အပိုင်း(၂၁) ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ မျက်လုံးတစ်စုံ
“ခဏနေပါဦး..ညီငယ်..ဘာကိစ္စရှိလို့..မှောင်ခိုစျေးကိုလာရတာလည်း”
ဖန်ရှင်းကအရှေ့မှဖြတ်သွားစဥ်..အစောင့်တစ်ယောက်ကမေးလိုက်သည်။
“မင်းအရင်က..မှောင်ခိုစျေးကို…လာဖူးလား”
“ငါလိုချင်တဲ့..ပစ္စည်းကိုလဲလှယ်ဖို့ဒီနေရာကို
ရောက်လာတာပေါ့…ဘာလို့လည်း..ငါလာလို့မရဘူးလား”
ဖန်ရှင်းကပေါ့ပေါ့ပါးပါးပင်ဖြေလိုက်သည်။
အစောင့်သည်..ထိုကဲ့သို့အေးဆေးစွာပြန်ဖြေသည်ကိုတွေ့ပြီး..ချက်ချင်းပင်ပြုံးပြခဲ့သည်။
“ညီလေး..ပြောတာမှန်ပါတယ်..ဒါပေမယ့်..မှောင်ခိုစျေးက..အရင်နဲ့မတူတော့ဘူး.. ပြီးခဲ့တဲ့အခေါက်က..သူခိုးတစ်ယောက်ကမွှေနှောက်သွားပြီး..ပစ္စည်းတွေအများကြီးပါသွားခဲ့တယ်..အဲ့ကိစ္စနဲ့ပတ်သက်ပြီး..မှောင်ခိုစျေးကို..သုံးလလောက်..မကျင်းပနိုင်ခဲ့ဘူး
..အခုအချိန်က..သူခိုးကိုသတိထားနေရတဲ့..အချိန်ဖြစ်တယ်..ဒါကြောင့်မင်းဘာပစ္စည်းကိုရှာနေတာလဲ..ဘာနဲ့လဲလှယ်မယ်ဆိုတာ..အတိအကျပြောမှဖြစ်မယ်”
ဒီလိုလုပ်တာက..အရင်တစ်ခေါက်လိုမဖြစ်အောင်..သေချာစစ်ဆေးလိုခြင်းဖြစ်ပုံရသည်။
ဖန်ရှင်းက..တန်ဖိုးရှိသည့်အရာကို..ယူလာမိသည့်အတွက်ကံကောင်းသွားသည်။..တကယ်လို့အရင်တစ်ခေါက်ကလို..လက်ဗလာဖြင့်လာပြီး..ပုလင်းလေးတစ်လုံးပဲပါလာခဲ့ရင်..မောင်းထုတ်ခံရဖို့များသည်။
ကံကောင်းစွာဖြင့်..ဖန်ရှင်းသည်ငယ်ရွယ်သော်လည်း..လူတွေနဲ့ဘယ်လိုဆက်ဆံရမလည်းဆိုတာကိုနားလည်ခဲ့သည်။
အစောင့်ကမေးခွန်းတွေစမေးတဲ့အခါ..
