အပိုင်း(၂၃) နတ်ဆိုးဆေးလုံး
“အကိုတော်…ကျနော်ကတွက်ကပ်ပြီးပြောနေတာ..မဟုတ်ပါဘူး..ဒါမဲ့..နတ်ဆိုးဆေးလုံးကိုပေးပြီး..သတ္တုရိုင်းအဆီအနှစ်အမှုန့်ကို
လဲမယ်ဆိုတာက…အဓိပ္ပါယ်မရှိဘူးလေ။ဒီလိုတောင်းဆိုတာမျိုး..အရင်ကမတွေ့ဖူးဘူး”
သတ္တုရိုင်းအဆီအနှစ်အမှုန့်သည်..ချိုးဖောက်ဆေးလုံးပြုလုပ်ရာတွင်..မရှိမဖြစ်လိုအပ်သည့်..အမယ်တစ်မျိုးဖြစ်သည်။..ကိုယ်တိုင်က..ချမ်းသာကြွယ်ဝသော..နောက်ခံရှိသောသူ..ဒါမှမဟုတ်…ဂိုဏ်းမှသတ်မှတ်ထားသော..အန္တရာယ်ရှိသည့်တာဝန်များကို..ပြီးမြောက်မှသာရရှိနိုင်သည်။..မှောင်ခိုစျေးတွင်ရရှိရန်မလွယ်ကူပေ။
“ငါက..ကံစမ်းချင်လို့..ရောက်လာတာပါ..ကံကောင်းမယ်လို့လည်း..မထင်ထားပါဘူး..ဒါပေမယ့်..ငါကရောက်မလာရင်လည်း..မျှော်လင့်ချက်မရှိတော့ဘူးလေ…ရနိုးနိုးပေါ့ကွာ..ဒီနတ်ဆိုးဆေးလုံးက…ဝိဉာဥ်ကျောက်တုံးထက်..ကျင့်ကြံခြင်းအရာမှာ..ပိုပြီးအထောက်အပံ့ပေးနိုင်တယ်…သတ္တုရိုင်းအဆီအနှစ်အမှုန့်ကိုမရခဲ့ပေမယ့်…မှောင်ခိုစျေးကိုလာရတဲ့ခရီးက..သိပ်ပြီးအကျိုးမယုတ်ပါဘူး”
ဟူချင်းက..သတ္တုရိုင်းအဆီအနှစ်အမှုန့်ကိုလိုချင်သော်လည်း..အခြားသူက..လဲလှယ်ဖို့မရှိကြောင်းပြခဲ့သည်။
“အကိုတော်..သတ္တုရိုင်းအဆီအနှစ်အမှုန့်က..နင့်လက်ထဲမှာရှိရင်တောင်..ဘာမှအကျိုးထူးမှာ..မဟုတ်ဘူး..ချိုးဖောက်ဆေးလုံးပြုလုပ်ဖို့က..သတ္တုရိုင်းအဆီအနှစ်အမှုန့်တစ်မျိုးထဲနဲ့..ပြည့်စုံမှာမဟုတ်ဘူး…နောက်ထပ်ပါဝင်ပစ္စည်း..တစ်ဒါဇင်ကျော်လောက်..လိုသေးတယ်…အဲ့ပါဝင်ပစ္စည်းအားလုံးကို..စုဆောင်းနိုင်ခဲ့ရင်တောင်..ဆေးလုံးဖော်စပ်ဖို့…မှော်ဆေးပညာရှင်ကို..အကူအညီတောင်းဖို့က..လွယ်မှာမဟုတ်ဘူး”
“ဒါက..အကိုတော်စိတ်ပူရမယ့် ကိစ္စမဟုတ်ဘူး..အခြားပါဝင် ပစ္စည်းတွေဝယ်ဖို့က..ကျနော့်အတွက် အရမ်းလွယ်ကူပါတယ်…မှော်ဆေးပညာရှင်ထဲမှာ..ငါနဲ့ခင်တဲ့သူအချို့ရှိတယ်..အဲ့အတွက် စိတ်ပူစရာမလိုဘူး”
“အင်း..အဲဒါဆိုရင်..အကိုတော်..သတ္တုရိုင်းအဆီအနှစ်အမှုန့်ကို..ဆက်ရှာလိုက်ပါ”
ဟူချင်းနှင့် ကုန်သွယ်နေသောသူက..သက်ပြင်းကို..ဟူးခနဲ.. အသံထွက်အောင်…ချလိုက်ပြီး နေရာမှထွက်သွားခဲ့သည်။
