အပိုင်း(၂၀) မှောင်ခိုစျေးသို့အလည်တစ်ခေါက်
ကျင့်ကြံသူတို့၏လက်တွေ့ဘဝသည်..ထပ်တလဲလဲလေ့ကျင့်ရပြီး.. တခါတရံပျင်းရိဖွယ်ကောင်းသည်။ စမ်းချောင်းတစ်ခုဖြစ်လာစေရန်..မိုးရေများအလုံအလောက်စုဆောင်းရသည်..ထိုမှတဆင့်မြစ်ချောင်းများဆီသို့စီးဆင်းကာ..နောက်ဆုံးတွင်..ကျယ်ပြန့်သော ပင်လယ်ထဲ၌.. ပေါင်းဆုံကြသည်။
ဒီဖြစ်စဥ်က..အပြောသာ..ပို၍လွယ်ကူပြီး..တကယ်တမ်း..ခက်ခဲသောအလုပ်ဖြစ်သည်။
လူတစ်ယောက်သည်ရုတ်တရက်အစားအစာတွေနင်းကန်စားပြီး..တစ်ညထဲနှင့်လူဝကြီး..ဖြစ်ချင်လို့တော့မရပေ။ကိုယ်အလေးချိန်တက်ရန်အချိန်ကြာမြင့်စွာ..အစာစားရန်လိုအပ်သည်။
ဖန်ရှင်းကချီ..အလုံအလောက်စုဆောင်းနိုင်ခဲ့သည့်အတွက်..တစ်လအတွင်းဝိဉာဥ်အဆင့်နှစ်သို့ချိုးဖြတ်နိုင်လိမ့်မယ်လို့..ထင်ခဲ့သည်။
သို့သော်ထိုအဆင့်ကိုရောက်ရန်..အလွှာပါးလေးတစ်ခုက..ကာဆီးထားသည်ဟု..ခံစားခဲ့ရသည်။.နောက်တစ်ဆင့်ကိုတက်ရောက်နိုင်တော့မည်ဟုခံစားနေရသော်လည်း.. အကြောင်းပြချက်အချို့ကြောင့်တက်လှမ်းဖို့ခက်နေပြီဟုထင်ခဲ့သည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က..အပြင်စည်းဌာနတွင်..လူတိုင်း၏အာရုံကိုဆွဲဆောင်နိုင်သည့်အဖြစ်အပျက်တစ်ခုရှိခဲ့သည်။
အပြင်စည်းဌာနမှ..ဟူချင်း..ဆိုသောဂိုဏ်းသားသည်အမျိုးသမီးတစ်ဦးထံ..လည်ပတ်ရန်..ဒန်ရှားချိုင့်ဝှမ်းသို့သွားခဲ့သည်။သို့သော်ချိုင့်ဝှမ်းရှေ့သို့အရောက်တွင်အဆင့်သုံးတပည့်..သုံးယောက်က..သူ့ကိုတားဆီးခဲ့သည်။
ဟူချင်းတစ်ယောက်တည်းသာမက..အပြင်စည်းဂိုဏ်းသားတွင်လည်း..
ဂိုဏ်းသားသစ်များရှိသည်။သူကကျောက်စိမ်းခါးပတ်ကိုဝတ်ဆင်ထားပြီးထူခြားသောဆွဲကြိုးကိုဆွဲထားသည်။
အဆင့်သုံးတပည့်သုံးယောက်၏မျက်လုံးထဲတွင်..ငွေညှစ်ချင်စရာ..သူဌေးသားအသွင်နှင့်တူနေသည်။
စကားတစ်ခွန်းမှမဟဘဲ..ဟူချင်းက..ထိုသုံးယောက်ကိုရှုံးနိမ့်စေပြီး..ဓားကိုသိမ်းကာ..လှည့်ထွက်သွားခဲ့သည်။
ယင်းဖြစ်ရပ်သည်အပြင်စည်းဌာနရှိလူအားလုံးကို..အံ့အားသင့်စေခဲ့သည့်.. အဓိကဖြစ်ရပ်တစ်ခုဖြစ်သည်။သူက..လွန်ခဲ့တဲ့ခြောက်လကမှ..ဂိုဏ်းထဲကိုရောက်လာပြီး..အချိန်တိုအတွင်းအဆင့်သုံးသမားကို..အနိုင်ယူနိုင်နေပြီလား..
