အပိုင်း(၂၂) ငါမင်းရဲ့ကျွမ်းကျင်မှုကိုအသုံးချချင်တယ်
ထိုလူက..ကြောက်လန့်နေသည်ကို..မြင်သောအခါ..ဖန်ရှင်းက..သက်ပြင်းချလိုက်သည်။
“မင်းအရမ်းကြောက်နေစရာမလိုဘူး..ငါမင်းကိုဖော်ထုတ်မှာ..မဟုတ်ဘူး..မင်းရဲ့အနုပညာလက်ရာကို..ငါတကယ်..လေးစားတယ်..ငါဆိုလိုတာက..ဒီဓားကိုကြည့်ကွာ…တကယ့်အစစ်နဲ့တောင်မတူဘူး…မင်းကနတ်ဘုရားတစ်ပါးပဲ..မင်းလုပ်ထားတာက…တကယ့်အစစ်ထက်ပိုပြီး..စစ်မှန်သေးတယ်.”
ဖန်ရှင်းပြောတာက..အမှန်တစ်ဝက်ပါသည်။ထိုလူ၏လက်ရာကိုသူက..တကယ်ပင်လေးစားမိပြီး..အသိအမြင်ကျမ်းအားကိုးဖြင့်သာ..အစစ်အတုခွဲနိုင်ခဲ့သည်။
ဓားပျံတွေက..အစစ်အတိုင်းပင်ချီကိုထည့်သွင်းအသုံးပြုနိုင်ပြီး..တိုက်ပွဲအတွင်း..အမှန်တကယ်..အသုံးချနိုင်သည်။ဓားပျံက..လုပ်ဆောင်ချက်တွေကိုကောင်းစွာလုပ်ဆောင်နိုင်သည်မှာ..ထူးခြားသည့်နည်းလမ်းတစ်ချို့ဖြင့်လုပ်ထားခြင်းဖြစ်သည်။သို့သော်သူ၏အကန့်အသတ်..ရောက်တဲ့အခါ..ချက်ချင်း ကျိုးပဲ့ပျက်စီး..သွားလိမ့်မည်ဖြစ်သည်။
ပြီးပြည့်စုံသော..အစစ်မှန်မဟုတ်သည့်ပစ္စည်းများ..ဖန်တီးနိုင်သော..
အနုပညာ..
ဝိဉာဥ်ဆေးလုံးနှင့်ပတ်သက်၍.. ယင်း၏အသွင်အပြင်နှင့်အနံ့အသက်သည်..တကယ့်အစစ်နှင့်..နီးစပ်နေပြီး..ချီနှင့်..အတော်ပင်နီးစပ်သော်လည်း..မှော်ဆေးလုံးပညာရှင်အတွက်က..ခွဲခြားရန်မခက်ခဲပေ။
မှော်ဆေးလုံးပညာမတတ်ရင်တောင်.. ဆေးလုံးအထဲတွင်သေချာ..စစ်ဆေးပါကချီမလုံလောက်ကြောင်းသိနိုင်သည်။
ထိုသူက..ဖန်ရှင်းရဲ့..သုံးသပ်ချက်များကိုကြားလိုက်သည့်အခါတွင်..အလွန်တရာ..စိတ်ဖိစီးမှုများလာခဲ့သည်။
“အကိုတော်..ငါ့ကိုမလှောင်ပါနဲ့တော့..ဒီကပစ္စည်းတွေအားလုံးမှာ.. အားနည်းချက်က..တစ်ခုတစ်လေလောက်ပဲရှိတာပါ”
ဖန်ရှင်းကိုလက်ကိုဝှေ့ယမ်းလိုက်ပြီး
“အားနည်းချက်တစ်ချက်လေးပဲ..ရှိတာလား..မင်းဆိုလိုတာက.. ဒီကပစ္စည်းအားလုံးကို..အစစ်နဲ့နီးစပ်အောင်..လုပ်နိုင်တယ်လို့..ဆိုလိုတာလား”
ထိုသူကမျက်ရည်များပင်..ကျလာပြီး..စိတ်လှုပ်ရှားစွာဖြင့်..လှည့်ကြည့်ရင်း
“တိတ်တိတ်နေပေးပါ..အကိုတော်..မင်းဘာလိုချင်လည်းဆိုတာသာ..ငါ့ကိုပြောပါ..