သူတို့နှစ်ဦး၏ ကုန်သွယ်မှုကို ကြားပြီးနောက်တွင်..ဖန်ရှင်းက.. အဓိက…အကြောင်းအရာကို..သိလာခဲ့သည်။
အပြင်စည်းဌာနတွင်ကြားရသော..ကောလဟလအရ..ဟူချင်းသည်..ဝိဉာဥ်အဆင့်သုံး..သို့ရောက်နေပြီဖြစ်သည်။သူက..ချိုးဖောက်ဆေးလုံးကို..အသုံးချပြီး..ကျင့်ကြံခြင်းအဆင့်ကိုချိုးဖြတ်ရန်..ကြံစည်နေခြင်းဖြစ်သည်။
ထို့အတွက်..ချိုးဖောက်ဆေးလုံး ပြုလုပ်ရာတွင်.. အဓိကအမယ်ဖြစ်သော…သတ္တုရိုင်းအဆီအနှစ်အမှုန့်ကို..အသည်းအသန်ရှာနေခြင်းဖြစ်သည်။..ချင်းယွင်ဂိုဏ်းသည်… တန်ဖိုးကြီးသော ဆေးအမယ်များကို..တင်းကျပ်စွာ ထိန်းသိမ်းထားပြီး ပြင်ပတွင်..မပြန့်စေရန် ဂရုစိုက်ခဲ့သည်။
ဒီအတွက်..ထိုဆေးလုံးကိုရလိုလျှင်..ဂိုဏ်းအတွင်းရမှတ်များစုဆောင်းခြင်းနှင့်..ဂိုဏ်းမှပေးအပ်သောတာဝန်များကို..ထမ်းဆောင်မှသာရနိုင်မည်ဖြစ်သည်။
သတ္တုရိုင်းအဆီအနှစ် အမှုန့်သည်.. အလွန်အကျိုးပြုသော အမှုန့်ဖြစ်ပြီး..ဂိုဏ်းကြီးများနှင့်ထင်ရှားသော..မျိုးနွယ်စုများမှ..အထူးနည်းလမ်းများဖြင့်သန့်စင်ထားသည်။
ယင်းဆေးမှုန့်သည်..အလွန်ကောင်းသောကုန်ကြမ်းဖြစ်ပြီး..ချိုးဖောက်ဆေးလုံးမျိုးကွဲပေါင်း..များစွာတွင်လည်း..မရှိမဖြစ်…ဆေးမှုန့်ဖြစ်သည်။
ပထမအဆင့်ဖြစ်သောကျင့်ကြံခြင်းအဆင့်တွင်..အဓိကအခက်အခဲမှာ..ဝိဉာဥ်အဆင့်သုံးနှင့်လေးကြား…ခြောက်နှင့်ခုနစ်ကြားနှင့်အဆင့်ကိုးသည်..နောက်တစ်ဆင့်သို့တက်ရန်..ခက်ခဲသည်။
အလွယ်ကူဆုံးနှင့်..အအောင်မြင်ဆုံးနည်းလမ်းမှာ..ချိုးဖောက်ဆေးလုံးကို..အဆင့်တစ်ဆင့်စီတွင်..အသုံးပြုရန်ဖြစ်သည်။
ဒီနည်းလမ်းက..ကမ္ဘာပေါ်ရှိ..ဂိုဏ်းများနှင့်မျိုးနွယ်စုများက..သူတို့၏..ကျင့်ကြံသူတို့…အတွက်အသုံးများကြသည်။
ဂိုဏ်းများနှင့်..မျိုးနွယ်စုများက..မှောင်ခိုစျေးကို..မမြင်ချင်ဟန်ဆောင်ကာ..လွှတ်ပေးထားသော်လည်း…ချိုးဖောက်ဆေးလုံးနှင့်ပတ်သက်သော.. အမယ်များကို..ပြင်ပတွင်..ပျံ့နှံ့ခြင်းကိုခွင့်ပြုမည်..မဟုတ်ပေ။
ဟူချင်းသည်..ထိုမျှတန်ဖိုးကြီးသော..သတ္တုရိုင်းအဆီအနှစ်အမှုန့်ကို..လိုချင်၍..ရှားပါးသော..နတ်ဆိုးဆေးလုံးကိုပင်..လဲလှယ်ရန်အတွက်..ဆန္ဒရှိခဲ့သည်။ဒီနေ့တော့..ဟူချင်းအဖို့..လက်ဗလာနှင့်ပင်အိမ်ပြန်ရန်..သေချာသလောက်..ရှိနေပြီဖြစ်သည်။