သိပ်မဝေးတော့သည့်ကာလတွင်ဟူချင်းသည်..ပါရမီရှင်ဟူသော..ဂုဏ်ပုဒ်ကိုရရှိနိုင်သည်။လူတချို့က.ဟူချင်းသည်..တစ်နှစ်အတွင်းဝိဉာဥ်အဆင့်လေးကို..တက်လှမ်းနိုင်တော့မည်ဟု..ယူဆနေကြသည်။
“ဟူချင်းလား..အဲဒါငါ့ကိုအရင်ကလိုက်ဖမ်းတဲ့..မိန်းမလျာကိုပြောတာလား”
ကောလဟလများထွက်ပေါ်လာပြီးနောက်ဖန်ရှင်းသည်..ထိုသူ..ဘယ်သူလည်းဆိုတာ..သတိရသွားပြီးပြုံးလိုက်သည်။
“ငါတွေ့ရတာတော့..မင်းရဲ့..မိန်းမလျာတွေဟာ..ပဲစေ့နဲ့မုန်လာဥလိုပဲ..မင်းသူ့ကို..အလှည့်ကျော်ပေးခဲ့ပြီး..စာရင်းသွင်းခဲ့တယ်မဟုတ်လား..”
ယုစန်းလျန်က
“ညီလေးဖန်..မနောက်ပါနဲ့”
ဟုရီမော၍..ပြောလိုက်သည်။
“မင်းကသူနဲ့အရင်က..ပတ်သက်ဖူးတော့..ငါနဲ့သူငယ်ချင်းဖြစ်တာ..သိရင်..သူဘယ်လိုဆက်ဆံမယ်လို့ထင်လည်း”
“ဂိုဏ်းထဲမဝင်ခင်တုန်းက..ချစ်ဖို့ကောင်းပြီးယဥ်ကျေးတဲ့လူငယ်ပဲ..ဂိုဏ်းထဲရောက်သွားတာနဲ့သူ့ရဲ့ဆက်ဆံပုံက..ပြောင်းလဲသွားခဲ့တယ်..ငါဌာနမှာအလုပ်လုပ်နေတုန်းက..သူ့ကိုခဏခဏတွေ့တယ်..ငါကသူ့ကိုပြုံးပြီးနှုတ်ဆက်ခဲ့ပေမယ့်..သူ့ကငါ့ကို..မမြင်ချင်ဟန်..ဆောင်သွားခဲ့တယ်”
“ကိုယ့်ကိုယ်ကို..ပြန်သုံးသပ်ကြည့်ပါ..တစ်စုံ
တစ်ယောက်က..မင်းကိုတစ်ခါလောက်ကူညီဖူးတာနဲ့မင်းက..သူတို့ကိုခစားဖို့..လိုလို့လား”
ဖန်ရှင်းကယုစန်းလျန်ကို..အထင်သေးသော..အကြည့်ဖြင့်..ကြည့်လိုက်သည်။
ယုစန်းလျန်ကရှက်ရွံ့စွာပြုံးလိုက်ပြီး..ဖန်ရှင်းပန်းကန်ထဲသို့အရက်များထည့်ပေးလိုက်သည်။
“ဒီအယုတ်တမာက..ငါ့ကိုဖမ်းရုံတင်မဟုတ်ဘူး..ငါ့ရဲ့ရှောင်မန်လေးကို..ကန်လိုက်သေးတယ်..နောက်တစ်ခါ..ထပ်တွေ့ရင်..သူ့ကိုအသေသတ်ရမယ်”
ဖန်ရှင်း၏မျက်လုံးတွင်..အမုန်းတရားများ..လောင်ကျွမ်းနေဟန်ဖြင့်..လောင်ကျွမ်းခဲ့သည်။
တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော.. လူငယ်လေး၏..နက်ရှိုင်းသောအမုန်းတရားကိုခံစားမိပြီး..ယုစန်းလျန်က.ပြုံးလိုက်သည်။
“ညီလေးဖန်..အဲဒီနေ့က..ငါ့ရဲ့လုပ်ရပ်ကို.ဒေါသထွက်နေသေးရင်..ငါ့ကိုဒီကနေ..မောင်းထုတ်လို့ရပါတယ်..ငါမင်းကို..စိတ်မဆိုးပါဘူး”
ဖန်ရှင်းကဒေါသထွက်ပြီးသူ့ခြေထောက်ပေါ်သို့ခုန်၍..နင်းချလိုက်သည်။
“မင်းက..ငါမလုပ်ရဲဘူးများ..ထင်နေလား”
ဖန်ရှင်းသည်ယုစန်းလျန်ကိုစတင်နှိပ်စက်ရန်ပြင်ဆင်လိုက်သည်။သို့သော်..ယုစန်းလျန်ကပြုံးပြီးရယ်မောလိုက်သည်။ဒီလူငယ်လေးနှင့်..လေးလကြာအတူရှိခဲ့ပြီးနောက်..ဖန်ရှင်းအကြောင်းကို..အတော်လေး..သိခဲ့ပြီဖြစ်သည်။..ကောင်လေးက.ရက်စက်ပြီးရဲရင့်သော်လည်း..တွေ့ကရာလူကို..ဖုန်လိုက်တိုက်သည့်လူမျိုးမဟုတ်ပါ။