ကျွမ်းကျင်သူတစ်ယောက်နဲ့..တိုးတာကိုက..ကျနော့်ရဲ့ကံတရားပါ…
ဒါကြောင့်မို့..တစ်ခုခုလိုအပ်ရင်လည်း..ယူလိုက်ပါ”
“ငါလိုချင်တာ…မင်းရဲ့ကျွမ်းကျင်မှုပဲ”
ဖန်ရှင်းကစိတ်ရင်းအတိုင်းပြောလိုက်ခြင်းဖြစ်သည်။
“အမှန်အတိုင်းပြောရရင်..ငါအရင်နေတဲ့အိမ်ကဦးလေးက…ဒီလိုပစ္စည်းတွေလုပ်တဲ့သူပဲ..ဒါပေမယ့်..သူကသာမန်သေမျိုးကမ္ဘာက..ပစ္စည်းတွေကိုပဲလုပ်တာ..ပြီးတော့..လက်ရာကလည်း..ဒီလောက်မသေသပ်ဘူး…မင်းရဲ့အလုပ်ကို..ငါအခုသိနေပြီ..အခုငါလိုချင်တာက..သိပ်မခက်ပါဘူး..မင်းအကြောင်း..ဘယ်သူ့ကိုမှလည်း..ဖောက်သည်မချဘူး…မင်းရဲ့ကျွမ်းကျင်မှုကို..အသုံးချချင်တယ်..ကိစ္စပြီးသွားရင်..မင်းလည်း..ငွေအမြောက်အမြားရမယ်..”
“အာ…”
သူကဖန်ရှင်းစတင်အကဲခတ်နေပြီး..ဖန်ရှင်းစကားကိုယုံကြည်ရန်..ခက်ခဲနေသည်။
ဖန်ရှင်းက
“အကိုတော်..ငါအစီအစဥ်တစ်ခုကို..သေချာဆွဲမယ်..မင်းရဲ့နာမည်ကို…သိခွင့်ရမလား”
“မင်း..ဘာလုပ်မလို့လဲ”
သူက..စိတ်လှုပ်ရှားစွာ ဖြင့်..မေးခွန်းထုတ်လိုက်သည်။မှောင်ခိုစျေးတွင်..မည်သူမည်ဝါဖြစ်ကြောင်းမေးခွင့်မရှိပါ။သူကမှောင်ခိုစျေးတွင်..အတုများဂျင်းလာထည့်သော်လည်း..မည်သူမည်ဝါမှန်းမသိသည့်အတွက်..ပြသနာဖြစ်ရန်..အကြောင်းသိပ်မရှိပေ။အခုတော့…သူ့နာမည်ကိုစုံစမ်းနေတဲ့လူ..
ရှိလာပြီဖြစ်သည်။
“စိတ်ပူစရာမလိုပါဘူး…ငါကမင်းကို..နောက်ထပ်ဆက်သွယ်လို့ရအောင်ပါ”
“အကိုတော်..ဒီလိုမမေးပါနဲ့..မှောင်ခိုစျေးမှာစည်းမျဥ်းတွေရှိတယ်..
ငါ့အကြောင်းကိုသိသွားရင်..ငါဒီမှာလုပ်စားလို့မရတော့ဘူး…ပြီးတော့..မှောင်ခိုစျေးအဖွဲ့ဝင်တွေကလည်း..ငါ့ကိုအပြစ်ပေးလိမ့်မယ်”
ထိုလူကငြင်းဆန်သောအခါဖန်ရှင်းက
“မင်းကငါနဲ့…ဆက်လုပ်ဖို့..တကယ်ပဲ..စိတ်ကူးမရှိဘူးလား”
ထိုလူကဆုံးဖြတ်ချက်..ပြတ်သားသောအသံဖြင့်
“ငါမလုပ်နိုင်ဘူး..”
ဖန်ရှင်းက..ရုတ်တရက်..ထရပ်လိုက်ပြီး..ကျယ်လောင်စွာ..အော်ပြောလိုက်သည်။
“ဟေ့..ငါပြောစရာရှိတယ်..ဒီမှာရှိတဲ့ပစ္စည်းအားလုံးက…”
မှောင်ခိုစျေးကွက်က..တိတ်ဆိတ်နေခဲ့ပြီး..