သတ္တုရိုင်းအဆီအနှစ်အမှုန့်ကို..သာမန်လူများ..ပိုင်ဆိုင်ဖို့မလွယ်ကူပေ။
ဖန်ရှင်းကတစ်နာရီလောက်..အဝေးကနေလှမ်း၍အကဲခတ်နေခဲ့သည်။..ခဏအကြာတွင်..လူငါးယောက်ခန့်..ဟူချင်းဆီမှ..နတ်ဆိုးဆေးလုံးနှင့်ဖလှယ်ရန်ရောက်လာကြသည်။
သူတို့၏.ပစ္စည်းအချို့သည်..ဖန်ရှင်းကိုပင်..မနာလိုဖြစ်စေခဲ့သော်လည်း..ဟူချင်းကတော့..ထိုကမ်းလှမ်းမှုများကို..လက်ခံချင်ပုံမရဘဲ…မလှုပ်မရှားရပ်နေခဲ့သည်။
ဟူချင်းကခေါင်းငိုက်စိုက်ကျပြီး..မှောင်ခိုစျေးမှ..ထွက်ခွာတော့မည့်အချိန်တွင်..ဖန်ရှင်းက..သူ၏အနားသို့ရောက်လာပြီး
“မင်းလိုချင်တာရချင်ရင်..နတ်ဆိုးဆေးလုံးစစ်ဖို့တော့..လိုလိမ့်မယ်”
ဟုနိမ့်ကျသောလေသံဖြင့်ပြောလိုက်သည်။
ဟူချင်း၏..မျက်လုံးများကတောက်ပလာပြီး
“အကိုတော်မှာ..သတ္တုရိုင်းအဆီအနှစ်အမှုန့်ရှိတာလား”
ဖန်ရှင်းက..ခနဲ့လိုက်ပြီး..ဒေါသတကြီး
ပြောလိုက်သည်။
“မင်းလိုလူမျိုး..တစ်ခါမှ..မမြင်ဖူးဘူး..မှောင်ခိုစျေးမှာ..ဘယ်သူက..သတ္တုရိုင်းအဆီအနှစ် အမှုန့်ကိုရောင်းရဲမှာလည်း..နောက်ပြီး..ဂိုဏ်းကရော..အဲ့လိုလူကို..အလွှတ်ပေးမယ်လို့ထင်နေလား”
ဟူချင်းက..တုံ့ဆိုင်းသောအမူအရာရှိသော်လည်း..သူ့မျက်ဝန်းက..မျှော်လင့်ချက်ရောင်ခြည်များ..သန်းလာသည်။
“အကိုတော်…စိတ်အခန့်မသင့်ဖြစ်သွားရင်..တောင်းပန်ပါတယ်
..ကျနော်..သိချင်နေတာက..အကိုတော်မှာ..သတ္တုရိုင်းအဆီအနှစ် အမှုန့်
..တကယ်ရှိနေတာလား”
“ဟား..ဟား..သတ္တုရိုင်းအဆီအနှစ် အမှုန့်ကဒီလောက်ရှားတာ..ငါကဘယ်လိုရနိုင်မှာလဲ”
ဖန်ရှင်းက..လှောင်ပြောသလို..ပြောလိုက်သည်။
ဟူချင်းက
“မင်းငါ့ကို..ကစားချင်နေတာလား”
ဟုပြောလိုက်ပြီးနောက်..သူ၏ဒေါသကို..ထိန်းသိမ်းခဲ့သည်။
“မင်းဒီမှာ..အဲ့ပစ္စည်းကိုရှာနေတာ..ငါသိနေတာပဲ..မင်းကို..ကစားဖို့..ဟုတ်လား
မင်းက..ကစားချင်နေရင်တောင်..ငါ့မှာအဲ့လောက်အချိန်မရှိဘူး”
ဖန်ရှင်းက..လေးနက်သောအသံဖြင့် တုံ့ပြန်ခဲ့သည်။
“အကိုတော်က..ဘာကိုဆိုလိုတာလဲ ”
ဖန်ရှင်းကသက်ပြင်းချလိုက်ပြီး