ထို့ပြင်ဖန်ရှင်းသည်..ငယ်ရွယ်သော်လည်း..သစ္စာရှိသည်ကိုတွေ့လိုက်ရသည်။..လူတိုင်းက..ဝိဉာဥ်ကျောက်တုံးလိုပစ္စည်းကို..သူ့လိုနှစ်ခါမစဥ်းစားဘဲ..ပေးမည်ဟုမထင်ချေ။
အစာစားပြီးသည်နှင့်..လေဖောသော.ယုစန်းလျန်ကိုသူ၏အိမ်မှနှင်ထုတ်လိုက်ပြီး..လေ့ကျင့်မှုကိုပြန်လည်စတင်ခဲ့သည်။ဟူချင်း၏
နောက်ဆုံးပေါ်အောင်မြင်မှုကို..မတော် တဆ..ကြားလာပြီးနောက်..ဖန်ရှင်း၏ စိတ်နှလုံးမှနေ၍ဒေါသထွက်လာခဲ့သည်။
“ငါ..ဒီလေးလအတွင်း..ဝိဉာဥ်ကျောက်တုံး..ဆယ့်နှစ်တုံးလောက်သုံးခဲ့ရတယ်..ဒါတောင်..ဝိဉာဥ်အဆင့်နှစ်ကို..မတက်လှမ်းနိုင်ခဲ့ဘူး..အယုတ်တမာကောင်..ဟူချင်းက..ဝိဉာဥ်အဆင့်လေးနီးနီးရောက်နေခဲ့ပြီလား…ငါတို့ကြားကခြားနားချက်က..အရမ်းကိုကွာဟနေပြီလား…ငါကပဲအသုံးမကျတာလား…သေစမ်း.ငါကဘာလို့အသုံးမကျတဲ့သူ..ဖြစ်ရမှာလည်း”
ဖန်ရှင်းက..ကိုယ့်ကိုယ်ကို..အားတင်းလိုက်ပြီးဝိဉာဥ်ကျောက်တုံး..ဆယ့်သုံးတုံးကိုဂရုတစိုက်ထုတ်ယူလိုက်သည်။
သူသည်အသက်ရှုခြင်းကိုချိန်ညှိပြီး..သူ၏
သွေးကြောများဆီသို့…ဝိဉာဥ်ကျောက်တုံး မှချီများကိုစုပ်ယူလိုက်သည်။အရင်ကသူ့ရဲ့စုပ်ယူနှုန်းက..အချိန်သိပ်မယူရပေ။
ဖန်ရှင်းသည်.ချီအား..တစ်ကိုယ်လုံးသို့ပျံ့နှံ့စေရန်ကြိုးစားတိုင်း…အဆုံးသတ်တွင်ချီက..ပျောက်ကွယ်သွားပြီး..အင်အားတစ်ခုက..တားဆီးထားသည်ကိုတွေ့ရသည်။
သူကအောင်မြင်မှုမရရှိသေးပါ။
သည်တစ်ကြိမ်တွင်တော့..ချီပျောက်ကွယ်မှုနှင်အတူ..ပုံစံတစ်ခုကိုသတိထားမိသည်။
အရှုံးမပေးဘဲဖန်ရှင်းသည်..နောက်တစ်ခေါက်ထပ်မံလုပ်ဆောင်ခဲ့သည်။
ဝိဉာဥ်ကျောက်တုံးမှချီကိုပိုမိုမြန်ဆန်စွာ..စုပ်ယူပြီး..ချီအမြောက်အများသည်..သူ၏ ခန္ဓာကိုယ်တွင်…ရုတ်တရက် ပြည့်နှက်လာသည်။
လူတစ်ဦးက..ဆယ်ရက်လောက်စားရမယ့်အစာကိုတစ်ချီတည်း..စားသောက်၍မရပေ။
သူတို့လုပ်ဆောင်နိုင်တဲ့ပမာဏထက်..ပိုပြီးလုပ်ဆောက်ရင်..ဆိုးကျိုးဖြစ်လာနိုင်သည်။
ကျင့်ကြံမှုတွင်လည်းအလားတူပင်ဖြစ်သည်။ဖန်ရှင်း..သည်သူ၏သွေးကြောများထံမှဖြတ်သန်းလာသောနာကျင်မှုများကို.. ရုတ်တရက်ခံစားခဲ့ရသည်။
သူကနာကျင်မှုကိုသည်းခံပြီး..သူ၏ ချီစွမ်းအားမှန်သမျှကို.. ပိတ်ဆို့နေသော..ဝိဉာဥ်အဆင့်နှစ်၏..အလွှာပါးဆီသို့..အရှိန်ဖြင့်..ပို့လွှတ်လိုက်သည်။
ဘွန်း
ရုတ်တရက်သူ၏စိတ်ထဲမှ..အရံအတားက.ကျိုးပဲ့သွားပြီး…ခန္ဓာကိုယ်တစ်ခုလုံးက..လန်းဆန်းလာသည်ဟုထင်ရသည်။
ဒီခံစားချက်ကအလွန်ထူးဆန်းပြီး..
