အပိုင်း ၂၄•၁
” လောင်းကြေးထပ်မှု ”
°°°
၀မ်သုန့်က ရယ်မောလိုက်ပါတယ်။
” ဘာတုန်းက မင်းက အနာခံရတာကို အတော်သဘောကျနေတာလား ငါတို့တွေ ဒီနေရာမှာ တခဏတာလောက် လေ့ကျင့်နေလိုက်ရအောင် အဘွားကြီးကျိုး ပြန်လာရင်း ငါတို့တွေ ဒီလိုလေ့ကျင့်နေတာ မြင်လို့ကတော့ ကြိုးစားနေတယ်လို့ တွေးမိမှာပဲ ဒါဆိုရင် သူလဲ စိတ်အခြေအနေ ပြန်ကောင်းသွားနိုင်လောက်တယ်။
” မင်းက ဒီလိုမျိုးကောက်ကျစ်တဲ့နေရာမှာ ပြိုင်ဘက်ကင်းပဲ ”
“‘မဟုတ်တရမ်းတာတွေမပြောနဲ့ မင်းကမှ ကောက်ကျစ်တဲ့နေရာမှာ ပြိုင်ဘက်ကင်းတာ ငါတို့တွေ နေ့လည်ကြရင် နောက်တစ်ပွဲပြိုင်ရဦးမယ်..အစောပိုင်းပြိုင်ပွဲတွေကြောင့်လဲ အားကုန်ပြီးပြီ ဒီတော့ စွမ်းအားပြန်ဖြည့်တာက ဘာများမှားနေလို့လဲ မင်းသာမင်း လုပ်ချင်လုပ်မလုပ်ချင်နေ စကြရအောင် “‘
သူပြောပြီတာနဲ့ တင်ပလ္လင်ခွေချိတ်ရင်း ဖိနပ်ချွတ်ပြီ ထိုင်လိုက်ပါတယ်။ အဲ့ဒီနောက် လက်နှစ်ဖက်ကို ဆန့်ထုတ်ရင်း ဟို့ယွိဟောင်ဆီကို ပေးထားတော့တယ်။
ဟို့ယွိဟောင်ကလဲ အားလပ်တဲ့အချိန်မှာ ကျင့်ကြံနေတဲ့သူပါ။ ဒါကြောင့် သူမငြင်းပယ်ခဲ့ပါဘူး။ ၀မ်သုန့်နဲ့ မျက်နှာချင်ဆိုင်ထိုင်လိုက်ရင်း လက်နှစ်ဖက်ကို ပြန်ပြီးတွန်းထုတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက် ၀ိဉာဥ်စွမ်းအားတွေကို စတင်ပြီ လှည့်ပတ်တယ်။
၀ိဉာဥ်စွမ်းအားတွေက လှည့်ပတ်ရင်း ပေါင်းစည်းချိန်မှာတော့ မနေ့ကကျင့်ကြံမှုနဲ့ တစ်နည်းတစ်ဖုံကွာခြားနေခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူတို့ရဲ့ စွမ်းအားတွေက ပိုလို့ရင်းနှီးလာခဲ့ပါပြီ။ ဒါ့အပြင် ကျင့်ကြံတဲ့နှုန်းကလဲ မနေ့ကထက်ပိုပြီး မြန်ဆန်နေခဲ့ပါတယ်။ ဟောင်သုန့်စွမ်းအားကတော့ ထိတွေ့ချိန်မှာ ချက်ချင်းဆိုသလို ပေါ်ထွက်လာတော့တယ်။ သူတို့တွေ စိတ်စေညွှန်လိုက်တိုင်းမှာ ဟောင်သုန့်စွမ်းအားက ကျင့်ကြံတဲ့လမ်းတွေကို ဖြတ်သန်းသွားလာရင်း မနေ့ကထက်တောင် ဆယ်ရာခိုင်းနှုန်းပိုပြီး မြန်ဆန်လာခဲ့ပါပြီ။ သူတို့တွေ ဒီလိုလေ့ကျင့်နေကြချိန်မှာ မျက်လုံးတွေကို ပိတ်ထားခဲ့ပါတယ်။ ဒါကြောင့် အပြာရောင် ခရမ်းရောင်နဲ့ ရွှေရောင်အလင်းတန်းသုံးခု ပေါင်းစည်းနေတာကို မမြင်ရပါဘူး။ ဒီအလင်းတန်းသုံးခုက သူတို့ရဲ့ လက်မောင်းတွေမှာ လှည့်ပတ်နေခဲ့ရင်း ခန္ဓာကိုယ်တွေကို ဖြည်းဖြည်းချင်း ရောက်ရှိလာပါတော့တယ်။ အဲ့ဒီနောက် ခန္ဓာကိုယ်ပေါ်မှာတော့ အလွှာတစ်ခုဖြစ်ပေါ်လာခဲ့ပါပြီ။