“အဲဒီအမှုန့်ကို..ငါ့လက်ထဲရောက်အောင်လုပ်နိုင်ပေမယ့်..အရမ်းအန္တရာယ်များတယ်”
ဟူချင်းက..စိတ်သက်သာမှုရသွားပြီး..မြန်ဆန်စွာထပ်မံပြောကြားလိုက်သည်။
“မင်းရဲ့..ဒီညီတော်မှာနတ်ဆိုးဆေးလုံးရှိတယ်..ဝိဉာဥ်အဆင့်သုံးသတ္တဝါရဲ့အမြူတေကနေ..ထုတ်လုပ်ထားပြီး…အဲဒီပစ္စည်းက..ဝိဉာဥ်ကျောက်တုံး..တစ်ရာနဲ့ညီမျှတယ်.. မင်းက..သတ္တုရိုင်းအဆီအနှစ် အမှုန့်သုံးအောင်စလောက်..ပေးနိုင်ရင်..ဒီနတ်ဆိုးဆေးလုံးက..အဲ့အတွက်အဖိုးအခပဲ”
“ဝိဉာဥ်ကျောက်တုံး တစ်ရာ..တောင်လား..ဒါကိုငါရမှဖြစ်မယ်”
ဖန်ရှင်း၏နှလုံးသားထဲတွင်ထို့သို့..တွေးနေသော်လည်း..သူ၏မျက်နှာက..ထိုမျှလောက်ကို..အသေးအဖွဲဟု..သတ်မှတ်ထားသည့်ပုံ..ဟန်ဆောင်ထားသည်။
“ဒီကမ်းလှမ်းမှုက..အရမ်းနည်းလို့လား..အကိုတော်”
ဟူချင်းက..စိတ်လှုပ်ရှားစွာ.. မေးလိုက်သည်။သူက..မှောင်ခိုစျေးအနှံ့ရှာဖွေခဲ့သော်လည်း..ယခုအချိန်တွင်..ဖန်ရှင်း..တစ်ယောက်တည်းသာ..သူ၏မျှော်လင့်ချက်ဖြစ်သည်။
သာမန်အပြင်စည်းဂိုဏ်းသား..တစ်ဦးအနေဖြင့်..သူ၏လုပ်နိုင်စွမ်းက..အကန့်အသတ်ရှိနေသည်။
“နတ်ဆိုးဆေးလုံးလား…ဟား..ဒါကကျိန်းသေ..တရားမျှတတဲ့..ဖလှယ်မှုပဲ..
မင်းကိုပေးဖို့အတွက်ဆိုရင်..ငါစွန့်စားရမှာကများလွန်းတယ်..ဒီဆွေးနွေးမှုကိုအဆုံးသတ်ရမယ်ဆိုရင်..ဒီပစ္စည်းကိုငါရဖို့မလွယ်ဘူး..ဒါမဲ့ငါ့အဖေဆီကတော့ရနိုင်တယ်..ဘယ်လိုရလည်းဆိုတာတော့..မင်းသိဖို့မလိုဘူးထင်တယ်..ငါ့နင့်ကိုပြောနိုင်တာက..ငါဒီအမှုန့်ကိုရအောင်လုပ်နိုင်တယ်…ဒါမဲ့..မင်းဆီက..သဘောတူညီချက်တစ်ချို့တော့လိုတယ်”
ဟူချင်း၏မျက်လုံးက..တောက်ပလာပြီး..စကားပြောရန်ပြင်ဆင်သောအခါ..ဖန်ရှင်း၏လက်က.နှုတ်ခမ်းတွင်တေ့လိုက်ပြီး..ဆက်မပြောရန်တားမြစ်လိုက်သည်။
“ငါမင်းကိုသတိပေးရမယ်…မင်းအတွက်အမှုန့်ရလာရင်..ပါးစပ်ကိုသေချာစေ့ထားပါ..မင်းမလုပ်နိုင်ဘူးဆိုရင်..မင်းနောင်တရအောင်..ငါလုပ်ပစ်မယ်..အနည်းဆုံးတော့..ချင်းယွင်းဂိုဏ်းကနေ..မင်းထွက်သွားစေရမယ်”
ဖန်ရှင်း၏ ခပ်တည်တည်လှိမ့်လုံးက ဟူချင်းကို ဆုံးဖြတ်ရ ပိုလွယ်ကူစေခဲ့သည်။ သူကထပ်မံစဥ်းစားရန်ပင်မလိုတော့ပါ..