အရမ်းပူနေတဲ့အချိန်မှာတောင်..ခန္ဓာကိုယ်က အေးနေပြီး..အရမ်းအေးလွန်းတဲ့အချိန်မှာ
..နွေးထွေးနေလိမ့်မည်ဟုခံစားနေရသည်။
ချီ၏ထူးခြားသော..အကျိုးသက်ရောက်မှုပင်ဖြစ်သည်။
နောက်ဆုံးတော့.ဖန်ရှင်းကသူ၏နှလုံးသားထဲတွင်..တီးတိုးပြောလိုက်သည်။
နောက်ဆုံးတွင်သူသည်ဒုတိယအဆင့်ကိုချိုးဖောက်နိုင်ခဲ့ပြီး..သူ၏တစ်ကိုယ်လုံးက..ချီများဖြင့်ပြည့်နှက်နေခဲ့သည်။
ယခုသူသည်..ခန္ဓာကိုယ်တွင်းတစ်လျောက်..ချီကို..အတွေးဖြင့်စိတ်ကြိုက်..ရွေ့လျားနိုင်ပြီး..ချီသည်အန္တရာယ်မှကာကွယ်ရန်..မလုံလောက်သေးသော်လည်း..ဒဏ်ရာရရှိရာမှ..ပြန်လည်နလံထူရာတွင်..အကျိုးရှိစေခဲ့သည်။အကယ်၍ဒဏ်ရာရခဲ့လျှင်..သွေးမလွန်စေရန်နှင့်..ခွန်အားကုန်ခန်းခြင်းမှကာကွယ်ရန်
ချီကိုအသုံးချ၍..အနာကိုပိတ်ထားနိုင်သည။
အကိုလျူအားဓားနှင့်ထိုးစဥ်က..အကိုလျူကချီဖြင့်ကာကွယ်ခဲ့သော်လည်း..ဖန်ရှင်းက..နောက်တစ်ချက်ထပ်ရိုက်ခဲ့ပြီး..ချီကိုထိန်းချုပ်ရန်..ပိုမိုခက်ခဲစေခဲ့သည်။
ဖန်ရှင်းသည်ဝိဉာဥ်အဆင့်နှစ်သို့ရောက်ရန်..ခန္ဓာကိုယ် နှင့်အလောင်းအစားလုပ်ခဲ့ရပြီး..ကံတရားက..သူ့ကိုမျက်နှာသာပေးခဲ့သည်။
သည်တစ်ခေါက်အဆင့်တက်တာက..သူ့အတွက်..အလွန်ကံကောင်းခဲ့သည်။
ကံတရားသာသူ့ဘက်မှာ..မရှိခဲ့လျှင်..ချီကြောင့်..သွေးကြောများပျက်စီးသွားပြီး..အပြည့်အဝပြန်ကောင်းရန်..အနည်းဆုံး..ဆယ်ရက်ခန့်..အချိန်ယူရမည်ဖြစ်သည်။
ဖန်ရှင်းသည်သူတစ်ပါးအပေါ်ရက်စက်သော်သကဲ့သို့..မိမိကိုယ်ကိုလည်းရက်စက်နိုင်ပြီး..အခြေအနေအားလုံးကိုသည်းခံပြီးထိန်းချုပ်နိုင်ခဲ့သည်။
“မြွေကိုးကောင်ဓားကို..နောက်တစ်ခါစမ်းကြည့်ရမယ်.”