အပ်ပြုတ်ကျသွားရင်တောင်..ကြားနိုင်လောက်သည်။ ဖန်ရှင်းက..ရုတ်တရက်အော်လိုက်သောအခါ..ပတ်ဝန်းကျင်ရှိလူအများက..ရုတ်တရက်ထိတ်လန့်သွားပြီး..ဖန်ရှင်းဆီသို့.. မရေမတွက်နိုင်အောင်များပြားသော..မျက်လုံးများက..ရောက်လာသည်။
ဖန်ရှင်းအရှေ့တွင်ရှိသော..လူကကြောက်လန့်လာပြီး..ထွက်ပြေးချင်စိတ်ပင်ပေါက်လာသော်လည်း..ဖန်ရှင်းအနားမှာပဲဆက်၍ရှိနေခဲ့သည်။
“ဒါက..အရမ်းကောင်းတယ်.. ဒါကိုရှာတွေ့ဖို့အချိန်အကြာကြီး ရင်းနှီးခဲ့ရတယ်…ငါချစ်ရတဲ့အကိုတော်..မင်းဟာငါ့ကိုအများကြီးကူညီခဲ့တယ်..ကျေးဇူးတင်ပါတယ်.. ကျေးဇူးပြုပြီး..ဒီဝိဉာဥ်ကျောက်တုံးကိုလက်ခံပေးပါ”
ဖန်ရှင်းကဝိဉာဥ်ကျောက်တုံးကိုထိုလူဆီမှယူလိုက်ပြီးသည့်နောက်တွင်..ပစ္စည်းပုံကြီးထဲမှ..တွေ့ကရာတစ်ခုကိုလှမ်းယူလိုက်သည်။
ဖန်ရှင်းကထိုပစ္စည်းကို…ရှေ့နောက်သေချာစွာလှန်လှောကြည့်လိုက်ပြီး…စိတ်လှုပ်ရှားနေခဲ့သည်။
“ထွီး…ဒါတွေက..အတုမှဟုတ်ရဲ့လား”
သူက..အိပ်စက်ခြင်းဆေးလုံးကို သဘောကျနေခဲ့သည်။
အနီးနားတွင်..ရှိသောလူက..ဖန်ရှင်းဘာလုပ်လုပ်စိတ်မဝင်စားဟန်ဖြင့်..ရှိနေခဲ့သည်။
အိပ်ဆေးလုံးလေးများသည်..သာမန်ဆေးလုံးအမျိုးအစားဖြစ်ပြီး..အိပ်စက်ခြင်းကိုပိုမို..ကောင်းမွန်စေတဲ့အပြင်…စွမ်းအင်ကိုပြန်လည်ရရှိစေသည်။ယင်းဆေးလုံးသည်စိတ်လှုပ်ရှားဖွယ်ကောင်းသော်လည်း…ကျင့်ကြံခြင်းအတွက်..သိပ်ပြီးအကျိုးမရှိပေ။
လူအများက..သူတို့၏အလုပ်ကိုဆက်လက်လုပ်ဆောင်ရန်..ပြင်ဆင်ကြသည့်အချိန်တွင် အစောင့်တစ်ဦးက..ဖန်ရှင်းရှေ့သို့လမ်းလျောက်လာပြီး
“အကိုတော်..မင်းရဲ့စိတ်ခံစားချက်ကိုထိန်းချုပ်ပါ..ဒါကမှောင်ခိုစျေးဖြစ်တယ်…လူတိုင်းကို..အနှောင့်အယှက်ထပ်မပေးပါနဲ့”
“အာ..ငါဒီဖြစ်ရပ်အတွက်..တောင်းပန်ပါတယ်..အကိုတော်..ငါမှားသွားတယ်..”
ဖန်ရှင်းက..ကပျာကရာ..တောင်းပန်လိုက်သောအခါ..အစောင့်ကကျေနပ်နှစ်သိမ့်လျက်..ထွက်သွားခဲ့သည်။
အစောင့်များထွက်သွားသည်နှင့်..တစ်ပြိုင်နက်ထိုလူက.ကူကယ်ရာမဲ့စွာဖြင့်..ဖန်ရှင်းရှေ့တွင်..ဒူးထောက်ချလိုက်သည်။
“အကိုတော်..ငါ့ကို..အလွှတ်ပေးလို့မရဘူးလား”
ဖန်ရှင်းက..စကားတစ်လုံးမှမပြောဘဲထိုလူကို..လှည့်ကြည့်ကာ..အဓိပျပ်ပါယျပါသောအပွုံးဖွငျ့..ပြုံးလိုက်သည်။
ထိုသူက..သူ၏အိတ်ကပ်ထဲမှ..သစ်သားတံဆိပ်ပြားတစ်ခုကို..ထုတ်ယူပြီး..ဖန်ရှင်းဆီသို့ကမ်းပေးလိုက်သည်။
ဖန်ရှင်းက..သစ်သားတံဆိပ်ပြားကိုလှမ်းမယူသေးဘဲ..