ဖန်ရှင်း၏ စကားထဲတွင်”အဖေဆီက ရနိုင်တယ်”ဟူသော
စကားအရ ဖန်ရှင်းအဖေသည် ချင်းယွင်ဂိုဏ်း၏ အရေးကြီးပုဂ္ဂိုလ် ဖြစ်ဖို့သေချာသလောက် ရှိနေသည်။
“ငါ့ကိုဒီလောက်ထိတ်လန့်စေတဲ့သူဆိုတော့ သူ့အဖေက ဒုတိယမျိုးဆက်က ဘိုးဘေးတောင်ဖြစ်နိုင်တယ်..ဒါကလည်း..သဘာဝကျပါတယ်…ဒီလိုပုဂ္ဂိုလ်မျိုးမှ သတ္တုရိုင်းအဆီအနှစ်အမှုန့်ကို အလွယ်တကူရနိုင်တာပေါ့”
“အကိုတော်..ငါကနှုတ်လုံတဲ့သူပါ..ငါမှာလည်းချမ်းသာတဲ့ မျိုးနွယ်စုရှိတယ်.. တစ်ယောက်ယောက်က..ငါ့ကို..စစ်မေးခဲ့ရင်..မျိုးနွယ်စုဆီက..ရတယ်လို့ ပုံချလိုက်လို့ရတယ်…အကိုတော်ဆီကို..ပြသနာ..ရောက်မလာစေရဘူး”
ဟူချင်းက ဖန်ရှင်းစိတ်မပြောင်းသွားစေရန် အလျင်အမြန်ပင် ကတိပေးလိုက်သည်။
“မင်းဘာကိုသတိပြုရမလည်း..သိပြီးပြီဆိုတော့..ငါတို့..စျေးနှုန်းကို…ဆွေးနွေးကြတာပေါ့”
ဟူချင်းက အချိန် အနည်းငယ် စဥ်းစားခဲ့ပြီး
“နတ်ဆိုးဆေးလုံးအပြင်..နောက်ထပ်..ဝိဉာဥ်..ကျောက်တုံး သုံးဆယ်ဆိုရင်ရော…အဆင်ပြေရဲ့လား”
ဖန်ရှင်း၏ စိတ်ထဲတွင် ဘုရားပွဲလှည့်နေသော်လည်း မျက်နှာကမူ အလိုမကျဟန်ဖြင့်ရှိနေခဲ့ပြီး နှုတ်ခမ်းကိုကိုက်လိုက်သည်။
“လေးဆယ်…လောက်တော့..လုပ်ပါ..”
“သုံးဆယ့်နှစ်လား”
“သုံးဆယ့်ရှစ်လား”
“သုံးဆယ့်ငါးလား”
“ဒီလိုပဲ..သတ်မှတ်ကြတာပေါ့”
ဖန်ရှင်းက…အရေးမထားဟန်ဖြင့် လက်ကိုဝှေ့ယမ်းပြီး လက်ခံလိုက်သည်။
ဟူချင်းက အခုမှ အသက်ရှု ချောင်သွားသည်။
“ဘယ်တော့လောက်..ရနိုင်မလည်..အကိုတော်”
“နောက် ကိုးရက်နေပြီး..ညသန်းခေါင်မတိုင်ခင်.. ဟွာလင်းချိုင့်ဝှမ်း အပြင်ဘက် တောင်ကုန်းကနေ ငါ့ကိုစောင့်ပါ…ခေါင်းလောင်သံ သုံးချက်ထိုးမှ ကိုယ်ထင်ပြပါ…လဲလှယ်ဖို့ပစ္စည်းအားလုံးကို ယူလာခဲ့ပါ”
“အဲဒီအတွက်တော့..အဆင်ပြေပါတယ်”
ဟူချင်းက လေးစားဟန်ဖြင့် ဂါရဝပြုလိုက်ပြီး ပြန်ဖြေခဲ့သည်။
ဖန်ရှင်းက သူ၏ခေါင်းကိုရုတ်တရက် ညိတ်လိုက်ပြီး
“မင်းဒီမှာ..ဘာတွေ ချီးနယ်နေတာလည်း”
ဟုပြောလိုက်သည်။
ဖန်ရှင်း၏ အမူအရာက အပြောင်းအလဲမြန်သောကြောင့် ဟူချင်းက ဝမ်းနည်းသွားပြီး
“မင်းငါ့ကို ဘာလို့ လာဆဲနေတာလည်း”