ဝိဉာဥ်အဆင့်နှစ်သို့..ချိုးဖောက်ပြီးနောက်ခဏအနားယူလိုက်ပြီး..မြွေကိုးကောင်ဓားကိုနောက်ထပ်စမ်းသပ်ကြည့်ရန်..ဆွဲထုတ်လိုက်သည်။
သူကချီကိုဓားထဲသွင်း၍စမ်းသပ်လိုက်သော်လည်းအရင်တစ်ခေါက်နှင့်သိပ်မကွာပေ။
သူ၏ချီများအလျင်အမြန်ကုန်ခန်းသွားပြီး…ထပ်မံစမ်းသပ်ရာ..သူ၏ခေါင်းက..မူးဝေလာခဲ့သည်။
ဖန်ရှင်းသည်မြွေကိုးကောင်းဓားကိုပြန်သိမ်းလိုက်ပြီး..သေချာစဥ်းစားလိုက်ရာ..အဓိကပြသနာနှစ်ခုကိုတွေ့ရသည်။
တစ်ချက်မှာ..သူ၏ကျင့်ကြံခြင်းအဆင့်ကအလွန်နိမ့်နေခဲ့၍ဖြစ်ပြီး..နောက်တစ်ချက်မှာ..မြွေကိုးကောင်ဓား၏စွမ်းအားက..မြင့်မားနေခြင်းဖြစ်သည်။မြွေကိုးကောင်ဓားသည်..သာမန်ဓားများထက်..ချီကိုပို၍လိုအပ်သည်။
ယခုအချိန်တွင် အကောင်းဆုံး လုပ်ရပ်ကတော့.. အဆင့်နိမ့်လက်နက်ကိုရှာဖွေရန်ပင်ဖြစ်သည်။
အခြားသူများထံမှ..ဝိဉာဥ်လက်နက်ကို..မလုရန်..တင်းကျပ်သော..စည်းမျဥ်းရှိသည်။
“ငါဘာလုပ်ရမလည်း”
ဖန်ရှင်းက..ရုတ်တရက်.. တစ်စုံတစ်ရာကိုစဥ်းစားမိလိုက်သည်။
“ဟီး..မှောင်ခိုစျေး..ဘယ်အချိန်ပြန်စမလည်းဆိုတာ..ဖက်တီးက..ငါ့ကိုအသိမပေးသေးဘူး..အရင်အခေါက်တုန်းက..ဓားပျံတွေအများကြီးတွေ့ခဲ့ရတယ်..ငါကအကောင်းဆုံးတွေပဲရွေးယူပြီးကျန်တာကိုထားခဲ့တယ်..
.ငါကထပ်ပြီး..ဖုန်ထရဦးမှာလား”
သူကမှောင်ခိုစျေးကိုနောက်တစ်ခေါက်ထပ်သွားရန်..အချိန်အတန်ကြာစဥ်းစားခဲ့ရသည်။
ဖန်ရှင်းသည်..ကြိုတင်ပြင်ဆင်ခြင်းမလုပ်မီ..မှောင်ခိုစျေးကျင်းပမည့်..အချိန်နှင့်နေရာကို..ယုစန်းလျန်ထံမှစုံစမ်းခဲ့သည်။
ဖန်ရှင်းကို သတင်းအချက်အလက်များ
ဝေမျှပြီးနောက်..ယုစန်းလျန်ကသံသယဝင်လာသည်။
နောက်ဆုံးအကြိမ်ကဖန်ရှင်းကိုသတင်းအချက်အလက်များဝေမျှခဲ့ပြီးနောက်တွင်..
မှောင်ခိုစျေး၌ ..ချမ်းသာသောတပည့်တစ်ဦးသည်..ပိုးစိုးပက်စက်.လုယက်ခံခဲ့ရသည်။
ဖန်ရှင်းကယခုတဖန်..မှောင်ခိုးစျေးအကြောင်းမေးမြန်းနေသည်။..သူများဖြစ်နိုင်မလား..