သူကစိတ်အနှောင့်အယှက်ဖြစ်ဟန်..ဆောင်လိုက်သည်။
“မှောင်ခိုစျေးက..စည်းကမ်းတွေပိုများလာပါလား..ငါက..ပစ္စည်းကောင်းတွေလဲလှယ်ဖို့လာတာ..ငါအခုဒီကိုရောက်လာပြီ..ငါကဒီအတိုင်းပြန်သွားရမှာလား…ဓားပျံတွေနဲ့..လဲလှယ်ဖို့ဝိဉာဏ်ကျောက်တုံးတွေပါလာတယ်..မယုံရင်ဒီမှာသေချာ..ပြူးကြည့်”
ဖန်ရှင်းကပြောပြီးသည်နှင့်..အနီရောင်တောက်နေသော..ဝိဉာဥ်ကျောက်တုံးတွေကိုထုတ်လိုက်ပြီး..အစောင့်ရှေ့တွင်ပြလိုက်သည်။
“မင်းက..ဝိဉာဥ်ကျောက်တုံး..ဒီလောက်ပိုင်ဆိုင်ထားမှတော့..သူခိုးမဖြစ်နိုင်ပါဘူး”
အစောင့်ကပြုံးပြပြီး..အထဲသို့ဝင်ရန်ညွှန်ပြလိုက်သည်။
“အကိုတော်..မင်းရဲ့နားလည်မှုအတွက်.. ကျေးဇူးတင်ပါတယ်.. အထဲကိုဝင်ပါ”
ဖန်ရှင်းကသူရဲ့လက်ကိုဝှေ့ယမ်းပြီးပြုံးပြလိုက်သည်။
“မဟုတ်ဘူး…ငါလုံးဝနားလည်တယ်..ဒါကစက်ဆုပ်ရွံရှာဖို့ကောင်းတဲ့သူခိုးကြောင့်ပဲ..မင်းက..မင်းအလုပ်ကိုမင်း..လုပ်နေတာပဲ”
ဖန်ရှင်း၏မသိမသာလေးမြှောက်ပင့်မှုက..အစောင့်ကို..ရင်ထဲထိသွားစေသည်။သူကဒီနေရာကနေစောင့်ပြီး..မှောင်ခိုစျေးကိုလာတဲ့သူတွေကို..စစ်ဆေးရပေမယ့်..ဘယ်သူမှ..သူ့ကို..ယခုလောက်နားလည်မပေးကြပေ။အများစုက..ရိုင်းရိုင်းစိုင်းစိုင်း..ဆက်ဆံကြသည်။
သူရဲ့အလုပ်တွေကို..နားလည်မှုပေးနိုင်တဲ့သူကိုတွေ့လိုက်တော့..အမှန်ပင်စိတ်လှုပ်ရှားမိသွားသည်။
တကယ်လို့သာ..သူ့ကိုနားလည်ပေးတဲ့သူက.. နောက်ဆုံးအခေါက်က.. အမွှေစိန်လုပ်သွားသော..သူခိုးလို့သိခဲ့မည်ဆိုလျှင်..စွေ့စွေ့ခုန်အောင်ဒေါသထွက်နေမည်မှာအသေအချာပင်
———————
ဒီအခေါက်..မှောင်ခိုစျေးသည်..အရင်ခေါက်က..မှောင်ခိုစျေးထက်ပို၍ကြီးမားပြီး.. တပည့်များစွာ..ရောက်လာကြသည်။
အရင်ကရောက်လာသောကျင့်ကြံသူများထက်..ယခုတစ်ခေါက်တွင်ရောက်လာသောကျင့်ကြံသူများက..ပို၍အဆင့်မြင့်ကြသည်။
ယခင်အခေါက်က..ဝိဉာဥ်အဆင့်သုံးတွင်
နှုတ်ခမ်းမွေးတစ်ယောက်တည်းရှိပေမယ့်..ဒီအခေါက်တွင်..အဆင့်နှစ်တပည့်များစွာနှင့် အဆင့်သုံးတပည့်..အနည်းငယ်ပါဝင်သည်။
နောက်ဆုံးအခေါက်က..အဖြစ်အပျက်ကြောင့်လူသစ်များသည်.မှောင်ခိုစျေးသို့လာရန်…ကြောက်လန့်နေပုံရပြီး..မြေခွေးအိုများအားလုံးက..အစားထိုးလိုက်သလိုဖြစ်နေသည်။
ခဏလောက်စဥ်းစားပြီးတာနဲ့..ဖန်ရှင်းသည်..