“မင်းကိုငါက သေအောင်သတ်ချင်တာ..မင်းက သတ္တုရိုင်းအဆီအနှစ်အမှုန့်ရှာတာကို..သိုသိုသိပ်သိပ်မလုပ်ဘဲ… ဂိုဏ်းက ရိပ်မိအောင်များ တမင်တကာ လျောက်လုပ်နေသလား မှတ်ရတယ်..ငါမင်းကို…အဲ့ဒီအမှုန့်ရှာပေးမယ်လို့…ကတိပေးတဲ့အတွက်..အဲ့ဆေးမှုန့်နောက်ကွယ်မှာ..ငါရှိတာကို..မင်းဘယ်သူမှ..လျောက်မပြောရဘူး..ငါတို့ရဲ့ဖလှယ်ဖို့အစီအစဥ်က အပြင်ကိုပေါက်ကြားသွားရင် သဘောတူညီချက်ကို..ပျက်တယ်လို့..သတ်မှတ်မယ်”
ဖန်ရှင်း၏စကားကို အထာပေါက်သော
ဟူချင်းသည်..နဖူးမှ ချွေးများကိုသုတ်၍
“အကိုတော်..သတိပေးတဲ့အတွက်ကျေးဇူးပဲ..ငါထွက်သွားတော့မယ်”
ဟူချင်းက တိုးတိုးလေး ပြောလိုက်သည်။
ဖန်ရှင်းသည်..မည်သည့်ပစ္စည်းမှ မရသေးသော်လည်း..ဟူချင်းကိုလှောင်ပြောင်ရန် ..အစီအစဥ်ကိုသေချာဆွဲဖို့..စဥ်းစားလိုက်သည်။
သူက မှောင်ခိုစျေးမှ ထွက်လာပြီးနောက်တွင် သူ၏အစီအစဥ်ကို..စတင်ခဲ့သည်
နောက်သူ၏အစီအစဉ်ကိုစတင်လုပ်ကိုင်ခဲ့သည်။
ဟူချင်းသည် သတ္တုရိုင်းအဆီအနှစ် အမှုန့်ကိုအပူတပြင်း ရှာဖွေပြီးနောက်
လက်လျော့ခါနီးတွင် ဖန်ရှင်းနှင့်တွေ့ခဲ့သည်။
အစောပိုင်းက ဟွာချင်ကျီနှင့်ဖန်ရှင်းတို့
အပြန်အလှန်ဆက်ဆံမှုသည် ဟူချင်းဆိုသော ငနဲသားကြောင့် တိုးတက်လာမည်မှာ အသေအချာပင်ဖြစ်သည်။
သတ္တုရိုင်းအဆီအနှစ် အမှုန့်ကို ရဖို့က
အတော် ခက်ခဲသည်။
သို့သော် ထိုသည်ကအစစ်အတွက်သာဖြစ်သည်။ အတုပြုလုပ်ရမည်ဆိုပါက
ဟွာချင်ကျီအတွက် ခဲယဥ်းမှုကသိပ်မရှိပေ။
ထိုညတွင်ပင် ဖန်ရှင်းက..ဖုန်ထရန်..အစီအစဥ်တွေ..ဆွဲပြီး..အိပ်မက်ထဲမှာတော့..ဟူချင်းကို..ဓားပြပင်တိုက်နေခဲ့ပြီဖြစ်သည်။
———————-
နောက်တစ်နေ့မနက်စောစောတွင်…သူဝတ်ဆင်ထားသည့် အဝတ်အစားကိုချွတ်ပြီး ဝမ်လူမျက်နှာဖုံးကိုတပ်ကာ..သင့်လျော်သော အသွင်တစ်ခုကိုပြောင်းလဲခဲ့သည်။
အရင်မျက်နှာဖုံးတပ်စဥ်က အသက်နှစ်ဆယ်အရွယ်ပုံစံပြောင်းထားသော်လည်း..ယခုအခါ..သူက..ကလေးကြီးတစ်ယောက်လိုပုံစံ ပြောင်းထားသည်။
သူကမှန်ရှေ့တွင်နေရာယူလိုက်ပြီး အမျိုးမျိုးသောအမူအရာ များကိုလေကျင့်နေခဲ့သည်။ သေချာပြင်ဆင်ပြီးတာနဲ့..အိမ်တံခါးဝဆီသို့ လျောက်သွားလိုက်သည်။
သူကခြေလှမ်း အနည်းငယ် လှမ်းလိုက်သောအချိန်တွင် တစ်စုံတစ်ခုကိုသတိရသွားပြီး ပြုံးလိုက်သည်။
သူက အရှက်မရှိ ထိတ်လန့်ဖွယ်ကောင်းသောဖြစ်ရပ်တစ်ခုတွင် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ရတော့မည်..မဟုတ်ပါလား။
End… Chapter 23