သူတို့တွေက ၀ိဉာဥ်စွမ်းအားကို ဖြည့်ဖို့အတွက် တခဏတာလေ့ကျင့်ဖို့တွေးထားခဲ့တာပါ။ ဒါပေမယ့် စတင် လေ့ကျင့်တာနဲ့ တရားထိုင်တဲ့အခြေအနေကို ရောက်ရှိလို့သွားရင်း အပြင်လောကကိုတောင် သတိမေ့သွားခဲ့ပါပြီ။
မကြာခင်မှာပဲ ကျိုးယိက နောက်ထပ် လူတစ်ယောက်နဲ့အတူပြန်လာခဲ့ပါတယ်။ အကယ်၍ သူတို့သာ နိုးနေခဲ့မယ်ဆိုရင် လန့်သွားမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျိုးယိခေါ်လာခဲ့တဲ့သူက သူတို့ရဲ့ ပြိုင်ပွဲနယ်မြေကို ကြီးကြပ်ခဲ့တဲ့ ဆရာ၀မ်ယန် ဖြစ်နေခဲ့တာကြောင့်ပါ။
ကျိုးယိလဲ သူတို့နှစ်ယောက် လေ့ကျင့်နေတာကြောင့် အံ့ဩသွားခဲ့ပါတယ်။ ၀မ်ယန်ကတော့ ပိုလို့တောင် မျက်လုံးအပြူးသားဖြစ်နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူတို့နှစ်ယောက် ပါးစပ်ပိတ်ပြီ နေကြဖို့သာ ရွေးချယ်လိုက်ပါပြီ။
ကျိုးယိက သိလိုစိတ်အပြည့်နဲ့ ကြည့်နေခဲ့သလို ၀မ်ယန်ကတော့ ခေါင်းသာခါပြလိုက်ပါတယ်။ အဲ့ဒီနောက် ဖြည်းဖြည်းလေးလျှောက်သွားပြီ ကျောင်းသားနှစ်ယောက်ရဲ့ အရှေ့မှာ သူထိုင်ချလိုက်တယ်။ အခြေအနေကို စောင့်ကြည့်လေ့လာပြီ ၀ိဉာဥ်စွမ်းအားတွေရဲ့ လှည့်ပတ်မှုကို သူအတော်လေး အာရုံစိုက်နေခဲ့ပါတယ်။
သူပိုပြီးအာရုံစိုက်လေလေ ပိုပြီးလန့်လာလေပါပဲ။ သူ့ရဲ့လက်နှစ်ဖက်ကိုတောင် စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပွတ်နေခဲ့မိပါသေးတယ်။
ကျိုးယိနဲ့ ၀မ်ယန် သူတို့သိလာခဲ့တာ အချိန်တစ်ချို့ရှိပါပြီ။ ဒါကြောင့် တစ်ဖက်လူဘယ်လောက်အထိ စိတ်လှုပ်ရှားပြီ တက်ကြွနေလဲဆိုတာ ကြည့်ရုံနဲ့တင် သူနားလည်နေခဲ့တယ်။ ဒါ့အပြင် သူမကိုယ်တိုင်ကလဲ ဆရာတစ်ယောက်ပါ။ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ လက်ရှိအခြေအနေက ပုံမှန်မဟုတ်တာကို သူမ ရှင်းရှင်းလင်းလင်း