ဒီတစ်ခေါက်တွင်..အလွန်အန္တရာယ်များမှန်းသိလိုက်သည်။
“ကောင်းပြီလေ..ပုံမှန်အတိုင်း..အလဲလှယ်လုပ်လို့ရရင်..လုံလောက်နေပါပြီ”
သူကလူအုပ်ကြားထဲတွင်..သူ့ကိုယ်သူပြောသလိုလိုဖြင့်..သူ့ကို့သံသယမရှိစေရန်..လုပ်ဆောင်လိုက်သည်။
အခုပတ်ပတ်လည်မှာ..စိတ်ဝင်စားဖို့ကောင်းတဲ့မြင်ကွင်းတစ်ခုရှိနေသည်။
အချို့လူများက..အောက်တွင်ထိုင်ချလိုက်ပြီး..သူတို့ဖလှယ်မည့်ပစ္စည်းများကို..အရှေ့တွင်ခင်းကျင်းထားသည်။
လမ်းသွားလမ်းလာထဲက.. တစ်ယောက်ယောက်က.ကြိုက်နှစ်သက်ရင်..အလဲလှယ်လုပ်ဖို့အချက်ကို..အသေးစိတ်ဆွေးနွေးကြသည်။
အချို့အရောင်းအဝယ်များသည်..တိုက်ရိုက်ပစ္စည်းချင်း..လဲလှယ်ကြသည်။ထိုသို့လဲလှယ်ဖို့သဘောမတူပါက..ဝိဉာဥ်ကျောက်တုံးများ..ရွှေသားများဖြင့်..လဲလှယ်ရသည်။
မှောင်ခိုစျေးတွင်..ဖလှယ်ချသော..ပစ္စည်းများသည်..အဓိကအားဖြင့်ကျင့်ကြံခြင်းနှင့်..ပတ်သက်သောပစ္စည်းဖြစ်ပြီး.. တစ်စုံတစ်ယောက်ကလိုချင်ရင်..ရွှေငွေပမာဏများစွာလိုအပ်မည်ဖြစ်သည်။
ထို့ကြောင့်ပင်..ဝိဉာဥ်ကျောက်တုံးသည်..
ကျင့်ကြံမှုအတွက်..အရင်းအမြစ်ဖြစ်ပြီး..အများဆုံးအသုံးပြုကြလေ့ရှိသည်။
စျေးကွက်တစ်ခုလုံးကို..ခြုံကြည့်လိုက်သည့်အခါ…ဖန်ရှင်းသည်..အရင်နှင့်မတူသော..ခြားနားမှုက..တစ်ခုတည်းမဟုတ်ကြောင်းသိလိုက်သည်။
နောက်ဆုံး.မှောင်ခိုစျေး၏…အဓိကအဂ်ါရပ်တစ်ခုက..ဝိဉာဥ်ကျောက်တုံးအတွက်.. ရွှေသားကိုအသုံးပြုခြင်းဖြစ်ပြီး..ယခုကွဲပြားသောအရာများစွာကိုတွေ့ရသည်။
ဓားပျံများ..ကျင့်ကြံခြင်းစာအုပ်များ..မှော်ဆေးလုံးများ..သက်စောင့်ဆေးများကို..မှောင်ခိုစျေး၌..တစ်စုတစ်စည်းထဲတွေ့ရသည်။
အချို့လူများက..အရှေ့တွင်ပစ္စည်းတစ်ခု..နှစ်ခုလောက်သာချထားနိုင်သော်လည်း..လူတစ်ချို့ကတော့…လူတစ်ရပ်စာအမြင့်လောက်ရှိသော..ပစ္စည်းပုံကြီးကို..အရှေ့တွင်ပုံထားကြသည်။
“ဟေ့…ညီလေး..ဘာတွေရှာနေတာလည်း..ဒီမှာပစ္စည်းတစ်ချို့ရှိတယ်..