“ဒီတံဆိပ်ပြားက..အမှန်အကန်ဆိုတာသေချာလား”
ဖန်ရှင်းက..ဗြောင်ပင်..ဖွင့်မေးလိုက်သည်။
ထိုသူ၏..နှုတ်ခမ်းများက..တွန့်လိမ်သွားပြီး…အမဲရောင်မျက်နှာဖုံးစွပ်..အောက်တွင်ရှိသော..သူ၏မျက်နှာက..မည်းမှောင်နေခဲ့သည်။
အချိန်အတော်ကြာ..ငိုင်သွားပြီးမှ…သစ်သားတံဆိပ်ကို..ဖန်ရှင်းဆီသို့..ပစ်ပေးလိုက်ပြီး…သူ၏ဦးခေါင်းက..အောက်သို့..ငိုက်စိုက်ကျလျက်ရှိသည်။
ဖန်ရှင်းကသစ်သားပြားကိုဆွဲကိုင်ကာ..စေ့စေ့စပ်စပ်..ဖတ်ရှုလိုက်သည်။
“ချင်းယန်ဂိုဏ်းရဲ့..အပြင်စည်းတပည့်..ဟွာချင်ကျီ…ကျောက်နက်ချိုင့်ဝှမ်း…အိမ်အမှတ်၂၁”
ဖန်ရှင်းကထိုလူ၏..နေရပ်လိပ်စာနှင့်အမည်များကို..နက်ရှိုင်းစွာ..မှတ်ထားလိုက်သည်။
“မင်းငါ့ကို..ဘာလုပ်ခိုင်းချင်နေတာလည်း..ငါ့ကို..ပြောပြလို့မရဘူးလား”
ဖန်ရှင်းက..ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး
“မင်းသိသင့်တယ်..ထင်တဲ့အချိန်ရောက်ရင်..ငါ..မင်းကို..သိခွင့်ပေးမှာပါ”
ဟွာချင်းရှီကစိတ်ထဲမှနေ၍.. တိတ်တဆိတ်..ဆုံးဖြတ်ချက်ချလိုက်သည်။
သူ၏အိမ်သို့ပြန်ရောက်သည်နှင့်..အတုလုပ်ထားသောပစ္စည်းအားလုံးကိုဖျက်ဆီးပစ်ပြီး…ကောင်လေး၏ခြိမ်းခြောက်မှုကိုရှောင်ရှားမည်ဟုတွေးနေခဲ့သည်။
“စကားမစပ်…မင်းရဲ့အိမ်ကိုပြန်ရောက်လို့ပစ္စည်းတွေကို..ဖျက်ဆီးပစ်မယ်ဆိုတာနဲ့…မင်းက..အတုတွေဂျင်းထည့်ပြီးရောင်းနေတယ်ဆိုတာ…တစ်ဂိုဏ်းလုံး..သိသွားစေရမယ်..လို့..ငါကတိပေးတယ်”
“လူတွေက..ဒေါသတွေ..ထွက်လာပြီးဆိုတာနဲ့တစ်ယောက်ယောက်အပေါ်..ပေါက်ကွဲပစ်ဖို့..ကြိုးစားတတ်ကြတယ်…သူတို့မကျေနပ်ရင်… အထောက်အထားလည်းရှာစရာမလိုဘူး…ဒါပေမယ့်…မင်းဂျင်းထည့်နေတဲ့ပစ္စည်းရဲ့..အရည်အသွေးက..အရမ်းကောင်းတယ်
…သေချာမစစ်ဆေးနိုင်ရင်..အတုမှန်းရိပ်မိမှာ..မဟုတ်ဘူး..