သိနေခဲ့ပါတယ်။ အနည်းဆုံးတော့ ဒီလိုကိစ္စမျိုးကို သူမ တစ်ခါမှမမြင်ခဲ့ဖူးပါဘူး။ ၀ိဉာဥ်ပညာရှင်နှစ်ယောက်အတူတူ ကျင့်ကြံချိန်မှာ သူတို့ရဲ့၀ိဉာဥ်စွမ်းအားတွေက တစ်ဖက်နဲ့တစ်ဖက်ကို မနှောင့်ယှက်ပဲ သီးခြားရပ်တည်တာ သူမ အမြဲတမ်းကြုံခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူတို့က ပေါင်းစည်းနေခဲ့ကြပြီ အလင်းတန်းသုံးခုကလဲ ဆက်တိုက်လှည့်ပတ်လို့နေပါတယ်။ ဒါမျိုးကို ၀ိဉာဥ်သုံးကွင်းပိုင်ဆိုင်တဲ့ ၀ိဉာဥ်အကြီးအကဲတွေတောင် သူတို့လောက်မြန်မြန်ဆန်ဆန် လှည့်ပတ်ပြီ အသုံးချနိုင်မှာမဟုတ်ပါဘူး။
လှည့်ပတ်မှုပေါင်း သုံးဆယ်ခြောက်ကြိမ်တိတိ ပြီးမြောက်သွားချိန်မှာတော့ ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့ ရပ်တန့်လိုက်ကြပါတော့တယ်။ သူတို့ရဲ့ ၀ိဉာဥ်စွမ်းအားက ဖြည့်တင်းသွားပြီဖြစ်သလို ကျင့်ကြံဆင့်ကလဲ တစ်ဆင့်တက်သွားတာကို ခံစားမိပါတယ်။
သူတို့နှစ်ယောက်လဲ သက်ပြင်းချရင်း ၀ိဉာဥ်စွမ်းအားတွေကို ပြန်လည်ထိန်းသိမ်းလိုက်ပါတော့တယ်။ လှည့်ပတ်နေတဲ့ အလင်းတန်းသုံးခုကလဲ ဖြည်းဖြည်းချင်းဆိုသလို ပျောက်ကွယ်လို့သွားခဲ့ပါပြီ။
မျက်လုံးတွေ ပြန်ဖွင့်လိုက်ချိန်မှာတော့ လန်းဆန်းတက်ကြွသွားကို ခံစားမိပါတော့တယ်။ သူတို့ရဲ့လက်ရှိအရှိန်နှုန်းက အတော်လေးကို စိတ်ကျေနပ်စရာကောင်းနေခဲ့တယ်။ ဒါပေမယ့် မျက်စိရှေ့မှာပေါ်လာသူကြောင့် မျက်လုံးအပြူးသားဖြစ်သွားခဲ့ပါတယ်။
” ဆရာကျိုးနဲ့ ဆရာ၀မ်လား ”
ဟို့ယွိဟောင်က ကျိုးယိနဲ့ ၀မ်ယန် ထိုင်ခုံပေါ်မှာထိုင်ရင်း သူတို့ကို စိုက်ကြည့်နေခဲ့တဲ့အတွက် တအံ့တဩ ပြန်မေးလိုက်မိပါတယ်။
၀မ်သုန့်လဲ လန့်သွားခဲ့မိတယ်။ အဲ့ဒီအချိန်မှသာ ကျိုးယိရဲ့ ရုံးခန်းထဲရောက်နေတာကို သတိရသွားတော့တာပါ။
ဟို့ယွိဟောင်ကတော့ ရှက်ရွံ့နေတဲ့ပုံစံနဲ့ ပြောလာခဲ့ပါတယ်။
” ဆရာကျိုး ကျွန်တော်တို့က ၀ိဉာဥ်စွမ်းအားကို ပြန်ဖြည့်တင်းအောင် လုပ်ရင်နဲ့ နေ့လည်ပြိုင်ပွဲအတွက် လေ့ကျင့်ရုံပါပဲ ဒါကြောင့်သာ ”
ကျိုးယိက လက်ဝှေ့ရမ်းပြလိုက်ပါတယ်။