ငါ့ပစ္စည်းကဒီစျေးထဲမှာ..အကောင်းဆုံးပဲ”
ဖန်ရှင်းက..ပစ္စည်းပုံတွေရှေ့ကဖြတ်သွားတဲ့အခါ..လူတစ်ချို့က..လှမ်းခေါ်ပြီးနှုတ်ဆက်ကြသည်။သူတို့ပစ္စည်းရောင်းထွက်ရန်..အော်ဟစ်ကြပြီး..ဒီလိုအော်ဟစ်တာက..လဟာပြင်စျေးတွေမှာအော်ဟစ်သလိုဖြစ်နေသည်။
လှည့်ပတ်ကြည့်ရှုပြီးနောက်..သူ၏အာရုံက
အခြားနေရာတွေကိုမရောက်တော့ဘဲ..တစ်နေရာသို့စိုက်ကြည့်လိုက်သည်။
ဖန်ရှင်းသည်..မူလက..သူနှင့်သင့်တော်သောဓားကိုဝယ်ရန်..လာခဲ့ခြင်းဖြစ်သည်။
ဓားပျံတွေကအလွယ်တကူ..ဝယ်ယူလို့ရသောကြောင့်..အလျင်စလိုလုပ်စရာမလိုဘဲ..အခြားစိတ်ဝင်စားစရာပစ္စည်းများကို..လှည့်ပတ်ကြည့်ရှုခဲ့သည်။
“ဟေ့…ဒါကို..လဟာပြင်စျေးလို့ထင်ပြီး.. လျောက်ပတ်နေတာလား”
ထိုလူကအေးဆေးပုံရပြီး..ပြသနာရှာသည့်ပုံစံမျိုးမဟုတ်ပေ။
ဖန်ရှင်းကပြုံးလိုက်သည်။
ဒါပေမယ့် သူက..ရုတ်တရက်
“အန်”
သူကအရှေ့တွင်ရှိသော..ပစ္စည်းပုံကိုဖြတ်ကျော်ပြီး..တစ်နေရာကိုအာရုံစူးစိုက်လိုက်သည်။
ထိုလူက..ရုတ်တရက်ပြုံးလိုက်ပြီး..တိုးတိုးလေးပြောလိုက်သည်။
“အကိုတော်ရဲ့မျက်လုံးကို..ဖမ်းစားနိုင်တဲ့.ပစ္စည်းကိုတွေ့ပြီလား”
ဖန်ရှင်းကဘာမှမပြောခဲ့သလို့အောက်သို့ငုံ့လိုက်ပြီး..ပစ္စည်းကိုကြည့်လိုက်သည်။
“ဟား..အကိုတော်ရဲ့မျက်လုံးတွေကအရမ်းကောင်းတာပဲ..ငါ့မှာအခြားသူတွေထက်..ပစ္စည်းပိုများပေမယ့်..သူတို့အားလုံးကအရည်အသွေးကောင်းပြီး..သုံးဆယ်ရာခိုင်နှုန်းစျေးသက်သာတယ်…”
ထိုသူက..ကြွားဝါသည်ဟုထင်ရသော်လည်း..တကယ်တမ်းတွင်မမှားပါ။သူ၏ရှေ့၌..ရောင်းစရာများစွာ..အမှန်တကယ်ရှိနေသည်။
ဖန်ရှင်းက..စကားတစ်လုံးမှမပြောဘဲ.. ဂရုတစိုက်ကြည့်ရန်..ဓားပျံကိုကောက်ယူလိုက်သည်။ထိုသူက..သူ့ဓားဘယ်လောက်ကောင်းကြောင်းပြောပြီး..အလွန်ရှားပါးသောတွေ့ရှိမှုတစ်ခုလို..ဖန်ရှင်းရှေ့တွင်..အမွှန်းတင်လို့မဆုံးတော့ပေ။
“ဒီပစ္စည်းအတွက်..ဝိဉာဥ်ကျောက်တုံး..ဘယ်လောက်လိုအပ်မလည်း”
ဖန်ရှင်းက..စျေးနှုန်းသိချင်ဟန်..ဆောင်လိုက်ပြီး.. ထိုသူ၏လေဖောနေတာကို..လမ်း ကြောင်း လွှဲလိုက်သည်။
ထိုသူကဖန်ရှင်းကိုလက်ချောင်းများထောင်ပြလိုက်ပြီး
“ဟဟ..ဒီစျေးနှုန်းမဆိုးဘူး..မဟုတ်လား”
“ဝိဉာဥ်ကျောက်တုံးခုနစ်တုံးပဲလား..သုံးဆယ်ရာခိုင်နှုန်းတောင်လျော့ပေးထားတာလား”
ဖန်ရှင်းကသူ၏အသက်ရှုသံကိုပင်ပြန်ကြားလိုက်ရသည်။
သူ့တွင်အသိအမြင်ကျမ်းသာမရှိပါက..ထိုစျေးနှုန်းက..အပျော်လွန်ပြီး..နှလုံးရပ်သွားနိုင်သည့်..စျေးနှုန်းဖြစ်သည်။
“အကိုတော်က..သဘောကျတယ်ဆိုမှတော့..ပစ္စည်းချင်းဖလှယ်ရအောင်”
ထိုသူက..စီးပွားရေးလုပ်ဖို့..အခွင့်အလမ်းကိုပြုံးပြီးမေးလိုက်သည်။
“အကိုတော်..မင်းကိုယ်မင်းသိမှာပါ..မင်းမှာအလွန်လက်ရာမြောက်တဲ့..ပညာစွမ်းရှိတယ်”
ဖန်ရှင်းသည်..ဓားကိုခဏမျှသာ..ကိုင်ကြည့်ပြီး..ပစ္စည်းပုံထဲသို့..ပြန်ထားလိုက်သည်။
သူ၏နှုတ်ခမ်းကပြုံးယောင်သန်းသွားပြီး..ထိုသူကိုကြည့်ကာ..တိုးတိုးလေးပြောလိုက်သည်။
“မင်းဒီမှာရောင်းနေတဲ့ပစ္စည်းတွေကအတုတွေပဲလို့..သတင်းဖြန့်လိုက်ရင်..စျေးဝယ်သူတွေက..ဘယ်လိုလုပ်မယ်လို့ထင်လည်း.. မှောင်ခိုစျေးကို..ကြိုးကိုင်နေတဲ့သူတွေက…ဂုဏ်သတင်းကိုပြန်လည်ရရှိဖို့ကြိုးစားနေတာနော်..”