တစ်ယောက်ယောက်က..မင်းရဲ့ပစ္စည်းကိုစစ်ဆေးဖို့ပြုလုပ်ခဲ့မယ်ဆိုရင်တော့..မင်းဒုက္ခတွေတစ်လှေကြီး..တက်သွားနိုင်တယ်”
ဖန်ရှင်းကခြိမ်းခြောက်လိုက်..ချီးကျူးလိုက်ဖြင့်..တစ်လှည့်စီစည်းရုံးနေသည်။
နောက်ဆုံးတွင်..ဟွာချင်ကျီက..ထိုလူငယ်လေးလက်မှ..မည်သို့မှမလွတ်နိုင်တော့ကြောင်း..သိလိုက်ပြီး..သက်ပြင်းရှည်ကြီးကိုချလိုက်သည်။
“ကောင်းပြီလေ…ဒါဆိုလည်း..အကိုတော်ဆီက…သတင်းကောင်းကိုစောင့်ရတော့မှာပေါ့”
ဟွာချင်ကျီကအထက်ပါစကားများကိုပြောပြီးလှည့်ထွက်ရန်ပြင်လိုက်သည်။
ဖန်ရှင်းကဲ့သို့…စက်ဆုပ်ရွံရှာဖွယ်ကောင်းသူနဲ့အချိန်ဖြုန်းဖို့စိတ်ကူးမရှိတော့ချေ။
သို့သော်..သူသွားခါနီးတွင်…ဖန်ရှင်းကလက်ဖြင့်ဟန့်တားထားလိုက်ပြီး
“ငါ့ကိုဝိဉာဥ်ကျောက်တုံးတွေ..ထပ်ပေးပါ”
ဟုရယ်မောစွာပြောလိုက်သည်။
ဟွာချင်ကျီက..ဒေါသထွက်နေပြီး..
“ဒါပေမယ့်…အဲဒီအိပ်ဆေးလုံးတွေကတော့အစစ်ပါကွာ”
ဟု..စိတ်ပျက်နေသောအသံဖြင့်..ပြောလိုက်သည်။
“ဟုတ်တယ်လေ…ဒါပေမယ့်..တခြားပစ္စည်းတွေက..အစစ်မှမဟုတ်တာ”
ဖန်ရှင်းကရီလိုက်ပြီးထပ်မံခြိမ်းခြောက်လိုက်သည်။
ဟွာချင်ကျီက..ဖန်ရှင်းစကားကိုကြားလိုက်သောအခါ…ဆွံ့အသွားရသည်။..သူကဝိဉာဥ်ကျောက်တုံးကို..ဖန်ရှင်းဆီသို့…ပေးအပ်လိုက်ပြီး…သူ့ပိုင်ပစ္စည်းများနှင့်အတူ…မှောင်ခိုစျေးမှ..မြန်မြန်ဆန်ဆန်ထွက်လာခဲ့သည်။
—————–
ဟွာချင်ကျီ..ထွက်ခွာပြီးနောက်..ဖန်ရှင်းက..မှောင်ခိုစျေးကို..လှည့်ပတ်ကြည့်ရှုခဲ့သည်။..သူ၏စိတ်နှလုံးထဲမှနေ၍..ဓားပျံကိုရှာဖွေနေခဲ့သည်။
သူက..သမားရိုးကျလမ်းအတိုင်း..သွားတတ်တဲ့သူ..ဘယ်တုန်းကမှမဟုတ်ခဲ့ပေ။..ဒါကြောင့်ပင်..ဟွာချင်ကျီထံမှ..အတုတွေကိုမြင်ရသည့်အခါတွင်..ဘယ်လိုအသုံးချပြီး..အမြတ်ထွက်အောင်လုပ်ရမလည်း..စဥ်းစားနေခဲ့သည်။
ဟွာချင်ကျီလို အတုလုပ်သည့်နေရာတွင်..အရည်အချင်းရှိသည့်လူဆီမှ..တစ်ခုခုကိုမညှစ်ထုတ်ပါက..နှမြောစရာကောင်းနေလိမ့်မည်။
အစစ်အမှန်ဓားအချို့သည်ပင်..ဟွာချင်ကျီ..ဂျင်းထည့်နေသောဓားများနှင့်..ယှဥ်လိုက်လျှင်..အားနည်းပြီး.. အရည်အသွေး..ညံဖျင်းကြောင်းတွေ့ရသည်။
ဖန်ရှင်းကလှည့်လည်ရင်းနှင့်..ထောင့်တစ်ထောင့်သို့အရောက်တွင်..ရုတ်တရက်..စိတ်လှုပ်ရှားစရာအသံကို..ကြားခဲ့ရသည်။
“အကိုတော်..ငါရဲ့..ဝိဉာဥ်ကျောက်တုံး
၇၀နဲ့ကမ်းလှမ်းမှုက..အရမ်းစျေးသင့်ပါတယ်…မင်းရဲ့ဆေးလုံးက..အရမ်းရှားပေမယ့်..အကောင်းဆုံးအရည်အသွေး…မဟုတ်ဘူးလေ..ငါရဲ့ကမ်းလှမ်းချက်က…အရမ်းစျေးသင့်တယ်”
“အမ်…ဝိဉာဥ်ကျောက်တုံး ၇၀ ဆိုပါလား..”