” ရှင်းပြဖို့မလိုဘူး ကြိုးစားတာက ကောင်းတဲ့အရာပဲ ဒီလူကဆရာ၀မ်ယန် ငါတို့ကျောင်းတော်ရဲ့အသိပညာအပိုင်းမှာ လုံး၀ ပြိုင်ဘက်မရှိတဲ့ဆရာပဲ သူက ဆရာအဆင့်အတန်းမှာတောင် ငါထက်အဆင့်တစ်ဆင့်မြင့်သေးတယ်…ဒါ့အပြင် သိုင်းပညာ၀ိဉာဥ်တွေရဲ့ ပေါင်းစည်းတဲ့ အရည်အချင်းကို ကောင်းကောင်းသင်ကြားပေးထားတဲ့သူ ”
” ငါ့ကိုယ်ငါ မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်တယ်…ငါတို့တွေ တွေ့ပြီသားပဲလေ ဒါ့အပြင် ငါက သူတို့ရဲ့ အစောပိုင်းပြိုင်ပွဲ ဆယ်ပွဲစလုံးကို ကြီးကြပ်ရတဲ့ ကြီးကြပ်သူ ”
လက်ရှိအချိန်မှာ သူက ပုံမှန်အချိန်လို ပြန်လည်အေးဆေးလို့သွားခဲ့ပါပြီ။ တကယ်တော့ အပြင်ပန်မှာသာ အေးဆေးနေခဲ့ပေမဲ့ အတွင်းထဲမှာတော့ အတော်လေး တက်ကြွလှုပ်ရှားနေခဲ့တယ်။
ဟို့ယွိဟောင်နဲ့ ၀မ်သုန့်တို့လဲ သူ့ကို ဦးညွတ်လိုက်ပါတယ်။ ၀မ်ယန်ကလဲ ခေါင်းပြန်ညိတ်ပြလိုက်တယ်။
” မင်းတို့လေ့ကျင့်တာကို ငါသေချာကြည့်ပြီးပြီ အစောပိုင်းမှာ ကျိုးယိပြောတုန်းက ငါမယုံခဲ့ဘူး…ဒါပေမယ့် ငါတကယ်ကို အတွေ့အကြုံနုနယ်လွန်နေသေးတာကို အခုမှနားလည်လိုက်ရတယ်…လက်ရှိအချိန်မှာ ကျိုးယိပြောတာက တစ်ရာရာခိုင်းနှုန်း သေချာတာပဲ မင်းတို့နှစ်ယောက်က ပြီးပြည့်စုံတဲ့ သိုင်းပညာ၀ိဉာဥ်ပေါင်းစည်းမှုကို ပိုင်ဆိုင်ထားတယ်…ဒါ့အပြင် ပေါင်းစည်းပြီ ထုတ်လွှတ်တဲ့စွမ်းအားကိုလဲ ထုတ်သုံးနိုင်တယ် “‘
ကျိုးယိကတော့ သူ့ကို အထိတ်တလန့်နဲ့ ကြည့်နေခဲ့ပါတယ်။ ဒါပေမယ့် ၀င်ပြီမနှောင့်ယှက်ခဲ့ပါဘူး။
” မင်းတို့ရဲ့ ၀ိဉာဥ်စွမ်းအားတွေက တစ်ဖက်နဲ့တစ်ဖက် ပေါင်းစည်းချိန်မှာ လုံး၀ကို အနှောင့်အယှက်မရှိပဲ လိုက်ဖက်ညီနေတယ်…ဒါ့အပြင် ဒီလိုပေါင်းစည်းမှုကလဲ ကျင့်ကြံနှုန်းကို အထောက်အပံ့ပေးထားတယ်…ဒါမျိုးက ကျောင်းတော်ရဲ့ နှစ်တစ်သောင်းအတန်းထဲမှာတောင် တစ်ခါမှမရှိခဲ့ဖူးဘူး…ဒီအတွက် ရှင်းပြချက်လုပ်ရမယ်ဆိုရင် မင်းတို့ရဲ့ သိုင်းပညာ၀ိဉာဥ်တွေက ပြီးပြည့်စုံအောင် ပေါင်းစည်းနေပြီ တစ်ရာရာခိုင်းနှုန်း လိုက်ဖက်ညီနေတာပဲ ဖြစ်ရမယ်…ဒဏ္ဍာရီထဲမှာတောင် ဒီလိုအနှောင့်အယှက်မရှိတဲ့ ပေါင်းစည်းမှုက မရှိခဲ့ဖူးဘူး..ဂုဏ်ပြုပါတယ် အနာဂတ်မှာတော့ မင်းတို့နှစ်ယောက်က ငါတို့ကျောင်းတော်ရဲ့ ရွေးချယ်ခံပုဂ္ဂိုလ်တွေ ဖြစ်လာလိမ့်မယ်”