ထိုလူ၏မျက်နှာက..ရုတ်တရက်မည်းမှောင်သွားပြီး..သွေးအေးစွာစိုက်ကြည့်ကာ
အသံကိုနှိမ့်၍ပြောလိုက်သည်။
“ပေါက်ကရတွေ..မပြောပါနဲ့အကိုတော်..ဝယ်ချင်လည်းဝယ်ပါ..မဝယ်ချင်လည်းမဝယ်ပါနဲ့”
ထိုသို့ကြမ်းတမ်းစွာပြောဆိုလိုက်ပြီးနောက်..ထိုသူ၏စိတ်ထဲမှ..အပြစ်ရှိသည်ဟုခံစားရသောစိတ်များလျော့ပါးခဲ့သည်။
“ပေါက်ကရ.. ဟုတ်လား”
ဖန်ရှင်းကပြုံးလိုက်ပြီး..သူ့ရှေ့တွင်ရှိသော..ပစ္စည်း ပုံကိုနှစ်ပုံခွဲလိုက်သည်။
တစ်ပုံကအမှန်အကန်ပစ္စည်းများဖြစ်ပြီး..နောက်တစ်ပုံက..အတုတွေဖြစ်သည်။
“အကိုတော်ဒီနှစ်ပုံကို..ဘယ်လိုမြင်လဲ”
ဖန်ရှင်းကနွေးထွေးစွာရယ်လိုက်ပြီး
…ပုလင်းထဲမှဆေးလုံးတစ်ချို့ကို..ခြေကာ..အမှုန့်လုပ်လိုက်ပြီး..ဆော့ကစားလိုက်သည်။
ထိုသူ၏နောက်ကျောတွင်ချွေးများထွက်လာပြီး..သူ၏မျက်နှာပေါ်တွင်..အဆင်ပြေပုံမရသောအပြုံးပေါ်လာသည်။
“အကိုတော်က..စူးရှတဲ့အမြင်ရှိတဲ့သူပဲ..စောစောထဲက..ကျနော်သတိပြုမိသင့်တယ်..အကိုတော်ဒီလက်ဆောင်ကိုလက်ခံပေးလို့ရမလား”
ထိုသူကပြောပြီးသည်နှင့်..ညာဘက်ရှိအပုံမှ..ဓားပျံတစ်ချောင်းကိုယူလိုက်ပြီး..လက်နှစ်ဘက်ဖြင့်..ရိုရိုသေသေ..ကမ်းပေးလိုက်သည်။
ထိုသူကဖန်ရှင်းထံ..လာဘ်ထိုးဖို့ကြိုးစားနေခြင်းဖြစ်သည်။သူတကယ်ပြောလိုသော..စကားမှာ…ဓားပျံကိုယူပြီး..ဒီနေရာကအမြန်သွားပါ..ဟူသောစကားပင်ဖြစ်သည်။
သေမျိုးကမ္ဘာရှိ..ရှေးဟောင်းပစ္စည်းများကိုရောင်းသော..ဆိုင်များနှင့်..နှိုင်းယှဥ်လျှင်.မှောင်ခိုစျေးသည်..ကွဲပြားခြားနားသည်။
တစ်စုံတစ်ယောက်က..ပစ္စည်းအတုကိုဝယ်မိလျှင်.သူတို့၏ကံဆိုးမှုအပေါ်တွင်သာပုံချကြသည်။
မှောင်ခိုစျေးကဲ့သို့စျေးကွက်များသည်
ကျင့်ကြံသူများအတွက်..ရည်ရွယ်ခြင်းဖြစ်၍