ဖန်ရှင်း၏.. နားရွက်များသည်.. ရုတ်တရက် အပေါ်သို့ထောင်တက်လာခဲ့သည်။ထိုပမာဏသည်..အဆင့်တစ်တပည့်တစ်ဦး၏..သုံးနှစ်တာအတွင်း..ရရှိမည့်ပမာဏနှင့်..တူညီသည်။
“ဒီပစ္စည်းက..ဘယ်လောက်တောင်.. တန်ဖိုးရှိလိုက်မလဲ”
“အကိုတော်..ဝိဉာဥ်ကျောက်တုံး၇၀က..မျှတတဲ့..လဲလှယ်မှုပဲဆိုတာငါသိတယ်…ဒါပေမယ့်..ငါ့မှာရှိတဲ့ နတ်ဆိုးဆေးလုံးနဲ့ အမှန်တကယ်လဲလှယ်ချင်တာက သတ္တုရိုင်းအဆီအနှစ် အမှုန့်လို့..ငါသေချာပြောပြီးပြီလေ”
ဒုတိယအသံကိုကြားလိုက်သည့်အခါ..ဖန်ရှင်းသည်..ဒေါသအလိပ်လိုက်ထွက်မလာခင်..တစ်ခဏမျှစဥ်းစားလိုက်ရသည်။..ဒီလူကဘယ်သူလည်းဆိုတာသူသိသည်။
ဖန်ရှင်းသည် ဆယ်နှစ်အရွယ်ပင်ရှိသေးသော်လည်း..အမှန်အကန်လက်စားချေတတ်တဲ့..သူမျိုးဖြစ်သည်။
ဂိုဏ်းသားသစ်..စုဆောင်းခြင်းအခမ်းအနားက..ပြီးသွားသည်မှာ..တစ်နှစ်ခွဲလောက်ရှိခဲ့ပြီဖြစ်သော်လည်း..ထိုအသံကိုကြားလိုက်သည်နှင့်…ဖန်ရှင်းကမည်သူမှန်း..တန်းသိလိုက်သည်။
သူ၏ခေါင်းကို..အလျင်အမြန်လှည့်ကြည့်လိုက်သောအခါ..တောင်စောင်းနားရှိ..ကျောက်တုံးတစ်တုံးပေါ်တွင်..ထိုင်နေသော..လူရွယ်.တစ်ယောက်ကိုတွေ့လိုက်သည်။
ထိုလူရွယ်က..အဖြူရောင်မျက်နှာဖုံးတပ်ဆင်ထားပြီး..သူ၏ခန္ဓာကိုယ်ကို..လရောင်ရဲ့အမှောင်ကျနေသောအရိပ်နှင့်..ဖုံးကွယ်ထားသည်။
မျက်နှာဖုံးအောက်တွင်မည်သူရှိမှန်း..လွယ်လွယ်နှင့်မသိနိုင်တော့ပါ။
ဒါပေမယ့်..ဖန်ရှင်းကအသံကိုကြားတာနဲ့…ပုံသဏ္ဌာန်ကို..မသဲကွဲသေးမီမှာပင်..ဟူချင်း..ဟုအတပ်သိလိုက်သည်။
“ဝိုး…ဒီနေ့တော့ ကံဆိုးခြင်းကနေ..ကံကောင်းခြင်းဖြစ်တော့မယ်..သူဘာလုပ်နေလည်းဆိုတာ…စောင့်ကြည့်ရမယ်”
ဖန်ရှင်းက ဟူချင်းတို့စကားဝိုင်းမှ အသံကို..သေချာကြားရဖို့သိပ်မဝေးတော့ပေ။
End… Chapter 22