ဟို့ယွိဟောင်ကတော့ ၀မ်ယန်ရဲ့စကားတွေကို နားထောင်ရင်း စိတ်ထဲမှာတော့ လေးစားလာခဲ့မိတယ်။ ပြီးပြည့်စုံတဲ့ ပေါင်းစည်းနိုင်စွမ်းဆိုတာက ကောင်းကင်အိပ်မက်ရေခဲပိုးကောင်ကိုယ်တိုင် ပြောခဲ့တဲ့အရာတွေပါ။ ၀မ်ယန်ကလဲ တစ်ချက်ကြည့်လိုက်ရုံနဲ့တင် ဒါကိုသိနေခဲ့ပါတယ်။ ဒါတောင် သူတို့ကိုလုံး၀အပြည့်အ၀ နားလည်နေတာ မဟုတ်ပါဘူး။ ဒါကြောင့်သာ ကျောင်းတော်ရဲ့ အသိပညာပြိုင်ဘက်ကင်းဆရာဆိုတာ အလကားပြောတာမဟုတ်မှန်း သူသိသွားပါတော့တယ်။
တအံ့တဩဖြစ်နေတဲ့၀မ်သုန့်ကတော့ မေးလာခဲ့ပါတယ်။
” ဆရာ၀မ် ဒီလိုဖြစ်မှတော့ ကျွန်တော်တို့ဒီနေ့၀ိဉာဥ်ပေါင်းစည်းစွမ်းရည်ကို အသုံးချတာက ဘာကြောင့်များ ကျရှုံးသွားတာလဲ ဟို့ယွိဟောင်နဲ့ ကျွန်တော်ကြိုးစားခဲ့ပေမဲ့ ဘာမှဆက်မဖြစ်လာခဲ့ဘူး ”
၀မ်ယန်က ရယ်မောလိုက်ပါတယ်။
” ၀ိဉာဥ်ပေါင်းစည်းစွမ်းရည်တွေက သာမန်စွမ်းရည်တွေလိုအသုံးချလို့ရမယ်များ ထင်နေတာလား ဘယ်လိုလုပ်၀ိဉာဥ်ပေါင်းစည်းစွမ်းရည်တစ်ခုကို အသက်သွင်းတာက ဒီလောက်ရိုးရှင်းနိုင်မှာလဲ မင်းတို့ရဲ့ သိုင်းပညာ၀ိဉာဥ်တွေမှာ ပေါင်းစည်းစွမ်းရည်ကို အသုံးချဖို့အတွက် အဆုံးစွန်အထိ စွမ်းအားအပြည့်အ၀ရှိနေဖို့ လိုအပ်တယ်…မင်းတို့နှစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ လိုက်လျောညီထွေးလှည့်ပတ်နိုင်စွမ်းကို ငါမြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ ငါ့ရဲ့ အတွေ့အကြုံအရဆိုရင် ဒီလိုမျိုး သိုင်းပညာ၀ိဉာဥ်ပေါင်းစည်းမှုကို အသက်သွင်းနိုင်ဖို့အတွက် တိကျတဲ့အနားယူချိန်ဆိုတာ လိုလိမ့်မယ်…ဒါ့အပြင် အဲ့ဒီအချိန်အတွင်းမှာ ထုတ်သုံးနိုင်မှာမဟုတ်ဘူး…ဒီလိုအချိန်ကာလကလဲ ပုံမှန်အနေအထားအရဆိုရင် ခုနှစ်ရက်လောက်အထိ ကြာမြင့်နိုင်တယ်..ဒါပေမယ့် အဲ့ဒီစွမ်းအားကလဲ မင်းတို့ကျင့်ကြံဆင့် မြင့်တက်လာတာနဲ့အမျှ နည်းပါးသွားမှာပါ ဒီလိုနည်းနဲ့ ပေါင်းစည်းစွမ်းရည်မှာ အပြည့်အ၀ ကျွမ်းကျင်တတ်မြောက်မှုလဲ ရရှိနိုင်တယ် ”
အပိုင်း ၂၄•၁ ပြီး၏။