်ဒဏ်ပေးခဲ့သည်။
ခုနှစ် နှစ်အရွယ်တွင် ကွေးရန်တောင်မှသစ္စာဖောက်တစ်ဦး ကိုအဆိပ်ပေးခဲ့ရသည်။
ရှစ်နှစ်…ကိုးနှစ်…ဆယ်နှစ်အရွယ်ထိ…ကြောက်မက်ဖွယ်ကောင်းသော ရက်စက်မှုများကို ကြုံခဲ့ရပြီး ယနေ့တိုင် အိပ်မက်ထဲတွင် ခြောက်လှန့်နေဆဲ ဖြစ်သည်။
သူ၏ ဦးလေး ကိုးယောက်သည် သူ့အပေါ်တွင် ကောင်းခဲ့သော်လည်း လူကောင်းများမဟုတ်ပါ။
ဖန်ရှင်းက သူ၏ဦးလေးကိုးယောက် အသတ်ခံရမှုကို မတရားမှုဟု မမြင်ခဲ့ပေ။ သူကိုယ်တိုင် အသက်ခံရလျှင် ပင် ထိုအရာသည် တရားသောအရာဟု မှတ်ယူထားသည်။
သူတို့ သေဆုံးတာ ကတော့ တကယ်ကို
မျှတမှု မရှိဟု သူသတ်မှတ် ထားသည်။
ဘာပဲဖြစ်ဖြစ် သူ့ကို လူဖြစ်လာရန် စောင့်ရှောက်ပေးခဲ့ပြီး သူတို့ကဲ့သို့ ဓားပြဖြစ်လာစေခဲ့သည်။ ဖန်ရှင်းက သူတို့အတွက် လက်စားချေမှု ကိုလုပ်မှ ကျေးဇူးဆပ် နိုင်မည်ဟု ခံယူထားခဲ့သည်။
End… Chapter 24