ဖန်ရှင်းကယုစန်းလျန်ကြည့်နေတာကိုသတိပြုမိပြီး
“မင်းဘာကိုကြည့်နေတာလည်း…မင်းမျက်လုံးကိုမဖောက်ထုတ်ဘူး..လို့များထင်နေလား”
ယုစန်းလျန်ကပြုံးလိုက်ပြီးဘာမှထပ်မပြောပေ။ဒီလူငယ်လေးကရဲရင့်ပေမယ့်..သူတပါးပစ္စည်းကို..လူပုံအလယ်တွင် ဓားပြတိုက်တဲ့အထိ..လုပ်ရဲမည်မဟုတ်ဟုဆုံးဖြတ်ခဲ့သည်။
ထိုဖြစ်ရပ်ကို..ကြုံခဲ့သူများက..ကျူးလွန်သူကအလွန်ပါးနပ်သောလူရွယ်တစ်ယောက်ဟုပြောခဲ့သည်။ဖန်ရှင်းကဆယ်နှစ်သာရှိသေးသည်မဟုတ်ပါလား…
ထိုဖြစ်ရပ်များပြီးသည့်နောက်တွင်..နောက်ထပ်မှောင်ခိုစျေးကျင်းပမည့်နေ့ရက်ကရောက်လာသည်။
ဖန်ရှင်းသည်မှောင်ခိုစျေးသို့မသွားခင်ယုစန်းလျန်ကို.ဆေးခတ်ထားသောအရက်များတိုက်ခဲ့ပြီးသူ၏အိမ်မှပြန်မလွှတ်ခင်သေချာစစ်ဆေးလိုက်သည်။သူကအလွန်သတိကြီးသော..ချာတိတ်ဖြစ်သည်။
ယုစန်းလျန်က သူဘယ်လောက်သောက်နိုင်ကြောင်းအမြဲကြွားဝါခဲ့သော်လည်း.ဖန်ရှင်းနှင့်ယှဥ်မသောက်နိုင်သည့်အတွက်အံ့အားသင့်ခဲ့ရသည်။ဖန်ရှင်းအတွက်ကတော့..ဒီလောက်က..ဆော့နေသလိုပင်ဖြစ်သည်။သူက.အရင်အိုးအားလုံးတွင်ဆေးခတ်ထားခဲ့သည်။ထို့ကြောင့်ယုစန်းလျန်တစ်ယောက်ကိုမဆိုနှင့်..ယုစန်းလျန်ဆယ်ယောက်ပင်သူ၏ပြိုင်ဘက်မဟုတ်ပေ။
ယုစန်းလျန် ထွက်ခွာသွားသည်နှင့်..ဝမ်လူမျက်နှာဖုံးကိုတပ်ကာ..ရုပ်ဖျက်ပြီး..မှောင်ခိုစျေးသို့ဦးတည်လိုက်သည်။
ယခုတစ်ခါတွင်မှောင်ခိုစျေးသည်ဂိုဏ်းနှင့်..အနည်းငယ်ကွာဝေးသော..နေရာတွင်ရှိနေသည်။ယခင်တစ်ခေါက်ကဲ့သို့မဖြစ်စေရန်..သေချာဂရုစိုက်ခဲ့သည်။
မှောင်ခိုစျေးသည်ဂိုဏ်းစည်းမျဥ်းနှင့်..ဆန့်ကျင်နေသောကြောင့်..ဂိုဏ်း၏အနီးအနားတွင်လုပ်၍မရပေ။
သို့သော်တောင်များ၏အနက်ပိုင်းထဲတွင်တော့..မပြုလုပ်ပေ။သားရဲနှင့်နတ်ဆိုးများက..အဆင့်နိမ့်တပည့်များကို..ရန်ပြုမှာစိုး၍ဖြစ်သည်။
ယုစန်းလျန်၏ညွှန်ကြားချက်အရမှောင်ခိုစျေးပြုလုပ်မည့်နေရာသို့ဖန်ရှင်းသွားခဲ့သည်။ယင်းနေရာသည်.ရှာရလွယ်ကူသောကြောင့်..လျင်မြန်စွာ..ရှာတွေ့ခဲ့သည်။
ချိုင့်ဝှမ်း၏အရှေ့ဘက်ဝင်ပေါက်တွင်..အစောင့်ရှစ်ယောက်သည်.. သတိအပြည့်ဖြင့်..အာရုံ စိုက်နေကြသည်။
ဖန်ရှင်းကဟက်ဟက်ပက်ပက်ရယ်လိုက်သည်။
နောက်ဆုံးတစ်ခေါက်က..မှောင်ခိုစျေးသည်..သင်ခန်းစာ..အတော်ရသွားပုံရသည်။
End… Chapter 20