ဘယ်သူမှ..လှည့်ဖြားဖို့အတွက်.မစဥ်းစားကြပေ။
အရင်းအမြစ်များကရှားပါးပြီး.. အနည်းငယ်ဆုံးရှုံးခြင်းသည်ပင်.. အလွန်နာကျင်စေသည်။
ဒါမဲ့ခြွင်းချက်တွေကတော့ရှိဆဲပါ။.ဝိဉာဥ်လက်နက်တိုက်က..နှုတ်ခမ်းမွေးတို့လူစုကအကောင်းဆုံး..ဥပမာပင်ဖြစ်သည်။တပည့်သစ်များထံမှလှည့်ဖျားပြီး..အထက်လူကြီးများကို..လာဘ်ပေး၍..လုပ်စားကြသည်။
တစ်ယောက်ယောက်ကသာ..အတုရောင်းတဲ့ဆိုင်ကို..ကြေငြာလိုက်ရင်..အကုန်လုံးကဝိုင်းပြီးဆော်ကြမှာအသေအချာပဲဖြစ်သည်။..
ဖန်ရှင်းကထိုလူကိုကြည့်ပြီးပြုံးလိုက်သည်။
သူကဓားကိုလက်ခံလိုက်ပြီး..ဘေးသို့လွှင့်ပစ်လိုက်သည်။
“ဒီလိုအမှိုက်မျိုးက..ဘယ်လောက်တန်မှာလဲ..”
ဟုရယ်မော၍ပြောလိုက်သည်။
ထိုလူက..သိသိသာသာပင်..မကျေမနပ်ဖြစ်နေခဲ့သည်။
“အကိုတော်..ဒီလိုမလုပ်ပါနဲ့..သင်သာဒုက္ခမပေးဘူးဆိုရင်အနာဂတ်မှာ…ကျနော်တို့..ကောင်းမွန်တဲ့ဆက်ဆံရေးလုပ်လို့ရတယ်မဟုတ်လား…ငါအမှန်တကယ်တွန်းအားမပေးချင်ဘူး”
ထို့နောက်..ထိုသူကသူ၏ချီမှာ..ဝိဉာဥ်အဆင့်သုံးတွင်ရောက်နေပြီဟုထုတ်ဖော်ပြောဆိုခဲ့သည်။
ဖန်ရှင်းကထိုသူ၏..မသိမသာခြိမ်းခြောက်မှုကိုဂရုမစိုက်ဘဲ..ခပ်တည်တည်ပင်ပြန်ပြောလိုက်သည်။
“ဒီမှောင်ခိုစျေးမှာ..ဘယ်သူမှ..ဘယ်သူ့ကိုမသိဘူး..မင်းလည်းငါဘယ်သူလည်းဆိုတာမသိမှတော့..အနာဂတ်မှာဘယ်လို့တွေ့နိုင်မှာလည်း..တတိယအဆင့်ကတော့..တကယ်မဆိုးဘူး..အခုရောက်နေတဲ့သူထဲမှာဝိဉာဥ်အဆင့်သုံးကတစ်ဒါဇင်လောက်ရှိတယ်…လူတိုင်းကိုအသိပေးလိုက်လို့ကတော့..မင်းရဲ့ဝိဉာဥ်အဆင့်သုံးလည်း..ဘာမှတတ်နိုင်မှာမဟုတ်ဘူး”
ထိုလူကအာရုံကြောများတုံ့ဆိုင်းသွားသည်ဟု..ခံစားလိုက်ရပြီး..ချွေးကသူ့လက်ဖဝါးထဲကိုစီးကျကာ..လက်သီးကိုကျစ်ကျစ်ပါအောင်
ဆုပ်လိုက်သည်။
End… Chapter 21